Chapter 89
Viewers 9k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး အခန်း ၈၉


* * *

စိန်များကိုရှာဖွေတွေ့ရှိခဲ့သဖြင့် ဘယ်ရွန်မြို့စားအတွက် ကြိုဆိုညစာစားပွဲနှင့် သူ့ပါတီပွဲသည် သတ္တုတူးဖော်ရေးပါတီအဖြစ် ပြောင်းလဲခံခဲ့လိုက်ရသည်။

ဒီကျေးဇူးကြောင့် အမ်မာ နဲ့ အစေခံများ အလုပ်များလာခဲ့ကြသော်လည်း ဘယ်သူကမှ မကျေမနပ်မဖြစ်ခဲ့ကြပေ။သူတို့က မိုင်းသုံးခုကို တစ်ခုပြီးတစ်ခု ရှာတွေ့ဖို့အတွက် သူတို့အရင်ဘဝတုန်းက ဘာကောင်းမှုကုသိုလ်တွေ လုပ်ခဲ့ကြတာလဲဆိုတာ သိချင်နေခဲ့ကြ၏။

သူများတွေ တစ်ခုရှာရှာတွေ့ဖို့တောင်ခက်နေချိန်မှာ သူတို့က တစ်နှစ်အတွင်း မိုင်းသုံးခုကို ရှာတွေ့ခဲ့တာကြောင့် နတ်ဘုရားများထံမှ ကောင်းချီးတစ်ခုပင်ဖြစ်သည်။

"လေဒီက ဘာဖြစ်လာမလဲဆိုတာ ကြိုသိနေတာလား။ မိုင်းတွေရဲ့တည်နေရာကို ပြောပြနေတဲ့ ကျွန်တော်တို့ မမြင်နိုင်တဲ့ အရာတစ်ခုခု ရှိနေတာလား" ရိုယာက လေးလေးနက်နက် မေးလာခဲ့သည်။

အဲ့လိုမှ မဟုတ်ရင် ဒီလိုအဖြစ်အပျက်မျိုး ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ။

လူနာက အသုံးမဝင်သော ကျောက်တောင်များကို ထူးထူးဆန်းဆန်း ဝါသနာတစ်ခုအဖြစ် ဆက်တိုက်ဝယ်ယူနေခဲ့သည်ဟု လူအများက ထင်ခဲ့ကြသော်လည်း နောက်တော့ အဲ့တာတွေအားလုံးက ရတနာသိုက်များအဖြစ်ထွက်လာခဲ့ကြသည် ။

"အဖေလည်း သိချင်နေတာ။ပဲလ်နယ်မြေမှာရှိတဲ့ ရွှေတွင်းကိုတောင်မှ သမီးက အဲဒီနေရာမှာ ရတနာတွေ မြှုပ်ထားတယ်ဆိုတာ သိနေခဲ့ပုံရတယ်" ဘယ်ရွန်ကလည်း လေးလေးနက်နက် မေးလိုက်၏။

သူသည် လူနာက ဘယ်လိုလုပ် မသိအောင် ကျောက်တောင်ကိုဝယ်ပြီး အဲ့ကနေရွှေရှာတွေ့ခဲ့တာလဲဆိုတာ အလွန်သိချင်နေခဲ့သည်။

အဖြစ်အပျက်အမျိုးမျိုးကြောင့် သူ ပဲလ်နယ်မြေသို့ အလျင်အမြန် မဆင်းမီ၌ ဒီအကြောင်းကို မမေးမြန်းနိုင်ခဲ့ချေ။သို့သော် အခုအခွင့်အရေးရောက်လာတာကြောင့် မေးဖို့ပဲရှိတော့၏။

လူတိုင်း၏ အာရုံများက လူနာအပေါ်ကျရောက်နေခဲ့သည်။သူမက တစ်ခဏမျှ စဉ်းစားပြီးနောက် ခရင်းကို ချကာ လေးနက်စွာ ပြန်ဖြေလိုက်သည်-

"တကယ်တော့ အဲ့အကြောင်းကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာ။ ကံမကောင်းတာက အဲဒါက ဟိုးအရင်ကဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး အခုလက်ထဲမှာမရှိနေဘူး။အဲ့တာနဲ့ ဘယ်မှာအတိအကျရှိတာလဲဆိုတာ မမှတ်မိတော့လို့ ကျောက်တောင်တွေ အများကြီးဝယ်ခဲ့တာပဲ။ ဒါပေမယ့် ကံကောင်းချင်တော့ စစချင်းထဲက အလုပ်ဖြစ်သွားခဲ့ရော"

"…"

လူနာသည် သူမအဖြေပြီးသွားတာနှင့် ခက်ရင်းကို တစ်ဖန် ကောက်ယူကာ ပြန်စားတော့သည်။ 

သူမ ဝါးပြီး မျိုချနေချိန်တွင် လူတိုင်းက တိတ်တ်ဆိတ် နေခဲ့ကြသည်။ ပြီးတော့ ခဏအကြာ-

"ဝါး!လူနာ မင်းက စာရေးဖို့ အရည်အချင်းရှိတဲ့ပုံပဲ။ မင်းရဲ့ စိတ်ကူးက အံ့သြစရာပဲ"

"အိုး သခင်မလေးရယ် မဖြေချင်ဘူးဆိုရင်လည်း ပြောလို့ရပါတယ်"

ဒါပေါ့ လူတိုင်းက သူမကို မလိမ်ဖို့ပြောပြီး ရယ်မောလာခဲ့ကြသည်။

သူတို့က သူမကို မယုံကြည်ကြသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။အမှန်တော့ သူမသည် ဤတုံ့ပြန်မှုမျိုးကို မျှော်လင့်ထားပြီးဖြစ်တာကြောင့် ထိုကဲ့သို့ အဖြေပေးခဲ့ရခြင်း ဖြစ်သည်။

"သတိထားမိသွားတာလား။ဒါဆို ဒီတိုင်း မသိသလိုသာ ဟန်ဆောင်လိုက်ကြပါ။တစ်ယောက်ယောက် စကားပြောလိုက်ရင် ကံကောင်းမှုလေးက အဝေးပြေးသွားအုံးမယ်"

"အိုး! အိပ်မက်တွေရောင်းသလိုမျိုးလား"

"ဟုတ်တယ်၊ အတိအကျပဲ"

"ကောင်းပြီ..အဲ့လိုဆိုရင်တော့ ငါတို့ ဘာမှ လုပ်လို့မရဘူးပဲ"

ထို့ကြောင့် သူတို့သည် ပြီးပြည့်စုံသော လိမ်ညာမှုဖြင့် ရှေ့ဆက်ရန် ဆုံးဖြတ်ခဲ့ကြပြီး လူတိုင်းက ရယ်မောကာ ထိုအကြောင်းကို လက်လွှတ်ခဲ့လိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် မကြာမီပင် ထိုအကြောင်းစကားဝိုင်းက ပျောက်ကွယ်သွားခဲ့သည်။

"အိုဘုရားရေ။ ဒါဆို သခင်မလေးက ဘယ်လောက်ချမ်းသာလာတော့မှာလဲ"

"ရွှေတွင်းတင်မဟုတ်ဘဲ စိန်တွင်းပါဆိုတော့... လေဒီက တစ်သက်လုံး အင်ပါယာရဲ့ အချမ်းသာဆုံးတွေထဲက တစ်ယောက်ဖြစ်လာတော့မယ်ထင်တယ်"

အရင်က တစ်ခါမှ ဒီလိုသာဓကမျိုး မရှိခဲ့တာကြောင့် 'ဘယ်လောက်လဲ'ဆိုတာကို ဆွေးနွေးရန်မှာ အဓိပ္ပါယ်မဲ့သည်။ ရွှေတွင်းတစ်ခုရှိရုံဖြင့် မျိုးဆက်ပေါင်းများစွာ ချမ်းသာနိုင်သော်လည်း ဤနေရာတွင် သူတို့က သုံးခုအကြောင်းကို ပြောနေတာဖြစ်သည်။

ဒီအချက်ကြောင့် အရင်ကလူမသိသူမသိမိသားစုဖြစ်ခဲ့သော သူတို့၏ ဂုဏ်သတင်းတွေတောင် တိုးလာခဲ့သည်။ သူတို့သည် ဘွဲ့ထူးအဆင့် တိုးမြှင့်ခံရတာမျိုးမဟုတ်သော်လည်း မိုင်းကြွယ်ဝသောမိသားစုအဖြစ် နာမည်ရခြင်းက ထူးဆန်းမည်မဟုတ်ပေ။

သူတို့ အရမ်းဆင်းရဲတာကြောင့် လျစ်လျူရှုခံခဲ့ရသည်များက မနေ့တစ်နေ့ကလိုပင် ခံစားနေရသည်။ သူတို့အတွက် စျေးဆိုင်ကဝန်ထမ်းများ တံခါးတောင်မဖွင့်ပေးချင်ခဲ့သည်မှာ လအနည်းငယ်လောက်ပဲ ရှိသေးသည်။

" ငါ လူနာအတွက် ဘာအမွေပစ္စည်းမှ ချန်ထားမပေးနိုင်မှာတောင် စိုးရိမ်ခဲ့ရတာ... ဒါပေမယ့် ငါကသာ ဒီလိုမျိုး ပြန်ရလာမယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ"

"အခု ဘယ်ရွန်မြို့စားကျန်ပြီဆိုတော့ ပိုက်ဆံကို ဥာဏ်ရှိရှိအသုံးချဖို့ပဲ စိတ်ပူရတော့မယ်"

လူတိုင်းသည် မနာလိုမှု အရိပ်အမြွက်မပါဘဲ သူတို့၏ ကံကောင်းခြင်းအတွက် အမှန်တကယ် ပျော်ရွှင်ခဲ့ကြသော်လည်း အန်းသန့်စ်ကမူ လေးနက်သော မျက်နှာထားဖြင့် အတွေးများထဲပျောက်ဆုံးနေခဲ့သည်။ ခဏအကြာတွင် သူက လူနာကို သူမသာကြားနိုင်သော အသံဖြင့် တိုးတိုးလေးပြောလာခဲ့သည်။

"အဲ့စာအုပ်ရဲ့ ဇာတ်လမ်းက တကယ်လား"

လူနာသည် မျက်တောင်မခတ်ဘဲ အန်းသန့်စ်ဘက်သို့ မျက်လုံးလှည့်လိုက်သည်။

"ဘယ်လိုစာအုပ်မျိုးမို့လို့ အဲ့လိုအကြောင်းအရာတွေရှိတာလဲ။ နမိတ်ဖတ်စာအုပ်လား"

အန်းသန့်စ်က တော်တော်လေး လေးနက်သော မျက်နှာဖြင့် မေးလာခဲ့သည်။ သူ့ကြည့်ရတာ သူမစကားများကို လုံးလုံးယုံနေပုံရသည်။

လူနာသည် ဘယ်သူမှ မယုံကြည်ဖို့ကို မမျှော်လင့်ထားတာကြောင့် မကူညီနိုင်ဘဲ ထိတ်လန့်တကြားဖြစ်မိသွားသည်။ သူမ၏တုံ့ပြန်မှုကိုမြင်ရတော့အန်းသန့်စ်သည် လူနာ ပြောခဲ့သည်မှာအမှန်ဖြစ်ကြောင်း တစ်ဖန်အတည်ပြုခဲ့လိုက်သည်။

"…အဲလိုပဲ ဆင်တူတယ်လို့ ယူဆလို့ရတယ်"

တစ်စုံတစ်ခုက ဘယ်နေရာနေရာတွင် ရှိလဲဆိုတာကို ကြိုတင်နမိတ်ဖတ်တာထက် ဇာတ်လမ်းမှာ ဖယ်ဆန် နှင့် အခက်အခဲများကို အတူကျော်လွှားပြီး အချစ်ကိုရရှိခဲ့သည့် ဆိုင်ယာကို ဗဟိုပြုထားခြင်းဖြစ်သည်။

အန်းသန့်စ်သည် လူနာ၏ အတည်ပြုချက်ကြောင့် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ အန်းသန့်စ်က အကြောင်းအရာအနည်းငယ်ကို ဝေမျှပေးရန် သူမအား တောင်းဆိုနိုင်မည်ဟု သူမထင်ခဲ့သော်လည်း သူ့ပါးစပ်မှထွက်လာသောအရာမှာ လုံးဝကွဲပြားနေခဲ့သည်။

"ဒါဆို မင်း ဘာလို့ မိုင်းကို စောစောမရှာခဲ့တာလဲ။အဲ့တာက မင်း ဟိုးအရင်ကဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲကလို့ ပြောခဲ့တယ်မလား။မင်း အခုချိန်ထိ ဒီလောက် အရမ်းရုန်းကန်နေစရာမလိုဘူးလေ"

"…ကျွန်မ အဲဒါကို မကြာသေးခင်ကအထိ အမှန်ဖြစ်မှန်း သဘောမပေါက်ခဲ့ဘူး။အကြောင်းအရာအများစုက နည်းနည်း လက်တွေ့မကျနေဘူးလေ။ကျွန်မ သဘောပေါက်သွားတာနဲ့ ဖြေးဖြေးချင်းငွေစုပြီးတော့ ရွှေကို ရှာခဲ့တာ"

တကယ်တော့ ဆိုင်ယာကြောင့်သာမဟုတ်ရင် သူမက ပိုက်ဆံကို လုံ့လစိုက်ထုတ်ပြီးစုနေသေးလောက်သည်။

အဲဒီတုန်းက သူမ ဒေါသအရမ်းထွက်တာကြောင့် ရွှေတူးဖို့ တစ်ယောက်တည်းသွားခဲ့တာဖြစ်သည်။ပြန်တွေးကြည့်ပါက ၎င်းမှာ တကယ့်ကိုရူးသွပ်သောလုပ်ရပ်တစ်ခုပင်။ အကယ်၍ သူမသာ အန်းသန့်စ်နှင့် အချိန်ကိုက် တွေ့ပြီး အကူအညီရယူ၊ သဘောတူညီချက်ရယူတာမျိုး မကြုံခဲ့ရပါက သူမသည် ကြောက်မက်ဖွယ်ရာအဖြစ်အပျက်များကို ခံစားရပေလိမ့်မည်။

'ငါ့ကို ဘုရားသခင်က တစ်ချိန်လုံး မုန်းတီးနေတယ်လို့ ထင်ခဲ့ပေမဲ့ ငါက ငါထင်ထားတာထက် ပိုကံကောင်းနေတာပဲ'

အရင်က အရမ်းကျိန်ဆဲခဲ့မိလို့ တောင်းပန်ပါတယ်။

သို့သော်လည်း တစ်ဖက်တွင် သူမ၏ ကံကောင်းမှုက သူမကမ္ဘာမှ လွတ်မြောက်ပြီးမှသာ သူမနောက်သို့လိုက်လာခဲ့တာကြောင့် ထပ်ပြီးကျိန်ဆဲလည်း အဆင်ပြေနိုင်သည်ဟု တွေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မ အဲ့စာအုပ်ကို ထပ်မမြင်ရတော့ဘူး။ပြီးတော့ ကျွန်မ အဲဒါကို ကောင်းကောင်း မမှတ်မိလို့ ကျွန်မရဲ့ ကံကောင်းမှုက ဒီမှာပဲ ဆုံးသွားရတယ်။ ကျွန်မတော့ ကျွန်မဝယ်ထားတဲ့ တောင်တွေကို ဆက်တူးမယ် ဒါပေမယ့် မျှော်လင့်ချက်မြင့်မြင့်တော့ မရှိဘူး"

ဆက်လက်တူးဖော်ခြင်းမပြုတာက အကြီးမားဆုံးသောချွေတာခြင်းဖြစ်သော်လည်း ယခုအခါ၌ သူမတွင် ငွေအမြောက်အမြားရှိနေပြီဖြစ်သောကြောင့် အဲ့ဒါက ဖြုန်းတီးမှုအမျိုးအစားသစ်တစ်ခုဖြစ်လာခဲ့သည်။

လူနာက ထိုအကြောင်းကို ဆက်မပြောချင်တော့ပုံရသောကြောင့် အန်းသန့်စ်လည်း နောက်ထပ်မမေးတော့ပေ။

အရင်တုန်းကတော့ သူက နည်းနည်းမဖြူစင်ခဲ့သော်လည်း လူနာကတော့ သူသည် ဘက်ပေါင်းစုံကနေ ကောင်းတယ်ဟု ထင်တာကြောင့် ခေတ္တမျှပြုံးပြီး စကားထပ်ပြောခဲ့လိုက်သည်။

"ဒါဆို ကျွန်မ ရှင့်ကို စိန်တွင်းအတွက်ကိုပါ တောင်းဆိုလို့ရလား"

"တောင်းဆိုတာလား"

"ဖြန့်ချီဖို့အတွက်လေ။ ကျွန်မ အတိအကျတော့ အတည်မပြုရသေးလို့ သွားကြည့်ရမှာဆိုပေမယ့် စိန်တွေကို တူးပြီး ဒီတိုင်း စုပုံထားလို့ မရဘူး"

ယခု သူမတွင် ငွေများပြည့်လျှံနေသောကြောင့် ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုတည်ထောင်ခြင်းက ပြဿနာမဟုတ်သော်လည်း လူနာတွင် ထိုသို့လုပ်ဆောင်ရန် အသိပညာနှင့် အတွေ့အကြုံမရှိချေ။

"ရှင် အလုပ်ရှုပ်နေတယ်ဆိုရင်လည်း ကျွန်မနားလည်ပါတယ်"

မျှော်လင့်ချက်ကို မြင်နေရသလိုမျိုး လူနာက ချစ်စရာ အပြုံးလေးပါထပ်ထည့်လိုက်သည်။

ဒါပေါ့ အန်းသန့်စ်အတွက် ဒါက တခြားစီးပွားရေးလုပ်ငန်းများအားလုံးထပ်ပင် လိုချင်သော သဘောတူညီချက်တစ်ခုဖြစ်သည်။

"ကိုယ့်ကို အမြင့်ဆုံးဈေးနဲ့ ပေးလို့ရတယ်"

"အရင်တစ်ခါကလိုပဲ ကျွန်မကို တစ်ယောက်‌ယောက်က ပိုမြင့်မားတဲ့စျေးနဲ့ ကမ်းလှမ်းလာခဲ့ရင် ကျွန်မ သဘောတူညီချက်ကို အချိန်မရွေး ပယ်ဖျက်လို့ရလား"

"ဒါပေါ့"

"ကောင်းတယ်"
လူနာသည် အန်းသန့်စ်၏ တိကျသေချာသော အဖြေကြောင့် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ သဘာဝအတိုင်း ထိုကဲ့သို့ လူနာကို ရင်ဆိုင်ရတာကြောင့် အန်းသန့်စ်သည်လည်းစစ်မှန်စွာ ပြုံးမိသွားခဲ့သည်။

သူတို့ စကားဝိုင်းက တွက်ဆချက်များနှင့်စီးပွားရေးအကြောင်းများဖြစ်သော်လည်း အမူအရာများကတော့ အခြားစုံတွဲများနှင့်မကွာခြားနေပေ။ တချိန်ထဲမှာပင် သူတို့နှစ်ယောက်ကို စောင့်ကြည့်နေခဲ့သော တခြားသူများကလည်း ကို့ရို့ကားယား ချောင်းဆိုးပြီး ရှက်သွားခဲ့ကြသည်။

* * *

"…ဟယ် အမှန်ပဲလား။ စိန်တွင်း...?!"

နောက်တစ်နေ့တွင် ဘယ်ရွန်ပဲလ်မိသားစု၏ ဖိတ်ကြားမှုကိုစီစဉ်ရန် လူနာ၏အိမ်သို့တစ်ဖန်လာရောက်ခဲ့သော ရို့စ်မယ်ရီက မျက်တောင်ပင်မခတ်ဘဲ မေးလိုက်သည်။

ဒီလိုဖြစ်လာမယ်ဆိုတာကိုသာ သူမသိခဲ့ရင် တွေ့ဆုံကြရန်ကို နောက်မှအဆိုပြုခဲ့လိမ့်မည်ဖြစ်သည်။ သူမ အရမ်းမြန်မြန်စကားပြောခဲ့ပြီး အလျင်စလို ထွက်ပြေးခဲ့မိတာကြောင့် အခမ်းအနားပါတီကိုတောင် မတက်နိုင်ခဲ့ပေ။

မဟုတ်ဘူး စိန်တွင်းကို ရှာတွေ့တာဘဲ မဟုတ်ဘူး အဲ့ဒါထက်ပိုတယ်။ အခုတော့ လူနာက ဂိုဏ်းပိုင်ရှင်သက်သက်ဖြစ်တဲ့ အန်းသန့်စ်နဲ့တောင် မလိုက်ဖက်တော့တဲ့ အတိုင်းအတာအထိ ကြီးကျမြတ်လာခဲ့ပြီ။

ဒီအတိုင်းသာဆက်သွားပါက အိမ်ရှေ့မင်းသားကတောင် လူနာကို ဦးညွှတ်ရလိမ့်မည်ဖြစ်သည်။ ချမ်းသာသောမိသားစုများက တော်ဝင်မိသားစုအတွက် များစွာအကူအညီဖြစ်ပေသည်။

ငါ ဘာလုပ်သင့်သလဲ။
 
ရို့စ်မယ်ရီသည် သူမ၏အတွေးများထဲ ပျောက်ဆုံးသွားခဲ့ရသည်။လူနာက ကောင်းချီးကို ခံစားရသင့်သည်။သို့သော်လည်း အန်းသန့်စ်က သူမကို ဆုံးရှုံးခဲ့ရင်ဆိုသော စိုးရိမ်စိတ်များက တိုးလာပြီး သူမကို ဝါးမျိုသွားခဲ့သည်။

လူနာက အဲ့ဒါကို သတိမထားမိဘဲ စတင်ရှင်းပြလိုက်သည်။

"အဲ့တော့ ငါက ဖြန့်ချီရေးအတွက် အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကိုပဲ ထပ်ပြီးအပ်ဖို့ စဉ်းစားနေတာ"

"နင် စိန်တွင်းကို အန်းတဲရိစ့်မားချက်စ်ဂိုဏ်းမှာ အပ်မလို့လား"

"ဟုတ်တယ်။အဲ့တာကို စီမံဖို့က ငါ့အတွက် နည်းနည်းတော့ များတယ်။ပြီးတော့ ငါ အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကို ယုံတယ်။ အာ! ဒါက လျှို့ဝှက်ချက်ပေမယ့် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုဆိုတော့ ငါ အထူးပြုစိန်ဈေးကွက်တစ်ခုဖွင့်ဖို့ စဥ်းစားထားတယ်"

သူများတွေကို ရောင်းတာက လုံလုံလောက်လောက်အမြတ်ရပေမယ့်လည်း အမြတ်အများဆုံးရနိုင်သည်မှာ စိန်များကို သူတို့ကိုယ်တိုင် လက်မှုပညာဖြင့်ပြင်ဆင်ပြီးမှ ရောင်းတာပင်။လူနာသည် သူမအနာဂတ်တွင် လုပ်ဆောင်မည့် အစီအစဉ်များကို အသေးစိတ် ရှင်းပြနေသော်လည်း ရိုစ့်မယ်ရီ၏ စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိနေခဲ့သည် ။

သဘောထားကြီးမှုမဟုတ်သော်လည်း ကြေငြာအစီစဥ်လုပ်ပေးဖို့ တောင်းဆိုလာသောကြောင့် လူနာ မျက်တောင်ခတ်လိုက်မိသည်။

"နင် အဲ့လိုလုပ်ပေးမယ်ဆို ငါကျေးဇူးတင်ရမှာပဲ"

"ကျေးဇူးလား။ ငါကသာ နင့်ကို ကျေးဇူးတင်ရမယ့်သူပါ!"

"…ဟင်။ ဘာလို့လဲ…"

ဒီလို သြဇာအရှိန်ဝါရှိသူ ဖြစ်လာတာတောင်မှ နင်က ငါ့လိုလူနဲ့ ဆက်ပေါင်းသင်းခဲ့တယ်လေ။

ရို့စ်မယ်ရီက သူမစကားများကို ထိန်းပြီး ဘာမှမဟုတ်သလို ခေါင်းယမ်းပြလိုက်သည်။

* * *

ဆိုင်ယာသည် ဖယ်ဆန်ကို လူနာ၏အိမ်တွင် နောက်ဆုံးတွေ့ခဲ့သည့်နေ့မှစ သူမ၏အခန်းထဲတွင်သာ လော့ချနေခဲ့သည်။

မြို့စားကြီးမိသားစုက စာများနှင့်လူများအကြိမ်ကြိမ်စကားပြောဆိုရန်တောင်းဆိုခဲ့သော်လည်း ဆိုင်ယာသည် အကြိမ်တိုင်းငြင်းဆိုခဲ့ပြီး ဖယ်ဆန် နှင့်သူမထပ်တွေ့ဆုံရန်ရည်ရွယ်ချက်မရှိတော့ကြောင်း မြို့စားကြီးမိသားစုနှင့် အဆက်အသွယ်ဖြတ်ရန် စာတိုကိုပေးပို့ခဲ့သည်။

လူနာ စံအိမ်ကို ရောက်လာထဲစ - မဟုတ်ဘူး ဖယ်ဆန်၏ ပုံမှန်မဟုတ်သောစွဲလမ်းမှုကို သူမသဘောပေါက်လိုက်သည့်အချိန်မှစ၍ သူမသည် တစ်ခုခုလွဲနေပြီဟု ခံစားမိခဲ့သည်။

'ငါ့ကို စာတစ်စောင်တောင်မပို့ဘဲ အဲ့အမျိုးသမီးအိမ်မှာ ခိုလှုံဖို့ သူရွေးချယ်ခဲ့မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး'

သူ့ချစ်သူကိုကျ စကားတစ်ခွန်းမှ မပြောဘဲ အဲ့ဒီအမျိုးသမီးအိမ်မှာ သူ ဘယ်လိုတောင် သွားပုန်းနိုင်ရတာလဲ။ 

ဆိုင်ယာသည် ဒေါသထွက်ပြီး သူမအတွက် အမြဲရှိနေပေးခဲ့သော သူငယ်ချင်းများကို ပြန်သတိရမိသွားခဲ့သည်။

'ငါ နှစ်သိမ့်မှုအချို့လိုအပ်တယ်...'

သူမ၏ မိသားစုက သူမကို မနှစ်သိမ့်မှုပေးခဲ့ချေ။ ဖယ်ဆန်က မည်သို့သောအရာများလုပ်ခဲ့သည်ကိုပင်မသိဘဲ လူတိုင်းကအမှားလုပ်တတ်သည်ဟုဆိုကာ ဆိုင်ယာကိုပဲ အပြစ်တင်ခဲ့ကြသည်။

ဒါကြောင့် ဆိုင်ယာသည် အချိန်အတော်ကြာပြီးမှ သူမ၏သူငယ်ချင်းများထံ ပထမဆုံးအကြိမ် စာရေးခဲ့သည်။

အဆက်အသွယ်မရှိခဲ့ခြင်းနှင့် လာရောက်လည်ပတ်မှုများကို ငြင်းဆိုခဲ့သည့်အတွက် တောင်းပန်ပြီး တွေ့ဆုံစကားပြောလိုသော ဆန္ဒကို ထုတ်ဖော်ခဲ့သည်။သို့သော် ရက်တွေသာ ကုန်ဆုံးသွားပြီး တုံ့ပြန်မှုမရှိခဲ့ပေ။

သူမ စာများအားလက်ခံရရှိပြီးတာနဲ့ သူတို့က သူမအနားကို ချက်ခြင်းအပြေးရောက်လာမယ်လို့ မျှော်လင့်ထားခဲ့သော်လည်း ဘယ်သူကမှ စာမပြန်ခဲ့ချေ။

'ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိရတာလဲ'

သူမသည် စိုးရိမ်စိတ်ဖြင့် အဘယ်ကြောင့် စာမပြန်ရလဲဟု မေးသောစာတစ်စောင်ကိုထပ်ပို့ခဲ့ပြီး စကားပြောချင်စိတ်ကို ထုတ်ဖော်ခဲ့သည်။ တစ်စုံတစ်ယောက်နှင့် စကားပြောဆိုရန် လိုအပ်ကြောင်း သူမ အလေးပေးပြောကြားခဲ့သည်။

"သခင်မလေး စာတစ်စောင်ရောက်လာပါတယ်"

ကံကောင်းထောက်မစွာဖြင့် မကြာခင်ပင် တစ်ယောက်ကအကြောင်းပြန်လာခဲ့သည်။အဲ့တာက သူမနှင့် စကားပြောရန် အမြဲကြိုးစားခဲ့သည့် အရေးမပါသောမိသားစုမှ မိန်းမပျိုတစ်ဦးဖြစ်သည်။ သာမာန်အားဖြင့် သူမက စိတ်အနှောက်အယှက်ဖြစ်သွားမှာဖြစ်သော်လည်း ယနေ့တွင်တော့ မဟုတ်ပေ။ သူမက ဒီတိုင်း သူမ၏ခံစားချက်များကို ဖွင့်ထုတ်ချင်နေခဲ့သည်။

ဆိုင်ယာက စာကို ကမန်းကတန်းဖွင့်လိုက်ပြီး အကြောင်းအရာ အနည်းအကျဉ်းကို ဖတ်ပြီးသည်နဲ့ စာကို လွှတ်ချလိုက်မိသည်။

[ငါ စိတ်မကောင်းပါဘူး။ငါ အရင်က နင့်ကို ဖြူစင်တယ်လို့ ယုံကြည်ခဲ့လို့ သဘောကျခဲ့တယ်။

ဒါပေမယ့် အခြေအနေအမျိုးမျိုးနဲ့ ဇာတ်လမ်းတွေကို ပြန်တွေးကြည့်တော့ လေဒီဆိုင်ယာကို နားလည်မှုလွဲခဲ့မှန်း သိလိုက်ရပြီး နင်က ထင်သလောက် မကောင်းမှန်း သိလာခဲ့ရတယ်။ ဒါကြောင့် နင်နဲ့စာတွေ မဖလှယ်ချင်တော့ဘူး။

နင့် ပတ်ဝန်းကျင်ကလူတွေကို လိုအပ်တဲ့အခါ စိတ်ခံစားချက်တွေမျှဝေမယ့် အမှိုက်သရိုက်တွေအဖြစ် အသုံးမပြုတော့ရင်တော့ အကောင်းဆုံးပဲ။

နင် ဘာမှမရှင်းပြဘဲ ငါတို့ရဲ့အဆက်အသွယ်ကို ရှောင်ရှားလိုက်ထဲက လူတိုင်း နင့်ကိုစိတ်ပျက်သွားကြပြီ။]

TK Team (Chapter 89)