Chapter 97
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉၇)

"ငါ ဘာလို့ ဒီနားကို ရောက်နေရတယ်လို့ မင်း ထင်လဲ။"

ကယ်လီယန်က မေးသည်။

ကျွန်မ ခေါင်းခါလိုက်သည်။

ကယ်လီယန် ရောက်လာရသော အကြောင်းရင်းမှာ ...

"ကျွန်မကို ဆူမလို့ပါလား။"

"အမှန်ပဲ"

ကယ်လီယန် ပြုံးလိုက်သည်။သို့သော် ထိုအပြုံးက အေးစက်နေလေရာ ကျွန်မ တံတွေးမျိုချမိသွား၏။

"မင်း နောက်ဆုံးတော့ ရူးသွားပြီပဲ ... ဟုတ်တယ်မလား။"

ကျစ်

ယမန်နေ့က ဖြစ်ခဲ့သည့်ကိစ္စအတွက် ကျွန်မ အဆူခံရလောက်သည်ဟု တွေးထားခဲ့ပြီးဖြစ်သည်။

ကျွန်မ တည်တည်ငြိမ်ငြိမ်ဖြင့် လက်များကို အချင်းချင်း ဆုပ်ကိုင်ပြီး ခေါင်းငုံ့ထားလိုက်သည်။

"မင်းက သူမကို ကိုယ့်အကြောင်းကိုယ် သိစေချင်တယ်ပေါ့လေ။ဖလဲရ်ကို ဒီစကားမျိုး သွားပြောဖို့ မင်းက ထိုက်တန်နေလို့လား။"

ကယ်လီယန်က အံကြိတ်၍ ပြောသည်။

"မင်းကသာ ကိုယ့်အကြောင်းကိုယ် သိဖို့လိုနေတဲ့သူကွ ၊ ဖလဲရ်ကိုများ ဒီလို ပြောရဲရတယ်လို့။"

ကျွန်မ ဘေးပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်၏။

လူတိုင်းက ကျွန်မကို ကြည့်နေသည်ဟု ခံစားမိသည်။

ကျွန်မ အသံသေးသေးလေးဖြင့် ပြောလိုက်သည်။

"အရှင့်သား ဒီနေရာအထိ ရောက်လာပြီး ကျွန်မကို ဆူပူနေတော့မလို့ပါလား။"

"ဟုတ်တယ်၊မင်းက ဒီထက်တောင် အဆူခံရသင့်တာ။"

"လူတွေ ကြည့်နေပါတယ်။"

"ဒါကြောင့်မို့လို့ ငါ မင်းကို တမင်တကာ ဆူနေရတာပဲလေ။"

"အာ ... အရှင့်သား ဒီလိုမျိုးပဲ လုပ်နေတော့မှာပါလား!"

ကျွန်မ သတိမထားမိပဲ အသံကျယ်သွားရ၏။

ထိုအခါ လူများက ပို၍ပင် အာရုံစိုက်လာကြသည်။

ကျစ်

"ဖလဲရ် ရောက်လာတဲ့အချိန်ကျရင် သေချာပေါက် တောင်းပန်ပါ ... သဘောပေါက်လား။"

"မသေချာပါဘူး။"

"အိုဖီလီယာ ရိုင်ဇန်!"

ကယ်လီယန်၏မျက်လုံးများ ပြူးကျယ်သွား၏။

ထိုမျှ ဖြစ်လာသည်ကို ကြည့်ရလျှင် အဆင်ပြေပြေ ပြီးဆုံးသွားလိမ့်မည်ဟု မထင်ပါ။

ဟူး ... ငါ့ရဲ့ကံတရားကတော့

ကျွန်မ ခေါင်းငြိမ့်ရန် ကိုယ့်ကိုကိုယ် အတင်းအကြပ် တွန်းအားပေးလိုက်ရ၏။

"အိုကေလေ၊ကျွန်မ ..."

"ကျွန်တော့်ဇနီးက အမှားလုပ်ထားတယ်လို့ မထင်မိပါဘူး။"

ထိုအချိန်တွင် အံ့ဩဖွယ်ကောင်းအောင် ဆိုဗက်စ်စတာက ကြားဖြတ်ဝင်ပြောလေသည်။

သူက ကျွန်မကို လှမ်းဆွဲ၍ သူ့အနောက်တွင် ပုန်းနေစေပြီး ကယ်လီယန်ကို ရင်ဆိုင်၏။

"ကောင့်မြို့စားကတော်ကသာ အရင်ဆုံး အငြင်းအခုံ ဖြစ်နေခဲ့တာလို့ ကြားမိပါတယ်၊ အရှင့်သား ဒါကို မစဥ်းစားမိပါဘူးလား။"

"အဲ့ဒါ မင်းကိစ္စ မဟုတ်ဘူး။"

ကယ်လီယန်က အနည်းငယ် စိတ်တိုနေသော မျက်နှာထားဖြင့် ပြောသည်။

သို့သော် ဆိုဗက်စ်စတာက အနည်းငယ်ပင် ဂရုမစိုက်ပေ။

သူက ထူးထူးခြားခြား ရှက်နေသောမျက်နှာဖြင့် ကယ်လီယန်ကို ကြည့်လိုက်သည်။

"အမှန်တော့ အရှင့်သားလဲ ကြားဝင်ဖြေရှင်းပေးစရာ မလိုတဲ့ကိစ္စပါ၊ ဘာပဲဖြစ်ဖြစ် အမျိုးသမီးနှစ်ယောက်ကြားမှာ ဖြစ်တဲ့ရန်ပွဲလေးပဲလေ၊ဒီတော့ အမျိုးသားတွေ ဝင်ပါသင့်လို့လား။"

ကယ်လီယန် မျက်မှောင်ကြုတ်သွား၏။

ဆိုဗက်စ်စတာ ပြောသည်က မှန်နေသောကြောင့် ဖြစ်သည်။

အမျိုးသမီးများကြား ဖြစ်သော ရန်ပွဲတွင် အမျိုးသားများ ဝင်ပါစရာ နေရာမရှိပေ။

အမျိုးသမီးအချင်းချင်း အငြင်းအခုံဖြစ်သည့်ကိစ္စတွင် ယခုကဲ့သို့ ဝင်ပါလိုက်ခြင်းက အမျိုးသားတစ်ယောက်အဖို့ ရှက်စရာပင် ကောင်းနေသေး၏။

ထို့ကြောင့် ကယ်လီယန်က တုံ့ဆိုင်းသွားရသည်။သူ့ပုံရိပ်သူ ထိန်းသိမ်းရလိမ့်မည်။

ထိုအချိန်၌

"ကျေးဇူးပြုပြီး တော်ပါတော့ အရှင့်သားရယ်။"

ဖလဲရ် ဖြစ်သည်။

ယနေ့တွင် ဖလဲရ်သည် ပုံမှန်ဝတ်နေကျနှင့် ကွဲပြားသောဝတ်စုံကို ဝတ်ထားခဲ့သည်။

သူမ၏ရွှေရောင်ဆံနွယ်နှင့် လိုက်ဖက်သော ဝါညိုနုရောင်ဝတ်စုံကို ဝတ်ထားပြီ ဝတ်စုံက အလွန်ခမ်းနားလှပကာ ရင်ဘတ်နေရာတွင် အတော်လေး ဟိုက်၍ ကျောက်မျက်ရတနာများဖြင့် တန်ဆာဆင်ထား၏။

မဒမ်အန်တဲပြောတာ မှန်သားပဲ။

ဖလဲရ်က ဆန်းပြားသောဝတ်စုံကို ရှာဖွေနေပြီး ဤတစ်စုံကို ဝတ်ရန် ရွေးချယ်ခဲ့ပုံရသည်။

သူမ၏ယခင်ပုံစံနှင့် အလွန်ကွဲထွက်နေသောကြောင့် အနည်းငယ် ကသိကအောက် ဖြစ်သော်ငြား ဖလဲရ်မှာ ထူးထူးကဲကဲ အလှလေးတစ်ယောက်ဖြစ်နေသဖြင့် ထိုဝတ်စုံနှင့် အလွန်ကြည့်ကောင်းသည်။

ကယ်လီယန်လည်း ထိုသို့ တွေးမိပုံရသည်။သူ့ပါးပြင်များတွင် အနည်းငယ် သွေးရောင်လွှမ်းလာသည်ကို ကျွန်မ မြင်နေရ၏။

ဖလဲရ်က တစ်လှမ်း ထပ်တိုးကပ်လာသည်။

ပြီးနောက် သူမက ကယ်လီယန်၏လက်မောင်းကို ဆွဲလိုက်သည်။

"ကျွန်မ တကယ်ပဲ အဆင်ပြေပါတယ်။ပြီးတော့ မြို့စားကြီးကတော် ပြောတာကလဲ မမှားပါဘူး။"

ကျွန်မ၏ပတ်ဝန်းကျင်မှ တတွတ်တွတ် စကားများ ထွက်လာသည်ကို ကြားလာရ၏။

ထင်ထားတဲ့အတိုင်း မြို့စားကြီးကတော်က သူ့ဒေါသသူ မထိန်းနိုင်ဘူးပဲ။

ကောင့်မြို့စားကတော်က ဘာများမှားလို့လဲ။

သူမက ဘယ်အချိန်အထိ ဒီလိုတွေ လုပ်နေဦးမှာလဲ။

ထိုအသံများက ကျွန်မ၏နားထဲသို့ တစ်ခုပြီး တစ်ခု တိုးဝင်လာခဲ့၏။

အိုး ... ငါ စိတ်တိုလာပြီ၊ဒါပေမဲ့ ဒီအခြေအနေကို ပြောင်းပြန်လှန်သင့်တယ်လို့ တွေးမိတယ်။

သို့သော် ထိုအချိန်တွင် ဆိုဗက်စ်စတာက ပါးစပ်ဖွင့်လာခဲ့သည်။

"ဟုတ်တာပေါ့၊ကျွန်တော့်ဇနီး ခင်ဗျားကို ပြောခဲ့တာတွေက မမှားပါဘူး။"

သနားစရာကောင်းအောင် မျက်လွှာချနေသော ဖလဲရ်က မျက်လုံးပင့်၍ ကြည့်လာခဲ့သည်။

ဆိုဗက်စ်စတာကို ကြည့်နေသော သူမ၏အသွင်မှာ ကိုးရို့ကားယားဖြစ်နေခဲ့သည်။

"မြို့စားကြီးကတော် ကျွန်မကို ဘာတွေပြောခဲ့တယ်ဆိုတာ သိပါသလား။ရှင် သိနေလို့သာ ကျွန်မကို ဒီလိုပြောနေတာပဲ ဖြစ်ပါလိမ့်မယ်။"

"ဟင့်အင်း၊ကျွန်တော် မသိပါဘူး။"

ဆိုဗက်စ်စတာက အလွယ်လေး ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်ဇနီး ဘာပြောပြော အရာအားလုံးက မှန်ပါတယ်၊ဒီတော့ မမှားဘူးလို့ ကျွန်တော် ပြောနေရတာပဲ၊ ဟုတ်တယ်မလား ကောင့်မြို့စားကတော်။"

ဘာလဲဟ။

သူ ဘာဖြစ်နေတာလဲ။

ဘာဖြစ်လို့ ရုတ်တရက်ကြီး ငါတို့ အရမ်းရင်းနှီးသလို သရုပ်ဆောင်နေရတာလဲ။

ကျွန်မ ပြောစရာ စကားမရှိ ဖြစ်သွားရသဖြင့် ပြုံးနေလိုက်ရ၏။

၎င်းက ကျွန်မတို့ကြား ပြန်ပြေလည်သွားသော အပြုံးတစ်ခုဟု ဆိုဗက်စ်စတာ တွေးနေမည်လား မသိပါ။

"ဒီတော့ မင်း ကိုယ်နဲ့ ပထမဆုံး တွဲကပေး ... ဒီလူနဲ့ မကနဲ့။"

ရှင် ပြောနေတာ ဒါ မဟုတ်လား။

သို့သော် ကျွန်မ ပို၍ မှင်တက်နေမိသည်။

ကျွန်မ ကယ်လီယန်နဲ့ ပထမဦးဆုံး တွဲကပါမယ်ဆိုပြီး ရှင့်ကို အကြိမ်တစ်ရာလောက် ပြောပြီးပြီလေ။

သူက ပါးစပ်ပိတ်၍ ခေါင်းလှည့်သွား၏။

"ဟင့်အင်း ... ကျွန်မ အရှင့်သားနဲ့ပဲ ပထမဦးဆုံး တွဲကမှာ။"

ကျွန်မ ကယ်လီယန်ကို မကြည့်ဘဲ ဖလဲရ်ကို ကြည့်၍ ထိုသို့ ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ အရှင့်သားက ကျွန်မနဲ့အရင်ဦးဆုံး တွဲကပါမယ်ဆိုပြီး ကတိပေးထားလို့လေ ... မှန်ပါရဲ့လား။"

ကယ်လီယန် အသက်အောင့်ထားသည်ကိုပင် ကျွန်မ ခံစားနေရ၏။

သူက ဖလဲရ်၏မျက်လုံးများကို ကြည့်လိုက်သည်။

သို့သော် သူက ကျွန်မကိုသာ ရွေးချယ်လိမ့်မည်။

မားကွစ်မြို့စားရစ်ချယ်နှင့် ကောင့်မြို့စားအမ်ဘာတို့၏ သတင်းအချက်အလက်များကို လိုချင်နေသည် ဆိုပါက။

"... အင်း"

ကယ်လီယန်က မျက်လုံးစုံမှိတ်၍ ပြန်ဖြေလိုက်သည်။

"ငါနဲ့အတူ တွဲကပေးဖို့ ခွင့်တောင်းပါတယ်။"

"..."

အစကတည်းက သိထားပြီးသော ဖလဲရ်မှာ နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်၍ လက်သီးဆုပ်ထား၏။

သို့သော် ထိုသို့ ဖြစ်လာခဲ့ပြီဖြစ်ရာ သူမ ဝင်ရောက်နှောင့်ယှက်၍ မပြောနိုင်တော့ပေ။

ဤနေရာတွင် ဖလဲရ် ငိုချပစ်လိမ့်မည်ကို ကျွန်မ စိုးရိမ်နေသေးသည်။သို့သော် သူမက ထိုသို့ မလုပ်လာခဲ့သဖြင့် ဝမ်းသာမိပါ၏။

ကျွန်မ ပြုံး၍ ကယ်လီယန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကျွန်မ လက်ခံပါတယ် အရှင့်သား။"

ကျွန်မ ဒူးကို အသာအယာ ကွေးညွှတ်ပြီးနောက် မတ်မတ်ရပ်လိုက်ပြီး ကယ်လီယန် ခေါ်ဆောင်ပေးသည့်အတိုင်း ကပွဲခန်းမ၏အလယ်သို့ လျှောက်သွားလိုက်သည်။

ကျွန်မ ဖလဲရ်နားမှ ဖြတ်သွားချိန်တွင် စကားတစ်ခွန်းပြောရန်လည်း မမေ့ပါပေ။

"ကျွန်မ ရှင့်ကို ပြောပါတယ် ... ကိုယ့်အကြောင်း ကိုယ် သိပါလို့။"

ပြန်လှည့်ကြည့်လိုက်လျှင် ဖလဲရ်၏မျက်နှာမှာ ဖြူရော်နေခဲ့သည်။

အိုး ... စိတ်သက်သာရာရလိုက်တာ။

ဆယ်နှစ်တာ အစာမကြေဖြစ်နေမှုက သက်သာသွားရသကဲ့သို့ လန်းဆန်းမှုမျိုးဖြင့် ကျွန်မ ကယ်လီယန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ထို့ကြောင့် ကျွန်မကို လှမ်းကြည့်နေသော ဆိုဗက်စ်စတာ၏မျက်နှာပေါ်မှ မျက်နှာထားကို မမြင်နိုင်ခဲ့ပေ။

*

ကယ်လီယန်မှာ ထိုအမှန်တရားကို လွန်စွာ မုန်းတီးမိသည်။

သူ အိုဖီလီယာနှင့် တွဲကရမည်ဆိုသော အမှန်တရား။

သို့သော် သတင်းအချက်အလက် ရရန်အတွက်ဖြစ်ရာ သူလည်း မတတ်သာပါပေ။

မှန်ပေ၏ ... ရန်သူများနှင့် အဆက်အသွယ် လုပ်နေသူတို့ကို ဖမ်းဆီးရန် ဖလဲရ်၏နှလုံးသားကို သူ ဆုတ်ဖြဲပစ်ခဲ့ရသည်။

သေစမ်း

သူ သိတယ်။

သူက မကောင်းတဲ့ကောင်ပဲ။

သူသာ ဖလဲရ်ကို ဦးစားပေးခဲ့လျှင် သတင်းအချက်အလက်က မည်မျှပင် အရေးကြီးနေသည်ဖြစ်စေ အိုဖီလီယာနှင့် တွဲကရန် ငြင်းဆန်ပစ်ရမည် ဖြစ်၏။

သို့သော် သူ မလုပ်နိုင်ခဲ့။

ယခုအချိန်တွင် သတင်းအချက်အလက်က ဖလဲရ်၏နှလုံးသားထက် ပိုအရေးကြီးနေခဲ့သည်။

သူက တကယ်ကို လွန်လွန်းပြီး မကောင်းတဲ့အကောင်ပါလား!

ကယ်လီယန်က သူ့ကိုယ်သူ အပြစ်တင်နေပြီး တစ်ချိန်တည်းတွင် သူ့ကို ထိုသို့ မဖြစ် ဖြစ်အောင် လုပ်ခဲ့သော အိုဖီလီယာအပေါ် ဒေါသများ ထုတ်ပြနေခဲ့သည်။၎င်းမှာ ပုံမှန်အတိုင်း တစ်ဖက်သူအပေါ် ဒေါသပုံချတတ်ခြင်း ဖြစ်၏။

ထို့ကြောင့် ကယ်လီယန်က အိုဖီလီယာကို သေသည်အထိ တစ်စစီ ဆွဲဖြဲပစ်ချင်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

"ကျွန်မကို ဒီလိုမျိုး ကြည့်နေရင်တောင်မှ ပေါက်ထွက်သွားအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး အရှင့်သား။"

သို့သော် အိုဖီလီယာက တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။

သူမ ခေါင်းငြိမ့်သည်။

"အရှင့်သား ဒေါသထွက်နေတာကို ကျွန်မ သိပါတယ်၊ဒါပေမဲ့ ပေးထားတဲ့ကတိကိုတော့ တည်ရမှာပါပဲ။အရှင့်သား ဒီလို မတွေးမိပါဘူးလား။"

ထိုအခါ သူက ကျွန်မဆီသို့ လက်ဆန့်လာခဲ့သည်။

ကယ်လီယန်က အသက်ကို လေးလေးပင်ပင် ရှူသွင်း ရှူထုတ်လုပ်ပြီးနောက် အိုဖီလီယာ၏လက်ကို ကိုင်လိုက်သည်။

ဝေါ့ဇ် စုံတွဲအက စတင်လေပြီ။ကယ်လီယန်နှင့် အိုဖီလီယာမှာ ကျွမ်းကျင်စွာ ခြေလှမ်းလိုက်ပြီး စတင် ကကြသည်။

"အရှင့်သား ကောင်းကောင်း ကတတ်တာပဲ။"

"အဲ့ဒါ မင်းကို ပြောရမှာလေ။"

"ကျွန်မက ကျင့်သားရနေပြီးသားပါ။"

မှန်ပေ၏။

ကျွန်မ တစ်ကြိမ်မှ မကဖူးသဖြင့် မည်သို့ကရမည်ကို စိုးရိမ်နေမိသည်။သို့သော် ကံကောင်းထောက်မစွာဖြင့် ဤခန္ဓာကိုယ်က မှတ်မိနေခဲ့သည်။မူလအိုဖီလီယာမှာ အလွန်ကျွမ်းကျင်စွာ ကတတ်ပုံ ရ၏။

သို့သော် အိုဖီလီယာက မောက်မာသည်ဟု ကယ်လီယန် တွေးမိသွားသည်။

သူက အိုဖီလီယာ၏လက်ကို အနည်းငယ် အားထည့်၍ ဆုပ်ကိုင်လိုက်၏။

"ဘယ်လို နှိမ့်ချပြီးနေရမလဲဆိုတာ မင်း မသိဘူး မဟုတ်လား။"

"ကျွန်မ ဒါကို သိစရာ လိုလို့ပါလား။"

အိုဖီလီယာက ကိုယ်ကို တစ်ပတ်လှည့်ရင်း ပြောသည်။

"ပြီးတော့ ကျွန်မသာ နှိမ့်ချပြီး နေလိုက်တာနဲ့ ပါးစပ်ကနေ 'ကြောက်မိပါတယ်'ဆိုတဲ့စကားကို ပြောထွက်လာအောင် အရင်ဆုံး လုပ်မဲ့သူက အရှင့်သားပဲ ဖြစ်မှာပေါ့။"

"အမှန်ပဲ"

ယခုမှ ကယ်လီယန် ပြုံးတော့သည်။

"မင်း ဖလဲရ်ကို ဘာဖြစ်လို့ ဒီလိုပြောလိုက်တာလဲ။"

"ကိုယ့်အကြောင်း ကိုယ်သိ ဆိုတာပါလား။"

"အင်း"

"အကြောင်းရင်းတစ်ခု ရှိပါတယ်။"

အိုဖီလီယာက ဆက်ပြောသည်။

"အိမ်ရှေ့စံကြင်ယာတော် ဖြစ်လာမဲ့နေရာကို ကျွန်မက လက်မလွှတ်ပေးလို့ သူမ ဒေါသထွက်သွားပါတယ်။ဒီတော့ ကျွန်မ ဒီလိုမျိုး ကောင်းကောင်းလေး ပြောလိုက်ရတာပါ။ဒါက မထိုက်တန်ပါဘူးလား။"

"..."

ကယ်လီယန် ပြန်မဖြေပေ။သို့သော် သူ၏မျက်နှာထားက ပြန်ဖြေပေးနေသည်။ရှုံ့တွနေသော မျက်နှာက သက်သေပင်။

သူ ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။

အိုဖီလီယာထံမှ ထိုသို့ ကြားရချိန်တိုင်း ကယ်လီယန် အမှန်ပင် စိတ်ရှုပ်ရလေသည်။

သူမက သူသိသော ဖလဲရ်မဟုတ်တော့ဟု ခံစားနေရသောကြောင့် ဖြစ်လေသည်။

သူ နှုတ်ခမ်းကို ကြမ်းကြမ်းတမ်းတမ်း ကိုက်ထားမိသည်။

"ငါ ဖလဲရ်ကို ချစ်တယ်။"

အိုဖီလီယာက ကယ်လီယန်ကို မော့ကြည့်သည်။

"အရှင့်သား ကိုယ့်ကိုကိုယ် ပြန်ပြောပြနေတာနဲ့ တူပါတယ်။"

"မဟုတ်ဘူး"

"အသည်းအသန် ငြင်းနေတာက ပိုပြီးတောင် သေချာစေတာပါ။"

အိုဖီလီယာ ပြုံးလိုက်သည်။

"ဘာပဲ ဖြစ်ဖြစ်ပါ ..."

သူမက ကယ်လီယန်၏လက်မောင်းများကြားသို့ တိုးဝင်လိုက်ပြီး သူ့ခါးကို ဖက်လိုက်သည်။

"ဖလဲရ်က အရှင့်သား အကဲဖြတ်ထားတဲ့အတိုင်း မကောင်းနေလောက်ဘူးလို့ မတွေးမိပါဘူးလား။"


TK Team
++++++++