Chapter 129
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၂၉)


မင်းတို့နှစ်ယောက် ကွာရှင်းပေးရမယ်။


ဒါက ငါ လိုချင်တဲ့ သတ်မှတ်ချက်ပဲ။


သူ ရူးနေပြီ မဟုတ်လား။


အိမ်တော်အပြန်လမ်းတွင် ရထားလုံးစီးရင်း ကျွန်မ ညည်းညူနေမိသည်။


ကယ်လီယန် ...နင်က ငါနဲ့ဆိုဗက်စ်စတာကို ကွာရှင်းခိုင်းပြီး ဘာတွေ လုပ်မလို့ ကြိုးစားနေတာလဲ။


ငါတို့ရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘာမှ ဝင်ပါနေစရာမရှိတာကို။ကွာရှင်းပေးတဲ့လား ... ဘယ်လိုတောင် ရယ်ချင်စရာကောင်းတာလဲ။


ရယ်ချင်စရာကောင်းနေလွန်းလို့ ငါ့မှာ မယုံနိုင်အောင် ဖြစ်တော့မလို့ပဲ။


ငါ့ဆီ ဒီလိုပြောရင်း ကယ်လီယန် ဘာတွေ တွေးနေလောက်မလဲ။


"အား ... ငါ့ခေါင်း"


ကျွန်မ ခေါင်းကိုက်လာသဖြင့် ခေါင်းကို အနောက်သို့ မှီထားလိုက်ရသည်။


ဒါက လျစ်လျူရှုပြီး နေလိုက်လို့ရတဲ့ကိစ္စဆိုရင် ကောင်းမှာပဲ။ဒါပေမဲ့ ကယ်လီယန်ရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့မျက်နှာနဲ့ ယုံကြည်မှုရှိရှိ ပြောလာတာကို ငါက လွယ်လွယ်နဲ့ မမေ့ပစ်လိုက်နိုင်ဘူး ဖြစ်နေတယ်။


အခု ငါ့မှာ ကွာရှင်းဖို့ ရည်ရွယ်ချက် မရှိဘူး။


ငါ ဆိုဗက်စ်စတာကို ကြိုက်နေသရွေ့ သူနဲ့ဘယ်တော့မှ လမ်းခွဲမှာ မဟုတ်ဘူး။


အဲ့ဒီတော့ ကယ်လီယန်ရဲ့စကားတွေ မဖြစ်မြောက်အောင် တစ်နည်းမဟုတ် တစ်နည်းနဲ့ တားဆီးပစ်ရမယ်။


ဒါပေမဲ့ အဲ့လိုလုပ်ဖို့ဆိုရင် ကယ်လီယန်ကို လုံးဝကျောခိုင်းလိုက်ရမှာ မဟုတ်လား။


လာဂိုကို ရွေးချယ်ကြည့်ရင်ရော။


အမှိုက်ကားနဲ့ နိဗ္ဗာန်ယာဥ် ဘယ်ဟာ ရွေးမလဲလို့ မေးရင် အမှိုက်ကားက ပိုကောင်းတာပေါ့။ငါက ကယ်လီယန်လို့ ဆိုလိုချင်တာပါ။


နိဗ္ဗာန်ယာဥ်ကို ရွေးလိုက်လို့ ငါ့ဘဝလေး ထိခိုက်သွားမှာကို မလိုချင်ပါဘူး။


လာဂိုက ငါ့ကို မုန်းနေပြီး တစ်နည်းနည်းနဲ့ ဒုက္ခပေးလာမယ်ဆိုတာ ငါ သေချာပေါက် သိတယ်။


အစထဲက ခြေလှမ်းမှားနေခဲ့တာပဲ။


အားလုံးကို မူလအိုဖီလီယာက လုပ်သွားခဲ့တာ။


ငါက ဘယ်သူ့ကို အပြစ်တင်ရမလဲ။


အပြစ်တင်စရာ ဘယ်သူမှ မရှိဘူး။


ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့ ကယ်လီယန်နဲ့ပြောခဲ့တာတွေကို ဆိုဗက်စ်စတာသိအောင် ပြန်ပြောပြရမယ်။


ထို့ကြောင့် ရထားလုံး ရပ်တန့်သွားသည်နှင့် ကျွန်မလည်း ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။ပြီးနောက် ရုံးခန်းရှိရာသို့ ပြေးသွားခဲ့၏။


"ဟန်နီရေ!"


ကျွန်မ တံခါးဖွင့်လိုက်သည်နှင့် ဆိုဗက်စ်စတာက အနည်းငယ် ဦးနှောက်ခြောက်နေသော အကြည့်ဖြင့် ကျွန်မကို ကြိုဆိုလေသည်။


"မင်း ဘာဖြစ်လို့ ဒီလောက် စောစောစီးစီး ပြန်လာရတာလဲ။"


သူက လက်ပတ်နာရီကို တစ်ချက်ကြည့်၍ ပြောခဲ့သည်။


ကျွန်မ ကယ်လီယန်နှင့် စကားပြောဖြစ်သည်မှာ နာရီဝက်ပင် မကြာသောကြောင့် အိမ်တော်သို့ စောစော ပြန်ရောက်လာခဲ့သည်။ပုံမှန်အားဖြင့် ကျွန်မတို့က တစ်နာရီထက်ပို၍ စကားပြောတတ်သောကြောင့် ဆိုဗက်စ်စတာအတွက် အလွန်အံ့ဩစရာ ဖြစ်နေမည်မှာ သဘာဝပင်။


"ကျွန်မမှာ ပြောစရာ သိပ်မှ မရှိဘဲ၊ဒီတော့ မြန်မြန် အဆုံးသတ်ခဲ့တယ်။"


"အဲ့လိုလား"


ဆိုဗက်စ်စတာက မေးစေ့ကို ပွတ်လိုက်ပြီး မပွင့်တပွင့် ပြုံးလိုက်သည်။


"တော်တယ်"


သူက ခေါင်းငြိမ့်၍ ပြောသည်။


"မင်း အိမ်ရှေ့စံမင်းသားရဲ့နောက်ကို ထပ်ပြီး မလိုက်ရတော့ဘူး။"


"ရှင် ဒါကို ပြောနေတာ ဘယ်လောက်ကြာခဲ့ပြီလဲ!"


ကျွန််မမှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားသဖြင့် အသံကို နည်းနည်း မြှင့်လိုက်သည်။


"ကျွန်မက အိမ်ရှေ့စံမင်းသားကို ထပ်ပြီး မကြိုက်တော့ဘူးလို့ ပြောခဲ့တယ်လေ။အကြိမ်တစ်ရာလောက်တောင် ပြောပြီးပြီ ထင်တယ်။"


"အကြိမ်တစ်ရာတော့ မရှိသေးပါဘူး။"


"ဒီအတိုင်း ဟုတ်တယ်ပဲ ထားလိုက်တော့။ကျွန််မ အဲ့လိုပြောခဲ့တာတော့ သေချာတယ်။"


ကျွန်မ ဆိုဗက်စ်စတာကို ကြည့်ရင်း မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက ကျွန်မကို ကြည့်၍ ရယ်လေသည်။


"ဒီတော့ ဘာကိစ္စများလဲ။"


"အရေးကြီးတယ်"


ကျွန်မ ဆိုဖာကို ညွှန်ပြလိုက်သည်။ဆိုဗက်စ်စတာ၏မျက်ခုံးများ မြင့်တက်သွားသည်။


"မင်းက ကိုယ်ကို ထိုင်စေချင်တာလား။"


"အင်း"


"အခု မင်းက ကိုယ့်ကို အမိန့်ပေးနေတာပေါ့လေ... ဟုတ်လား။"


သူ့စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဆိုဗက်စ်စတာက အလုပ်စားပွဲမှ ဖြည်းဖြည်းချင်း ထလိုက်ပြီး ဆိုဖာရှိရာသို့လာ၍ ထိုင်ချလိုက်လေသည်။သူ၏ခန္ဓာကိုယ်က ရိုးသားသူတစ်ယောက်နှင့် တူသည်။ကျွန််မလည်း လှောင်ပြုံးလေးဖြင့် သူနှင့် မျက်နှာချင်းဆိုင်နေရာ၌ ဝင်ထိုင်လိုက်သည်။


"ကိုယ့်ကို ပြောပါဦး။"


ဟူး


ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်သည်။


"အိမ်ရှေ့စံအရှင့်သားက ရှင်နဲ့လက်တွဲမယ်လို့ ပြောခဲ့တယ်။"


"ဒါပေါ့ ... သူ လုပ်သင့်တယ်လေ။"


"ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်လို့ သူက ပြောတယ်။"


"သတ်မှတ်ချက်လား။"


ကျွန်မ အသက်ရှူအောင့်ထားလိုက်မိသည်။


"သူက ရှင်နဲ့ကျွန်မကို ကွာရှင်းစေချင်တာ။"


"..."


ဆိုဗက်စ်စတာ ဘာမှ ပြောမလာတော့ပေ။ထိုအစား သူက ထိတ်လန့်ကြောက်ရွံ့စရာ အေးစက်စက်မျက်နှာထားဖြင့် ကျွန်မကို စိုက်ကြည့်လာခဲ့သည်။


မဟုတ်သေးပါဘူး၊ရှင်က ကျွန်မကို ဘာဖြစ်လို့ စိုက်ကြည့်နေရတာလဲ။

ကြောက်စရာကြီး!


ကျွန်မလည်း သူ့အကြည့်မှ မသိမသာ ရှောင်လွှဲနေမိသည်။


ဟူး


သက်ပြင်းချသံတစ်ခုက သူ့ပါးစပ်မှ ထွက်ကျလာခဲ့သည်။


"ကိုယ်တို့ သူ့ကို ဒီတိုင်း ဘာလို့ မသတ်ပစ်လိုက်ရမှာလဲ။"


သူက အမှန်ပင် စစ်မှန်လေးနက်သောလေသံဖြင့် ပြောလာခဲ့သည်။


"ဒါက ပိုကောင်းတယ်လို့ ကိုယ်တော့ ထင်တယ်။နေးလ် ... မင်းရောဘယ်လိုထင်လဲ။"


တခြားစားပွဲတွင် အလုပ်လုပ်နေသော နေးလ်းက သိမ်မွေ့သောနည်းလမ်းဖြင့် ပြန်ဖြေလေသည်။


"တော်ဝင်မိသားစုကို သတ်တဲ့ပြစ်မှုနဲ့ သခင့်ရဲ့တစ်ဘဝလုံး ထွက်ပြေးနေချင်တယ်ဆိုရင်တော့ ... ကျေးဇူးပြုပြီး အဲ့လိုသာ လုပ်လိုက်ပါဗျာ။"


"ဟူး ...."


ဆိုဗက်စ်စတာက ရှေ့ဆံပင်များကို သပ်တင်လိုက်ပြီး ခေါင်းကို အနောက်သို့ မှီထားလိုက်သည်။သူ့နှုတ်ခမ်းများက ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်၏ပါးစပ်များအတိုင်း စေ့ပိတ်နေပြီး မည်မျှအထိ ဒေါသထွက်နေကြောင်း သိသိသာသာ ထုတ်ပြနေခဲ့သည်။


"အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။"


သူက လက်သီးဆုပ်လိုက် ဖြန့်လိုက် လုပ်နေခဲ့သည်။


"ကိုယ် ဒါကို ဂရုစိုက်ပေးလိုက်မယ်၊မင်းက မင်းကိစ္စကိုပဲ အာရုံစိုက်ထားလိုက်ပါ။"


ထိုသို့ သူ ပြောလျှင် ကျွန်မ မျက်လုံးပြူးသွားရသည်။


"ရှင် ဘာတွေ လုပ်မလို့လဲ။"


"ခပ်ကြမ်းကြမ်းလေး ခြိမ်းခြောက်လိုက်ရုံပါပဲ၊ဒါဆို လုံလောက်ပါတယ်။"


"အဲ့လောက်နဲ့ လုံလောက်မယ်လို့တော့ ကျွန်မ မထင်ဘူး။"


ကျွန်မ မျက်မှောင်ကြုတ်၍ ခေါင်းခါလိုက်သည်။


"ကျွန်မလဲ ရှင့်ကို ကူညီပေးမယ်။"


"ဘယ်လိုမျိုးလဲ"


"ခပ်ကြမ်းကြမ်းလေးနဲ့ပေါ့။"


ကျွန်မ ထိုသို့ ပြောလိုက်သော်လည်း သီးခြားအကြံအစည်တစ်ခု ရှိလေသည်။


ဧကရီဟောင်း ချန်ထားခဲ့တဲ့ နောက်ဆုံးစာတစ်စောင်နဲ့ စရမယ်။


ထိုစာအကြောင်းကို ဇာတ်လမ်းထဲတွင် ရေးသားဖော်ပြခဲ့လေရာ စာတွင် ပါသောအကြောင်းအရာများကို ကျွန်မ သိထားပြီး ဖြစ်လေသည်။


ကယ်လီယန်သာ ထိုစာကို ရခဲ့ပါလျှင် အနည်းငယ်ခန့် စိတ်ပြောင်းသွားလောက်သည်။


ဖြစ်နိုင်မလားပဲ။


အဲ့လို ဖြစ်မလာဘူးဆိုရင်တော့ ...


တကယ်ပဲ အဖြေမရှိတော့ဘူးပေါ့။


ကျွန်မမှာ အနည်းငယ် မလွယ်ကူသလို ခံစားလိုက်ရသည်။


"ကျွန်မတို့က အိမ်ရှေ့စံမင်းသားကို မဖျောင်းဖျနိုင်ခဲ့ရင်ရော။"


"မင်း ဘာကို ပြောချင်တာလဲ။"


ဆိုဗက်စ်စတာက ပြုံးရယ်လိုက်ပြီး ခေါင်းကို အနောက်ဘက်သို့ မှီထားခဲ့သည်။


"စစ်တိုက်ရမယ်ဆိုရင်တောင်မှ ကိုယ်တို့ လွတ်မြောက်နိုင်စေရမယ်။"


"အဟား ... စစ်တိုက်ရတာ ရိုးလွန်းပါတယ်။"


သူ တကယ်ကို ရူးနေပြီးပဲ။


ကျွန်မ စုတ်တစ်ချက်သပ်၍ ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။ ဆိုဗက်စ်စတာကလည်း ကျွန်မကို ပြန်ကြည့်၍ အခိုင်အမာ ပြောလာခဲ့သည်။


"မင်းနဲ့ ကွာရှင်းရမှာထက် စစ်ဖြစ်ဖို့ကိုပဲ ကိုယ် ရွေးချယ်မယ်။"


အမှန်တကယ်ပင် ထိုသို့ ဆိုလိုချင်သည့်အတိုင်း သူ့အသံက အားကြိုးမာန်တက်ဖြစ်နေခဲ့သည်။


"ဒီလောက်တောင် များပါတယ် ... ကိုယ်ရဲ့ခံစားချက်တွေကလေ။"


ယခု သူ၏စစ်မှန်ရိုးသားမှုကို ကျွန်မ ခံစားနိုင်ပါသည်။


တစ်ဆက်တည်းဆိုသလို ကျွန်မ၏နှလုံးသားက ခုန်ပေါက်လာခဲ့သည်။ရှက်ရွံ့လာရသည်ကို တောင့်မခံနိုင်ပါပေ။


အဘယ့်ကြောင့်ဆိုသော် ယခု ရုံးခန်းထဲတွင် ရှိနေသောကြောင့် ဖြစ်ပါ၏။


နေးလ်သည်သာမက အစေခံများနှင့် အိမ်အကူများပါ ရှိနေခဲ့သည်။


ထိုစကားကို သူတို့အားလုံး ကြားသွားရလေမလားဟု ကျွန်မ ဘေးဘီဝဲယာသို့ ကြည့်လိုက်ရင်း ရှက်သွေးဖြာသွားရတော့သည်။


အား ...တကယ်ပါပဲ!


"အခု ဒီနေရာမှာ ကျွန်မတို့နှစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးနော်။"


"ဒီတော့"


"တိုးတိုးပြော ...ရှင် ပြောတာ သူတို့ ကြားသွားလိမ့်မယ်။"


"အဲ့လို မလုပ်ချင်ပါဘူး ... ကိုယ်က မင်းကို ဘယ်လောက်အထိ ကြိုက်တယ်ဆိုတာ လူတိုင်း သိထားဖို့ လိုတယ်လေ။"


သူက အရှက်အကြောက် တစ်ပဲသားတောင် မရှိတဲ့ လူပဲ။


ကျွန်မမှာ မျက်နှာကို လက်ဖြင့်အုပ်ရင်း ရှက်နေမိတော့သည်။သို့သော် ဆိုဗက်စ်စတာက ထိုမျှနှင့် မရပ်တန့်သွားပါ။


"အခန်းထဲကို သွားတော့၊ကိုယ် မကြာခင် လာခဲ့မယ်။"


သူက ပေါ့ပေါ့ပါးပါးဖြင့် ပြောလာခဲ့သည်။


"ကိုယ်တို့မှာ လုပ်စရာလေးတွေ ရှိတယ်လေ ...ဟုတ်တယ်မလား။"


"အားရှ်!"


ကျွန်မ ဆတ်ခနဲ ထရပ်လိုက်ပြီး ရုံးခန်းထဲရှိ လူတိုင်းကို အော်ဟစ်လိုက်သည်။


"နင်တို့အားလုံး ဘာမှ မကြားလိုက်သလို ဟန်ဆောင်ရမယ်၊ဟုတ်ပြီနော်။ဒါတွေကို နင်တို့ လုံးဝ မကြားလိုက်ဘူး!"


လူတိုင်းက ရယ်ချင်စိတ်ကို ထိန်းထားရန် ကြိုးပမ်းသည့်အနေဖြင့် ကျွန်မနှင့် အကြည့်ချင်းမဆုံအောင် ရှောင်နေကြသည်။


အိုး ... ငါ့အရှက် ငါခွဲမိသွားပြီပဲ။


နီရဲတောက်ပနေသည့် မျက်နှာကို ဖုံးကွယ်ထားပြီး ကျွန်မ ဆိုဗက်စ်စတာကို တစ်ချက်ကြည့်လိုက်သည်။


"မသိဘူး၊ကျွန်မ အိပ်ရာဝင်တော့မယ်။"


"မင်းကို ကိုယ်က နှိုးပေးမှာပေါ့။"


ဆိုဗက်စ်စတာက ခိုင်မာစွာ ပြောလေသည်။


"ကိုယ်တို့က ဒါကို တကယ်ပဲ လုပ်ရမယ်လေ။"


"အား! ဒါကြောင့်ပဲ ကျွန်မတို့နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှသာ ပြောပါလို့ဆို! အား ... မသိတော့ဘူး၊ကျွန်မ သွားပြီ!"


"အားရှ်!!!"

ကျွန်မ ရှက်ရွံ့လွန်းသဖြင့် တံခါးရှိရာသို့ အပြေးသွားလိုက်သည်။


အပြင်မထွက်ခင်လေး၌ အစေခံများကို အသေအချာ နှုတ်ပိတ်လိုက်သေးသည်။


"နင်တို့ ဒီနေရာမှာ ကြားလိုက်တဲ့စကားတွေကို ဘယ်တော့မှ တခြားနေရာဆီ မပေါက်ကြားစေနဲ့ ...သိပြီလား!"


အစေခံများက နားလည်ပါသည်ဟု ပြန်ဖြေကြသည်။


ထိုညနေခင်း၌ပင် အိုင်ရင်းက ကျွန်မဆီသို့ အပြေးအလွှား ရောက်လာပြီး ပြောလေသည်။


"မဒမ် ၊ဒီနေ့ သခင်နဲ့မဒမ်က အရမ်းကို အဆင်ပြေနေကြတယ်လို့ ကျွန်မ ကြားလာခဲ့တယ်။"


မပြောနဲ့!


ဤနေရာရှိ လူများက အတင်းမပြောဘဲ မနေနိုင်ကြသည်ကို ကျွန်မမှာ မယုံကြည်နိုင်ဖြစ်နေရသည်။



ဖလဲရ် စိတ်မရှည်စွာဖြင့် အခန်းထဲ၌ ဟိုလျှောက်သည်လျှောက် လုပ်နေခဲ့သည်။


အိုဖီလီယာ၏ ဆံပင်ဆောင့်ဆွဲပြီး ရိုက်နှက်မှုကြောင့် သူမ၏ပါးပြင်နှင့် ဦးရေပြားက အခုထိ နာကျင်နေဆဲ ဖြစ်သည်။


ပုံမှန်အားဖြင့် ယခုလိုအခြေအနေမျိုးတွင် ကယ်လီယန်က ကိုယ်တိုင်ကိုယ်ကျ လာလည်သည်ဖြစ်စေ၊သူမ၏အခြေအနေကို သိရှိနိုင်ရန် လူတစ်ယောက် လွတ်လိုက်ပြီး သူမကို တော်ဝင်နန်းဆောင်သို့ ခေါ်ဆောင်လာခိုင်းသည်ဖြစ်စေ လုပ်တတ်လေသည်။


သို့သော် မည်သည့် အရေးတယူ လှုပ်ရှားမှုမှ မဖြစ်လာခဲ့ပဲ ကယ်လီယန်က ခပ်တိုတို စာတစ်စောင်သာ ပေးပို့လာခဲ့၏။


ဖလဲရ် ခံစားနိုင်ပါသည်။


သူ၏ခံစားချက်များ ကုန်ဆုံးသွားခဲ့လေပြီ။


အချစ်ဆိုသည်မှာ မီးတောက်တစ်ခုနှင့်တူပြီး သူမဘက်မှ လောင်စာကို ထပ်မထည့်ပေးတော့သည်နှင့် တဖြည်းဖြည်း မှိန်ဖျော့ပြီး မီးငြိမ်းသွားလိမ့်မည်။


ထိုအကြောင်းကို ကောင်းစွာသိသဖြင့် ဖလဲရ်က ကယ်လီယန်ထံသို့  လောင်စာကို အဆက်မပြတ် ထည့်ပေးခဲ့သည်။


သို့သော် ထိုမျှနှင့် မလုံလောက်ခဲ့ပေ။


မီးကြွင်းမီးကျန်လေးများက တစ်စတစ်စ ငြိမ်းသွားကြပြီး တစ်ချို့ကလည်း လေနှင့်အတူ လွင့်ပါသွားကြကာ  တခြားလောင်စာတစ်ခုပေါ်သို့ ကျရောက်လောင်ကျွမ်းသွားကြသည်။မှန်ပါ၏၊အိုဖီလီယာထံသို့ ဖြစ်သည်။


အိုဖီလီယာ ရိုင်ဇန်


ဖလဲရ် လက်သီးဆုပ်ထားလိုက်သည်။


သူမကို ပထမဆုံး စတွေ့ခဲ့ချိန်မှ စ၍ မုန်းတီးခဲ့မိသည်။ဖြစ်နိုင်သည်က ဖလဲရ်ထံတွင် မှန်းဆထင်မြင်မှုတစ်ခု ရှိနေသောကြောင့်ပင်။အိုဖီလီယာက သူမ၏နေရာကို လုယူသွားလိမ့်မည် ဟူ၍။


ဖလဲရ်က နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားမိသည်။



ယခု လက်မတင်လေး၌ သူမထံသို့ ဒုတိယမင်းသားလာဂို ဟူသော ကြိုးတစ်ချောင်း ကျဆင်းလာခဲ့သည်။


ဖလဲရ်က လာဂိုထံမှ ပေးပို့လာသောစာကို ဖြည်းဖြည်းလေး ပွတ်သပ်လိုက်ပြီး စာအိတ်ကိုဖောက်၍ အထဲမှ စာကို ထုတ်ယူလိုက်သည်။


ပြောလိုသည့်အကြောင်းအရာကို တိုတိုပြတ်ပြတ်နှင့် ရှင်းလင်းစွာ ရေးထားသည်။


[ဒီကလေးကို မင်းဘက်ပါလာအောင် လုပ်ထားပါ။]


စာ၏အောက်ဖက်နားတွင် လူတစ်ယောက်၏ပုံပန်းသွင်ပြင်ကို ရေးဆွဲထားသည်။


ပုံ၏အောက်တွင် ပါသောနာမည်ကို ဖလဲရ်က ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်သည်။


"သီ ...သီယို လား။"


သူမ စာကို ငုံ့ကြည့်လိုက်ပြီး စိတ်ကို ပြင်ဆင်လိုက်သည်။


သူမ ဒီတစ်ခါတော့ ဖမ်းဆုပ်ရမဲ့ကြိုးကို မလွဲသွားစေရတော့ဘူး။


TK Team (Chapter 129)
++++++++