Chapter 99
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 99


* * *

လူနာသည် မိန့်ခွန်းအပြီးတွင် သူမ၏ထိုင်ခုံဆီသို့ ပြန်သွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးရှိ လူများက စကားစပြောလာခဲ့ကြသည်။

အခမဲ့ဆေးရုံများသည် စာကြည့်တိုက်များ သို့မဟုတ် ကျောင်းငယ်များကဲ့သို့ အခြားစီးပွားရေးလုပ်ငန်းများနှင့် ကွာခြားသောကြောင့် လူအများအတွက် အခမဲ့ ဆေးဝါးကုသမှု ပေးဆောင်ရန် စိတ်ကူးမှာ အမှန်မဖြစ်နိုင်သလိုထင်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ အသုံးစရိတ်များက သိသိသာသာ တိုးလာမည်ဖြစ်သောကြောင့် ယုံကြည်ရန် ခက်ခဲလှသည်။

အိမ်ရှေ့မင်းသားက ဖွင့်ပွဲအခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး မိန့်ခွန်းပြောခြင်းမှာ ယုံကြည့်နိုင်သော်လည်း ၎င်းအား စစ်မှန်သောရည်ရွယ်ချက်ထက် ပြပွဲတစ်ခုပို၍ဖြစ်နိုင်သည်ဟူသော သံသယက ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် လူနာသည် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ထပ်မံရှင်းပြလိုက်ပြီး ဆေးရုံက အင်ပါယာမိသားစုနှင့်လည်း ဆက်နွယ်မှုရှိကြောင်း ပြောကြားခဲ့သည်။

ဆေးရုံက လူတိုင်းအတွက် အမှန်တကယ်ဖွင့်ပေးတာဖြစ်ကြောင်း ကြေငြာချက်နှင့်အတူ အစပိုင်းတွင် ပေါ့ပေါ့ပါးပါးရှိသူများက လေးနက်သောအမူအရာဖြင့် နားထောင်လာခဲ့ကြသည်။

"ဝါး ဒီနှုန်းနဲ့ဆို အင်ပါယာက နိုင်ငံသားတွေအားလုံး လေဒီလူနာရဲ့ဆေးရုံကိုစုဝေးလာကြတော့မှာပဲ"

ရို့စ်မယ်ရီ၏ မလိုအပ်သော စိုးရိမ်မှုကို တုံ့ပြန်သည့်အနေဖြင့် အိမ်ရှေ့စံမင်းသားသည် လူနာကိုယ်စား လိမ္မာပါးနပ်သော အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

"အင်း... ဘာလို့မဖြစ်ရမှာလဲ။ လေဒီလူနာ မှာ စိန်တွင်းလည်းရှိပြီးသား။ လက်ဝတ်ရတနာဆိုင်လည်း ဖွင့်တော့မယ်။ အင်ပါယာအတွက် ကိုယ့်ကိုကိုယ် နှစ်မြှုပ်ထားတာ ဘာဖြစ်မှာမို့လို့လဲ"

"...ရှင် အဲဒါကို ဘယ်လိုသိတာလဲ"

သူမမှာ သူ့ကို ပြောခဲ့သည်ဆိုသော မှတ်ဉာဏ် ရှိမနေပေ။ ရို့စ်မယ်ရီများလားလို့ တွေးရင်း လူနာက သူမကို စိုက်ကြည့်လိုက်တာကြောင့် ရို့စ်မယ်ရီသည် ခေါင်းနှင့် လက်များကိုခါယမ်းပြီး မဟုတ်ကြောင်းငြင်းခဲ့သည်။

ထို့နောက် ကလ်လီယွန်က စိတ်ပါလက်ပါ ထပ်ပြောလိုက်သည်။

"ကိုယ် မသိတဲ့ တစ်ခုခုရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး"

ထိုအချိန်တွင် အန်းသန့်စ်က အေးစက်စက်ဖြင့် တုံ့ပြန်ခဲ့သည်။

"ငါ အဲဒါကို လုပ်ငန်းတစ်ခုအဖြစ် မှတ်ပုံတင်တုန်းက မင်း မြင်ခဲ့တာမလား"

"ဟားဟား ဟုတ်တယ်။ အဲဒါက တခြားဟာတွေနဲ့ မတူဘူးလေ။စိန်အကြောင်းဆိုတော့ ငါလည်းကြည့်လိုက်တာ"

အိုး.. ဘုရားရေ။ဒီတော့ သူက သူများရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရယူဖို့ သူ့ရဲ့အာ‌ဏာကိုအသုံးပြုတဲ့ stalker ပေါ့လေ။ ဒါပေမယ့် ကလ်လီယွန်ရဲ့ မြင့်မြတ်တဲ့မျိုးရိုးကို တွေးကြည့်ရရင် သူဒီလောက်သိတာက အံ့သြစရာမဟုတ်ဘူး။

သူ အဲ့လို မြင့်မြတ်တဲ့အနေအထားမျိုးမှာ မွေးဖွားလာခဲ့တယ်ဆိုရင် ပိုပြီးတော့တောင် တင့်တင့်တယ်တယ် နေသင့်တယ်လေ။ သူက ဘာလို့ သူများရဲ့ အချက်အလက်တွေကို လိုက်ရှာရင်း stalker လိုလုပ်နေရတာလဲ။

လူနာသည် ကလ်လီယွန်ကို စိတ်ထဲမှ အနုတ်ပွိုင့်များ ရာဂဏန်းအထိ ပေးနေစဉ်တွင် ရို့စ်မယ်ရီသည် သူက လူနာကို သူမထင်ထားတာထက် ပိုစိတ်ဝင်စားနေသည် ဟူသောအချက်ကြောင့် တုန်လှုပ်သွားပြီး ထပ်တွေးမိပြန်တော့သည်။

"ဒီလို သူများဟာတွေကို လိုက်ကြည့်နေမယ့်အစား ဘာလို့ မင်းအလုပ်ကိုမင်း မလုပ်တာလဲ။မင်းမှာ အားလပ်ချိန်တွေ အဲ့လောက်အများကြီးရှိနေရင်လည်း စေတနာ့ဝန်ထမ်းလုပ်ပြီး လမ်းပေါ်တက် အမှိုက်ကောက်တာ ဒါမှမဟုတ် တစ်ခုခုလုပ်တာမျိုးလုပ်ပါလား"

"အိုး မင်းက ငါ့ကို စိတ်ပူနေတာပေါ့လေ"

အန်းသန့်စ်က စိတ်အနှောင့်အယှက်ဖြစ်မှုကို ရှင်းလင်းစွာ ဖော်ပြသော်လည်း ကလ်လီယွန်အပေါ် သက်ရောက်မှုမရှိခဲ့ပေ။အန်းသန့်စ်ထံမှ လျစ်လျူရှုခံထားရသော ကလ်လီယွန်သည် သူ့အပေါ်အာရုံမစိုက်မှုမှုကို သည်းမခံနိုင်တော့ဘဲ ယခုအကြိမ် လူနာကို ပစ်မှတ်ထားလာခဲ့သည်။

"ကျောက်မျက်ရတနာဆိုင်ဖွင့်ပွဲကျရင် ကိုယ့်ကို ဖိတ်လိုက်နော်။ကိုယ်က ရွှေကို အကြိုက်ဆုံးဆိုပေမယ့် စိန်ကိုလည်း စိတ်ဝင်စားတယ်။ အိုး ကိုယ့်မွေးနေ့လည်း လာတော့မှာဆိုတော့ မင်းလာမယ်ဆိုရင်ပိုကောင်းမှာပဲ"

ကလ်လီယွန်က အပြုံးကြီးကြီးဖြင့် ဖိတ်စာကမ်းပေးလိုက်သည် ။

"ငါက ဘာလို့ အဲ့လိုနေရာကို သွားရမှာလဲ"

"အဲ့ဒါဆိုလည်း မင်းမလာနဲ့လေ လူနာပဲလာခဲ့"

" လူနာကရော ဘာလို့ သွားရမှာလဲ "

"ငါတို့က လုပ်ငန်းတစ်ခုတည်းက စီးပွားရေးပါတနာတွေလေ။ ငါတို့ရဲ့ ဆက်ဆံရေးကို ခိုင်မြဲအောင်လုပ်ဖို့ လိုအပ်တယ်"

"မင်းဘာသာပဲ ခိုင်မြဲနေလိုက်။ဘယ်သူက မင်းလိုလူနဲ့ ဆက်ဆံရေး ခိုင်မြဲချင်မှာမို့လဲ"

"အဲ့လိုလူက ဒီမှာလေ။လေဒီလူနာပဲလ်"

အန်းသန့်စ်၏ စိတ်အနှောင့်အယှက်ဖြစ်မှုကို ရင်ဆိုင်ရတာတောင်မှ သူ နောက်ပြန်မဆုတ်ခဲ့ပေ။ လူနာ အနီးက အမျိုးသားနှစ်ယောက်ကြောင့် အခြေအနေက ပရမ်းပတာဖြစ်လာပြန်သဖြင့် သူမကပဲ ထပ်ပြီးကြားဝင်ဖျန်ဖြေလိုက်သည်။

"ရပ်! အခုချက်ချင်း ရပ်ကြတော့။ကျွန်မဆေးရုံကို မကောင်းတာတွေ ယူမလာနဲ့။ အဲ့ဒါက မွေးနေ့ပါတီတစ်ခုပဲလေ။ကျွန်မတို့ အေးအေးဆေးဆေး တက်ရောက်လို့ရတယ်။ရှင်တို့ ဘာလို့ဒီလိုရန်ဖြစ်နေကြတာလဲ။ကျွန်မ နားလည်ပြီ။ လာခဲ့မယ် ဟုတ်ပြီလား"

သူတို့က သူမဘက် ယူကြလိမ့်မယ်လို့ မသိသော်လည်း အချိန်ခဏလောက်ထိ အံ့သြနေပုံရသည့် ရို့စ်မယ်ရီက သူမလက်ကို ရုတ်တရက်မြှောက်ပြီး စကားဝိုင်း ကြားဝင်ကာ လူနာဘက်ရပ်တည်ခဲ့၏။

"ငါလည်းတက်မယ်!"

"မင်းက ဘာလို့အဲဒီကိုသွားမှာလဲ"

ရို့စ်မယ်ရီ၏ တက်ရောက်ရန် ရည်ရွယ်သည့် ရုတ်တရက်ကြေငြာချက်ကြောင့် အန်းသန့်စ်၏အမူအရာမှာ ဆိုးရွားသွားခဲ့ပြီး ကလ်လီယွန်ကလည်း သူမဘာလို့ လာမှာခဲဟု တွေးကာ ရို့စ်မယ်ရီကို စေ့စေ့ကြည့်လိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ။ မားကွစ်မိသားစုရဲ့ ဆက်ခံသူက တက်ရောက်ချင်တယ်ဆိုတော့ ကိုယ့်မှာ ငြင်းစရာအကြောင်းမရှိပါဘူး"

ဒါပေါ့ သူမ တကယ်တက်ရောက်ချင်တယ်လို့တော့ မဆိုလိုပေ။ သို့သော် ကလ်လီယွန်က သူမတက်ရောက်တာကို ရွှင်မြူးသည့် အမူအရာနဲ့ ကြိုဆိုခဲ့သည်။

လူနာ နှင့် ရို့စ်မယ်ရီနှစ်ဦးစလုံး တက်ရောက်ပါက အန်းသန့်စ်သည်လည်း ရှောင်လွှဲ၍မရနိုင်ပေ။ လူတိုင်း ပွဲတက်ကြရင် ပိုတောင်ပျော်စရာကောင်းသေး၏။

"ဒါဆို မင်းတို့သုံးယောက်စလုံးကို ဖိတ်စာပို့လိုက်မယ်နော်။တက်ရောက်ဖို့ မမေ့ကြနဲ့။ ငါ စောင့်နေမယ်"

နောက်ဆုံးတွင် မျှော်လင့်ထားသည့်အရာကို အောင်မြင်စွာရခဲ့သော ကလ်လီယွန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ထိုင်ခုံမှ ထလိုက်သည်။

အခမ်းအနားပြီးသွားသည့်အတွက် ရန်ဖြစ်စရာအကြောင်းမရှိသလို သူ့ဘက်ကလည်း တစ်ခုရှုံးသွားခဲ့သေးသည်။ အန်းသန့်စ်သည် စိတ်ပျက်စွာဖြင့် ဆံပင်ကို ဖွလိုက်ပြီး နှလုံးသားထဲက ယားယံမှုကို သည်းမခံနိုင်သော လူနာသည် နောက်ဆုံးတွင် ပါးစပ် ဖွင့်လိုက်သည်။

"ရှင်နဲ့ အတူသွားမယ့် သူငယ်ချင်း မရှိဘူးဆိုရင် ကျွန်မနဲ့ အတူသွားလို့ရတယ်နော် သခင်လေး။အဲ့ဒါက အရှင့်သားရဲ့ မွေးနေ့ပွဲက ဘယ်လိုမျိုးလဲဆိုတာ မြင်နိုင်မယ့် အခွင့်ရေးကောင်းပဲ။ကျွန်မတို့ အရသာရှိတဲ့ အစားအစာတွေ အများကြီးစားလို့ရတယ်"

နှစ်သစ်ပါတီတုန်းက သင့်လျော်သော အစားအစာကို သေချာ မခံစားနိုင်ခဲ့သောကြောင့် လူနာသည် သူတို့အား တော်ဝင်နန်းတော်၌ ပျော်ရွှင်မှုအချို့ပြုလုပ်ရန် အကြံပြုခဲ့လိုက်သည်။

ကလ်လီယွန်ကို ပွင့်ပွင့်လင်းလင်း သရော်နေသော လူနာ၏ လေသံကြောင့် ရို့စ်မယ်ရီသည် မကူညီနိုင်ဘဲ ကျေနပ်မှုကို ခံစားလိုက်ရသည်။ ထိုစကားအနည်းငယ်က သူမကို လူနာက ဤမျှလွယ်ကူသောလူလားဟု တွေးမိသွားသည်အား စိတ်သက်သာရာရစေခဲ့သည်။

"…ကောင်းပြီ။ ဒါပေမယ့် လက်ဆောင်ကိုတော့ ကိုယ် ဆုံးဖြတ်လိုက်မယ်"

အန်းသန့်စ်က လက်ခံလိုက်သော်လည်း ကောင်းကောင်းတက်ရောက်ဖို့ သဘောတူတယ်လို့ မဆိုလိုပေ။ကလ်လီယွန်အား သူ၏ဖိတ်ကြားမှုကို နောင်တရစေမည့် တစ်ခုပြင်ဆင်ရန် သူရည်ရွယ်ထားသည်။

"အဲ့ဒါကက ကျွန်မအတွက် အဆင်ပြေတာပေါ့။ရှင်လုပ်ပေးရင် ကျွန်မက ပိုတောင်ပျော်အုံးမယခ။ အိုခေ"

ဘာဖြစ်နေမှန်းမသိသော လူနာက ဝမ်းသာအားရ သဘောတူလိုက်သည်။

ရို့စ်မယ်ရီသည်လည်း ဘာကဘယ်လိုဖြစ်နေမှန်း သေချာမသိပေမယ့် မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးကြားရှိဆက်ဆံရေးက ကောင်းမွန်နေဆဲဖြစ်သောကြောင့် သူမ သက်ပြင်းချမိလိုက်သည်။

"ကျွန်မတို့ အခုသွားကြတော့မလား။ကျွန်မ စိတ်သက်သာရာ ရပြီး ဗိုက်ဆာနေပြီ"

ယခု အခမ်းအနားက ပြီးသွားပြီဖြစ်တာကြောင့် သူတို့ ဒီမှာ ဆက်နေစရာ အကြောင်း မရှိတော့ပေ။ဆေးရုံထဲမှာတော့ ဆေးကုသမှု ခံယူဖို့ ကြိုးစားသူများနှင့် စည်ကားနေခဲ့သည်။

ထို့ကြောင့် လူနာသည် ဧည့်သည်များကို ကျေးဇူးတင်ကြောင်း ပြောကြားကာ ဆေးရုံဝန်ထမ်းများအား နှုတ်ဆက်ပြီး ထွင်သွားတော့မည့် အချိန်တွင် စိတ်မကောင်းစွာဖြင့် ဝန်ထမ်းများအများစုမှာ လူစုလူဝေးများနှင့် ဆက်ဆံနေရပြီး အလုပ်များလွန်းကြောင်း တွေ့ရှိခဲ့ရသည်။

"ကိုယ်တို့ နောက်မှ နှုတ်ဆက်ကြမလား"

လူနာလည်း အန်းသန့်စ်နှင့် သဘောတူပြီး နောက်မှ အရသာရှိသော အစားအစာများ ပို့ပေးမည်ဟု တွေးကာ လှည့်ထွက်ခဲ့လိုက်သည်။ ထိုအချိန်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသော အမျိုးသမီးတစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦးကြားရှိ စကားဝိုင်းက လူနာ၏အာရုံကို ဖမ်းစားသွားခဲ့သည်။

"ရှင်တို့တွေ လှုပ်ရှားရခက်ခဲတဲ့ သူတစ်ယောက်ဆီ ဆရာဝန်ကို ပို့ပေးတယ်ဆိုတာ အမှန်ပဲလားဟင်"

"ဟုတ်တယ်၊ အမှန်ပဲ"

ထို့နောက် ဆေးရုံဝန်ထမ်းက တွေးတောရင်း သူမကို စကားတစ်ခွန်း ထပ်ပြောလိုက်သည်။

"ဒါပေမယ့် အခု မင်းမြင်တဲ့အတိုင်းပဲ တစ်အိမ်တက် တစ်အိမ်ဆင်း ကုသဖို့က လောလောဆယ် မဖြစ်နိုင်သေးဘူး... မင်းနည်းနည်းစောင့်ရလိမ့်မယ်"

၎င်းက သူတို့ ပျင်းနေတာကြောင့် မဟုတ်ပေ။လက်ရှိတွင် ဆေးရုံရှေ့၌ လူများစွာ တန်းစီနေခဲ့ကြသည်။ထို့ကြောင့် သူတို့သည် ဦးစွာရောက်ရှိလာသော လူနာများကို ကုသရန် စီစဉ်ပြီးမှ တစ်အိမ်တက်တစ်အိမ်ဆင်း ကုသမှုများ စတင်နိုင်မည်ဖြစ်သည်။

၎င်းက အနည်းငယ် မဖြစ်နိုင်သောတောင်းဆိုချက်ဖြစ်ပေမယ့် လူနာကတော့ ထိုအမျိုးသမီး၏ ဆိုးရွားသော အခြေအနေကို လျစ်လျူမရှုနိုင်ခဲ့ချေ။သူမက စိတ်အားထက်သန်ပုံရသော အမျိုးသမီးထံသို့ ချဉ်းကပ်ပြီး မေးလိုက်သည်။

"နေမကောင်းတဲ့သူက အရမ်းနာကျင်နေတာလား"

ထိုအမျိုးသမီးသည် အဝေးမှ အသံဖြင့်ပင် လူနာအား မျိုးရို့မြင့်တစ်ယောက်ဖြစ်ကြောင်း သိသွားပြီး ပထမတော့ လန့်သွားခဲ့သည်။ထို့နောက် သူမက လူနာ၏မျက်နှာကို တခဏတာ ထူးဆန်းသလို စိုက်ကြည့်ကာ ရှုပ်ထွေးသောအမူအရာဖြင့် နာမည်တစ်ခုကို ခေါ်ခဲ့သည်။

"ဒဲဗောရာ...?"

"ဒေဗောရလား"

"အိုး မဟုတ်ဘူး ကျွန်မတောင်းပန်ပါတယ်!"

သူမ၏ မျက်နှာပေါက်က ဒဲဗောရနှင့် အနည်းငယ်ဆင်တူသော်လည်း ဒဲဗောရာက အနည်းငယ်ကွဲပြားသည်။ သူမနှင့် နှိုင်းယှဉ်ရလျှင် ဒဲဗောရသည် အနည်းငယ်ကြမ်းတမ်း၊ညစ်ပတ်သလိုသော ခံစားချက်မျိုးရှိပြီး နှိုင်းယှဉ်ကြည့်ပါက သူမရှေ့ရှိ လူနာသည် တောက်ပလုနီးပါးဖြစ်နေသည်။

"အရမ်းနာကျင်တာဆိုရင် အခြေအနေကို ပြောပြလို့ရမလား"

အဝေးမှပင် မျိုးရို့မြင့်ဖြစ်ပုံရသည့် လူနာ၏ နှစ်သိမ့်သောလေသံကြောင့် သူမသည် အံ့သြပြီး ခုန်မိသွားခဲ့သည်။

"အရမ်းနာကျင်နေရင် ကျွန်မ သူ့ကို ဆေးရုံလိုက်ပို့လိုက်ပေးပါ့မယ်။ကျွန်မ ဒီနေ့ အားလပ်ချိန်ရှိတော့ လုပ်နိုင်မှာပါ"

သူမ နောက်သို့ လိုက်ကာ ဆင်းရဲသားရပ်ကွက်သို့ လိုက်ပါမည်ဆိုသော မျိုးရိုးမြင့်အမျိုးသမီးတစ်ဦး၏ကမ်းလှမ်းမှုကို ငြင်းပယ်သင့်သော်လည်း သူမ၏အိမ်နီးချင်းသည် ဆေးမသောက်ဘဲ ကြာကြာမနေနိုင်လောက်အောင်အထိ ဆိုးရွားသောအခြေအနေတွင် ရှိနေသည်။

သူမသည် ဤအခြေအနေဆိုးဖြင့် နှစ်အတော်ကြာနေခဲ့ရပြီး အသက်ရှင်သန်ရန် ဆေးဝါးကို မှီခိုအားထားခဲ့ရသည်။

ထို့အပြင် အတိုင်းအတာတစ်ခုအထိ ဒဲဗောရာနှင့်ဆင်တူသော လူနာ၏မျက်နှာကြောင့် မကူညီနိုင်ဘဲ ရင်းနှီးမှုကို ခံစားခဲ့ရပြီး အရာအားလုံးအဆင်ပြေနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

"ဒါဆို ကျွန်မ တောင်းပန်ပေမယ့် တောင်းဆိုလို့ရမလား… သူမက ကျွန်မမိသားစုမဟုတ်ပေမယ့် သူမအရမ်းနာကျင်နေလို့ပါ…"

"ဒါပေါ့"

လူနာသည် အရေးတကြီးအခြေအနေဖြစ်နေကြောင်း ကြားချိန်တွင် ထိုအမျိုးသမီး၏လက်ကို အမြန်လှမ်းကိုင်လိုက်သည်။

အံ့အားသင့်နေသော အမျိုးသမီးသည် မျိုးရိုးမြင့်မိန်းမပျိုတစ်ဦး၏ နူးညံ့သော လက်အထိအတွေ့ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသဖြင့် မျက်လုံးများကို ပြူးကျယ်သွားခဲ့ပြီး အနီးနားတွင် ရပ်နေသော အန်းသန့်စ်က အိမ်ဘယ်မှာလဲဟု မေးလာခဲ့သည်။

"အဲ့-အဲ့ဒါက မြို့တော်ရဲ့ အစွန်အဖျားက ဆင်းရဲသားရပ်ကွက်လေးတစ်ခုမှာပါ…"

ဘာလို့ ဒီလောက်ချောမောတဲ့လူက ဒီမှာရှိနေရတာလဲ။ 

တုန်လှုပ်ချောက်ချားမှုကြောင့် စကားများအထစ်အထစ်ဖြစ်သွားကာ အမျိုးသမီးသည် တည်နေရာကို ယောင်ဝါးဝါးရှင်းပြလာခဲ့ပြီး လူနာက သူမနားလည်ကြောင်း ညွှန်ပြသလိုမျိုး ခေါင်းညိတ်ပြလိုက်၏။

"အိုး အဲ့ဒါဆို အသွားအပြန် တစ်နာရီလောက် ကြာမှာပဲ။ကျွန်မတို့ကို လမ်းမှာ သွားမယ့်နေရာအသေးစိတ်ကို ပြောပြလို့ရမလား"

"ဟုတ် ဟုတ်ကဲ့ပါ!"

* * *

ထိုအမျိုးသမီး ညွှန်သောနေရာသို့ရောက်ချိန်တွင် လူနာသည် ပတ်ပတ်လည်ကို အမှတ်တမဲ့ လှည့်ကြည့်လိုက်မိသည်။ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်များက အလွန်ထူထပ်နေပြီး အိမ်ဟုပင် မထင်နေရပေ။

သူမကိုယ်သူမ ဆင်းရဲတွင်းနက်သည်ဟု ယူဆခဲ့သော်လည်း မျိုးရိုးမြင့်က မျိုးရိုးမြင့်ပင်ဖြစ်သည်။ လူနာသည် ထိုအမျိုးသမီးနောက်မှ လိုက်သွားရင်း မလိုအပ်ဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။

"...ဒီလူလား"

လူနာသည် အမျိုးသမီးနောက်ကို လိုက်ကာ အိမ်တစ်ခုထဲဝင်သွားခဲ့ပြီးနောက် ညစ်ပတ်သောကုတင်ပေါ်၌ လဲလျောင်းနေသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးသည် အသက်ရှုရန်ပင် ရုန်းကန်နေတာကို တွေ့လိုက်ရသည်။

"ဟုတ်ကဲ့။ သူမက အိပ်ယာပေါ်မှာ လှဲနေရတာ နှစ်နည်းနည်းကြာပါပြီ…"

သူမအမေ၏ ဆေးဖိုးအတွက် ပိုက်ဆံစုဖို့ နေ့ရောညပါ ပြေးလွှားနေခဲ့သည့် သူမ သမီးကလည်း လွန်ခဲ့သော ရက်အနည်းငယ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သောကြောင့် ထိုအမျိုးသမီးသည် လေးနက်စွာပင် ဝမ်းနည်းမှုကို ထုတ်ဖော်ပြခဲ့၏။

လူနာက ဆင်းရဲနွမ်းပါးသော မိသားစုများကို ထပ်ဒုက္ခပေးသည့် မမျှော်လင့်ထားသော ကံဆိုးမှုများကြောင့် လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။

"လောလောဆယ်တော့ သူမကို ဆေးရုံကို ရွှေ့လိုက်တာ ပိုကောင်းတယ်။ ဒီကြားထဲသူမသမီးပြန်လာရင် သိရအောင်လို့ မှတ်စု ထားခဲ့လိုက်မယ်"

အန်းသန့်စ်သည် ဘယ်သူကမှ အကူအညီမတောင်းခင် လှဲနေသောအမျိုးသမီးကို သယ်ဆောင်ကာ ရထားပေါ်သို့ ခေါ်သွားခဲ့သည်။သူ့ကြည့်ရတာ ငှက်‌မွေးကို သယ်ရသလိုမျိုး အားစိုက်ထုတ်စရာမလိုသည့်ပုံပင်။

လူနာသည် ထိုအမျိုးသမီး၏ သမီး အကြာကြီးပြန်မလာသေးပါက သူမ သမီးအစား ပြုစုစောင့်ရှောက်ပါ့မည်ဟု ကတိပေးထားသော မှတ်စုကို ချန်ခဲ့ပြီး စိုးရိမ်နေသော အမျိုးသမီး၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြန်သည်။

"သူမကို ကောင်းကောင်း ကုသပေးကြလိမ့်မယ်။တကယ်လို့ သူမ သမီးက အကြာကြီးပြန်မလာခဲ့ဘူးရင် ကျွန်မ သူမကိုရှာဖို့ ကြိုးစားလိုက်ပါ့မယ်"

TK Team (Chapter 99)