Chapter 90
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 90


'ဒါက ဘာကိုဆိုလိုတာလဲ...'

ဆိုင်ယာသည် မျက်လုံးများကို ခဏတာတဖျတ်ဖျတ်ခပ်ကာ အဖြစ်မှန်ကို ဆုပ်မကိုင်နိုင်သေးချေ။

ထိုစာ၏ အကြောင်းအရာများက သူမစိတ်ထဲရောက်လာခဲ့သော်လည်း သူမနားမလည်နိုင်နေပေ။ ထို့ကြောင့် သူမက စာကို အမြန်ပြန်ကောက်ပြီး စစ်ဆေးရန် သူမအစေခံကို အမြန်ခေါ်လိုက်သည်။

"သခင်မလေး! ဘာကိစ္စရှိလို့ပါလဲ။အိုး သခင်မလေး မျက်နှာကဖြူလျော်နေတာပဲ!"

"ဒါ-ဒါက ဘာကိုဆိုလိုတာလဲ...ငါ ပြန်စာရပေမယ့် နားမလည်နေဘူး...! သူမ ဘာလို့ ငါ့အပေါ်အရမ်းအေးစက်ရတာလဲ။ ဟမ် နင် တစ်ခုခုသိလား ဟင် ဟင်? ဟင်?"

အချိန်မရွေး မူးလဲသွားတော့မည့်ပုံပေါ်နေသော ဆိုင်ယာက သူမအစေခံအား စာကို အမြန်ဖတ်ခိုင်းလိုက်သည်။

"အာ…!"

မကြာခင်မှာပဲ အစေခံသည် စာပါအကြောင်းအရာများမှာ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားပြီး ဘာလုပ်ရမှန်းမသိကာ မျက်လုံးကို လှိမ့်လိုက်သည် ။

"အဲ့ဒါက ဘာကိုဆိုလိုတာလဲ… ငါ ဒီလိုမျိုးခံရအောင် ငါ ဘာတွေလုပ်ခဲ့လို့လဲ။ ဟမ်? နင် သိရင် မြန်မြန်ပြောစမ်းပါ!"

"အာ…"

ဆိုင်ယာ၏ဖိအားပေးမှုကြောင့် အစေခံသည် ကူကယ်ရာမဲ့စွာဖြင့် လက်ရှိအခြေအနေကို ရှင်းပြလိုက်သည်။

လူ့အဖွဲ့အစည်းတစ်ခုလုံးတွင်ပျံ့နှံ့ခဲ့သော လူနာ၏ကောလာဟလများအားလုံးသည် အမှန်ဖြစ်ကြောင်းနှင့် ၎င်းကိုသက်သေပြရန်အတွက် ဆိုင်ယာသည် လူနာကို နှစ်သစ်ပါတီတွင် မတရားသဖြင့် စွပ်စွဲခဲ့သည်။

"အဲ့ဒါအပြင် လေဒီပဲလ်က ရွှေတွင်းနှစ်တွင်းကို တွေ့ရှိခဲ့တယ်လို့ပြောနေကြတယ်။အခုဆို အိမ်ရှေ့မင်းသားနဲ့တောင် စီးပွားရေးလုပ်နေတယ်တဲ့... သူမရဲ့ ပုံရိပ်က အရမ်းပြောင်းလဲသွားပြီ..."

ရှင်းလင်းချက်ပြီးသည်နှင့် နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသော ဆိုင်ယာက အစေခံ၏လက်ကို ဖမ်းကိုင်လိုက်ကာ အော်ဟစ်လိုက်သည်။

"ဒါပေမယ့်...! ဒါပေမယ့် လေဒီပဲလ်က ဆိုးတဲ့သူဆိုပြီး ပထမဆုံးပြောခဲ့တာ သူတို့ပဲလေ! "

ဆိုင်ယာ အရမ်းမတရားခံရသလိုခံစားလိုက်ရ၏။လူနာက တစ်ခုခုတော့လွဲနေပြီလို့ ပထမဆုံးပြောခဲ့သူများက သူမ မဟုတ်ဘဲ တခြားမြို့စားအနွယ်ဝင်တွေသာဖြစ်သည်။

သူတို့က အဲ့ဒီ ဆင်းရဲနွမ်းပါးသော အမျိုးသမီးသည် သူမနှင့် ဖာဆန်ကြား လာဝင်ရန်ကြိုးစားနေသည်ဟု အရိပ်အမြွက်ပြောခဲ့ကြသည်။သူမက အဲ့အချက်ကိုကောက်ယူပြီး ဟိုဟိုဒီဒီ မသိသာစွာ ကောလဟာလများ ဖြန့်ခဲ့သည်။

'အဲ့တော့ ဒါတွေအားလုံးက ငါ့အမှားတွေလား...'

သူမက သူတို့ကို ယုံကြည်ခဲ့ရုံသာဖြစ်သည်။သူမသည် ဖယ်ဆန်၏ လုပ်ရပ်များကသံသယဖြစ်ဖွယ်ကောင်းတာကြောင့် အဲ့ဒါမှာ နားလည်နိုင်သည်ဟုထင်ခဲ့မိသည်။

သူမက အခြားသူများ၏စကားများကို နားထောင်ခဲ့ပြီး သူတို့ကို ယုံကြည်ခဲ့ပေမယ့် ဘာလို့ သူမတစ်ဦးတည်းကပဲ ဒီကံကြမ္မာကို ခံစားနေရတာလဲ။


"ဒါဆို အခု ငါဘာလုပ်သင့်လဲ"

လူတိုင်းက သူမကို ကျောခိုင်းသွားမယ်ဆိုရင် သူမ ဘာလုပ်သင့်လဲ။ 

အရင်က တစ်ခါမှ အပယ်ခံမဖြစ်ဖူးခဲ့သော ဆိုင်ယာသည် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။

" သခင်မလေး…"

တခြားသူများနှင့် မတူစွာ သူမမှာ လွတ်လမ်းမရှိနေပေ။နောက်ဆုံးတွင် ကူကယ်ရာမဲ့နေသော အစေခံကက ဆိုင်ယာ၏ ပုခုံးကို ဖက်ပေးလိုက်သည်။

ဆိုင်ယာဿည် အချက်ပြချက်တစ်ခုလိုမျိုး အစေခံ၏လက်နှစ်ဖက်ထဲလှဲချကာ ရှုပ်ထွေးသောခံစားချက်များဖြင့် မျက်ရည်များစီးကျလာခဲ့သည်။

* * *

"လူနာရေ အဖေ့ ဝတ်စုံလေး တစ်ချက်လောက်ကြည့်ပေးပါအုံး "

လှေကားမှဆင်းလာသော လူနာသည် ဘယ်ရွန်၏စကားကြောင့် ခေါင်းကိုလှည့်ကြည့်လိုက်ရာ ပါးပြင်များ အနည်းငယ်နီရဲနေပြီး စိုးရိမ်နေသော ဘယ်ရွန်ကို တွေ့လိုက်ရသည်။

သူ ဒီလိုပုံစံနဲ့ မားကွစ်အိမ်တော်ကို တစ်ယောက်တည်းသွားမယ်လို့ သူဘယ်လိုတောင် တုံပြန်နိုင်ခဲ့ရတာလဲ။ လူနာက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဘယ်ရွန်၏ လည်စီးကို ညှိလိုက်ပေးလိုက်သည်။

"အဖေက ခါတိုင်းလိုပဲ ကြည့်ကောင်းနေတယ်။ အဖေ့ ပုံမှန်လေ့ကျင့်ခန်းတွေရဲ့ကျေးဇူးကြောင့် ဝတ်စုံက အဖေနဲ့ အံ့သြစရာကောင်းလောက်အောင် လိုက်ဖက်နေရော"

၎င်းက လိမ်တာမဟုတ်ပေ။သူက အရင်ကထက် ပိုကြည့်ကောင်းလာတာဖြစ်သည်။ သူ့အသားအရည်က ကောင်းနေပြီး သူ့ကြည့်ရတာ ကြည်လင်နေသည်။

ထို့အပြင် အစေခံစီစဉ်ပေးထားသော ဝတ်စုံကို ပြန်ကြည့်ပြီး လူနာ လက်မထောင်ပြလိုက်သည်။

ဘယ်ရွန်မြို့စားက ကျေနပ်သွားပြီး တခစ်ခစ်ရယ်နေအချိန်မှာပဲ ရင်းနှီးသောအသံတစ်ခုကြားလိုက်ရသည်။

"အမှန်ပဲ။ဘယ်ရွန် ခင်ဗျားက အမြဲကြည့်ကောင်းနေတာ။ဒါပေမယ့် ဒီနေ့ ခင်ဗျားကြည့်ရတာ လုံးဝပြစ်ချက်ကင်းပဲ"

အဲ့ဒါကအန်းသန့်စ်ပင် ဖြစ်သည်။ လူနာ လှေကားမှဆင်းလာခဲ့ချိန်တုန်းက ရောက်လာခဲ့တာဖြစ်ပြီး ဘယ်ရွန်မြို့စားကို ချီးကျူးရန်အတွက် အထဲဝင်လာခဲ့သည်။

အခြားသူတစ်ဦးထံမှ ချီးကျူးစကားက ပိုပြီး ကြည်နူးစရာကောင်းသည်ဟု ထင်ရစွာပင် ဘယ်ရွန်၏ အပြုံးက ပိုနက်ရှိင်းလာခဲ့သည်။

"ကဲ၊ ကဲ။ အချိန်ကျပြီ။ သွားကြရအောင်။ဒါနဲ့ သခင်လေးက သီးသန့်သွားဖို စဉ်းစားထားတာလား"

"မဟုတ်ဘူး။ဘယ်ရွန်မြို့စား ခွင့်ပြုမယ်ဆို ကျွန်တော့်ရထားကိုဒီမှာထားခဲ့ပြီး ခင်ဗျားတို့နဲ့အတူစီးချင်တယ်"

"ခွင့်ပြုတာလား။ ငါကသာ မင်းကို တောင်းဆိုသင့်တဲ့လူပါ"

ကြင်နာစွာ မြှောက်ပင့်ပြီးသွားခဲ့သော အန်းသန့်စ်သည် ပေါ့ပေါ့ပါးပါး ပြုံးကာ သူ၏လက်အား ဘယ်ရွန်ဘေး၌ရပ်နေသော လူနာဆီကို ဖြန့်လိုက်သည်။

လူနာက သဘာဝအတိုင်း သူ့လက်ကို ဆုပ်ကိုင်လိုက်၍ ရထားပေါ်သို့ တက်သွားခဲ့ပြီး ဘယ်ရွန်နှင့်မျက်နှာချင်းဆိုင် အန်းသန့်စ်၏ဘေးတွင် ထိုင်ကာ မေးလိုက်သည်။

"ဒါနဲ့ပြောပါအုံး။ ဖယ်ဆန် လှည့်စားတာခံခဲ့ရတဲ့ မြို့စားတွေ ဘာဖြစ်သွားခဲ့ကြတာလဲ။ကျွန်မက သူတို့ စာချုပ်ကို ဖော်ထုတ်ပြီး အရှုပ်အထွေးတစ်ခုဖြစ်စေလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် အဲ့ဒါက တိတ်ဆိတ်နေရောပဲ"

တိတ်ဆိတ်နေရုံမျှသာမက ထိုအကြောင်းကို ပြောတဲ့သူ တစ်ယောက်လေးတောင်မှမရှိပေ။ အင်ပါယာနန်းတော်နှင့် စာချုပ်ကို ထိန်းသိမ်းဖို့ ကျရှုံးခဲ့တာကြောင့် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ်တစ်ခုဖြစ်မည်ဟု သူမထင်ခဲ့သော်လည်း ထိုအကြောင်းကို မည်သူမျှ မဟခဲ့ကြပေ။

အန်းသန့်စ်၏ မျက်နှာပေါ်တွင် သရော်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။အဲ့ဒါက ကြည့်ရသည်မှာ တိတ်ဆိတ်နေရုံသာမက တစ်ခုခုဖြစ်သွားခဲ့ပုံရသည်။

"မြို့စားကြီးက သူတို့ကို တော်တော်လေး သဘောကျတဲ့ပုံပဲ။သူက ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကို ငါးစာအဖြစ်သုံးပြီး သူတို့စာချုပ်အသစ်ချုပ်ခဲ့ကြတယ်လေ"

"... စာချုပ်အသစ်လား။ ပယ်ဖျက်တာမဟုတ်ဘဲနဲ့လေ"

"ဟုတ်တယ်။ အမြတ်တစ်ဝက်ကို လျော်ကြေးအဖြစ် ပြန်ပေးရမယ်ဆိုပြီးတော့။ ဒါပေါ့ သူတို့က လျော်ကြေးငွေကို ကိုယ်နဲ့တွဲလုပ်တုန်းကထက် ပိုနည်းအောင်ရတဲ့ အမြတ်ထဲကနေ ထပ်ခွဲကြရမှာ"

၎င်းသည် ဆုံးရှုံးမှုများအတွက် လျော်ကြေးအဖြစ် သူတို့၏ အမြတ်ငွေထဲမှတစ်ဝက်ကို ပေးဆောင်ရမည့်စာချုပ်ဖြစ်သည်။တစ်ချက်သာကြည့်ပါကမြို့စားကြီးနှင့် မြို့စားများအတွက် ကောင်းမွန်သည့် စာချုပ်တစ်ခုဟု ထင်ရသော်လည်း...

"ဒါပေမယ့် ပမာဏက ကြီးမားတယ် မဟုတ်လား"

မြို့စားများသည် ထိုလျော်ကြေးငွေကို မည်သည့်အချိန်မှ ပြန်ဆပ်နိုင်မလဲဆိုတာ မရှင်းလင်းနေပေ။

"ဒါဆို အဲ့ဒါက တစ်သက်စာ စာချုပ်လိုပဲပေါ့။ အင်းပေါ့လေ..အဲ့ဒါက မြို့စားကြီးကို ခြိမ်းခြောက်ပြီး တိုက်ခိုက်တာထက်စာရင် ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်နေမှာပဲ"

သူသည် အခြေအနေများက ဒီ့ထက်ပိုဆိုးဆိုးရွားရွား ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ခဲ့တာကြောင့် အခုလို အကြံများ ပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် နောက်ဆုံးမှာတော့ သူတို့က မှန်ကန်သော ဆုံးဖြတ်ချက်ကို ချခဲ့ကြသည်။

သို့သော်လည်း နောက်ဆုံးတွင် အန်းသန့်စ်ကို သစ္စာဖောက်ပြီး ဖယ်ဆန်ဘက်ကိုလည်း သစ္စာဖောက်ခဲ့သော မြို့စားများသာ ဆုံးရှုံးမှုကို ခံစားကြရတာဖြစ်သည်။

သူတို့ တိတ်တဆိတ်သာနေခဲ့ပါက အတော်လေး အဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ်သော်လည်း သူတို့၏ အချည်းနှီးသော လောဘကြောင့် တစ်ဘက်ပြီး တစ်ဘက်ပြောင်းနေကာ နောက်ဆုံးတွင် တစ်သက်လုံး မြို့စားကြီး၏ကျွန်ဘတလိုမျိုး အဆုံးသတ်ရတော့မှာဖြစ်သည်။

"ကိုယ်တော့ မြို့စားကြီးမိသားစုက ပြဿနာအများကြီးမကြုံလိုက်ရဘဲ အကြပ်အတည်းကို ဖြတ်သန်းခဲ့နိုင်တာ မကြိုက်ဘူး။သူတို့ ဒီအဖြစ်အပျက်လိုမျိုး ပြန်ခံရမယ်လို့ မျှော်လင့်ပေမယ့် ကြည့်ရတာ လွတ်သွားတဲ့ပုံပဲ"

ခဏအကြာတွင် လူနာသည် နောက်မည်သည့်လှည့်ကွက် ဆွဲထုတ်လာမှာလဲကို သိချင်နေသော မျက်လုံးများဖြင့် အန်းသန့်စ်၏ အပြာရောင်ကုတ်အင်္ကျီပေါ်က ကြယ်သီးကို ကြည့်လိုက်သည်။

သူ့အသားကို ချောင်းကြည့်တာတော့မဟုတ်ပေမယ့် သူ့လည်စီးက လျော့တိလျော့ရဲချည်နှောင်ထားသောကြောင့် သူမ၏မျက်လုံးများက သဘာဝအတိုင်း ထိုနေရာကိုရောက်သွားခဲ့သည်။

"ခဏလေး"

ထို့နောက် လူနာသည် အန်းသန့်စ်၏ ကုတ်အင်္ကျီကော်လာသို့ လက်ဆန့်လိုက်ပြီး လည်ပင်းအထိ ကြယ်သီးများကို တပ်ပေးကာ လည်စီးကိုပြန်ပြင်ပေးလိုက်သည်။

ပုံမှန်အားဖြင့် ၎င်းက ထူးဆန်းသောဝတ်စုံမဟုတ်သော်လည်း တရားဝင်အခမ်းအနားနှင့် မလိုက်ဖက်နေပေ။

"…!"

ရုတ်တရက် သူ့မျက်နှာအနားသို့ နီးကပ်လာပြီး သူ့လည်စီးကို ဟိုရွေ့ဒီရွေ့လုပ်လာသောကြောင့် အန်းသန့်စ်သည် အသက်ကို ခဏလောက် အောင့်ထားမိလိုက်သည်။

ဘယ်ရွန်၏ လည်စီးကို မကြာခဏပြင်ပေးလေ့ရှိသော လူနာသည် ထိုအလုပ်ကို အလွန်ရင်းနှီးနေပြီး အန်းသန့်စ်၏ ကော်လာနှင့်လည်စီးကို လျင်မြန်စွာပြင်ဆင်ပေးပြီးသွားခဲ့သည်။

သူမက သူ၏ ယခုသပ်ရပ်သွားသော ကုတ်အင်္ကျီကော်လာကို ပြီးပြည့်စုံအောင်အဆုံးသတ်လိုက်ပြီး ကျေနပ်စွာဖြင့် နူးနူးညံ့ညံ့ပြုံးလိုက်သည်။

"အခုမှပဲ ရှင့်ကြည့်ရတာသေသပ်သွားတော့တယ်"

ဘာလို့ လူတွေက ဒီလောက် ရုတ်တရတ်ဆန်တတ်ကြတာလဲ။ဒါပေါ့ သတိပေးခဲ့တယ်ဆိုပေမယ့် အဲ့ဒါက မအံ့သြသွားဘူးလို့တော့ မဆိုလိုပေ။

ထိုအချိန်မတိုင်ခင်အထိ လူနာ၏မျက်နှာကို စိုက်ကြည့်နေခဲ့သော အန်းသန့်စ်သည် သူအောင့်ထားသော အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်ခဲ့လိုက်သည်။

ထို့နောက် တည်ငြိမ်ဟန်ဆောင်ပြီး သူ့လက်ကို မြှောက်ကာ လူနာ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။

"ကြည့်ရတာ မင်းဆံပင်က ပြင်လို့မပြီးသေးဘူးထင်တယ်"

"တကယ်လား"

မဟုတ်ပေ။ အမှန်တော့ သူမ၏ဆံပင်မှာ အလွန်သပ်ရပ်စွာ ဖြီးထားသော်လည်း အန်းသန့်စ်က လူနာ၏ဆံပင်ကို မလိုအပ်ဘဲ ပွတ်သပ်နေကာ ဟုတ်ကြောင်း အတည်ပြုခဲ့သည်။

"အဲ့ဒါက ရှုပ်ပွနေတာလား။ထူးဆန်းလိုက်တာ။ကျွန်မ မနက်အစောကြီး ခေါင်းလျော် အခြောက်ခံပြီး သေချာ ခေါင်းဖြီးခဲ့တာကို"

"အဲ့ဒါက အရမ်းမရှုပ်ပွနေပါဘူး မင်းမြင်သလိုပဲ ပိစိလေးပဲ ရှုပ်နေတာ"

အကြောင်းအရာကို ချန်လှပ်ထားခဲ့သော်လည်း စိတ်ရှုပ်ထွေးနေရသည်မှာ အန်းသန့်စ်ပင် ဖြစ်သည်။ ဤသည်ကို သတိမမူမိသော လူနာက အန်းသန့်စ်ကို ဆံပင်တွေအားသပ်ရပ်အောင်လုပ်ပေးပါဟု အလျင်စလိုတောင်းဆိုလိုက်ပြီး သူမဆံပင်များကို သူ့လက်ထဲ ဝကွတ်အပ်လိုက်သည်။

"အဟမ်း အဟမ်…"

သူတို့နှစ်ယောက်သား၏ ချစ်ခင်ကြင်နာမှုကို ပေါ်လွင်စွာထုတ်ပြနေတာကို မည်သူမဆိုမြင်နိုင်ခဲ့သည်။ ဘယ်ရွန်က ပြုံးပြီး ချောင်းအနည်းငယ်ဆိုးပြလိုက်သည်။

ထောင့်စွန်းနားတွင် ငြိမ်သက်စွာထိုင်နေခဲ့သော လော်ရာကလည်း သူမ စိတ်ထဲတွင် ရေရွတ်ခဲ့လိုက်သည်။

'အိုးမိုင် ဘုရားရေ။ငါတို့သခင်မလေးက အခုဆို တခြားသူတွေရဲ့မျက်လုံးတွေကိုတောင် ဂရုမစိုက်တော့ဘဲနဲ့ ချိန်းတွေ့တတ်နေပြီပဲ!' လို့

ထို့နောက် သူမပါးပြင်ကို လက်ဖဝါးဖြင့် အုပ်ခဲ့လိုက်တော့သည်။

* * *

ထိုအချိန်တွင် မားကွစ်အိမ်တော်သည် အရေးပေါ်အခြေအနေထဲကျလာလုနီးပါးဖြစ်နေသည်။ ဧည့်သည်များကို နှုတ်ဆက်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်ပြီးသွားခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတော့ မလုပ်ရသေးပေ။

"အမေ၊ အဖေ။ သမီး အရင်ကပြောခဲ့သလိုပဲ အဲ့အရူးကို ကိုင်တွယ်နိုင်တဲ့ တစ်ဦးတည်းသောလူက လေဒီလူနာပဲဆိုတာ သိကြတယ်နော်”

ထို့ကြောင့် ယနေ့လာရောက်မည့် ဘယ်ရွန်မြို့စားအား သူတို့အပေါ် အမြင်ကောင်းရအောင်လုပ်ရန် အရေးကြီးသဖြင့် ရို့စ်မယ်ရီက ထိုစကားလုံးများကို အကြိမ်တစ်ရာအထိ ထပ်ခါတလဲလဲ ပြောနေခဲ့သည်။

အကယ်၍ သာမာန်နေ့ဖြစ်ပါက သူတို့ ခွန်းတုံ့ပြန်ပြောကြမည်ဖြစ်သော်လည်း ဒီနေ့မှာတော့ မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်တို့သည် ရို့စ်မယ်ရီနှင့် အတွေးတူနေကြသောကြောင့် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။

"အင်းပါ ငါတို့နားလည်ပါတယ်"

သူမonf ချောမောလှပသော မျက်နှာလေးနှင့် ကြင်နာတတ်သော နှလုံးသားရှိသည့်အပြင် ရွှေတွင်းရှာတွေ့ပြီးနောက် ယခုအခါ စိန်တွင်းကိုတောင် ရှာဖွေတွေ့ရှိခဲ့သည်။ သူမက အန်းသန့်စ်အတွက် တကယ့်ကို ကောင်းမွန်သော အိမ်ထောင်ဖက်ပင်။

ထို့ကြောင့် သူတို့သည် ဘယ်ရွန် နှင့်လူနာတို့၏ရှေ့တွင် မည်သို့ပိုကြည့်ကောင်းအောင်လုပ်ရမည်ကို စဉ်းစားနေချိန်မှာပဲ အိမ်ကြီးတဝိုက် လျှောက်ပတ်ပြီး အစေခံများကို ညွှန်ကြားချက်များပေးနေခဲ့သော အိမ်တော်ထိန်းက မားကွစ်ဇနီးမောင်နှံကို အပြေးအလွှားလာရှာခဲ့သည်။

"ကြည့်ရတာ သူတို့ရောက်လာတဲ့ပုံပဲ။ သူတို့ ပင်မတံခါးကို ဖြတ်လာနေကြပြီ "

ဤသည်ကိုကြားသည်နှင့် ရို့စ်မယ်ရီနှင့် မားကွစ်ဇနီးမောင်နှံတို့သည် ဆိုဖာကနေ ဆတ်ခနဲထပြီး ဝင်ပေါက်ဆီ အမြန်သွားခဲ့လိုက်ကြသည်။

လူများအကြား တွေ့ဆုံမှုတွင် ပထမဆုံးအမြင်လောက် အရေးကြီးသောအရာ မရှိသောကြောင့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် အလွန်နွေးထွေးသော လေထုကို ဖန်တီးလိုက်ကြကာ ဝင်ပေါက်ရှေ့တွင် ဘယ်ရွန်၏ ရထားကို စောင့်ဆိုင်းနေခဲ့ကြသည်။

မကြာခင်မှာပင်...

"ကြိုဆိုပါတယ်။ ကြိုဆိုပါတယ် ဘယ်ရွန်ပဲလ် "

ရထားရပ်ပြီး တံခါးပွင့်လာသည်နှင့် တပြိုင်နက် မားကွစ်မြို့စားစုံတွဲနှင့် ရို့စ်မယ်ရီတို့သည် သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။

"ကျွန်တော့်ကို ဒီလိုမျိုး ကြိုဆိုပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် "

ဘယ်ရွန်သည် ရထားပေါ်မှ အမြန်ဆင်းလာကာ သူတို့ကို နှုတ်ဆက်လိုက်သည်။

အတော်လေး ကြည်နူးစရာကောင်းသော ပထမဆုံး နှုတ်ခွန်းဆက်စကားများကို အပြန်အလှန် ဖလှယ်လိုက်ကြပြီး မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်တို့သည် နူးညံ့သော အပြုံးကို ထိန်းထားရင်း ရထားပေါ်မှ ဆင်းလာတော့မည့် လူနာကို နှုတ်ဆက်ရန် လှည့်ကြည့်လိုက်ကြသည်။

မမျှော်လင့်စွာပင် အန်းသန့်စ်က ရထားပေါ်မှ ဆင်းလာပြီး လူနာကို ခေါ်ဆောင်ပေးလာခဲ့သည်။ သူ့ကိုမြင်လိုက်ရတာကြောင့် မားကွစ်တစ်မိသားစုလုံး အေးခဲသွားကြပြီး အန်းသန့်စ်ကလည်း အတော်လေး အဆင်မပြေနေသလိုမျိုး သူတို့ကို ဝေ့ကြည့်လိုက်သည်။

'ခဏလေး ငါ့အစ်ကိုက ဘယ်လိုလုပ် ဒီရောက်လာရတာလဲ...!'

သူပါလာမယ်ဆိုသော သတင်းကို သူတို့မရရှိခဲ့ပေ။

ရယ်မောပျော်ရွှင်ဖွယ်ရာ ညစာစားပွဲကို အန်းသန့်စ်က ပျက်ဆီးအောင်လုပ်တော့မည်ဟု မြင်ယောင်ရင်း ရိုစ့်မယ်ရီသည် မသိစိတ်အရ နောက်ပြန်ဆုတ်မိသွားခဲ့သည်။

TK Team ( Chapter 90)