Chapter 64
Viewers 18k

🤒အခန်း ၆၄




ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်မှာ မကြာခင်ပြီးဆုံးတော့မည်။ ယနေ့အတွက် အတန်းဆင်းခေါင်းလောင်းသံက အတန်းပြီးစီးကြောင်းအချက်ပြလိုက်ခြင်းဖြစ်သလို အမျိုးသားနေ့အားလပ်ရက် တရားဝင်စတင်ပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းလည်းဖြစ်လေ၏။


တစ်တန်းလုံး၏လေထုက တက်ကြွနေခဲ့သည်။


အဆောင်တွင်မနေရသည့်ကျောင်းသားအားလုံးနီးပါးမှာ á€Šá€œá€Żá€śá€¸á€•္ဍက်ဂိမ်းကစဏးကဟပဟဎး မနက်ဖြန် နေမြင့်သည်အထိအိပ်ရန် စီစဥ်ရင်း ကျောင်းဂိတ်ဝမှအပြင်ဘက်သို့ပြေးထွက်သွားကြလေသည်။


အဆောင်နေကျောင်းသားများကမူ ကျောင်းထဲရှိအဆောင်တွင် တစ်ညအိပ်ရန်သာရှိပေသည်။ နောက်နေ့မနက်အထိစောင့်ပြီးမှ တစ်ခုခုစီးနင်းကာ သက်ဆိုင်ရာအိမ်နှင့်မိသားစုများထံပြန်ရမည်ဖြစ်လေသည်။


စာသင်ဆောင်အောက်ထပ်သို့ဆင်းလာရင်း လော့ရှိုးက ရှောက်မင်ကိုလှည့်မေးလိုက်သည်။ 


"ဒါနဲ့ မင်ကော၊ မနက်ဖြန်နို့လက်ဖက်ရည်ဆိုင်ကို ဘယ်အချိန်သွားကြမလဲ.."


'ဆိုင်ရှင်' ရှောက်မင်က အလွန်တရာသည်းခံတတ်ပြီး တည်ငြိမ်အေးဆေးသောပုံစံဖြင့် 'စာရေးလေး' ကိုကြည့်ကာ တုံ့ပြန်လိုက်လေသည်။ 


"လောစရာမလိုဘူး၊ ကိုးနာရီမထိုးခင်အရောက်သွားကြမယ်..."


"တကယ်လား၊ ဒါဆို သနားကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ငါပုံမှန်အတိုင်း အိပ်ချင်လာမှအိပ်ပြီး မနက်ဖြန်ထလာလို့ရပြီ.."


ရှောက်မင်ကသူ့ကိုသတိပေးသည်။ 


"နို့လက်ဖက်ရည်ဆိုင်ထဲကို အီကြာကွေးသယ်မလာနဲ့နော်၊ ငါမင်းကိုကန်ထုတ်ပစ်မယ်..."


လော့ရှိုးက အရင်အပတ်အားလပ်ရက်တွင် အအိပ်လွန်သွားပြီး ဆိုင်ထဲကိုမနက်စာသယ်လာခဲ့သည်။ ၎င်းကြောင့် ဆိုင်ထဲတွင်ဆီအနံ့များစွဲကုန်ပြီး နို့လက်ဖက်ရည်ဆိုင်အတွက် အလွန်အမင်း အဆင်မပြေဖြစ်စေခဲ့သည်။


ထိုအကြောင်းကိုတွေးမိသည့်အခါ လော့ရှိုးမှာ စိတ်ရှုပ်သွားရသလို ရှက်လည်းရှက်သွားခဲ့သည်။ သူက ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် ရယ်လိုက်လေ၏။ 


"ဟုတ်ပါပြီ၊ ငါအရင်ပြန်နှင့်တော့မယ်..."


ထိုသူက အဆောင်ခန်းရှိရာသို့ပြေးထွက်သွားသည့်အခါ ကျယ်လောင်လှသောခြေသံက စည်းချက်တကျဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။


ကျူးထုန်က လှေကားအောက်ကိုငုံ့ကြည့်ရင်း အေးခဲသွားလေ၏။


"အီကြာကွေး..."


"အင်း...စားကြည့်မလား..." 

ရှောက်မင်က မသိစိတ်အရတုံ့ပြန်လိုက်မိပြီးမှ ရုတ်ချည်း သဘောပေါက်သွားလေ၏။ 

"အော်..မင်းမှစားလို့မရတာ..."


ကျူးထုန်: "....."


တကယ်တမ်းတွင် လက်ရှိအချိန်၌ ၎င်းအစားအသောက်ကို သူ့အနေဖြင့်စားသောက်နိုင်နေပြီဖြစ်သည်။ သို့ရာတွင် ယခုတော့ မမြည်းကြည့်လျှင်ပိုကောင်းမည်ဟုတွေးလိုက်၏။ အန္တရာယ်ကို ဖိတ်ခေါ်ရန်မလိုအပ်ပေ။


သူ အီကြာကွေးင်အကြောင်းမေးမိသည်က မြင်တွေ့နေကျမနက်စာတစ်မျိုးဖြစ်နေသောကြောင့်ပင်။


ပုံမှန်တွင် သူတို့က မနက်ပိုင်းအိပ်ရာမှထလာပြီးသည်နှင့် မနက်ပိုင်းကိုယ်ပိုင်စာကြည့်ချိန်ပြီးသည့်အခါမှ အပြင်ထွက်ပြီးမနက်စာစားကြလေ့ရှိသည်။ သူရောရှောက်မင်ပါ ကိုယ်တိုင်ချက်ပြုတ်စားလေ့မရှိကြပေ။


မနက်စာကို ချက်ပြုတ်စားခြင်းက နေ့လည်စာနှင့်ညစာကိုပြင်ဆင်ရခြင်းထက် စိန်ခေါ်မှုနည်းပါးသလိုထင်ရသည်။


ကိန်းကြီးခမ်းကြီးလုပ်ရန်လည်းမလိုအပ်သည့်တိုင် တစ်ခါလှမ်းလျှင် တစ်လှမ်းသာလှမ်းသင့်သည်။ သူ့ကိုယ်သူ မတန်မရာစိန်ခေါ်မိနေပါက မလိုအပ်သောရလဒ်တို့ကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားပေမည်။


ထို့အပြင် မနက်ဖြန်၌ မနက်စာချက်ရန်အချိန်ရှိသည်။ သူ ရှောက်မင်ထက်စောပြီး အိပ်ရာမှထရန်လိုအပ်လေ၏။


ရှောက်မင်က သူ့ထက်စောပြီး အိပ်ရာမှနိုးတတ်သည်။ ထို့ကြောင့်ပင် ရှောက်မင်ကသူ့ကိုအမီလိုက်နိုင်သည်အထိ အရပ်ရှည်နေရခြင်းဖြစ်လေ၏။ တစ်ခါက သူတို့ဘေးချင်းကပ်ယှဥ်ပြီးလမ်းလျှောက်နေရင်း သူမေးကြည့်ခဲ့ဖူးသည်။ 


"မင်း မနက်ဆိုရင် ဘယ်အချိန်အိပ်ရာထလဲ..."


ရှောက်မင်က လှည့်ကြည့်လာပြီး ပြုံးလိုက်ရင်း သူ့ဘက်သို့တိုးကပ်လာကာဖြေလိုက်လေသည်။ 


"ဘယ်အချိန်မဆို ထနိုင်ပါတယ်၊ ခိုင်းစရာရှိလို့ပါလား၊ သခင်လေး..."


ထိုသူက တမင်တကာဖြင့် အသံကိုဆက်စီကျအောင် လုပ်ပြီးပြောလာခဲ့သည်။


ကျူးထုန်၏မျက်နှာက တရိပ်ရိပ်နှင့်ပူလာလေ၏။ သူက သူ၏ထူးဆန်းနေသောမေးခွန်းကိုပြန်လည်ရှင်းပြလိုက်သည်။


 "ငါပြောချင်တာက ငါတို့နို့လက်ဖက်ရည်ဆိုင်ကိုဘယ်အချိန်သွားမှာလဲလို့..."


ရှောက်မင်က ချက်ချင်းပြန်မေးလိုက်သည်။ 


"မင်းကရော ဘယ်အချိန်သွားချင်လဲ..."


"....."


ကျူးထုန်က တွေဝေသွားပြီး မရေရာသည့်အသံဖြင့်ပြန်ဖြေ၏။


 "ရှစ်နာရီ..."


ရှောက်မင်က တဖန်ပြုံးပြသည်။ 


"အိုကေ...ဒါဆိုလည်းရှစ်နာရီပေါ့..."


ကျူးထုန်က ခေါင်းညိတ်ပြလိုက်သည်။


သူတို့ ရှစ်နာရီမှနို့လက်ဖက်ရည်ဆိုင်ကိုသွားမည်ဆိုလျှင် ရှောက်မင်က အနည်းဆုံး ခုနစ်နာရီမှအိပ်ရာကထလိမ့်မည်။ ထိုသူက မနက်ပိုင်း ပုံမှန်လုပ်ငန်းဆောင်တာများအတွက် နာရီဝက်အချိန်ယူတတ်လေ၏။


သို့ဖြစ်၍ သူက နာရီဝက်ခန့်စောပြီးအိပ်ရာမှထရမည်။ အနည်းဆုံး ခြောက်နာရီခွဲခန့်ဖြစ်သင့်၏။ ရှောက်မင် ရေချိုးခန်းထဲတွင် နာရီဝက်ခန့်ကြာနေသည့်အချိန်တွင် သူချက်ပြုတ်ထား၍ရလေသည်။


'မနက်စာချက်ဖို့က နာရီဝက်နဲ့ဆိုလောက်ပါတယ်နော်' သူက သူ့ကိုယ်သူမေးကြည့်မိလိုက်၏။


ဘာချက်ရင်ကောင်းမလဲ။ ဆန်ပြုတ်ဆိုရင်ရော။ ဒါပေမဲ့ အဲဒါကအချိန်ကြာတယ်။ ကြက်ဥလေးပဲကြော်ရင်ရော။


ကြက်ဥကြော်ရသည်က အလွန်လွယ်ကူသည်။


စဥ်းစားနေရာမှ သူသွားနေသည့်ခြေလှမ်းက နှေးသွားခဲ့သည်။ ရှောက်မင်က ရှေ့ကိုနှစ်လှမ်းကျော်သွားမှ တစ်ခုခုမှားနေသလို ရုတ်တရက်ခံစားလိုက်ရ၏။ သူက ကော်ရစ်တာအလယ်တွင် အကြောင်းအချို့ကြောင့်ရပ်သွားသောကျူးထုန်ကို ကြည့်လိုက်မိသည်။


"......"


သူက ကယ်ရာမဲ့စွာဖြင့်အနောက်ကိုပြန်လျှောက်လာပြီး ကျူးထုန်၏ပုခုံးကို ဆွဲလိုက်သည်။


 "အိမ်ပြန်ကြမယ်၊ သခင်လေးရေ..."


မျှော်လင့်စောင့်စားနေသည့်အားလပ်ရက်ရလာ၍ မတုန်မလှုပ်ဖြစ်နေသောကျောင်းသားမျိုးကို သူတစ်ခါပင်မမြင်ခဲ့ဖူးပေ။


ကျူးထုန်က ပုခုံးကိုဆုပ်ကိုင်ခံလိုက်ရမှန်းခံစားလိုက်ရသော်လည်း ၎င်းက အတွေးရထားတန်းကြီးကို ရပ်တန့်လိုက်ရန်မလုံလောက်သေးပေ။ သူက အားနှင့်အင်ဖြင့်ဆွဲခေါ်ခံသွားရလေသည်။


အနောက်ဘက် နှစ်မီတာ သို့မဟုတ် ထိုထက်ပိုသောအကွာအဝေးတွင် ဖျတ်ခနဲပေါ်လာသောအလင်းရောင်က သူတို့နှစ်ယောက်ကိုကြောင်အသွားစေခဲ့သည်။


သူတို့နှစ်ယောက်က ပြိုင်တူရပ်လိုက်ကြပြီး ပြိုင်တူပင်နောက်လှည့်ကြည့်လိုက်ကြ၏။


ဓာတ်ပုံရိုက်လိုက်သောကောင်မလေးမှာလည်း နောက်ဆုတ်သွားလေသည်။ 


'ငါမီးပိတ်ဖို့မေ့သွားပြီ၊ အား....'


တချိန်တည်းမှာပင် လူနှစ်ယောက်ထံမှ စိုက်ကြည့်ခံလိုက်ရလေရာ မိန်းကလေးမှာ ရုတ်ချည်းပျာယာခတ်သွားလေ၏။ 


"ဆောရီး..."


သူမက ကောင်လေးနှစ်ယောက်၏ကျောပြင်ကိုမြင်ပြီး အလွန်လိုက်ဖက်ညီသည်ဟုတွေးလိုက်မိသည်။ ထို့နောက် မနေနိုင်တော့ဘဲ ဓာတ်ပုံရိုက်လိုက်မိခြင်းဖြစ်၏။


ကျူးထုန်က မသိစိတ်အလျောက်ရှောက်မင်ကိုလှည့်ကြည့်လိုက်မိသည်။


ယခုလေးတင် အရင်ဆုံး လှုပ်ရှားလာသူမှာရှောက်မင်ဖြစ်လေ၏။


ရှောက်မင်က မိန်းကလေးကိုပြပြီး တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။ 


"ရပါတယ်၊ လျှောက်မဖြန့်ရဘူးနော်.."


မိန်းကလေးက ချက်ချင်းပင် လက်သုံးချောင်းထောင်ပြလိုက်သည်။


 "ငါဘယ်သူ့ကိုမှမပေးပါဘူး၊ ကတိပေးတယ်.."


ရှောက်မင်က ပြုံးပြပြီး ပြန်လှည့်သွားကာ အောက်ထပ်ဆင်းသွားလေသည်။


မိန်းကလေးက ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ပြီး သူရိုက်ထားသောဓာတ်ပုံများကိုဖွင့်ကြည့်လိုက်သည်။ ရုတ်တရက်ပင် တစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။


'အခုလေးတင် ရှောက်မင်က "အိမ်ပြန်ကြမယ်" လို့ပြောလိုက်သလိုပဲ'


'အဲဒါက ဘာကိုဆိုလိုချင်တာလဲ၊ သူတို့က အတူနေကြတာလား'


ဖာ့ခ်၊ သူမမှာ သာမန်ထက်ထူးခြားသည့်အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ 


'ဒီတားမြစ်ထားတဲ့သတင်းကို ပါးစပ်ပိတ်ပြီးနေရမှာလား'


သူမ အတွေးလွန်နေမိသည်။ ထိုအတိုင်းမဟုတ်သည်မှာလည်းဖြစ်နိုင်သည်။


ရှောက်မင်က လှေကားပေါ်တွင်ဖြစ်သွားသမျှကိုစိတ်ထဲမထားဘဲ ကျူးထုန်ကလည်း ချက်ချင်းမေ့သွားခဲ့သည်။ သူမ လုပ်လိုက်ရသည့်အကြောင်းအရင်းကိုပင် မမေးမိလိုက်ပေ။


သူက မနက်ဖြန် ချက်ပြုတ်ရမည့်ဟင်းအပေါ်ကိုသာ ပိုပြီးအာရုံစိုက်နေမိ၏။


စနစ်က သက်ပြင်းချလေသည်။ 

'နေရောင်အောက်က စမ်းရေက လက်ဆယ်ချောင်းလုံးကိုမစိုစေနိုင်ဘူး၊ အခုတော့ သူတို့က အချစ်ဆိုတဲ့အဓိပ္ပါယ်အောက်မှာ စွပ်ပြုတ်ချက်ရတော့မယ်..ကျစ်...စိတ်လှုပ်ရှားလိုက်တာ'


'ငါက ငါ့ဘဝကြီးအတွက် စွပ်ပြုတ်ချက်ပေးတာပါနော်၊ ကျေးဇူးပဲ' 

ကျူးထုန်က ခုခံချေပချင်သည့်သဘောဖြင့် အမှန်ပြင်ပေးလိုက်သည်။ 

'ပြီးတော့ မင်းပဲငါ့ကို အရင်စလုပ်ရမယ်လို့ပြောခဲ့တာမဟုတ်ဘူးလား'


စနစ်: "......"


ကျူးထုန်က ချေပပြောပြီးသည်နှင့် တိုက်ရိုက်ပင်ဖုန်းကိုဖွင့်လိုက်ကာ ဟင်းချက်နည်းတို့ကိုရှာဖွေလိုက်၏။ သူ့ခမျာ မနက်စာချက်နည်းပေါင်းစုံကြောင့်မူးဝေသွားရသော်လည်း အိမ်တွင် အသင့်စား အမယ်များမရှိသောကြောင့် အားလုံးကိုအမှားခြစ်လိုက်သည်။


မီးဖိုချောင်ထဲမှ ရေခဲသေတ္တာထဲတွင် ကြက်ဥ၊ ခေါက်ဆွဲ၊ နွားနို့နှင့် ပုစွန်အနည်းငယ်သာရှိသည်ကို သူတွေ့ခဲ့ရသည်။


သို့ရာတွင် မနက်ပိုင်း ခြောက်နာရီခွဲတွင် စူပါမားကတ်လည်းမဖွင့်လောက်သေးပေ။ သူအခုအချိန်တွင်ဝယ်ချင်လျှင်ပင် နောက်ကျသွားပြီ၊ ဆိုင်ကပိတ်သွားလောက်ပြီ။


ကျူးထုန်က မျက်မှောင်ကြုတ်ကာ ရှိနေသောဟင်းအမယ်များအပေါ်အခြေခံကာ ချက်ပြုတ်နိုင်မည့် ဟင်းလျာများကိုသာစတင်ရှာကြည့်လိုက်သည်။


ခေါက်ဆွဲ....၎င်းက ရှောက်မင်၏အထူးဟင်းလျာပင်။ ခေါက်ဆွဲတစ်ခွက်ကိုပင် ဖြစ်မြောက်အောင်မလုပ်နိုင်ပါက သူ့ကိုယ်သူအရှက်ရမိလိမ့်မည်။ ကျော်မည်။


ပုစွန်နှင့်လုပ်ထားသောဆန်ပြုတ်...ပုစွန်အစိမ်းမှထွက်လာသောအညှီနံ့နှင့် အခွံချွတ်ရမည့်အရေးရှုပ်ထွေးနေဦးမည်...ကျော်မည်။


ပေါင်မုန့်နှင့်နွားနို့။ နှစ်မျိုးလုံးကအသင့်စားစရာများသာ။ ဒီလိုဆို ချက်ပြုတ်တာက "စိတ်လှုပ်ရှားစရာ" ဘယ်ကောင်းတော့မလို့လဲ။ ကျော်လိုက်။


နောက်ဆုံး၌ ကြက်ဥတစ်လုံးသာကျန်တော့သည်။


သူက ကြက်ဥမွှေကြော်ပြင်ဆင်ပုံအား သင်ပေးသည့်ရုပ်သံဖိုင်ကိုရှာကြည့်လိုက်သည်။


မီးဖိုကိုဖွင့်လိုက်သည်။ ဆီထည့်သည်။ ကြက်ဥကိုခလောက်သည်။ ဆားနှင့်ရောမွှေသည်။ ပြီးနောက် တဖက်ကိုလှန်လိုက်သည်။


နည်းလမ်းကရိုးရှင်းပါသည်။ လိုအပ်သောမီးဖိုချောင်သုံးပစ္စည်းများကလည်း ရိုးရှင်းလေသည်။


ကျူးထုန်၏မျက်လုံးလေးများက တောက်ပသွားလေ၏။ 


"ဒါက လုပ်လို့ရတယ်..."


စနစ်ကပြောလိုက်သည်။ 

'အပြောကအလုပ်ထက်တော့လွယ်တယ်၊ လုပ်နေတုန်း မရရင်ရော'


ကျူးထုန်: "...."


ဒီစနစ်ကသူ့ကိုကူညီဖို့လာတာလား။ ဒါမှမဟုတ် အပြစ်ပြောဖို့လာတာလား။


ဗွီဒီယိုကို နောက်တကြိမ်ထပ်ကြည့်ပြီးသည့်နောက် ကျူးထုန်ကယုံကြည်ချက်အပြည့်ရှိသွားလေသည်။ စနစ်က သူ့ထံတဇွတ်ထိုးပြောနေသော စိတ်ဓာတ်ကျဖွယ်စကားများကိုပင်ဂရုမစိုက်တော့ပေ။


ဟင်းချက်နည်းကိုအတည်ပြုပြီးသည့်အခါ ကျူးထုန်က ဖုန်းကိုခြောက်နာရီခွဲ သတိပေးချက်သံပေးထားလိုက်သည်။ ပြီးနောက် မီးပိတ်လိုက်ကာ အိပ်ရာထဲသို့ဝင်သွားလိုက်လေ၏။


_________



နောက်တနေ့ နံနက်စောစောတွင် နှိုးစက်က သူ့ကိုအချိန်မီနှိုးခဲ့သည်။


ကျူးထုန်က အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းထဲသို့ဝင်သွားခဲ့၏။ အိပ်တဝက်နိုးတဝက်ဖြစ်နေ၍ ဧည့်ခန်းထဲမှမီးများလင်းနေသည်ကိုသတိမထားမိလိုက်ပေ။


ဆေးကြောသန့်စင်ပြီး ရေချိုးခန်းထဲမှထွက်လာသည့်အခါ á€™á€Žá€¸á€–ိုခဝ္ဏင်ထဲမသ ကြော်လှော်နေသောအသံများကိုကြားလိုက်ရသည်။ သူ ရေချိုးခန်းတံခါးဝမှာတင် ရပ်လိုက်မိလေ၏။


ခဏအကြာမှ သူ စနစ်ကိုမေးမိလိုက်သည်။ 


"မင်းအနံ့ရလား..."


စနစ်: 'မင်းရတဲ့အနံ့ကိုပဲငါရတာလေ'


ကျူးထုန်: "....."


သူ မီးဖိုချောင်ဘက်သို့လှမ်းကြည့်ရင်းတွေးလိုက်မိလေ၏။ 


'ဘာလဲဟ၊ ငါအလန်းကိုပိတ်လိုက်ပြီးတော့ အိပ်ရာထတာနောက်ကျသွားတာများလား'


'ရှောက်မင်တောင် အိပ်ရာကထနေပြီ'


သူ ဧည့်ခန်းထဲမှ တိုင်ကပ်နာရီ ထပ်ပြီးမော့ကြည့်မိပြန်သည်။ ခြောက်နာရီငါးဆယ့်ငါး၊ ခုနစ်နာရီမထိုးသေးပါချေ။


ရှောက်မင် မိနစ်နည်းနည်းလေးစောပြီး အိပ်ရာစောထခဲ့တယ်ဆိုရင်တောင် ရေချိုးခန်းထဲဝင်နေရမှာမဟုတ်လား။


ကျူးထုန် စပ်စုချင်စိတ်ဖြင့် မီးဖိုချောင်ကိုချဥ်းကပ်သွားမိသည်။ ရောက်ကာနီးလာလေ၊ ကြက်ဥကြော်နေသည့်အနံကို ပိုရလာလေပင်။ မီးဖိုချောင်တံခါးက တွန်းဖွင့်ရသည့်တံခါးမျိုးဖြစ်၍ သူအသာလေးတွန်းဖွင့်လိုက်သည်။


မီးဖိုအရှေ့တွင် လူငယ်လေးတစ်ယောက် က အရောင်ဖျော့ဖျော့ရှိသော ဘောင်းတီတိုတစ်ထည်ကိုသာဝတ်ထားပြီး ရပ်နေခဲ့သည်။ လက်တစ်ဖက်က အကြော်ကြော်သည့်ဒယ်အိုးအပြားကိုကိုင်ထားက ကျန်တစ်ဖက်က ယောက်မကိုကိုင်ရင်း ကြက်ဥကို စနစ်တကျကြော်နေလေသည်။


အိပ်ခန်းနှစ်ခန်းပါသည့်အိမ်တွင် နေရသောနှစ်ရက်အတွင်း သူတို့က တစ်ယောက်၏ကိုယ်ရေးကိုယ်တာအပေါ် အထူးအလေးထားကြသည်။ ကျူးထုန်က ရှောက်မင်၏အင်္ကျီမပါသည့်ပုံစံကို တစ်ခါမှမမြင်ဖူးပေ။


ရှောက်မင်တွင် ပုံရိပ်ကောင်းရှိသည်ကိုသူသိထား၏။ သို့သော်ငြား တစ်ခါတစ်ရံ၌ ထိုသူ၏အရှက်မဲ့တတ်မှုအား အသိအမှတ်မပြုခဲ့ဖူးပါချေ။


ရှောက်မင်က အရပ်ရှည်ပြီးပုခုံးကျယ်ကာ ခန္ဓာကိုယ်ကလည်းတောင့်တင်းပြီး ခါးလည်းသေးသည်။ ဤရှုထောင့်မှကြည့်လျှင် ဆယ်ကျော်သက်လေးနှင့်မတူဘဲ အရွယ်ရောက်ပြီးရင့်မာသည့် ယောကျ်ားတစ်ယောက်နှင့်တူနေသည်။ ကျောတွင်လည်း ကြွက်သားအပြည့်ဖုံးနေပြီး အားအင်နှင့်ယောကျ်ားပီသမှုတို့ကိုဖော်ပြနေ၏။


ကျူးထုန်က တဒင်္ဂခန့်တောင့်တင်းသွားကာ တံခါးခေါက်ရန်ပင်မေ့သွားခဲ့သည်။


မီးဖိုချောင်ထဲ၌ ရှောက်မင်က ကြက်ဥကြော်နေစဥ် ရေချိုးခန်းထဲမှရေကို အပူပြောင်းပေးရန် အိမ်ရှင်ကိုပြောမည်ဟုတွေးနေလေသည်။


မနေ့ညက ကျူးထုန် အခန်းကိုပြန်လာပြီးသည့်နောက် ရေအပူမရသေးမှန်း ရှောက်မင်သိလိုက်ရသည်။ နောက်ဆုံးတော့ မနေ့ညက ရေမချိုးလိုက်ရဘဲ ယခုမနက်မှချိုးမည်ဟုဆုံးဖြတ်ထားလိုက်၏။


ယခုနှစ်၏ရာသီဥတုက ထူးဆန်းနေသည်။ ဆောင်းဦးရောက်သည့်တိုင် နွေရာသီနှယ်ပူနေဆဲဖြစ်လေ၏။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ကိုအပူသက်သာအောင် ရှပ်အင်္ကျီမဝတ်ဘဲနေလိုက်သည်။


ကျူးထုန်ရေချိုးနေကျအချိန်ကိုမှန်းလိုက်ပြီး မနက်စာမပြင်ခင်ဝတ်လျှင် နောက်ကျသွားလိမ့်မည်ဟုတွေးလိုက်မိသည်။ သို့ဖြစ်၍ အလွန်အကျွံစဥ်းစားမနေတော့ဘဲ အင်္ကျီဝတ်ရန်မေ့သွားတော့သည်။ အခွင့်အရေးရ၍ လှည့်လိုက်သည့်အခါ တံခါးနားတွင်ရပ်နေသောလူကိုတွေ့လိုက်ရလေသည်။


သူက မှင်သက်သွားပြီး အံ့အားသင့်နေသည့်ပုံစံဖြင့်ပြောလိုက်၏။ 


"ဒီနေ့ ဘာလို့အစောကြီးအိပ်ရာကထတာလဲ.."


ကျူးထုန်၏ဝိညာဥ်က ရှောက်မင် သူ့ကိုစကားပြောလာမှ လောကကြီးထဲသို့ပြန်ရောက်လာခဲ့သည်။ သို့ရာတွင် သူ့ပါးစပ်ကဟောင်းလောင်းပွင့်နေပြီး ရှုပ်ထွေးနေသောအတွေးတို့ဖြင့်ပြည့်နေလေသည်။ 


"ငါက...."


ထိုစကားကထွက်လာရုံရှိသေးစဥ် သူ့နှာခေါင်းမှ ခပ်နွေးနွေးအရာများထွက်ကျလာသည်။ ပြီးနောက် ပူနွေးသောသွေးစီးချောင်းနှစ်ခုက သူ့နှာခေါင်းအောက်မှ ဖြည်းဖြည်းချင်းစီးကျလာလေတော့၏။(🤣)



🤒