Chapter 57
Viewers 7k

Chapter - 57 (ဒီရေနောက် လိုက်ကြမယ်....) "အင်းးးး" ကျောင်းမြန်သည် မျက်လုံးများကိုဖွင့်ကာ သူ့ဘေးနားရှိလူကို အချိန်တစ်ခုကြာသည်အထိ ကြည့်နေမိသည်။ စီဆဲလ်သည် သူ့ကို အင်္ကျီပြန် ဝတ်ပေးထားပြီး အိပ်ပျော်နေဆဲဖြစ်သည်။ စီဆဲလ် အနက်ရောင်ဆံပင်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများပေါ်တွင် နေရောင်ခြည်သည် တောက်ပစွာ ဖြာကျနေသောကြောင့် စွမ်းအင်ပြည့်ဝသည့် အလှတရားကို ကြည့်‌နေရင်း... !!!! ကျောင်းမြန် လုံးဝနိုးလာချိန်တွင် စီဆဲလ်အား လန့်ကာ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။ -သူတို့ ဘာတွေလုပ်ခဲ့ကြတာလဲ...! စီဆဲလ်သည် မနေ့ညက အမှတ်တရများထဲတွင် ပျော်မွေ့နေပြီး မထင်မှတ်ပဲ အိပ်ယာ‌ပေါ်မှ တွန်းချခံလိုက်ရသည်။ သူသည် အေးစက်သော မြေပြင်ကို ထိလိုက်ချိန်မှ နိုးလာပြီး အံ့ဩသွားသည်။ "မြန်မြန်...!" စီဆဲလ် မြေပြင်ပေါ်တွင် လဲကျနေပြီး ကျောင်းမြန်အား ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။ ကျောင်းမြန်သည် ပြင်းထန်သောလှုပ်ရှားမှုကြောင့် ခါးကိုကိုင်ကာ မျက်ထောင့်နီဖြင့် စိုက်ကြည့်နေပြန်သည်။ "အာ့.." ထိုအခါမှ ကျောင်းမြန် ဘာလို့ ကြမ်းတမ်းစွာ ပြုမူနေကြောင်းကို စီဆဲလ် နားလည်သွားသည်။ သေစမ်း...!! သူတို့နှစ်ယောက် မနေ့ညက မူးပြီး လုပ်မိသွားကြပြီ....။ ပြီးသွားပြီ....။ "မြန်မြန်....ကိုယ်!" စီဆဲလ်သည် ခေါင်းမော့ကာ လက်ကိုမြှောက်လိုက်ပြီး အော်ပြောလိုက်သည်။ "ကိုယ့်မှာ တာဝန်ရှိပါတယ်...ကိုယ်တာဝန်ယူမှာပါ..." ဘုန်း....! သူ စကားမဆုံးခင်မှာပင် ခေါင်းအုံးတစ်ခုသည် ပျံဝဲကာ စီဆဲလ်၏ရိုးသားပြီး ချောမောသည့် မျက်နှာကို အတိအကျ ထိမှန်သွားလေသည်။ "မြန်မြန်..." စီဆဲလ်သည် သူတိုက်ခိုက်ခံရသောအခါ ပို၍ သတ္တိရှိလာပြီး တစ်ဖက်ရန်သူ၏ဒေါသကို လျစ်လျူရှုကာ ထလိုက်ပြီး အိပ်ရာပေါ်သို့ တက်သွားကာ ကျောင်းမြန်အား ပွေ့ဖက်လိုက်သည်။ "ခင်ဗျား..." ကျောင်းမြန် တုန်လှုပ်သွားသည်။ သူ့မျက်နှာသည် ပေါက်ထွက်လုမတတ် နီရဲနေပြီး သူ့လက်တွေ ခြေတွေကို မည်သို့ ထားရမှန်းမသိ ဖြစ်နေသည်။ "ဒီအတွက် မင်း ကိုယ့်ကို အပြစ်တင်လို့ မရဘူး" စီဆဲလ်သည် ကျောင်းမြန်၏ ကျောကို ပုတ်ပေးပြီး ပြုံးကာ ပြောလိုက်၏။ "ကိုယ် အရာအားလုံး လုပ်ပြီးသွားပြီ... အခုကစပြီး မင်းက ကိုယ်အပိုင်ပဲ.... မင်းကို ကိုယ် ဘယ်တော့မှ မလွှတ်ပေးတော့ဘူး" စီဆဲလ်၏ အသံတွင်သည် အောင်မြင်မှု၊ စိတ်လှုပ်ရှားမှုနှင် ပီတိများဖြင့် ပြည့်နေသည်။ ကျောင်းမြန် : "ကျွန်တော်...." ထိုအသံကြောင့် နှစ်ယောက်လုံး အံ့ဩသွားကြသည်။ ကျောင်းမြန်၏ အသံသည် အက်ကွဲကာ အသံပင် မထွက်နိုင်တော့ပေ။ ဘဲတစ်ကောင်၏ အသံနှင့် တော်တော်.... တူ‌နေသည်။ (T/N- 🦆👈 ဒီ ဘဲ နော်) ကျောင်းမြန် အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် စီဆဲလ်အား လှမ်းကြည့်လိုက်သည်။ "ခွီး..." စီဆဲလ် မရယ်ဘဲ မနေနိုင်တော့ပေ။ အလွန်သာယာလှပသည့် မနက်ခင်းလေးဖြစ်ခဲ့သည်။ နေရောင်ခြည်သည် ကြမ်းပြင်မှ မျက်နှာကြက်ထိ ရှည်လျားသည့် ပြတင်းပေါက်များမှ တိုးတိုးတိတ်တိတ် ရိုက်ခတ်လာသည့် တိုင်အောင်နှစ်ယောက်သားသည် ကုတင်ပေါ်တွင် ပွေ့ဖက်နေကြဆဲဖြစ်သည်။ ကျောင်းမြန်၏ မျက်နှာသည် မထင်မှတ်ထားသော ဒေါသများဖြင့် ပြည့်နှက်နေသည်။ မနေ့က သူ့အတွက် စီဆဲလ်ကိုယ်တိုင် ဝတ်ပေးထားသည့် အဖြူရောင် ညဝတ်အင်္ကျီကို ၀တ်ထားသည်။ ထို ညဝတ်အင်္ကျီများသည် စီဆဲလ်နှင့် သက်ဆိုင် နေသဖြင့် ယခု မြင်ကွင်းတစ်ခုလုံးကို ကြည့်လိုက်ချိန်တွင် ထိုလူသည်လည်း စီဆဲလ်နှင့် လုံးဝကို သက်ဆိုင်နေတော့သည်။ ထို့နောက် ကျောင်းမြန်သည် ရုတ်တရက် ဘဲတစ်ကောင်ကဲ့သို့ တုန်ယင်စွာ အော်ဟစ်လိုက်သည်။ "ဟားဟားဟား..." စီဆဲလ် ရယ်မောပြီး ကျောင်းမြန်ကို ပွေ့ဖက်ထားရင်းဖြင့် ကျောင်းမြန်၏ လည်ပင်းတွင် သူ့ခေါင်းကို မြှုပ်ထားလိုက်သည်။ ကျောင်းမြန် ဒေါသအရမ်းထွက်ပြီး မျက်နှာများနီရဲလာသော်လည်း စီဆဲလ်နှင့် ရန်ဖက် မဖြစ်နိုင်သောကြောင့် အသက်ရှုကြပ်လာသလို ခံစားခဲ့ရသည်။ "ဟုတ်ပြီ...ဟုတ်ပြီ....ထပ်မအော်နဲ့တော့နော်...ဒါပေမယ့် မနေ့ညက မင်းအော်တာ အရမ်း ဆက်စီဆန်တာပဲ..." စီဆဲလ်သည် ကျောင်းမြန်၏ နားနားသို့ ကပ်ကာ...တိုးတိုးလေး ပြောလိုက်သည်။ "အရမ်း ဆက်စီဆန်တယ်..." အစပိုင်းတွင် မျိုသိပ်ထားသော်လည်း နောက်ပိုင်းတွင် ငိုမိကာ အော်ဟစ်သံများ နောက်မှ လိုက်လာသည်။ "မပြောနဲ့တော့....!" "ဟုတ်ပါပြီ၊ အဆင်ပြေပါတယ်" စီဆဲလ်သည် ပြုံးကာ ကျောင်းမြန်၏ ကျောလေးအား ဖွဖွလေး ပွတ်ပေးပြီး ပြောလိုက်သည်။ "မင်း မနေ့ညက အလုပ်အရမ်းကြိုးစားထားတာဆို‌တော့ နားလိုက်ဦး... ကိုယ် မနက်စာ လာပို့ပေးမယ်..." စီဆဲလ် ပြောချင်ရာပြောပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။ကျောင်းမြန်လည်း စောင်ကို မလိုက်ပြီး ထရန် ပြင်ဆင်လိုက်သည်။ ကျောင်းမြန်သည် သူတို့အခု အိပ်နေသည့် ကုတင် သည် စီဆဲလ်အခန်းထဲမှ ကုတင်မဟုတ်ဘဲ ဧည့်သည်ခန်းထဲရှိ ကုတင်ဖြစ်နေသည်ကို နောက်ကျမှ သဘောပေါက်သွားသည်။ ကျောင်းမြန် ထိုသို့တွေးလိုက်ပြီးနောက် စီဆဲလ်၏ အိပ်ယာ ရှုပ်ပွနေပြီမှန်း သိလိုက်ရပြန်သည်။သူသည် သန့်ရှင်းရေး‌လုပ်ပေးသည်ကိုပင် မစောင့်နိုင်ဘဲ အိပ်ပျော်သွားလေသည်။ မနေ့ညက အစီအစဉ်မကျမှုကြောင့် သူ့နားရွက်ထိပ်များ နီရဲသွားသလို ခံစားလိုက်ရသည်။ ကျောင်းမြန်သည် သူ့မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ သူတို့......မထင်မှတ်ဘဲ..... ကျောင်းမြန် မတ်မတ်ထိုင်လိုက်ပြီး ကုတင်ခေါင်းရင်းကို မှီလိုက်သည်။ ဖော်ပြ၍မရသော အစိတ်အပိုင်းအချို့နှင့် သူ၏ခါးတို့တွင် နာကျင်မှုအနည်းငယ်နှင့် အဆင်မပြေမှုအချို့ကို ခံစားလိုက်ရသည်။ ဒါသည် နည်းနည်း ရယ်စရာကောင်းလှသည်။ ကျောင်းမြန် ဒေါသ ထပ်မထွက်တော့ဘဲ ဒူးတစ်ဖက်ကို ထောင်လိုက်သည်။ ပထမတော့ စီဆဲလ်သည် ကျောင်းမြန်နှင့် အဆင်ပြေစေရန် ပူးပေါင်းဖို့ သေချာစေမည့် စာချုပ်ပါ မဟာမိတ်အသင်းအဖွဲ့ဖြစ်ကြောင်း ပြောသည်။သို့‌သော် တဖြေးဖြေးနှင့် လမ်း‌ချော်သွားပြီး စီဆဲလ်သည် သူ့နောက်သို့ လိုက်လာခဲ့သဖြင့် သူတို့နှစ်ယောက်ကြားရှိ လေထုသည် အလွန်ကို ရှုပ်ထွေးသွားပါတော့သည်။ ကျောင်းမြန် ထိုအရာများကို ရှောင်ရှားနေသော်လည်း မနေ့ညက ရူးနှမ်းမှုပြီးနောက်တွင် သူ့ကို ဘယ်လိုရှောင်ရတော့မလဲ...။ ကျောင်းမြန်သည် ကြောင်အစွာဖြင့် သူ့ဒူးကိုသာကြည့်နေလိုက်သည်။ စီဆဲလ် ခေါက်ဆွဲတစ်ပန်းကန်နှင့် ပြန်လာချိန်တွင် ကျောင်းမြန်သည် အသက်မဲ့နေသည့် အမူအယာဖြင့် ဒူးတစ်ဖက်ထောင်ကာ သူပွေ့ချီကာ တင်ပေးထားခဲ့သည့် ကုတင်ပေါ်တွင် ထိုင်နေသည်ကို သူတွေ့လိုက်ရသည်။ ကျောင်းမြန်သည် စီဆဲလ်၏ အင်္ကျီကိုဝတ်ထားရာ သူနှင့် အနည်းငယ် ချောင်နေသဖြင့် လက်အပေါက်သည် သူလက်ချောင်းများထက်ရှည်နေပြီး အောက်သို့လျှောကျနေရာ ရင်ဘက် ဖွေးဖွေးလေးကို မြင်လိုက်ရသည်။ ကျောင်းမြန်ကို ကြည့်ရသည်မှာ ပျင်းရိနေသည့် ခွေးပေါက်လေးကဲ့သို့ ချစ်စရာကောင်းနေသည်။ ‌စီဆဲလ် ရှေ့သို့ လှမ်းလာပြီး ပန်းကန်လုံးအား ကျောင်းမြန်ကို ပေးကာ ပြုံးပြုံးလေး ပြောလိုက်သည်။ "ခေါက်ဆွဲ အတူတူ စားကြမယ်" ကျောင်းမြန် ခေါင်းညိမ့်ပြကာ.... "မနေ့ညက.. တောင်းပန်ပါတယ်" စီဆဲလ် ခဏကြောင်သွားပြီး... "မနေ့ညက ကောင်းပါတယ်..." စီဆဲလ်သည် မျက်လွှာချထားရင်း ပြောလိုက်သည်။ "ကိုယ့် အထင်ပေါ့..." ကျောင်မြန် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ တူကိုယူကာ စီဆဲလ်သည် ခေါက်ဆွဲပြုတ်အား တစ်ပန်းကန်သာ ယူလာသည်ကိုကြည့်ရသည်မှာ အတူတူစားချင်မှန်း သိသာလှသည်။ ကျောင်းမြန်သည် စီဆဲလ်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ စီဆဲလ်လည်း ကျောင်းမြန် ၏ဘေးတွင် ပြုံးလျက်ဝင်ထိုင်ကာ ခေါက်ဆွဲတစ်ပန်းကန်ကို နှစ်ယောက်သား အတူတူ မျက်နှာချင်းဆိုင်ပြီး စားကြသည်။ စီဆဲလ် ဟင်းရည်သောက်ရင်း မေးလိုက်သည်။ "မြန်မြန် နာနေသေးလား..." "ဘာကိုလဲ..." "အဟွတ်...အဟွတ်.." စီဆဲလ်သည် ကျောင်းမြန်၏ ခါးအောက်ပိုင်းကိုသာ ကြည့်နေလိုက်သည်။ စီဆဲလ်သည် သူ့နှာခေါင်းကိုထိပြီး ပြောလိုက်သည်။ "မနေ့ညက မအိပ်ခင်က‌တော့ ကိုယ် ဆေးလိမ်းပေးထားသေးတယ်....အခု မင်းနိုးလာတော့... မထိ‌စေချင်လောက်ဘူးလို့ ထင်လို့... အဲ့ဒါကြောင့် ဆေးကို စားပွဲပေါ်တင်ထားခဲ့တာ နောက်မှ ကိုယ့်ဘာသာ လိမ်းလို့လည်းရတယ်..." "အင်း..." ကျောင်းမြန်သည် ခေါင်းငုံ့ပြီး ခေါက်ဆွဲသာ ဆက်စား‌နေလိုက်သည်။ "စီဆဲလ်..." ခဏအကြာမှ ကျောင်းမြန် ဆက်မေးလိုက်သည်။ "ခင်ဗျား နာနေသေးလား.." စီဆဲလ်က အံ့အားသင့်သွားပြီး ကျယ်လောင်စွာပြောလိုက်သည်။ "မြန်မြန်..! မင်းက ကိုယ့်ရဲ့ ယောက်ျားတစ်ယောက်ရဲ့အရည်အချင်းကို မေးနေတာလား? မနေ့က ကိုယ်လုပ်ပေးတာ နည်းလို့လား....မင်းအတွက် မလုံလောက်ဘူးလား...မင်း ပျော်လွန်းလို့ မျက်လုံးတွေပါ လှိမ့်လိုက်တာလား...အင်းပါ မဟုတ်ရင် မင်း ဒီနေ့ ဘယ်လိုလုပ် အိပ်ရာထဲက ထွက်နိုင်ပါ့မလဲ.... ကောင်းပါပြီ..." သူစကားမဆုံးခင် ကျောင်းမြန်သည် သူ့ပါးစပ်ကို အုပ်ကာ မိုက်ကရိုဖုန်းလို အသံကို ကိုယ်တိုင်ပိတ်လိုက်ရသည်။ ကျောင်းမြန် သေချာစွာ ထပ်ရှင်းပြလိုက်သည်။ "ခင်ဗျားရဲ့ရင်ဘက်က နာနေသေးလားလို့ မေးတာ...ဇာစ့်ဘုရင်မအဆိပ်ကြောင့် ဖြစ်တဲ့ နာကျင်မှုက သက်သာသွားပြီလားလို့ မေးနေတာ...." စီဆဲလ် : "...." စီဆဲလ် : "ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ဇနီးလေးကို အစီရင်ခံတာ မှားသွားတယ်...မနေ့ညက သောက်ပြီးကတည်းက ဘာမှမခံစားရတော့ဘူး..." "ခေါက်ဆွဲစားတော့..." "ဟုတ်ကဲ့ပါ...ဇနီးလေး..." ထိုတစ်ညပြီးနောက်တွင် ကျောင်းမြန်သည် ပို၍ ဉာဏ်များကာ ရက်စက်လာသည်ဟု စီဆဲလ် ထင်မိပြီး စီဆဲလ်သည်လည်း ပို၍ ရိုင်းစိုင်းလာပြီး နာခံတတ်သည့် ဝံပုလွေကြီးကဲ့သို့ ဖြစ်နေသည်ဟု ကျောင်းမြန် ထင်မိသည်။ ဝံပုလွေခွေးကြီးသည် ခွေးစာ စားပြီးသောအခါ အလုပ်သွားရန် ပြင်ဆင်နေလေသည်။ "ကျွန်တော်လည်း စက်ရုံကို သွားချင်တယ်.." ကျောင်းမြန် မတ်တပ်ထရပ်ပြီး သူ့ဖိနပ်ကို စီးချင်ပေမယ့်လည်း စီဆဲလ်သည် သူ့ကို ထပ်ပြီး ချုပ်နှောင်လိုက်ပြန်သည်။ "ကိုယ့်စကားကို နားထောင်၊ နေကောင်းအောင်နေ" စီဆဲလ်သည် ပြုံးကာ ကျောင်းမြန်၏ ပါးကို ကိုက်ပြီး ပြောလိုက်သည်။ "ကောင်းကောင်း အနားယူနော်" "ကျွန်တော်လည်း လေ့ကျင့်ထားတဲ့ စစ်သားတစ်ယောက်ပဲ....ကျွန်တော်ရဲ့ သန်မာမှုကလည်း ခင်ဗျားလောက် မညံ့ပါဘူး..." ကျောင်းမြန်သည် သူရှုံးနိမ့်ကြောင်း ဝန်ခံရန် ငြင်းဆိုခဲ့သည်။ "ဒါဆို မင်းက သက်သေပြဖို့ တိုက်ခိုက်ချင်လို့လား" "ကုတင်ပေါ် မှာလား....ကုတင်အောက်မှာလား.." စီဆဲလ် အံ့သြနေမိသည်။ အိပ်ရာပေါ်မှာ ရန်ဖြစ်သည်ဖြစ်‌စေ အိပ်ရာအပြင်မှ သာမန်ရန်ပွဲပဲဖြစ်စေ၊ အားလုံးသည် အရမ်းစိတ်လှုပ်ရှားစရာကောင်းပါသည်။ ကျောင်းမြန်က နတ်ဆိုးလေးများလား...။ ကျောင်းမြန် ဒေါသတကြီး ရယ်မောလိုက်ပြီး ပြော၏။ "စီဆဲလ်.... ခင်ဗျား ပိုပိုပြီး ယုတ်မာလာတယ်" စီဆဲလ်က ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မပြောပေ။ စီဆဲလ်သည် အောက်ထပ်သို့ဆင်းပြီး မထွက်ခွာမီ ကျောင်းမြန် အတွက် အာဟာရပြည့်ဝပြီး အစာကြေလွယ်သော နေ့လည်စာကို ပြင်ဆင်ပေးဖို့ အိမ်ထိန်းအား တောင်းဆိုခဲ့သည်။ စီဆဲလ်သည် လှေကားအပေါ်သို့ ပြန်လှည့် မကြည့်ဘဲ မနေနိုင်ချေ။ သူသည် ကျောင်းမြန်အား ရိုင်းစိုင်းစွာ မဆက်ဆံ‌ တော့ဘဲ သူတို့နှစ်ယောက် ဒီ့ထက် နီးစပ်လာဖို့သာ စိတ်အားထက်သန်နေသည်။ ကျောင်းမြန် အစောင့်အကြပ်များ နှင့် အတားအဆီးများကို ဖျက်ဆီးနိုင်စွမ်းရှိသော်လည်း သူ့အား ပွင့်ပွင့်လင်းလင်းရှိကာ ပို၍ အားကိုးလာစေဖို့သာ စီဆဲလ် မျှော်လင့်နေမိသည်။ ကျောင်းမြန်သည် အရမ်းမိုက်မဲသည်..... မိုက်မဲလွန်းပြီး နှေးကွေးကာ သူနှင့် နီးစပ်ရမည်ကိုလည်း ကြောက်ရွံ့နေတတ်သေးသည်။ စီဆဲလ်သည် ကလေးဘဝတုန်းက ရှောင်ကျစ် နှင့် ယခု ကျောင်းမြန် ဘာလို့ ဒီလောက်ကွာခြားသွားသည်ကို စဉ်းစားလို့မရပေ။ -ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းနေတုန်းပဲ။ စီဆဲလ် ပြုံးပြီး သူ့အင်္ကျီကိုဆွဲကာ ထွက်သွားတော့သည်။ .......................... ကျောင်းမြန်သည် စီဆဲလ် ထွက်သွားသည်အား ပြတင်းပေါက်ဘေးတွင်ရပ်ကာ ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ တာမီနယ်အားယူကာ ဖုန်းခေါ်ရန် ကုတင်ပေါ်၌ လှဲလျောင်းနေခဲ့သည်။ "တင်း တောင်..!" အေရွန်က သူ့ဆီစာပို့လေသည်။ {အာ့မြန်! မင်းဒီနေ့ စက်ရုံကို မလာပြန်ဘူးလား} ကျောင်းမြန်သည် ထိုနေရာတွင် အားလုံး စီစဥ်ထားပြီး ဖြစ်သည်။ ကျောင်းမြန်သည် ခဏလောက်စဉ်းစားပြီး ပြန်ပြောလိုက်သည်။ {ဒီမှာ နေ့လည်စာစားပြီးရင် ငါလာခဲ့မယ်} ကျောင်းမြန်သည် စီဆဲလ်မှာခဲ့သည်အား နားထောင်စရာ မလိုဟု တွေးလိုက်သည်။ ကျောင်းမြန်သည် အိပ်ယာပေါ်တွင် ဆန့်ဆန့်ကြီး လှဲအိပ်ကာ မူပင်လယ်အော်၏ ဒီရေတက်ချိန်ကို ထပ်မံစစ်ဆေးသည်။ မနက်ဖြန် မနက် ခုနစ်နာရီမှာ ဒီရေတက်မှာပဲ.......။ ကျောင်းမြန်သည် အနည်းငယ် မှင်သက်သွားပြီး ဒီရေမတက်ခင်ဆို ဒီည သန်းခေါင်ကျော်မှာ ထွက်မှရမည်။ 'စီဆဲလ်... ဒေါသထွက်နေဦးမယ်' ကျောင်းမြန် သူ့ခေါင်းကို ခေါင်းအုံးထဲတွင် နှစ်ထားလိုက်ပြီး ခြေလက်များ အေးစက်သွားသည်။ -သူ လုံးဝမထွက်သွားချင်ဘူး။ ကျောင်းမြန်သည် ဘာလုပ်ရမှန်းမသိတော့ပဲ သူ နှင့် စီဆဲလ်သည် သူမျှော်လင့်ထားသည့်ထက်ပင် ပို၍ ဝေးကွာသွားလေသည်။ ကျောင်းမြန် သက်ပြင်းချလိုက်သည်။ ညရောက်သော်...... စီဆဲလ်သည် သူ၏နောက်ဆုံးစာတမ်းကို ဖတ် နေသည်။ "ဗိုလ်ချုပ်ကြီး...." အယ်ဗင်သည် အခြားစာရွက်စာတမ်းများကို ယူလာသည်။ "ထားလိုက်တော့" စီဆဲလ် မတ်တပ်ထရပ်လိုက်ပြီး ပြုံးကာ ပြောလေသည်။ "ဆက်မဖတ်တော့ဘူး.... ဒီနေ့ ဒီလောက်နဲ့ အိမ်ပြန်မယ်" အယ်ဗင် အံ့ဩသွားသည်။ ဒီနေ့...သူ အချိန်ပိုမဆင်းဘူးလား။ မကြာသေးမီက ဟောင်လုလု၏ဖြစ်ရပ်ကြောင့် စစ်ဘက်ရေးရာဌာနတစ်ခုလုံး အလုပ်များနေခဲ့သည်။ စီ‌ဆဲလ် သည် အဓိကပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ အချိန်ပိုလုပ်ရတာကို နှစ်သက်သည်။ တစ်ခုထက် တစ်ခု ပိုကောင်းအောင် ဆောင်ရွက်လေသည်။ စီဆဲလ် ပြုံးကာ.... "ဒီနေ့ မဆင်းဘူး" အယ်ဗင်သည် သိသိကြီးနှင့် ပြုံးပြီး မေးလိုက်သည်။ "အဲဒါက... တစ်ယောက်ယောက်စောင့်နေလို့များလား..." စီဆဲလ်သည် တစ်ချက်ဟောက်လိုက်ပြီး အေရွန်အား ခေါ်ရန် စစ်ဘက်အဆောက်အဦးထဲမှ ဓာတ်‌လှေကားဆီသို့ ထွက်လာခဲ့သည်။ ကျောင်းမြန်၏ အနားတွင် သူ့လူများရှိ နေသောကြောင့် ကျောင်းမြန် ခိုးထွက်သွားသည်ကို သဘာဝကျကျ သိနေလေသည်။ "ဘာ...." စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး "ဘယ်ဘက်လဲ..." ဖုန်း၏အခြားတစ်ဖက်မှ အယ်လန် ပြန်ဖြေလေသည်။ "မသိဘူး စောပြန်သွားတာပဲ..." စီဆဲလ်သည် အိမ်ထိန်းကို ဖုန်းထပ်ဆက်လိုက်သည်။ "သူ အိမ်ပြန်မရောက်သေးတာ သေချာလား" "ဟုတ်ကဲ့" "တင်းတောင်.." ဓာတ်လှေကားတံခါးသည် အသံမြည်ကာ ပွင့်လာသည်။ စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူဘယ်ကို ထွက်သွားတာလဲ။ စီဆဲလ် သည် သံသယများဖြင့် အိမ်ပြန်လာပြီး နောက်ဆုံးတွင် တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်ရသည်။ ကတ်စပါသည် ဗိုလ်ချုပ်စံအိမ်တွင် အသင့်စောင့်နေပြီး စီဆဲလ်အား မြင်လိုက်ချိန်တွင် တင်ပြလိုက်သည်။ "ဗိုလ်ချုပ်ကျောင်းက ကျွန်တော်တို့ကို မျက်ခြေဖြတ်သွားပါတယ်..." "ဘာဖြစ်တယ်...." "ဗိုလ်ချုပ်ကျောင်း က စက်ရုံကိုရောက်လာပြီး ရေခဲမြစ်ဘက်ကို သွားရမယ့် အလုပ်တွေကို လက်လွှဲယူသွားပါတယ်..." စီဆဲလ်၏ မျက်ခုံးများ ပို၍ တွန်းချိုးလာပြီး.... "အဲ့ဒီ့နောက်ရော .." "ကျွန်တော်တို့နောက်က လိုက်သွားခဲ့ပေမဲ့ ရေခဲမြို့တော်က ဗိုလ်ချုပ်ကျောင်းရဲ့ ပိုင်နက်ဖြစ်နေတော့ လမ်းတစ်ဝက်မှာတင် ကျွန်တော်တို့ကို မျက်ခြေဖြတ်သွားပါတယ်....အစက နောက်ကလိုက်သွားဖို့လုပ်ပေမယ့် ကျောင်းမိသားစု စစ်တပ်ဘက်က တားဆီးလာပါတယ်..." ကတ်စပါသည် မျက်မှောင်ကြုတ်ပြီး ဆက်ပြောလိုက်၏။ "အကြာကြီး လျှောက်လိုက်ပြီးတဲ့နောက်မှာ တစ်ခုခုမှားနေတာကို ကျွန်တော်သတိထားမိလို့ ဗိုလ်ချုပ်ကြီးဆီ ပြောလို့ရအောင် ပြန်လာခဲ့တာပါ...." စီဆဲလ် ဘာမှဆက်မပြောတော့ပေ။ အဲဒီနောက် အိမ်ထိန်းသည် အောက်ထပ်သို့ ပြေးဆင်လာကာ ကျောင်းမြန်ထားခဲ့သည့်စာအား တွေ့ခဲ့ကြောင်း ပြောကာ စီဆဲလ်ဆီယူသွားလိုက်သည်။ စာအိတ်သည် မွှေးပျံ့သည့် အနံ့ရှိကာ စာနှစ်ကြောင်းမျှသာ ပါဝင်လေသည်။ "ခင်ဗျားအတွက် ဟောင်လုလုဆေးကို ပြင်ပေးခဲ့တယ်...အချိန်နဲ့ သောက်ဖို့ မမေ့နဲ့နော်.... ကျွန်တော် မြို့ပြင်မှာ လုပ်စရာလေးရှိနေလို့ အရမ်းတွေးမနေနဲ့နော်...." စီဆဲလ်သည် သူ၏နှလုံးခုန်သံနှင့်အတူ သူ၏အမူအရာသည်လည်း အေးစက်သွားသည်။ ------------------------------------------------------------------------