Chapter 97
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 97


* * *

မြို့စားကြီးက တစ်ခုခုထူးဆန်းတာလုပ်ဖို့ကြံနေပြန်ပြီဟု သံသယရှိနေသော မြို့စားကတော်ကြီးသည် သူ့ကို သူ၏စာကြည့်ခန်းထဲတွင် သွားရှာခဲ့သည်။

သူမသည် ယခုတစ်ကြိမ်က နောက်ဆုံးပဲဟုတွေးကာ စကားတစ်ခွန်းမှ မပြောဘဲ တိတ်တဆိတ် သည်းခံခဲ့သော အကြိမ်မှာ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ သို့သော် သူမ ဆက်သည်းမခံနိုင်တော့ချေ။

ဗျူဟာများဖြင့်ပြည့်နေသော အိမ်ထောင်ရေးဖြစ်သော်ငြားလည်း စစချင်းကနှင့်မတူဘဲ အရမ်းပြောင်းလဲလာခဲ့သော သူမခင်ပွန်းက မိသားစုကို ဖျက်စီးမည့်အဖြစ်ကို သူမ ဒီတိုင်း ကြည့်နေပြီး လစ်လျှူရှု့မနေနိုင်ပေ။

"ဘာဖြစ်လာလို့…"

"အဲ့ဒီအမျိုးသမီးက ဘယ်သူလဲ။ သူမက ရှင့်ရဲ့ ဧည့်သည်လို့ ပြောတယ်"

မြို့စားကြီး၏ စာကြောင်း အဆုံးမသတ်နိုင်ခင်မှာတင် မြို့စားကတော်ကြီးက သူ့ကိုမေးခွန်းထုတ်လာသောကြောင့် မကျေနပ်သောမျက်နှာ၊ စူးရှသောအကြည့်များဖြင့် တုံ့ပြန်ခဲ့သည်။

"သူမက မြို့စားကတော် သူ့တာဝန်တွေကိုသူ ကျေပွန်အောင် မစွမ်းဆောင်နိုင်လို့ ငါခေါ်လာခဲ့ရတဲ့ အမျိုးသမီးပဲ"

"ရှင် ဘာပြောလိုက်တယ်!"

မြို့စားကတော်ကြီးသည် ထိုအဓိပ္ပါယ်မရှိသော စကားကြောင့် သူမ၏ အံ့သြမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

သူက ထိုအမျိုးသမီးနှင့် အိပ်ပြီး ဆက်ခံသူအသစ်ရရန် စီစဉ်နေသလားဟု သူမ တွေးမိသွားခဲ့သည်။ယခင်က အဓိပ္ပာယ်မရှိသော ဆက်ခံသူ မွေးစားမည်ဆိုသော အကြံကို သူမ ရှင်းရှင်းလင်းလင်း သတိရမိသောကြောင့် ၎င်းက အဓိပ္ပါယ်မရှိသော ယူဆချက်မဟုတ်ပေ။

သူမသည်လည်း ထိုသို့ မိုက်မဲသော သားကို မွေးဖွားခဲ့မိသည့်အတွက် သူမကိုယ်သူမ အမြဲအပြစ်တင်ခဲ့သည်။

သို့သော် သူက ဤမျှ အဓိပ္ပါယ်မဲ့သော အစီအစဥ်ကို တကယ်ကြီး ကြံစည်နေသောကြောင့် သူမ ဒေါသများ ပေါက်ကွဲခဲ့တော့သည်။

"ဒါပေမယ့် အခု ငါက တခြားဇနီးကို ထပ်မယူနိုင်လို့ နောက်ထပ် ဆက်ခံသူကို ဖန်တီးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး"

"…!"

၎င်းက ပြင်းထန်သော အဆက်စပ်မရှိတုံ့ပြန်မှုတစ်ခုဖြစ်ပေမယ့် မြို့စားကတော်ကြီးသည် မြို့စားကြီး၏ ရည်ရွယ်ချက်ကို နားလည်နိုင်သည်။ သူ့အစား အမွေဆက်ခံသူကို ဖန်တီးနိုင်သူ တစ်ဦးသာရှိသည်။

သူက လူသားတောင်ဟုတ်ရဲ့လား။သူ့ရဲ့ ကိုယ်ပိုင်ကလေးကို ဒီလိုမျိုး ဘယ်လိုတောင် ဆက်ဆံနိုင်ရတာလဲ။

"ရှင် စိတ်လွတ်သွားပြီလား!?"

သူမသည် ဒေါသကြောင့် မြို့စားကြီး၏ပါးကို ရိုက်ခဲ့လိုက်၏။ အချိန်ကြာလာသည်နှင့်အမျှ ထိန်းထားခဲ့ရသော ခံစားချက်များက ပေါက်ကွဲထွက်လာပြီး သူမ၏လက်ကို ထိန်းမနိုင်သိမ်းမရ တုန်ရီစေခဲ့သည်။

"ဒါက ဘယ်လိုအပြုအမူမျိုးလဲ!?"

မမျှော်လင့်ဘဲ ပါးရိုက်ခံရသော မြို့စားကြီးသည် လက်တုံ့ပြန်ရန် ရည်ရွယ်ချက်ဖြင့် ဆတ်ခနဲ မတ်တပ်ထရပ်ခဲ့သော်လည်း ၎င်းကို မျှော်မှန်းထားသော မြို့စားကတော်ကြီးက အခန်းထဲမှ အမြန်ထွက်သွားကာ မြို့စားကြီးကို အော်ဟစ်လိုက်သည်။

"ကျွန်မ ရှင်နဲ့ အတူမနေနိုင်တော့ဘူး! ကျွန်မ ဖယ်ဆန်နဲ့အတူ ဒီအိမ်ကြီးကနေ ထွက်သွားမယ်!"

"မင်း ဘာပြောလိုက်တယ်။ထွက်သွားမယ် ဟုတ်လား!"

မြို့စားကြီးက မြို့စားကတော်ကြီး၏နောက်သို့အပြေးအလွှားလိုက်ခဲ့သော်လည်း စောင့်ဆိုင်းနေသောအစောင့်များကသူ့ကိုတားလာခဲ့၏။

"မင်း လုပ်ရဲလား!"

"သခင်ကြီး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ!"

သူတို့သည် မြို့စားကြီးအား မြို့စားကတော်ကြီးထံသို့ နောက်တဖန်မချဉ်းကပ်နိုင်ရန်တားမြစ်ခဲ့သည်။ အနီးကပ်စစ်ဆေးကြည့်ရာ သူတို့သည် မြို့စားကတော်ကြီးမှ ကိုယ်ရေးကိုယ်တ အရ ခန့်ထားခဲ့သော အစောင့်များနှင့် အစေခံများဖြစ်သည်ကိုတွေ့လိုက်ရ၏။ သူတို့က မြို့စားကတော်ကြီးအပေါ် မည်သူမျှ လက်ညှိုးတစ်ချောင်းတောင် မတင်နိုင်ဖို့ သေချာစေရန်အတွက် အလုပ်ခန့်ထားခံရသည်။

"မင်း...! မင်း ကြိုက်သလိုလုပ်။ငါလည်း သူ့တာဝန်သူ မထမ်းဆောင်နိုင်တဲ့ ဇနီးကို မလိုအပ်ဘူး။ ဒါပေမယ့် ဖယ်ဆန်ကို ခေါ်သွားခွင့်မပြုဘူး!"

မြို့စားကြီးသည် သူ၏ အစောင့်များ၊ အစေခံများကို အလျင်အမြန်ခေါ်ပြီး ဖယ်ဆန်၏အခန်းကို ပိတ်ဆို့ထားရန် ညွှန်ကြားခဲ့သည်။ ထို့အတွက်ကြောင့် စံအိမ်ကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်ခဲ့ရသည်။

မြို့စားကတော်ကြီးသည် ဤနေရာက သူမ ဘယ်တော့မှ ပြန်မလာမည့် နေရာဖြစ်တာကြောင့် သူမနှင့်သက်ဆိုင်သမျှ ပစ္စည်းများကို ဂရုတစိုက် ထုပ်ပိုးပြီး အဖိုးတန်ပစ္စည်းများ အားလုံးကို ရထားပေါ်သို့တင်ကာ သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။

သူမ ထွက်သွားခါနီးမှာပဲ အ၀တ်အစားများဝယ်ပြီး ပြန်လာသော ဒဲဗောရာကိုတွေ့လိုက်ရသည်။

"…ဘုရားရေ"

ယခုမှသာ မြို့စားကတော်ကြီးသည် ဒဲဗောရာ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီး ခဏတာမျှ ဆွံ့အသွားခဲ့သည်။

မြို့စားကတော်ကြီးသည် ရောင်ရမ်းနေသော မျက်လုံးများဖြင့် အံ့သြမှုကို မဖုံးကွယ်နိုင်ခဲ့ကာ သူမက ဘာလို့ မြို့စားကြီးအိမ်တော်မှာ ထိုကဲ့သို့ အသွင်အပြင်ဖြင့် ရှိနေရတာလဲဆိုတာကို တွေးမိသွားစေခဲ့သည်။

မြို့စားကတော်ကြီးသည် အစတွင် ဒဲဗောရာက မကောင်းသော ရည်ရွယ်ချက်များဖြင့် လာခဲ့သည်ဟု တွေးခဲ့မိသော်လည်း ယခုအခါတွင် သူမမှာ ထိုသို့ရည်ရွယ်ချက်မရှိမှန်း သဘောပေါက်သွားခဲ့ပြီး ဒဲဗောရာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"မင်း ဒီကနေ ထွက်သွားသင့်တယ်လို့ထင်တယ်"

မြို့စားကတော်ကြီးက ဒဲဗောရာကို အကြံပြုစကားများ ထပ်ပြောတော့မည့်အချိန်မှာပဲ ဒေါသကြီးသော မြို့စားကြီး ချဉ်းကပ်လာတာကို မြင်လိုက်ရသည့် အစောင့်က မြို့စားကတော်ကြီးကို လောဆော်လိုက်သည်။

"သခင်မ အခုနေ ထွက်သွားတာက အကောင်းဆုံးအကြံပါ"

မြို့စားကတော်ကြီးသည် အလျင်စလိုခံစားလိုက်ရကာ ဒဲဗောရာ၏လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ညှစ်ကာ လျှို့ဝှက်စာကားတစ်ခုကို ချန်ထားခဲ့သည်။

"ငါ မကြာခင်မှာ ဖာဆန်ကိုခေါ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်။ မင်းမှာ ခက်ခဲတဲ့ အခြေအနေ ရှိနေတယ်ဆိုရင် ငါတို့ဆီ ဆက်သွယ်လိုက်ပါ"

ထို့နောက် မြို့စားကတော်ကြီးသည် မဆိုင်းမတွဘဲ ရထားပေါ်သို့ တက်ခဲ့သည်။ ဒဲဗောရာ၏ မျက်လုံးများက ပြူးကျယ်နေသော အကြည့်များက သူမ၏ တဖြေးဖြေးပျောက်ကွယ်သွားသော ပုံရိပ်နောက်သို့ လိုက်ပါသွားခဲ့သည်။

"အထဲ ၀င်ကြရအောင်"

အခြေအနေကို စောင့်ကြည့်နေပြီး မြို့စားကတော်ကြီး၏ ရည်ရွယ်ချက်များကို နားလည်သော အိမ်တော်ထိန်းက ဘာလုပ်ရမှန်းမသိဖြစ်နေသည့် ဒဲဗောရာကို ညင်သာစွာ တွန်းလိုက်သည်။

သူသည်လည်း မြို့စားကြီး၏ အပြုအမူများက ထူးဆန်းတယ်ဟု ထင်ခဲ့ပေမယ့် သူ့မှာ ၎င်းကို ရပ်တန့်နိုင်ဖို့ အခွင့်အာဏာ သို့မဟုတ် အစွမ်းမရှိနေပေ။

၎င်းက ဒဲဗောရာ ကလေးမွေးပြီးချိန်တွင် အရာအားလုံးပြီးဆုံးသွားလိမ့်မည်။ပြီးသွားလိမ့်မယ်လို့ တွေးထားသော အိမ်တော်ထိန်းက ဒဲဗောရာနှင့်အတူ အိမ်အပေါ်ထပ်တက်တော့မယ့်အချိန်မှာပဲ သူ့မိန်းမ စံအိမ်ထဲကနေ ထွက်သွားခဲ့ပေမယ့် ကျေနပ်နေပုံရသည့် မြို့စားကြီးက တင်းမာသော မျက်နှာကို ပြန်ပြောင်းပြီး မေးခွန်းတစ်ခုမေးလိုက်သည်။

"အဲ့တော့ မင်း အတွေးတွေ စုစည်းပြီးပြီလား"

သူမ မြင်ခဲ့ရသော မြို့စားကတော်ကြီး၏မြင်ကွင်းကြောင့် လွှမ်းမိုးခံနေရဆဲဖြစ်သည့် ဒဲဗောရာက လျင်မြန်စွာပင် ခေါင်းယမ်းပြလိုက်သည်။

"အာ ဟင်-ဟင့်အင်း!"

"…အဲ့လိုလား"

မြို့စားကြီးက စိတ်မသက်မသာအမူအရာတစ်ခုကိုဖော်ပြလာခဲ့သော်လည်း ထပ်ပြီးတွန်းအားမပေးခဲ့ချေ။

"ဒါဆို မင်းအပေါ်ထပ်မှာ အနားယူပြီး မင်း အတွေးတွေကို စုစည်းလိုက်တာက အကောင်းဆုံးပဲ"

နောက်ဆုံးတွင် ဒဲဗောရာသည် မြို့စားကြီး၏စံအိမ်ထဲကို ရောက်နေတာဖြစ်သည်။အကယ်၍ သူတို့က အဆိုပြုချက်ကို သူမလက်ခံသည်အထိ ခမ်းနားထည်ဝါစွာ ဧည့်ဝတ်ပြုဆက်ဆံနေပါက နောက်ဆုံးတွင် သူမ သဘောတူရုံမှလွဲ ရွေးချယ်စရာမရှိတော့ပေ။

ဒဲဗောရာသည် ခွင့်ပြုချက်ရပြီးသည်နှင့် အပေါ်ထပ်သို့ အလျင်အမြန် ထွက်သွားခဲ့သည်။

တစ်ခုခုမှားနေပြီဟု သူမခံစားမိသော်လည်း ဘာမှားနေမှန်းကို မသိဘဲ ရှုပ်ထွေးစေသည်အထိ အဖြစ်အပျက်များစွာရှိနေခဲ့သည်။

* * *

အန်းသန့်စ်သည် အဆောက်အအုံကို စစ်ဆေးပြီးနောက် ဂိုဏ်းအစား အခြားတစ်နေရာသို့ ဦးတည်သွားခဲ့လိုက်သည်။

စာချုပ်ကို အမြန်အပြီးသတ်ပြီး စံအိမ်သို့ပြန်ရန် စီစဉ်နေသော ရိုယာက အန်းသန့်စ်ကို ဘယ်ကိုသွားနေပြန်တာလဲဟု ငြီးတွားလိုက်သည်။

"မင်း ဘာလို့ တခြားနေရာသွားနေပြန်တာလဲ"

အန်းသန့်စ်က မင်း စိတ်ပူစရာမလိုပါဘူးဆိုသလိုမျိုး မထီမဲ့မြင် တုံ့ပြန်ခဲ့တာကြောင့် ရိုယာ၏ ဒေါသများ ထွက်လာခဲ့သည်။

"မင်း ဘယ်ကို သွားနေပြန်တာလဲ။မင်း မပင်ပန်းဘူးလား"

"လက်မှုပညာရှင်"

လူနာနှင့်အတူရှိစဉ်ကလိုမဟုတ်သော အန်းသန့်စ်၏ တိုတိုတုတ်တုတ်အဖြေက ရိုယာကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ဒီလိုဖြစ်မယ်ဆိုတာ သူသိခဲ့ရင် မနက်ဖြန်သွားဖို့ အချိန်သတ်မှတ်လိုက်ပါတယ်။

"ဘာလို့လဲ။လော်ရာကို အဲ့လောက်တောင် ထပ်တွေ့ချင်နေပြီလား"

အန်းသန့်စ်က သူ့ကို သရော်လိုက်ချိန်တွင် ရိုယာက အံ့သြတကြီး တုံ့ပြန်လာခဲ့၏။

"ဘာ-ဘာလဲ။မင်း ဘယ်-ဘယ်တုန်းက ရှာတွေ့သွားတာလဲ"

"သိပ်မကြာသေးဘူး"

ဒီလောက် သိသာအောင် လုပ်နေပြီးမှ အံ့သြနေတာတဲ့လား။

အန်းသန့်စ်က သူ့လျှာကို ကျစ်ခနဲလုပ်လိုက်ပြီး ရိုယာက ပျာယာခတ်စွာဖြင့် သူ့ကို မေးလာခဲ့သည်။

"သေချာတာက လူနာတော့ မသိလောက်သေးဘူးမလား.."

"ဘာလို့လဲ။ သူမ သိရင် မကောင်းလို့လား"

"ဟုတ်တယ်! ဘာလို့ဆို လော်ရာက လျှို့ဝှက်ကတိပြုထားလို့ပဲ"

"…ဘာလို့လဲ"

သူမက မင်းတို့ကို ဖမ်းတောင်ဖမ်းမိနေပြီကို။ 

အန်းသန့်စ်က မေးလာချိန်တွင် ရိုယာသည် သူ့၏ ရှက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်စွာ ရှင်းပြခဲ့သည်။

"တကယ်တော့ ငါက သူမကို ဖွင့်ပြောပြီး တစ်ခါတည်း လက်ထပ်ခွင့်တောင်းခဲ့တာ။ ဒါပေမယ့် လော်ရာက လူနာ အရင်လက်မထပ်ရသေးခင် သူမ ငါ့ကိုလက်ထပ်လို့မရဘူးလို့ ပြောတယ်"

ဒါကြောင့် လူနာရှာမတွေ့မချင်း ထိုအကြောင်း လျှို့ဝှက်ထားမည်ဟု ကတိပြုခဲ့ကြောင်း ရိုယာက ဆက်ပြောခဲ့သည်။

"ဒီတော့ အဲ့ဒါက နည်းနည်း အဆင်အခြင်မဲ့တယ်ဆိုပေမယ့် မင်းတို့ ကျေးဇူးပြုပြီး လက်ထပ်ကြပါလား"

"... မင်းတကယ်စိတ်လွတ်သွားပြီပဲ"

အန်းသန့်စ်က ရထားပြတင်းပေါက်ကိုဖွင့်ကာ ပြန်ဖြေလိုက်သည်။ဘာမှပြန်မပြောဘဲ သူ့ကို မျက်နှာချင်းဆိုင်ရတာနဲ့တင် ရှက်ရွံ့သွားစေတာကြောင့် ရိုယာလည်း ပြတင်းပေါက်ဘက်ကို အကြည့်လွှဲလိုက်၏။

"မင်း ဒီတိုင်း လူနာကို အပျော်တွဲဖို့ စီစဉ်နေတာလား"

ရိုယာ၏ မယုံနိုင်သလို တုံ့ပြန်မှုကြောင့် အန်းသန့်စ်၏ ခံစားချက်များက ချဉ်သွားခဲ့သည်။

လူနာ နှင့် ခရီးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီးနောက် စိတ်ထဲ ကောင်းမွန်သလို ခံစားခဲ့ရသော်လည်း ရိုယာက စကားအနည်းငယ်ပြောရုံဖြင့် သူ့စိတ်ခံစားချက်များကို ပျက်သွားစေခဲ့ပြန်သည်။ သူက စကားလုံးအနည်းငယ်ဖြင့် အရှုပ်အထွကို တကယ် ဖန်တီးနိုင်ပုံရသည်။

"စကားကို ကြည့်ပြော။ငါ မင်းကို စကားထပ်မပြောနိုင်အောင် မလုပ်မိခင်မှာ"

သူ ထိုသို့ ဖြေခဲ့သော်လည်း လက်တွေ့မှာတော့ အန်းသန့်စ်သည် လက်ထပ်ခြင်း၏ 'သုံးသပ်ချက်' ကို ဘယ်တုန်းကမှ ‌အဆုံးထိမတွေးဖူးခဲ့ပေ။

မနှစ်က မွေးနေ့ကစလို့ သူ့မှာ လူနာအတွက် ထူးထူးခြားခြားခံစားချက်များရှိနေတာကို ဖြည်းဖြည်းချင်းနားလည်လာခဲ့သော်လည်း အိမ်ထောင်ပြုတာကတော့ မတူပေ။

သူ့ဘဝတွင် လိုက်လျောညီထွေရှိပြီး နွေးထွေးသောအိမ်တစ်လုံးကို တစ်ခါမှမကြုံဖူးခဲ့တာကြောင့် အိမ်ထောင်ပြုပြီး ကလေးယူခြင်းဖြင့် စစ်မှန်သောချစ်ခြင်းမေတ္တာကို အပြည့်အဝပေးစွမ်းနိုင်ပါ့မလားဟု သံသယဝင်မိသည်။

အမှန်မှာ ရိုယာကို တုံ့ပြန်စဉ်တွင် လက်ထပ်ခြင်းသည် သူဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသော ပုံပြင်တစ်ခုဖြစ်သည်။

"မင်းအဲ့လောက်တောင် ဝမ်းနည်းနေရင် ဒီတိုင်း လက်ထပ်လိုက်ပါ့လား"

ရိုယာသည် စကားများများထပ်မပြောတော့ဘဲ အန်းသန့်စ်ကို တိတ်တဆိတ် အထွန့်တက်ခဲ့လိုက်သည်။

* * *

ပရဟိတဆေးရုံအတွက် အတိုင်းအတာတစ်ခုအထိ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သောကြောင့် ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်ဖို့ အချိန်သိပ်မကြာခဲ့ချေ။

စိန်ခေါ်မှုအဖြစ်ဆုံးအပိုင်းမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို စုဆောင်းခြင်းနှင့် ဆေးဝါးများဝယ်ယူခြင်းဖြစ်သော်လည်း လစာနှင့် အသုံးစရိတ်များ မြင့်မားသောကြောင့် အရည်အချင်းပြည့်မီသူများကို ရှာဖွေရတာ လွယ်ကူစေခဲ့သည်။

"သခင်မလေး အရမ်းအလျင်မလိုလွန်းဘူးလား။ခွင့်ပြုချက်ရပြီးပြီးချင်း ရက်ပိုင်းအတွင်း ဖွင့်လှစ်တာက"

သူမ၏အဝတ်အစားများကို ချိန်ညှိနေသော လူနာက ခေါင်းယမ်းကာ လော်ရာ၏ မှတ်ချက်ကို တုံ့ပြန်ခဲ့သည်။

"နေမကောင်းတဲ့သူတွေကို ပြုစုဖို့ ဘာလို့ အလျင်စလို မလုပ်ရမှာလဲ။ဆေးဝါးလုံလုံလောက်လောက်မရှိလို့ ဒုက္ခရောက်နေတဲ့သူတွေမှ အများကြီးပဲ"

၎င်းက အများကြီးမစဉ်းစားဘဲ စတင်ခဲ့သော လုပ်ငန်းဖြစ်ပေမယ့် သူတို့၏ဝန်ဆောင်မှုများကို အရေးပေါ်လိုအပ်နေသောသူများ အများကြီးရှိနိုင်မှန်း လူနာ သဘောပေါက်ခဲ့သည်။

သူမ အမှန်အတိုင်းပြောရရင် သူတို့အားလုံးကြိုတင်ပြင်ဆင်ထားခဲ့ပြီး ခွင့်ပြုချက်ရပြီးတာနှင့် တန်းဖွင့်ပေးဖို့ ဆန္ဒရှိခဲ့သည်။

"လူတွေအများကြီးစုလာပြီး ဆေးဝါးအလုံအလောက်မရှိတော့ရင် ဘယ်လိုလုပ်မလဲ သခင်မလေး"

"ငါတို့ ဆေးဝါးတွေ ၀ယ်ပြီးတာနဲ့ စာရင်းပြုစုပြီး သူတို့ကို ပေးလိုက်မယ်။အဲ့ဒါကို စိတ်ပူမနေနဲ့။ အဲဒီအစား ငါ့ဝတ်စုံကို ကြည့်ပေးပါအုံး။ ဘယ်လိုနေလဲ။ ရိုးရှင်းရဲ့လား"

ပါတီပွဲမဟုတ်ဘဲ ပရဟိတဖွင့်ပွဲအခမ်းအနားဖြစ်တာကြောင့် တောက်ပြောင်သောဝတ်စုံက သင့်လျော်မည်မဟုတ်ပေ။ လော်ရာက ၎င်းကို ရွေးဖို့ ကူညီပေးခဲ့သော်လည်း လူနာက စိတ်ချရအောင် နောက်တစ်ကြိမ်ထပ်မေးလိုက်၏။

"အဲ့ဒါက နည်းနည်းရိုးရှင်းပေမယ့် အဆင်ပြေပါတယ်။အသုံးအဆောင်သေးသေးလေးတွေပါ ပြင်ဆင်လိုက်ရင် ပိုကောင်းလိမ့်မှာ"

လော်ရာက နောင်တရသလိုမျိုးခံစားလိုက်ရပြီး လူနာက ပြောလိုက်သည်။

"ငါတို့သွားကြတော့မလား"

လူနာ နှင့် လော်ရာတို့ အောက်ထပ်သို့ဆင်းလာစဉ် စံအိမ်သို့ ရောက်ရှိလာခဲ့သော အန်းသန့်စ်က သူတို့ကို နှုတ်ဆက်လာခဲ့သည်။

ထိုအချိန်အတွင်း သူသည် လက်မှုပညာရှင်တစ်ယောက်နှင့်တွေ့ဆုံခဲ့ပြီး အလွန်နူးညံ့သိမ်မွေ့ပြီး လှပသောပတ္တမြားလည်ဆွဲတစ်ခုကို နမူနာအဖြစ် ပြန်ယူလာကာ လူနာလက်ထဲထည့်ပေးခဲ့သည်။

"ဒါက ဒီရက်ပိုင်းအတွင်း လုပ်ခဲ့တာလား"

"အမှန်တော့ တစ်ရက်ပဲ။ သူက ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တစ်ယောက်လေ။ဒါက မင်းဂါဝန်နဲ့ လိုက်ဖက်ရဲ့လား။ကိုယ် မင်းကို ဝတ်ပေးရမလား"

လည်ဆွဲက အရွယ်အစား သိပ်မသိသာသောကြောင့် လူနာ သဘောတူပြီး ခေါင်းညိတ်ပြလိုက်သည်။ ၎င်းက ရိုးရှင်းပုံပေါက်သော်လည်း ပြီးပြည့်စုံစွာထင်ရှား နေလောက်သည်။

လူနာသည် လည်ဆွဲကို အန်းသန့်စ် လာဝတ်ပေးတာကို တိတ်တဆိတ် စောင့်ဆိုင်းခဲ့လိုက်သည်။ သူက သူမထံသို့ ချဉ်းကပ်လာပြီး လည်ဆွဲကို ဝတ်ဆင်ရန် အချိန်အတော်ယူခဲ့ရသည်။

"...ပြီးဖို့ လိုသေးလား"

လူနာသည် မျက်နှာကျက်ကို ကြည့်ပြီး ရည်ရွယ်ချက်မရှိစွာ မေးလိုက်၏။ အန်းသန့်စ်က တခစ်ခစ်ရယ်ပြီး လုံလောက်အောင် မဆွဲထားနိုင်သော အကြောင်းပြချက်တစ်ခု ပေးခဲ့လိုက်သည်။

"အဲ့ဒါက တစ်ခုခု မှားနေလို့လား"

"မဟုတ်ပါဘူး။‌ဒီနောက် ကိုယ့်အမြင်အာရုံက ပိုဆိုးလာလို့"

"အို ဘုရားရေ။ တကယ်လား။ ဒါဆို ရှင် ဘလူးဘယ်ရီသီးကို စားကြည့်သင့်တယ်။ရှင့် အမြင်တွေ ဒီထက်ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။ရှင် အသက်ဘယ်နှစ်နှစ်ပဲရှိပြီမို့လဲ"

"ကောင်းပြီ ကိုယ်လုပ်ပါ့မယ်"

သူ ဒီလိုဖြေလိုက်သော်လည်း သူတို့ကိုကြည့်နေသော ရိုယာက သူ့လျှာကို ကျစ်ခနဲလုပ်လိုက်သည်။

သူသည် လွန်ခဲ့သော ရက်အနည်းငယ်ထဲက သူတို့ အတူရှိနေတာကို တွေ့ရတိုင်း ဘာလို့ စပ်ဖျဉ်းဖျဉ်းဖြစ်မိနေမှန်းကို နားမလည်နိုင်ခဲ့ပေ။

TK Team (Chapter 97)