Chapter 47
Viewers 7k

Chapter-47

(ပထမဆုံး အနမ်း)

 

ကျောင်းမြန်သည် စန္ဒယားကို သေချာကြည့်လိုက်ချိန်တွင် ထိတ်လန့်သွားတော့သည်။

 

မင်း ကြိုက်မယ်လို့ ထင်တာပဲ...

 

ကျောင်းမြန်မှ သူ့ထင်မြင်ချက်ကို မပြောရသေးခင်မှာပင် စီဆဲလ်က သေချာ ထပ်ပြောလိုက်သည်။

 

မင်းကြိုက်တယ်ဆိုရင် ဒါက မင်းအပိုင်ဖြစ်သွားပြီ...မင်း နေပိုကောင်းလာတဲ့အချိန်ကျမှ မင်းအခန်းထဲကို ရွှေ့ပေးမယ်နော်..

 

ကောင်းပါပြီ

 

ကျောင်းမြန်လည်း သေချာစဥ်းစားကာ ထပ်ပြောလိုက်သည်။

 

ဒါကို ရွှေ့ဖို့ဆိုရင် နောက်ထပ် လူနည်းနည်း ထပ်ခေါ်မှရမယ်...ဘာလို့လဲဆိုတော့ ကျွန်တော့်အခန်းနဲ့ ဒီနေရာက တော်တော်ဝေးတာဆိုတော့ ခင်ဗျားတစ်ယောက်တည်း အကုန်လုံး မ မနိုင်လောက်ဘူး

 

စီဆဲလ် : !!!!

 

ကျောင်းမြန် ထိုအကြောင်းကို ဆက်စဉ်းစားလိုက်ကာ ထပ်ပြော၏။

 

ဒါပေမယ့် စက်ရုံက အိပ်ခန်းက နည်းနည်းကျဉ်းတော့ ဒါနဲ့ ဆံ့တောင်ဆံ့ပါ့မလားမသိဘူး

 

စီဆဲလ် : .....

 

-ကျောင်းမြန်ရဲ့ ဆေးဖက်ဝင်အပင်စက်ရုံပဲ.....သူ ဒီစက်ရုံအကြောင်းကိုပဲ ထပ်ပြောပြန်ပြီ..။သူနောက်တစ်ခါ ထပ်ပြောရင် ငါ အဲ့စက်ရုံရှိတဲ့ နေရာသွားပြီးတော့ ဖောက်ခွဲပစ်လိုက်တော့မယ်.....။

 

စီဆဲလ်သည် စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမနိုင်အောင် ဒေါသထွက်နေသော်လည်း ထိန်းချုပ်ကာ ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

 

မင်းပြောတဲ့ စက်ရုံက ဘယ်စက်ရုံလဲ....ကိုယ်တို့ စံအိမ်က အိမ်မှာပဲ ထားမယ်လေ မဟုတ်ဘူးလား..

 

ကျောင်းမြန်သည် မူလကပင် စစ်မြေပြင် ပြင်ပ၌ အနည်းငယ်တုံးအကာ သူ၏တုံ့ပြန်မှုမှာ နှေးကွေးတတ်သဖြင့် ယခု သူ၏ခေါင်းဒဏ်ရာရပြီးနောက် ပို၍ပင် တုံးအသွားသည်ဟု ခံစားရပြီး

စီဆဲလ်အား အချိန်တစ်ခုကြာသည်အထိ ဗလာသပ်သပ် စိုက်ကြည့်နေတတ်သည်။

 

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျောင်းမြန် ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ အလွန်ဆိုးရွားစွာဖြင့် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်ကာ ‌နာကျင်‌နေတတ်ပြီး နိုးနေသည့် အချိန်မှာ များစွာမရှိသောကြောင့် စီဆဲလ်သည် သူ့ဘေးနားတွင် အချိန်ပြည့်ရှိနေရသည်။

 

 ကျောင်းမြန်သည် မတော်တဆမဖြစ်ခင်က စီဆဲလ်နှင့် အဆင်မပြေဖြစ်မှုကို ခေတ္တမေ့သွားခဲ့ပြီး စက်ရုံတွင် သူနေထိုင်ခဲ့သည်ကိုလည်း ယောင်ဝါးဝါးသာ မှတ်မိနေခဲ့သည်။

 

စီဆဲလ်သည် ကျောင်းမြန်၏ ခါးကို ဝိုက်ကာ ဖက်ထားရင်း မေးလိုက်၏။

 

ဟုတ်ပြီ....‌‌ဘေဘီ အဲ့ကိစ္စကို အခုလောလောဆယ် ခဏ ထားထားလိုက်နော် မင်းအခု စမ်းတီးကြည့်ချင်လား

 

ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။

 

သူ့‌‌ရှေ့ရှိ အနက်ရောင် ခရစ်စတယ်ဖြင့်ပြုလုပ်ထားသည့် စန္ဒယားဆီရောက်ဖို့ တော်တော်ကြာနေသလိုဖြစ်‌နေသည်။ယခင်က ယခုလိုစန္ဒယားမျိုးကို ရေခဲမြစ် တော်ဝင်မိသားစု၏ နန်းတော်တွင် တစ်ကြိမ်သာ မြင်ဖူးခဲ့လေသည်။

 

ဒါပေမယ့် တစ်နေ့တွင် သူ့မှာလည်း ဒီလိုမျိုးရှိလာလိမ့်မည်ဟု မထင်ထားမိချေ။

 

ကီးဘုတ်များသည် သန့်ရှင်းသပ်ရပ်နေပြီး အတွင်းရှိကြိုးများကို ဖောက်ထွင်းမြင်ရသော သလင်းကျောက်ဖြင့် ပြုလုပ်ထားသောကြောင့် ယခုအချိန်တွင် ‌စန္ဒယားတစ်ခုလုံးသည် နေရောင်အောက်တွင် တောက်ပနေလေသည်။

 

ယခုမှသာလျှင် ကျောင်းမြန်သည် ဤအရာသည် အလွန်ဇိမ်ခံစရာကောင်းသည့် အဖိုးတန်လက်ဆောင်တစ်ခုဖြစ်ကြောင်း နားလည်သွားခဲ့သည်။

 

ဗိုလ်ချုပ်ကြီး......

 

ကျောင်းမြန်သည် အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

 

ဒီစန္ဒယားကိုလေ.... ကျွန်တော် အားရပါးရတီးပြီးသွားရင် ခင်ဗျားပြန်ယူသွားလို့ရပါတယ်...

 

စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး

 

မင်း မကြိုက်လို့လား..!

 

အဲ့လို.... မဟုတ်ပါဘူး...

 

စီဆဲလ်သည် စိတ်ပျက်‌‌သွားဟန်ဆောင်လိုက်သည်။

 

အင်း....မင်းမကြိုက်ဘူးဆိုလည်း ကိုယ်ပြန်ယူလိုက်ပါမယ်.... သနားစရာပဲ၊ ကိုယ်က မင်းကြိုက်မယ်လို့ ထင်ခဲ့တာ......ဟုတ်ပါတယ်၊ ကိုယ် မှားသွားတာပါ...မင်းစိတ်ကို ကိုယ် မခန့်မှန်းမိလိုက်ဘူး...မင်းကို အရှက်ရစေမိပြီ..

 

မဟုတ်ဘူး.....အဲ့လို မဟုတ်ပါဘူး...

 

စီဆဲလ်သည် ခင်ပွန်းဖြစ်သူမှ စွန့်ပစ်ထားလို့ မကျေမနပ်ဖြစ်နေသည့် ဇနီးတစ်ယောက်ကဲ့သို့ အသံတိုးတိုး‌လေးဖြင့်ပြောလိုက်သည်။

 

စိတ်တော့မကောင်းဘူးပေါ့...ဒါကို မာကျူရီကနေသယ်ဖို့ လူတွေအများကြီးခေါ်ပြီး နေ့ရော ညရော ‌သေချာ သယ်ခိုင်းထားရတာ..အခုတော့ ဖုန်းပြန်ဆက်ရတော့မှာပေါ့..

 

ကျွန်တော် ပြောတာ အဲ့လိုမဟုတ်ဘူး

 

ကျောင်းမြန်၏မျက်နှာသည် တဖြေးဖြေးနီရဲလာပြီး တစ်လုံးချင်း ဖြေးညင်းစွာ ပြောလိုက်သည်။

 

ကျွန်တော် အရမ်းကြိုက်ပါတယ်..

 

ဒါဆို...

 

ကျောင်းမြန်သည် ခေါင်းကိုငုံ့ထားပြီး ဆက်ပြောလိုက်သည်။

 

တကယ်......

 

စီဆဲလ် မရယ်နိုင်တော့ပေ။

 

ဟေ့! ကိုယ် မင်းကို လက်ဆောင်တစ်ခုပေးရင် မင်း လက်ခံလိုက်လို့ရတယ် ကလေးမလေးတစ်

ယောက်လို့ ပြဿနာရှာမနေနဲ့

 

ထိုသို့ပြောပြီးနောက် စီဆဲလ်သည် သူ့နှာခေါင်းအားထိလိုက်ပြီး ဆက်ပြောလိုက်သည်။

 

ဒါပေမယ့် မင်းရဲ့ ရှက်တတ်တဲ့ ပုံစံကိုလည်း ကိုယ် အရမ်းကြိုက်တယ်....မင်း ဘာပေးပေး ကိုယ်က အကုန်လက်ခံမှာပါ..

 

“……..”

 

ကျောင်းမြန်သည် လှည့်ပြီး စန္ဒယားတီးဖို့သာ ဆုံးဖြတ်လိုက်သည်။

 

ဒန်.....

 

သွယ်လျသောလက်ချောင်းများက ကီးဘုတ်ကို ဖုံးအုပ်လိုက်သည်နှင့် ပထမဆုံးသံစဉ်ထွက်လာချိန်တွင် စီဆဲလ်၏ မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားသည်။

 

နူးညံ့သိမ်မွေ့သည့်တေးသွားနှင့်အတူ သံစဥ်နုတ်များ တစ်ခုပြီး တစ်ခု ထွက်လာသည်မှာ နွေဦးတွင် လှိုင်းကြပ်ခွပ်လေးများထနေသည့် ရေပြင်ပေါ်တွင် ကွက်တိ အရိပ်ထင်နေသည့် လရောင်ကဲ့သို့ အလျင်လိုခြင်းမရှိဘဲ ချောမွေ့စွာ ထွက်လာလေသည်။

 

နူးညံ့မှုများဖြင့် ပြည့်နှက်နေသည်။

 

စီဆဲလ်သည် သီချင်းတစ်ပုဒ်လုံးတွင် ခိုင်မာလွန်းသည့် ရင်းနှီးနေသည့်ခံစားချက်ကိုသာ တစ်ချိန်လုံး ခံစားခဲ့ရသည်။ ၎င်းတွင် မည်သို့သော တပ်မက်မှုမှ မပါရှိဘဲ အရိုးသားဆုံး ချစ်ခင်တွယ်တာမှုသာ ရှိနေလေသည်။

 

လရောင်လား....

 

စီဆဲလ် တိုးတိုးလေးပြောသည်။

 

ကျောင်းမြန် အံ့ဩသွားတော့သည်။

 

ခင်ဗျား ဘယ်လိုလုပ်သိတာလဲ...

 

ဒီသီချင်းသည် ကျောင်းမြန် ငယ်စဉ်အခါက သူ့အကိုကြီးအတွက် ရည်ရွယ်ရာ ရေးစပ်ထားသည့် သီချင်းဖြစ်လေသည်။ သူ့ကလေးဘဝနှင့် သူနှင့် ပတ်သက်ခဲ့သည့် လူများအား မေ့သွားသော်လည်း ထိုသီချင်းသည် သူ၏ နှလုံးသားတစ်နေရာတွင် နက်ရှိုင်းစွာ တည်ရှိနေသောကြောင့် ကီးခလုတ်များကို ထိလိုက်သည်နှင့် မသိစိတ်မှ အလိုအလျောက်ထွက်ပေါ်လာသည်မှာ *ပုံမှန်အတိုင်း အသက်ရှူနေသည့် အလေ့အကျင့်တစ်ခုဖြစ်နေလေသည်။

 

 (T/N- *အသက်ရှူတာက ပုံမှန်အကျင့်လိုဖြစ်နေသလိုမျိုး စန္ဒယားပေါ်လက်တင်လိုက်တာနဲ့ အလိုလို တီးမိနေတာမျိုးကို ပြောတာပါ)

 

သိတာပေါ့......

 

စီဆဲလ်သည် ကျောင်းမြန်အား အနောက်မှ ထိန်းဖက်ကာ သူ၏မျက်နှာအား မမြင်ရစေရန်တားဆီးလိုက်သည်။

 

အိုး...

 

ကျောင်းမြန် ဂရုမစိုက်ဘဲ ဆက်တီး‌‌နေလိုက်သည်။

 

ရှုပ်ထွေးတဲ့ ကမ္ဘာပေါ်မှာ မင်းရဲ့ ကိုယ်ပိုင်အိမ်ကလေးကို ရှာတွေ့လိုက်သလိုပဲ.....စိတ်ပူစရာမလိုဘူး....နူးညံ့သိမ်‌မွေ့မှု အပြည့်ရှိတယ်.....။

 

ကျောင်းမြန်သည် သေချာစွာ တီးခတ်နေသောကြောင့် စီဆဲလ်သည် ၎င်းကိုကြားနေနိုင်ခဲ့ခြင်းဖြစ်သည်။

 

သို့သော် သီချင်း၏နောက်ပိုင်းတွင် အရှိန်ပို့မြင့်လာ‌လေ ကျောင်းမြန်၏ လက်ချောင်းများ လှုပ်ရှားမှုအရှိန် တဖြေးဖြေး နှေးကွေးလာသည်ကို စီဆဲလ် သတိပြုမိလိုက်သည်။‌နောက်ဆုံးတွင် ကီးဘုတ်ပေါ်ရှိ ကျောင်းမြန်၏လက်များ ပြုတ်ကျသွားပြီး စီဆဲလ်အား မှီထားလျက် တဖြေးဖြေး အိပ်ပျော်သွားတော့သည်။ .

 

အချိန်အတော်ကြာသည်အထိ ဖန်လုံးအိမ်ထဲတွင် တိတ်ဆိတ်‌နေကာ  ပန်းပွင့်‌ချပ်များနှင့် သစ်ပင်တို့အား လေတိုးသည့်အသံကိုသာ ကြားနေရသည်။

 

စီတဲလ်သည် ကျောင်းမြန်အားငုံကြည့်ကာ သူ့မျက်နှာပေါ်သို့ကျ‌နေသည့် နေရောင်ခြည်အား လက်နှစ်ဖက်ဖြင့် ကာပေးလိုက်ပြီး အေးချမ်းစွာ အိပ်စက်စေလိုက်သည်။

 

စီဆဲလ်လည်း ခပ်ဖွဖွရယ်လိုက်ပြီး ထိုသူအား ပွေ့ချီကာ အခန်းထဲ့သို့ ပြန်သွားတော့သည်။

 

နေ့ခင်းဘက်အချိန်တွင် မာရှယ်ဇနီးမောင်နှံနှင့် ‌တော်ဝင်စုံတွဲတို့သည် ဆေးဝါး ပစ္စည်းများယူကာ ရောက်လာကြသည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် နေ့တိုင်းလိုလို ရောက်လာတတ်ကြပြီး အယ်လန်သည်လည်း အစပိုင်းရက်များတွင် လာပေးသော်လည်း နောက်ပိုင်းတွင် လူအရမ်းများနေလျှင်

ကျောင်းမြန် အနားယူနေသည်ကို ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် သူသည်လည်း ဒီနေရာတွင် လုပ်စရာများစွာ မရှိသောကြောင့် မလာဖြစ်တော့ပေ။

 

အာ့မြန် ဘယ်လို‌နေသေးလဲ

 

မဒမ် မာရှယ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

 

သူ့ အခြေအနေ ပိုကောင်းလာလား..

 

အိုင်းယား.... ဒီကလေးကတော့...

 

တော်ဝင်မိဖုရားသည် ရှေ့သို့တိုးလာပြီး မျက်ခုံးများတွန့်ချိုးကာ ပြောလိုက်သည်။

 

သူ တော်တော်လေး ပိန်သွားတာပဲ

 

ထိုသို့ပြောပြီးနောက် မိဖုရားသည် စွပ်ပြုတ်အား ချက်ချင်းထုတ်ကာ ကျောင်းမြန်ကို ပေးလိုက်သည်။

 

စီဆဲလ်လည်း ခုတင်အစွန်းတွင် ဝင်ထိုင်ကာ ပြန်ဖြေလိုက်သည်။

 

အာ့မြန်က အခုရက်ပိုင်းကို အရင်ကထက်စာရင် ပိုကောင်းလာပါတယ်...

 

ကျောင်းမြန်သည်လည်း စွပ်ပြုတ်သောက်နေရင်း ကုတင်ဘေးရှိ နေရာတွင်ထိုင်ကာ သူ့အား စိုးရိမ်တကြီးဖြင့်ကြည့်နေသည့် အကြီးအကဲများအား ပြုံးပြကာ ထောက်ခံလိုက်သည်။

 

အင်း..

 

မိဖုရားသည် မျက်မှောင်ကြုတ်ထားလျက် ထပ်ပြောလေသည်။

 

အင်း....ဒီကိစ္စက အာ့မြန်အတွက်လည်း ခက်ခဲမှာပဲ....အကုန်လုံးက မင်းအပြစ်တွေချည်းပဲ....မင်းဘာလို့ သူ့ကို သေချာ မကာကွယ်ပေးတာလဲ....!

 

ဘုရင်ကြီးလည်း အငြိမ်မနေနိုင်တော့ဘဲ ကာပြောပေးလိုက်သည်။

 

အာ့မြန်လည်း ဗိုလ်ချုပ်တစ်ယောက်ပါပဲကွာ.... စစ်မြေပြင်က အန္တရာယ်များတာ ထုံးစံပဲလေ..သူ ဒဏ်ရာ ရသွားတာ မဆန်းပါဘူး...စီဆဲလ်လည်း အတူတူပဲလေ..

 

ဘုရင်ကြီးသည် စီဆဲလ်ဘက်မှ အမြဲတမ်းရပ်တည်ပေးကာ ထိုကိစ္စနှင့် ပတ်သက်၍ မိဖုရားကြီးနှင့် တိုက်ခိုက်ရန် နှစ်သက်နေလေသည်။ 

 

အဲ့ဒါဆို ခင်ဗျားက ကျွန်တော်နဲ့ ရန်ဖြစ်ချင်နေတာလား

 

(T/N- *မိဖုရားကြီးက အမျိုးသားနော် မေ့သွားမှာဆိုးလို့)

 

မိဖုရားကြီးသည် သူ့လက်နှစ်ဖက်ကို ပိုက်ထားရင်း ဘုရင်ကြီးအား စူးရဲစွာ စိုက်ကြည့်ပြီး ‌ဆက်ပြောလိုက်သည်။

 

အာ့မြန်က အခု စိတ်ဒဏ်ရာ ရနေတာ... လောလောဆယ်တော့ အေးအေးဆေးဆေး အနားယူလိုက်တာ အကောင်းဆုံးပဲ.....အခုချိန် စစ်တိုက်ထွက်ဖို့ မသွားနဲ့ဦး ..မင်းတို့ ‌ကလေးယူဖို့ ကိစ္စလည်း ဖြေးဖြေးချင်း စီစဉ်ကြပေါ့...

 

ဘုရင်ကြီးလည်း ခဏရပ်သွားပြီး မိဖုရားကြီး၏အကြံအား လက်ခံကာ သဘောတူလိုက်သည်။

 

ဖူး...

 

ကျောင်းမြန် သူ့ပါးစပ်ထဲမှ ဟင်းရည်အား ထွေးထုတ်လုမတတ်ဖြစ်သွားသည်။

 

ဘာဖြစ်တယ်....!

 

စီဆဲလ်လည်း အနည်းငယ် အံ့ဩသွားသည်။

 

ရေခဲမြစ်နဲ့ ဖက်ဒရေးရှင်း ပူးပေါင်းသွားတာ တကယ်အံ့ဩဖို့ကောင်းတယ်....အခုဆို ရေခဲမြစ်ဘက်ကို ကျူးကျော်ခံရရင် ဖက်ဒရေးရှင်းကလည်း ငြိမ်နေမှာ မဟုတ်တော့ဘူး.....ဒါပေမယ့် အခုတော့ မင်းအနားယူပြီး ဆက်ခံသူရဖို့ပဲ စဉ်းစားဦး....

 

 မည်သို့ပင်ဖြစ်စေ ကျောင်းမြန်သည် ခဏသာအနားယူရမည်ဖြစ်သော်လည်း အကြီးအကဲများသည် နည်းနည်း ပိုကြာအောင်နားသင့်သည်ဟု ယူဆကြလေသည်။

 

ကျောင်းမြန်သည် စီဆဲလ်အား မသိမသာ စိုက်ကြည့်ကာ ဒီအခက်အခဲမှ လွတ်အောင် ကူညီနိုင်မလားဟု မျှော်လင့်ကာ ကြည့်လိုက်မိသည်။

 

စီဆဲလ်သည် ကျောင်းမြန်၏ မျက်ဝန်းလေးများထဲမှ အကြည့်များကို လက်ခံလိုက်ရသဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။

 

ဟုတ်....ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ စဉ်းစားထားတာတော့ ရှိပါတယ်....နောက်မှ

မြန်မြန် နဲ့ ပြန်တိုင်ပင်လိုက်ပါ့မယ်...

 

ကျောင်းမြန် : .........

 

ကျောင်းမြန် : !!!!

 

ကောင်းတယ်.....ကောင်းတယ်..

 

မိဖုရားကြီးသည် အလွန် ပျော်ရွှင်သွားကာ ကျေနပ်သွားပြီး မာရှယ်ဇနီးမောင်နှံလည်း အလွန်သဘောကျသွားသည်။

 

ကျောင်းမြန်သည် သူ့ဘဝလေး နာကျင်သွားသလို ခံစားလိုက်ရသည်။

 

အကြီးအကဲများ ထွက်သွားပြီးနောက် ကျောင်းမြန်သည် မျက်မှောင်များ တွန့်ချိုးလျက် စီဆဲလ်၏ လက်အား ချက်ချင်း လှမ်းဆွဲလိုက်သည်။

 

ဗိုလ်ချုပ်ကြီး...

 

အွန့်...!

 

ကျောင်းမြန် အလွန်အံ့ဩသွားကာ မယုံကြည်နိုင်စွာဖြင့် သူမျက်နှာသူ အုပ်ထားလိုက်သည်။

 

စီဆဲလ် သူ....စီဆဲလ်က သူ့မျက်နှာကို နမ်းလိုက်တာလား....!

 

ဒါက ဘယ်လိုအခြေအနေကြီးလဲ....။

 

Dark Phoenix က ဦးနှောက်ကို လျှော့တိုက်လိုက်တာ သူ့ကိုမဟုတ်ဘဲ စီဆဲလ်ရဲ့ ဦးနှောက်ကို လုပ်လိုက်ကြတာလား...။

 

စီဆဲလ်သည် ပြောင်ပြောင်တင်းတင်းကြည့်ကာ  ပြန်‌ဖြေလိုက်သည်။

 

ကိုယ် မင်းကို ဗိုလ်ချုပ်ကြီးလို့ မခေါ်ဘဲ ကိုယ့်နာမည်ဘဲ ခေါ်ဖို့ ပြောဖူးသားပဲ....မင်းရဲ့ အကျင့်ကို မပြင်နိုင်သေးဘူးဆိုရင် မင်းရဲ့ မှတ်ဉာဏ်‌သေးသေးလေးကို အပြစ်ပေးမှရတော့မယ်....အခုကစပြီး မင်း ကိုယ့်ကို ဗိုလ်ချုပ်ကြီးလို့ခေါ်တာနဲ့ တစ်ခါခေါ်ရင် နစ်ခါ အနမ်းခံရမယ်...

 

စီဆဲလ်သည် ဆိုးသွမ်း‌နေသောဝံပု‌‌လွေတစ်ကောင်ကဲ့သို့ ခြေထောက်တစ်ဖက်မကာ ခုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်။

 

ကျောင်းမြန် အံ့ဩနေရင်းမှ မေးလိုက်သည်။

 

ကလေးကိစ္စကို......ဘာလို့မငြင်းလိုက်တာလဲ။

 

သူက ကလေးမမွေးနိုင်ဘူး‌လေ......။

 

ဘာလို့ငြင်းရမှာလဲ.... ကိုယ်တို့လက်ထပ်ပြီးရင်  ကလေးယူရတာ သာမာန်ပဲမဟုတ်ဘူးလား...

 

ကျောင်းမြန် တိတ်ဆိတ်နေလိုက်သည်။

 

-ငါမှ အပြင်မှာ ဘယ်သူနဲ့မှမှ အိပ်ရာပေါ်က ဆက်ဆံ‌ရေးထိမရောက်ဖူးတာကို သူက ကလေးယူဖို့အကြောင်းကိုပြောနေတာ ဘယ်လိုလုပ် စိတ်အေးအေးထားလို့ရမှာလဲ......။

 

ဒါကလေ စီဆဲလ်..

 

ကျောင်းမြန် ဆက်ပြောလိုက်သည်။

 

ကျွန်‌တော်တို့ လက်ထပ်တာက စာချုပ်အရပဲ‌လေ...ကလေးယူဖို့ အထိမှမပါတာ...အစကတည်းက သဘောတူထားကြတာပဲကို...နောက်ကျလို့ ကျွန်တော်တို့ လမ်းခွဲတဲ့အခါကျရင် ကလေးတွေနဲ့ဆို ဘယ်လိုလုပ်ရမှာလဲ

 

စီဆဲလ် : .. ...

 

စီဆဲလ်သည် စိတ်ဆိုးတကြီးဖြင့် ဆို၏။

 

ကိုယ်တို့ စေ့စပ်ပွဲကို ဘာလက်ထပ်စာချုပ်နဲ့မှ မဖြစ်ချင်ဘူး...ကိုယ် မင်းနဲ့ တကယ် စေ့စပ်ချင်တာ..

 

ကျောင်းမြန် : !!!!

 

ကျောင်းမြန်၏ ပုံစံမှာ သူ၏ဦးနှောက်ပတ်လမ်း တစ်ခုခု ချွတ်ယွင်းသွားကာ အဆက်ပြတ်သွားသလို ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် စီဆဲလ်သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သေချာစိုက်ကြည့်ကာ ပြောလိုက်သည်

 

အာ့မြန်....ကိုယ်...ကိုယ် စိတ်ပြောင်းသွားပြီ

 

ဟင်!

 

“……!”

 

ကျောင်းမြန်သည် သူ့ရှေ့မှ ကောင်းကင်ကြီးတစ်ခုလုံး ချာလပတ်လည်‌နေသလို ခံစားနေရစဉ်

စီဆဲလ်သည် သူ့အား ရုတ်တရက်ဆိုသလို ဖိချလိုက်သည်။

 

ကျောင်းမြန်သည် နူးညံ့‌ပျော့ပျောင်းသည့် ကုတင်ပေါ်တွင် လဲလျက်ရှိ‌နေပြီး သူ့ပေါ်ရှိ လူသည် သူ့အား ငုံ့ကြည့်ကာ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

 

ကိုယ် မင်းနဲ့ အတူရှိချင်တယ်..

 

စီဆဲလ် စကားပြောလိုက်သည့်အချိန်တွင် သူ၏ နွေးထွေးသော အသက်ရှူသံသည် သူ့မျက်နှာပေါ်သို့ ရိုက်ခတ်လာ‌သောကြောင့် ကျောင်းမြန်၏မျက်နှာသည် မနီရဲဘဲ မနေနိုင်တော့ပေ။

 

စီဆဲလ်သည် ကျောင်းမြန်၏မျက်နှာမှ ဖြာကျနေသော ဆံပင်‌များကို ညင်သာစွာ သပ်တင်‌ပေးကာ ပြောလိုက်သည်။

 

ကိုယ်တို့ရဲ့ အိမ်ထောင်ရေးကို စာချုပ်နဲ့ လိမ်ညာပြီး လက်ထပ်တာမျိုး မဖြစ်ချင်ဘူး...ကိုယ်က တကယ့်လက်တွေ့ဘဝမှာ မင်းရဲ့ ခင်ပွန်းအဖြစ်နဲ့ ရှင်သန်ချင်တယ်...မင်း နားလည်ရဲ့လား

 

ကျောင်းမြန် ဆွံ့အသွားသည်။

 

သူသည် စီဆဲလ်အား တွန်းထုတ်လိုက်ချင်သော်လည်း နေသေချာ ပြန်မကောင်းသေး၍ အားအများကြီး မထုတ်သုံးနိုင်သည်က တစ်ကြောင်း ၊ သူ့ဦးနှောက်ထဲတွင် ရှုပ်ထွေးနေသည်ကတစ်‌ကြောင်းဖြင့် စီဆဲလ်၏အောက်တွင်သာ အတင်းအကြပ် ဖိထားခံနေရသည်။

 

ကျွန်တော်....နားမလည်ဘူး..

 

ကျောင်းမြန် သေချာစွာ မှတ်မိနေသည်မှာ ဒီမတိုင်ခင် သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြဖူးသည်။

 

ပထမအကြိမ်တွေ့ဆုံစဉ်တွင် စာချုပ်ဖြင့် လက်ထပ်ကာ အိမ်ထောင်ပြုခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ကျီစားကာ စနောက်ရသည်ကို သဘောကျသည်ဟု ထင်ခဲ့သော်လည်း လှည့်စားမှုသပ်သပ်သာဖြစ်သည်။ နောက်ပိုင်းတွင် သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ တဖြေးဖြေး နီးကပ်လာ‌သောကြောင့်  တစ်ယောက်ကိုတစ်ယောက် တမင်ရှောင်ဖယ်ကာ သီးခြားစီ နေချင်သည်ဟု ပြောဆိုခဲ့ကြပြီးဖြစ်သည်။

 

သို့သော် သူ မေ့မြောပြီး ပြန်နိုးလာချိန်တွင် စီဆဲလ်သည် ဘာလို့ သူနှင့် ကလေးယူဖို့ ကိစ္စဖြင့် ရှုပ်နေလိမ့်မည်ဟု ဘယ်သူက ပြောနိုင်မည်နည်း...။

 

ကျောင်းမြန်သည် ထိုသို့ ပြောင်းလဲသွားခြင်းကို လက်မခံနိုင်ပေ။

 

မြန်မြန်.....ကိုယ့်ရဲ့ တကယ့်ခင်ပွန်းဖြစ်လာပေးလို့ရမလား...အဆင်ပြေလား

 

စီဆဲလ်သည် အောက်သို့ငုံ့ကြည့်ပြီး ပြုံးလိုက် ကာ...

 

ကိုယ်..... မင်းကို အရမ်းကြိုက်တယ်..

 

ကျောင်းမြန်၏ အံ့အားသင့်‌နေသော အကြည့်အောက်တွင် စီဆဲလ်သည် ခေါင်းကို ဖြည်းဖြည်းချင်းငုံ့ကာ ကျောင်းမြန်၏ ဖွင့်ဟထားသော နှုတ်ခမ်းလေးကို နမ်းလိုက်သည်။

 

သူ့နှုတ်ခမ်းများမှတဆင့် တစ်ဖက်မှ နူးညံ့မှုကို ခံစားလိုက်ရသဖြင့် စီဆဲလ်၏ တစ်ကိုယ်လုံး ပူနွေးလာပြီး သူ့တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။

 

ယခုအချိန်တွင် ကျောင်းမြန်၏ တုံ့ပြန်မှု မပြုနိုင်သည့် အားနည်းနေသောခန္ဓာကိုယ်ကို အခွင့် ကောင်းယူကာ စီဆဲလ်သည် လျှာကို ဝိုက်ကာ ခံတပ်ကို စူးစမ်းလိုက်ပြီး ကျောင်းမြန်၏ ခုခံမှုကိုကျော်ဖြတ်ကာ ပါးစပ်ထဲရှိ တစ်လက်မစီတိုင်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

 

ကျောင်းမြန်သည် သူ့ပါးစပ်ကို အတင်းဖွင့်ခံထားရပြီး ထိုအမျိုးသား၏ ပြင်းပြကာ နက်နဲလှသည့် အနမ်းကို တောင့်ခံထားရသောကြောင့် ပါးစပ်ထဲရှိ အစိတ်အပိုင်းတိုင်းသည် ပြင်းပြင်းထန်ထန် ကျီစားခံနေရ‌ပြီး နာကျင်လာသည်။

 

သူ့နှာဖျားတွင် ထိုလူ၏အသက်ရှုသံက ရိုက်ခတ်နေသောကြောင့် ကျောင်းမြန်၏မျက်နှာသည် နီရဲလာပြီး နမ်း‌လိုက်သည့်အချိန်တွင် အသက်ရှူမဝ‌သလိုဖြစ်ကာ သူ့တစ်ကိုယ်လုံး ပျော့‌ခွေသွားပြီး အားအင်မရှိတော့သလို ခံစားလိုက်ရသည်။

 

ကျောင်းမြန်သည် မူလက သိပ်အားမနည်းသော်လည်း ယခု အထူးအ‌ချိန်တွင် သူသည်

စီဆဲလ်၏ ရမ်းကားစွာ ကစားခံနေရလေသည်။

 

ဟင်း....ခင်ဗျား...ခင်ဗျားက လူယုတ်မာပဲ!