Chapter 111
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 111


ပိုစိတ်ဝင်စားစရာကောင်းတဲ့ တစ်စုံတစ်ယောက်လား။

ရို့စ်မယ်ရီသည် ကလ်လီယွန်၏ ပေါ့ပေါ့ပါးပါး သဘောထားကြောင့် အံ့အားသင့်သွားခဲ့သည်။

တစ်ချို့လူတွေအတွက် ဒါက သေရေးရှင်ရေးဖြစ်နေတာကို သူက ဘာလို့ ပေါ့ပေါ့ပါးပါးနဲ့ ဂရုမစိုက်သလို နေနိုင်ရတာလဲ။

ရို့စ်မယ်ရီသည် ဒေါသကြောင့် တုန်ယီနေသော လက်များကို တင်းတင်းဆုပ်ပြီး ဆက်ပြောနေလည်း မထူးဘူးဆိုသလိုမျိုး မတ်တပ်ထရပ်လိုက်သည်။

"… ရှင်ဒီလိုတွေးတာ ဝမ်းနည်းစရာပဲ။ ကျွန်မ နားလည်ပါပြီ။ကျွန်မကို စကားပြောဖို့ အချိန်ပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်"

ရို့စ်မယ်ရီသည် နှုတ်ဆက်စကားအနည်းငယ်ဆိုပြီးနောက် ကလ်လီယွန်၏ရုံးခန်းထဲမှ အမြန်ထွက်သွားခဲ့သည်။

ကလ်လီယွန်သည် ရို့စ်မယ်ရီက မငိုမိအောင်မနည်းထိန်းနေရသကဲ့သို့ သနားစရာကောင်းဖွယ် ထွက်ခွာသွားတာကြောင့် သူ အရမ်းကြမ်းတမ်းမိသွားတာလားဟု ခဏလောက် တွေးတောမိသွားသော်လည်း သူမသာ နားလည်မှုမလွဲခဲ့ပါက ဒီလိုမျိဖြစ်လာမှာမဟုတ်ဟု တွေးကာ အပြစ်ရှိစိတ်ကို ဖယ်ရှားလိုက်သည်။

'ဘာပဲဖြစ်ဖြစ် ခဏလောက်တော့ ပျော်ဖို့ကောင်းသားပဲ'

အန်းသန့်စ်ကို စနောက်ခြင်းက ပျော်စရာကောင်းသော်လည်း သူက အရမ်းခေါင်းမာလွန်းသည်။လူနာပဲလ်ကို လိုက်ရန်မှာလည်း ရှုပ်ထွေးလွန်းသည်။

'အင်ပါယာနန်းတော်က အရမ်းငြီးငွေ့ဖို့ကောင်းလွန်းတယ်။အဲ့ဒါကြောင့် ဒီနားလည်မှုလွဲတာက အကြာကြီးဖြစ်ဖို့မျှော်လင့်မိသား'

ကလ်လီယွန်သည် ဖြည်းညှင်းစွာပြုံးလိုက်ပြီး စာရွက်စာတမ်းအချို့ကို ကောက်ယူလိုက်သည်။

ကံမကောင်းစွာပင် ရို့စ်မယ်ရီကိုတွေ့ဖို့ အချိန်လုပ်ခဲ့ရတာကြောင့် ယခုတွင် သူ့မှာ တခြားဟာတွေးနိုင်ဖို့ အချိန်မရှိတော့ပေ။

* * *

ဒဲဗောရာသည် သူမ၏အခန်းသို့ပြန်လာပြီးနောက် သူမကိုယ်သူမ စောင်ထဲမြှုပ်နေလိုက်ကာ သူမတွေ့ခဲ့သောလူကို ပြန်တွေးလိုက်သည်။

သူမသည် မိတ်ကပ်လိမ်းပြီး လူနာပဲလ်အဖြစ် အတုခိုးနိုင်ခဲ့သည်ဟု ထင်ခဲ့သော်လည်း ဖယ်ဆန်က လူနာဘယ်မှာလဲဟု မေးကာ မျက်မှောင်ကြုတ်လာခဲ့သည်။ 

ဖယ်ဆန်သည် ဒဲဗောရာကို လူနာအဖြစ် မမြင်နေသောကြောင့် အစေခံသည် ဒဲဗောရာကို သူမနောက်တွင် အမြန်ဝှက်လိုက်သည်။ထို့နောက် အိမ်တော်ထိန်းက စကားမှားသွားတာဖြစ်ကြောင့် ပြန်ပြင်ခဲ့လိုက်သည်။

"အာ ကျွန်တော်မှားပြောမိတာပါ။ကျွန်တော် သူမကို အခုချက်ချင်းခေါ်လာခဲ့ပါမယ်။ ခဏလောက်စောင့်ပါ"

သဘာဝအတိုင်းပင် ဖယ်ဆန်၏ သံသယများက ကြီးထွားလာခဲ့သည်။

အခြေအနေတစ်ခုလုံးက ထူးဆန်းနေသည်- လူနာ ရုတ်တရတ်ကြီး ရောက်လာတာကထူးဆန်းသည်။ပိုထူးဆန်းသည်မှာ သူမ လာပြီဟုပြောခဲ့သော်လည်း အခုတော့ သူမကို သွားခေါ်အုံးမည်ဟု ပြောပြန်သည်။

နောက်ဆုံးတစ်ခေါက် သူမကိုတွေ့စဉ်က သူမသည် ဆိုင်ယာကိုတောင်ခေါ်ခဲ့ပြီး သူ့ကို ဘယ်တော့မှ မတွေ့တော့ဘူးဟု ပြောခဲ့သည်။ယခုကျ သူမက ရုတ်တရက် လာလည်ပြီး တောင်းပန်ချင်လို့ပါဟုပြောလာခဲ့သည်။

ဖယ်ဆန်သည် ထိုအချိန်ကို ပြန်သတိရသွားပြီး ဒေါသနှင့် ဝမ်းနည်းစိတ်များ လှိုင်တက်လာကာ သူ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးဟုပြောပြီး တစ်ဖက်သို့လှည့်လိုက်သည်။

အခန်းထဲရှိ ပြည့်လျှံနေသော ထူးဆန်းသည့်ရနံ့ကြောင့် သူ့တွင် ဒေါသဖြစ်ရန် စွမ်းအင်တောင် မရှိနေချေ။

အိမ်တော်ထိန်းက လက်လျှော့ပြီး ဒဲဗောရာကို အခန်းအပြင်သို့ခေါ်ထုတ်သွားကာ တံခါးကိုစောင့်နေသော အစေခံအား တစ်စုံတစ်ခုကို ပေးလိုက်သည်။

"အမွှေးနံ့သာနဲ့ ရောမွှေလိုက်"

၎င်းက ကြည်လင်သော အရည်ဖြစ်သည်။ အစေခံက ၎င်းမှာ ဘာလဲဆိုတာတောင် မသိဘဲ လက်ခံလိုက်ပြီး ဖာဆန်၏ အခန်းထဲသို့ဝင်သွားခဲ့သည်။

"ကျွန်မက အခု ဘာလုပ်ရမှာလဲ..."

ထိုအချိန်အတွင်း စီစဉ်ထားသမျှ သွားပြီဟုထင်နေသော ဒဲဗောရာက အိမ်တော်ထိန်းကို သတိကြီးစွာဖြင့် မေးလိုက်သည်။ ဖယ်ဆန်က သူမကို ပြတ်ပြတ်သားသား ဂရုမစိုက်ကြောင်း ပြသခဲ့တာကြောင့် သူမလည်းဘာမှမတတ်နိုင်ချေ။

သို့သော် အိမ်တော်ထိန်းက အခြားအကြံတစ်ခုရှိနေပုံရသည်။သူက သူမစကားများကို မတုံ့ပြန်ဘဲ ခဏနေနေပြီးနောက် ဒဲဗောရာကို အထဲသို့ ပြန်တွန်းကာ အထဲဝင်သွားဖို့ပြောလိုက်သည်။

"အထဲဝင်လိုက်။ ဒီတစ်ခါ မင်းတစ်ယောက်တည်းပဲ။ငါ ပြောခဲ့သမျှကို မမေ့နဲ့"

"?!"

သူမ မငြင်းနိုင်ခင်မှာပဲ အိမ်တော်ထိန်းက သူမကို အထဲတွန်းထည့်ပြီး တံခါးကိုပိတ်ပစ်လိုက်၏။

"ခဏလေး! အိမ်တော်ထိန်း!ပြန်ဖွင့်ပေးပါ"

ဒဲဗောရာသည် ၎င်းကြောင့် အံ့အားသင့်သွားပြီး တံခါးကို ခေါက်ကာ ပြန်ဖွင့်ပေးရန် အော်ဟစ်လိုက်သော်လည်း တင်းကျပ်စွာ ပိတ်ထားသည့် တံခါးမှာ တုတ်တုတ်မှ မလှုပ်လာခဲ့ချေ။

"...လူနာလား"

ပိုဆိုးစွာပင် ဒဲဗောရာသည် လူနာပဲလ်ကို ရှာဖွေနေသည့် ဖယ်ဆန်၏ အသံကို သူမနောက်မှ ကြားလိုက်ရသည်။

ငါ ဘာလုပ်သင့်လဲ။သူက ငါ့ကို မြင်ဖူးပြီးသားမို့ ငါ့က လူနာမဟုတ်မှန်း သိသွားမှာပဲ။

 သူမ တွေးတောနေစဉ်မှာပဲ ဖယ်ဆန်သည် မတ်တပ်ထဖို့ ကြိုးစားသော်လည်း လဲကျသွားကြောင်း ညွှန်ပြနေသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ဒဲဗောရာလည်း လန့်သွားပြီး သတိမထားမိဘဲ လှည့်ကြည့်လိုက်မိသည်။

"...လူနာ တကယ်ကြီး လူနာပဲ...!"

ထို့နောက် အကြောင်းတစ်ချို့ကြောင့် ဖယ်ဆန်သည် ဒဲဗောရာကို လူနာအဖြစ် စတင်အထင်မှားခဲ့တော့သည်။

"မင်း ငါ့ကို ဘယ်တော့မှ မတွေ့တော့ဘူးဆိုပြီး စွန့်ပစ်ခဲ့တာဘယ်တုန်းကမို့လဲ...!"

သူ့ လေသံမှာ မကျေမနပ်ဖြစ်နေသော်လည်း မျက်လုံးများမှာတော့ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေခဲ့၏။သူက ဘာမှမပြောတော့ဘဲ ဒဲဗောရာ၏ မျက်နှာကို ခဏလောက် စိုက်ကြည့်ပြီးနောက် သတိလစ်သွားသလိုမျိုး မျက်လုံးများ ဖြည်းညှင်းစွာမှိတ်သွားခဲ့သည်။

"ဖယ်-သခင်လေးဖယ်ဆန်...?!"

ဒဲဗောရာက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်နှင့် အသင့်စောင့်ဆိုင်းနေသော အစေခံများနှင့် အိမ်တော်ထိန်းက တံခါးကို လျင်မြန်စွာဖွင့်ပြီး သူ့အခြေအနေကို စစ်ဆေးရန် ပြေးဝင်လာခဲ့ကြသည်။

ထို့နောက်မှ ဒဲဗောရာသည် နံ့သာနဲ့ ရောလိုက်သည့် ကြည်လင်သော အရည်မှာ စိတ်ထင်ယောင်ထင်မှား ဖြစ်စေသောဆေးဖြစ်ကြောင်း သိခဲ့ရသည်။ဖယ်ဆန်သည် ၎င်းကို ပထမအကြိမ်အသုံးပြုခြင်းဖြစ်တာကြောင့် ဆေးဒဏ်မခံနိုင်ဘဲ မေ့လဲသွားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဖယ်ဆန်သည် ဆေးဖြင့် ဒဲဗောရာအား လူနာလို့အထင်မှားခဲ့သောကြောင့် သူတို့၏ အစီအစဉ် အောင်မြင်သည်ဟု ယူဆ၍ရပေသည်။ ဒဲဗောရာသည် ထိတ်လန့်ဖွယ် အတွေ့အကြုံကြောင့် အလွန်စိတ်ထိခိုက်သွားခဲ့သည်။

ဒဲဗောရာသည် သူမကိုယ်သူမ စောင်ဖြင့် ရစ်ပတ်ထားပြီး သူမ ထိုအစီအစဥ်ကို ဆက်ရမလား မဆက်ရဘူးလားဟူသော အတွေးများကြား ရုန်းကန်နေခဲ့သည်။ စိတ်ထင်ယောက်ထင်မှားဆေး၏နောက်ဆက်တွဲရလဒ်က သူမ အပေါ်ကိုသက်ရောက်ကာ စတင်ခေါင်းကိုက်လာခဲ့သည်။

ဒဲဗောရာ ရုန်းကန်နေရချိန်မှာပဲ အစေခံက ဂရုတစိုက် တံခါးခေါက်လာပြီး သူမအခန်းထဲကို ဝင်လာခဲ့သည်။

သူမက နာကျင်မှုထဲ ရုန်းကန်နေသော ဒဲဗောရာ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးရင်း ခဏလောက် စိတ်ခံစားချက်ကို ပြောင်းရန် အကြံပြုခဲ့သည်။

"စိတ်ခံစားချက်ပြောင်းတာလား"

"အင်း။စျေးဝယ်ထွက်တာက စိတ်အပြောင်းအလဲဖြစ်ဖို့ အထောက်အကူဖြစ်မလားတော့ သေချာမသိပေမယ့် မြို့ထဲမှာ လက်ဝတ်ရတနာဆိုင်အသစ်ဖွင့်တယ်လို့ ငါကြားမိတယ်။မင်း ဘာလို့ မသွားလဲ"

တကယ်တမ်း ဒဲဗောရာအတွက် လိုအပ်သည်မှာ ဒီစံအိမ်ကြီးကနေ ချက်ချင်းထွက်သွားပြီး အရာအားလုံး အဆုံးသတ်ဖို့ပင်ဖြစ်သည်။သို့သော် သူမ ဒီအထိရောက်လာပြီးမှတော့ မတတ်နိုင်တော့ချေ။

အစေခံက သူမအား စံအိမ်ထဲမှာ ခေတ္တတာထွက်သွားနိုင်ရန် ကူညီနေကြောင်း သဘောပေါက်သွားပြီး ခဏမျှ တုံ့ဆိုင်းကာ ခေါင်းညိတ်ပြလိုက်သည်။

* * *

လူနာသည် အန်းသန့်စ် သူမအတွက် ဟင်းပွဲများစတင်ချက်ပေးခဲ့ကတည်းက အကျပ်ရိုက်နေခဲ့သည်။

သူမ သူ့ကိုတွေ့တိုင်း ဝန်လေးသလိုခံစားရပြီး သူ မလာတော့ဖို့ဆုတောင်းမိသော်လည်း သူ့ကို မတွေ့ရပါက သူ့အစားအစာများကိုမစားရတော့ဘူးဟုတွေးကာ ထူးဆန်းစွာပင် တစ်ခုခုဆုံးရှုံးသွားသလို ခံစားချက်မျိုးလည်းရနေခဲ့သည်။

'ဘာလဲ! ငါက ဝက်မဟုတ်ဘူးလေ! ဘာလို့အစာမစားရတာနဲ့ သေတော့မလိုဖြစ်နေတာလဲ'

လူနာသည် သူမဘာဖြစ်နေမှန်းကိုတောင် မသိတော့ဘဲ မနက်အစောကြီး အောက်ထပ်သို့ဆင်းကာ စိတ်ပျက်လက်ပျက်ဖြင့် ဆံပင်များကို ဆွဲဖွလိုက်မိသည်။

"အို ဘုရားရေ! သခင်မလေး ကျွန်မ ဒီလိုပုံစံလှလှလေးရအောင် ကြိုးစားထားရတဲ့ ဆံပင်ကို ဘာလို့ဖျက်စီးနေတာလဲ"

သူမနောက်မှ လိုက်လာသော လော်ရာက ချက်ချင်း ပြောလာခဲ့သည်။ အခြားနေ့များဆိုပါက လူနာသည် သူမဆံပင်ကို ကြိုက်သလိုရှုပ်ပွအောင် လုပ်နိုင်သော်လည်း ဒီနေ့တော့ သေချာပေါက် မပြုလုပ်သင့်ပေ။

"…ငါ့ကို နားလည်စမ်းပါ။ငါ့ကိုယ်ငါ အရမ်းသနားစရာ ကောင်းနေသလိုခံစားနေရတယ်"

"သခင်မလေး ဘာအကြောင်းပြောနေတာလဲ။ သခင်မလေးက ဒီနေ့ကစပြီး အင်ပါယာတစ်ခုလုံးထဲမှာ အကြီးဆုံး လက်ဝတ်ရတနာဆိုင်ကြီးကို ပိုင်ဆိုင်တော့မှာလေ"

လော်ရာသည် လူနာ၏ အတွေးအမြင်များကို မရယ်ရသော ဟာသတစ်ခုအဖြစ် ငြင်းဆိုပြောလာခဲ့သည်။ 

၎င်းက အကြီးဆုံးဖြစ်လာမဖြစ်လား မသိသော်လည်း လူနာသည် ဖွင့်ပွဲနေ့ကျမှ သူမ အရမ်း သနားစရာကောင်းနေသလို ခံစားနေရသည်။

"ဘာလို့ဆို ငါက ဝက်တစ်ကောင်လို ခံစားရလို့…"

လူနာ၏ ရိုးသားစွာ ဝန်ခံချက်အပြီးတွင် လော်ရာသည် ထပ်မံကန့်ကွက်ခြင်း မရှိခဲ့တော့ပေ။

"အိုး သခင်မလေး ဒီတလော ကိုယ်အလေးချိန် နည်းနည်းတက်လာသလိုပဲ..."

ထို့ကြောင့်ပင် ယခင်ကဝယ်ခဲ့သော ၀တ်စုံများမှာ သူမနှင့် အံဝင်ခွင်ကျမဖြစ်တော့ဘဲ အသစ်ဝယ်ရန် လိုလာခဲ့သည်။

မဟုတ်သေးဘူး ဒီလိုအခြေအနေမျိုးမှာ နင် အနည်းဆုံးတော့ မဟုတ်ဘူးလို့ လိမ်ပြောသင့်တယ်လေ။

လူနာ၏ ပြိုတော့မည့်မိုးလိုမျိုး ငိုမဲ့မဲ့ မျက်နှာကို မြင်လိုက်ရချိန်တွင် လော်ရာက အလျင်စလို အကြောင်းပြချက်ပေးလာခဲ့သည်။

"အဲ့ဒါ သခင်မလေးက ဝက်တစ်ကောင်လို့ ဆိုလိုတာမဟုတ်ဘူး!သခင်မလေးက အခုအရမ်း ကြည့်ကောင်းနေတာ သိလား။တကယ်တော့ သခင်မလေး အရင်က အရမ်းပိန်လွန်းခဲ့တာ။အခု ကိုယ်အလေးချိန်နည်းနည်းတက်လာတော့အသားအရည်က ပိုကြည်လင်ပြီးဝင်းပလာသလိုပဲ"

"...တကယ်လား"

"ဒါပေါ့!"

လော်ရာသည် သူမ အမှန်ကိုပြောနေတာဖြစ်ကြောင်း ပြင်းထန်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လှေကားအောက်ခြေမှ သဘောတသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကိုယ်လည်း အဲ့လိုထင်တယ်။ကိုယ် မင်းကို စတွေ့တုန်းက မင်းက တော်တော်လေး ပိန်နေခဲ့တာ။တကယ်တော့ မင်း ကိုယ်အလေးချိန် နည်းနည်းတက်လာရင် ပိုသင့်တော်မယ်လို့တောင်တွေးခဲ့တာ။ဒါပေမယ့် ကိုယ့်အတွက်တော့ မင်းက ပိန်နေသေးတုန်းပဲ"

"...သခင်လေး အန်းသန့်စ်"

"မင်္ဂလာနံနက်ခင်းပါ"

အန်းသန့်စ်မှလွဲပြီး တခြားသူမဟုတ်ပေ။

လူနာသည် ယနေ့က ဖွင့်ပွဲနေ့မို့လို့ သူ စံအိမ်သို့ မလာလောက်ဟု ထင်ခဲ့သော်လည်း အန်းသန့်စ်သည် ထိုနေရာတွင် ခေါင်းမှ ခြေဖျားထိ သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး မတ်တပ်ရပ်ကာ နူးညံ့သော အကြည့်ဖြင့် သူမကို စိုက်ကြည့်နေခဲ့သည်။

သူမ သူမနဲ့ လက်ဝတ်ရတနာဆိုင်ကို အတူသွားဖို့ လာခဲ့တာဖြစ်ရမည်။

သူမ လှေကားပေါ်မှ ဆင်းလာချိန်တွင် သူက လက်အိတ်ဝတ်ထားသော သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို ရထားဆီ ခေါ်ဆောင်သွားရန် ကမ်းလှမ်းခဲ့သည်။

လူနာက ဆိုင်းတွနေသဖြင့် အန်းသန့်စ်သည် ခါတိုင်းနှင့်မတူဘဲ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူမမျက်နှာကို အနီးကပ် လေ့လာကာ မေးလိုက်သည်။

"မနက်စာစားပြီးပြီလား"

"အိုး မစားရသေးဘူး။ကျွန်မ အတွေးများနေလို့ တစ်ခုခုစားလိုက်ရင် နေလို့မကောင်းမှာကို စိုးရိမ်နေတာ"

အမ်မာက သူမကို ပေါ့ပေါ့ပါးပါး အစာစားဖို့ အကြံပြုခဲ့သော်လည်း အကြောင်းတစ်ချို့ကြောင့် သူမမစားနိုင်ခဲ့ပေ။ သူမ ဖျော်ရည်အနည်းငယ်သာ သောက်ခဲ့ကြောင်းပြောပြီးနောက်တွင် အန်းသန့်စ်သည် နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး ရုတ်တရက် ဦးတည်ချက်ပြောင်းကာ လူနာကို သူ့ရထားဆီသို့ခေါ်သွားခဲ့သည်။

"ကိုယ်သိသားပဲ။ဒီတော့ အခုက အချိန်ကိုက်သွားတာပေါ့"

ဘာအချိန်ကိုက်တာလဲ။ ဘာကြီးလဲ။

သူမ သိချင်စွာဖြင့် သူနှင့်အတူ ရထားပေါ်တက်လိုက်သည်။ထို့နောက် သူက သူမကို ပြင်ဆင်ထားသည့် ခြင်းလေးတစ်ခု ကမ်းပေးလာခဲ့သည်။သူမ ဖွင့်ကြည့်လိုက်ရာ အထဲတွင် တစ်ကိုက်စာလေးတွေ ပြင်ဆင်ထားသော အသီးအနှံများကိုတွေ့လိုက်ရသည်။

"ဒီအသီးတွေက ခန္ဓာကိုယ်နဲ့ စိတ်ကို တည်ငြိမ်အောင် ကူညီပေးတယ်။ကိုယ်ဆို အလုပ်များတဲ့အချိန် ဒါမှမဟုတ် အရေးကြီး လုပ်စရာတွေရှိတဲ့အခါတိုင်း စားနေကျ။အစာမကြေဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။အဲ့ဒါတွေက အစာကြေလွယ်တဲ့အသီးတွေပဲ"

အန်းသန့်စ်က ခက်ရင်းကိုတောင် ပြင်ဆင်ခဲ့သည်။

"မစိုးရိမ်နဲ့ ဒီတိုင်း နည်းနည်းလောက်စားလိုက်"

"အမ်း…"

သူ ဒီလောက်အထိ ပြောလာမှတော့ သူမ ဘယ်လိုမှ မစားဘဲနေနိုင်တော့မှာလဲ။

ထို့အပြင် သူမသည် မကြာသေးမီမှစ အန်းသန့်စ်၏အစားအစာများထံမှ အဆက်မပြတ်သွေးဆောင်ခံရသောကြောင့် ဖြစ်နိုင်သည် သူ သူမကို ပေးလာသမျှက အရသာရှိပုံပေါ်နေသည်။

ထို့ကြောင့် လူနာသည် နာခံစွာဖြင့် တစ်ကိုက်ကိုက်လိုက်ရာ ချိုမြိန်မှုတစ်ခုက သူမ၏ ငယ်ထိပ်ထိ တိုးလာခဲ့သည်။ သကြားဖြူးထားသည်လား ပျားရည်စိမ်တာသည်လား သူမ မသိသော်လည သာမန်အသီးများထက် ပိုချိုနေပေသည်။

"ဘယ်လိုနေလဲ"

"…အရသာရှိတယ်"

ထိုကဲ့သို့ ချိုမြိန်သော အရာတစ်ခုခုကို စားပြီးနောက် အရသာမကောင်းဟု မတုံ့ပြန်နိုင်ပေ။

မဟုတ်ဘူး ချိုမြိန်မှုကြောင့် မဟုတ်ရင်တောင် သူမ မနက်စာစားခဲ့ပါက အသုံးမဝင်လောက်မည့် အသီးများကို ရည်ရွယ်ချက်သန့်သန့်နှင့် ပြင်ဆင်ခဲ့တာကြောင့် သူမသည် အပျက်သဘောမျိုး လုံးဝ မတွေးနိုင်တော့ချေ။

ထို့ကြောင့် လူနာသည် အသီးအနှံများကို ငြိမ်ငြိမ်လေးနှင့် နာခံစွာစားနေစဉ် သူရော မနက်စာစားပြီးပြီလားဟု ရုတ်တရက်တွေးမိသွားရင်း အန်းသန့်စ်ကို လှည့်ကြည့်လိုက်သည်။

"ရှင်ရော မနက်စာစားပြီးသွားပြီလား"

အန်းသန့်စ်သည် ထိုမထင်မှတ်ထားသောမေးခွန်းကိုကြားလိာက်ရချိန်တွင် သူ့ကိုပြောနေတာလားဟု ပြန်မမေးမီ ခဏလောက်ရပ်သွားခဲ့သည်။သူ့ကြည့်ရတာ အနည်းငယ် အံ့သြသွားပုံရသည်။

ထို့ကြောင့် လူနာသည် သူမ အရင်က အန်းသန့်စ်အပေါ် အလွန်အေးစက်ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။

သူမ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူတို့ကြား ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားသင့်သည်။

ထို့ကြောင့် လူနာသည် ခြင်းတောင်းကို ကြည့်ကာ ခဏလောက်တွေးတောပြီးနောက် သူမ၏ ခက်ရင်းကို အသုံးပြု၍ အသီးတစ်စိတ်ကို ယူကာ အန်းသန့်စ်အား ကမ်းပေးခဲ့လိုက်သည်။

"ဒါက ကျွန်မသုံးနေတဲ့ ခက်ရင်းပေအယ့် ရှင် စိတ်မရှိရင်တော့ စားလို့ရတယ်။ အိုး…!ရှင် မကြိုက်ရင် ဒီတိုင်း လက်နဲ့စားလိုက်လို့ရတယ်"

သူက သူမကို သဘောကျနေတယ်ဆိုရင်တောင် တူညီသောခက်ရင်းကို မျှဝေခြင်းသည် နည်းနည်းညစ်ပတ်သည်ဟု ခံစားရပြီး သူမလက်ကို ပြန်ဆုတ်ခါနီးမှာပဲ အန်းသန့်စ်က သူမလက်ကောက်ဝတ်ကို အမြန်ဆွဲယူလာခဲ့သည်။

"ဟင့်အင်း ကိုယ် ဒါနဲ့ပဲစားလိုက်မယ်"

အန်းသန့်စ်သည် အသစ်တစ်ခု သုံးနိုင်တာတောင် သူမ သုံးထားသည့်ခက်ရင်းနဲ့ပဲ စားမည်လို့ ပြောလာတာကြောင့် လူနာ ခဏလောက် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။ထို့နောက် ခေါင်းညိတ်ပြပြီး ခက်ရင်းကို လှမ်းလိုက်သော်လည်း....

"…!?"

အန်းသန့်စ်က ခက်ရင်းကိုယူရမည့်အစား အသီးကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။အပြင်လူတစ်ယောက်ယောက်မြင်ပါက လူနာက အန်းသန့်စ်ကို ခွံ့ကျွေးနေပုံရနေသည်။

မဟုတ်သေးပါဘူး သူမက ဒီတိုင်း အပြစ်ရှိစိတ်နဲ့ ကျေးဇူးတင်စိတ် ရောထွေးနေလို့ ရှင့်ကို မျှကျွေးချင်ခဲ့တာကို ရှင်ကတော့ ခွံ့ကျွေးခံချင်နေတာလား။

လူနာသည် အမြဲတမ်း အခွင့်ရေးရရင် ရသလိုယူတတ်သော အန်းသန့်စ်ကြောင့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။ အန်းသန့်စ်က အခွင့်အရကို လက်လွှတ်မခံသည့်ပုံဖြင့် တောက်ပစွာ ပြုံးပြီး သစ်သီးခြင်းကို ညွှန်ပြကာ စကားပြောလိုက်သည်။

"အခုစဉ်းစားကြည့်မှ ပြင်ဆင်နေရတာနဲ့ ကောင်းကောင်းတောင်မအိပ်ခဲ့ရသေးလို့ ဗိုက်အရမ်းဆာနေတာ။မင်း ကိုယ့်ကို အသီးနည်းနည်းလောက်ထပ်ကျွေးနိုင်မလား"

"…!"

မည်သူကမှ ပြင်ဆင်နေရသောကြောင့်သဖြင့် ကောင်းကောင်းမအိပ်ရကြောင်း ကြားရသော်လည်းချိန်တွင် ငြင်းနိုင်မည်မဟုတ်ပေ။

လူနာသည် သူမ၏ အံ့အားသင့်နေသော နှလုံးသားကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ကြုံရာသစ်သီးကို ထိုးစိုက်ကာ အန်းသန့်စ်၏ရှေ့ကို ပေးလိုက်သည်။

လူနာသည် ဒီတစ်ကြိမ်မှာတော့ အန်းသန့်စ်က ခက်ရင်းကို သူ့ဘာသာယူစားဖို့ မျှော်လင့်ထားသော်လည်း အန်းသန့်စ်သည် ဒီလိုမျိုး အခွင့်အရေးကောင်းကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ လက်လွှတ်နိုင်ပါ့မလဲ။

တစ်ဖန် သူသည် လူနာကိုင်ထားသည့်အတိုင်း ခက်ရင်းမှ အသီးကိုပဲ ယူစားလိုက်ပြီး လောကကြီး၌ ဒီထက် ပျော်ရွှင်စရာကောင်းသော အရာမရှိတော့သကဲ့သို့ ပြုံးလိုက်တော့သည်။

TK Team (Chapter 111)