Extra 4.2
ကောင်းကင်သည် မည်းမှောင်လာခဲ့ပြီး ညသည်ဘာသတိပေးချက်မှမရှိဘဲ ရောက်လာခဲ့သည်။
ကျန်းရှင်းယွီသည် အခြားသူများနှင့် ကွဲသွားခဲ့ရသည်။ သူသည် စိတ်နတ်ဆိုးများကို ရှောင်ရှားရန်အတွက် ကျဉ်းမြောင်းသော အိမ်သာခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့ရကာ မကောင်းဆိုးဝါးကောင်များက သူ့အားရှာမတွေ့စေရန် စိတ်နှလုံးထဲမှ ဆုတောင်းနေခဲ့ရသည်။
သူ၏ ညာလက်တစ်ဘက်လုံးသည် နာကျင်ကိုက်ခဲနေခဲ့ပြီး ဆေးပေးခန်းရှိ သူနာပြုဆရာမ၏ မျက်နှာအမူအရာကို ပြန်သတိရမိသောအခါတွင် ပို၍ပင် နာကျင်လာခဲ့သည်။
ဘယ်လိုလူလဲ! သူနာပြုဆရာမသည် သူတို့ကိုသေနေသည့်အရာများအား ကြည့်သလိုမျိုးကြည့်ခဲ့လေသည်။
သို့သော် တကယ်တမ်းတွင်--
သူ့အပြင် နျဲ့ရှီသည်လည်း အခြားသူများနှင့် ကွဲသွားခဲ့သည်။
ထိုအချိန်တွင် ထိုလူသည် ကျန်းရှင်းယွီ၏တံခါးရှေ့၌စောင့်နေကာ အသံမထွက်ဘဲ သူ့ဆီသို့ရောက်သမျှ စိတ်နတ်ဆိုးအားလုံးကို ဖြေရှင်းနေခဲ့သည်။
စိတ်နတ်ဆိုးများ၏အကျွင်းအကျန်ပြာပုံများကြားရှိလူသည် ဟိုးအဝေးကလူတစ်ယောက်ကို တွေးနေသကဲ့သို့ အေးစက်သောမျက်လုံးများဖြင့် ဆန့်ကျင်ဘက်ကြမ်းပြင်ပေါ်သော့ခတ်ထားသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
စိတ်နတ်ဆိုးများသည် ကျန်းရှင်းယွီကို ဖျက်ဆီးလိမ့်မည်မဟုတ်ပေ။
သူ့အပြစ်ဖြင့်သာ သူသေရတော့မည်ဖြစ်သည်။
တစ်ဖက်၌ ဖန်ချန်း ထိပ်လန့်နေသကဲ့သို့ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် စားပွဲတစ်ခုအောက်တွင် ပုန်းနေခဲ့သည်။
"ငါ့အစ်ကို ငါ့အစ်ကို...ငါ မြန်မြန်ပြေးဖို့ အတွက်နဲ့ သူကရပ်ပြီးတားကျန်ရစ်ခဲ့ရတာ....ငါ.. ငါ သူ့ကို သွားရှာရမယ်..."
"ဖန်ချန်း...စိတ်အေးအေးထား...နင့်အစ်ကိုက အရမ်းတော်တာပဲဟာ သူအဆင်ပြေပါလိမ့်မယ်"
ပိုင်ယွဲ့သည် စားပွဲအောက်တွင် ပုန်းနေသော ဖန်ချန်းကို နှစ်သိမ့်ပေးလိုက်သည်။
"သူက ငါတို့နဲ့ပြန်ပေါင်းဖို့အတွက် ကျန်းရှင်းယွီကိုလည်း သူနဲ့ သေချာပေါက် ခေါ်လာနိုင်မှာ...."
လျိုကျားယွီသည် သူတို့ကို ကြည့်လိုက်သည်။ ကောင်မလေးသည် ဖန်ချန်းအား နူးညံ့သော အသံဖြင့် ဆက်နှစ်သိမ့်နေသေးသည်။ သူမက ကောင်လေး၏ နောက်ကျောကို ပုတ်ရန် လက်ကို ဆန့်တန်းလိုက်သော်လည်း ရှက်ရွံ့တတ်သည့် ကောင်လေးသည် ရှောင်ထွက်သွားခဲ့သည်။
ဖန်ချန်းသည် ဒူးနှစ်ဖက်ကို လက်ဖြင့် ပွေ့ဖက်ထားကာ မျက်နှာကို ဒူးဆီအပ်လိုက်သည်။ သူ့မျက်နှာကို ဘယ်သူမှ မမြင်နိုင်ပေ... သူ့မျက်လုံးထဲတွင် မျက်ရည်များ မရှိတော့ပေ... သူ့လေသံကအနည်းငယ်တုန်နေသော်လည်း သူ့မျက်လုံးထဲတွင်မူ အလွန်ငြိမ်သက်နေခဲ့သည်။
ကျန်းရှင်းယွီသည် အိမ်သာထဲ၌ ပုန်းနေဆဲဖြစ်သည်။
ပတ်တီးများအောက်မှ နာကျင်မှုလှိုင်းလုံးများ ရောက်လာသဖြင့် မူးဝေလာကာ အိမ်သာတံခါးကို ခေါင်းဖြင့်အထပ်ထပ်အခါခါ တိုက်နေမိသည်။ အစပိုင်းတွင် အင်အားသည် အလွန်ပေါ့ပါးသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ပိုမြန်လာပြီး ပိုပြင်းလာခဲ့သည်။ သတိပြန်ဝင်လာသောအခါတွင် သူ၏အမြင်အာရုံသည် နီရဲ မှုန်ဝါးနေကာ ခေါင်းတစ်ခုလုံးလည်း သွေးများရွှဲနေလေသည်။
အရမ်းနာတာပဲ...
အရမ်းနာတယ်!
သူသည်းမခံနိုင်တော့ဘဲ လက်ထဲရှိ ပတ်တီးစကို အရူးအမူး ဆုတ်ဖြဲပစ်လိုက်သည်။ ပတ်တီးစအောက်ရှိအသားသည်ပုပ်ပွလာခဲ့ကာ သူ့လက်ဖဝါးတစ်ခုလုံး ပုပ်ပွသွားခဲ့သည်။ သူ၏လက်မောင်းတွင် ဒဏ်ရာများ ပေါ်လာခဲ့ပြီး ပုပ်ပွခြင်းသည် သူ့ခန္ဓာကိုယ်အနှံ့ အညီအမျှ ပျံ့နှံ့သွားခဲ့သည်။
ဘယ်အချိန်ထဲစပွင့်မှန်းမသိစွာ တံခါးသည် သူ့အလိုလိုပွင့်လာခဲ့သည်။နျဲ့ရှီသည် အချိန်တန်ချိန်၌ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ခဲ့ပြီး ကျန်းရှင်းယွီသည် အိမ်သာခန်းထဲမှအရူးကဲ့သို့ ပြေးထွက်လာကာ ပြတင်းပေါက်သို့ တည့်တည့်သို့ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏ခြေလှမ်းတိုင်းတွင် အနီရောင်တောက်တောက် သွေးများက စီးကျလာခဲ့သည်။
ပြတင်းပေါက်သည် ဘန်းခနဲ ကျယ်လောင်စွာ တိုက်ခံရသံကထွက်လာခဲ့သည်။ ကျန်းရှင်းယွီသည်သွေးများထွက်နေသော ခေါင်းဖြင့် မှန်ပြတင်းပေါက်ကိုအကြိမ်ကြိမ်တိုက်နေခဲ့သည်။မရေတွက်နိုင်အောင် များပြားစွာတိုက်ခဲ့ပြီးနောက်ဆုံးတွင် ပြတင်းပေါက်၌ အက်ကြောင်းများ ပေါ်လာခဲ့သည်။
"ဘန်း" ခနဲအသံနှင့်အတူပြတင်းပေါက်သည် လုံးဝကွဲကြေသွားခဲ့သည်။
ထိုအဆောက်အဦး၏ ဆန့်ကျင်ဘက်တွင် အဆောက်အအုံတစ်ခု ရှိလေသည်။ စားပွဲခုံအောက်၌ ပုန်းနေသော ဖန်ချန်းသည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးများသည် အမှောင်ထဲ၌ အထူးတောက်ပနေခဲ့သည်။
"မင်း အသံ ကြားလိုက်လား"
"ဘာသံလဲ"
ပိုင်ယွဲ့ကကဗလာဖြစ်စွာမေးလိုက်ပြီး ဖန်ချန်း၏အကြည့်များနောက်လိုက်ကြည့်လိုက်သည်။
မြင့်မားသောအထပ်မှ အရိပ်တစ်ခုသည် လူတိုင်း၏မျက်စိရှေ့မှာပဲ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။
"တစ်ခုခုပြုတ်ကျသွားတယ်!"
ဖန်ချန်းက ပြောလိုက်သည်။
လျိုကျားယွီ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်နေသည်ကို သူမြင်လိုက်ရသည်။
နောက်ဆက်တွဲအနေနှင့် ပိုင်ယွဲ့၏ငိုရှိုက်သံနှင့်လီရှောင်အန်း၏ ကျိန်ဆဲခြင်းတို့ကထွက်လာခဲ့သည်။
ဖန်ချန်းသည် လူတိုင်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ စားပွဲအောက်မှ အလျင်အမြန် ရုန်းထွက်လိုက်ပြီးပြောလိုက်သည်။
"ဟိုဘက်.... ဆန့်ကျင်ဘက်အထပ်မှာ လူရှိနေလောက်တယ်...ငါ... ငါ့အစ်ကိုကို သွားရှာချင်တယ်!"
သူသည် ပြောပြီးသည်နှင့် တံခါးဆီတန်း နေအောင်ပြေးသွား၍ တံခါးကိုဖွင့်ကာ ထွက်ပြေးသွားခဲ့သည်။
ပိုင်ယွဲ့သည် ခြေတစ်လှမ်းမှမလှမ်းနိုင်တော့ဘဲ လျိုကျားယွီ သူ့နောက်ကို ပြေးလိုက်သွားသည်ကိုသာ ကြည့်နေလိုက်သည်။ လျိုကျားယွီ စာသင်ခန်းထဲမှ ထွက်လာချိန်တွင် ကောင်လေးသည် ညအမှောင်ထဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူအသက်ရှင်သလိမ့်မည်ဟု မည်သူမျှမထင်တော့ပေ။
"လျိုကျားယွီက သူမကို တစ်ခုခုလုပ်မှာမကြောက်ဘူးလား"
ရှဲ့ယင်းသည် ပထမထပ်တွင် စောင့်ဆိုင်းနေခဲ့ပြီး အောက်ဆင်းလာခဲ့သော ဖန်ချန်းကို မော့ကြည့်လိုက်သည်။
ဖန်ချန်း၏ခြေဖဝါးသည် လေထဲတွင်ရပ်တန့်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ ခြေလှမ်းကိုဆက်လိုက်သည်။ ဖိနပ်တစ်ဘက်သည် လှေကားထစ်ပေါ်တည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။
"သူအဲ့လိုလုပ်တော့မှာမဟုတ်ဘူး"
"ဘာလို့ဒီလောက်သေချာနေရတာလဲ"
"သူက ကျန်းရှင်းယွီသေဆုံးတဲ့ပုံကို သူ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ပြီးပြီပဲဟာ မလိုအပ်ဘဲနဲ့ သူဘာမှလုပ်မှာမဟုတ်ဘူး"
ဖန်ချန်းက ခန်းမဆီသို့ လှမ်းကြည့်လိုက်သည်။ ကျောက်လှေကားထစ်များပေါ်တွင် လရောင်သည် ငွေဖြူရောင်အလင်းတန်းများ ကျရောက်ကာတောက်ပသော်လည်း မကြာမီမှာပင်အရိပ်တစ်ခုက လရောင်ကို ပိတ်ဆို့သွားခဲ့သည်။
ဖန်ချန်းသည် တုံ့ဆိုင်းမနေပဲ ရယ်မောလိုက်ပြီး လှေကားမှ အရှိန်မြှင့်ပြေးဆင်းကာ နျဲ့ရှီ၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
"မင်းဘာလို့ ဒီလောက်မြန်နေရတာလဲ... မင်းကို သွားရှာအုံးမယ်လို့ ပြောချင်သေးတာကို"
ကြောင်သည် ပြတင်းပေါက်ပေါ်မှ ပေါ့ပေါ့တန်တန် ခုန်ဆင်းလာခဲ့ပြီး ခေါင်းလောင်းသံက စူးရှစွာမြည်လာခဲ့သည်။
"မြောင်~"
##
သူမအပေါင်းအဖော်များ၏ ဆက်တိုက်သေဆုံးမှုများသည် ပိုင်ယွဲ့၏ စိတ်ကို တင်းမာစေခဲ့သည်။ ဖန်ချန်း၏ထွက်ပြေးသွားမှုသည် လေထုကို လေးလံလာစေကာ နောက်ထပ်အလောင်းသည် မည်သူ့အလောင်းဖြစ်မည်ကို သူမကြိုတင်မခန့်မှန်းနိုင်ခဲ့ပေ။
ဖန်ချန်းသည် အလွန်မိုက်မဲလွန်းသည်။ သူတစ်ယောက်တည်း ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ...
သူတစ်ယောက်တည်းဖြစ်ကာအထီးကျန်ပြီး သေမှာသေချာသည်....
ပိုင်ယွဲ့သည် စားပွဲပေါ်တွင် တစ်ဝက်လှဲထားပြီး လီရှောင်အန်း၏ရုပ်ကို မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
လီရှောင်အန်းကို ဘယ်မှာတွေ့ဖူးပါလိမ့်...
လီရှောင်အန်းကို မြင်ဖူးသလိုပဲ...
ဒါပေမယ့် ဘယ်မှာမြင်ဖူးတာလဲ... သူမမှတ်မိနိုင်ခဲ့ပေ...
သူမဘေးတွင်ထိုင်နေသော လျိုကျားယွီ သည်လည်း သူမကို တောက်လျောက်စိုက်ကြည့်နေခဲ့သည်။ သူမသည် မသက်မသာဖြစ်လာ၍ ခေါင်းကို မော့ကာမေးလိုက်သည်။
“ဒီမှာရှင့်… ဘာကိစ္စရှိလို့လဲဟင် ဘာလုပ်ပေးရမလဲ”
"မင်းငါ့ကိုမမှတ်မိဘူးလား.."
ထိုလူက သူမကိုကြည့်ကာ ရုတ်တရက် ပြောလာခဲ့သည်။
ပိုင်ယွဲ့သည် မျက်မှောင်ကြုတ်ကာ သေသေချာချာကြည့်လိုက်၍ ချိန်ဆပြီးနောက်ခေါင်းခါလိုက်သည်။
"တောင်းပန်ပါတယ်..."
သူတို့ဘယ်မှာများ ဆုံတွေ့ခဲ့ကြလို့လဲ... ဘယ်မှာလဲ...
လျိုကျားယွီသည် သူ့မျက်လုံးများကို လှည့်လိုက်ကာပြောလိုက်သည်။
"ကောင်းပြီ... ငါ အမှတ်မှားတာ ဖြစ်နိုင်တယ်"
ပိုင်ယွဲ့သည် ပိုလို့ပင်ကြောက်လာခဲ့သည်။ သူမသည် တုန်လှုပ်နေကာ နာကျင်နေသော လက်မောင်းကို လက်နှင့်ထိလိုက်သည်။ လက်မောင်းအောက်ကိုငုံ့ကြည့်လိုက်ရာ ဒဏ်ရာ အရှည်ကြီးကို တွေ့လိုက်ရတယ်။ သူမလက်မောင်းကို ဘယ်တုန်းကကုတ်မိလို့ သွေးထွက်နေခဲ့ မှန်းမသိပေ။
သူတို့အားလုံးသည် မိုးလင်းတာကို စောင့်နေခဲ့ကြပြီး ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ကျောင်းမှ လွတ်မြောက်အောင်လုပ်ကြရမည်။
သို့သော် ဒီညသည် ပုံမှန်မဟုတ်လှစွာ ရှည်လျားလွန်းနေသောကြောင့် လီရှောင်အန်းသည် ဆီးမထိန်းနိုင်တော့ဘဲ ဘောင်းဘီကို ချွတ်ကာ စာသင်ခန်းထဲမှာ ပဲဖြေလျော့လိုက်သည်။
ပိုင်ယွဲ့သည် အန်ချင်သလို ခံစားလိုက်ရပြီး လျိုကျားယွီသည် စကားတစ်ခွန်းမှ မပြောဘဲ စာသင်ခန်းမှ ချက်ချင်းထွက်သွားခဲ့လေသည်။
"ငါ့ကိုစောင့်အုံး! ငါလည်းလိုက်မယ်..."
ပိုင်ယွဲ့သည် ကမန်းကတန်းဖြင့် လျိုကျားယွီနောက်သို့ လိုက်သွားခဲ့သည်။ ဒီအချိန်တွင် သူမတစ်ယောက်တည်း အထီးကျန်မနေနိုင်သော်လည်း လီရှောင်အန်း၏ အမူအရာများသည် ရွံရှာဖွယ်ကောင်းလှသည်။
လီရှောင်အန်းသည် သူဆီးသွားစဉ် ဟိုနှစ်ယောက်အပြင်ထွက်သည်ကို ကြည့်လ်ုက်ပြီး တံတွေးထွေးလိုက်သည်။
ဟမ့်..ဒီအချိန်ကိုတောင် ရောက်နေပြီကို ဘယ်သူ့ကိုမှ နှိမ့်ချမနေသင့်ဘူး...
ပြီးသွားသောအခါ၌ ဘောင်းဘီရှည်ကို အမြန်ဆွဲတင်လိုက်တော့မည်ဖြစ်သော်လည်း ရုတ်တရက် လေပြင်းတစ်ခုက စာသင်ခန်းကို တိုက်ခတ်လာခဲ့ယသည်။
သူတို့၏နောက်ကွယ်တွင်ကျယ်လောင်တဲ့ "ဝုန်း" ခနဲအသံများထွက်ပေါ်လာခဲ့သည်။
ပိုင်ယွဲ့သည် ထိတ်လန့်သွားပြီး နောက်ကိုထိတ်လန့်တကြား လှည့်ကြည့်လိုက်တယ်။ လျိုကျားယွီသည် မရပ်တန့်ဘဲ အောက်ထပ်သို့ ဆက်လျှောက်သွားလိုက်သည်။
"ခဏလေး... ကြားရလား..အဲ့တာ စောနကနေခဲ့ စာသင်ခန်းထဲကလာတာပဲ"
လျိုကျားယွီသည် ခေါင်းကို မော့လာပြီး သူမကို မှုန်ကုပ်ကုပ်နဲ့ စိုက်ကြည့်လာခဲ့သည်။
"အဲ့တော့.. မင်းက သူ့ကို ကယ်ချင်လို့လား"
ပိုင်ယွဲ့၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။
"ဒါပေမယ့်..အခန်းထဲက ပြတင်းပေါက်တွေက အကုန်တင်းတင်းပိတ်ထားတာလေ... လေက ဘယ်လိုလုပ်ဝင်... မသွားပါနဲ့ ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့!"
ပိုင်ယွဲ့ သည် တစ်မှ မပြောနိုင်ဘူးသော်လည်း ထိုလူ၏ကိုယ်မှအနံ့ဆိုးများရပေသည်။ထိုသူသည် သူမအနားကပ်လာတိုင်း အမှိုက်ပုံးကြီးတစ်ခုလို အနံ့အသက်ဆိုးများရလာခဲ့သည်။ သူသည် လီရှောင်အန်းထက် များစွာသာလွန်နေသည်မဟုတ်သော်လည်း ယခု သူမတွင် သူ့ကိုသာ အားကိုးနိုင်ကာ သူ့ကို မုန်းတီးပိုင်ခွင့်မရှိသောကြောင့် ထိုယောက်ျား၏ အရှိန်ကို အလျင်အမြန် လိုက်လာခဲ့ရသည်။
ထို့နောက် စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရသည်။ ပိုင်ယွဲ့၏ မျက်လုံးများပြူးကျယ်သွားကာ လျိုကျားယွီကို ကြည့်လိုက်ပြီး လျိုကျားယွီသည်လည်း သူမကို ကြည့်နေခဲ့သည်။
"သေရမှာကြောက်နေတာလား"
ထိုလူသည် ရုတ်တရက် သူမဆီသို့ လှမ်းလာခဲ့ပြီး ပိုင်ယွဲ့သည်မသိစိတ်အရ နောက်ပြန်ဆုတ်သွားမိသည်။
လျိုကျားယွီသည် သူမ၏လည်ပင်းကို ညှစ်တော့မည့်ကဲ့သို့ သူ့လက်ကို မြှောက်လာခဲ့သည်။သူမသည် ချက်ချင်းပင် လှေကားထစ်ကို ကိုင်ကာ အပေါ်ထပ်ကို ပြေးတက်သွားခဲ့လိုက်သည် ။
ထိုလူကတော့ နေရာ၌သာ မလှုပ်မလျက် ရပ်နေခဲ့သည်။
##
ချောင်ယန်သည် တံခါး၌ ထွက်နေသော လီရှောင်အန်း၏ လက်နဲ့ ကန်ပစ်လိုက်သည်။
လက်သည်းများကြားထဲ၌ အမည်မသိနက်မှောင်ပြီး ကြမ်းတမ်းသောအရာများကရှိနေသည်။
သာမာန်သဘောအရဆိုလျှင်...ဒါက မဖြစ်နိုင်ပေ...
တံခါးက လူတစ်ယောက်၏လက်ကို ဘယ်လိုလုပ်ဖြတ်နိုင်မှာလဲ...
ဒါပေမယ့် ဖြစ်ခဲ့သည်...
ထိုလူသည် စာသင်ခန်းကြမ်းပြင်ပေါ်တွင် ခွေလဲကျနေကာ တံတွေးများမျက်ရည်များဖြင့် ဖုံးလွှမ်းနေကာ “အားအား” ဟု ဆက်အော်နေခဲ့၍ ဆံပင်များက ချွေးများ စိုရွှဲစေးကပ်နေကာ အသက်ရှုကျပ်လာခဲ့သည်။
ဒါက အပြစ်ဒဏ်ပဲ!
သူ့လက်တွေကို မထိန်းနိုင်ခဲ့တဲ့အတွက်ကြောင့်ပဲ!
သူသည် ခိုးခြင်းအား နှစ်ပေါင်းများစွာ ရှောင်ကြဉ်ခဲ့ပြီး ငယ်စဉ်ကသာခိုးမှုအနည်းငယ်ကို ပြုလုပ်ခဲ့သော်လည်း ဘူတာရုံရှေ့ရှိ မိန်းကလေးသည် အကာအကွယ်မဲ့လွန်းခဲ့သဖြင့် အခွင့်ကောင်းယူရန် လွယ်ကူလွန်းနေတာကြောင့် သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပေ။
"သူ ဖန်ချန်း နဲ့ နျဲ့ရှီနောက် လိုက်သွားရတဲ့ အကြောင်းရင်းက ပိုင်ယွဲ့ဆီက ဖုန်းခိုးဖူးခဲ့လို့ အပြစ်ရှိတယ်လို့ ခံစားမိလို့ပဲ ဟုတ်တယ်မလား... ပိုင်ယွဲ့က သူ့ကို မှတ်မိသွားမှာကို ကြောက်နေတာ"
တံခါးအပြင်ဘက်ရှိ ရှဲ့ယင်းသည်အခြေအနေကိုခွဲခြမ်းစိတ်ဖြာနေစဉ် ချောင်ယန်သည် ဖြတ်ခံထားရသည့် လက်ကို ကန်ကျောက်နေသည်ကိုကြည့်လိုက်ရကာ သူ့ ခေါင်းကိုရိုက်ချင်လာမိသည်။
ဒါက တကယ်ပဲ နင်ကဒါမျိုးတွေနဲ့ပဲကစားနိုင်တာလား!
လီရှောင်အန်းသည် တံခါးအတွင်းမှ သူ့ကိုယ်မှလွဲ၍ မည်သည့်အသံကိုမျှ မကြားနေရကာ ရှိုက်ကြီးတငင် ငိုနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် အသံသည် တဖြည်းဖြည်း ငြိမ်သွားပြီး ကြမ်းပြင်တစ်ခုလုံး သွေးများ စီးကျလာခဲ့သည်။
ရှဲ့ယင်း၏ မျက်လုံးများသည် ဗလာဖြစ်သွားခဲ့သည်။
"ပြစ်ဒဏ်က ဘယ်တော့ ပြီးမှာလဲ"
ချောင်ယန်က သူမကိုကြည့်ရန် ခေါင်းကိုလှည့်ပြီး "မသိဘူးလား...သိတာထင်ရှားနေရဲ့သားနဲ့"
-- သူနောက်တစ်ကြိမ်သေသည်တိုင်အောင်ပင်...
ရှဲ့ယင်းက ပခုံးတွန့်လိုက်ပြီးပြောလိုက်သည်။
"သူက အရမ်းဆူညံတာပဲ... သူ့ကို အမြန်သေနိုင်မယ်ထင်တာ"
ချောင်ယန်ကပြောလိုက်သည်။
"စိတ်ပျော့နေပြန်ပြီလား"
ရှဲ့ယင်းက မျက်မှောင်ကြုတ်ကာ "မဟုတ်ဘူး ဒါပေမယ့် တစ်ခါတလေ ငါတွေးမိတယ်..."
ချောင်ယန်သည် သူမ၏ အဖြေကို ဂရုမစိုက်စွာ ပေါ့ပေါ့ပါးပါး နားထောင်နေပုံရသည်။
ရှဲ့ယင်းကဆိုလိုက်သည်...
"သူတို့ကို အပြစ်ပေးဖို့အတွက် တကယ်ပဲ ငါတို့က တကယ်အရည်အချင်းပြည့်မီရဲ့လား... ဘယ်လိုရာဇ၀တ်မှုပဲ ဖြစ်ဖြစ် ပေါ့ပေါ့လေးပဲဖြစ်ဖြစ် ကျူးလွန်ခဲ့ရင် နောက်ဆုံးမှာ သေတဲ့အထိ နှိပ်စက်ခံရလိမ့်မယ်"
"ဘာတွေပြောနေတာလဲ နားမလည်ဘူး"
ချောင်ယန်သည် ခေါင်းကို စောင်းကာ အပြစ်ကင်းစင်သော မျက်လုံးများဖြင့် သူမကို ကြည့်လာခဲ့သည်။
"ငါတို့ အရည်အချင်းပြည့်မီလား မပြည့်လားက ငါတို့ဆုံးဖြတ်ရမှာ မဟုတ်ပါဘူးလေ... ဒါက 'လူ့ဘုံ' ရဲ့ စည်းကမ်းပဲမလား..."
ချောင်ယန်က ပြောလာခဲ့သည်။
"ဖန်ချန်းကောက ငါ့ကိုပြောပြတယ် လောကကြီးက မကောင်းမှုတွေနဲ့ပဲ ပြည့်နှက်နေတာတဲ့"
ရှဲ့ယင်းသည် ခဏတာမျှ ထိတ်လန့်သွားပြီး ပြုံးလိုက်ကာ "အင်း...ဟုတ်တယ် ဖန်ချန်း ဒါကို အမြဲသိတယ်.. သူက ငါတို့ထက် ပိုနားလည်တယ်"
လောကကြီးက ဆိုးသွမ်းပေသည်.....