Chapter 91
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး chapter 91


မားကွစ်မိသားစုသည် ဆယ်နှစ်ကြာမှ ပထမဆုံးအကြိမ် အိမ်ပြန်ရောက်လသော အန်းသန့်စ်ကိုတွေ့လိုက်ရတော့ အံ့သြတုန်လှုပ်သွားခဲ့ကြသည်။ ထိုအချိန်တွင် ရထားပေါ်မှဆင်းလာသော လူနာက သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လာခဲ့သည်။

"မတွေ့ရတာကြာပါပြီ။နေကောင်းကြလားရှင်"

"အာ…! အင်း ငါတို့ နေကောင်းကြပါတယ်။ငါတို့ဆီ လာလည်ပေးလို့ ကျေးဇူးပါ"

တောင့်တင်းနေခဲ့သော မားကွစ်မြို့စားကတော်က လူနာကို အမြန်ပြန်နှုတ်ဆက်လိုက်သည်။ မားကွစ်မြို့စားကလည်း သူမကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ခဲ့ပေမယ့် သူ့မျက်လုံးများမှာတော့ လူနာ ဘေးတွင် ရပ်နေသော အန်းသန့်စ်ဆီကိုသာ ကျရောက်နေခဲ့သည်။

သူတို့သည် အန်းသန့်စ်ကို နှစ်သစ်ပါတီတုန်းက မတော်တဆ တွေ့ခဲ့တာမျိုးလို တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီးဆုံတွေ့ခွင့်ရှိတော့မှာ မဟုတ်ဘူးဟု ထင်ခဲ့ကြသော်လည်း ယခုတွင် အန်းသန့်စ်သည် စံအိမ်ဆီသို့ စိတ်လိုလက်ရ ပြန်လာခဲ့၏။

အန်းသန့်စ်က မနှစ်မြို့သောအမူအရာတစ်ခုကို ပြသခဲ့သော်လည်း မကျေနပ်ချက်တစ်စုံတစ်ရာ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာကို မထုတ်ဖော်ခဲ့ပေ။

လေထုသည် ရောက်လာလာချင်းတုန်းက အတော်လေး နွေးထွေးနေခဲ့သော်လည်း ရုတ်တရက် မားကွစ်မိသားစုက သူတို့၏ အမူအရာများကို မထိန်းနိုင်ဖြစ်လာခဲ့တာကြောင့် ဘယ်ရွန်လည်း ဝေခွဲမရဖြစ်သွားပြီး ပြောလိုက်သည်။

"စံအိမ်က တကယ်ကို ခမ်းနားတာပဲ။ကျွန်တော် ဒီလို အထင်ကြီးစရာကောင်းတဲ့ စံအိမ်မျိုးကို မမြင်ရတာကြာပြီ"

"အာ! ကျေးဇူးပါ။အကယ်လို့ အနှောက်အယှက်မဖြစ်ဘူးဆိုရင် အိမ်တစ်ပတ်လှည့်ပတ်ပြပေးရမလား"

"အဲ့ဒါက သိပ်ဒုက္ခမဖြစ်စေဘူးဆိုရင် လှည့်ပတ်ကြည့်ဖို့က ကိစ္စမရှိပါဘူး"

မူလက အစီအစဉ်မှာ စံအိမ်ကို ဦးစွာလှည့်ပတ်ပြီး ဥယျာဉ်ကစ ဖြည်းဖြည်းချင်း စကားစမြည်ပြောသွားကြရန် ဖြစ်သည်။သို့သော် သူတို့သားအကြီးဆုံး၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် အရာအားလုံး ကမောက်ကမဖြစ်သွားခဲ့ရသည်။သူတို့က လူနာကို ခေါ်ဖို့တောင် မေ့သွားခဲ့ကြသည်။

ထိုကြောင့် အလွန်ရယ်စရာကောင်းစွာပင် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် လူနာ နှင့် အန်းသန့်စ်တို့ကို တံခါးရှေ့တွင် ဒီတိုင်းထားခဲ့ကြပြီး ဘယ်ရွန်မြို့စားနှင့်အတူ အိမ်ထဲသို့ ဝင်သွားခဲ့ကြသည်။

ဒီတိုင်းပေါ်လာရုံဖြင့် အန်းသန့်စ်သည် အစီအစဉ်များကို ချောချောမွေ့မွေ့ ဖျက်ဆီးပစ်လိုက်သောကြောင့် တုန်လှုပ်သွားသော ရို့စ်မယ်ရီက သူ့ဘေးကို လက်ဖြင့်ထိုးကာ မေးလိုက်သည်။

"နင် ဘာလို့ ဒီကိုရောက်လာရတာလဲ"

နင်ပဲ အိမ်ကထွက်သွားပြီး နင့်မျက်နှာကို ဘယ်တော့မှ ပြန်လာပြမှာမဟုတ်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား။ဘာလို့ ဒီနေရာကြိ ပြန်တွားဝင်လာရတာလဲ။

"ငါက လေဒီလူနာ ဒီကိုလာမယ်ဆိုလို့ သူမနောက်ကို အဖော်ပြုလိုက်ခဲ့ပေးရုံပဲ"

ရို့စ်မယ်ရီသည် သူ၏ ရိုးရှင်းသော အဖြေကြောင့် သူမ၏ နဖူးကို အုပ်ကိုင်ထားလိုက်မိသည်။

'အဲလိုဆိုရင်လည်း နင်ဘာလို့ စောစောလာလိုက်ပြီး ငါတို့မိဘတွေရဲ့စိတ်ကို သက်သာအောင် မလုပ်ပေးခဲ့တာတုန်း!'

"ငါ နင့်ကို ဒီတိုင်းငြိမ်ငြိမ်လေးပဲနေ ငါကူညီပေးမယ်လို့ ပြောခဲ့တယ်လေ!နင် ဒီရှားရှားပါးပါး ညစာစားပွဲကို ဖျက်စီးဖို့တော့ စိတ်ကူးမရှိဘူးမလား"

"ဘာ ကူညီတာလဲ။မင်း ဘာလို့ မလိုဘဲ ဝင်စွက်ဖက်နေတာလဲ။ငါ ဘယ်တုန်းက အဲ့လိုလုပ်ပေးပါလို့ တောင်းဆိုခဲ့လို့လဲ"

"မလိုအပ်ဘူးဟုတ်လား။နင်က တကယ်ကို အရာအားလုံး မသိဘူးပဲ အစ်ကိုကြီးရေ!"

ခဏလေးနေပါဦး။သူတို့ နှစ်ယောက်စလုံး ဘာလို့ဒီလိုပြုမူနေကြပြန်တာလဲ။ သူတို့က အခုမှ စံအိမ်ဆီရောက်လာတာကို သူတို့မောင်နှမနှစ်ယောက်က ရုတ်တရက် ရန်ဖြစ်နေကြပြန်ပြီ။လူနာက သူတို့ကို ကြားဖြတ်ပြောလိုက်သည်။

"ရို့စ်မယ်ရီ...အဲ့ဒါက ငါ သခင်ငယ်လေးနဲ့အတူလာမယ်ဆိုတာကို မပြောမိခဲ့လို့လား။အဲဒီလိုဆိုရင် ငါ တောင်းပန်ပါတယ်။ငါ စိန်တွင်းကို ရှာတွေ့တော့ အရမ်းပျော်ပြီး မေ့သွားခဲ့လို့ပါ။အဲ့ဒါ ငါ့အပြစ်ပဲ"

"လေဒီလူနာ! အဲ့လို မဟုတ်…"

လူနာက တောင်းပန်လာတာကြောင့် ပျာယာခတ်နေသော ရို့စ်မယ်ရီမှာ အလျင်အမြန်ရှင်းပြဖို့လုပ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူမ မပြောနိုင်ခင်မှာဘဲ သူ့လက်ကို လူနာခါးပေါ်တွင်တင်ထားသော အန်းသန့်စ်က ခေါင်းခါယမ်းကာ စံအိမ်အတွင်းပိုင်းဆီသို့ လူနာကိုခေါ်သွားခဲ့တော့သည်။

"လေဒီ တောင်းပန်စရာ မလိုပါဘူး။ ရို့စ်မယ်ရီ ရုတ်တရက် ဒေါသထွက်လာတာက ထူးဆန်းတယ်။ သူဘာလို့ ကိုယ့်ကို ဒီလောက် ဆူပူနေတာလဲဆိုတာ ကိုယ် နားမလည်ဘူး"

"မဟုတ်ဘူး…!"

ရို့စ်မယ်ရီက ရန်ပွဲတစ်ခုစဖို့ ရူးသွပ်စွာရွေးချယ်ခဲ့သော အန်းသန့်စ်ကမူ ထိုသို့ရယ်မောစွာ တုံ့ပြန်လာသည်ကိုမြင်ရတာက အလွန်ရယ်စရာကောင်းလှသည်။

ဖြစ်နိုင်ပါက သနားစရာလိုပင် ဟန်ဆောင်ရန် အဆင်သင့်ဖြစ်နေပုံရသော အန်းသန့်စ်ကြောင့် ရို့စ်မယ်ရီသည် ကောင်းကောင်းအသက်မရှူနိုင်တော့ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ရသည်။ထို့နောက် သူမက ကမန်းကတန်း လိုက်လာခဲ့သည်။

"အဲဒါက အစ်ကို့ရဲ့ အတိတ်က အပြုအမူတွေကြောင့်ပဲလေ! အမေကို ဆူပူတယ်၊ အဖေကို ဒေါသထွက်တယ်၊ ကျိန်ဆဲတယ်၊ပြီးတော့ အပြစ်ကို ဘယ်တော့မှ ဝန်မခံဘူး။ဒါတောင် အကုန်မဟုတ်သေးဘူး။ငါတို့က ကိစ္စတွေကို စီမံပြင်ဆင်ပြီးတာနဲ့ နင်ကရောက်လာပြီး အရာအားလုံးကို ထပိဖျက်ဆီးပစ်ပြန်ရော!"

ထိုအတွက်ကြောင့် ရို့စ်မယ်ရီသည် သည်းမခံနိုင်တော့သော အိမ်တွင်းရေးအခြေအနေတစ်ခုလုံးကိုပြောပြီး ပေါက်ကွဲခဲ့တော့သည်။ငယ်ရွယ်သော်လည်း သူတို့သည် ရေခဲလေထုထဲတွင် သတိကြီးစွာထားကာ ကြိုးစားအားထုတ်ရပေအုံးမည်။

"စလာပြန်ပြီ။ငါ အိမ်ကထွက်သွားရတဲ့ အကြောင်းရင်းက ဒါကြောင့်ပဲဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး"

ထိုအပေါ် အန်းသန့်စ်သည် အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။သူတို့ ရောက်ရောက်ချင်းအချိန်ကနှင့်မတူဘဲ ရန်ပွဲက အတော်လေးပြင်းထန်လာသောကြောင့် လူနာသည် သူတို့နှစ်ယောက်ကြား ထပ်မံဝင်ရောက်ခဲ့ရပြန်သည်။

"ရပ်တော့ ရပ်တော့! ရှင်တို့ ဘာလို့ ရန်ဖြစ်ပြီး ဒီလိုမြင်ကွင်းမျိုးထပ်လုပ်နေကြတာလဲ"

အသေးစိတ်အချက်အလက်များကို သေချာမသိသော်လည်း လူနာသည်လည်း အတော်လေး စိတ်ရှုပ်နေပြီဖြစ်သည်။

"ရှင်တို့နှစ်ယောက်လုံး ရန်ဖြစ်ချင်ရင် အပြင်မှာသွားဖြစ်ကြ သွား။ကျွန်မတို့ကစိတ်ရင်းကောင်းနဲ့ အဖေ့ကိုအဖော်ပြုတဲ့အနေနဲ့ လာခဲ့ကြတာဆိုပေမယ့် ရှင်တို့ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မတို့ ထပ်လာမလည်တော့ဘူး"

လူနာသည် ဘယ်ရွန်၏လက်ကိုဆွဲကာ ချက်ချင်းထွက်ခွာရန် အဆင်သင့်ဖြစ်နေပုံရသဖြင့် မောင်နှမနှစ်ယောက်စလုံး ပါးစပ်ကိုပိတ်ကာ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်ခဲ့လိုက်ကြသည်။

"ပြီးတော့ ရှင်တို့က တစ်သက်လုံး တွေ့ရအုံးမယ့် မိသားစုတွေလေ။ရှင်တို့မှာ ပြဿနာတွေ များနေတယ်ဆိုရင်တောင် ကောင်းကောင်း ဆွေးနွေးပြီး ဖြေရှင်းသင့်တယ်။နှစ်ယောက်စလုံးက ပြောဆိုဆက်ဆံတာမှာ မျှော်လင့်ချက်ကင်းမဲ့နေတယ်ဆိုတာ နားလည်နိုင်ပေမယ့် နှစ်ယောက်စလုံးက ကောင်းကောင်းစကားပြောမေတာပဲကို ဘာလို့ဒီလိုမျိုး ပြုမူနေရတာလဲ"

အကယ်၍ သူမသည် စာအုပ်ထဲမှ အန်းသန့်စ်ကိုသာ သိခဲ့ပါက နားလည်နိုင်လိမ့်မည်ဖြစ်သော်လည်း သူတို့ကို ကိုယ်တိုင်တွေ့ ကြုံပြီးနောက်တွင် သူတို့နှစ်ဦးသည် စကားစမြည်ပြောဆိုဖို့အတွက် အချက်များကို ရှာတွေ့နိုင်ပြီး နောက်ထပ်ရန်ပွဲများကို ရှောင်ရှားနိုင်လောက်သည်။

အမှန်တရား ဗုံးတစ်လုံးကို ပစ်ချခဲ့ပုံရသော လူနာသည် အန်းသန့်စ်၏လက်ကို သူမ၏ခါးမှ ဖယ်ပြီး ရှေ့သို့ လျှောက်သွားခဲ့လိုက်သည်။

သူမသည် အခြေအနေအတိအကျမသိဘဲ သူတို့ကို ဆူပူခဲ့သည့်အတွက်ကြောင့် ရို့စ်မယ်ရီနှင့် အန်းသန့်စ်တို့က ခံစားရမကောင်းဖြစ်နေမလားလို့ တွေးမိသော်လည်း ကံကောင်းစွာပင် သူတို့နှစ်ယောက်လုံးသည် တိတ်ဆိတ်နေပြီး လူနာ၏ နောက်သို့ အမြန်လိုက်လာခဲ့ကြသည်။

လူနာသည် ဒေါသကြီးသော ခွေးကြီးနှင့် ခွေးလေးတစ်ကောင်၏ ပိုင်ရှင်ဖြစ်လာပြီး သူတို့နဲ့လမ်းလျှောက်ထွက်နေရသလိုပင်။ သူမသည် ဤအမှောင်အရပ်သို့ ငြိမ်းချမ်းမှုက တတ်နိုင်သမျှ အမြန်ဆုံးရောက်လားစေလိုကာ သက်ပြင်း ချလိုက်မိသည်။

* * *

လူနာ၏ဝင်ရောက်စွက်ဖက်မှု ကျေးဇူးကြောင့် မားကွစ်မိသားစု၏စိုးရိမ်မှုများက အကောင်အထည်မပေါ်လာခဲ့ပေ။

အန်းသန့်စ်သည် သူထပ်ပြီးရန်ဖြစ်ပါက နှင်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ခံခဲ့ရသောကြောင့် အလွန်လိမ္မာရေးခြားရှိနေခဲ့သည်။ ရို့စ်မယ်ရီကမူ သူ့ဘက်ကို လှည့်တောင် မကြည့်ချေ။

သို့သော် ၎င်းမှာ အလုံးစုံ ငြိမ်းချမ်းသွားပြီဟုတော့ မဆိုလိုပေ။ညစာစားချိန်တွင် ဆယ်နှစ်အကြာမှ အိမ်သို့ပြန်လာခဲ့သော အန်းသန့်စ်သည် မားကွစ်မိသားစုအတွက် အာရုံစိုက်စရာ ဗဟိုချက်ကြီးဖြစ်နေခဲ့ပြီး အစေခံများကလည်း ကြောက်ရွံ့မှုကြောင့် အသေးစားအမှားများစွာပြုလုပ်ခဲ့ကြသည်။

"အစားအသောက်က ခင်ဗျားရဲ့အရသာနဲ့ လိုက်ဖက်ပါ့မလားတော့ မသိဘူး" ဟု မားကွစ်မြို့စားက မေးလိုက်သည်။

ဘယ်ရွန်မြို့စားက အလွန်စိတ်အားထက်သန်စွာဖြင့် တုံ့ပြန်ခဲ့လိုက်သည်-

"ဒါပေါ့ဗျာ အဲ့ဒါက ကြည်နူးစရာကောင်းပါတယ်။ဟင်းပွဲတွေက တကယ်လက်ရာမြောက်တယ်။တတ်နိုင်ရင် ဒီနေရာကို နေ့တိုင်းတောင် လာလည်ပြီး ထမင်းစားလိုက်ချင်သေးပါ့ ဟားဟား!"

ဘာတွေဖြစ်နေမှန်းမသိသောသူအတွက် အသင့်တော်ဆုံး တုံ့ပြန်မှုပင်။လူနာသည် ဘယ်ရွန်က ဘာကိုမှ သတိမမူမိသောကြောင့် ကျေးဇူးတင်မိကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"ငါတို့ ဒါမှမဟုတ် အန်းသန့်စ်က ခင်ဗျားကို မလေးမစားလုပ်မိခဲ့သေးလား မသိဘူး"

"ခင်ဗျား စိတ်ပူနေဖို့မလိုပါဘူးဗျာ။ သခင်လေးက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံတတ်တာမို့လို့ သက်တောင့်သက်သာ နေရပါတယ်"

"အဲ့လိုကြားရတာ ကောင်းတာပေါ့ဗျာ" ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား မသက်မသာခံစားရရင် ငါတို့ကို အသိပေးဖို့ မတွန့်ဆုတ်နေပါနဲ့"

"ဟားဟား! အဲ့ဒါက မလိုအပ်လောက်ပေမယ့် စိတ်ရင်းအတွက်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်"

ယခုအထိတောင်မှ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် အန်းသန့်စ်အား မိသားစုကိုအရှက်ရစေသူအဖြစ် မှတ်ယူနေကြဆဲဖြစ်ပြီး သူ့ကို ဆက်လက်အာရုံစိုက်နေခဲ့ကြသည်။

သူက နှိမ့်ချသောစိတ်ထားနှင့် လေးစားမှုရှိသော သဘောထားရှိသော်လည်း သူတို့က အန်းသန့်စ်ကို အမှားတစ်ခုခုလုပ်ခဲ့သူဟု အမြဲယူဆကာ သူ၏တန်ဖိုးကို နှိမ့်ရန် ကြိုးစားနေပုံရသည်။

၎င်းက တစ်စုံတစ်ဦး၏ခံစားချက်များကို နာကျင်သွားစေနိုင်သည်။ အထူးသဖြင့် ရုတ်တရက် တန်ဖိုးဖြတ်ခံလိုက်ရသော အန်းသန့်စ်၏ ခံစားချက်များက နာကျင်သွားနိုင်သည်။

"အဲ့ဒါအတွက်တော့ စိုးရိမ်စရာ မလိုပါဘူး တကယ်ပါ။သခင်လေးက ကောင်းကောင်းလုပ်နေပါတယ်။သူ့ကိုကျေးဇူးတင်ရမှာပဲ။သူက ဒီတိုင်း လမ်းကြုံဖြတ်သွားတဲ့ကျွန်မကိုတောင် ကြွယ်ဝချမ်းသာမှုတွေ ယူဆောင်ပေးလာခဲ့တာပါ"

လူနာသည် ၎င်းကို ဆက်လုပ်ဖို့ လိုသေးလားဟု တွေးရင်း စကားဝိုင်းကို ပါဝင်ခဲ့လိုက်သည်။

သူ အရင်တုန်းက ဘယ်လောက်ပဲ မရင့်ကျက်နေပါစေ အခုချိန်မှာတော့ သူက ကောင်းကောင်းလုပ်နေပြီဖြစ်သည်။

ရို့စ်မယ်ရီက အဲ့လိုပဲ၊ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ကလည်း အဲ့လိုပဲ။ 

လူနာက အန်းသန့်စ်ဘက်မှာနေပြီး ဘာလို့သူတို့က လက်ရှိ အန်းသန့်စ်ကိုကြည့်မယ့်အစား အတိတ်ကိုပဲ ဆက်ပြောနေကြမှန်းမသိဘူးသလိုမျိုး ပြောလိုက်သည်။

"ကျွန်မ အသစ်တွေ့ရှိထားတဲ့ စိန်တွင်းကို သခင်လေးကို အပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ကျွန်မတို့ အသေးစိတ်အချက်အလက်တွေ ရဖို့အတွက် အဲဒီနေရာကို ဆင်းသွားဖို့လိုတာကြောင့် သူ့လိုက်ပို့ပေးနိုင်မလားလို့ စဉ်းစားနေတာ။ ဒါပေါ့ အဲဒါက သခင်လေးရဲ့ အချိန်ဇယားပေါ်မှာပဲ မူတည်တာ ဒါပေမယ့်…"

လူနာသည် သူမဘေးတွင်ထိုင်နေသော အန်းသန့်စ်ကို နူးညံ့စွာပြုံးပြပြီး သူ့အတွက် ငြင်းပယ်ရန် ရွေးချယ်ခွင့်ကို ဖွင့်ပေးထား‌လိုက်သည်။သို့သော်လည်း ငြင်းဆန်လို့ရနိုင်သော အန်းသန့်စ်သည် သဘောတူရုံလွဲပြီး တခြားရွေးချယ်စရာမရှိနေပေ။

"အဲ့လိုဆိုရင်တောင် မင်းအတွက် အချိန်လုပ်လိုက်ပါ့မယ်.."

"ကျေးဇူးပါ။စိတ်သက်သာရာ ရသွားသလိုခံစားလိုက်ရတယ်"

"တကယ်လား။ငါလည်း သခင်လေးက ငါတို့နဲ့အတူ လိုက်ခဲ့မယ်ဆိုရင် စိတ်သက်သာရာရစေမယ်လို့ ထင်တယ်။ ငါတို့က ထူးချွန်တဲ့ ကြေးစားစစ်သားတွေကို ငှားထားတာတောင် သခင်လေးပါလိုက်ဖို့ လိုချင်နေတာ"

"အခု ဘယ်ရွန်မြို့စားက ဒီလိုပြောလာမှာတော့ ကျွန်တော်မငြင်းနိုင်တော့ဘူး"

ဤကျေးဇူးကြောင့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် မည်သည့်စိုးရိမ်မှုကိုမှ ထပ်မပြနိုင်တော့ချေ။ မဟုတ်ဘူး။အဲ့ဒါတင်မကဘဲ ဘယ်ရွန်မြို့စားက အန်းသန့်စ်ကို အရမ်းယုံကြည်ပြီး သူ့ကို ဖော်ရွေစွာ ဆက်ဆံနေတာကြောင့် သူတို့ ဆွံ့အသွားမိခဲ့ကြသည်။

သူတို့သည် သူတို့ ထိုသို့လုပ်သင့်တယ်ဟု အမြဲတမ်းတွေးခဲ့ကြသော်ငြားလည်း သူတို့သည် အရင်ကတည်းစ အန်းသန့်စ် ဘက်မှာ ဘယ်တုန်းကမှ မနေဖူးခဲ့ကြချေ။

သူတို့သည် ထိုကိစ္စကြောင့် နာကျင်ခဲ့ရပြီး ဆယ်နှစ်ကျော်ကြာအောင် မတွေ့ခဲ့ရသော သူတို့၏သားအပေါ် ထိုအမှားကိုပဲ ထပ်လုပ်ခဲ့မိကြသည်မှာ မယုံနိုင်စရာကောင်းလှသည်။

သူတို့က မိဘဖြစ်ရန် အမှန်တကယ် မထိုက်တန်နေပေ။

"ဘယ်ရွန်မြို့စား ငါ တောင်းပန်ပါတယ်။ ဒါပေမယ့် အရေးတကြီးတစ်ခု ပေါ်လာလို့ပါ။ငါတို့ ညစာစားပြီးတဲ့နောက် ပြောကြမယ့်ဟာတွေကို နောက်တစ်ခါတွေ့မှ ပြောဖို့ရွှေ့ဆိုင်းလို့ရလားမသိဘူး"

ထို့ကြောင့် မားကွစ်မြို့စားသည် ဧည့်သည်များအား သူတို့၏စားသောက်မှုကို အပြီးသတ်ရန် တိုက်တွန်းခဲ့ပြီး သူ၏နောင်တကို စစ်မှန်စွာဖော်ပြကာ မကြာမီတွင် နောက်ထပ်ဖိတ်ကြားလိုက်ပါ့မည်ဟု ကတိပြုခဲ့သည်။

"အာ သိပါပြီ။ကောင်းပါပြီ ကျွန်တော့် နားလည်ပါတယ်။ခင်ဗျား လိုအပ်တာကို အရင်လုပ်သင့်တယ်။ ဒီနေ့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်နေစရာ မလိုပါဘူး။ငါတို့ကသာ မင်းတို့ရဲ့လာရောက်မှုအတွက် ကျေးဇူးတင်ရမှာပါ"

ဘာလို့ ရုတ်တရက်ကြီးလဲ။သမီးတို့ကအခု သင့်လျော်တဲ့ စကားဝိုင်းကိုတောင် မစတင်ရသေးဘူးလေ။

ရို့စ်မယ်ရီ၏ မျက်လုံးများက ယောက်ယက်ခက်သွားသော်လည်း လူနာက သူမကို တိတ်တိတ်နေရန် ခြိမ်းခြောက်ခဲ့ပြီးနောက် သူမ နှုတ်ဆိတ်ပြီးသာနေခဲ့လိုက်တော့သည်။

ထို့အပြင် မားကွစ်မြို့စား၏ အရေးကိစ္စအကြောင်းရုတ်တရက်ဖော်ပြလာခြင်းကြောင့် လူနာ နှင့် ဘယ်ရွန်တို့သည် အန်းသန့်စ်နှင့်အတူထွက်ခွာရန် ပြင်ဆင်ထားပြီးကြပြီဖြစ်သည်။

"အဖေ…?!"

ရို့စ်မယ်ရီသည် အခြေအနေအကြောင်း စိတ်ရှုပ်ထွေးနေပြီး ခေါ်လိုက်သည်။

သူ့မှာ ဘာကိစ္စရှိနေလို့လဲ။သူတို့မှာ ဒီအခွင့်အရေး ရလာခဲ့တာကို ဘာလို့အဓိကအချက်တောင် မရောက်သေးဘဲ ဒီအတိုင်း ပြန်လွှတ်လိုက်ရတာလဲ။

"တိတ်တိတ်နေစမ်း ရို့စ်မယ်ရီ"

မားကွစ်မြို့စားကတော်က သူမကို တားလိုက်သည်။

ဒီချိန်မှာ မဟုတ်သေးဘူး။

"ဒီနေ့ ခင်ဗျားတို့ရဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ဒါဆို ကျွန်တောါတို့ သွားလိုက်ပါအုံးမယ်။ကျွန်တော်တို့ ပြန်တွေ့ကြမယ့်အချိန်ထိ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါစေ"

နောက်ဆုံးတွင် ဧည့်သည်များသည် အစားအသောက်ကို ခပ်မြန်မြန်အပြီးသတ်ခဲ့ပြီး ရထားဆီသို့ ပြန်သွားခဲ့ကြသည်။

လူနာ၏လက်ကိုဆွဲကိုင်ပြီး ရထားပေါ်သို့တက်ခဲ့သော အန်းသန့်စ်သည် ရို့စ်မယ်ရီ နှင့် မားကွစ်စုံတွဲကို အေးစက်ပြီး သဘောမကျသောအကြည့်ဖြင့် ကြည့်ခဲ့လိုက်သည်။

* * *

မြို့စားများနှင့် သဘောတူညီချက်ကို တိုက်တွန်းမှုများ၊ ဖိအားများဖြင့် ချောမောစွာ ဖြေရှင်းနိုင်ခဲ့သော်လည်း မြို့စားကြီး၏ စိတ်မှာ မယုံနိုင်လောက်အောင်ပင် မသက်အသာဖြစ်နေခဲ့သည်။

ဘာကြောင့်လဲတော့ မေးစရာ လိုမနေပေ။ အမြဲတမ်း မြို့စားကြီးအတွက် ဖယ်ဆန်က ပြဿနာဒိုင်ခံရှာပေးသူဖြစ်သည်။

ဖယ်ဆန်၏ မိုက်မဲသော အပြုအမူကြောင့် ဆိုင်ယာက သူ့ကိုထားခဲ့ပြီဖြစ်ကြောင်း သတင်းကြားချိန်တွင် မြို့စားကြီးသည် ဖယ်ဆန်၏ ပြန်လည်ကုသနေဆြဲ လက်မောင်းကို အဆစ်လွဲအောင်လုပ်ခဲ့လိုက်သည်။

ဂရန်းဒါမားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့က သူတို့သမီး၏နှလုံးသားမှာ မကြာမီပျော့ပြောင်းလာမည်ဟု မြို့စားကြီးအား စိတ်ချစေသော်လည်း ဖယ်ဆန်ဘက်က ပြောင်းလဲခြင်းမရှိပါက ဤဆိုးရွားသောအခြေအနေသည် ထပ်ခါထပ်ခါဖြစ်မည်ကို မြို့စားကြီး သိသည်။

သို့သော် ဖယ်ဆန်က ပြောင်းလဲမည်မဟုတ်ပေ။ သူက တုံးအရူးမိုက်စွာ မွေးဖွားလာခဲ့တာဖြစ်သည်။

'ကိုယ်လုပ်တော်အနေနဲ့ဆိုရင်တောင်မှ လူနာပဲလ်ကို သူနဲ့ တွဲထားတာက ပိုကောင်းလောက်တယ်။ ဒီလို အရှုပ်အထွေးတွေနဲ့ အဆုံးသတ်မယ့်အစား'

လူနာပဲလ်သာ ဒီလောက် ကံကောင်းနေမည်ကို သူသိခဲ့ပါက ဖယ်ဆန် သူမကို သဘောကျနေကြောင်း ခံစားမိထဲစပင် သူမကို ဖယ်ဆန်နား တွဲပေးထားခဲ့မည်ဖြစ်သည်။ ထိုအစား သူ့မိသားစု၏ အဆင့်အတန်းအတွက် ဘာအဓိပ္ပါယ်မရှိသော ရလဒ်များမှလွဲ၍ ဘာတစ်ခုမှမရဘဲ အဆုံးသတ်ခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ ဤသို့ လုပ်ခဲ့ပြန်လျှင် သူမက ကိုယ်လုပ်တော်ထက် ရာထူးနိမ့်သူဖြစ်မှာကို ဖယ်ဆန်ကြားသိရရင် လုံးဝလက်မခံနိုင်မှာသေချာသည်။ ဒီတော့ ဖြေရှင်းနည်းတစ်ခုပဲ ရှိတော့သည်။

"သခင် ကျွန်တော့်ကို ခေါ်ပါလား"

မကြာသေးမီက အိမ်ကြီးအတွင်းရှိ လေထုသည် မှုန်မှိုင်းမှိုင်းဖြစ်နေသောကြောင့် စိုးရိမ်သောကရောက်နေသော အိမ်တော်ထိန်းသည် မြို့စားကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ တုံ့ပြန်သည့်အနေနှင့် မြို့စားသည် လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အိမ်တော်ထိန်းကို စတင်စကားပြောဆိုခဲ့လိုက်သည်။

" လေဒီဂရန်းဒါ ဘယ်မှာလဲ "

"အမ်း… ကျွန်တော် သူမဆီ စာနည်းနည်း ပို့ထားပေမယ့် စာမပြန်ပါဘူး"

အိမ်တော်ထိန်းသည် ပြန်ဖြေလိုက်ပြီး ခြောက်သွေ့စွာ တံတွေးမျိုချလိုက်သည်။ ၎င်းမှာ သူ့အပြစ်မဟုတ်သော်လည်း သူက ၎င်းကို တာဝန်ယူရသောကြောင့် မြို့စားကြီး၏ဒေါသကို အကြိမ်ပေါင်းများစွာ ခံနေရသည်။

ကံကောင်းထောက်မစွာဖြင့် မြို့စားကြီးသည် ဒေါသမထွက်ခဲ့တော့ပေ။အဲဒီအစား သူက မမျှော်လင့်ထားသော တခြားကိစ္စတစ်ခုကို ခိုင်းလာခဲ့သည်။

"ဒီစာမှာ ရေးထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ အမျိုးသမီးကို ရှာပေး။ တတ်နိုင်သမျှအမြန်ဆုံး"

"နားလည်ပါပြီ"

အိမ်တော်ထိန်းက ပြန်ပြောပြီး စာကို စစ်လိုက်သည်။ ထို့နောက် သူက မတတ်နိုင်လဲ မြို့စားကြီးကို မေးလိုက်သည်။

"ဒါက... လေဒီလူနာပဲလ်အကြောင်းလား သခင်"

စာတွင်ရေးထားသောအခြေအနေများမှာ လူနာ၏အသွင်အပြင်နှင့်အလွန်ဆင်တူသည်- ဆံပင်အနက်ရောင်၊ မျက်လုံးပြာများ၊ အနည်းငယ် ဝိုင်းစက်သောမျက်လုံးများ၊ ဖြူသောအသားအရေစသည်ဖြင့်။

တစ်ခုတည်းသော ခြားနားချက်မှာ သူမသည် ငွေအတွက် ဘာမဆို လုပ်လိုစိတ်ရှိရမည့် အခြေအနေဖြစ်သည်ဆိုတာပင်။

မြို့စားကြီးက လေဒီလူနာပဲလ်နဲ့ဆင်တူတဲ့ အမျိုးသမီးတစ်ဦးကို ရှာဖွေဖို့စီစဉ်နေတာလား။

အိမ်တော်ထိန်း၏ မျက်လုံးများ လှုပ်ခတ်သွားသော်လည်း မြို့စားကြီးက သူ့ကို အလျင်အမြန်သွားရန် လှုံ့ဆော်ခဲ့လိုက်သည်။

TK Team (chapter 91)