Extra 4.1
ကျန်းယန် သေသွားခဲ့ပြီ...
အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သေသွားခဲ့သည်။
ပိုင်ယွဲ့သည် အလွန်စိတ်ပျက်စရာကောင်းအောင် ငိုကြွေးနေခဲ့ပြီး ကျန်းရှင်းယွီသည်လည်း အလွန်ကြောက်လန့်သွားကာ ပျို့အန်ချင်စိတ်ကို အချိန်အတော်ကြာအောင် ထိန်းထားခဲ့ရသည်။
ကျန်းယန်၏သေဆုံးမှုသည် အလွန်ရွံရှာဖွယ်ကောင်းလှသည်။ တတိယထပ်ကနေ လူတစ်ယောက်က ဘယ်လိုလုပ်ပြုတ်ကျတာနဲ့တန်းသေရတာလဲ....
လျိုကျားယွီသည် စစ်ဆေးရန် စာသင်ခန်းထဲသို့ လှမ်းဝင်ကာ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သော်လည်း ဘာမှ မမြင်ရတော့ပေ။
"သူ မရှိတော့ဘူး... သေသွားတာ သေချာလို့လား"
လျိုကျားယွီက မေးလိုက်သည်။
"မဖြစ်နိုင်ဘူး! သူရှိနေတာ ရှင်းနေတာကို!!"
ကျန်းရှင်းယွီသည် အဲဒါကို ထပ်မကြည့်ချင်တော့ပေ။ လျိုကျားယွီက သူ့ကို လိမ်နေတယ်ဟု သူထင်လိုက်သည်။
နျဲ့ရှီသည်လည်း ပြတင်းပေါက်နားကိုသွားခဲ့သော်လည်း အဖြေက အတူတူပဲဖြစ်သည်။ ထိုနေရာ၌ ဘာမှမရှိနေကာ လုံးဝသန့်ရှင်းနေပေသည်။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး…”
ကျန်းရှင်းယွီသည် လမ်းလျှောက်လာခဲ့ရင်း တဖွဖွရေရွတ်လာခဲ့သည်။ သူ့ခြေထောက်များ အားနည်းနေခဲ့ပြီး ငုံ့ကြည့်ရန် သတ္တိကို စုဆောင်းထားလိုက်သော်လည်း တကယ်တမ်းတွင် ထိုနေရာ၌ဘာမှကို မရှိနေတော့ပေ....
သူသည် သူ့ခန္ဓာကိုယ်တစ်ဝက်ကို အပြင်သို့ ဆန့်ထုတ်လိုက်ကာ သေချာကြည့်နေခဲ့၍ လျိုကျားယွီသည် သူ့အားရေသေအိုင်ကဲ့သို့ ငြိမ်သက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
"မိုးလင်းလာပြီ..."
ဖန်ချန်းက ထိုအချိန်မှာပဲ စကားထပြောလာခဲ့သည်။
လျိုကျားယွီသည် ခေါင်းကို မော့ပြီးကြည့်လိုက်ရာ ကောင်းကင်၌ အရောင်ဖျော့လာသော အရိပ်အမြွက်များကို တွေ့လိုက်ရသည်။
လူတိုင်းသည် မျှော်လင့်ချက်ကို ပြန်မြင်လာရပုံဖြစ်လာခဲ့သည်။
လီရှောင်အန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ဒါပေမယ့်...ခဏလေးပဲ ရှိသေးတာကို ဘယ်လိုလုပ် ဖြစ်နိုင်မှာ..."
သူ့စကားအဆုံးမသတ်ရသေးခင်မှာတင် ကျောင်းသားတစ်စု စာသင်ခန်းတံခါးကနေ အပြေးအလွှားဝင်လာခဲ့ကြပြီး သူတို့နောင်မှဆရာမတစ်ယောက်က ပါလာခဲ့သည်။
"ဟေ့ မင်းတို့က ဘယ်အတန်းကလဲ...ဒါက အထက်တန်းတတိယနှစ်အခန်းပဲ..."
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
"ဘာဖြစ်သွားတာလဲ...!"
##
သူတို့အားလုံး ကျောင်းကနေမထွက်နိုင်ကြပေ...
လီရှောင်အန်းသည် ရုတ်ချည်းပင် ဤကျောင်း၏ လုံခြုံရေးအစောင့်ဖြစ်လာခဲ့ပြီး နံနက်ပိုင်းနှင့် နေ့လည်ပိုင်းများ၌ ကင်းလှည့်ရန် လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့ရသည်။ နျဲ့ရှီသည်လည်း ဒီကျောင်းမှာ ဆရာဖြစ်လာခဲ့သည်။
လူတိုင်း အံသြသွားခဲ့ကြသည်။ ပိုင်ယွဲ့သည် အပြင်ထွက်ချင်ခဲ့သော်လည်း အရပ်မြင့်မြင့်နှင့် သန်မာသော လုံခြုံရေးအစောင့်များက သူမကိုတားလာခဲ့သည်။
သူတို့ကပြောလာခဲ့သည်.. "ဟေးးအတန်းပြေးလို့မရဘူး"
"ကျောင်းဆင်းတဲ့အထိ ကျောင်းအပြင်မထွက်ရဘူး"
လူတိုင်းသည် သူတို့၏ သက်ဆိုင်ရာ ရာထူးများဆီသို့သာ ပြန်သွားနိုင်ခဲ့ကြသည်။
သူတို့ချိုးဖောက်ပါက ဘာဖြစ်သွားမလဲ...
အရပ်မြင့်မြင့်နှင့် တောင့်တင်းခိုင်မာသော လုံခြုံရေးအစောင့်များ ကိုင်ဆောင်လာခဲ့သည့် လျှပ်စစ်နံပါတ်တုတ်များကို လူတိုင်း တိတ်ဆိတ်စွာ ကြည့်လိုက်မိကြသည်။
ပိုင်ယွဲ့သည် ကျန်းရှင်းယွီ၏အဝတ်အစားတွေကို တိတ်တဆိတ်ဆွဲလိုက်ပြီးတိုးတိုးလေးပြောလိုက်သည်။
"ငါ့ဖုန်းမှာ လိုင်းလုံးဝမမိနေဘူး...ဒါက ပုံမှန်မဟုတ်ဘူး...ငါတို့နံရံပေါ်ကကျော်တက်ရအောင်"
ကျန်းရှင်းယွီ ခေါင်းညိတ်လိုက်သည်။
သူတို့ဘယ်သူ့ကိုမှ မပြောဘဲ ထွက်ပြေးခဲ့ကြသည်။
ဖန်ချန်းသည် လူနှစ်ယောက် စာသင်ခန်းထဲမှ တိတ်တဆိတ် ထွက်သွားကြသည်ကို ကြည့်လိုက်၍ ခေါင်းကို လှည့်ကာ မေးစေ့ကို လက်ဖြင့်ထောက်လိုက်သည်။ ကျောင်းသားများ၏ အကြည့်အောက်မှာပဲ သူပြုံးလိုက်ကာ စာသင်စင်ပေါ်ရှိ နျဲ့ရှီအား "မင်္ဂလာပါ ဆရာ..."
ခဏလောက်အကြာမှာတော့ ပတ်ဝန်းကျင်သည် အေးခဲသွားခဲ့ပြီး သူတို့ နှစ်ယောက်မှလွဲ အားလုံး ငြိမ်သွားခဲ့ကြသည်။
စာသင်ခန်းထဲတွင် နေရောင်ခြည်များဖြာကျနေခဲ့ပြီး နျဲ့ရှီသည် စင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာကာ စားပွဲအစွန်းကိုလက်ဖြင့်ထောက်၍ ဖန်ချန်း၏ နဖူးကို နမ်းလိုက်သည်။
သို့ပေမယ့် ဖန်ချန်းက သူ့ကို မအောင်မြင်ခွင့်မပေးခဲ့ပေ....ဖန်ချန်းသည် ခေါင်းကို အနည်းငယ်မော့လိုက်၍ နှုတ်ခမ်းချင်း ဖိကပ်လိုက်သည်။
သူတို့...မနက်ခင်း၌ နမ်းခဲ့ကြသည်။
သူတို့နမ်းပြီးနောက်တွင် ကျောင်းသားများသည် တကယ့်လူများကဲ့သို့ ပြန်လှုပ်ရှားလာခဲ့ကြသည်။
ဖန်ချန်းသည် စားပွဲပေါ်တွင်တင်ထားသော နျဲ့ရှီ၏လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ကစားနေကာ သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။
ခဏလောက်ကစားပြီးနောက်တွင် ရှဲ့ယင်းသည် တံခါးအပြင်ဘက်မှရုတ်တရက်ထွက်လာခဲ့ပြီး ထိုလူနှစ်ယောက်အားနှိုးဆော်လာခဲ့သည်။
"ကစားမနေကြပါနဲ့တော့...ဟိုမှာ ပြေးထွက်သွားတဲ့ နှစ်ယောက်က ကိုယ့်ကိုကိုယ်သတ်သေကြတော့မယ်"
ချောင်ယန်သည် တတိယထပ် ပြတင်းပေါက်မှ တက်လာခဲ့ပြီး ကျောင်းသားတစ်ယောက်၏ စားပွဲပေါ်သို့တက်လိုက်သည်။ ကျောင်းသားသည် သူ့ကို မမြင်ရသလို တခြားလူများနှင့် စကားပြောနေတုန်းပင်...
ချောင်ယန်၏လက်မောင်းသည် လေထဲ ဖြတ်သန်းသွားသကဲ့သို့ ကျောင်းသား၏ခေါင်းကို ဖြတ်သွားခဲ့သည်။ ကျောင်းသား၏ ခန္ဓာကိုယ်သည် အနည်းငယ် လိမ်သွားသော်လည်း မူလပုံစံ ပြန်ဖြစ်သွားခဲ့သည်။
ချောင်ယန်က ထိုကျောင်းသားများကို လျစ်လျူရှုလိုက်ပြီးတက်ကြွစွာပြောလိုက်သည်။
"ငါတွေ့လိုက်ရတယ်! အဲ့ကောင်ရဲ့လက်တွေက သွေးတွေနဲ့ ပြည့်နေရောပဲ!"
ဖန်ချန်းသည် သက်ပြင်းချလိုက်ပြီး သူ့ဆံပင်သူ ဖွလိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး တခြားသူတွေကို အားပေးနေသည်လား.. သူ့ကိုယ်သူ အားပေးနေသလား မသိစွာပြောလိုက်သည်။
"ပျော်ပျော်ရွှင်ရွှင် အလုပ်သွားလုပ်ကြတော့..."
"နင်ကမှ အလုပ်လုပ်ဖို့ ခွန်အားမရှိတဲ့သူလို့ ငါထင်တယ်" ရှဲ့ယင်းက စောဒကတက်လိုက်သည်။
ကျောင်းနံရံအတွင်း၌ ကျန်းရှင်းယွီသည် သွေးထွက်နေသော လက်ဖဝါးကို လက်တစ်ဖက်ဖြင့် ဖိကိုင်ထားကာ တစ်ကိုယ်လုံး နာကျင်စွာ တုန်ခါနေခဲ့သည်။
ဖန်ချန်းက ပြေးလာခဲ့ပြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ!"
ပိုင်ယွဲ့က ငိုယိုကာ ဖြေလာခဲ့သည်။
"ငါတို့ အပြင်ထွက်ဖို့ ကြိုးစားချင်ပေမယ့် နံရံမှာ မှန်တွေ ရှိနေတယ်... ရှင်းယွီလက်က နံရံကတစ်ခုခုနဲ့ ထိုးခံလိုရ်ရတယ် ဝူး ဝူး..."
ဖန်ချန်းကပြောလိုက်သည်... "ဒါဆို ဆေးပေးခန်းကို မြန်မြန်သွားကြရအောင်"
ပိုင်ယွဲ့က ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး ကျန်းရှင်းယွီကို ကူညီပေးလိုက်သည်။
ဖန်ချန်းနားမှ သူ့တို့ ဖြတ်သွားချိန်တွင် ကောင်မလေးပြောနေသည်ကိုကြားလိုက်ရသည်။
"ငါတို့ အပြင်ထွက်လို့မရတော့ဘူး"
##