Chapter 98
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 98


* * *

အလျင်စလိုနိုင်သော အချိန်ဇယားကြောင့် ဆေးရုံရှေ့၌ လူများသိပ်စုဝေးခြင်းမရှိခဲ့ချေ။ သို့သော် အလွတ်ဖြစ်နေတာမျိုးလည်း မဟုတ်ပေ။

ရုတ်တရက် အဆောက်အဦရှေ့တွင် ကျောက်တိုင်တစ်ခု စိုက်ထူပြီး လူများဝင်ထွက်နေမှုက ဖြတ်သွားဖြတ်လာများစွာ၏ စူးစမ်းလိုစိတ်များကို ကြီးထွားလာစေခဲ့သည်။

လူနာသည် ပွဲစမည့်အချိန်ထက် အနည်းငယ်စောကာ ရောက်ရှိလာသောကြောင့် ဆေးရုံပတ်ပတ်လည်ကို ခဏလောက်ကြည့်ရှုပြီး လူများစွာနှင့် စကားပြောဆိုခဲ့သည်။လော်ရာသည် အလောတကြီးဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး စောဒကတက်မှတ်ချက်ချခဲ့သော်လည်း ဆေးရုံသည် အတော်လေး ပြင်ဆင်ထားပြီးပုံရသည်။

လူနာသည် သူမမျှော်လင့်ထားတာထက်တောင် ဆေးရုံနဲ့တူတယ်ဟု ပြောရင်း လော်ရာနဲ့အတူထွက်လာစဉ် အခုမှရောက်လာသော ရို့စ်မယ်ရီက လူနာကို ခေါ်လာခဲ့သည်။

"လေဒီလူနာ!"

မားကွစ်အိမ်တော်၌ ထမင်းအတူစားခဲ့ပြီးသည့်အချိန်မှစ လူနာကိုမတွေ့ခဲ့ရသည်မှာ သုံးပတ်နီးပါးရှိနေပြီဖြစ်သည်။ရို့စ်မယ်ရီသည် မျက်ရည်ကျလုနီးပါးဖြစ်နေပြီး လူနာထံချဉ်းကပ်ကာ သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ငါ နင့်ကို တကယ်လွမ်းနေတာ!"

လူနာသည်လည်း ဒီအတောအတွင်း ရို့စ်မယ်ရီမရှိခဲ့သောကြောင့် ဗလာဖြစ်နေသလို ခံစားခဲ့ရသည်။

သူမ၏ အလုပ်များသောအချိန်ဇယားကြောင့်ဖြစ်သော်လည်း ရံဖန်ရံခါတွင် ရို့စ်မယ်ရီကောင်းကောင်းရှိနေရဲ့လားဟု တွေးတောမိသည်။ထို့ကြောင့် လူနာက သူမ၏လက်ကို ပြန်ဆုပ်ကိုင်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။

"ငါလည်း နင့်ကို လွမ်းနေတာ။နင် ဒီတလောအတွင်းဘယ်လိုနေလဲ"

"လုံးဝမကောင်းဘူး! နင်က နယ်ဘက်ကို ဆင်းသွားတယ်လို့ ကြားခဲ့ရတော့ ငါ တစ်ယောက်တည်း သည်းမခံနိုင်ဘူး"

ရို့စ်မယ်ရီသည် ပျောက်ဆုံးသွားသော ပိုင်ရှင်ကို ပြန်ရှာတွေ့သည့် ခွေးကလေးကဲ့သို့ ဂနာမငြိမ်ဖြစ်နေသည်။

လူနာ နယ်ဘက်သို့သွားကြောင်း သူမကြားသိရသော်လည်း ပူပန်စိတ်ကြောင့် စံအိမ်သို့ နှစ်ခါသွားခဲ့သေးသည်။

ချစ်စရာကောင်းလွန်းတယ်။ 

ထို့နောက် သူမ၏ နောက်မှ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့က ပေါ်လာခဲ့သည်။သူတို့က လူနာနှင့် မျက်လုံးချင်းဆုံလာကြပြီး ယဉ်ကျေးစွာ နှုတ်ဆက်လာခဲ့၏။

အန်းသန့်စ်ထံမှ အခြေအနေအားလုံးကြားသိခဲ့ပြီးဖြစ်သော လူနာသည် ရှုပ်ထွေးသောခံစားချက်များဖြင့် သူတို့ကို ပြန်နှုတ်ဆက်ခဲ့လိုက်သည်။

သူတို့က သားသမီးအပေါ် တစ်ခုခုအမှားလုပ်မိခဲ့ကြသော မိဘများဖြစ်ပေမယ့် သူတို့သည်လည်း မိသားစုဝင်များဖြစ်ကြတာကြောင့် တစ်နေ့နေ့တွင် သူတို့ကြားရှိ ကိစ္စများအားလုံး အဆင်ပြေသွားနိုင်ဖို့ကို သူမ မျှော်လင့်မိသည်။

"ဟင်။ အစ်ကို အဲ့လည်ဆွဲက ဘာကြီးလဲ"

ထိုအတောအတွင်း ရို့စ်မယ်ရီသည် အန်းသန့်စ်၏လည်ဆွဲကို သတိပြုမိသွားပြီး မျက်ခုံးများ တွန့်ကာ မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အန်းသန့်စ်နှင့်မလိုက်သလို မျိုးရိုးမြင့်တစ်ဦးနှင့် မလိုက်ဖက်သော ပန်းလက်စွပ်တစ်ကွင်းက သူ့ရင်ဘတ်အနီးတွင် ယိမ်းနွဲ့နေသောကြောင့်ဖြစ်သည်။သူမ ဦးရေပြားများ ထုံကျဉ်သွားသည်အထိ အဆင်မပြေဖြစ်ခဲ့ရသည်။

"ဘာကိုလဲ"

သူမ မေးလိုက်ချိန်တွင် လျစ်လျူရှုသော တုံ့ပြန်မှုကိုသာ ရရှိခဲ့၏။

အန်းသန့်စ်က သူမကို မရှင်းပြချင်နေသည်ကို မြင်တော့ ကို့ရို့ကားယား ခံစားနေရသော လူနာက ပြုံးပြီး ရို့စ်မယ်ရီကို ရှင်းပြလိုက်သည်။

"အဲ့ဒါက ငါတို့ မိုင်းတွင်ကို စစ်ဆေးဖို့ သွားတုန်းက ညဈေးမှာ ဝယ်ခဲ့တဲ့ လက်စွပ်လေ။ကြည့်ရတာ သူအရမ်းကြိုက်သွားတဲ့ပုံပဲ။ အဲ့ကတည်းက သူဝတ်ထားတာ"

"…အယ် ညဈေးလား"

သူတို့ ညဈေးမှာ တစ်ခုခုဝယ်ခဲ့တာကိုက အံ့သြစရာကောင်းနေပြီဖြစ်သော်လည်း ရို့စ်မယ်ရီသည် သူ ဘာလို့ လည်ပင်းမှာ အဲဒါကို ဝတ်ထားသေးလဲဆိုတာကို နားမလည်နိုင်ချေ။ သူမအတွက်တော့ အဲ့ဒါက အလွန်ရိုးရှင်းပြီး မထူးခြားသောလက်စွပ်တစ်ကွင်းသာဖြစ်သည်။

လော်ရာက ၎င်းနှင့်ပတ်သက်၍ မရိုးမရွလာကာ သူမ၏ အင်္ကျီလက်စကို ခေါက်တင်ပြီး အနားချဉ်းကပ်လိုက်၏။၎င်းက အနည်းငယ် မရိုသေသောအပြုအမူမျိုးဆိုပေမယ့်လည်း လူနာ နှင့် အန်းသန့်စ်တို့၏ ဒီတိုင်းတူစုံတွဲလက်စွပ်အကြောင်း ပြောချင်စိတ်ကို သူမ မခုခံနိုင်ပေ။

"သခင်မလေး ရို့စ်မယ်ရီ၊ အဲ့လက်စွပ်က ဘာလဲဆိုတာ သိလား..."

လူနာ နှင့် အန်းသန့်စ်တို့က ညဈေးတွင် စုံတွဲလက်စွပ်များ အတူဝယ်လာခဲ့ကြကြောင်း အကျဉ်းချုံး ရှင်းပြသံကို ကြားပြီးနောက် ရို့စ်မယ်ရီသည် ဟန်တောင်မဆောင်နိုင်တော့ဘဲ သူမ၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟမိသွားခဲ့သည်။

မဟုတ်သေးပါဘူး။ဒီတော့ အဲ့လက်စွပ်က အချစ်ရဲ့သင်္ကေတလို့ ပြောနေတာလား။

သူမသည် အရမ်းမနာလိုဖြစ်သွားပြီး ၎င်းကို လုယူကာ သူမလက်တွင်ဝတ်လိုက်ချင်သော်လည်း ရို့စ်မယ်ရီက သူမကိုယ်သူမ ထိန်းပြီး ပါးစပ်ကို ပြန်စေ့လိုက်၏။

အခုက အဲ့လိုဖြစ်ဖို့ အချိန်မဟုတ်သေးဘူး။မနာလိုစိတ်က သူတို့တရားဝင်လက်ထပ်ပြီး ကွဲကွာသွားတဲ့အထိ စောင့်ရဦးမယ်။

'နင်တို့ တကယ် လက်ထပ်လိုက်ကြ။ အဲါခါကျ ငါက လူနာနဲ့ တစ်ချိန်လုံး အတူတူရှိရမှာဖြစ်ပြီး နင်ကတော့ လူနာကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးမှတ်'

ရို့စ်မယ်ရီသည် ဖြစ်မလာသေးသော အနာဂတ်ကို စိတ်ကူးယဉ်ပြီး မနာလိုစိတ်များဖြင့် ပူလောင်နေချိန်တွင် တော်ဝင်တံဆိပ်ပါသည့် လှပသော ရထားတစ်စင်းက ဆေးရုံရှေ့သို့ ရောက်လာခဲ့သည်။

"မတွေ့ရတာကြာပြီ"

ရထားပေါ်မှ ဆင်းလာသူမှာ မထင်မှတ်စွာပင် အိမ်ရှေ့မင်းသားကလ်လီယွန် ဖြစ်သည်။

သူပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိလူတိုင်း ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။ လူနှစ်ယောက်ကလွဲပြီး။

"တော်ဝင်မျိုးနွယ်နဲ့ ဆက်ဆံရချိန်မှာ မင်းမျက်နှာက ဘာလို့အဲ့လိုမျိုးဖြစ်နေတာလဲ"

အစကတည်းစ ထိုကဲ့သို့သော သဘောထားမျိုးရှိပြီးသားဖြစ်သော အန်းသန့်စ်သည် ကလ်လီယွန်ကို မကျေမနပ်အမူအရာဖြင့် နှုတ်ဆက်ခဲ့ပြီး လူနာကတောင်မှ သူ့ကို မနှစ်သက်သောအကြည့်ဖြင့် ကြိုဆိုခဲ့သည်။

သူသာ သူ့အပြုအမူများကို ထိန်းထားခဲ့ပါက ဒီလိုတုံ့ပြန်မှုမျိုး ရလာမှာ မဟုတ်ပေ။သို့သော် လူနာသည် သူ၏ ကလေးဆန်သော အပြုအမူကို မြင်ပြီးနောက်မှာတော့ သူ့ကို နွေးထွေးစွာ မကြိုဆိုနိုင်ပေ။

"မင်း မကြိုက်ရင် ဒီတိုင်း ပြန်လိုက်လေ"

အန်းသန့်စ်သည် စံအိမ်၌ လူနာကို လည်ဆွဲဆွဲပေးချိန်တုန်းက စိတ်ကောင်းဝင်နေသည်မှာ သိသာသော်လည်း မားကွစ်မိသားစု နှင့် အိမ်ရှေ့မင်းသားတို့ကဲ့သို့ မဖိတ်ကြားထားသော ဧည့်သည်များကြောင့် သူစိတ်တိုစပြုလာခဲ့သည်။

ကောင်းသောနေ့ဖြစ်သော်ငြားလည်း မတွေ့သင့်သောသူ အများအပြားက တွေ့ဆုံခဲ့ကြကာ လေထုက ရှုပ်ထွေးလာသဖြင့် လူနာ အမြန်ကြားဝင်လိုက်သည်။

"ရှင် ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ"

ဒါပေါ့ အဲ့လိုဆိုတိုင်း လူနာက ကလ်လီယွန်ကို ကြိုဆိုတယ်လို့ မဆိုလိုချေ။၎င်းက အရမ်းဒုက္ခများပြီး ယဉ်ကျေးပျူငှာဖို့အတွက် ပင်ပန်းစရာကောင်းလွန်းသဖြင့် သူမရှိသလို ဟန်ဆောင်တာက ပိုကောင်းသည်။

ကလ်လီယွန်က သူအား သဘောမကျကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည့် နှစ်ယောက်ကို ရွှင်မြူးသော အပြုံးဖြင့် ဖြေကြားခဲ့သည်။

"အဖေက လာမလို့ပေမယ့် အရမ်း အလုပ်ရှုပ်နေလို့ ငါ အစားလာခဲ့လိုက်တာ။မင်း ရွှေတူးဖော်တဲ့ အဖြစ်အပျက်ထဲစ သိပြီးသားပါ ငါမင်းသားက အင်ပါယာအတွက်အကျိုးစီးပွားကို အရမ်းစိတ်ဝင်စားတယ်လေ။ ပြီးတော့…"

ကလ်လီယွန်က ခေတ္တရပ်သွားပြီးနောက် လူနာကို မျက်လုံးမှိတ်ပြလိုက်သည်။

"တစ်စုံတစ်ယောက်နဲ့ စကားပြောရတာက ပိုပျော်စရာကောင်းနေတော့ ငါလည်း မတတ်နိုင်ဘဲ လာခဲ့မိတာပေါ့"

"မင်း အဓိပ္ပာယ်မရှိတဲ့ဟာတွေ ဆက်ပြောနေမယ်ဆို ထွက်သွား"

အန်းသန့်စ်သည် ထုံးစံအတိုင်း လူနာကို ကလ်လီယွန်၏ မြင်ကွင်းမှပိတ်ဆို့ခဲ့ပြီး လူနာသည် အော့အန်ချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။သူတို့၏ အသွင်အပြင်များက တူညီကြသော်လည်း အကျင့်စရိုက် ကွဲပြားမှုက သူမကို မနှစ်မြို့ဖြစ်စေခဲ့သည်။

ကလ်လီယွန်သည် လူနာ နှင့် အန်းသန့်စ်တို့၏ လွန်ကဲသောတုံ့ပြန်မှုများကို သဘောကျနေတာဖြစ်နိုင်သလို သို့မဟုတ် သူ၏ ပျော်မြူးမှုကို မည်သို့ဖုံးကွယ်ရမလဲ မသိတာကြောင့်ပင် ရွှင်မြူးစွာတုံ့ပြန်ခဲ့သည်။

"မတွေ့ရတာ ကြာပြီနော် မားကွစ်ဗင်းဆင့်အိမ်တော်ရဲ့ အမွေဆက်ခံသူ"

"အိုး မတွေ့ရတာကြာပါပြီ အရှင့်သား။ ဒါနဲ့ အရှင့်သား ဒီအကြောင်းကို သိပြီးပြီလား။ကျွန်မအစ်ကိုနဲ့ လူနာမှည စုံတွဲလက်စွပ်ရှိတာကိုလေ!"

ရုတ်တရက်ကြီးလား။

ရို့စ်မယ်ရီ၏ ရုတ်တရက်မှတ်ချက်ကြောင့် ကလ်လီယွန်သည် သူ၏ရှုပ်ထွေးမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ရို့စ်မယ်ရီသည် အဓိပ္ပါယ်မဲ့သော စကားများပြောတတ်ခြင်းကြောင့် နာမည်ကြီးသော်လည်း ထိုမမျှော်လင့်ထားသောအပြုအမူကတော့ လက်ခံနိုင်စရာမရှိနေပေ။

လူနာကလည်း သူမဘာတွေပြောနေတာလဲဆိုပြီး အံ့သြသွားကာ ရို့စ်မယ်ရီ၏ လက်မောင်းကို လက်ညှိုးနဲ့ထိုးလိုက်၏။

ထို့နောက် ရို့စ်မယ်ရီက ပွဲစရန်အချိန်ရောက်ပြီဟုပြောပြီး လူနာကို ကလ်လီယွန်နှင့်ဝေးရာသို့ဆွဲခေါ်လိုက်သည်။

"ရို့စ်မယ်ရီ ဘာဖြစ်တာလဲ"

"အင် အင်?နင် ဘာကိုပြောတာလဲ"

"မဟုတ်ဘူးလေ။နင် ရုတ်တရက် အဓိပ္ပာယ်မရှိတာတွေပြောလာလို့"

ရို့စ်မယ်ရီက အဓိပ္ပါယ်မဲ့သောစကားများကို တစ်ရက်နှစ်ရက်မျှသာ ပြောသည်မဟုတ်ပေမယ့်လည်း ယနေ့မှာတော့ ပိုဆိုးလာခဲ့သည်။

"ငါလား"

သူမက စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သော်လည်း တင်းမာသောအမူအရာကိုတောါ လုံး၀ မထိန်းနိုင်ခဲ့ချေ။

၎င်းတွင် အကြောင်းပြချက်အချို့ရှိပုံရပြီး သူမကိုယ်တိုင်တောင် နားမလည်နိုင်သော အကြောင်းပြချက်ဖြစ်လောက်သည်။လူနာက ထပ်မမေးတော့ဘဲ ပေါ့ပေါ့ပါးလက်ခံပြီး သူမ၏ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

"အိုး…"

ကံမကောင်းစွာပင် ထိုထိုင်ခုံသည် ကလ်လီယွန်၏ဘေးတွင်ရှိနေခဲ့သည်။

တော်ဝင်မျိုးနွယ်တစ်ယောက်အနေဖြင့် သူသည် သဘာဝအတိုင်း အထင်ရှားဆုံးထိုင်ခုံကို သိမ်းပိုက်ထားပြီး ယနေ့စီးပွားရေး၏ဗဟိုချက်ဖြစ်သော လူနာကလည်း သူ့ဘေးတွင်ထိုင်ရန် သင့်လျော်သည်။

သူတို့ သူမကို သူ့ဘေးကနေ ခွာခဲ့တောင်မှ အခု သူ့ကပ်လျက်ထိုင်ခုံကို ပြန်ရောက်သွားပြန်ပြီ! ဤမထင်မှတ်ထားသော အလှည့်အပြောင်းကြောင့် ရို့စ်မယ်ရီ၏ အမူအရာက တင်းမာလာခဲ့သည်။

အန်းသန့်စ်သည် အရေးပေါ်အခြေအနေကို သတိမထားမိနေဘဲ လူနာဘေးတွင် တိတ်တဆိတ်ဝင်ထိုင်ခဲ့သည်။ ရို့စ်မယ်ရီက ထိုသက်တောင့်သက်သာမဖြစ်သော အချစ်တြိဂံကြောင့် သူမ၏ဆံပင်များကို အမှတ်တမဲ့ လိမ်လိုက်မိပြီး စိတ်ရှုပ်ထွေးစပြုလာခဲ့သည်။

ရို့စ်မယ်ရီ၏ နားလည်မှုလွဲမှားခြင်း ရေကန်ထဲ နစ်မွန်းနေသည့် နားမလည်နိုင်သော အပြုအမူက သူမအား ခေတ္တမျှအာရုံရိုက်နေခဲ့သော ကလ်လီယွန်ကို ရယ်မောစေခဲ့သည်။

ထို့နောက် သူက စင်မြင့်ပေါ်သို့ တက်သွားကာ မျက်နှာပေါ်တွင် လေးနက်သော အမူအရာချိတ်ဆွဲ၍ လူနာ၏ ပရဟိတခြေလှမ်းအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

"… လေဒီပဲလ်ရဲ့ ကောင်းမှုကုသိုလ်က တခြား မြို့စားအနွယ်ဝင်တွေအတွက် စံနမူနာယူထိုက်စရာဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ပြီးတော့ အင်ပါယာမိသားစုကလည်း ဒီအခမဲ့ဆေးရုံအတွက် ထောက်ပံ့ပေးဖို့ တစ်စုံတစ်ရာကို နှမြောမှာ မဟုတ်ဘူးလို့ ကတိပြုတယ်"

အိမ်ရှေ့မင်းသား၏ မိန့်ခွန်းမှတဆင့် ဆေးရုံတည်ထောင်မှုရည်ရွယ်ချက်အကြောင်း ဂဂနနတစ်စုံတစ်ရာ မသိရှိကြသေးသော ပရိသတ်များက တရားဝင်ဖြစ်လားကို မေးခွန်းထုတ်လာခဲ့ကြသည်။

၎င်းကို ကြားလိုက်ရသော လမ်းသွားလမ်းလာများပင် သူတို့ခြေလှမ်းများကို ရပ်မိကာ မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

သူ၏မိန့်ခွန်းကို နိဂုံးချုပ်ပြီးနောက် အိမ်ရှေ့စံမင်းသားသည် စင်ပေါ်မှဆင်းသွားပြီး လူနာ၏အလှည့်ဖြစ်သည်။

လူနာသည် လက်ထဲတွင် ပြင်ဆင်ထားသောမိန့်ခွန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး မားကွစ်မိသားစုနှင့် အန်းသန့်စ်တို့၏ လက်ခုပ်သြဘာနှင့် အားပေးမှုများကြားမှ စင်မြင့်ဆီသို့ ချဉ်းကပ်သွားခဲ့သည်။

"ကျွန်မက လူနာပဲလ်ပါ။ဆေးရုံတည်ထောင်မှုအတွက် တာဝန်ရှိပါတယ်"

သူမက လေးလေးနက်နက်လေးဖြင့် သူမမိခင်ခံစားခဲ့ရသော ဒုက္ခများကိုပြောပြခဲ့ပြီး အခမဲ့ဆေးရုံ၏ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။

"ဘယ်သူမဆို ဆေးကုသမှုနဲ့ ဆေးဝါးတွေကို အခမဲ့ ရရှိနိုင်မယ့်နေရာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ကုန်ကျစရိတ်အားလုံးကို ကျွန်မဘက်ကကျခံပေးမှာပါ"

ရောဂါတွေကို အခမဲ့ ကုသပေးတာလား။ဒါက အဓိပ္ပာယ်တောင် ရှိရဲ့လား။

လူနာသည် အိမ်ရှေ့မင်းသားကဲ့သို့ မယုံနိုင်စရာ စကားလုံးများ ထပ်ပြောပြီးနောက်တွင် လူအုပ်ကြီးသည် ဆေးရုံရှေ့တွင် စုရုံးလာကြပြီး နေရာတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။

"လှုပ်ရှားရခက်ခဲတဲ့သူတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပေးပါ့မယ်။ ပြင်းထန်တဲ့ အခြေအနေရှိသူများကို ဦးစားပေးကုသပေးပါ့မယ်"

၎င်းကို အနီးကပ်နားထောင်ရင်း အမျိုးသမီးတစ်ယောက်သည် နှစ်ပေါင်းများစွာ နာမကျန်းဖြစ်နေပြီး ဆေးဖိုးအတွက် သူမ သမီးက ပိုက်ဆံတောင်းစားခဲ့ရသည့် အိမ်နီးနားချင်းကို တွေးတောမိသွားပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်မိသည်။

မကြာသေးမီက အရွယ်ရောက်ခဲ့သော သမီးဖြစ်သူသည် ဆေးအမြောက်အမြား ဝယ်ယူခဲ့ပြီး သူမ မိခင်ကို ဂရုစိုက်ပေးဖို့ တောင်းဆိုသည့် စာတစ်စောင်သာ ချန်ခဲ့ကာ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့သည်။ယခုအခါတွင် အခမဲ့ဆေးရုံသည် သူမ၏ ကာလရှည်ကြာ ဝေဒနာခံစားခဲ့ရသော သူမ၏ အိမ်နီးချင်းအတွက် အထောက်အကူဖြစ်မည်ဟု ခံစားခဲ့ရသည်။

TK Team (Chapter 98)