Extra 3
ဖန်ချန်း၏စကားအဆုံးသတ်သွားသည်နှင့် ပိုင်ယွဲ့ကထပြောလာသည်။
"ဒါဆို ငါတို့ရော... ဘာလုပ်ရမှာလဲ"
သည်းထိတ်ရင်ဖိုရုပ်ရှင်များတွင်သာ ပေါ်လာတတ်သည့် မြင်ကွင်းများနှင့် လက်တွေ့ရင်ဆိုင်လိုက်ရသေညအခါ လူတိုင်း၏စိတ်သည် တင်းမာနေပြီး အားလုံးသည် ဖန်ချန်းတို့ညီအစ်ကိုနှစ်ယောက်ကိုသာ အာရုံစိုက်နေကြသည်။
"မင်းတို့ဒီမှာပဲနေကြ.. တံခါးလုံးဝမဖွင့်နဲ့"
ဖန်ချန်းကပြန်ဖြေလိုက်သည်။
"ငါတို့ မကြာဘူး... ပြန်လာခဲ့မယ်"
ပိုင်ယွဲ့က ခေါင်းယမ်းပြီး မဟုတ်ဘူးဟုပြောတော့မည့်အချိန်မှာပဲ သူမရှေ့၌ ရပ်နေသည့် ကျန်းရှင်းယွီကအရင်ပြောလာခဲ့သည်။
"ကောင်းပြီလေ...ဒါပေမယ့် ငါ့ကိုမင်းအတွက် တံခါးဖွင့်ပေးဖို့ကိုတော့ မမျှော်လင့်နေနဲ့"
သူ့စကားသည် အခိုင်အမာဖြစ်နေပြီး လေထုက အနည်းငယ် တောင့်တင်းလာခဲ့သည်။
ကျန်းရှင်းယွီသည် ဖန်ချန်းကို မကြောက်သော်လည်း ရုတ်တရက် ပေါ်လာသော သူ့အစ်ကိုကိုတော့ ကြောက်မိသည်။ သူက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
"ဒါနဲ့...တံခါးလာခေါက်တဲ့သူက မင်းတို့လား...စိတ်နတ်ဆိုးလားဆိုတာ ငါတို့က ဘယ်လိုသိမှာလဲ... "
ဖန်ချန်းက ခေါင်းညိတ်လာပြီး "ဟုတ်သားပဲ...ဒါဆိုရင် လျှို့ဝှက်အချက်ပြမှုတစ်ခု လုပ်ထားကြရအောင်"
ကျန်းရှင်းယွီက ဆိတ်ဆိတ်နေကာ သဘောတူလာခဲ့သည်။
"ဒီစာသင်ခန်းက အထက်တန်းတတိနှစ် A ခန်းပဲ... အချိန်ရောက်လို့ ငါ တံခါးခေါက်လာတဲ့အခါကြ မင်းတို့ကအတန်းအကြောင်းမေး... ငါကဖြေမယ် ဘယ်လိုလဲ..."
အချက်ပြခြင်းကိုသဘောတူပြီးကြပြီးနောက်တွင် ဖန်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ရင်း နျဲ့ရှီကို တစ်ချက်လှည့်ကြည့်ပြီး တံခါးလက်ကိုင်ကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
"ခဏလေး" တစ်နေရာရာ၌ ပုန်းနေခဲ့သည့် လီရှောင်အန်းသည် ရုတ်တရက် ပေါ်လာခဲ့သည်။ လူတိုင်းသည် သူ့ကြောင့် ထိပ်လန့်တုန်လှုပ်သွားကြသည်။ သူသည်အရပ်အရမ်းရှည်ကာ မျက်တွင်းများချောင်ကျနေသည်။သူက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်ပြောလာခဲ့သည်။
"ငါလည်း မင်းတို့နဲ့အတူလိုက်ခဲ့မယ်"
ပိုင်ယွဲ့သည် လီရှောင်အန်း၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရရန် အချိန်မရှိခင်၌ အလွန်ကြောက်လန့်နေခဲ့သည်။ ယခုတွင် သူမသည် ထိုလူကို ကြည့်လိုက်ရာ သူသည် ရင်းနှီးနေပုံရသည်ဟု ခံစားမိသော်လည်း ယခင်က သူ့ကို ဘယ်မှာမြင်ဖူးခဲ့မှန်းကို မမှတ်မိတော့ပေ။
ကျောင်းသားသုံးယောက်သည် ဒီလူကို မသိသောကြောင့် သူထွက်သွားပါက စိတ်သက်သာရာရသလို ပိုခံစားရသည့်အတွက် ဘာမှမပြောဘဲ ညီအစ်ကိုနှစ်ယောက်နဲ့အတူ ထွက်သွားတာကိုပဲ ကြည့်နေလိုက်ကြသည်။
ကော်ရစ်ဒါသည် ဗလာဖြစ်နေခဲ့သည်။
တံခါးက ချက်ချင်းမပိတ်သွားခဲ့ပေ...
ရုတ်တရက် ဖန်ချန်းသည် ခန္ဓာကိုယ်တစ်ဝက်ကို တံခါးဘက်ကိုင်းလိုက်ပြီးပြောလိုက်သည်။
"အာ ဟုတ်သားပဲ..."
ကျန်းရှင်းယွီသည်လန့်သွားပြီး တိုက်ခိုက်ဖို့ရန် လက်သီးများကိုပင် ဆုပ်ထားလိုက်သည်။
ဖန်ချန်းက ပြောလာခဲ့သည်။
"ပြတင်းပေါက်တွေကိုလည်း စစ်ဆေးဖို့ မမေ့နဲ့ သော့ခတ်ဖို့ သတိရအုံး"
ကျန်းရှင်းယွီသည် သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသော ဖန်ချန်းနောက်မှ လူကို ကြည့်လိုက်ပြီး သူ့လက်ကို ဖြည်းညှင်းစွာ ဖြေချလိုက်သည်။
"...ကောင်းပြီ"
တံခါးက ပြန်ပိတ်သွားခဲ့သည်။
ဒီတစ်ခါ၌ ကျန်းရှင်းယွီသည် ချက်ချင်း ရှေ့ကို တိုးသွားပြီး တံခါးကို သေချာသော့ခတ်လိုက်သည်။ ပိုင်ယွဲ့က ရှိုက်ကြီးတငင် ငိုနေသည်ကြောင့် ကျန်းရှင်းယွီသည် သူမဆီ လျှောက်သွားပြီး ကောင်မလေးကို ညင်သာစွာ နှစ်သိမ့်လိုက်သည်။
ပိုင်ယွဲ့ အငိုမရပ်မချင်း ကျန်းယန်သည် ဘာမှပြန်မပြောခဲ့ပေ။ ထို့နောက်မှ သူသည်နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ကျောင်းဝတ်စုံ၏ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။
"ငါပြောချင်တာတစ်ခုရှိတယ်... မင်းတို့မပူကြဘူးလား"
ထို့နောက် သူသည် လူနှစ်ဦးထံမှ အံ့အားသင့်သော အကြည့်များကို ရရှိခဲ့သည်။
ပိုင်ယွဲ့သည် စကတ်ကို ဝတ်ထားခဲ့ပြီး တကိုယ်လုံး တုန်နေခဲ့သည်။
နေ့နှင့်ည အပူချိန်ကွာခြားချက်သည့်အရမ်းကြီးသည့်အတွက်ကြောင့် ကျန်းရှင်းယွီသည် သူ့ကျောင်းဝတ်စုံအပေါ်ထပ်ကိုတောင် ချွတ်ပြီး သူမကို ပေးခဲ့သည်။
"မင်း စိတ်အရမ်းလှုပ်ရှားနေလို့များလား"
ကျန်းရှင်းယွီက ဒါကို အလေးအနက်မထားခဲ့ပေ...
"အရင်ဆုံး သည်းခံနေလိုက်... ငါတို့ အခု ပြတင်းပေါက်ကို ဖွင့်လို့မရဘူး"
ကျန်းယန်က ကျိန်ဆဲလိုက်ပြီး အပေါ်ထပ်ကော်လာအင်္ကျီကိုဇစ်ဆွဲဖြုတ်လိုက်သည်။
##
"အန်ကယ်လီ... ကြောက်တယ်ဆိုရင် ကျွန်တော်တို့နဲ့လိုက်ဖို့ မလိုဘူးနော်"
ဖန်ချန်းသည် လီရှောင်အန်း၏ ချီတုံချတုံ ခြေလှမ်းများကို ခဏလောက်ကြည့်ကာ ပြောလိုက်သည်။
လီရှောင်အန်း၏မျက်နှာမှာ အေးခဲသွားပြီး ခြောက်ကပ်သောလေသံဖြင့်ပြောလိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါက အရွယ်ရောက်ပြီးသားဟာကို..."
သူက လိမ်နေတာဖြစ်သည်။
ဖန်ချန်းသည် သူ၏လက်လှုပ်ရှားမှုများကို ကြည့်နေခဲ့တာကြောင့် မသိစိတ်အရ သူ့လက်ကို အိတ်ကပ်ထဲ ထည့်ထားလိုက်မိကာ ဘာမှမထိမိလိုက်ပေ။
လီရှောင်အန်းသည် ဘာမှမထိမိသောကြောင့် သူ၏အမူအရာမှာ ပိုသက်တောင့်သက်သာဖြစ်လာခဲ့သည်။
--သူ၏ တခြားဖုန်းကို အိမ်၌ထားခဲ့ပေသည်။
ချောင်ယန်၏လက်မောင်းသည် လေထဲ ဖြတ်သန်းသွားသကဲ့သို့ ကျောင်းသား၏ခေါင်းကို ဖြတ်သွားခဲ့သည်။ ကျောင်းသား၏ ခန္ဓာကိုယ်သည် အနည်းငယ် လိမ်သွားသော်လည်း မူလပုံစံ ပြန်ဖြစ်သွားခဲ့သည်။
ချောင်ယန်က ထိုကျောင်းသားများကို လျစ်လျူရှုလိုက်ပြီးတက်ကြွစွာပြောလိုက်သည်။
"ငါတွေ့လိုက်ရတယ်! အဲ့ကောင်ရဲ့လက်တွေက သွေးတွေနဲ့ ပြည့်နေရောပဲ!"
ဖန်ချန်းသည် သက်ပြင်းချလိုက်ပြီး သူ့ဆံပင်သူ ဖွလိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး တခြားသူတွေကို အားပေးနေသည်လား.. သူ့ကိုယ်သူ အားပေးနေသလား မသိစွာပြောလိုက်သည်။
"ပျော်ပျော်ရွှင်ရွှင် အလုပ်သွားလုပ်ကြတော့..."
"နင်ကမှ အလုပ်လုပ်ဖို့ ခွန်အားမရှိတဲ့သူလို့ ငါထင်တယ်" ရှဲ့ယင်းက စောဒကတက်လိုက်သည်။
ကျောင်းနံရံအတွင်း၌ ကျန်းရှင်းယွီသည် သွေးထွက်နေသော လက်ဖဝါးကို လက်တစ်ဖက်ဖြင့် ဖိကိုင်ထားကာ တစ်ကိုယ်လုံး နာကျင်စွာ တုန်ခါနေခဲ့သည်။
ဖန်ချန်းက ပြေးလာခဲ့ပြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ!"
ပိုင်ယွဲ့က ငိုယိုကာ ဖြေလာခဲ့သည်။
"ငါတို့ အပြင်ထွက်ဖို့ ကြိုးစားချင်ပေမယ့် နံရံမှာ မှန်တွေ ရှိနေတယ်... ရှင်းယွီလက်က နံရံကတစ်ခုခုနဲ့ ထိုးခံလိုရ်ရတယ် ဝူး ဝူး..."
ဖန်ချန်းကပြောလိုက်သည်... "ဒါဆို ဆေးပေးခန်းကို မြန်မြန်သွားကြရအောင်"
ပိုင်ယွဲ့က ဆောလျင်စွာ ခေါင်းညိတ်လိုက်ပြီး ကျန်းရှင်းယွီကို ကူညီပေးလိုက်သည်။
ဖန်ချန်းနားမှ သူ့တို့ ဖြတ်သွားချိန်တွင် ကောင်မလေးပြောနေသည်ကိုကြားလိုက်ရသည်။
"ငါတို့ အပြင်ထွက်လို့မရတော့ဘူး"
##
ကောင်းကင်သည် မည်းမှောင်လာခဲ့ပြီး ညသည်ဘာသတိပေးချက်မှမရှိဘဲ ရောက်လာခဲ့သည်။
ကျန်းရှင်းယွီသည် အခြားသူများနှင့် ကွဲသွားခဲ့ရသည်။ သူသည် စိတ်နတ်ဆိုးများကို ရှောင်ရှားရန်အတွက် ကျဉ်းမြောင်းသော အိမ်သာခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့ရကာ မကောင်းဆိုးဝါးကောင်များက သူ့အားရှာမတွေ့စေရန် စိတ်နှလုံးထဲမှ ဆုတောင်းနေခဲ့ရသည်။
သူ၏ ညာလက်တစ်ဘက်လုံးသည် နာကျင်ကိုက်ခဲနေခဲ့ပြီး ဆေးပေးခန်းရှိ သူနာပြုဆရာမ၏ မျက်နှာအမူအရာကို ပြန်သတိရမိသောအခါတွင် ပို၍ပင် နာကျင်လာခဲ့သည်။
ဘယ်လိုလူလဲ! သူနာပြုဆရာမသည် သူတို့ကိုသေနေသည့်အရာများအား ကြည့်သလိုမျိုးကြည့်ခဲ့လေသည်။
သို့သော် တကယ်တမ်းတွင်--
သူ့အပြင် နျဲ့ရှီသည်လည်း အခြားသူများနှင့် ကွဲသွားခဲ့သည်။
ထိုအချိန်တွင် ထိုလူသည် ကျန်းရှင်းယွီ၏တံခါးရှေ့၌စောင့်နေကာ အသံမထွက်ဘဲ သူ့ဆီသို့ရောက်သမျှ စိတ်နတ်ဆိုးအားလုံးကို ဖြေရှင်းနေခဲ့သည်။
စိတ်နတ်ဆိုးများ၏အကျွင်းအကျန်ပြာပုံများကြားရှိလူသည် ဟိုးအဝေးကလူတစ်ယောက်ကို တွေးနေသကဲ့သို့ အေးစက်သောမျက်လုံးများဖြင့် ဆန့်ကျင်ဘက်ကြမ်းပြင်ပေါ်သော့ခတ်ထားသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
စိတ်နတ်ဆိုးများသည် ကျန်းရှင်းယွီကို ဖျက်ဆီးလိမ့်မည်မဟုတ်ပေ။
သူ့အပြစ်ဖြင့်သာ သူသေရတော့မည်ဖြစ်သည်။
တစ်ဖက်၌ ဖန်ချန်း ထိပ်လန့်နေသကဲ့သို့ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် စားပွဲတစ်ခုအောက်တွင် ပုန်းနေခဲ့သည်။
"ငါ့အစ်ကို ငါ့အစ်ကို...ငါ မြန်မြန်ပြေးဖို့ အတွက်နဲ့ သူကရပ်ပြီးတားကျန်ရစ်ခဲ့ရတာ....ငါ.. ငါ သူ့ကို သွားရှာရမယ်..."
"ဖန်ချန်း...စိတ်အေးအေးထား...နင့်အစ်ကိုက အရမ်းတော်တာပဲဟာ သူအဆင်ပြေပါလိမ့်မယ်"
ပိုင်ယွဲ့သည် စားပွဲအောက်တွင် ပုန်းနေသော ဖန်ချန်းကို နှစ်သိမ့်ပေးလိုက်သည်။
"သူက ငါတို့နဲ့ပြန်ပေါင်းဖို့အတွက် ကျန်းရှင်းယွီကိုလည်း သူနဲ့ သေချာပေါက် ခေါ်လာနိုင်မှာ...."
လျိုကျားယွီသည် သူတို့ကို ကြည့်လိုက်သည်။ ကောင်မလေးသည် ဖန်ချန်းအား နူးညံ့သော အသံဖြင့် ဆက်နှစ်သိမ့်နေသေးသည်။ သူမက ကောင်လေး၏ နောက်ကျောကို ပုတ်ရန် လက်ကို ဆန့်တန်းလိုက်သော်လည်း ရှက်ရွံ့တတ်သည့် ကောင်လေးသည် ရှောင်ထွက်သွားခဲ့သည်။
ဖန်ချန်းသည် ဒူးနှစ်ဖက်ကို လက်ဖြင့် ပွေ့ဖက်ထားကာ မျက်နှာကို ဒူးဆီအပ်လိုက်သည်။ သူ့မျက်နှာကို ဘယ်သူမှ မမြင်နိုင်ပေ... သူ့မျက်လုံးထဲတွင် မျက်ရည်များ မရှိတော့ပေ... သူ့လေသံကအနည်းငယ်တုန်နေသော်လည်း သူ့မျက်လုံးထဲတွင်မူ အလွန်ငြိမ်သက်နေခဲ့သည်။
ကျန်းရှင်းယွီသည် အိမ်သာထဲ၌ ပုန်းနေဆဲဖြစ်သည်။
ပတ်တီးများအောက်မှ နာကျင်မှုလှိုင်းလုံးများ ရောက်လာသဖြင့် မူးဝေလာကာ အိမ်သာတံခါးကို ခေါင်းဖြင့်အထပ်ထပ်အခါခါ တိုက်နေမိသည်။ အစပိုင်းတွင် အင်အားသည် အလွန်ပေါ့ပါးသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ပိုမြန်လာပြီး ပိုပြင်းလာခဲ့သည်။ သတိပြန်ဝင်လာသောအခါတွင် သူ၏အမြင်အာရုံသည် နီရဲ မှုန်ဝါးနေကာ ခေါင်းတစ်ခုလုံးလည်း သွေးများရွှဲနေလေသည်။
အရမ်းနာတာပဲ...
အရမ်းနာတယ်!
သူသည်းမခံနိုင်တော့ဘဲ လက်ထဲရှိ ပတ်တီးစကို အရူးအမူး ဆုတ်ဖြဲပစ်လိုက်သည်။ ပတ်တီးစအောက်ရှိအသားသည်ပုပ်ပွလာခဲ့ကာ သူ့လက်ဖဝါးတစ်ခုလုံး ပုပ်ပွသွားခဲ့သည်။ သူ၏လက်မောင်းတွင် ဒဏ်ရာများ ပေါ်လာခဲ့ပြီး ပုပ်ပွခြင်းသည် သူ့ခန္ဓာကိုယ်အနှံ့ အညီအမျှ ပျံ့နှံ့သွားခဲ့သည်။
ဘယ်အချိန်ထဲစပွင့်မှန်းမသိစွာ တံခါးသည် သူ့အလိုလိုပွင့်လာခဲ့သည်။နျဲ့ရှီသည် အချိန်တန်ချိန်၌ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ခဲ့ပြီး ကျန်းရှင်းယွီသည် အိမ်သာခန်းထဲမှအရူးကဲ့သို့ ပြေးထွက်လာကာ ပြတင်းပေါက်သို့ တည့်တည့်သို့ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏ခြေလှမ်းတိုင်းတွင် အနီရောင်တောက်တောက် သွေးများက စီးကျလာခဲ့သည်။
"မင်းတို့ ပုန်းနေမယ့်အစား ဘာလို့ ဒီနားကို လာတာလဲ" လျိုကျားယွီက မေးလိုက်သည်။
"ဒီမှာ တခြားသူတွေထပ်ရှိသေးလား ကြည့်ရအောင်လို့..."
"ရှိမှာမဟုတ်ဘူး... ဒီတစ်ထပ်လုံးက အလွတ်ကြီးပဲရှိတော့တယ်"
လျိုကျားယွီပြန်ဖြေလာပြီးသည်နှင့် ဖန်ချန်းက တစ်ခုခုကို သတိရသွားသလိုမျိုးအော်လိုက်သည်။
"ပိုင်ယွဲ့!"
သူသည် ရှေ့သို့ ချက်ချင်းပြေးသွားကာ သူကြုံတွေ့ခဲ့သော တုန်လှုပ်ချောက်ချားမှုများ လုံးလုံး မေ့သွားသည့်ဟန်ဖြင့် စိတ်နတ်ဆိုးများ နောက်တစ်ကြိမ် ထပ်ပေါ်လာမည်ကိုပင် မကြောက်နေ့ပေ။
ကျန်သည့် သုံးယောက်သည် သူ့အရှိန်ကို အမှီလိုက်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ပေ။
အထက်တန်းတတိယနှစ် အခန်း A ၏ တံခါးသည် ကျယ်လောင်စွာ ပွင့်နေခဲ့သည်။ ပိုင်ယွဲ့ နှင့် ကျန်းရှင်းယွီတို့နှစ်ယောက်စလုံးသည် စင်္ကြံမှာရှိနေကြပြီး တစ်ယောက်က နံရံကို ကိုင်ထားကာ နောက်တစ်ယောက်က ညိုမည်းနေသည့် နံရံကို ကျောပေးပြီး မြေပြင်ပေါ်မှာ ထိုင်နေခဲ့သည်။
"ဘာဖြစ်ခဲ့ကြတာလဲ!"
ဖန်ချန်းပြောပြီးသည့်နှင့် လူနှစ်ယောက်၏ အာရုံသည် သူ့အပေါ်ချက်ချင်း ရောက်လာခဲ့သည် ။
ပိုင်ယွဲ့က ကြမ်းပြင်ပေါ်မှာတွားထလိုက်ပြီး ပြေးလာသည့်ဖန်ချန်းအားရပ်ဖို့ကြိုးစားလိုက်သော်လည်း ဖန်ချန်းသည် သူ့ဘာသာ အရှိန်လျှော့သွားခဲ့သည်။
"ကျန်းယန် သေသွားပြီ ကျန်းယန် သေသွားပြီ!"
စင်္ကြံတစ်ခုလုံး၌ မိန်းကလေး၏အက်ကွဲနေသော စကားသံနှင့် ငိုရှိုက်သံများက ပြည့်သွားခဲ့သည်။
လွန်ခဲ့သောဆယ်မိနစ်ခန့်တွင်--
ကျန်းယန်သည် အရမ်းပူလောင်လာပြီး သူ့အင်္ကျီကို ချွတ်ဖို့တောင်စိတ်မရှည်နေတော့ချေ။ စိတ်မရှည်လွန်းသောကြောင့် ကော်လာကိုပင် ဆွဲဖြဲမိခဲ့သည်။
ပိုင်ယွဲ့ကပြောလိုက်သည်။
"ဒီမှာ မိန်းကလေးလည်းရှိနေသေးတယ်နော်ဟဲ့..."
"မဟုတ်ဘူး... ငါအရမ်းပူနေတယ်... မင်းတို့မပူကြဘူးလား"
ကျန်းယန်သည် ကျောင်းစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး သူ့ကိုယ်သူ ယက်ခပ်လိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။
"ဒေါက် ဒေါက်"
သုံးယောက်သား တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ကျန်းရှင်းယွီက မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်သည်။
"သူတို့တောင် ပြန်လာကြပြီလား သူတို့သွားတာဘယ်လောက်ကြာပြီမို့လို့လဲ...."
"သူတို့ ဘယ်သူမှမတွေ့ကြလို့လည်းဖြစ်နိုင်တာပဲလေ...နင်ဘာလို့ စကားမပြောကြည့်တာလဲ"
ကျန်းရှင်းယွီက သတ္တိရှိရှိ လျှောက်လာခဲ့ပြီးပြောလိုက်သည်။
"အတန်း.."
တံခါးအပြင်၌ဘာသံမှ မကြားရပေ။
ခဏအကြာတွင် အအေးဓာတ်က လူသုံးယောက်၏ ကျောရိုးတစ်လျှောက်ဖြတ်ပြေးသွားပြီး နောက်ကျောပေါ်၌ ချွေးစေးများ ထွက်လာတော့သည်။
ထို့နောက်မှာတော့ ပိုလို့တောင် ကြောက်စရာကောင်းသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
"ဟမ် အတန်းလား..."
တံခါးအပြင်ဘက်ကလူကပြောလာခဲ့သည်။
"အိုး အိုးငါသိတယ်.. အဲဒါ အတန်းC ဒုတိယနှစ်မလား!"
အဲဒါက ဖန်ချန်းနှင့် ပိုင်ယွဲ့၏အတန်းပင်...
ကျန်းရှင်းယွီ၏ ဦးရေပြားသည် ရုတ်တရက် ထုံထိုင်းသွားခဲ့သည်။
တံခါးအပြင်မှာ ဘယ်သူရပ်နေတာလဲ...
ထိုအချိန်မှာပင် စာသင်ခန်းထဲ၌ ထူးထူးခြားခြား တစ်ခုဖြစ်သွားခဲ့သည်။ ပိုင်ယွဲ့နှင့် ကျန်းရှင်းယွီတို့ သတိမထားမိခင်မှာပဲ ကျန်းယန်သည် အဝတ်အစားများအကုန်လုံးကို လုံးလုံးလျားလျား ချွတ်ပစ်လိုက်သည် ။ သူ့တစ်ကိုယ်လုံးသည် ပြုတ်ထားသော ပုဇွန်ကဲ့သို့ နီမြန်းနေခဲ့သည်။
ပိုင်ယွဲ့သည် ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကြည့်လိုက်သည့်အချိန်မှာပဲ ကျန်းယန်သည် ပြတင်းပေါက်ဆီသို့ ယိမ်းထိုးကာလျှောက်သွားသည်ကိုမြင်လိုက်ရသည်။ သူသည်ခေါင်းကို မှင်တက်နေဟန်ဖြင့် မြှောက်လိုက်၍ တစ်ချက် နှစ်ချက်ဖြင့်တွန်းဖွင့်လိုက်သဘ်... နောက်ဆုံးတွင်ပြတင်းပေါက်က လုံးလုံးပွင့်သွားခဲ့သည်။
အရမ်းပူတယ်!
အရမ်းပူတာပဲ!
သူ အောက်ဆီဂျင်လိုအပ်တယ်!!လေရှုဖို့လိုအပ်တယ်...လိုအပ်တယ်...
ကျန်းယန်သည်ပြတင်းပေါက်ဘောင်ကိုခြေဗလာနှင့် နင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အနှံ့ နာကျင်မှုများက ပျံ့နှံ့လာခဲ့သည်။
ကျန်းယန်သည် ခေါင်းကို လှည့်လာခဲ့ကာ သူ့မျက်နှာသည် သဘာဝအတိုင်း နီရဲနေခဲ့၍ သူ့မျက်လုံးများက သွေးထွက်တော့မတက်နီရဲနေကာ ပေါက်ကွဲလုမတက်ဖြစ်နေခဲ့သည်။
"ငါ မင်းတို့ကို...စောင့်နေမယ်"
ကျန်းယန်ကပြောလာခဲ့သည်။သူ့အသံသည် သူ့အသံနှင့်မတူနေပေ... တစ်စုံတစ်ယောက်က သူ့လည်ချောင်းကိုညှစ်ပြီး စကားပြောခိုင်းနေသကဲ့သို့ မပီမသဖြစ်နေခဲ့သည်။
ထို့နောက် သူ ခုန်ချလိုက်တော့သည်...
လေ...လန်းဆန်းသော ညလေညင်းတို့ က သူကိုတိုက်ခတ်လာခဲ့သည်... နှစ်စက္ကန့်မျှ ကြာပြီးနောက်တွင် သူသည် အနီရောင်အိုင်ထဲသို့ လဲကျသွားခဲ့သည်။
ဒါက တတိယထပ်ပဲ!
ကျန်းယန်..သေလောက်မှာမဟုတ်ဘူး...
ကျန်းရှင်းယွီသည် တုန်တုန်ယင်ယင်နှင့် ကြည့်နေခဲ့ပြီး ပြတင်းပေါက်ဆီသို့ ရွှေ့ရန် အနည်းဆုံး ငါးမိနစ်ခန့် အချိန်ယူခဲ့ရသည်။
အနီရောင်များ...တောက်ပနေသည့်အနီရောင်များပြန့်ကျဲနေခဲ့သည်...
သူသေသွားခဲ့ပြီဖြစ်သည်..
"အားးးး!!" ပိုင်ယွဲ့သည် သူမအသံကို မထိန်းထားနိုင်တော့ပေ။
ထိုအချိန် တံခါးအပြင်ဘက်၌...
ရှဲ့ယင်းက ချောင်ယန်၏ တင်ပါးကို လှမ်းကန်လိုက်သည်။
"ပြဿနာရှာလို့ပြီးပြီလား ဟမ်... ဘာလို့ သူတို့ကို ခြောက်လိုက်တာလဲ"
ချောင်ယန်သည် တည့်တည့်ရပ်နေကာ ပြုံးလိုက်သည်။
"မှတ်မိသလောက်ဆို တကယ်လည်း ဖန်ချန်းကောက ဒုတိယနှစ်အတန်း C ကပဲဟာကို"
"အစီအစဥ်ကို မနှောင့်ယှက်နဲ့တော့.. အခုတော့ နင်က သူတို့ကိုတံခါးမဖွင့်ရဲလုပ်လိုက်တာပဲ"
ချောင်ယန်သည်လည်း ဒါကိုပဲ တွေးနေပုံရသည်။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"
ရှဲ့ယင်းက သက်ပြင်းချလိုက်ပြီး "သူ့တိုကို တံခါးဖွင့်ပေးလိုက်ရအောင်"
ထို့နောက် ပြတင်းပေါက်ဘောင်တွင်ထိုင်နေသော ကြောင်ကို ကြည့်လိုက်ပြီးပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကူညီပေးပါ"
ကြောင်က ခေါင်းကို အနည်းငယ်ညိမ့်ပြလာခဲ့သည်။
"မြောင်~"
"ကလစ်"
တံခါးပွင့်သွားခဲ့တော့သည်။