ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 113
အန်းသန့်စ်၏ အမည်ကို ကြားသည်နှင့် လူနာ၏ အကြည့်များက အလိုလျောက်လှုပ်ရှားသွားခဲ့သည်။
ထိုအကြောင်းတွေးမှ သူမသည် လက်ဝတ်ရတနာဆိုင်ကို ရောက်ကတည်းစ တခြားသူများကို ကိုင်တွယ်ဖို့ အလုပ်များနေခဲ့ပြီး သူ ဘာလုပ်နေလဲဆိုတာကို ဂရုမစိုက်နိုင်ခဲ့ချေ။
အန်းသန့်စ်သည် သူ့ဘာသာသူလည်း အဆင်ပြေတတ်သောပုံစံဆိုပေမယ့် သူက မနက်ထဲစ သူမကို ဂရုစိုက်ပေးခဲ့တာကြောင့် သူမလည်း သူ့ကို ဂရုစိုက်သင့်သည်။တစ်ချိန်လုံး မပူးကပ်နေရင်တောင် သူမ၏ ဖွင့်ပွဲအခမ်းအနား၌ အနေမခက်အောင် ကူညီပေးသင့်သည်။
လူနာသည် ထိုသို့ဖော်ရွေသောအတွေးဖြင့် တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
'အမျိုးသမီးလား...'
အန်းသန့်စ်က အမျိုးသမီးတစ်ဦးနှင့် စကားပြောနေခဲ့တာဖြစ်သည်။အမျိုးသမီးက နောက်ကျောပေးထားသောကြောင့် သူမ၏ မျက်နှာကို သေချာ မမြင်ရသော်လည်း ကြည့်ရတာ သူတို့သည် သာယာသော စကားဝိုင်းရှိနေပုံရသည်။
'ဘာကြီးလဲ…ဒီသာက်ကျိုးနည်း ခံစားချက်ကြီးက'
တကယ်တမ်းတွင် အန်းသန့်စ် အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေနေ မနေနေ သူမအတွက် အရေးမကြီးပေ။သူမသည် သူ လူကောင်းတစ်ယောက်ကို မြန်မြန်ရှာတွေ့ပြီး သူမနှင့် လမ်းခွဲပေးဖို့ကို ဆန္ဒရှိခဲ့သူဖြစ်သည်။
သို့သော် အကြောင်းတစ်ချို့ကြောင့် လူနာသည် သူတို့ထံမှ မျက်လုံ မခွာနိုင်ခဲ့ချေ။
စောနကအထိ ကောင်းနေခဲ့သော သူမ၏ စိတ်အခြေအနေလေးက ရုတ်တရတ်ကြီး မသာမယာဖြစ်သွားခဲ့သည်။
လူနှစ်ယောက် စကားပြောနေတာကို မြင်ရရုံနဲ့ ငါ ဘာလို့ဒီလိုခံစားနေရတာလဲ။
'ဟော်မုန်းကြောင့်ပဲဖြစ်ရမယ်! တော်စမ်း။ ရပ်လိုက်တော့။ငါက သူငယ်ချင်းခိုးခံရတာနဲ့ငိုမယ့် မူကြိုကလေး မဟုတ်ဘူး။ ငါ့ကို မကောင်းတဲ့သူဖြစ်အောင် မလုပ်နဲ့!'
လူနာ၏ ခေါင်းထဲတွင် ထိုအတွေးများက တိုက်ခိုက်နေပြီး မတင်မကျစိတ်ဖြင့် သူမဘေးက လူများအား သူမကို နားလည်ပေးရန် ခွင့်တောင်းလိုက်သည်။
"ခွင့်ပြုပါ။ငါ ခဏလောက် သွားလို့ရမလား"
"အာ! အွန်း အွန်း။ ဒါပေါ့ ကျေးဇူးပြုပြီး သွားပါ"
"ငါတို့လည်း ခဏလောက် လှည့်ပတ်ကြည့်လိုက်အုံးမယ်"
သဘာဝအတိုင်းပင် တူညီသောမြင်ကွင်းကို မြင်လိုက်ရသော မိန်းမပျိုလေးများက လူနာ၏ခံစားချက်ကို အပြည့်အဝနားလည်ကြပြီး သူမကို မြန်မြန်သွားရန် တိုက်တွန်းခဲ့ကြသည်။
လူများစွာစုဝေးနေသာပွဲဖြစ်တာကြောင့် လူအမျိုးမျိုးနှင့် စကားပြောဆိုတာက ပုံမှန်ဖြစ်သော်လည်း ဆန့်ကျင်ဘက်လိင်ဖြစ်သော လူနှစ်ဦးက သီးသန့်စကားပြောနေသည်ကို မြင်ရခြင်းမှာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှပေသည်။
လူတိုင်း၏ ပံ့ပိုးမှုဖြင့် လူနာသည် အန်းသန့်စ်ဆီသို့ လျင်မြန်စွာ သွားခဲ့လိုက်သည်။
သူတို့က ထွက်ပြေးသွားမှာမဟုတ်တာကြောင့် သူမ ဖြည်းညှင်းစွာ လမ်းလျှောက်နိုင်ပေမယ့်လည်း အကြောင်းတချို့ကြောင့် လူနာသည် သူမ၏ ခြေလှမ်းများကို မသိလိုက်စွာပင် အရှိန်မြှင့်တင်ခဲ့မိသည်။
'ဒါပေမယ့် အဲ့ကိုရောက်ရင် ငါ ဘာပြောရမှာလဲ။ ပုံမှန်လိုပဲ ဟယ်လိုလို့ နှုတ်ဆက်လိုက်သင့်သလား။ 'နင်ကဘယ်သူလဲ' 'ရှင်တို့ ဘာအကြောင်းပြောနေတာလဲ' လို့မေးလိုက်ရင်ထူးဆန်းနေမှာမလား'
လူနာသည် သူတို့နားချဉ်းကပ်ဖို့ကို ဆုံးဖြတ်ထားသော်လည်း ဘာပြောရမှန်း သေချာမသိသေးချေ။
'အာ မသိတော့ဘူး။ငါ ဖွင့်ပွဲကို လာပေးလို့ ကျေးဇူးတင်ပါတယ်ဆိုပြီးပဲနှုတ်ဆက်လိုက်တော့မယ်'
လူနာသည် ထိုအတွေးဖြင့် အန်းသန့်စ်နှင့် ထိုအမျိုးသမီးဆီ ချဉ်းကပ်သွားခဲ့သည်။ သူမ အနား ရောက်သွားချိန်တွင် ထိုအမျိုးသမီး၏ မျက်နှာကို မြင်လိုက်ရပြီးအံ့ဩတုန်လှုပ်သွားကာ ခဏလောက် မတုံ့ပြန်နိုင်ခဲ့တော့ပေ။
"…! "
* * *
ဒဲဗောရာသည် အစေခံ၏အကြံကို လက်ခံပြီးနောက် ဈေးဝယ်ရန် မြို့လယ်သို့ သွားရောက်ရန်ဆုံးဖြတ်ခဲ့သည်။သူမ တစ်ခုခု ဝယ်ချင်တာကြောင့် မဟုတ်ဘဲ စံအိမ်ကြီးမှ အဝေးသို့ ခဏလောက် ထွက်သွားခြင်တာကြောင့်ပင်။
"...စျေးဝယ်ချင်တာလား"
အိမ်တော်ထိန်းသည် ရုတ်တရက်ကြီး ဒဲဗောရာက သူမအပြင်ထွက်ဈေးဝယ်ချင်သည်ဟုတရက်ကြီး ဒဲဗောရာက သူမအပြင်ထွက်ဈေးဝယ်ချင်သည်ဟု ပြောလာသောကြောင့် မျက်မှောင်ကြုတ်မိသွားခဲ့သည်။ထို့နောက် သူသည် သူမ မြို့စားကြီးနှင့် ညှိနှိုင်းစဉ်တုန်းက ထိုသို့သော တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့သည်ကို ပြန်အမှတ်ရသွားခဲ့သည်။
အိမ်တော်ထိန်းသည် အရေးတကြီးကိုင်တွယ်စရာကိစ္စများရှိသေးသောကြောင့် သူမနှင့်အတူလိုက်မသွားနိုင်ပေ။သူ တုံ့ဆိုင်းနေသော်လည်း စောနက ဖယ်ဆန်ကြောင့် လန့်သွားခဲ့သော ဒဲဗောရာကို ပြန်တွေးမိသွားပြီး သူ မငြင်းနိုင်တော့ချေ။
"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။ပြီးတော့ မင်းမျက်နှာကို ဖုံးကွယ်ဖို့ ဦးထုပ်ဆောင်းတာသေချာပါစေ"
အိမ်တော်ထိန်းက ဒဲဗောရာကို သူမ၏ မျက်နှာအား တတ်နိုင်သမျှ ဖုံးထားရန် ညွှန်ကြားခဲ့ပြီး အစောင့်သေချာထည့်ပေးခဲ့သည်။
ဒဲဗောရာသည် အစေခံတစ်ဦး၊ အစောင့်တစ်ဦးနှင့်အတူ မြို့စားကြီး၏ စံအိမ်မှ ထွက်ခွာပြီး မြို့လယ်သို့သွားခဲ့ကြသည်။ ဒဲဗောရာသည် ရထားပေါ်၌ သတိကြီးစွာဖြင့် အစေခံအား စကားပြောခဲ့သည်။
"တဆိတ်လောက်... ငါ နင့်နာမည်ကိုမေးလို့ရမလား"
သူ့ကိုကူညီနေသော အစေခံ၏ နာမည်ကို သိသင့်ပေသည်။နာမည်မသိဘဲ ဒီတိုင်းကြီး ဆက်ခေါ်ဖို့က ကသိကအောက်ဆန်လှသည်။မထင်မှတ်ထားသောမေးခွန်းတစ်ခု ဖြစ်သော်လည်း ခဏအကြာတွင် အစေခံက ဖြည်းညှင်းစွာ ပြန်ဖြေလာခဲ့သည်။
"ငါ့ကို ဘတ်သ် လို့ခေါ်လို့ရတယ်"
"အာ ဟုတ်ပြီ ဘတ်သ် ကောင်းပြီ။ ဒါဆို ငါ့ကိုလည်း ဒဲဗောရာလို့ပဲ ပေါ့ပေါ့ပါးပါး ခေါ်လို့ရတယ်"
"နားလည်ပါပြီ"
ဘတ်သ်က မျှော်လင့်ထားသည်ထက် ပိုချစ်စရာကောင်းသော နာမည်တစ်ခုပင်ဖြစ်သည်။နာမည်များ ဖလှယ်ခဲ့ကြပြီးနောက် တိတ်ဆိတ်မှုက ရထားကို ဖုံးလွှမ်းသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အစောင့်သည် တစ်ချိန်က လမ်းမများပေါ်၌ တောင်းရမ်းဖူးသော အမျိုးသမီးနှင့် တစ်နေရာထဲ မထိုင်လိုသောကြောင့် သူတို့နှစ်ယောက်ကိုချန်ထားကာ ရထားထိန်းဘေးနား သွားထိုင်ခဲ့သည်။
"အာ...သူမရော ဘယ်လိုနေလဲဟင်"
ဒဲဗောရာသည် သူမအသံကို ကြားသွားမှာ စိုးရိမ်သဖြင့် တိုးတိုးပြောခဲ့လိုက်သည်။သူမက သူ့အမေအကြောင်းမေးနေတာဖြစ်သည်။
ဘတ်သ်သည် ဒဲဗောရာ၏ စိုးရိမ်ပူပန်နေသော အကြည့်ကို သတိပြုမိပြီး ခေါင်းညိတ်ပြကာ တိုးဖွသောလေသံဖြင့် ပြန်ပြောလိုက်သည်။
"အခွင့်ကောင်းရလာရင် သူမနဲ့ တွေ့နိုင်အောင် စီစဉ်ပေးမယ်"
အခြေအနေတွေ တိုးတက်လာပြီး မြို့စားကြီး နဲ့ အိမ်တော်ထိန်းက သူတို့၏ တင်းကျပ်မှုများကို လျော့ချလိုက်ပါက အခွင့်အရေးရှိလာမှာဖြစ်သည်။အကြာကြီးမတွေ့နိုင်ရင်တောင် သူမမျက်နှာ မြင်ရရုံဖြင့် ဒဲဗောရာအား စိတ်ချမ်းသာစေမှာဖြစ်သည်။
သူတို့ စကားစမြည်ပြောကြရင်း မကြာခင်မှာပင် ဦးတည်ရာသို့ ရောက်လာခဲ့သည်။ဒဲဗောရာတို့သည် အစောင့်မပါဘဲ ရထားပေါ်မှ ဆင်းလိုက်ပြီး ခမ်းနားထည်ဝါသော အဆောက်အအုံကြီးကို လှမ်းမြင်လိုက်ရချိန်တွင် ဒဲဗောရာ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
"ဒါက လက်ဝတ်ရတနာဆိုင်လေ။သူတို့ ဒီနေ့မှစဖွင့်တာ"
ဘတ်သ်သည် သူမပစ္စည်းများထဲမှ ဖိတ်စာတစ်စောင်ကိုထုတ်ပြီး ရှင်းပြလိုက်သည်။ လူနာ၏ ညွှန်ကြားချက်ကြောင့် မြို့တော်တွင် နေထိုင်သော မျိုးရိုးမြင့်များ အားလုံး ဖိတ်ကြားခံခဲ့ရပြီး သဘာဝအတိုင်းပင် မြို့စားကြီး၏ အိမ်သို့ ဖိတ်စာ တစ်စောင် ရောက်ရှိလာခဲ့သည်။
ဘတ်သ်သည် ၎င်းကို မြို့စားကြီး၏ခွင့်ပြုချက်ဖြင့် ဒေဗောရအတွက်ယူဆောင်ခဲ့ခြင်းဖြစ်သည်။
"နင် ကြိုက်သလောက် ဝယ်လို့ရတယ်။ ငါပြောသလိုပဲ နင် များများဝယ်လေ သူတို့ နင့်အပေါ် သတိထားမှု လျော့ချဖို့အလားအလာပိုများလေပဲ"
အစေခံ၏အသံမှာ အလွန်တိုးသောကြောင့် သူမ ကောင်းစွာမကြားရသော်လည်း ဒဲဗောရာသည် ဘတ်သ်က ဤအရာကို ယခင်က အကြိမ်ကြိမ်ပြောခဲ့သဖြင့် နားလည်ဟန် ခေါင်းညိတ်ပြလိုက်သည်။
စည်းစိမ်ဥစ္စာကို စွဲလမ်းသော မိန်းမကဲ့သို့ ပြုမူခြင်းက တစ်ဖက်လူ၏ သတိထားမှုကိုလျော့ချရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
မြို့စားကြီးသည် အစကတည်းက ဒဲဗောရာထံမှ ထိုသို့အပြုအမူမျိုးကို မျှော်လင့်ခဲ့သည်။
"ငါ ဒီမှာပဲနေခဲ့မယ်"
ဒဲဗောရာသည် တွေးတောရင်း လက်ဝတ်ရတနားဆိုင်ထဲကို ဝင်တော့မည့်အချိန်တွင် သူမကို စောင့်ကြည့်ရန်တာဝန်ကျသော အစောင့်က စိတ်အနှောင့်အယှက်ဖြစ်သလိုအမူအရာဖြင့် သူ့ပါးစပ်ကို ဖွင့်လာခဲ့သည်။
တကယ်တမ်းတွင် သူသည် လမ်းပေါ်မှာ တောင်းစားခဲ့ဖူးသော အမျိုးသမီးတစ်ဦးအား ကာကွယ်ရန် မြို့စားကြီးထံမှ တရားဝင်ခန့်အပ်ခံထားရသောကြောင့် အရှက်ရသလို ခံစားခဲ့ရပြီး စိတ်အနှောင့်အယှက်ဖြစ်နေမိသည်။
"ဘာပဲဖြစ်ဖြစ် သူတို့က အထဲမှာ အစောင့်တွေ ချထားမှာပဲ မဟုတ်ဘူးလား"
ထို့ကြောင့် သူ့ကိုပါခေါ်ပြီး ကိစ္စများကို ပိုမိုရှုပ်ထွေးအောင်လုပ်ရန် မလိုအပ်ဟု အကြံပေးလာသော အစောင့်ကို ဘတ်သ်က ခေါင်းညိတ်ပြလိုက်သည်။
သူပြောသည်မှာ ခိုင်လုံသော အကြောင်းပြချက်မဟုတ်သော်လည်း ဒဲဗောရာ နှင့် ဘတ်သ်က သူ မရိဖို့ကို ပိုတောင်လိုလားနေသေးသည်။
ထို့ကြောင့် ဒေဗောရနှင့်ဘတ်သ်တို့သည် လက်ဝတ်ရတနာဆိုင်ထဲသို့ နှစ်ယောက်တည်း ဝင်လာခဲ့သည်။
စံအိမ်ကြီးထဲမှ ခဏတာလွတ်မြောက်ရန်နည်းလမ်းအဖြစ်ရွေးချယ်ထားသော လက်ဝတ်ရတနာဆိုင်ကြီး၏ အတွင်းပိုင်းမှာ အလွန်ခမ်းနားထည်ဝါလွန်းလှသည်။
'ငါ့ဘဝမှာ အရင်က လက်ဝတ်ရတနာက ဘာလဲဆိုတာတောင် မသိခဲ့ဘူး။ဝါး လက်ဝတ်ရတနာဆိုင်ဆိုတာက ဒီလိုမျိုးပါလား။ငါ ပြီးခဲ့တဲ့ တစ်ခေါက်ကသွားခဲ့တဲ့ အဝတ်စားဆိုင်ကတောငိ ဒီလောက်မခမ်းနားနေဘူး။အရာအားလုံးက ဘာလို့ အရမ်းလှနေရတာလဲ'
ဒဲဗောရာသည် အကျယ်ကြီးထုတ်ပြောမိမလိုဖြစ်သွားသော အနည်းငယ်ရှက်စရာကောင်းသည့် ခံစားချက်ကို မျိုချလိုက်ပြီး ပြိုးပြိုးပြက်ပြက်ဖြင့် လှပနေသော အတွင်းခန်းကို သဘောတကျလှည့်ပတ်ကြည့်နေစဉ် မထင်မှတ်ထားသောပုံရိပ်တစ်ခု သူမမျက်လုံးထဲ ဝင်လာခဲ့သည်။
"…အယ်"
၎င်းမှာ သူမ ယခင်က အဝတ်ဆိုင်ရှေ့၌ တွေ့ခဲ့သော အန်းသန့်စ်မှလွဲပြီး တခြားသူမဟုတ်ပေ။ ပြတင်းပေါက်ကနေကြည့်ရတာတောင် သူ၏ ချောမောမှုများက သူမကို အံ့သြသွားစေခဲ့ပြီး အခုလို အနီးကပ်မြင်ရချိန်၌ သူမ၏မျက်လုံးများက သူ့နောက်သို့ သဘာဝကျကျပင် ကပ်ပါသွားခဲ့သည်။
လောကမှာ ဒီလောက် ချောမောလွန်းတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။
ဒဲဗောရာသည် သူမဘာသာတောင် သတိမထားမိလိုက်ဘဲ အန်းသန့်စ်ဆီသို့ လျှောက်သွားမိခဲ့သည်။
"…?!"
ဘတ်သ်က အံ့အားသင့်သွားပြီး ကမန်းကတန်း သူမနောက်သို့ လိုက်သွားခဲ့သော်လည်း နောက်ကျသွားပြီဖြစ်သည်။အန်းသန့်စ်ကိုသာ အာရုံစိုက်နေမိသော ဒဲဗောရာသည် ဖြတ်သွားသူတစ်ယောက်အား သတိမထားမိလိုက်ဘဲ ဝင်တိုက်မိပြီး ဟန်ချက်ပျက်သွားခဲ့သည်။
"…!"
"မင်း အဆင်ပြေရဲ့လား"
ဒဲဗောရာသည် သူမတော့လဲကျပြီး နာကျင်တော့မည်ဟုတွေးလိုက်သော်လည်း မမျှော်လင့်စွာပင် အန်းသန့်စ်က သူမကို မလဲကျအောင်ထိန်းကိုင်ပေးလာခဲ့သည်။
" ကျွန် ၊ ကျွန်-ကျွန်မ အဆင်ပြေပါတယ် ...!"
အဆင်ပြေတယ်လို့ ပြောဖို့က အဲ့လောက်တောင် ခက်တာလား။
ဒဲဗောရာသည် အကြိမ်အနည်းငယ် ခေါင်းညိတ်ပြပြီး အဖြေပေးရန် ကြိုးစားခဲ့လိုက်သည်။
သို့သော် အန်းသန့်စ်ကဲ့သို့ တောက်ပသော ယောင်္ကျားတစ်ယောက်၏ ရှေ့တွင် သူမ မည်ကဲ့သို့ ကောင်းကောင်းဖြေနိုင်မည်နည်း။
အန်းသန့်စ်သည် ဒဲဗောရာ၏မျက်နှာကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး သူမဆီမှ သူ့မျက်လုံးများကို မခွာနိုင်ခဲ့ချေ။
ဒဲဗောရာသည် စိုက်ကြည့်ခံရမှုကြောင့် သူမ၏မျက်နှာမှာ ပေါက်ကွဲလုမတက် နီရဲလာခဲ့သည်။
သို့တိုင် အန်းသန့်စ်သည် အနည်းငယ်မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး သူမ လက်ကိုမလွှတ်ပေးလာခဲ့သေးချေ။ ထို့ကြောင့် ကြောင်အနေသော ဘတ်သ်က လျင်မြန်စွာပြန်ကောင်းမွန်လာပြီး ဒဲဗောရာကိုစစ်ဆေးခဲ့လိုက်သည်။
"အဆင်ပြေရဲ့လား"
"အာ အင်း...!"
ထိုမှသာ အန်းသန့်စ်သည် ဒဲဗောရာ၏ လက်ကိုလွှတ်လိုက်သော်လည်း သူ၏အကြည့်များကတော့ သူမအပေါ်မှာပဲ ကျရောက်နေဆဲဖြစ်သည်။
"မင်း အဆင်ပြေလို့ ဝမ်းသာပါတယ်။ကျွန်တော့် နာမည်က အန်းသန့်စ်ဗင်းဆင့်ပါ"
အန်းသန့်စ်က ရုတ်တရက်ကြီး သူမအပေါ် စိတ်ဝင်စားဟန်ပြလာသာကြောင့် ဒဲဗောရာသည် ဘာလုပ်ရမလဲမသိစွာ မဝံ့မရဲပြန်ဖြေလိုက်သည်။
"ကျွန်မနာမည်က ဒဲဗောရာပါ…"
ဒဲဗောရာသည် သူမ၏မျိုးရိုးအမည်ကို မဖော်ပြဘဲ မျိုးရိုးမြင့်တစ်ဦး၏ အမူအရာနဲ့မတူစွာ ဦးညွှတ်နှုတ်ဆက်လိုက်သော်လည်း သူက ဘာမှဆက်ပြီး မပြောလာခဲ့ပေ။
ဒါပေါ့ သူက ဒီတိုင်းလျစ်လျူရှုလိုက်တာမဟုတ်ဘဲ ခဏလောက်တော့ မျက်လုံးများတွန့်ကွေးကာ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေသလို အမူအရာပြလာခဲ့သည်။
"မင်းက လက်ဝတ်ရတနာဝယ်ဖို့ လာခဲ့တာထင်တယ်"
"အာ ဟုတ်ပါတယ်…!"
"မင်း ကြိုက်တဲ့ ကျောက်မျက်ကို ရှာတွေ့ပြီလား"
"အာ အခုထိတော့ မတွေ့သေးဘူး..!ကျွန်မက စောနမှ ရောက်တာဆိုတော့ လှည့်ပတ်မကြည့်ရသေးဘူး…"
"အာ..."
သူက စကားမရပ်ချင်သလိုမျိုး ဒဲဗောရာကို ဆက်စကားစမြည်ပြောလာခဲ့သည်။
ဒဲဗောရာသည် ဘာဖြစ်နေမှန်းကို နားမလည်သော်လည်း ချိုမြိန်လှသော အခြေအနေကြောင့် မျက်လုံးများ လင်းလက်လာကာ သူမ၏နှလုံးသည် ပြေးနေသလိုခုန်ပေါက်လာခဲ့သည်။
သူမအနားရှိ ဘတ်သ်သည် ထိပ်လန့်တုန်လှုပ်မှုကို ဖုံးကွယ်ထားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။သူမက သူဘယ်သူလဲဆိုတာ သိနေခဲ့ပြီး သူ ဘာလို့ ဒဲဗောရာနဲ့စကားပြောချင်နေတာလဲဆိုတာကို သိနေပုံရသည်။
သို့သော် သူက မျိုးရိုးမြင့်တစ်ယောက်ဖြစ်ပြီး သူမက အစေခံဖြစ်သောကြောင့် နှင်ထုတ်လို့မရနေပေ။ကံကောင်းသည်လား ကံဆိုးသည်လားမသိစွာပင် အန်းသန့်စ် စကားအများကြီးပြောဖို့ မလုပ်ရသေးခင်မှာပဲ မထင်မှတ်ထားသော လူတစ်ယောက်က စကားဝိုင်းကို နှောင့်ယှက်လာခဲ့သည်။
"ရှင် ဒီမှာဘာလုပ်နေတာလဲ..."
TK Team (chapter 113)