Chapter 112
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 112


* * *

လက်ဝတ်ရတနာဆိုင်ရှေ့တွင် ရထားရပ်လိုက်သည်နှင့် တစ်စုံတစ်ယောက်က လူနာ၏ နာမည်ကို ခေါ်လာခဲ့သည်။

"လေဒီလူနာ!"

တခြားသူမဟုတ်ဘဲ ရို့စ်မယ်ရီပင်ဖြစ်သည်။ တခြားသူများ အခုမှ မနက်စာစတင်စားသောက်နေလောက်မည့်ချိန်တွင် ရို့စ်မယ်ရီက တောက်ပသော မျက်နှာဖြင့် နှုတ်ဆက်လာတာကြောင့် သူမ ဘာလို့အစောာကြီးရောက်လာခဲ့မှန်းကို လူနာ သိချင်မိသွားသည်။

"ရို့စ်မယ်ရီ နင် ဘာလို့ဒီလောက်အစောကြီးရောက်နေရတာလဲ"

လူနာက အံ့အားသင့်သွားပြီး အန်းသန့်စ်ကိုတောင် မစောင့်တော့ဘဲ ရထားပေါ်မှ အမြန်ဆင်းကာ မေးလိုက်သည်။

လူနာသည် ရို့စ်မယ်ရီ ဘယ်လောက်ကြာအောင်စောင့်နေခဲ့တာလဲဆိုသော စိုးရိမ်စိတ်တစ်ဝက်နှင့် အန်းသန့်စ် ပြင်ဆင်ခဲ့သောအသီးများကြောင့် ဖြစ်ပေါ်လာသည့် အဆင်မပြေသောလေထုမှလွတ်မြောက်လိုစိတ်တစ်ဝက်ရှိနေခဲ့သည်။

"ငါလည်း စောနကမှ ရောက်တာ။ဒါနဲ့ နင် ငါ့အစ်ကိုနဲ့အတူလာတာလား"

ရို့စ်မယ်ရီသည် လူနာနောက်မှလိုက်ကာ ရထားပေါ်မှဆင်းလာသော အန်းသန့်စ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။ သူ့ကြည့်ရတာ အလွန်ပင် ကြည်နူးနေပုံရသည်။

လူနာ ခေါင်းညိတ်ပြတာကို မြင်ရပြီးနောက် ရို့စ်မယ်ရီသည် အန်းသန့်စ်အား သူမ သူ့အတွက် အလုပ်ကောင်းကောင်းလုပ်ပေးထားတယ်ဟုပြောသကဲ့သို့ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

"ဘာလား"

စောနကအထိ စိတ်ကောင်းဝင်နေခဲ့သော အန်းသန့်စ်သည် သူ၏ သာယာကြည်နူးနေသောစိတ်လေး ရုတ်တရက် ဖျက်စီးခံလိုက်ရပြီးနောက် သူ၏ မကျေနပ်ချက်များကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ထိုအမူအရာကို တွေ့လိုက်သော ရို့စ်မယ်ရီက ချောင်းဆိုးလိုက်ပြီး သူမ၏ မတွေးဘဲလုပ်ခဲ့မိသော လုပ်ရပ်အတွက် နောင်တရကြောင်း ဖော်ပြခဲ့သည်။

"တခြားသူတွေက မကြာခင်ရောက်လာလိမ့်မယ်။ သူတို့အားလုံး နင့်ကို ဂုဏ်ပြုဖို့ စိတ်လှုပ်ရှားနေကြတာ။ ဒါပေမယ့် အဲ့ဒါမတိုင်ခင် နင် ငါ့ကို အထဲတစ်ဝိုက်ကို အရင်လိုက်ပြပေးလို့ရမလား"

ထို့နောက် ရို့စ်မယ်ရီသည် စောနက အဖြစ်အပျက်ကို ကျော်သွားချင်သလိုမျိုး လူနာ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ လှပသောမျက်လုံးများက တောက်ပလာခဲ့သည်။

လူနာသည် ရို့စ်မယ်ရီ၏ ချစ်စဖွယ် အမူအရာကြောင့် နူးညံ့စွာပြုံးပြကာ သဘောတူလိုက်သည်။

"ဒါပေါ့။ငါလည်း နင့်ကို အရင်လိုက်ပြရင်ကောင်းမယ်လို့တွေးနေတာ"

ထို့ကြောင့် လူနာ နှင့် ရို့စ်မယ်ရီတို့သည် အန်းသန့်စ်ကို နောက်မှာ တစ်ယောက်တည်းချန်ထားခဲ့ပြီး ရာသီဥတုဘယ်လောက်သာယာကြောင်း စမြည်ပြောရင်း လက်ဝတ်ရတနာဆိုင်ထဲသို့ ၀င်သွားခဲ့သည်။

ရို့စ်မယ်ရီသည် တစ်ယောက်ယောက်က လူနာအပေါ် စိတ်ဝင်စားမှုရှိနေမှာကို စိတ်ပူနေသော်လည်း တကယ်တမ်း သူမကသာ ချစ်သူနှစ်ယောက်ကြား ဝင်နှောင့်ယှက်နေတာဖြစ်သည်။

အန်းသန့်စ်သည် တိုးတိုးလေး သက်ပြင်းချလိုက်ကာ ဘယ်သူက သူနဲ့လူနာဆက်ဆံရေးကို စိတ်ပူနေတာပါလိမ့်ဟု တွေးရင်း သူတို့နှစ်ယောက်နောက်သို့ လိုက်သွားလိုက်သည်။

"အိုး ဘုရားရေ အပြင်ဘက်ကလည်း အရမ်းလှတယ်ဆိုပေမယ့် အတွင်းဘက်က တကယ်ကို ကျောက်မျက်ရတနာကျနေတာပဲ"

ရို့စ်မယ်ရီက ကျောက်မျက်ရတနာများနှင့်တူအောင် ဒီဇိုင်းထွင်ထားသော အတွင်းခန်းကို ချီးကျူးခဲ့တာကြောင့် လူနာ၏ အပြုံးက ပိုပြီးနက်ရှိုင်းလာခဲ့သည်။

လူနာသည် အထဲဘက်နေရာအား စစ်ဆေးမည့် ရည်ရွယ်ချက်ကို မေ့လျော့ကာ ရို့စ်မယ်ရီကို ဆိုင်အနှံ့လိုက်လံပြသပေးခဲ့သည်။ 

ထိုအချိန်မှာပဲ မျိုးရို့မြင့် မိန်းမပျိုလေးများအုပ်စုက လက်ဝတ်ရတနာဆိုင်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။ သူတို့အားလုံးက လူနာအား ဆိုင်ဖွင့်ပွဲအတွက် ဂုဏ်ပြုကြောင်းပြောခဲ့ကြသည်။

ရလဒ်အနေဖြင့် အန်းသန့်စ်သည် ဘာမှမတတ်နိုင်ဘဲ လူနာနှင့် ပိုပိုဝေးလာသလို ခံစားခဲ့ရသည်။

တစ်ချိန်က မကောင်းသော ကောလာဟလများကြောင့် သူငယ်ချင်းမရှိခဲ့သောသူဟု မပြောနိုင်သလိုပင် လူတိုင်းက သူမနှင့် စကားပြောရန် ကြိုးစားနေကြပြီး သူမကို ဝိုင်းရံထားကြသဖြင့် သူ့အတွက်နေရာမရှိနေခဲ့ပေ။

'...ငါ ဘာမှလုပ်လို့မရလား'

လူနာက အာရုံစိုက်ခံရမှုအပေါ် မရှက်ရွံနေဘဲ ပျော်ရွှင်နေပုံရသောကြောင့် အန်းသန့်စ်သည် သူမအား လွှတ်ထားပေးလိုက်တာက ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ဒါကြောင့် သူသည် အဖွဲ့၏အလယ်ဗဟိုတွင်ရှိနေသော လူနာကို ခဏလောက်စိုက်ကြည့်ပြီး လက်ဝတ်ရတနာဆိုင်တစ်ဝိုက်ကို စစ်ဆေးရန် လှည့်ထွက်ကာ အပေါ်ထပ်၌ ပျောက်ကွယ်သွားခဲ့သည်။

* * *

"...ဒီလက်ဝတ်ရတနာဆိုင်ပိုင်ရှင်က ဘယ်ရွန်အမျိုးသမီးမြို့စား လူနာပဲလ်ကလွဲပြီး တခြားသူမဟုတ်ဘူး"

"ဘုရားရေ ငါ ဘယ်တုန်းကမှ အဲ့လိုဖြစ်မယ်လို့ အိပ်မက်မမက်ခဲ့ဖူးဘူး"

"ငါ သူမ ရွှေတွင်းနှစ်တွင်း ရှာတွေ့ခဲ့တယ်လို့ကြားခဲ့ပေမယ့် စိန်တွင်းတစ်ခုပါ တွေ့ဖို့တော့ မမျှော်လင့်ထားဘူး..."

လက်ဝတ်ရတနာဆိုင်သို့ လာရောက်ခဲ့သည့် ဧည့်သည်များမှာ အံ့အားသင့်နေကြပြီး သူတို့ဘာသာတီးတိုးပြောခဲ့ကြသည်။

မြို့တော်ရှိ စျေးအကြီးဆုံးနေရာတွင် လက်ဝတ်ရတနာဆိုင်တစ်ခု ပိုင်ဆိုင်ထားသူမှာ လွန်ခဲ့သောနှစ်အထိ ကောလဟာလဆိုးများဝန်းရံနေခဲ့သော လူနာပဲလ်ဖြစ်သည်ဆိုသောအသိက လူတိုင်းကိုအံ့သြသွားစေခဲ့သည်။

သူများတွေ မိုင်းတစ်တွင်းတောင် ရှာတွေ့ဖို့ခက်နေချိန်မှာ ဘုရားသခင်က ဘယ်လိုတောင် ကောင်းချီးပေးလို့ သူမက သုံးတွင်းတောင်ရှာတွေ့နိုင်ရတာလဲ။ပြီးတော့ အိမ်ရှေ့မင်းသားနဲ့ပါ အလုပ်တွဲလုပ်နိုင်ပြီး အခမဲ့ဆေးရုံလည်းဖွင့်ခဲ့သေးတယ်။

ထို့ကြောင့် လူတိုင်းသည် လူနာနှင့် စကားစမြည်ပြောဆိုနိုင်ရန် ကြိုးစားခဲ့ကြတော့သည်။

ရို့စ်မယ်ရီသည် လူနာ၏ဘေးတွင် သူမ၏အတွင်းရေးမှူးကဲ့သို့ရပ်နေကာ သူမတို့အား လာနှုတ်ဆက်သမျှလူတိုင်းကို ဘယ်သူကဘယ်သူဆိုပြီး မိတ်ဆက်ပေးခဲ့သည်။

ကံမကောင်းစွာပင် ရို့စ်မယ်ရီသည် မလိုလားအပ်သောဧည့်သည်တစ်ဦးရောက်လာသောကြောင့် တုန်လှုပ်ချောက်ချားစပြုလာခဲ့သည်။

"အိုး၊ ကိုယ်ထင်ထားတာထက်တောင် ပိုကောင်းနေတာပဲ။မင်း ဒီဟာအပေါ် အရမ်းအားစိုက်ထုတ်ခဲ့တဲ့ပုံပဲ"

၎င်းမှာ ကလ်လီယွန်ကလွဲပြီး တခြားသူမဟုတ်ပေ။သူက လူနာ၏ အဆောက်အဦးကို လှည့်ပတ်ကြည့်ပြီး ကောင်းမွန်သောမှတ်ချက်ကိုပေးခဲ့သည်။

လူတိုင်းက သူ့ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြချိန်တွင် ရို့စ်မယ်ရီသည် သူမ၏အံ့အားသင့်နေသော မျက်လုံးများကို မဖုံးကွယ်နိုင်ဘဲ လူနာ၏လက်ကို လှုပ်ယမ်းပြီး အမှန်တရားကို အလျင်အမြန်‌မေးလိုက်သည်။

"လူ-လူနာ နင် အရှင့်သားကို ဖိတ်ခဲ့တာလား"

"ဟင် ဟုတ်တယ်လေ။သူ အရင်တစ်ခေါက်က စိတ်ဝင်စားတယ်လို့ပြောခဲ့လို့"

ရို့စ်မယ်ရီသည် လူနာဆိုလိုတာက 'စိန်အကြောင်း' မှန်းသိသော်လည်း အကြောင်းတစ်ချို့ကြောင့် ကလ်လီယွန် စိတ်ဝင်စားသည်မှာ စိန်ထက် လူနာကိုပိုဖြစ်နိုင်သည်ဟု ခံစားခဲ့ရ၏။

လူနာက သူမ၏ကိုယ်ပိုင်ခံစားချက်များကို နားမလည်သေးဘဲ တုန့်ဆိုင်းနေပုံရသော်လည်း ကလ်လီယွန်မှာ သူ လူနာကို စိတ်ဝင်စားနေကြောင်း ပွင့်ပွင့်လင်းလင်းကြေညာခဲ့ပြီးဖြစ်သည်။

ငါ ဘာလုပ်သင့်လဲ။

"အလုပ်ရှုပ်နေတဲ့ကြားက လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်"

ရို့စ်မယ်ရီသည် စိုးရိမ်မှုကြောင့် အသက်ရှုဖို့ပင် ရုန်းကန်နေရသော်လည်း လူနာက ကလ်လီယွန်ကို သူ၏အချိန်ပေးပြီးလာခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။

သူမ တကယ်ကျေးဇူးတင်နေတာကြောင့်တော့ မဟုတ်ပေ။သူက အိမ်ရှေ့စံမင်းသားဖြစ်သည့်အလျှောက် ဟန်ဆောင်တာဆိုရင်တောင်မှ သူတို့၏ ခင်မင်ရင်းနှီးသောဆက်ဆံရေးကို ပြခြင်းက သေချာပေါက်အကျိုးရှိမှာဖြစ်သည်။

လူနာ၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ မြင်နေရသော ကလ်လီယွန်က နေရာမှာပဲတောင့်ခဲနေသည့် ရို့စ်မယ်ရီကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးကာ ပါးစပ်ဖွင့်လိုက်သည်။

"ကိုယ်က အလုပ်ရှုပ်နေတယ် ဆိုပေမယ့် လေဒီ ကိုယ်တိုင် ဖိတ်စာပို့လာမှတော့ ဘယ်လိုလုပ်မလာဘဲနေရမှာလဲ။ကိုယ်တို့ရဲ့ ဆက်ဆံရေးက တိမ်မြုပ်နေတာမှမဟုတ်ဘဲ"

"အရှင့်သား ဒီလိုပြောလာတော့ ကျွန်မ ဝမ်းသာမိပါတယ်"

"ကိုယ် မင်းရဲ့ လက်ဝတ်ရတနာလုပ်ငန်း ကြီးပွားလာဖို့ မျှော်လင့်မိတယ်။ မဟုတ်ဘူး အဲ့လိုဖြစ်အောင် ကိုယ်ကူညီပေးပါ့မယ်"

"ကျွန်မလည်း အဖိုးတန် ကျောက်မျက်ရတနာတွေ ရလာရင် အရှင့်သားကို အရင်ပြပါ့မယ်"

မဟုတ်သေးပါဘူး သူတို့ အခုဘာတွေလုပ်နေကြတာလဲ။

ရို့စ်မယ်ရီသည် သူတို့၏ သာမာန်နှုတ်ဆက်ခြင်းထက်ပိုသည့် ထူးခြားနက်နဲသော စကားများကြောင့် အေးခဲသွားခဲ့သည်။

ထိုသို့သောစကားများသည် သေချာပေါက် အချင်းချင်း စိတ်မဝင်စားသောလူနှစ်ယောက်ကြား ဖလှယ်မည့် စကားများ မဟုတ်ပေ။

လူနာသည် သူမအမှန်တကယ်စိတ်ဝင်စားသော သူများရှေ့တွင်သာ အဓိပ္ပါယ်မရှိသောစကားများ ပြောတတ်မှန်းသိသော်လည်း သူတို့၏ စကားပြောဆိုမှုက အပြင်လူများအတွက် အလွယ်တကူနားလည်မှုလွဲစေနိုင်နေသည်။

ရို့စ်မယ်ရီသည် လူနာကို ပိတ်ဆို့လိုက်ရင်း အန်းသန့်စ်ကို အနားတစ်ဝိုက်၌ အပူတပြင်းလိုက်ရှာလိုက်သည်။သူမအလိုအပ်ဆုံးအချိန်တွင် ရှိမနေသောကြောင့် အန်းသန့်စ်ကို ကျိန်ဆဲလိုက်ဖို့လည်းမမေ့ခဲ့ပေ။

"...အရှင့်သား မကျော်သင့်တဲ့ စည်းဆိုတာရှိမှန်းရော သေချာသိသေးရဲ့လား"

"ရို့စ်မယ်ရီ..."

သူမ ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ။

လူနာသည် အံ့အားသင့်မှုဖြင့် မျက်လုံးများဝိုင်းစက်သွားခဲ့သည်။

တစ်ဖက်တွင်မူ ကလ်လီယွန်သည် သူပစ်ချလိုက်သော ငါးစာအား ရို့စ်မယ်ရီလာချိတ်သောကြောင့် သူ၏ ပြုံးချင်‌ချင်ဖြစ်နေသော မျက်နှာနှင့် ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ပြီး မကျေမနပ်သလို လုပ်ခဲ့လိုက်သည်။

"ကိုယ်က ဒီတိုင်း ‌ကိုယ်သဘောကျရတဲ့ သူယောက်ကို ဖော်ရွေကြင်နာမှု ပြသရုံလေးပါ။ အဲ့ဒါက ဘာမှားနေလို့လဲ"

"အရှင့်သားက လူတွေရဲ့နှလုံးသားကို အပျော်သဘောနဲ့ ကစားနေတာပဲ...!"

ရို့စ်မယ်ရီသည် တုန်ယင်နေသော လက်များကို တင်းတင်းဆုပ်ပြီး ပြန်ချေပလိုက်သည်။ 

မဟုတ်သေးပါဘူး ဘာတွေဖြစ်နေတာလဲ။ 

လူနာသည် သူမလုံးဝနားမလည်နိုင်သော အခြေအနေကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ ကလ်လီယွန်သည် ရို့စ်မယ်ရီ၏ ဒေါသကို ဆက်လက် နှိုးဆွခဲ့သည်။

"ကိုယ် မင်းကိုပြောခဲ့တယ်လေ။ အဲ့ဒါက ပျော်စရာ ကောင်းနေမှတော့ ကိုယ်လည်းဘာမှမတတ်နိုင်ဘူး"

"…!"

ဒီကမ္ဘာပေါ်မှာ သူ့လို အမှိုက်ကောင်မျိုးထပ်မရှိနိုင်လောက်တော့ဘူး!သူက အိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်နဲ့ဘာမှကိုက်မနေဘူး။ဒါက ဟာသလို့ သူ တကယ်ထင်နေတာလား။

ရို့စ်မယ်ရီသည် ကလ်လီယွန်ကို ကမ္ဘာပေါ်မှာရှိရှိသမျှ ကျိန်ဆဲစကားများဖြင့် သူမနှလုံးသားထဲမှ နက်ရှိုင်းစွာ ကျိန်ဆဲခဲ့တော့သည်။၎င်းက ရိုးရှင်းစွာပင် လူနာ၏ တုံ့ပြန်မှုမှာ ရယ်စရာကောင်းသည်ဟု ဆိုလိုသော်လည်း လုံးဝကို နားလည်မှုလွဲနေသော ရို့စ်မယ်ရီမှာ ဆက်ပြီးအဓိပ္ပါယ်ကောက်လွဲဖို့ကလွဲပြီး ရွေးချယ်စရာမရှိချေ။

"ရှင် အခုဝင်စွက်မဖက်ဘဲ ထွက်သွားရင် ကောင်းမယ်။ရှင်ကြောင့်နဲ့ ဒီခမ်းနားတဲ့ဖွင့်ပွဲကို မလိုအပ်ဘဲ မပျက်စီးစေချင်ဘူး"

အစပိုင်းတွင် စကားဝိုင်းမှာ မရှင်းမလင်းဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အမှန်အတိုင်းနီးပါးဖြစ်လာခဲ့သည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိ မျိုးရိုးမြင့် မိန်းမပျိုများနှင့် ဧည့်သည်များသည် ပြဿနာအချို့ရှိနေမှန်း သတိပြုမိလာခဲ့ကြသည်။

"ရို့စ်မယ်ရီ နင် အဆင်ပြေရဲ့လား"

လူနာသည် အခြေအနေကို မသိသည့်တိုင် သူမ၏ လုပ်ရပ်ကို နားမလည်နိုင်ခဲ့ပေ။

လူနာက သူမလက်ကို ခါကာ ဘာမှားနေတာလဲဟု မေးလာသောကြောင့် ရို့စ်မယ်ရီသည် ပို၍ဝမ်းနည်းလာပြီး အိမ်ရှေ့မင်းသား၏လက်မောင်းကို ရုတ်တရက်ဆွဲကိုင်ကာ ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို အဲ့ပျော်ရွှင်မှုမျိုး ပေးနိုင်တယ်!"

"…!"

တစ်ချိန်တည်းမှာပင် တိတ်ဆိတ်မှုကရောက်လာခဲ့သည်။ 

ဘာကိုပေးနိုင်တာလဲ။

လူနာ အပါအဝင် လူတိုင်းသည် ဖြစ်ပျက်နေသမျှကို နားမလည်နိုင်သကဲ့သို့ ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်ကြသည်။

ထိုအချိန်တွင် ကလ်လီယွန်သည် မျက်လုံးများကို ခဏလောက်ပြူးကျယ်သွားပြီး နောက်ဆုံးတွင် သူတစ်ခါမျှမတွေးဖူးသည့် ပျော်စရာတစ်ခုခုကို တွေ့လိုက်သလိုမျိုး ပါးစပ်ထောင့်များကော့ညွှတ်သွားပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဂုဏ်သရေရှိမိသားစုရဲ့ အမွေဆက်ခံသူက ဒီလိုပြောလာမှတော့ ဆွေးနွေးကြည့်တာကအကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။ကိုယ်တို့ တိတ်ဆိတ်တဲ့နေရာကို ရွှေ့ပြီး မင်းပေးနိုင်မယ့် ပျော်ရွှင်မှုမျိုးကို ဖြေးဖြေးချင်း တွေးကြည့်ရတာပေါ့"

ထို့နောက် သူက သူ့လက်ကို ယဉ်ကျေးစွာ ညွှန်ပြလိုက်သည်။ရို့စ်မယ်ရီသည် သူမ၏အမှားကို သတိပြုမိသွားပြီး စစ်မြေပြင်သို့ သွားသကဲ့သို့ စိတ်ပိုင်းဖြတ်မှုဖြင့် အခန်းလွတ်ထဲသို့ လျှောက်သွားခဲ့လိုက်သည်။

"အဲ့ဒါက ဘာလဲ..." 

စုဝေးနေကြသော မိန်းမပျိုမျက ရို့စ်မယ်ရီ ထွက်ခွာသွားသောဘက်သို့ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းများစောင်းကြည့်လိုက်ကြသည်။

လူနာလည်း တစ်ပုံစံထဲ ခံစားနေရသည်။ ရို့စ်မယ်ရီမှာ အမြဲတမ်း စိတ်မြန်လက်မြန်ရှိသော်လည်း ယနေ့မှ ပိုဆိုးနေသလိုခံစားရသည်။

'ငါ သိချင်ပေမယ့်လည်း... သူမ ထက်မြက်တဲ့သူ‌ဆိုတော့ သူမဘာသာသူမ ကိုင်တွယ်နိုင်လောက်မှာပါ''

လူနာသည် ရို့စ်မယ်ရီက သူမကို အချိန်တန်ရင် ရှင်းပြလိမ့်မည်ဟု ယုံကြည်ပေသည်။

ထို့ကြောင့် လူနာလည်း တခြားသူများကို ရို့စ်မယ်ရီထံမှ အာရုံလွှဲရန် ကြိုးစားရင်း သူမ၏ သိမ်းထားသော လျှို့ဝှက်လက်နက်ကိုထုတ်သုံးလိုက်သည်။

"အိုး စကားမစပ် ငါ့မှာ ဒီနေ့အတွက် အထူးပြင်ဆင်ထားတဲ့ စိန်တစ်လုံးရှိတယ်။အဲ့ဒါက တော်တော်လေး ကြီးတော့ ဘယ်လိုလုပ်သင့်လဲ စဉ်းစားနေတာ"

လူနာက ၎င်းက ရှားပါးသည့်အခွင့်အရေးမို့ အတူသွားကြည့်ကြမလားဟု အကြံပြုတော့မည့်အချိန်တွင် အဖွဲ့ထဲရှိ မိန်းမပျိုယောက်သည် ထူးဆန်းတာတစ်ခုခုတွေ့လိုက်ရသလိုမျိုး မျက်လုံးပြူးကျယ်ပြီး ညွှန်ပြလာခဲ့သည်။

"ဟင် အဲ့ဒါ သခင်လေး ဗင်းဆင့် မဟုတ်ဘူးလား။သူ့ဘေးနားကလူက...ဘယ်သူကြီးလဲ"

TK Team (chapter 112)