Chapter 49
Viewers 7k

Chapter – 49

(ဒေါင်းငှက်လို ပိုးပန်းမယ်)

 

ကျောင်းမြန်သည် ရုံးခန်းထဲတွင်ထိုင်နေရင်း အံ့အားသင့်မှုများစွာဖြင့် နေ့လည်စာဘူးထဲမှ အစားအစာများကို စားနေလေသည်။

 

ထမင်းဘူးထဲရှိ အထပ်လေးခုလုံးတွင် တရုတ်စာနှင့် အနောက်တိုင်းစာ အမျိုးမျိုး ပါဝင်နေပြီး ၎င်းတို့အားလုံးသည် ကျန်းမာရေးနှင့် ညီညွတ်ကာ အိမ်တွင် ပေါ့ပေါ့ပါးပါး ချက်ပြုတ်ထားသော အစားအစာများဖြစ်သော်လည်း အခု‌လိုကြီးက ချဲ့ကားလွန်းရာ ကျနေလေသည်။

 

-စီဆဲလ်က ဒီလောက် ဂရုစိုက်တတ်တယ်လား...။

 

တင်းတောင်....

 

ကျောင်းမြန်သည် စီဆဲလ် အကြောင်းတွေးမိလိုက်ရုံနှင့် သူ၏ တာမီနယ်မှ အသံမြည်လာသည်ကို သူမြင်လိုက်ရသည်။

 

ဖုန်းခေါ်ဆိုသူသည် စီဆဲလ် မှလွဲ၍ အခြားသူမဖြစ်နိုင်‌ပေ။

 

……………….

 

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျောင်းမြန် ပြန်ဖြေပေးလိုက်သည်။

 

အသက်ကိုပြင်းပြင်းရှူလိုက်ရင်း ကျောင်းမြန်သည် မူလ ဗိုလ်ချုပ်အသံအတိုင်း ရအောင် ပြန်ထိန်းညှိကာ ဖြေလိုက်သည်။

 

ဟယ်လို......တစ်ခုခု ဖြစ်လို့လား...ဗိုလ်ချုပ်ကြီး စီဆဲလ်..!

 

စီဆဲလ်သည် ဝန်ဆောင်မှု လုပ်ငန်းဆီသို့ ဖုန်းမှားခေါ်မိသလားဟု ခဏအထင်မှားသွား‌‌သေးသည်။

 

ထို့နောက် ချောင်းဟန့်ကာ ရယ်လိုက်ပြီး...

 

ဘာမှတော့မဟုတ်ပါဘူး....ဟင်းတွေက အရသာရှိရဲ့လားလို့

 

အရသာရှိပါတယ်၊ ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီး စီဆဲလ်

 

“ဒီည ဗိုလ်ချုပ်ကြီး စံအိမ်ကို ပြန်လာခဲ့ပါလား..

 

စီဆဲလ်က လေးနက်စွာဖြင့် ထပ်ပြောလိုက်သည်။

 

မင်း ထွက်သွားတာလည်း အရမ်းကြာနေပြီ...ကိုယ်တို့ ဆက်ဆံရေးမကောင်းဘူး...အာဏာသက်ရောက်မှုမရှိဘူး ဆိုပြီး ကောလဟာလတွေ မီဒီယာတွေဘက်က သတင်းဖြန့်လိုက်မှာကို ကိုယ် စိုးရိမ်တယ်...နောက်ပြီးတော့ စက်ရုံကိစ္စလည်း မင်းနဲ့ တိုင်ပင်ချင်တာတွေရှိသေးတယ်..

 

ကျောင်းမြန်သည် ကူကယ်ရာမဲ့စွာဖြင့်...

 

ဟင့်အင်း...ကျွန်တော် ရှောင်လဲ့ကို ဂရုစိုက်ပေးရဦးမယ်

 

ဒါဆို မင်း ကိုယ်နဲ့ ရုပ်ရှင် သွားကြည့်ချင်လား..

 

ကျောင်းမြန် မေးခွန်းပြန်ထုတ်လိုက်သည်။

 

ဗိုလ်ချုပ်ကြီး စီဆဲလ်....ခင်ဗျား အရမ်းအားနေတာလား

 

စီဆဲလ်သည် အလွန်ယုတ္တိမဆန်စွာဖြင့် ဆက်ပြောလိုက်၏။

 

မြန်မြန်....မင် အိမ်ပြန်လာမလား ဒါမှမဟုတ် ကိုယ်နဲ့ ရုပ်ရှင်ကြည့်မလား..! မင်းအဲ့ နှစ်ခုထဲက တစ်ခုရွေးရမယ်..

 

ကျောင်းမြန်သည် ထိုကလေးဆန်သော စကားကို ကြားရချိန်တွင် ငိုရမလား...ရယ်ရမလား မသိတော့ပေ။

 

-အကယ်၍ သူသာမရွေးဘူးဆိုရင် စီဆဲလ်က နောက်ယောင်ခံလိုက်ကာ စက်ရုံထဲဖောက်ဝင်ပြီး သူ့ကို ပြန်ခေါ်သွားနိုင်လောက်မလား....။

 

ကျောင်းမြန်သည် သက်ပြင်း ဖွဖွချရင်း....

 

ဘာ ဇာတ်ကားကြည့်ချင်တာလဲ..

 

နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားပေါ့...!

 

ကျောင်းမြန်သည် မက်စ်နှင့် ဦးထုပ်ကို ဝတ်ဆင်ကာ ရုပ်ဖျက်ပြီး ရုပ်ရှင်ရုံသို့ရောက်လာချိန်တွင်

စီဆဲလ် လက်ထဲတွင် လက်မှတ်နှစ်စောင်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ထိုလက်မှတ်မှာ ယခု နောက်ဆုံးရုံတင်နေသည့် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား - Ghost Factory ဖြစ်ကြောင်း သိလိုက်ရသည်။

 

ကျောင်းမြန် :........

 

စီဆဲလ်သည် သူ့အား အောင်မြင်စွာ လှည့်စားလိုက်နိုင်သောကြောင့် သူ့ကိုယ်သူ အရမ်း ယုံကြည်မှုရှိသွားလေသည်။

 

မနက်ပိုင်း အွန်လိုင်းပေါ်တွင် သူရှာဖွေခဲ့သည့် နည်းလမ်းများအရ ကိုယ်ချစ်နေရသည့် ချစ်သူကို ထိတ်လန့်စရာရုပ်ရှင်တွေကြည့်ဖို့ ခေါ်သွားခြင်းသည် သူတို့၏ဆက်ဆံရေးကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဖော်ပြထားလေသည်။

 

အလင်းရောင်ခပ်မှိန်မှိန်သာရှိသည့် ရုပ်ရှင်ရုံထဲတွင် မိမိ၏ ပါတနာသည် ကြောက်စိတ်ကြောင့်ပျော့ခွေနေကာ ငိုယိုကာ တုန်ရီရင်း သူ၏ လက်

မောင်းကို တင်းတင်း ဖက်ထားမည်ဆိုလျှင်.......

 

အထူးသဖြင့်ယခုလိုမျိုး ထိတ်လန့်ဖွယ် သဘာဝလွန် မြင်ကွင်းမျိုးသည် ကျောင်းမြန်အတွက် စက်ရုံတွင် တစ်ယောက်တည်းရှိနေစဉ် တစ်လျှောက်လုံး ထိတ်လန့်စေရန် လုံလောက်မှုရှိနေသည်။

 

ဤသည်မှာ ဘုရားသခင်က သူ့အား ပေးသနားသည့် အခွင့်အရေးတစ်ခု ဖြစ်နေလေသည်။

 

စီဆဲလ်သည် ပြုံးပြရင်း ပြောလိုက်သည်။

 

ကိုယ်တို့ သွားကြရ‌အောင်

 

စီဆဲလ်သည်လည်း ရုပ်ဖျက်ထားကာ ကျောင်းမြန်အား ရုပ်ရှင်ရုံထဲသို့ ဦးဆောင်ကာ ခေါ်သွားလေသည်။

 

ထို့နောက် မီးများမှိန်သွားကာ သူတို့ရှေ့ရှိ ဖန်သားပြင်ကြီးသည် ရုပ်ရှင်ဇာတ်ကွက် အစအား ပြသလာသညါ။

 

စီဆဲလ်သည် ကျောင်းမြန်၏ ပုခုံးကို သိုင်းဖက်ထားရင်း ပြောလိုက်သည်။

 

မင်း ကြောက်နေရင် ကိုယ့်ကို ကိုင်ထားလို့ရတယ်နော်...ကိုယ်က အဆင်ပြေတယ်

 

သူ၏မျက်လုံးများသည် တလက်လက်တောက်ပကာ သူ့ကို အားကိုးလိုက်....ရဲရဲ ကြီးသာ အားကိုးလိုက် ဟု ပြောနေသယောင်ယောင်.....။

 

အိုး.....

 

ဒီဇာတ်ကားထဲမှ ဇာတ်လိုက်မင်းသမီးသည် အချိန်ပိုအလုပ်ဆင်းရ‌တာကြောင့် စက်ရုံတွင် ညနက်သည်ထိ အိပ်ရသည့် စက်ရုံဝန်ထမ်းဖြစ်သည်။

 

ထို့နောက် သူမ၏ ချစ်သူသည် ကျန်သော သူများပြန်သွားပြီး သူတို့နှစ်ယောက်ပဲ ကျန်ခဲ့သည့်အချိန်တွင် ချစ်မှုရေးရာ ကိစ္စများကို ဖန်တီးရန် လူမရှိသည့် ထောင့်‌တစ်နေရာသို့ သူမအား ဆွဲခေါ်သွားလေသည်။

 

စီဆဲလ်သည် မျက်ခုံးပင့်ကာ ခပ်တိုးတိုး‌ပြောလိုက်သည်။

 

အာ...ဒီနှစ်ယောက်ကတော့ တစ်ခုခုဖြစ်တော့မှာပဲ....စက်ရုံထဲမှာလုပ်လည်းရတာကို ဘယ်နေရာထိ သွားမလို့လဲ မသိဘူး....ရို့......မြန်မြန်....မင်းမြင်လိုက်လား....ဒီလူက ခံနိုင်ရည် တော်တော်ရှိတာပဲ..

 

သူတို့နှစ်ယောက် ပြီးသွားသည့်အချိန်တွင် စက်ရုံက သော့ခတ်ထားလိုက်ပြီ ဖြစ်သောကြောင့် နှစ်ယောက်သား ထွက်လမ်းရှာလို့ မရဖြစ်ကာ စက်ရုံထဲတွင် ပိတ်မိနေ‌ခဲ့ကြသည်။

 

စီဆဲလ် ရေရွတ်လိုက်သည်။

 

သိနေတယ်လေ.... ဒါက ပုံမှန်ပဲ၊ ပြီးရင် တစ်ခုခု ဖြစ်တော့မှာ......ဖာခ့်!!

 

ဘန်း.....

 

စခရင်ပြင်ပေါ်တွင် ထိတ်လန့်စရာ ရှုံ့မဲ့နေသည့်မျက်နှာကြီးတစ်ခု ပေါ်လာသောကြောင့် ကိုဟီးရိုးနှင့် မင်းသမီးတို့ အော်ဟစ်လိုက်ကြရာ ရုပ်ရှင်ရုံထဲရှိ မိန်းကလေးများစွာ၏ စူရှသော အော်ဟစ်သံများနှင့် အတူ စီဆဲလ်လည်း ပွဲသိမ်းသွားသည်။

 

အကုန်လုံးက အသံကျယ်လွန်းသည်။

 

စီဆဲလ် : ....

 

ကျောင်းမြန်သည် ထိတ်လန့်ကြောက်ရွံ့သည့် မည်သည့် အမူအရာမှ မပြဘဲ ခံစားချက်မဲ့စွာ ကြည့်နေလေသည်။

 

ကျောင်းမြန် စီဆဲလ်၏ ပုခုံးအား ပုတ်ကာ ပြန်ပြောလိုက်သည်။

 

ခင်ဗျား ကြောက်နေရင် ကျွန်တော့် လက်ကို ကိုင်ထားလို့ရတယ်...

 

“……..”

 

စီဆဲလ်သည် သူ့နှာခေါင်းကို လက်ဖြင့် ထိကာ လှောင်ပြောင်လိုက်သည်။

 

ဘယ်လို ဟာသမျိုးလဲ...ကိုယ်က သရဲတစ္ဆေကို ဘာလို့ ကြောက်ရမှာလဲ၊ အဲ့‌ဒါတွေက အလိမ်တွေချည်းပဲ....ကလေးတွေကို ကြောက်အောင် သပ်သပ်မဲ့ လုပ်ထားတဲ့ ယုံတမ်းတွေကို...

 

ဖန်သားပြင်ပေါ်ရှိ စက်ရုံပြတင်းပေါက်တွင် အဖြူရောင် ဖွေးစုတ်စုတ်မျက်နှာကြီး ပေါ်လာချိန်တွင်

စီဆဲလ်သည် ထပ်ပြီး ရယ်ချင်စရာကောင်းအောင် တုန်လှုပ်သွားပြန်သည်။

 

ကျောင်းမြန် : ......

 

ကျောင်းမြန်သည် စီဆဲလ် ကို ပြုံးပြုံးကြီးကြည့်နေလိုက်သည်။

 

ကျောင်းမြန်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

 

စစ်မြေပြင်မှာ ရှုံးပွဲမရှိတဲ့ ဗိုလ်ချုပ်ကြီး စီဆဲလ်က မမြင်ရတဲ့ ဟာတွေကို ကြောက်နေတာလား...!

 

.....အဲဒါက မတူဘူး!!

 

စီဆဲလ်သည် အံကြိတ်ထားရင်း ဆက်ပြောလိုက်သည်။

 

အဲ့မှာက ဇာစ့်တွေ ၊ ‌အသွေးအသားတွေ အလောင်းကောင်တွေ အကုန်လုံးက မျက်စိနဲ့ မြင်ရတယ်လေ...အခု သရဲတွေကကျ မတူတော့ဘူးလေကွာ...သူတို့က အသံမပေးဘဲ ကြောက်စရာကောင်းအောင် ရောက်ရောက်လာကြတာ ပြီးတော့ ဉာဏ်ကလည်းများသေး ဝင်ပူးလို့လည်းရသေးတယ်...

 

အဆုံးတွင် သူပဲမျက်နှာပျက်သွားရကာ သူ၏ယောက်ျားပီသမှုသည် အမှိုက်အဖြစ်သို့ ရောက်သွားခဲ့သဖြင့် စီဆဲလ်သည် ကျောင်းမြန်၏ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ညည်းငြူလိုက်သည်။

 

ကိုယ် အရမ်းကြောက်တယ်....ကြောက်လွန်းလို့ မျက်ရည်တွေပါ ထွက်ကျတော့မယ်....မင်းကိုပဲ အားကိုးမှာမို့လို့ ကိုယ့်လက်ကို ကိုင်ထားပေးပါ...

 

ကျောင်းမြန် အံ့သြသွားသည်။

 

စီဆဲလ်သည် သူ၏မျက်နှာအား ကျောင်းမြန်၏ ရင်ခွင်ထဲတွင် ပင်လယ်လိပ်ကြီး တစ်ကောင်ကဲ့သို့ ကျေနပ်စွာ မြှုပ်ထားလိုက်သည်။

 

ဗိုလ်ချုပ်ကြီးသည် သူ့မိန်းမကို ပြန်လိုက်ရှာဖို့ မျက်နှာပျက်မှာကို မကြောက်နေဘူး။

 

ကျောင်းမြန် သည် အနည်းငယ် စိတ်မသက်မသာဖြစ်သွားသဖြင့် ကျောကို မတ်လိုက်သည်။

 

နောက်ဆုံးတွင် ဒါသည် သူပထမဆုံး သည်းထိတ်ရင်ဖိုရုပ်ရှင်ကိုကြည့်တာဖြစ်ကာ စီဆဲလ်သည် ပထမပိုင်းမှာ မကြာခဏကြောက်တတ်ပေမယ့် ဒုတိယပိုင်းမှာတော့ ဖန်သားပြင်ပေါ်က ကြောက်စရာကောင်းတဲ့မျက်နှာကို အာရုံမစိုက်ဘဲ ကြည့်ရှုနိုင်နေပြီဖြစ်သည်။

 

ကြည့်‌‌လေ.....ကိုယ်မကြောက်‌တော့ဘူး

 

အဟမ်း....ကောင်းပါတယ်

 

ရုပ်ရှင်ကြည့်ပြီးနောက် စီဆဲလ်သည် အတွေး ကမ္ဘာထဲသို့ နစ်မြုပ်သွားလေသည်။

 

-တစ်ခုခု‌မှား‌နေသလိုပဲ.....။

 

စီဆဲလ်သည် ဘေးဘက်သို့ လှည့်ကာ သွားကြားထဲက အသံဖြင့်မေးလိုက်သည်။

 

မြန်မြန် မင်း လုံးဝမကြောက်ဘူးလား

 

ကျောင်းမြန်သည် သံသယဖြစ်နေသည့်အသံဖြင့် ပြန်ဖြေလိုက်သည်။

 

စစ်မြေပြင်မှာ ဒီ့ထက် ကြောက်စရာကောင်းတာတွေရှိနေတာကို ဘာလို့ကြောက်ရမှာလဲ

 

“…..”

 

စီဆဲလ်သည် ထိုနေ့တွင် မြန်မြန့်အား စိတ်ထဲမှ အော်ဟစ်မိလိုက်သည်။

 

ဒါလည်းမှန်တာပါပဲ...။

 

စီဆဲလ် သက်ပြင်းချလိုက်သည်။

 

ကျောင်းမြန်သည် အခုနောက်ပိုင်းတွင်မှ စစ်မြေပြင်သို့ သွားခြင်းကို ရပ်တန့်လိုက်သော်လည်း အစပိုင်းရှိ သူ၏ တင်းမာ ပြတ်သားသော စိတ်ထားက သူ့အား ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။

 

ကျောင်းမြန်သည် အရင်က နူးညံ့သိမ်မွေ့သောသူဖြစ်သော်လည်း ဦးနှောက်ဒဏ်ရာရပြီးနောက် ထိုပုံရိပ်များသည် အတိတ်တွင်သာ ကျန်ရစ်ခဲ့လေပြီဖြစ်သည်။

 

စီဆဲလ်သည် အချိန်ခဏမျှမည်သို့ တုန့်ပြန်ရမှန်းမသိသော်လည်း အသိဝင်လာချိန်တွင် သူတို့နှစ်ဦးကြားရှိ လွတ်လပ်နေသည့်နေရာအား နံရံတစ်ခုခြား‌သွားကြောင်းကို ရုတ်တရက် သိလိုက်ရသည်။

 

 

ရုပ်ရှင်ကြည့်နေရင်းဖြင့် ဇာတ်သိမ်းသွားသည်အထိ သူ‌အ‌တွေးထဲ နစ်မြုပ်လုနီးပါး ဖြစ်သွားတော့သည်။

 

မည်သို့ပင်ဆိုစေကာမူ မှန်ကန်သောအရာများကို လေ့ကျင့်ရန် လိုအပ်‌နေပါသေးသည်။

 

စီဆဲလ်သည် ချောင်းဟန့်ကာ ကျောင်းမြန်အား မတ်တပ်ထလို့ရရန် ကူညီပေးလိုက်သည်

 

ကျောင်းမြန်သည် ဘေးပတ်ပတ်လည်ကို ကြည့်ကာ အံ့ဩတကြီးဖြင့်....

 

မီးတွေက ဘာလို့ ပြန်မဖွင့်‌သေးတာလဲ

 

ဇာတ်လမ်းက ပြီးသွားသောကြောင့် အပိတ်သီချင်းကို စခရင်ပေါ်တွင် ပြသနေသော်လည်း မီးပြန်မဖွင့်သေးသောကြောင့် ကျန်ပရိသတ်များလည်း ထမပြန်ဖြစ်ကြသေးပေ။

 

စီဆဲလ် : ဘာလို့လဲဆိုတော့.......မင်းအတွက်အံ့သြစရာတစ်ခုရှိတယ်

 

ဖြတ်.....!

 

လူတိုင်းအော်နေကြသည့်အတိုင်း ဖန်သားပြင်သည် ရုတ်တရက် တောက်ပလာပြီး ပန်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

 

အပေါ်ဆုံးတွင် စာကြောင်းတစ်ကြောင်း ရေးထား‌လေသည်-

 

ကျောင်းမြန်....ကိုယ် မင်းကို သဘောကျတယ်..

 

ကျောင်းမြန် အံ့ဩသွားတော့သည်။

 

ဝန်ထမ်းများသည် ကြိုတင်ပြင်ဆင်ထားသည့် လာဗင်ဒါပန်းစည်းကြီးကို  စီဆဲလ်ထံသို့ လာပေးကြသည်။

 

စီဆဲလ်သည်လည်း လူတိုင်း၏ အော်ဟစ်သံများကြားတွင် ဒူးတစ်ဖက်ကို ထောက်ချလိုက်သည်။

 

ထို့နောက် လာဗင်ဒါပန်းစည်းကို ကျောင်းမြန်အား လက်တစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

 

မြန်မြန် ကိုယ်မင်းကို သဘောကျတယ်..! ကျေးဇူးပြုပြီး ကိုယ်နဲ့ အတူရှိနေပေးပါ

 

စီဆဲလ်က ဆက်ပြောလေသည်။

 

ပြီးတော့....ကိုယ် မင်းကို ကာကွယ်ပေးမယ်...လေးစားမယ်...မင်းနဲ့ ပတ်သက်တာတွေက အမြဲတမ်း ကိုယ့်ရဲ့ ပထမဦးစားပေး ဖြစ်‌စေရမယ်

 

မီးရောင်မှိန်ဖျော့ဖျော့အောက်တွင် မရေမတွက်နိုင်သော သတ်ဖြတ်မှုများနှင့် သွေးထွက်သံယိုများကို မြင်တွေ့ခဲ့ရသည့် မျက်လုံးများသည် ယခုအချိန်တွင် လေးနက်သိမ်မွေ့သည်။

 

ကျောင်းမြန် သည် ဤအခိုက်အတန့်တွင် လုံးဝအံ့အားသင့်သွားသည်။

 

ရိုးသားစွာပြောရမည်ဆိုလျှင် ဒါသည် စီဆဲလ်၏ ပိုးပန်းနည်း ဖြစ်နေခဲ့လေသည်။

 

အရမ်း ရိုးရှင်းလွန်းသည်။

 

လက်‌‌တွေ့ ဆန်တယ်....။

 

သို့သော် စီဆဲလ်၏ မျက်လုံးများသည် သူမည်သူမည်ဝါဖြစ်သည်ဆိုသည့် အရှိန်အဝါတစ်ခုအား မ ဖုံးကွယ်နိုင်သောကြောင့် သူ့အချက်အလက်အား တိုက်ရိုက် ထုတ်ဖော်မိသားဖြစ်သွားသည်။

 

အနီးနားရှိလူများက သူတို့နှစ်ဦးကို မှတ်မိ‌နေကြ‌ပြီး ဗီဒီယိုရိုက်ကူးရန်အတွက် ၎င်းတို့၏ တာမီနယ် များကို ချက်ချင်းထုတ်ကာ သူတို့နှစ်ဦးအား ကင်မရာရိုက်ချက်‌ပေါင်းများစွာဖြင့် ပျော်ရွှင်စွာ ဝန်းရံခဲ့ကြသည်။

 

ဗိုလ်ချုပ်ကျောင်း!! မြန်မြန်လက်ခံလိုက်ပါ

 

ဗိုလ်ချုပ်ကျောင်း ပန်းတွေယူတော့‌လေ!!

 

ကြည့်ရှုသူ များပြားလာ‌ကာ ထိုသူများက သူ့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသည်။

 

ကျောင်းမြန်၏ ပါးများနှင့်နားရွက်ထိပ်ဖျားများ ထူပူလာသည်။

 

ဒီလူကတော့......!

 

ကျောင်းမြန်က ခပ်တိုးတိုးဖြင့်...မေးလိုက်သည်။

 

ခင်ဗျား ဘာလို့ ဒီလို့ အဓိပ္ပာယ်မရှိတာ‌တွေ လုပ်နေတာလဲ

 

စီဆဲလ်ကလည်း အပြုံးနှင့်ပင် ပြန်မေးလိုက်သည်။

 

ဒါဆို မင်းသဘောကျလား...!

 

စီဆဲလ်သည် ကျောင်းမြန် မင်သက်သွားသည်ကို မယုံကြည်နိုင်သော်လည်း မဟုတ်လျှင် ကျောင်းမြန်သည် ယခုအခြေအနေအား အခွင့်ကောင်းယူကာ သူ့အား အရူးတစ်ယောက်ကဲ့သို့ ထားသွားခြင်း မပြုခဲ့ပေ။

 

ကျောင်းမြန်သည် သူ့အား သေချာကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် စီဆဲလ်သည် မျက်ခုံးကို အသာပင့်ကာ မေးလိုက်သည်။

 

မင်းယောက်ျားက ကြယ်ကွန်ရက်ကြီး တစ်ခုလုံးရှေ့မှာ မျက်နှာ ပျက်သွားရရင် မင်း တာဝန်ယူမှာလား..

 

ကျောင်းမြန်သည် ဘာမှ မသိနားမလည်သော အပင်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ပန်းစည်းကို လက်ခံလိုက်ရသည်။

 

စီဆဲလ်ထကာ ကျောင်းမြန်ကို ပွေ့ဖက်လိုက်သည်။

 

အော်ဟစ်သံများနှင့် လက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာသည်။

 

စီဆဲလ်သည် ကျောင်းမြန်၏ ပုခုံးပေါ်တွင် ခေါင်းမှီထားလျက် နား နားတွင် တိုးတိုးလေး ကပ်‌ပြောလိုက်သည်။

 

ပန်းတွေရဲ့ ဘာသာစကား အရဆိုရင် လာဗင်ဒါပန်းရဲ့ အဓိပ္ပာယ်ကိုသိလား

 

အင်း...

 

ဤနေ့ညတွင် ကြယ်ကွန်ရက်သည် ပွဲဆူမှုတစ်ခု ဖြစ်ပွားသွားလေသည်။

 

ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သည့် ဇာတ်ကောင်နှစ်ဦးထဲမှ တစ်ဦးသည် အခြားတစ်ဦးကို တစ်ဖက်လှည့်ဖြင့် အိမ်ပြန်ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။

 

ကျောင်းမြန်သည် လေယာဉ်ပေါ်တွင် ထိုင်နေရင်းဖြင့် မေးလိုက်သည်။

 

ကျွန်တော်တို့ စက်ရုံကို ပြန်မယ်လို့ ခင်ဗျားပြောခဲ့တာမဟုတ်ဘူးလား...

 

စီဆဲလ်သည် ဆွံ့အ နားမကြား‌တော့သကဲ့သို့ဟန်ဆောင်‌နေလေသည်။

 

စီဆဲလ်

 

စီဆဲလ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

 

ကောင်လေး...စကား‌တွေအများကြီး မပြောနဲ့ဦး ဒီညရဲ့ လမင်းကြီး ဘယ်လောက်လှနေလဲဆိုတာ ကြည့်လိုက်ဦး

 

စီဆဲလ် ခင်ဗျား ဒီကို မလာခင်က နှစ်ခုထဲက တစ်ခုရွေးရမယ်လို့ ပြောခဲ့တာလေ..

 

ကလေး‌တွေပဲ ရွေးချယ်လို့ရတာ လူကြီးတွေမှာက လုပ်ချင်တာနဲ့ လိုအပ်လို့ လုပ်ရတာပဲရှိတာ..

 

ကျောင်းမြန် စိတ်ထဲတွင် မူမမှန်သည့်အရာ တစ်ခုခုရှိနေသည်ကို ခံစားလိုက်ရသည်။

 

-စီဆဲလ်က သူ့ကိုယ်သူ ကစားနေတာလား။

 

ကျောင်းမြန်မှ စကားစရပ်လိုက်သည်။

 

ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွားပြီး လေထုသည်လည်း အနည်းငယ် ထူးဆန်းသွားသည်။

 

ခဏအကြာတွင် စီဆဲလ်သည် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။

 

မြန်မြန်...!

 

ကျောင်းမြန်သည် သူ့ကို လျစ်လျူရှုကာ ခေါင်းငုံ့ထားလေသည်။

 

မြန်မြန်..!

 

စီဆဲလ်သည် ကျောင်းမြန်အနားသို့ ပိုကပ်လာပြီး နူးညံ့စွာပြုံးပြပြီး ခေါ်လိုက်သည်။

 

မြန်မြန်....အာ့မြန်....‌ကျောင်းမြန်‌‌ရေ..

 

ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။

 

မြန်မြန်....ကိုယ်အမှားပါ....ကိုယ်မှားသွားပါတယ်....စိတ်မဆိုးပါနဲ့‌နော်....မြန်မြန်....ဇနီး‌လေး...‌ ဘေဘီ...

 

ကျောင်းမြန် ဆက်ပြီး သည်းမခံနိုင်တော့သဖြင့်  မော့ကြည့်ကာ ပြောလိုက်သည်။

 

ကျွန်တော် စိတ်မဆိုးပါဘူး

 

သူ... လုံးဝ နားမလည်နိုင်ပေ။

 

အရင်က လှုပ်ရှားမိသည်ကို သူဝန်ခံပါသည်။ တဖြေးဖြေးချင်း နည်းနည်းစီ လှုပ်ရှားခဲ့သည်။ သို့သော် သူ့ခံစားချက်များကို မဖော်ပြရသေးခင် စီဆဲလ်ကိုယ်တိုင် သူ့ကို အဝေးသို့ တွန်းထုတ်ခဲ့သည်။

 

ကျောင်းမြန်သည် အဝေးမှာ နေရသည်ကို နေသား ကျနေချိန် တစ်ချိန်တည်းမှာပင် စီဆဲလ်သည် တဖြေးဖြေးနှင့် နီးကပ်လာ‌‌နေသည်။ ထို့ကြောင့် သူသည် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသကဲ့သို့ ရှုပ်ထွေးနေတော့သည်။

 

ကျောင်းမြန်သည် သူ့လက်ထဲမှ လာဗင်ဒါပန်းစည်းကို တစ်ချက်ငုံ့ကြည့်ပြီး ပြောလိုက်သည်။

 

ဒါပေမယ့် ကျွန်တော်မှတ်မိတာတော့ ပထမတစ်‌‌ခေါက် ခင်ဗျားအကြံ‌ပေးတုန်းက ကျွန်တော်တို့ လမ်းခွဲဖို့ကို သဘောတူခဲ့ကြသလားလို့....ပြီးတော့ ကျွန်တော်တို့ လမ်းခွဲကြမှာမို့လို့ အတတ်နိုင်ဆုံး ခင်ဗျားကို မချစ်မိဖို့နဲ့ ရှောင်နေဖို့ ခင်ဗျားပဲ အကြံပေးခဲ့တာလေ..

 

စီဆဲလ်သည် အလွန်ခါးသီးနေသည့် မျက်နှာဖြင့် ပြောလိုက်သည်။

 

အတွေ့အကြုံမရှိတဲ့ ယောက်ျားက ပြောတာမို့လို့ အလေးအနက်ထားစရာ မလိုဘူးဆိုလို့ ခွေးဟောင်သံလိုမျိုး အခု ယူဆလိုက်တာလား...ကိုယ့်စိတ်ထဲကပါလို့ အခုလိုလုပ်ခဲ့တာ‌လေ

 

ဒါဆို ခင်ဗျား ကျွန်တော့်ကို ဘယ်အချိန်ကစပြီး သဘောကျနေခဲ့တာလဲ...

 

စီဆဲလ် ခဏရပ်သွားသည်။

 

ခဏအကြာတွင် စီဆဲလ်သည် ခေါင်းလေးကို အသာစောင်းရင်း သူ့အသံမှာ မရည်ရွယ်မိဘဲ အရမ်းနူးညံ့သွားသည်။

 

တော်တော်လေး ကြာပြီ..

 

ကျောင်းမြန်သည် မျက်ခုံးကိုပင့်ကာ ချေပလိုက်သည်။

 

ဒါဆို ခင်ဗျားအရင်က ကျွန်တော့်ကို မကြိုက်ချင်လို့ ထုတ်မပြောတာ‌မလား

 

(T/N- ဒီနေရာမှာ အာ့မြန်မေးတာက စီဆဲလ်က သူ့ကို သဘောကျနေတဲ့ ခံစားချက်ကိုမကြိုက်လို့ ဖွင့်မပြောတာမလား လို့မေးလိုက်တာပါ)

 

စီဆဲလ် : ......

 

မြန်မြန်......

 

စီဆဲလ်သည် သူ့ရင်ဘတ်အား ဖိလိုက်ရင်း ပြန်ပြောလိုက်သည်။

 

မင်း ကိုယ်နဲ့ အတူမရှိချင်လို့ အတိတ်က အကြောင်း‌ကို ပြန်ပြန် အစဖော်ပြီး ပြောနေတယ်လို့ ကိုယ် သံသယဝင်လာပြီနော်..

 

ကျောင်းမြန်ဘက်မှ ဘာမှမပြောပေ။

 

စီဆဲလ်သည် ကျောင်းမြန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ကျောင်းမြန်၏ ခေါင်းလေးကို ပွတ်ပေးရင်း ဆက်ပြော၏။

 

ရပါတယ်....ဒါကလည်း ကိုယ့် လာဗင်ဒါပန်းစည်းရဲ့ ရည်ရွယ်ချက်ပဲ‌လေ

 

ကိုယ် နားလည်ပါတယ်....ဒါပေမယ့် ကိုယ့်လို ဖက်ဒရေးရှင်းက ဗိုလ်ချုပ်ကြီးကို လက်မခံတာက မယုံကြည်နိုင်စရာကောင်းပြီး ထူးဆန်းပေမယ့်....မင်းရဲ့ အမြင်နဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားပေးဖို့ ကိုယ်ဆုံးဖြတ်လိုက်ပါပြီ...

 

ကျောင်းမြန်သည် စီဆဲလ်ကို လှည့်ကြည့်လိုက်သည်။

 

ထို့နောက် စီဆဲလ်သည် ရယ်မောကာ ထပ်ပြောလိုက်သည်။

 

မင်းကို ကိုယ်နဲ့အတူနေဖို့ ဖိအား‌‌ပေးမှာ မဟုတ်ဘူး....ဒါပေမယ့် မင်းကို လာမရှာနဲ့လို့တော့ မတားနဲ့လေကွာ...

 

ကျောင်းမြန်သည် စီဆဲလ်၏ မျက်လုံးများကို မကြည့်ရဲ‌သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

 

-သူတို့က အရမ်းတောက်ပလွန်းတယ်...။

 

စီဆဲလ်သည် သူ့ရင်ခွင်ထဲမှလူကို ပွေ့ဖက်ထားရင်း ပြောလိုက်သည်။

 

မင်း ကိုယ့်ကို ကြိုက်မှာ မဟုတ်ဘူးဆိုတာ ကိုယ်မယုံဘူး....တစ်ရက်ရက်ကျရင်တော့  ကိုယ် မင်းကိုယောက်ျားလို့ ရိုရိုသေသေ ခေါ်ခိုင်းဦးမယ်

 

ကျောင်းမြန်၏ ပါးပြင်များ ပူနွေးလာ‌သောကြောင့် လာဗင်ဒါပန်းစည်းအား စီဆဲလ် လက်ထဲသို့ ပြန်ထိုးထည့်ပေးလိုက်သည်။ထို့‌‌နောက် ချက်ချင်းထရပ်လိုက်ပြီး စီဆဲလ်နှင့် တစ်ခန်းတည်းအတူ မနေချင်သောကြောင့် အခန်းငယ်လေးဆီသို့ အပြေးတပိုင်း လျှောက်သွားလိုက်သည်။

 

ဟေး....! အာ့မြန်...မြန်မြန်ရေ...မင်းဘာလို့ပြေးနေတာလဲ

 

စီဆဲလ်၏နှုတ်ခမ်းထောင့်များသည် ထိန်းမနိုင်သိမ်းမရ မြင့်တက်သွားကာ သူ့နောက်သို့ လိုက်လာခဲ့သည်။

 

ဘန်း....!’”

 

စီဆဲလ် အခန်းထဲမှ ထွက်လာသည့် အချိန်ကိုက်တွင် ကျောင်းမြန်က တံခါးကို ပိတ်လိုက်သည်။

 

မြန်မြန်......

 

စီဆဲလ်သည် တံခါးဝတွင်ရပ်ကာ နှိပ်စက်ခံနေရသည့် လေသံဖြင့် ပြောလိုက်သည်။

 

ဒါ မင်းရဲ့ ယောက်ျားကို ဆက်ဆံတဲ့ ပုံစံလား

 

အထဲမှာ ဘာသံမှ မကြားရ‌‌ပေ။

 

‌စီဆဲလ်သည် အောက်သို့ငုံ့ကြည့်ရင်း ခပ်ဖွဖွရယ်ရုံမှလွဲ၍ မတတ်နိုင်တော့ပေ။

 

မြန်မြန်က ရီချင်စရာလေး....။

 

(Eng T/N- လာဗင်ဒါပန်းတွေက အဓိပ္ပါယ်အများကြီးရှိပေမယ့် ဒီနေရာမှာ လာဗင်ဒါပန်းရဲ့ အဓိပ္ပါယ်က ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းခြင်းဖြစ်မယ်လို့ ငါ ထင်မိတယ်)