Chapter 59
Viewers 7k

Chapter - 59 (အသစ်တွေ ပြောင်းလဲသွားပြီ....) 'ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...' ကျောင်းမြန်သည် သူ့ဘဝတွင် အခုလို ကလေးမွေးသည့် အခြင်းအရာသည် ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မထင်မိဖူးပါ။ ဒါသည် အထူးအဆန်းမဟုတ်ပေမယ့် ကျောင်းမြန်၏ နေ့ရက်များတွင် စစ်ပွဲများ၊ စက်ရုံမှ ပြဿနာများ၊ ရှုပ်ထွေးနေသည့် ပင်လယ်ဓားပြများ၊ Black Phoenix ၊ ဇာစ့်များနှင့် အခြားအရာများဖြင့်သာ ပြည့်နှက်‌ နေလေသည်။ တခြားလူတစ်ယောက်ကို ချစ်မိသွားဖို့‌တောင် တစ်ခါမှ မစဉ်းစားဖူးပေ။ ယခင်က အိမ်ထောင်ရေးသည် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းစွာ အတူနေထိုင်ရန်သာ စဉ်းစားထားသော်လည်း နောက်ပိုင်းတွင် စီဆဲလ် သူ့နောက်လိုက်သည်ကို ခွင့်ပြုပေးခဲ့သည်။ အင်း.....အခု‌တော့ သူပါ အဲ့ကိစ္စကို သေချာစဉ်းစားပေးမှ ရတော့မည်ဖြစ်သည်။ သို့သော် ယခုလို ကလေးတစ်‌ယောက် ရောက်လာခြင်းသည် အရမ်းရုတ်တရက်ဆန်လွန်းသည်။ ကလေးလေးမွေးဖွားလာပါက အတိအကျပြောရလျှင် ၎င်းသည် မိမိကိုယ်တွင်းမှ ဘဝသစ်ကို မွေးဖွားလာခြင်းသာဖြစ်သည်။ ကျောင်းမြန်သည် လုံးဝအံ့အားသင့်သွားခဲ့ရာ သူ့ဗိုက်ကို ထိလိုက်သည်နှင့် အထဲ၌ အသက်‌သေးသေးလေး တစ်ခုရှင်သန်နေသည်မှာ အံ့ဩစရာဖြစ်နေတော့သည်။ ထို့ကြောင့် ကျောင်းမြန်သည် ထိုညတွင် အိပ်မရတော့သဖြင့် တစ်ညလုံး နိုး‌နေတော့သည်။ ကျောင်းမြန်၏ အတွေးများရှုပ်ထွေးနေသောကြောင့် မနက်အစောပိုင်းအထိ အိပ်ယာပေါ်တွင် လှဲနေခဲ့သည်။ နေရောင်ခြည်သည် နှင်းဆီနီ‌ရောင် တောက်ပနေပြီး အရှေ့ဘက်မှ ငါးဝမ်းဖြူများ မပေါ်လာခင် အချိန်ကျမှ ရုတ်တရက်ထကာ "ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှု" ဟူသည့် ခေါင်းစဉ်ဖြင့် အင်တာနက်ပေါ်တွင် အလျင်အမြန် ရှာဖွေတော့သည်။ -အရေးကြီးဆုံးအချက်က "ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ဖြတ်ဖို့ လိုသလား"...။ သူသည် “ကိုယ်ဝန်ရှိတုန်း တိုက်ခိုက်လို့ရလား” သို့မဟုတ် “ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ တခြားသူတွေနဲ့ တိုက်ခိုက်လို့ရလား” စသည်ဖြင့် ရှာဖွေခဲ့ရာ သာမန် ကိုယ်ဝန်ဆောင်အမျိုးသမီး သို့မဟုတ် အမျိုးသား အများစုသည် ထိုသို့သော ပြဿနာများမရှိလေရာ သူရှာဖွေသည့်အရာများအတွက် မည်သည့်ရလဒ်မှ မထွက်လာချေ။ ကျောင်းမြန် သူ့ပါးသူ ကုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ကျောင်းမြန်၏ ခံယူချက်မှာ "ကိုယ်ဝန်ကို လုံးဝမဖျက်ချနိုင်ပါ" ။ သူစိတ်ပူသည်မှာ ကလေးနှင့် စီဆဲလ်၏ ဆက်ဆံရေးသာဖြစ်သည်။ ပိုအရေးကြီးသည့် ကိစ္စမှာ ကလေးအား မည်သို့ကာကွယ်ရမည်ဆိုသည့်ကိစ္စလည်း ဦးစားပေး အနေဖြင့် ပါဝင်လေသည်။ စီဆဲလ်... ဘာကြောင့်မှန်းမသိပေမယ့် ကျောင်းမြန်သည် မနေ့ညက တစ်ညလုံး စီဆဲလ်၏ မျက်နှာသာ အတွေးထဲ ပေါ်ပေါ်လာပြီး သတိရသလိုလို ဖြစ်နေမိသည်။ ကလေး၏ ဖခင်မှာ စီဆဲလ်ဖြစ်နေ‌သောကြောင့် ကျောင်းမြန် တွေးနေမိခြင်းလည်း ဖြစ်နိုင်သည်။ စီဆဲလ်အား ထိုင်ပြီး လွမ်းနေခြင်း မဟုတ်ပါ။ ကျောင်းမြန် သူ့ဒူးအား ပိုက်ထားပြီး အတွေးများကို ဖျောက်ပစ်နေသည်။ သူသည် လူတစ်ယောက်ကို တစ်ခါမှလွမ်းဆွတ်ပြီး မစိုးရိမ်ချင်ပါ။ ဒါသည် ဖြစ်သင့်သည့် ကိစ္စဖြစ်သည်။ ကျောင်းမြန် သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ စီဆဲလ်သည် သူ့ဘဝအတွက် အကြီးမားဆုံး အံ့အားသင့်စရာကြီး တစ်ခုဖြစ်နိုင်သည်။ ‌ဒေါက်... ဒေါက်... တံခါးခေါက်သံကို ကြားလိုက်ရချိန်တွင် ကျောင်းမြန် စိတ်ပူသွားသည်။ ကျောင်းမြန် ခေါင်းကိုခါယမ်းလိုက်ပြီး ကိုယ့်ကိုကိုယ် အားပေးကာ မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ကာ ယခင်က ပင်လယ်ဓားပြသဘောင်္ပေါ်တွင် သူအသုံးပြုသည့် လအရိပ် ပုံစံ မျက်နှာဖုံး တစ်ခြမ်းကို ဝတ်ကာ မျက်နှာကို ဖုံးထားလိုက်သည်။ "ဝင်ခဲ့..." အိမ်အကူသည် စားပွဲတစ်ခုကို တွန်းလာပြီး ကျောင်းမြန်အား တည့်တည့် မကြည့်ဝံ့ပေ။ နံနက်စာအား သေချာ တည်ခင်းပေးပြီးနောက် ဦးညွှတ်ပြီး အရိုအသေပေးကာ ထွက်သွားခဲ့သည်။ အိမ်ဖော်များတင်မက ဤပင်လယ်ဓားပြသင်္ဘောပေါ်ရှိ မည်သူကမှ ယွီယင်အား မလေးမစား မဆက်ဆံရဲကာ "ဘုရင်မ" ကို တစ်ကြိမ်ထက်ပို၍ကြည့်ဝံ့သူလည်း မရှိပေ။ အိမ်အကူထွက်သွားပြီးနောက် ကျောင်းမြန်သည် သူ့မျက်နှာဖုံးကို ဆွဲချွတ်လိုက်ပြီး သူ့ရှေ့မှ ပန်းသီးပိုင်မုန့်ကို စားလိုက်သည် ။ ကျောင်းမြန်သည် အစပိုင်းတွင် မစားချင်သော်လည်း ကလေးအတွက် ပြန်စဉ်းစားလိုက်ပြီး သူ၏ နေ့စဉ်အမူအကျင့်များကို ပြောင်းကာ တစ်နေ့ကို အရသာရှိသည့် အစားအစာ ၃ နပ်စားရန် စီစဉ်လိုက်သည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားပြီး ပူပူနွေးနွေးနှင့် နူးညံ့သော ပန်းသီးပိုင်မုန့်ကို လှီးဖြတ်လိုက်ချိန်တွင် ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အထဲတွင် လျှို့ဝှက်မှတ်စုလေးတစ်ခုရှိနေသည်။ မှတ်စုတွင်ပါသည့် အကြောင်းအရာကို မြင်လိုက်ပြီးနောက် ကျောင်းမြန် ခဏကြောင်သွားပြီး ရယ်မောလိုက်တော့သည်။ .................. "သူလား...!" စီ‌ဆဲလ်သည် စောင့်ကြည့်ခန်းရှေ့တွင် ထိုင်ကာ လက်‌နှစ်ဖက်ကို ထောက်ကာ ကတ်စပါ တင်ပြလာသည်ကို နားထောင် နေသည်။ "ဟုတ်ကဲ့၊ သူလျှိုက အတည်ပြုပြီးပြီ လို့ပြောပါတယ်...ဗိုလ်ချုပ်ကျောင်းနဲ့လည်း ဆက်သွယ်ထားပါတယ်တဲ့...." ကတ်စပါသည် စီဆဲလ်အား စကားဝှက်ပါသည့် ထောက်လှမ်းရေး ပစ္စည်းကို ပေးလိုက်ပြီး ဆက်ပြောလေသည်။ "ဒါက သူလျှိုကို ဗိုလ်ချုပ်ကျောင်း ပြန်ပေးတဲ့ အကြောင်းကြားချက်ပါ အချက်အလက်တွေအရတော့ ဗိုလ်ချုပ်ကျောင်းက ပုန်ကန်တာ မဟုတ်ဘူးလို့ သက်သေပြနေပါတယ်..." "ဟုတ်တယ်၊ သူ ပုန်ကန်ဖို့ဆိုတာမဖြစ်နိုင်ဘူး.." စီဆဲလ် ခိုင်မာစွာ‌ ပြောလိုက်သည်။ "သူဘယ်တော့မှ ပုန်ကန်မှာ မဟုတ်ဘူး..." ဒါပေမယ့် ကျောင်းမြန်၏ရည်ရွယ်ချက်က ဘာလဲဆိုသည်အား စီဆဲလ် မသိသေးပေ။ ဘာပဲဖြစ်ဖြစ် သူသည် ပင်လယ်ဓားပြများနှင့် မပတ်သက်ပေ။ သူ၏ သဘောထားကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီ ဖြစ်သည်။ "ဟုတ်ကဲ့ပါ....စကားပြော မှားသွားလို့ ကျွန်တော် တောင်းပန်ပါတယ်" ကတ်စပါသည် ၉၀ ဒီဂရီ ဦးညွတ်ပြီး ထပ်မေးလိုက်သည်။ "ဒါဆို ကျွန်တော်တို့ လုပ်ရမှာက..." ပင်လယ်ဓားပြများသည် F8 စွန့်ပစ်ကြယ်တွင် ဆင်းသက်ပြီး မြို့ကို လုယက်ကြမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းမြန်သည် ထိုအစီအစဉ်အား ဖော်ထုတ်ရုံသာမက ဆင်းသက်မည့်နေရာကိုလည်း အသေးစိတ် ပြောပြခဲ့သေးသည်။ ကတ်စပါသည် စီဆဲလ်မှ ပင်လယ်ဓားပြများကို တားဆီးရန် တပ်ကူ ပေးမည်လား သို့မဟုတ် သူကိုယ်တိုင် လှည့်ပြီး ပြန်သွားမလား ဆိုတာ သေချာမသိပေ။ သူတို့သည် Dark Phoenix ဘက်မှ ဦးဆောင်သည့် စစ်သင်္ဘောငယ်ကို လိုက်ရှာနေကြသည်။ "အာ့မြန်က ငါတို့ကို ဒီလိုအချက်အလက်‌တွေပေးတာ သူတို့ကိုလာကယ်ဖို့ မျှော်လင့်နေတာပဲ...အဖွဲ့ချုပ်က ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ တပ်ကူလွှတ်‌ပေးမှရမယ်... ဒါပေမယ့် ငါတို့မသွားဘူး..." စီတဲလ်သည် F8သို့ ကိုယ်တိုင်လိုက်သွားချင်သည်။ ဟုတ်ပါသည်.... သူ ကျောင်းမြန်ကို တွေ့ချင်ပြီး ကျောင်းမြန်အား အပါပြန်ခေါ်လာချင်သည်။ သို့သော် သူတို့သည် လူကြီးတွေဖြစ်ပြီး ဗိုလ်ချုပ်တွေလည်း ဖြစ်နေသေးသည်။ ထိုအကြောင်းပြချက်ကို ဖိအားပေးကာ အသုံးမချဖို့ သူ့ကိုယ်သူ ထိန်းချုပ်ရန် ဘယ်လောက်ထိ ခက်ခဲသည်ဆိုတာ ဘုရားသာ သိနိုင်သည်။ ကျောင်းမြန်သည် သူ့အား နှုတ်မဆက်ဘဲ ထွက်သွားရသည်အထိ အကြောင်းကိစ္စများ ရှိနေမည်ဟု ထင်သောကြောင့် စီဆဲလ်သည် လက်လွတ်စပယ် သူ့အစီအစဉ်များကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် Zhou Mian ၏ အဆိပ်ဖြေဆေးနှင့် ပတ်သက်သည့် Black Phoenix ၏သဲလွန်စများကို ခြေရာခံမိခဲ့ပြီးဖြစ်ရာ သူ လုံးဝလက်လျှော့မည်မဟုတ်ပါ။ စီဆဲလ်၏ ဆုံးဖြတ်ချက်ကြောင့် ကက်စပါ အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်ကာ ပြန်ဖြေခဲ့သည်။ "ဟုတ်ကဲ့..." စီဆဲလ် ပြောင်းလဲသွားပြီဟု ကတ်စပါ ခံစားလိုက်ရသည်။ အစပိုင်းတွင် ဒီလိုမျိုးလူတစ်ယောက်ရှိခဲ့သည်..... စီဆဲလ်သည် ရှိသမျှ အင်အားကုန်သုံးကာ ကျောင်းမြန်အား အရပြန်ခေါ်လိမ့်မည်ဟု ကတ်စပါ ထင်ခဲ့မိသည်။ သို့သော် စီဆဲလ်က ထိုသို့မလုပ်ခဲ့ပေ။ စီဆဲလ် : "တခြား တင်ပြစရာရှိသေးလား...!" ထိုအခါမှ ကတ်စပါ သူ့အသိစိတ်ပြန်ဝင်လာပြီး ဆက်တင်ပြသည်။ "ဟုတ်ကဲ့... ဖယ်ဒရယ်မြို့တော်တရားရုံးချုပ်က ရာဇ၀တ်သား မိုချင်းကို သေဒဏ်ပေးလိုက်ပြီလို့ အယ်ဗင်က သတင်းပို့လိုက်ပါတယ်... ကွပ်မျက်မှုကလည်း အဆင်ပြေပြေပြီး သွားပါတယ်...မိုချင်မှာ ဆွေမျိုးသားချင်း မရှိလို့ သူ့ပိုင်ဆိုင်မှုနဲ့ မိသားစုပိုင် ပစ္စည်းတွေအကုန်လုံးကို လှူလို့ရတဲ့ နေရာတွေ အကုန်လုံးမှာ လှူလိုက်ပါတယ်..." စီဆဲလ် ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။ "မင်းရန်နဲ့ တခြားသူတွေရော ဘယ်လိုလဲ" "အထွေထွေအတွင်းရေးမှူးတွေက ထွက်ခွာဖို့ တွန့်ဆုတ်နေကြပေမယ့် ဗိုလ်ချုပ်ကြီးနဲ့ တရားရုံးရဲ့ စီရင်ချက်တွေကို နားလည်ကြပါတယ်..." ကတ်စပါ : "ဗိုလ်ချုပ်ကြီး၊ စိတ်ပူဖို့ မလိုတော့ပါဘူး..." စီဆဲလ် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ကတ်စပါသည် ကုန်းပတ်ပေါ်တွင် စုံစမ်းရန် ထွက်လာခဲ့ချိန် စီဆဲလ်သည် သူ့ရှေ့ရှိ စောင့်ကြည့်ရေးစခရင်ကို ကြည့်ကာ အတွေးထဲနစ်မြုပ်သွားသည်။ စီဆဲလ်သာ် သူ့လက်တွင်ဝတ်ထားသည့် လက်စွပ်လေးကို အသာလေးထိပြီး ကိုင်ထားလေသည်။ ............................... "အစ်ကိုကြီး... ဒီလက်စွပ်ယူထား.....အကယ်၍ သားတို့ ကွဲသွားခဲ့ရင် သားကို မမေ့သွားနဲ့နော်...." "အစ်ကိုကြီး သားကို လိုက်ရှာရမယ်နော်..." လက်စွပ်သည် သူ၏ ပိုင်ရှင်အစစ်အမှန် ပြန်မလာမချင်း ပွတ်သပ်‌ ပေးခံရမည့်ပုံပေါ်သည်။ စီဆဲလ် မျက်လုံးများကို ခဏမှိတ်ထားလိုက်သည်။ စီဆဲလ် သတိမထားမိဘဲ အလစ်အငိုက်ဖြစ်သွားချိန် သူ၏ လက်ချောင်းထိပ်များသည် စူးကနဲ ပြတ်ရှမိသွားပြီး ဒဏ်ရာမှ သွေးများစီးကျလာလေသည်။ "ဝီး.............!" စူးရှသော အချက်ပေးသံ ထွက်ပေါ်လာသည့်အခါ စီဆဲလ် တုန်လှုပ်သွားခဲ့သည်။ သူသည် အလွန်လျင်မြန်စွာ ပြန်တုန့်ပြန်လိုက်ပြီး ခံစားချက်များကို ရုတ်သိမ်းကာ ဓါးကို ဆွဲယူပြီး တိုက်ပွဲနေရာသို့ ထွက်ခွာရန် မတ်တပ်ရပ်လိုက်သည်။ "သင်္ဘောရဲ့ အရှေ့တောင်ဘက်မှာ ဇာစ့်တွေ ကျူးကျော်တိုက်ခိုက်လာပါတယ်.......သင်္ဘောရဲ့ အရှေ့တောင်ဘက်မှာ ဇာစ့်တွေ ကျူးကျော်တိုက်ခိုက်လာပါတယ်..." စီဆဲလ် မျက်ခုံးပင့်လိုက်သည်။ အဘိုးအိုသည် ကျောင်းမြန်ကိုရရန် ပင်လယ်ဓားပြများနှင့် ပူးပေါင်းခဲ့သော်လည်း ထိုပင်လယ်ဓါးပြများကပင် ကျောင်းမြန်အတွက် Dark Phoenix ပင်မတိုက်ပွဲဝင်သင်္ဘောကို တိုက်ခိုက်ရန်အတွက် အဖွဲ့ချုပ်နှင့် ပူးပေါင်းခဲ့သည်။ ထို့ကြောင့် ယခုအခါ ဤအဘိုးကြီးသည် ဇာစ့်များနှင့် တစ်ဖန် ပူးပေါင်းထားချေသည်။ စီဆဲလ် လှောင်ရယ်လိုက်သည်။ 'ဒါဆို ဒီလူကြီးကပဲ တော်တော် အရည်အချင်းရှိနေတာလား....သူ ဘယ်လိုလုပ် ပူးပေါင်းခဲ့လဲ ဆိုတာမသိဘူး...' စီဆဲလ် ဆံပင်ကိုသပ်ကာ ဓါးကိုဆွဲကိုင်ပြီး ကုန်းပတ်ပေါ်တက်သွားတော့သည်။ "F8 ကိုရောက်ပါပြီ....." ချင်းယင်သည် ရွက်တိုင်ဘေးတွင် ရပ်ကာ အဝေးက မြို့ကိုကြည့်နေရင်းမှ ပြုံးကာ မေးလိုက်သည်။ "အာ့မြန် မင်း ဘယ်သူ့ကို စောင့်နေတာလဲ..." ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ချင်းယင် ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "အာ့မြန်....မင်းကလည်း ငါတို့နဲ့ အတူတူပဲ‌လေ.....မင်းက မေ့နေတာပဲ....." "မဟုတ်ဘူး" "ဟုတ်ပါတယ်...." ချင်းယင်သည် ကျောင်းမြန်နှင့် မငြင်းခုံချင်တော့သောကြောင့် ပြုံးရုံသာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ "ထားပါ....ခဏနေလို့ မင်းလည်း တိုက်ခိုက်ရတဲ့ အချိန်ကျရင် မင်းနဲ့ငါက အတူတူပဲဆိုတာ သဘောပေါက်လာလိမ့်မယ်...." "အုံး......-" ဤစွန့်ပစ်ကြယ်များသည် ပင်လယ်ဓါးပြရန်မှ ကာကွယ်ရန် ဖက်ဒရယ်စစ်တပ်များ ထားရှိထားပြီး ပင်လယ်ဓားပြအလံများကို တွေ့သောအခါ ၎င်းတို့ကို ရပ်တန့်ရန် စတင်ပစ်ခတ်ကြသည်။ ချင်းယင် ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "သတ်...!" ပင်လယ်ဓားပြများသည် ကြိုးများနှင့် ချိတ်များကို ဖြုတ်ချကာ အမြောက်များဖြင့် ပြန်လည် ပစ်ခတ်ကာ တိုက်ခိုက်ခဲ့သည်။ သင်္ဘောဆိုက်ကပ်လိုက်သည်နှင့် မြင် မြင်သမျှအရာအားလုံးသည် အော်ဟစ်သံများ၊ မီးတောက်များနှင့် သေဆုံးမှုများသာ ဖြစ်‌နေတော့သည်။မှ စွန့်ပစ်ကြယ်တွင် နေထိုင်သောလူများအားလုံးသည် အားကောင်းသောလူသစ်များကို စုဆောင်းထားခြင်း သို့မဟုတ် လယ်သမားများသာဖြစ်သည်။ ထိုအချိန်တွင် သူတို့အားလုံး ထိုနေရာတွင် တပ်စွဲထားသော စစ်သည်များနှင့်အတူ ရန်သူကို ပြန်လည် တိုက်ခိုက်ရန် ထွက်လာကြပြီး နှစ်ဖက်စလုံးမှ အပြန်အလှန်တိုက်ခိုက်ကြရာ နေရာတိုင်းတွင် သွေးများဖြင့် ပြည့်နှက်နေတော့သည်။ ကျောင်းမြန်သည် ဘေးနားတွင်သာ ရပ်နေသော်လည်း သူ၏နားထဲတွင် ဆူညံနေတော့သည်။ ပင်လယ်ဓားပြတွေရဲ့ နည်းလမ်းများသည် အမြဲတမ်း ရက်စက်ကာ သွေးထွက်သံယိုနည်းလမ်းများသာ ဖြစ်သည်။ ဖက်ဒရယ်စစ်တပ်နှင့် ရေခဲမြစ်စစ်တပ်မှ စစ်သားများနှင့်မတူသည်မှာ စစ်သားများသည် ဓါးကိုသာ အသုံးပြုပြီး အရေးကြီးသည့် ချက်ကောင်းတစ်နေရာကိုသာ ထိုးပြီး ရန်သူကို တိုက်ခိုက်ကြသည်။ သို့သော် ပင်လယ်ဓားပြများကမူ ဓါးရေးများသည် မထင်ထားလောက်အောင် ကျွမ်းကျင်ကြပြီး ရန်သူများကို ဓါးဖြင့် အဆက်မပြတ် ထိုးခြင်း သို့မဟုတ် ‌‌ခေါင်းနှင့် မျက်နှာတို့ကိုသာ အဓိကထား၍ တိုက်ခိုက်ကြရာ အများစုမှ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြရသည်။ ပင်လယ်ဓားပြများ၏ လက်ထဲတွင် သေဆုံးရခြင်းသည် ဝမ်းနည်းပြီး သနားစရာအကောင်းဆုံးဖြစ်သည်။ ကျောင်းမြန် မျက်လုံးမှိတ်ထားသော်လည်း ထိုအသံများသည် နားထဲတွင် ကြားနေရဆဲဖြစ်သည်။ "ရွှပ်...." သူ့အနောက်မှ လေပြင်းတစ်ချက် ထွက်ပေါ်လာသည်။ ကျောင်းမြန်သည် သူ့ကိုယ်သူ ကာကွယ်ရန် မသိစိတ်မှ လှည့်က သူ့နောက်ကလူ၏ လက်နက်ကို တွန်းကန်ရန် သူ့ဓားကို အသုံးပြုခဲ့သည်။ ကျောင်းမြန် အံ့ဩသွားသည်။ ဒီလူသည် ပြည်ထောင်စု စစ်သားတစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် သူ့အား ပင်လယ်ဓားပြဟုထင်ကာ တိုက်ခိုက်သည်ဟု သူယူဆခဲ့သည်။ ကျောင်းမြန်က ချင်းယင် သူ့အားပြောခဲ့သည့် အဓိပ္ပါယ်ကို နားလည်သောကြောင့် ပြန်လည်တိုက်ခိုက်ရန် ငြင်းဆန်ပြီး ထိုသူ၏ တိုက်ကွက်များကို လက်ခံကာရှောင်ရုံသာ ရှောင်တိမ်းခဲ့သည်။ကျောင်းမြန်သည် နောက်ပြန်မဆုတ်ဘဲ ရှောင်တိမ်းခဲ့ရာမှ နောက်ဆုံးတွင် လွတ်မြောက်ရန် အခွင့်အရေးကို ရှာတွေ့သွားခဲ့သည်။ ကျောင်းမြန်သည် စောင့်ကြည့်မျှော်စင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင် ဘယ်သူမှ မရှိနေလောက်ဘူးဟု တွေးမိလိုက်သည်။ "အုံး...." "ဖက်ဒရယ် စစ်တပ်တွေလာနေပြီ....!" "ဘောစ့်.....သူတို့ရဲ့ စစ်ကူလာနေပြီ" ပင်လယ်ဓါးပြတစ်ယောက်သည် အာ့ခီကို အော်ပြောလိုက်သည်။ "ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ..." အာ့ခီသည် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ ကျောင်းမြန်သည် အမြင့်တစ်နေရာတွင်ရပ်ကာ ဖက်ဒရယ်စစ်သင်္ဘောတန်းများ နီးကပ်လာသည်ကိုတွေ့ရသည်နှင့် ခဏတာ အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်မိသည်။ စီဆဲလ်သည် သူ့ကို ဆက်ယုံကြည်နေဦးမည်ဟု မသေချာသော်လည်း သူ့အား ကူညီရန် တပ်ကူများကို လွှတ်ပေးရန် ဆန္ဒရှိနေသေးသည်။ ချင်းယင် အေးစက်စွာပြောကာ.... "တပ်ပြန်ဆုတ်မယ်...." ဖက်ဒရယ် စစ်တပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် အကျိုးမရှိမှုများသာ ရှိနိုင်သည်။ ချင်းယင် တစ်စုံတစ်ခုကို ရိပ်မိသွားသဖြင့် ပြုံးလိုက်သည်။ "အာ့မြန်...." ကျောင်းမြန်သည် သူ့ဘေးတွင် သူ့အား ပြုံးပြုံးကြီးဖြင့် ကြည့်နေသည့် ချင်းယင်ကို တွေ့လိုက်ရကာ လန့်သွား‌တော့သည်။ ချင်းယင်လည်းခေါင်းကို ခါယမ်းလိုက်ပြီး..... "မင်း ဒီလောက် အရည်အချင်းရှိလိမ့်မယ်လို့ မထင်ထမိဘူး....ငါ့နှာခေါင်းအောက်မှာတောင် စာကို ရအောင် ပို့လိုက်နိုင်တယ် ဆိုတော့လေ...." ကျောင်းမြန်လည်း ခေါင်းငုံ့ကာ.... "ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ချင်းယင် ရှေ့တိုးလာပြီး ကျောင်းမြန်၏လက်ကိုဆုပ်ကိုင်ကာ သူ့စာကြည့်ခန်းထဲသို့ ဆွဲခေါ်သွားသည်။ ပင်လယ်ဓားပြများ ဆုတ်ခွာသွားခဲ့ပြီးနောက် F8 သည် ကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့ပေ။ တစ်ဖက်တွင်မူ ဖက်ဒရယ်စစ်တပ်သည် ပင်လယ်ဓားပြများနောက်သို့ အင်အားအပြည့်ဖြင့် လိုက်သွားခဲ့သည်။ ဖြတ်လမ်းများနှင့် ရင်းနှီးနေသော ပင်လယ်ဓားပြများနှင့် မျက်‌ခြေပြတ်သွားပြီး နောက်ဆုံးတွင် ဂြိုလ်ပေါ်တွင် ထားခဲ့ခြင်းခံရသည့် ပင်လယ်ဓားပြများ၏ သင်္ဘောအများအပြားကို ဖျက်ဆီးကာ လူအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ သူတို့သည် မူလက မြို့ကို လုယူမည့် ပင်လယ်ဓားပြများ၏ အကြံအစည်များကို ကျရှုံးစေခဲ့သည်။ "မင်းက မဆိုးဘူးပဲ...." စာကြည့်ခန်းထဲတွင် ကျောင်းမြန်သည် နီးစပ်ရာ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ချင်းယင်သည်လည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ချင်းယင်က ကျောင်းမြန်အား စိုက်ကြည့်ကာ ပြုံးလိုက်သည်။ "အာ့မြန်... ဖက်ဒရယ်ဘက်က သူလျှိုက ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြဖို့ အကြံပေးတယ်.....မဟုတ်ရင် မင်းနဲ့ငါ..... ဒီလောက်နဲ့ မပြီးဘူး.." ချင်းယင်သည် ကျောင်းမြန်၏ ပါးပြင်ပေါ်သို့ဝဲကျနေသည့် ဆံနွယ်များကို ကြင်နာစွာဖယ်ပေးလိုက်ပြီး နားနောက်သို့ ထည့်ပေးလိုက်သည်။ "ရှုံးမှာကို ငါစိတ်မ၀င်စားဘူး၊ မင်းစိတ်ထား ဘယ်လို ဖြစ်ဖြစ်.." ချင်းယင်သည် အောက်သို့စိုက်ကြည့်ကာ ပြော၏။ "မင်းက ငါနဲ့တော့ ရှိနေတယ်... ဒါပေမယ့် မင်းရဲ့စိတ်ကတော့ စီဆဲလ်နဲ့ ဖက်ဒရေးရှင်းဆီမှာပဲ...ငါ မကြိုက်လိုက်တာ... " ကျောင်းမြန်သည် ဘာမှမဖြစ်သလိုဖြင့် ပြန်ပြောလိုက်သည်။ "သူလျှိုဆိုတာ ဘာကို‌ပြောတာလဲဆိုတာ ငါမသိဘူး...ပြီးတော့ စာဆိုတဲ့ ကိစ္စရောပဲ...ငါ့အထင် မင်းတစ်ခုခုတော့ လွဲနေပြီထင်တယ်..." ချင်းယင် လှောင်ရယ်ကာ..... "အာ့မြန် ရယ်...." ချင်းယင်က လှမ်းအော်လိုက်‌သော်လည်း ကျောင်းမြန်မှ ဘာမှ မတုံ့ပြန်သည်ကိုမြင်လိုက်ရသဖြင့် ခေတ္တရပ်လိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးကာ ကျောင်းမြန်အား လက်သီးဖြင့် ထိုးလိုက်သည်။ ချင်းယင်သည် တစ်စုံတစ်ဦးကို ရိုက်နှက်နေချိန်၌ပင် သူ၏ ကိုယ်နေဟန်ထားသည် မွန်မြတ်ပြီး ပြေပြစ်ကာ သူ၏အမူအရာမှာ နည်းနည်းမှပြောင်းလဲခြင်းမရှိပေ။ အရွယ်ရောက်ပြီးသူက တစ်စုံတစ်ဦးကို တရင်းတနှီး တရင်းတနှီး ဆက်ဆံနေသလိုဖြစ်သည်။ လှုပ်ရှားမှုသည် အလွန်ပေါ့ပါးသော်လည်း ခွန်အားအပြည့်ပါသည်။ ချင်းယင်သည် အလွန်လျင်မြန်လွန်းသဖြင့် ကျောင်းမြန် ကာကွယ်ရန် အချိန်မရှိလိုက်သဖြင့် ဆန့်ထုတ်လိုက်သော လက်သီးများကို ပြန်သိမ်းလိုက်ပြီး ဗိုက်အစား သူ့လက်သီးများကို သူ့နှလုံးသားပေါ်တွင် တင်ထားလိုက်သည်။ "အာ့...." အမှန်တွင် နှလုံးသည် အရေးကြီးသော နေရာဖြစ်သော်လည်း ကျောင်းမြန်၏မျက်နှာသည် ချက်ချင်းဖြူဖျော့လာပြီး သူ့နှလုံးကို ငုံ့ကာ ဖိလိုက်သည်။ ကျောင်းမြန်သည် သူ့ကိုယ်သူ ဘောလုံးတစ်လုံးလို ကွေးကာ ဖက်ထသည်ကို မြင်လိုက်ရချိန်တွင် ချင်းယင်လည်း အံ့ဩသွားသည်။ ပြင်းပြင်းထန်ထန် ရိုက်ဖို့ မရည်ရွယ်ခဲ့‌သောကြောင့် ဗိုက်ကိုသာ ထိသွားသော်လည်း ဘာလို့ ကျောင်းမြန်၏ ပုံစံမှာ အရမ်းအရေးကြီးသောနေရာကို ထိခိုက်သွားသည့်ပုံ ဖြစ်နေရတာလဲ.....။ ကျောင်းမြန် ဒဏ်ရာ အပြင်းအထန်ရသွားသောကြောင့် ချင်းယင်သည် ခေါင်းယမ်းကာ ချက်ချင်း ဆရာဝန်ခေါ်ခိုင်းလိုက်သည်။ ချင်းယင်ပြောသည့် စကားထဲတွင် ဆရာဝန်အကြောင်း ယောင်ဝါးဝါးကြားလိုက်ရသောကြောင့် ကျောင်းမြန်၏ရင်ထဲတွင် အေးခဲသွားသည်။ ချင်းယင်ကို သူ ပေးမသိနိုင်ဘူး....။ ကျောင်းမြန်သည် အသက်ပြင်းပြင်းရှူကာ နာကျင်မှုကိုသည်းခံပြီး မတ်တပ်ရပ်လိုက်ပြီး ချင်းယင်အား တားရန် ပြင်လိုက်သည်။ သို့သော် ချင်းယင်သည် ပြန်လှည့်လာပြီး ကျောင်းမြန်၏ ခါးကို လက်တစ်ဖက်ဖြင့်ဆွဲဖက်ကာ ကျန်တစ်ဖက်နှင့် မေးစေ့ကို ဆွဲညှစ်ပြီး ကျောင်းမြန်အား သူနှင့် အနီးဆုံးရှိစေပြီး မျက်လုံးချင်း ဆုံကြည့်လိုက်သည်။ "မင်းဘာပဲလုပ်ခဲ့လုပ်ခဲ့ ငါခွင့်လွှတ်ပေးမယ်" ‌ချင်းယင် ငုံ့ကြည့်ကာ ပြုံးလိုက်ပြီး.... "ဒါပေမယ့် ငါကို ရှင်းပြဖို့ လိုနေသေးတယ်" ကျောင်းမြန် အံကြိတ်ထားရင်း ပြောလိုက်သည်။ "ရှင်းပြရမယ်ဆိုရင်.....ငါ...ငါနဲ့မင်းက ဘယ်တော့မှ သူစိမ်းထက် မပိုဘူး..." ချင်းယင်၏ မျက်လုံးများ မည်းမှောင်သွားသည်။ "ကောင်းပြီလေ..." "အရမ်းကောင်းတယ်..." နှစ်ယောက်လုံးသည် တံခါးဘေးတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ---------------------------------------------------------------------------------