Chapter - 45
(ဆယ့်ရှစ်နှစ်ကြာတဲ့ အချစ်)
"တစ်ဆယ်၊ ကိုး၊ ရှစ်......"
စီဆဲလ်သည် သင်္ဘောရှေ့ဦးပိုင်းတွင် လက်ပိုက်လျက် မတ်တပ်ရပ်နေသည်။
Dark Phoenix ယာယီအခြေစိုက်စခန်းသည် B5 ကြယ်စုတွင်ဖြစ်သောကြောင့် ဖက်ဒရေးရှင်း၏ စစ်တပ်နှင့် ပင်လယ်ဓါးပြအဖွဲ့တို့သည် စွန့်ပစ်ကြယ်အား ဝိုင်းထားကြပြီးဖြစ်သည်။
ကတ်စပါသည် စစ်သင်္ဘော၏ အရှေ့သို့ သူ၏မက်ခါဖြင့် ပျံသန်းသွားပြီး အသံလွှင့်စက်အား ဖွင့်လိုက်သည်။
"သတိပေးပါတယ်.....ဖက်ဒရေးရှင်းဗိုလ်ချုပ် ကျောင်းမြန်ကို အခုချက်ချင်း ပြန်လွှတ်ပေးဖို့ Dark Phoenix ကို ပြောချင်ပါတယ်...."
"သတိထပ်ပေးပါမယ်....မဟုတ်ရင် အဖွဲ့ချုပ်ဘက်က ပစ်ခတ်ရပါလိမ့်မယ်...."
"လေး၊ သုံး..."
စီဆဲလ်သည် သူ၏နှုတ်ခမ်းကို အနည်းငယ် သပ်လိုက်သည်။
"နှစ်...တစ်..!"
"ပစ်.....!"
"အုန်း.....!"
"အုန်း!......"
'မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာမြည်လေသည်..'
ဖက်ဒရေးရှင်းစစ်တပ်နှင့် ပင်လယ်ဓားပြသင်္ဘောများသည် စွန့်ပစ်ကြယ် ရှိ စစ်သင်္ဘောများကို ခွဲခြားကာပစ်ခတ်ခဲ့သည်။
စီဆဲလ်သည် ကုန်းပတ်မှ ခုန်ဆင်းကာ သူ၏ မက်ခါကို ဝတ်ဆင်လိုက်ပြီး ဖရိုဖရဲဖြစ်နေသည့် ပင်မတိုက်ပွဲသင်္ဘောဆီသို့ တစ်ယောက်တည်း ချဥ်းကပ်သွားသည်။
"ပထမတပ်ဖွဲ့ကို အဓိကထား"
စီဆဲလ်သည် ရန်သူ့နယ်နိမိတ်သို့ ရောက်နေသော်လည်း သူ၏တပ်ဖွဲ့နှင့် အဆက်အသွယ် မပြတ်စေရန် မက်ခါတွင်ပါသည့် ဆက်သွယ်ရေးစက်ကို အသုံးပြုခဲ့သည်။ ထို့နောက် Dark Phoenix ၏ အဓိကစစ်သင်္ဘောကုန်းပတ်အား သူကိုယ်တိုင် ဗုံးကြဲကာ တိုက်ခိုက်လေသည်။
"ရန်သူဘက်မှ ကျူးကျော်လာပါတယ်.."
"သတိပေးချက်! သတိပေးချက်!"
ပင်မတိုက်ပွဲဝင်သင်္ဘောပေါ်တွင် ကျန်ခဲ့သောအစောင့်များသည် စီဆဲလ်အား တားဆီးရန် အပြေးရောက်လာကြသော်လည်း သူသည် မက်ခါမှာတပ်ဆင်ထားသည့် ဓားရှည်အားဆွဲထုတ်ကာ ခုန်ဆင်းလိုက်ပြီး သူခုန်ချလာသည့်အချိန်အတွင့် အစောင့်တစ်ယောက်အား ချက်ချင်း သတ်ဖြတ်လိုက်သည်။
စီဆဲလ်သည် သူ၏ဓားရှည်ကို ထုတ်ကာ အတွင်းဘက်သို့ ပြေးဝင်သွားပြီး သူ့ရှေ့ရှိလူများအားလုံးကို ဝါးပင်များအား ခုတ်နေသကဲ့သို့ ခုတ်ပိုင်းပစ်လိုက်သည်။
ကုန်းပတ်ပေါ်မှ လူများအား အနိုင်ယူပြီးသည့်နောက်တွင် ကျောင်းမြန်၏တည်နေရာအား ရှာရန် စောင့်ကြည့်ရေးအခန်းရှိရာသို့ တည့်တည့်လျှောက်လာခဲ့သည်။
"ရို့......တော်သားပဲ"
စီဆဲလ်သည် အသံကြားရာ ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့လက်ထဲမှ သေနတ်ဖြင့် ချိန်ထားလိုက်သည်။
တံခါးအား ပျင်းရိစွာမှီကာ မတ်တပ်ရပ်နေသည့် အနီရောင်ပုံရိပ်တစ်ခုသည် စီဆဲလ်အား ပြုံးကာကြည့်နေသည်။
စီဆဲလ်သည် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဟမ့်...အဲ့လောက်နာမည်ကြီးတဲ့ ချင်းယင်ဆိုတဲ့လူက လူကယ်ဖို့ကို ဒီလောက်ထိ စိတ်အားထက်သန်နေလိမ့်မယ်လို့ မထင်ထားမိဘူး"
ချင်းယင်သည် တိတ်တဆိတ် ပြုံးလိုက်သည်။
လူများကို ကယ်တင်သည်ဖြစ်စေ လုယက်သည်ဖြစ်စေ အခြေအနေ နှစ်ရပ်လုံးအား သူတို့နှစ်ယောက် ကောင်းစွာ နားလည်ထားပြီးဖြစ်သည်။
"ဒိုင်း!!!"
စီဆဲလ် သည် သေနတ်မောင်းအားဆွဲကာ ခလုတ်ကို ဖိနှိပ်လိုက်ချိန်တွင် ကျည်ဆံထွက်သွားပြီဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် ချင်းယင်၏ ပုံရိပ်သည် *မြားတစ်စင်းအား ပစ်လွှတ်လိုက်သည့်အရှိန်မျိုးဖြင့် စီဆဲလ်ရှေ့တွင် ပေါ်လာလေသည်။
(T/N- *သူ့မျက်စိရှေ့ကို ဖျတ်ခနဲရောက်လာတာ)
ချင်းယင်သည် သူ၏ဓါးမြှောင်ကို ကိုင်ထားရင်းကျည်ဆန်များအား လျင်မြန်သည့် အရှိန်ဖြင့် ဘေးဘက်သို့ ကွေ့ဝိုက်ပြီးရှောင်ကာ အလစ်တွင် စီဆဲလ်၏ အားနည်းသည့်နေရာသို့ ထိုးလိုက်သည်။
သူတို့နှစ်ဦးသည် ကျဉ်းမြောင်းသော စောင့်ကြည့်ရေးအခန်းတွင် တိုက်ခိုက်ခဲ့ကြသည်။
စီဆဲလ်သည် ချင်းယင်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းမဟုတ်သော်လည်း ယခုအချိန်သည် သူတို့နှစ်ယောက်ကြားတွင် အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်နေမည်မှာ အသေအချာပင်ဖြစ်သည်။
စောင့်ကြည့်ရေးစခရင်သည် လူနှစ်ဦး၏ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ကွဲကြေသွားခဲ့ သော်လည်း သူတို့နှစ်ဦးသည် ကန့်သတ်ထားသည့် ဧရိယာ အတွင်းတွင်သာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
"ဘန်း....!'"
ချင်းယင်သည် ခွန်အားအရာတွင် စီဆဲလ်အား မယှဉ်နိုင်သောကြောင့် စီဆဲလ်မှ သူ့အားဆွဲကာ မြေပေါ်သို့ လှဲချလိုက်ချိန်တွင် နှစ်ယောက်လုံး အရှိန်ဖြင့် ပြုတ်ကျသွားသောကြောင့် ဖုန်မှုန့်များ လှိုက်တက်လာကာ ကြမ်းပြင်မှာ အနည်းငယ် အက်ကွဲသွားသည် ။
ချင်းယင်၏ နောက်ကျောမှ အရိုးများ တဆတ်ဆတ်တုန် နေသည့်အချိန်တွင် စီဆဲလ်မှာလည်း အခြေမနေမကောင်းပေ။သို့သော် ချင်းယင်သည် သူ့လက်ထဲမှဓားမြှောင်ဖြင့် စီဆဲလ်၏ လက်မောင်းသို့ လျင်မြန်သော အရှိန်ဖြင့် ထိုးစိုက်လိုက်ရာ ဓားဖျားသည် အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသောကြောင့် နာကျင်သည့် အသံ ထွက်လာလေသည်။
ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရနေသည့်တိုင်အောင် နှစ်ယောက်လုံး၏ မျက်နှာ အမူအရာမှာ မပြောင်းသွားဘဲ သွေးဆာနေသည့် မျက်လုံးများဖြင့် တစ်ယောက်နှင့် တစ်ယောက် အသေအကြေ တိုက်ခိုက်ရန် ကြိုးစားနေကြပြီး သူတို့၏ ခွန်အားများမှာ လျော့မသွားသည့်အပြင် ပိုပို တိုးလာကြသည်။
စီဆဲလ်သည် ချင်းယင်၏လည်ပင်းအား ဓားဖြင့် ထောက်ထားသကဲ့သို့ ချင်းယင်၏ ဓါးမြှောင်သည်လည်း တစ်ဖက်လူ၏ ပခုံးပေါ်သို့ ခွန်အားအပြည့်ဖြင့် ထိုးစိုက်ထားသည်။
"ထူးဆန်းလိုက်တာ..."
ချင်းယင်၏မျက်နှာသည် ခရမ်းရောင်ပြောင်းသွားကာ အားရပါးရ ရယ်လိုက်ပြီး..
"တကယ် ထူးဆန်းတာပဲ...."
"မင်းတို့နှစ်ယောက်လုံးက.."
စီဆဲလ် အသက်ပြင်းပြင်းရှူလိုက်သည်။
ယခုအချိန်တွင် စီဆဲလ်သည် သူ၏ခွန်အားများ ပိုတိုးလာကာ အသာစီးရနေသူဖြစ်သည်။
နောက်ဆုံးတော့ ချင်းယင် သတိလစ်သွားပြီဖြစ်သည်။
စီဆဲလ် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး လဲကျသွားလေသည်။
"အ...အာ့..."
စီဆဲလ်လည်း သူ့ယူနီဖောင်းအား ဆွဲဖြဲလိုက်ပြီး အသက်ရှူနှုန်းကို ပြန်ထိန်းညှိကာ သူ့ဒဏ်ရာအား ထိုအဝတ်စဖြင့် ချည်ရန် ပြင်လိုက်သည်။
ဒိုင်း....
စီဆဲလ်သည် နောက်ဆုံး ကြိုးထုံးအား ချည်လို့ မပြီးသေးခင် သူ့ရှေ့သို့ မီးပွားတစ်ခု လွင့်လာသည်ကို မြင်လိုက်ရသည်။
ကျစ်..!
စီဆဲလ်သည် စားပွဲပေါ်မှလှိမ့်ကာ အနောက်သို့ ချက်ချင်း ရှောင်လိုက်နိုင်သောကြောင့် အပြင်ဘက်မှ ပင်လယ်ဓါးပြ၏ ကျည်ဆံအား ရှောင်လိုက်နိုင်လေသည်။
ဂီး.......ချင်းယင်၏ အကူ ရောက်လာလေပြီ။
ယခုအချိန်တွင် လူကယ်ရန်မှာ အလွန်အရေးကြီးနေသောကြောင့် စီဆဲလ်သည် ပင်လယ်ဓါးပြများနှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ချင်းယင်၏ လူများအား ဖြတ်သန်းကာ သူ့ရှေ့ရှိ သူတို့ သူဌေးအား ကျော်ခွပြီး ပြတင်းပေါက်မှ ခုန်ချကာ ထွက်လာခဲ့သည်။
ပင်လယ်ဓားပြများသည် လူကိုရသည်နှင့် ချက်ချင်းထွက်ပြေးရန် ကြံစည်ခဲ့သော်လည်း ပင်မတပ်ဖွဲ့နှင့် ဖက်ဒရေးရှင်း စစ်တပ်တို့သည် ပင်မတိုက်ပွဲဝင်သင်္ဘောများအား တစ်စီးပြီးတစ်စီး တိုက်ခိုက်ကာသူတို့အား တားဆီးရန်ကြိုးစားကြသည်။
အဖွဲ့ သုံးဖွဲ့လုံးသည် စစ်သင်္ဘောပေါ်တွင် တိုက်ခိုက်နေကြပြီး ကောင်းကင်တစ်ခုလုံးသည်လည်း မီးတောက် မီးလျှံများဖြင့် လောင်ကျွမ်းတောက်လောင်နေသည်။
------------------------------xxxxxxx------------------------------
အပြင်ဘက်မှ ပေါက်ကွဲသံနှင့်အတူ ဓာတ်ခွဲခန်းတစ်ခုလုံး တုန်လှုပ်သွားသည်။
Dark Phoenix ၏ ဓာတ်ခွဲခန်းသည် အဓိကစစ်သင်္ဘော၏ အလယ်ဗဟိုတွင်ရှိနေသောကြောင့် အကယ်၍ ဓာတ်ခွဲခန်း အထိပါ ထိခိုက်လာသည်ဆိုပါက အပြင်ဘက်ရှိ တိုက်ပွဲအခြေအနေ မည်မျှပြင်းထန်နေကြောင်းကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
"ဘာတွေဖြစ်နေတာလဲ!"
အဘိုးအိုသည် မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ..."
“ကျွန်တော်လည်း မသိဘူး…”
လက်ထောက်တစ်ယောက်မှ ပြန်ဖြေလေသည်။
"ကျွန်တော်သွားကြည့်လိုက်မယ်..."
သို့သော် ထိုလူ ဓာတ်ခွဲခန်း တံခါးဝသို့ မရောက်ခင်တွင် "ချောက်" ခနဲ မြည်သံကို ကြားလိုက်ရသည်။
ထိုအသံ အဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားတော့သည်။
မီးများ ပြတ်သွားသည့်အချိန်တွင် ပစ္စည်းကိရိယာများသည်လည်း ခေတ္တရပ်တန့်သွားသည်။
"......"
သုတေသနပညာရှင်များသည် ကျောင်းမြန်လှဲနေသည့် ကုတင်ဘေးတွင်း ဝိုင်းနေကာ သူတို့ကြိုးစားထားငည့် စမ်းသပ်ခံအား တစ်စုံတစ်ယောက်မှ လုယူသွားမည်ကို မသိစိတ်ထဲမှ စိုးရိမ်နေကြသည်။
"မင်း သွားကြည့်....!"
အဘိုးကြီးသည် သူ့ဘေးမှ လူအား တွန်းကာ ပြောလိုက်သည်။
"အရန်ထားထားတဲ့ လျှပ်စစ်မီးကို သွားချိန်း...!"
ထို လျှပ်စစ် ကိရိယာများ.....ရပ်တန့်သွားလေပြီ...။
"ဟုတ်...ဟုတ်ကဲ့..!"
ဘာကိုမှ မမြင်ရနိုင်သည့် အမှောင်ထုထဲတွင် မည်သူမဆို ထိတ်လန့်နေကြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
"ချောက်..!"
လူတိုင်းသည် အသံကြားရာ ဘက်သို့လှည့်ကြည့်လိုက်ကြစဉ် သူတို့၏နောက်ကျောမှ ချွေးအေးများ စိမ့်ထွက်လာသလို ခံစားလိုက်ကြရပြီး ထိုအချိန်တွင် သုတေသနပညာရှင် အမျိုးသမီးတစ်ဦး၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
အမှောင်ထဲတွင်.....ဆံပင်ရှည်ရှည်ဖြင့် ပုံရိပ်တစ်ခုသည် သူတို့အား စိမ်းသက်စွာ ကြည့်ကာ ထိုင်နေသည်ကို မြင်လိုက်ကြရသည်။
"မကြောက်ကြနဲ့....မကြောက်ကြပါနဲ့...!"
"ဒါ......စမ်းသပ်ခံ 07 နိုးလာတာလား...ဘာေတွ ကြောင်ကြည့်နေကြတာလဲ....သူ့ကို မြန်မြန် ချုပ်ထားလေ..."
လျှပ်စစ်ဓာတ်အားပြတ်တောက်သွားသည့် အချိန်တွင် ကျောင်းမြန်အား ချည်နှောင်ထားသည့် ဓာတ်ကြိုးများ လျော့ရဲသွားသောကြောင့် ကျောင်းမြန်သည် ရုန်းကန်ကာ ထထိုင်လိုက်သည်။
ယခုအချိန်တွင် ကျောင်းမြန်သည် အသိတစ်ချက်မျှမရှိတော့ဘဲ သူ၏မျက်နှာတွင် မည်သည့်အမူအရာမှမရှိဘဲ အေးစက်နေကာ မျက်လုံးများသည်လည်း ရက်စက်မှုအပြည့်ဖြင့် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။
အမှောင်....ငရဲမှတက်လာသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်.......။
"သူ့ကို မြန်မြန်ချုပ်ထားပြီး ပြန်ချည်ထားလိုက်"
သုတေသန ပညာရှင် အများစုသည် ထိုလူအား ထိန်းချုပ်နိုင်ရန် ရှေ့သို့ အရှိန်ဖြင့် တိုးလာကြသည်။
"အစ်....."
သို့သော် မကြာမီတွင် ကျောင်းမြန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့အနီးရှိ သုတေသနပညာရှင် တစ်ဦး၏ လည်ပင်းအား လှမ်းညှစ်ကာ ဆွဲမလိုက်လေသည်။
သုတေသီ၏ မျက်နှာသည် နီရဲနေရာမှ ခရမ်းရောင်အဖြစ်သို့ပြောင်းသွားပြီး မျက်စံများပင် နောက်သို့ လည်နေကာ ခြေထောက်များကို ရုန်းကန်နေလေသည်။
"ငါ့ကို.....ကယ်ပါ..!"
သုတေသီသည် ကျောင်းမြန်အား ထိတ်လန့်စွာစိုက်ကြည့်လိုက်သည်။ ယခုအချိန်တွင် ကျောင်းမြန်သည် သူ၏မျက်နှာတွင် မည်သည့်အမူအရာမှ မရှိဘဲ အေးစက်နေသောကြောင့် ပထမအကြည့်တစ်ချက်နှင်ပင် သူ့ထံတွင် ဝိဉာဉ်ကင်းမဲ့နေသလို ထင်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။
ကျန်သော သုတေသီများသည် ရှေ့သို့ တိုးကာ လှုပ်ရှားချင်ကြသော်လည်း ကျောင်းမြန်သည် အေးစက်နေသော မျက်နှာထားဖြင့် သူ့လက်ထဲတွင် ကိုင်ထားသောလူအား အဝေးသို့ ကိုင်ပေါက်လိုက်သည်။ ထို့နောက် သုတေသီတစ်ဦးထံမှ ခွဲစိတ်ခန်းသုံးဓားကို ဆွဲယူပြီး ငရဲပြည်မှတက်လာသော နတ်ဘုရား တစ်ပါးကဲ့သို့ တစ်ယောက်စီရှေ့လျှောက်သွားကာ သုတေသီများ၏ နှလုံးရှိရာဘက်သို့ တစ်ချက်ချင်း ထိုးစိုက်လိုက်သည်။
ကျောင်းမြန်၏လက်များသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့ပါးပြင်များမှာလည်း နီရဲနေသည်။ ကျောင်းမြန်၏ လှုပ်ရှားမှုနှင့်အတူ သူ၏ ရှည်လျားသော ငွေပြာရောင် ဆံပင်များသည်လည်း လူးလွန့်ကာ လှုပ်ရှားသွားကြသည်။
"ဒါ...... ဒါ......"
"သွားပြီ......! သူ ရူးသွားပြီ....!"
"မကောင်းဆိုးဝါး......!"
အဖိုးအို အပါအဝင် သုတေသန ပညာရှင်များသည် အရူးများသဖွယ် တုန်လှုပ်ကာ လူစုကွဲနေကြပြီး ကျောင်းမြန်သည် တစ်ယောက်ပြီး တစ်ယောက်နောက်လိုက်ကာ ဓားဖြင့် ထိုးကာ လိုက်သတ်တော့သည်။
“ဖုန်း......ဖုန်းခေါ်ပေးပါ…....အဆင့် 1 အခြေအနေကို လာကယ်ပေးဖို့ အကူအညီတောင်းပေးကြပါ.."
အဘိုးအိုသည် ရှက်စရာကောင်းသော အခြေအနေဖြင့် ရှေ့သို့ တွားသွားကာ စကားပြောစက်အား လှမ်းယူလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"လာကြပါ.....! ငါ့ကို ကယ်ကြပါဦး....!!"
"ဒေါက်....ဒေါက်..."
ကျောင်းမြန်၏ ခြေလှမ်းများသည် တဖြည်းဖြည်းနှင့် နီးကပ်လာလေသည်။
"အားး..............."
အဘိုးအိုသည် မြေပြင်ပေါ်မှ ထရန် ကြိုးစားသော်လည်း သူ၏ခြေထောက်များသည် ပျော့ခွေနေသောကြောင့် လှုပ်ရှား၍မရဖြစ်နေသည်။
ကျောင်းမြန်သည် အဖိုးအိုဘေးတွင် ရပ်ကာ သူ၏ဓားကို မြှောက်လိုက်သည်။
စွပ်....စွပ်...
စွပ်-----
"အာ့......"
တံခါးအပြင်ဘက်မှ အစောင့်များသည် အချိန်ကိုက် ရောက်ရှိလာကြပြီး ကျောင်းမြန်အား ထုံဆေး သေနတ်ဖြင့် ပစ်လိုက်ကြသည်။
ကျောင်းမြန်သည် သူ၏နောက်ကျောအား ထုံဆေးဖြင့် လေးချက် ဆက်တိုက်အထိုးခံလိုက်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ဓားကို ကိုင်ထားလျက် ဒူးထောက်ကျသွားသည်။
အဘိုးကြီးသည် အသက်ရှင်လျက် လွတ်လာချိန်တွင် မျက်ရည်များမှာ တာကျိုးသလို ကျလာလေသည်။
အစောင့်နှစ်ယောက်သည် အဘိုးအိုအား ခေါ်ကာ ထွက်သွားကြပြီး ကျန်သော သူများသည် သေနတ်များဖြင့် ကျောင်းမြန်အား ပတ်ပတ်လည်မှ ချိန်ထားကြသည်။
ကျောင်းမြန်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်သားရှိနေပြီး သူ့ခေါင်းထဲမှ မူးဝေခြင်းကို ပျောက်လိုသောကြောင့် ခေါင်းကို ခါယမ်းလိုက်သည်။
ထုံဆေးသည် သူ့အား သက်ရောက်မှုမရှိသည်ကို တွေ့လိုက်ရသဖြင့် အစောင့်များလည်း ထိတ်လန့်သွားကြသည်။
ကျောင်းမြန် ပြန်ထလာသည်ကို မြင်လိုက်ရချိန်တွင် ခေါင်းဆောင်သည် ချက်ချင်း အမိန့်ပေးလိုက်သည်။
"နောက်တစ်ခေါက် ထပ်ပစ်ဖို့ အသင့်ပြင်ထား!"
“ဘန်း.....ဘန်း....ဘန်း..."
ကျောင်းမြန် ဘေးသို့ အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။
မထင်မှတ်ထားသည့်အချိန်တွင် အစောင့်တပ်သားများအား သူပြန်ပစ်ရန် စောင့်နေစရာမလိုဘဲ အားလုံးသည် မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားကြသည်။
ကျောင်းမြန်သည် သံသယများစွာဖြင့် လှည့်ကြည့်လိုက်ချိန် သူ့ဘေးတွင် ခြေတံအရှည်ကြီးများဖြင့် မောဟိုက်နေပုံရသည့် လူတစ်ဦးသည် သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ့အနောက်ဘက်တွင် တိုက်ခိုက်ခံထားရပုံပေါ်သည့် သေနတ်များကိုင်ဆောင်ထားသည့် ပြည်ထောင်စုမှ တပ်သားများ တန်းစီ၍ ရှိနေသည်။
"အာ့မြန်....."
စီဆဲလ်သည် အသံနက်ကြီးဖြင့် အော်လိုက်သည်။
ထိုအချိန်တွင် ကျောင်းမြန်၏ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ့အမူအရာမှာလည်း ရှုပ်ထွေးနေကာ ခုခံသည့် ပုံစံဖြစ်နေကာ သူ့(စီဆဲလ်)ဘက်သို့ ဒူးတစ်ဖက်ထောက်ထားသည့်ပုံစံဖြင့် အံ့အားသင့်စွာကြည့်နေသည်။
"အာ့မြန်....!"
စီဆဲလ်သည် ရှေ့သိုပြေးသွားကာ မည်သို့ ကူညီရမှန်းမသိဖြစ်နေသည်။ ထို့ကြောင့် ကျောင်းမြန်အား သူ့လက်မောင်းကြားထဲသို့ဆွဲသွင်းကာ ပွေ့ဖက်လိုက်သည်။
ထိုသူ့ကို ပွေ့ဖက်လိုက်ပြီးသည့်အချိန်တွင် ကျောင်းမြန်သည် သူ့လက်မောင်းများကြားတွင် တုန်ရီနေသည်ကို ခံစားလိုက်ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ ပြင်းထန်သောဆေးဝါးများနှင့် ကိရိယာများ၏ ပြင်းထန်သော လှုံဆော်မှုများကြောင့် ခန္ဓာကိုယ်မှ သဘာဝအလျောက် တုန့်ပြန်မှုဖြစ်သည့် ကြွက်သားများအား ထိန်းချုပ်၍မရခြင်းဖြစ်သည်ကို စီဆဲလ် သတိထားမိလိုက်သည်။
ဤအခြင်းအရာအား မြင်လိုက်ရချိန်တွင် စီဆဲလ် ၏ နှလုံးသားတစ်ခုလုံး သွေးများပန်းထွက်လာကဲ့သို့ နာကျင်သွားရသည်။
"ကိုယ်တောင်းပန်ပါတယ်......ကိုယ် တကယ်တောင်းပန်ပါတယ်....."
စီဆဲလ်သည် ကျောင်းမြန်၏ အေးစက်နေသည့် လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ကျောင်းမြန်သည် စီဆဲလ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
စီဆဲလ်သည် သူ၏ သန်မာသောလက်မောင်းများဖြင့် ကျောင်းမြန်၏ တစ်ကိုယ်လုံးကို ရစ်ပတ်ထားလေသည်။ကျောင်းမြန်၏ ဦးခေါင်းအား သူ့ရင်ဘတ်ပေါ်တွင်မှီစေကာ သူ့အတောင်အောက်တွင် လုံခြုံအောင် ကာကွယ်ထားသကဲ့သို့ သူ့နှာခေါင်းထဲတွင် တစ်ဖက်လူ၏ကိုယ်သင်းနံ့များဖြင့် ပြည့်နှက်နေစေသည်။
ကျောင်းမြန်သည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ အရာအားလုံးကို ခွဲခြားရန်ကြိုးစားနေလေသည်။
"အာ့မြန် မကြောက်နဲ့တော့နော်.....ကိုယ်ရောက်လာပြီလေ.."
စီဆဲလ်သည် ကျောင်းမြန်၏နဖူးအား တဖွဖွနမ်းရင်း ညင်သာစွာပြောလိုက်သည်။
"မကြောက်နဲ့နော်....ကိုယ်ဒီမှာရှိတယ်နော်.."
"ကိုယ် စီဆဲလ်လေ....မင်းရဲ့....."
စီဆဲလ်သည် ကျောင်းမြန်၏ လက်ကောက်ဝတ်တွင် ပတ်ထားသည့် Dark phoenix၏အမှတ်တံဆိပ်ပါသည့် လက်ပတ်တစ်ခုကို မြင်လိုက်ရသည်။ ထိုလက်ပတ်သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ခံယူနေသည့် အစမ်းသပ်ခံများကိုသာ ပတ်ပေးခြင်းဖြစ်သည်။
၎င်းတွင် နံပါတ် 07၊ သက္ကရာဇ် 311 ဟုဖော်ပြထားလေသည်။
စီဆဲလ်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်လျှံနေ၏။
အမှန်သည် လာသည့် လမ်းတစ်လျှောက်တွင် စီဆဲလ်သည် ကျောင်းမြန်၏ အချက်အလက်နှင့် ပတ်သက်၍ အနည်းငယ်မျှ မှန်းဆထားပြီးဖြစ်သော်လည်း သူ့ခံစားချက်များသည် ရှုပ်ထွေးနေသောကြောင့် ပုံမှန်ကိစ္စကဲ့သို့ အလွယ်တကူ ကောက်ချက်မချနိုင်ပေ။
ယခု နံပါတ် 07 ဟူသော စကားလုံးသည် ကုလားအုတ်ကို ထိန်းချုပ်နိုင်သည် နောက်ဆုံးကျန်သော ကောက်ရိုးမျှင်ကဲ့သို့ စီဆဲလ်သည် သူ့ခံစားချက်များအား မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်သွားလေသည်။
"အာ့မြန်......"
စီဆဲလ်သည် ကျောင်းမြန်၏ နောက်ကျောလေးအား ပွေ့ဖက်ထားပြီး သူ၏ခေါင်းလေးအား ညင်သာစွာ ပွတ်ပေးရင်း ထစ်ထစ်အအဖြင့် ပြောလေသည်။
"ကိုယ်က စီဆဲလ်လေ....မင်းငယ်ငယ်တုန်းက မင်းရဲ့ အကိုကြီးလေ ......အခု မင်းအရွယ်ရောက်လာတော့ မင်းရဲ့ ခင်ပွန်းဖြစ်နေပြီလေ....."
"ကိုယ်လည်း.....မင်းတစ်ယောက်တည်းကိုပဲ ဆယ့်ရှစ်နှစ်တောင်ကြာအောင် ချစ်နေခဲ့တာပါ...."
အပြင်ဘက်မှ ကနဦးဆုတ်ခွာသွားသော ပင်လယ်ဓားပြများသည် သူ့နောက်သို့ တစ်ဖန်ပြန်လိုက်လာကြရာ ပင်မတပ်ဖွဲ့သည် ၎င်းတို့အား သေနတ်များ အမြှောက်များဖြင့် ချိန်ထားကြသည်။သို့သော် စီဆဲလ်သည် တိုက်ပွဲဖြစ်နေသည်ကိုပင် အာရုံမစိုက်နိုင်တော့ဘဲ သူ၏ ခုနစ်ကလေး အား ပွေ့ဖက်ထားလေသည်။
မီးရောင်များကြားတွင် သူတို့သည် တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ဖက်ထားကြလေသည်။
------------------------------------------------------------------------