Chapter 48
Viewers 7k

Chapter – 48

(ကျောင်းမြန် ငြင်းလိုက်ပြီ)

 

ရှည်လျား ပြင်းပြသည့် အနမ်း အဆုံးသတ်တွင် ကျောင်းမြန်သည် အသက်ရှူကျပ်ကာ လေထုထဲတွင် မျောလွင့် လုနီးပါးဖြစ်နေလေသည်။

 

စီဆဲလ်......ခင်ဗျား ရူးနေပြီ...!

 

ကျောင်းမြန်သည် စီဆဲလ်၏ ပုခုံးနှစ်ဖက်ကို ဆွဲဆောင့်ပြီး သူ့အား တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။

 

ခင်ဗျား.... ရူးနေပြီ!

 

အင်း ဟုတ်တယ်.....ကိုယ်ရူးနေပြီ.....

 

စီဆဲလ်သည် ကျောင်းမြန်၏ ရှုပ်ပွနေသော ဆံပင်များ၊ နီမြန်းနေသော ပါးပြင်များနှင့် အရည်လဲ့နေသော မျက်ဝန်းများကို နောင်တရခြင်း အလျဉ်းမရှိဘဲ သူ၏ အောက်နှုတ်ခမ်းကို သပ်ကာ ခုနက ရခဲ့သည့် အရသာလေးကို မတင်းတိမ်နိုင်ပဲ ဖြစ်‌နေလေသည်။

 

အင်း....ထပ်ပြီး နမ်းချင်နေပြန်ပြီ

 

စီဆဲလ်၏ သားကောင်ကို ချောင်းမြောင်းနေ‌သည့် အန္တရာယ်ရှိသော အကြည့်များသည် ကြောက်စရာကောင်းသည်ဟု ကျောင်းမြန်ခံစားလိုက်ရသည်။

 

-ဒါ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့နေမယ်။

 

-ဟုတ်တယ် ဒဏ်ရာပြင်းလို့.....

 

-အဲဒါ အမှန်ပဲ!

 

ကျောင်းမြန်သည် ချက်ချင်း မျက်မှောင်ကြုတ်ကာ ခေါင်းကို ဖိလိုက်ပြီး ပြောလိုက်သည်။

 

ခေါင်းကိုက်လာပြီ...

 

လုံလောက်ပါပြီ။

 

စီဆဲလ်သည် သူ၏မီးများအားလုံး ငြိမ်းသွားစဉ် ကျောင်းမြန်၏ အသံကိုကြားသဖြင့် ချက်ချင်းထရပ်ကာ ကူညီရန် ပြင်လိုက်သည်။

 

နာတယ် ၊ ဘယ်ကနာတာလဲ၊ မင်း ခေါင်းကိုက်နေတာလား

 

စီဆဲလ် သည် သူ့ကိုယ်သူ အနည်းငယ် စိတ်ဆိုးသွားပြီး သူနှင့် *ဝေးကွာသွားပြီဟု ထင်ခဲ့သည်။

 

(T/N- အနမ်းကို ပြောတာထင်တယ်)

 

မြန်မြန်....ကိုယ့်အမှားပါ....ကိုယ်မှားသွားပါတယ်..

 

စီဆဲလ်သည် ကျောင်းမြန်အား ထလို့ရအောင် ကူညီပေးလိုက်ပြီး သူ့ရှေ့တွင် မှီထားစေကာ ပြောလိုက်သည်။

 

မကြောက်နဲ့နော်....အရမ်းနာလာရင် ကိုယ့်ကို ကိုက်လိုက်...

 

ခွီး......

 

စီဆဲလ် အံ့ဩသွားပြီး အောက်ကိုငုံ့ကြည့်လိုက်ချိန်တွင် ကျောင်းမြန် ပြုံးနေသည်ကို သူမြင်လိုက်သည်။

 

စီဆဲလ် : ...

 

စီဆဲလ်သည် ခဏလောက် ငြိမ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

 

မင်း ကိုယ့်ကို လိမ်နေတာပဲ...

 

မြန်မြန် မင်းတကယ်တော်လာတာပဲ...မကောင်းတာတွေပါ အကုန်သိနေ‌တော့ အခုလူတွေကို ဘယ်လိုလှည့်စားရမလဲဆိုတာ သိပြီမလား

 

စီဆဲလ်သည် ကျောင်းမြန်၏ မျက်နှာလေးကို ကိုင်ကာ ပြုံးပြုံးလေးဖြင့် မေးလိုက်သည်။

 

 မင်းကို ဘယ်သူသင်ပေးတာလဲ

 

ကျောင်းမြန်သည်လည်း ပြုံးလိုက်ပြီး ထိုအန္တရာယ်ရှိသည့် လက်များကို ရှောင်ရန် ခေါင်းကို တစ်ဖက်သို့ စောင်းထားလိုက်သည်။

 

ကောင်းပြီ၊ မင်းကို မနှောင့်ယှက်တော့ဘူး....အိပ်တော့‌နော်.....ကောင်းကောင်း အနားယူပါ

 

စီဆဲလ်လည်း ပြုံးလိုက်ကာ ကျောင်းမြန်ကို အိပ်စေလိုက်ပြီး စောင်ကိုဆွဲယူကာ ခြုံပေးလိုက်သည်။

 

ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ကျောင်းမြန်သည် အမှန်တကယ်ပင် ပင်ပန်းကာ မျက်လုံးမှိတ်လျက် အိပ်ပျော်သွားခဲ့သည်။

 

ကျောင်းမြန်၏အိပ်မက်ထဲတွင် ဝံပုလွေဆိုးကြီးတစ်ကောင် ပေါ်လာတော့သည်။

 

ထိုဝံပုလွေကြီးသည် သူ့အား လျှာအကြီးကြီးဖြင့် လျက်ကာ သူနှင့်အတူ ကလေးမွေးချင်သည်ဟုပြောသောကြောင့် ကျောင်းမြန်လည်း ကြောက်လန့်တကြား ထွက်ပြေးလေရာ နောက်မှ လိုက်ဖမ်းတော့သည်။သူဘယ်လောက်ပဲ ဆက်ပြေး ဆက်ပြေး ထိုဝံပုလွေကြီးက သူ့အား ဖမ်းမိနေဆဲဖြစ်သည်။

 

နောက်ဆုံးတွင် ကျောင်းမြန်သည် အိပ်မက်ထဲ၌ ဝံပုလွေကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသောကြောင့် သူနှင့် လက်ထပ်ရန် ဝံပုလွေအသိုက်ထဲသို့ ခေါ်သွားပြီး ဝံပုလွေလေးတစ်ကောင်ကို မွေးပေးလိုက်ရတော့သည်။

 

ထို့နောက် ကျောင်းမြန်လန့်နိုးလာသည်။

 

ကျောင်းမြန် : ......

 

သူ အဆိပ်မိတာ မပြေသေးတာလား....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....။

 

ကျောင်းမြန် ရက်အနည်းငယ်ကြာ အနားယူပြီးနောက် ပြန်လည်ကောင်းမွန်လာကာ ပုံမှန်အတိုင်း လမ်းကို ဖြေးဖြေးချင်း လျှောက်လှမ်းနိုင်ခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် တုန့်ပြန်မှုသည် အများကြီး မကောင်းသေးပဲ နှေးကွေးနေသေးသည်။

 

ဘာလို့လဲ...

 

ထိုအချိန်တွင် စီဆဲလ်သည် ကုတင်အစွန်းတွင်ထိုင်ကာ ကျောင်းမြန် စွပ်ပြုတ်သောက်နေသည်ကို ထိုင်ကြည့်နေလေသည်။ အစပိုင်းက သူကိုယ်တိုင်ခွံ့ကျွေးချင်သော်လည်း ကျောင်းမြန်က ခေါင်းမာစွာ ငြင်းပစ်လိုက်သည်။

 

စက်ရုံမှာ အလုပ်ပြန်လုပ်မယ်လို့ မင်းပြောလိုက်တာလား....

 

စီဆဲလ် မျက်ခုံးကို ပင့်လိုက်ရင်း.....

 

 မင်းရူးသွားတာလား....

 

ကျွန်တော် အခုလောလောဆယ် စာရွက်စာတမ်းတချို့ကိုပဲ ဖြေရှင်းပေးဖို့ ကြည့်လို့ရပါတယ်....တခြား အပြင် အလုပ်တော့ လုပ်လို့မရသေးပါဘူး....ဒီတိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းချည်းပဲလည်း မလုပ်ချင်တော့ဘူး... ကျွန်တော် ကိုယ့်ကိုကိုယ် အသုံးမကျတော့သလို ခံစားနေရတယ်..

 

ကျောင်းမြန် အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြလိုက်သည်။

 

ကောင်းပြီ မင်းအစား ကိုယ့်ကို သွားခိုင်းလို့ရတယ်...မင်းဘာသာမင်း သွားမယ်ဆိုရင်တော့ ကိုယ်ခွင့်မပြုနိုင်ဘူး...

 

စီဆဲလ်သည် လက်နှစ်ဖက်ကို ပိုက်ထားရင်း ခိုင်မာသည့် သူ့သဘောထားကို ထုတ်ပြောလိုက်သည်။

 

ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

 

စီဆဲလ်က ဆက်ပြောလိုက်သည်။

 

မင်းတကယ် စက်ရုံကို သွားချင်နေတာလား.....

ကောင်းပြီ...ကိုယ်မင်းကို ရုံးတက်ရက်မှန်ဆုပါ ပေးလိုက်မယ်.....မင်းသွားရင် ကိုယ်ပါလိုက်မယ် ကိုယ့်အလုပ်တွေလည်း အဲ့မှာပဲ လုပ်မယ်...

 

ကျောင်းမြန် အံ့ဩသွားသည်။

 

သူ....စီဆဲလ်ကို အနှောင့်အယှက်မပေးချင်ပေ။

 

ဒါပေမယ့် တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် စီဆဲလ်၏စိတ် ပြောင်းလဲရန် အမြဲတမ်းခက်ခဲ‌သောကြောင့် ကျောင်းမြန်လည်း ဘာမှထပ်ပြောလို့ မရတော့ပေ။

 

ပြီးတော့.....ကျောင်းမြန် ထိုနေ့ကအကြောင်းကို မတွေးဘဲလည်း မနေနိုင်ပေ။

 

အရမ်းကို နက်ရှိုင်းသော အနမ်းတစ်ခု......

 

စီဆဲလ်သည် သူတို့၏ အိမ်ထောင်ရေးကို အတည်ယူသင့်သည်ဟု ပြောခဲ့လေသည်။

 

ထိုနေ့က ကျောင်းမြန်သည် ရုတ်တရက် အနမ်းခံလိုက်ရသောကြောင့် အတွေးများသွားကာ စီဆဲလ်အား မတားဆီးလိုက်နိုင်ပေ။ထို့နောက် သူပင်ပန်းလွန်းကာ အိပ်ပျော်သွားတော့သည်။နိုးလာသည့်အချိန်တွင်လည်း ကျောင်းမြန်သည် ထိုအကြောင်းအရာအား တမင်ရှောင်နေသောကြောင့် သူတို့နှစ်ဦးစလုံး စကား မစမိကြပေ။

 

ဒါပေမယ့် အခုက...

 

ကျောင်းမြန် : စီဆဲလ် ခင်ဗျား စည်းကျော်လိုက်ပြီ

 

ကိုယ် အဲဒီနေ့က သေချာ ပြောထားပြီးသားလေ

 

စီဆဲလ်သည် သူရင်ဘက်ကို ပုတ်ပြကာ ပြောလိုက်သည်။

 

အခုက‌နေစပြီး မင်းကို ကိုယ်လိုက်တော့မှာ..

 

ဗိုလ်ချုပ်ကြီး စီဆဲလ်

 

ကျောင်းမြန်သည် ပန်းကန်ကို ချလိုက်ပြီး အသက်ကိုပြင်းပြင်းရှူကာ လေးလေးနက်နက်ပြောလိုက်သည်။

 

ကျွန်တော်တို့ အိမ်ထောင်ရေးက ရှင်းရှင်းလင်းလင်း ပြောရရင် တစ်ယောက်နဲ့တစ်ယောက် စိတ်မနှောင့်အယှက်မပေးဘူးဆိုပြီး စာချုပ်ချုပ်ခဲ့ကြတာ....အဲ့ဒါကြောင့်လည်း ကျွန်တော် ခင်ဗျားနဲ့ အတူရှိပေးဖို့ ဆန္ဒပြုခဲ့တာ...

 

ဒါပေမယ့် ခင်ဗျားဘာလို့ စိတ်ပြောင်းသွားလည်းဆိုတာ ကျွန်တော်နားမလည်နိုင်တော့ဘူး.... ဗိုလ်ချုပ်ကြီး စီဆဲလ်ဘက်က စကားတစ်ခွန်း‌

လောက်ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မပြောင်းလဲ‌ပြစ်နိုင်ဘူး

 

စီဆဲလ် : .......

 

သူတို့၏ပထမစာချုပ်ကို သူကိုယ်တိုင် စီစဥ်ခဲ့သည်ကို ပြန်သတိရသွားသည်။

 

ဒါပေမယ့် ပြန်စဉ်းစားလိုက်ချိန်တွင် သူသာ ထိုသို့ မလုပ်ခဲ့ဘူးဆိုလျှင် တခြားသူများကို ဆက်ဆံခြင်းမရှိ ဘယ်တော့မှဂရုမစိုက်တတ်‌သော ကျောင်းမြန်၏အကျင့်နှင့်သာဆိုလျှင် သူနှင့် ဒီလောက်အချိန်အကြာကြီးအထိ အေးအေးဆေးဆေး နေနိုင်တော့မည် မဟုတ်ပေ။

 

ဟာကွာ....! စိတ်ရှုပ်ဖို့‌ကောင်းလိုက်တာ...!

 

စီဆဲလ် ခေါင်းကုတ်လိုက်သည်။

 

အရင်ကပုံစံအတိုင်းသာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ...

 

စီဆဲလ် ရေရွတ်မိသည်။

 

ကျောင်းမြန်သည် ယခင်က ဒဏ်ရာအပြင်းအထန်ရခဲ့သည့်အချိန်တွင် သူ၏အသိစိတ်များ ရှုပ်ထွေးနေ‌သဖြင့် စီဆဲလ်ကိုသာ အားကိုးခဲ့သော်လည်း ယခုအခါ တဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီးနောက် သူသည် ယခင်က ပုံစံကဲ့သို့ ပြန်ဖြစ်သွားသည်။

 

အိုကေ၊ ကိုယ်မှားသွားတယ်

 

စီဆဲလ်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

 

ကိုယ် အလျင်လိုသွားတယ်...

 

ဗိုလ်ချုပ်ကြီး စီဆဲလ်

 

ကျောင်းမြန်သည် မျက်မှောင်ကြုတ်ကာ....

 

ခင်ဗျားရုတ်တရက် စိတ်ပြောင်းသွားရတဲ့ အကြောင်းရင်းကို ကျွန်‌တော်သိလို့ရမလား....

 

စီဆဲလ် အံ့အားသင့်သွားသည်။

 

သူသည် ကျောင်းမြန်အား ကလေးဘဝကအကြောင်းများကို ပြန်မပြောပြချင်ပေ။ ကျောင်းမြန်သာ မမှတ်မိတော့ဘူးဆိုရင်....အဲ့လို မမှတ်မိ‌တော့တာက ပို၍ကောင်းလေသည်။

 

အလွန်နာကျင်စရာကောင်းသည့် အမှတ်တရများကို သူနှင့်အတူ ပြန်မဆွေးနွေးချင်ပါ။

 

ထို့ကြောင့် စီဆဲလ်သည် ခဏရပ်တန့်သွားပြီးနောက် ပြုံးပြကာ ပြန်ပြောလိုက်သည်။

 

ကိုယ် မင်းကို ဟိုးအရင်ကတည်းက ကြိုက်ခဲ့တာ၊ ဒါပေမယ့် အဲ့ဒါကို ကိုယ်အရင်က သတိမထားမိခဲ့ဘူး...... မင်းပြန်ပေးဆွဲခံလိုက်ရတဲ့ အချိန်ကျမှ ကိုယ်မင်းကို ဘယ်လောက်ထိ ဂရုစိုက်တယ်ဆိုတာ အဲ့ကျမှ ကိုယ်နားလည်သွားခဲ့တာ...

 

စီဆဲလ်၏ မိုက်ရူးရဲဆန်ပြီး ချစ်ခင်ကြင်နာမှုများပြည့်နှက်‌နေသည့် မျက်လုံးများနှင့် စကားလုံးများသည်  ကျောင်းမြန်အား သတိလက်လွတ်ဖြစ်သွားစေသည်။

 

ကျောင်းမြန်သည် ယခုလိုမျိုး ပွင့်ပွင့်လင်းလင်း ချစ်ရေးဆိုခံရခြင်း မရှိဖူးသလို စီဆဲလ်ကဲ့သို့ မျက်နှာ အရည်ထူစွာဖြင့် တစ်စုံတစ်‌‌ယောက်အား ချစ်မိသွားပြီး သာယာသော မိသားစုဘဝထူထောင်ဖို့ကိုလည်း မငြင်းဆိုဝံ့ပေ။

 

စီဆဲလ်....

 

ကျောင်းမြန်က တွန့်ဆုတ်စွာဖြင့်....

 

 ကျွန်တော်တို့က.....

 

ကျောင်းမြန် ဘာပြောရမှန်း မသိတော့ပေ။

 

အချိန်အတော်ကြာစဉ်းစားပြီးနောက် ကျောင်းမြန် ပြောလိုက်သည်။

 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က တကယ့် အိမ်ထောင်ဖက်‌တွေလည်း မဟုတ်ဘူး ..... အဲ့ဒါကြောင့် ခင်ဗျားမှာ ကျွန်တော့်ကို ခင်ဗျားဆီမှာ ချည်နှောင်ထားပိုင်ခွင့်မရှိဘူး...

 

အဲ့ဒါကြောင့် စက်ရုံကို ပြန်သွားပြီး တစ်ယောက် တည်း ပြန်‌နေခွင့်ပြုပါ

 

ကျောင်းမြန်သည် စီဆဲလ်အား ခေါင်းမာသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

 

စီဆဲလ်သည် သူ၏လက်များကို လက်သီးဆုပ်အသွင်ပြောင်းကာ ပါးစပ်နားကို ကပ်ကာ ချောင်းဟန့်လိုက်ပြီး သူ၏နှလုံးသားအောက်ခြေတွင် ထိတ်လန့်သွားသည်။

 

သူ့ရဲ့ မြန်မြန်က သူနဲ့ မနေချင်ဘူး။

 

ကိုယ်က ငြင်းရင်ရော....

 

စီဆဲလ်၏ မျက်လုံးများသည် နကိမှောင်နေပြီး သူ့စိတ်ထဲတွင် ဒေါသများ ဖြင့် ပြည့်နှက်နေကာ သူအတွက် ဆယ့်နှစ်နှစ်ကြာ ပျောက်ဆုံးသွားသော လူတစ်ယောက်သည် တစ်ဖက်လူက ထိုလူ ဖြစ်‌နေသည်ကို မသိခင်ကပင် သူကို ချစ်နေခဲ့ရပြီး အခုလို ပြန်တွေ့လိုက်ရချိန်တွင် လည်း ပို၍ ချစ်နေဆဲဖြစ်သည်။

 

အသက်ရှုရပ်လုနီးပါး ဆုံးရှုံးခဲ့ရပြီး အခုမှပြန်လည်ရှာ‌တွေ့လာသူသည် ယခုအချိန်တွင် သူ့ရှေ့တွင် ထိုင်နေကာ သူ့အား စွန့်လွှတ်ရန် ဆန္ဒရှိနေသည်။

 

စီဆဲလ်၏ စကားကို နားထောင်ရင်း ကျောင်းမြန်သည် ခေတ္တရပ်လိုက်ပြီး အောက်ငုံ့ကာ တိုးတိုးလေးပြောသည်။

 

ခင်ဗျား ကျွန်တော်နဲ့ အတိုက်အခံ ဖြစ်ချင်နေတာလား..!

 

စီဆဲလ် ဘာပြောရမှန်း မသိဖြစ်သွားသည်။

 

ဘန်း.....!

 

စီဆဲလ်သည် သူ့ဘေးရှိ စားပွဲအား လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် ကျောင်းမြန် လန့်သွားလေသည်။

 

ကောင်းပြီ၊ မင်းသွားလို့ရတယ်...

 

စီဆဲလ် က ဆက်ပြောသည်။

 

ကိုယ် ဝင်မစွက်ဖက်မှာ မဟုတ်တော့ဘူး

 

 အဆုံးတွင် သူသည် စက်ရုံကို မှန်ကန်စွာ ကြီးကြပ်ရန် အမြဲတမ်း စက်ရုံသို့ သွားလို့နိုင်ပြီး ဒုတိယအချက် အနေဖြင့် ကျောင်းမြန်ကို တိတ်တဆိတ် စောင့်ရှောက်နိုင်သည်။ထိုအခါမှ သူသည် ပုဂ္ဂိုလ်ရေး ခံစားချက်အတွက် မဟုတ်သဖြင့် စက်ရုံသို့ လာသည်ကို တားဆီး၍ မရနိုင်တော့ပေ

 

အဲ့လိုသာဆို သူတို့ တကယ် ဖြစ်လာနိုင်ပါသည်။

………

 

နောက်တစ်နေ့တွင် ကျောင်းမြန်သည် ရှောင်လဲ့ အား စက်ရုံသို့ပြန်ခေါ်သွားကာ စက်ရုံ၌ အလုပ်ပြန်ဝင်ခဲ့ပြီး နေ့လည်စာစားချိန်တွင် စီဆဲလ်သည် စက်ရုံရှေ့ ဝင်‌ပေါက်တွင် အပြုံးတစ်ခုဖြင့် ရပ်နေခဲ့သည်။

 

စီဆဲလ် ရင်ဆိုင်နေရသည့်အရာမှာ အလွန်နိမ့်ကျသည့် လုံခြုံရေးစနစ် စက်တစ်ခု ဖြစ်သည်။

 

တီတီ! သင့်၏ အထောက်အထားကို ပြပါ....မပြနိုင်ရင် ဝင်လို့မရမှာ မဟုတ်ပါဘူး....

 

ဂိတ်ပေါက်ဘေးရှိ စခရင်ပေါ်တွင့် အီလက်ထရွန်းနစ်အပြုံးမျက်နှာတစ်ခုကို ပြသထားသည်။

 

စီဆဲလ် : ကိုယ်က စီဆဲလ်ပါ...ကိုယ့်ကို ဝင်ခွင့်ပြုပါ

 

စက်: ဒီဒီ....စနစ်က အထောက်အထားကို ရှာမတွေ့ပါ....အထောက်အထားကို ပြပေးပါ!

 

စီဆဲလ် : ငါက ဖက်ဒရေးရှင်းက ဗိုလ်ချုပ်ကြီး စီဆဲလ် မန်ရာခ်ျ့ပဲ...

 

စက်: ဒီဒီ! စနစ်ရဲ့ လမ်းကြောင်းအရ ရှာမတွေ့ပါဘူး

 

စီဆဲလ်လည်း ဒေါသထွက်လာသည်။

 

မင်း ပါးစပ်ပိတ်ထားလိုက်‌တော့...လက်ဗွေရာစနစ် ရှိလား၊ ဒါမှမဟုတ် အကူ စကင်န်ဖတ်တဲ့ စနစ်ရှိလား..

 

စက်ရုပ်:  ဒီဒီ....စနစ်က အထောက်အထားကို ရှာမတွေ့ပါ....ကျေးဇူးပြု၍ အထောက်အထားကို ပြပေးပါ!

 

စီဆဲလ် : ...

 

စီဆဲလ်သည် မယုံကြည်နိုင်လောက်အောင် ဒေါသထွက်နေကာ သူ၏ အလွန် ချောမောခံ့ညားသည့် အဖွဲ့ချုပ်၏ နှလုံးသားဖြစ်သော ဗိုလ်ချုပ်ကြီး အရှိန်အဝါသည် စက်ရုပ်တစ်ရုပ်၏ ခြေဖဝါးအောက်တွင် နင်းခြေခံလိုက်ရသလို ခံစားလိုက်ရသည်။

 

ဒီစက်က သူ့ကို အရူးလုပ်နေတာ မဟုတ်ဘူးလား။

 

စီဆဲလ်သည် ကျောင်းမြန်အား သူအပြင်မှာ‌ရောက်နေကြောင်းနှင့် နေ့လည်စာ ထမင်းဘူး လာပို့ကြောင်း ဖုန်းဆက်ကာ လှမ်းပြောလိုက်သည်။

 

ကောင်းပါပြီ..... ကျေးဇူးတင်ပါတယ်

 

အသံသည် အေးစက်သည်လည်းမဟုတ်...‌‌နွေးထွေးသည်လည်း မဟုတ်.....။

 

နောက်တော့ ထမင်းဘူးအားယူရန် အယ်လန် ထွက်လာခဲ့သည်။

 

စီဆဲလ် : .....

 

အယ်လန် : ....

 

စီဆဲလ်က အံကြိတ်ကာ မေးလိုက်သည်။

 

မင်းကဒီမှာ ဘာလုပ်နေတာလဲ

 

အယ်လန်လည်း ထိတ်လန့်သွားသည်-

 

ထမင်းလာပို့တာ ဗိုလ်ချုပ်ကြီးလား!!

 

-ဒီနေ့လေထုထဲမှာ ဘယ်လိုနတ်ဆိုးမျိုး‌ရှိ‌နေတာလဲ....!ကျောင်းမြန်က သူ့ကို ဘယ်လောက်တောင် အငြိုးထားနေလို့ သူကိုယ်တိုင် နေ့လည်စာ လာပို့တဲ့ အထိဖြစ်သွားရတာလဲ!! ဒါဆိုရင် ကျောင်းမြန်က အခုဘာလုပ်နေတာလဲ၊ သူ့ဆီက သွားမယူဘူးလား..!အပြင်ကလူကိုရော အထဲမဝင်ခိုင်းတော့ဘူးလား...!

 

အယ်လန်သည် လေတိုက်တာကြောင့် အရမ်းအေး‌နေသည်ဟုပဲ ယူဆလိုက်ပြီး အကယ်၍ သူသာ သတိမထားမိပါက ဒီလူနှစ်ယောက်ကြားထဲက အမြောက်စာ ဖြစ်လာတော့မည် ဖြစ်သည်။

 

မြန်မြန် တံခါးဖွင့်ပြီး ဝင်ခိုင်းလိုက်...!

 

စီဆဲလ်သည် ဒေါသများဖြင့် ပြုံးလိုက်ကာ....

 

ငါ ဝင်သွားပြီး သူ့ကို ဘယ်လို အပြစ်ပေးမယ်ဆိုတာ ကြည့်နေလိုက်....

 

သူ့ကို အရင်ဆုံး ဖက်နမ်းပစ်မယ်

 

အယ်လန် : ....

 

အယ်လန် : အဲ့ဒါက..

 

အယ်လန် မျက်ရည်မကျဘဲ ငိုချင်လာ‌ပြီး ကျောင်းမြန်သည် သူ့အား အပေါက်ငယ်လေးကနေသာ အစားအသောက်ယူခွင့်ပေးခဲ့ပြီး လူကို အထဲဝင်ခွင့်မပြုခဲ့ချေ။

 

စီဆဲလ်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာတွေဖြစ်နေသည်ကို သဘောပေါက်သွားကာ ပြန်ထွက်လာသည့် ဒေါသများကို ပြန်ထိန်းရန် အသိဝင်လာသည်။

 

စီဆဲလ်သည် အသက်ကိုပြင်းပြင်းရှူပြီး ပြောလိုက်၏။

 

ငါ့ကို ဝင်လာဖို့ သူ့ကိုယ်တိုင်တောင် ထွက်မပြောဘူးဆို‌တော့ အာ့မြန်အတွက် ဒီဟင်းတွေယူဖို့ နောက်တစ်ယောက်ကို လွှတ်ခိုင်းလိုက်...

 

အယ်လန် : ...!!!!

 

‌အယ်လန်လည်း အော်ဟစ်လိုက်သည်။

 

ငါ့မှာ အပြစ်မရှိဘူးနော်...!

 

စီဆဲလ် ပြန်ပြောလိုက်သည်။

 

ငါလည်း မင်းကို ရိုက်ချင်စိတ်မရှိဘူး၊ ငါနဲ့လိုက်ခဲ့၊ မင်းနဲ့စကားပြောစရာရှိတယ်

 

အိုး..

 

အယ်လန်၏အကြည့်သည် အသက်မပါ‌တော့ပေ။

 

စီဆဲလ်သည် အယ်လန့်ကို သူ့ကိုယ်ပိုင်လေယာဉ်ဆီ ခေါ်သွားပြီး ထိန်းချုပ်ခန်းထဲ၌ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။

 

စီဆဲလ် : ငါ့မှာ စိတ်ခံစားချက် ပြဿနာ တစ်ချို့ရှိလို့ မင်းနဲ့ တိုင်ပင်ချင်တယ်...

 

အိုး...

 

စီဆဲလ်သည် အလွန်ခါးသီးစွာဖြင့် ပြောလိုက်သည်။

 

အာ့မြန်က ငါ့ကို ဘာလို့ သူနဲ့ရင်းနှီးခွင့်မပေးရတာလဲ... ငါတို့က တကယ် လင်လင်တွေ မဟုတ်လား..!ငါ သူနဲ့ အတူရှိချင်တယ်‌ေပြာတိုင်း အငြင်းခံရတယ်...

 

အင်း....

 

အယ်လန်သည် စီဆဲလ်အား ထူးဆန်းသည်ဟု မြင်မိသည်။သူ၏ စိတ်အခြေအနေသည် တစ်ခါတစ်လေ အွန်လိုင်းပေါ်တွင်ရှိနေသော်လည်း တစ်ခါတစ်လေ ပျောက်နေတတ်သည်။သူ၏ မူရင်းစိတ်ထားသည် အလွန်ခေါင်းမာပြီး ဆတ်ဆတ်ထိမခံနိုင်ဘဲ အလွန်မာနကြီးကာ ရူးကြောင်ကြောင်နိုင်သည်။

 

အယ်လန်သည် ထိုအကြောင်းကို ပိုပို တွေးမိလေလေ ပိုကိုပြီး စိတ်တိုလေ ဖြစ်သောကြောင့် ကျောင်းမြန်အား စာနာကာ မကူညီချင်တော့ပေ။

 

ဒီလိုဒေါသမျိုးကို သူလိုလူအနည်းငယ်ပဲ ခံနိုင်ရည်ရှိမည်ဖြစ်သည်။

 

အယ်လန်သည် သူ၏ မျက်လုံးများကို လှိမ့်ကာ ပြောလိုက်သည်။

 

ဗိုလ်ချုပ်ကြီး... မင်းကို ဥပမာတစ်ခုပေးမယ်.... မင်းအရင်က စစ်ပွဲကိုအနိုင်ရလာရင် မင်းဘာဆက်လုပ်မှာလဲ

 

စီဆဲလ် : စစ်ရှုံးတဲ့ နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး စစ်တပ်ကို ပြန်လည်ဖွဲ့စည်းဖို့ အစည်းအဝေးမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ရမယ်

 

အိုကေ...အိုကေ ငါသိပြီ...အစီအစဉ်တစ်ခုရှိဖို့လိုတာ ဟုတ်တယ်မလား..!

 

အယ်လန်သည် လက်များကို ယမ်းကာ စီဆဲလ်၏ စကားအား ဖြတ်‌ပြောလိုက်သည်။

 

အစီအစဉ်! အစီအစဉ်တွေပဲပြောနေ...မင်း ဗိုလ်ချုပ်ကျောင်း ဆီသွားပြီး ကလေးယူဖို့သာ သွားပြောကြည့်လိုက် ဟိုက ဒေါသထွက်ပြီး မင်းကိုမရိုက်လိုက်ရင် မင်း ကံကောင်းလို့ပဲ...

 

အယ်လန်သည် စိတ်ထဲမှ ပြောလိုက်သည်။

 

ဒီကလူက မင်းကို သူ့အတွက် နေရာတစ်နေရာလောက်ဦးစားပေးဖို့ အကြံပေးဖူးတာကို မင်းမေ့သွားတာလား 

 

Ellen က သက်ပြင်းလေးချကာ ကူကယ်ရာမဲ့ စစ်ပွဲတစ်ပွဲကို ဗျူဟာတွေနဲ့ ပြင်ဆင်ရတယ်မလား...လူတစ်‌ယောက်ကို လိုက်မယ်ဆိုရင်လည်း အတူတူပဲ မဟုတ်လား

 

-ရည်းစားစာတို့၊ပန်းတို့၊ စကားချိုချိုလေး လိုမျိုးလည်း မပေးဖူးဘဲနဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်နေပြီ....အခုလည်း စတောင်မစရ‌သေးဘူး အိမ်ပြန်ပြေးဖို့ လုပ်နေပြန်ပြီ....မင်းဦးနှောက် တစ်ခုခု ချို့ယွင်းနေတာလား....!

 

“……”

 

စီဆဲလ်သည် မျက်လုံးများကို ဖွင့်လိုက်သည်နှင့် အရာအားလုံးကို နောက်ဆုံးတွင် နားလည်သွား‌‌လေသည်။‌

 

ဟား!

 

စီဆဲလ်သည် အယ်လန်နှင့် လက်ဝါးချင်းရိုက်လိုက်ကာ ရယ်မောလိုက်သည်။

 

ငါသိသွားပြီ....အာ့မြန်က ငါ့ကို ညှင်းဆဲရတာကို ကြိုက်နေတုန်းပဲကို.....

 

အယ်လန် : ......