Chapter 96
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉၆)

"ကိုယ်တို့ ရောက်ပြီ။"

ပြတင်းပေါက်မှတစ်ဆင့် တော်ဝင်ရဲတိုက်၏ပုံရိပ်ကို လှမ်းမြင်လိုက်ရလျှင် ဆိုဗက်စ်စတာက ပြောလိုက်သည်။

"ကျွန်မ သိတယ်။"

ကျွန်မမှာလဲ မျက်လုံးပါတယ်၊ဒီတော့ ကျွန်မလဲ သိတယ်။

ကျွန်မ အေးတိအေးစက် တုံ့ပြန်လိုက်ချိန်တွင် ဆိုဗက်စ်စတာက ဂရုမစိုက်လေဟန်ဖြင့် ကျွန်မကို ကြည့်လာခဲ့သည်။

"ကပွဲခန်းမထဲ ဝင်ခါနီးအထိ မင်း ကိုယ်နဲ့ ဒီလိုမျိုး ရန်ဖြစ်နေဦးမှာလား။ဒီလို ဖြစ်ရတဲ့အထိလေ။"

"ကျွန်မ စိတ်ပြောင်းသွားပြီ။ရန်ဖြစ်ထားရင်းနဲ့ ကပွဲကို သွားရတာက မကောင်းဘူးလို့ မထင်တော့ဘူး။ဘာလို့လဲဆိုတော့ ကျွန်မ အခု အရမ်း ...အရမ်းကိုမှ စိတ်အခြေအနေဆိုးရွားနေလို့ပဲ။"

ကျွန်မ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ဆိုဗက်စ်စတာက ကျွန်မကို ငေးကြည့်နေဆဲ ဖြစ်သည်။ပြီးမှ သူ့လက်ကို မြှောက်လာပြီး ကျွန်မ၏နဖူး အလယ်တည့်တည့်သို့ ဖွဖွလေး တောက်လိုက်သည်။

"မင်း လှလှပပလေး ဝတ်ထားရတာဆိုတော့ ဒီမျက်နှာထားကြီး လုပ်မနေစမ်းပါနဲ့ကွာ၊ မင်းနဲ့ မလိုက်ဖက်ဘူး။"

နေပါဦး ... ရှင်က ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောနေရပြန်တာလဲ။

ကျွန်မ မှင်တက်သွားမိသည်။

"ရှင် ဘာလို့ ရုတ်တရက်ကြီး သဘောကောင်းချင်ယောင်ဆောင်နေပြန်ပြီလဲ။"

"ဟန်ဆောင်တယ်ဆိုတာက ဘာများလဲကွာ ... ကိုယ် နာကျင်သွားရပြီ။"

ဆိုဗက်စ်စတာက ထိုသို့ပြောရင်း အမှန်တကယ် နာကျင်သွားရသည့်နှယ် သူ့ရင်ဘတ်သူ တင်းတင်းကြပ်ကြပ် ဖိထားခဲ့၏။

သူက ရန်ဖြစ်ထားသည်ကို သူ့နည်းသူ့ဟန်ဖြင့် ပြန်ပြေလည်စေရန် အကြောင်းပြု၍ အမူအရာလေးတစ်ခု လုပ်ပြနေခဲ့သည်။

ထို့ကြောင့် သူက အမှန်ပင် ချစ်စရာကောင်းလှသည်။သို့သော် ကျွန်မ ခေါင်းယမ်းလိုက်မိ၏။ထိုသို့ အလျှော့မပေးလိုက်နိုင်ပါ။

ကျွန်မ မျက်လုံးလှိမ့်လိုက်မိသည်။

"ရှင် ကျွန်မနဲ့ ပြန်ပြေလည်ချင်တယ်ဆိုရင် အရင်ဆုံး တောင်းပန်။"

ကျွန်မ၏ ခိုင်မာသောစကားကြောင့် ဆိုဗက်စ်စတာမှာ ရင်ဘတ်ကို ဖိနေသောလက်အား ပြန်ချလိုက်ပြီး နဖူးတွန့်လိုက်သည်။

"ကိုယ် မှားတာ ဘာမှမလုပ်ခဲ့ပါဘူး။"

"ဒါဆို ပြန်ပြေလည်စရာ မရှိတော့ဘူးပေါ့။"

ကျွန်မ ခေါင်းငြိမ့်၍ ပြန်ဖြေလျှင် ဆိုဗက်စ်စတာက ကြောင်အသွားပြီး အားပါးတရ ရယ်မောလေသည်။

"ကိုယ် ဒီလိုမျိုးတွေ လုပ်ပြနေတာတောင်မှ မင်းက ဒီအတိုင်း ဆက်လုပ်နေဦးမယ်ပေါ့။"

"ရှင် တောင်းပန်ရင် ကျွန်မ ရှင့်ကို ခွင့်လွှတ်ပေးမယ်။"

"ဟား..."

ဆိုဗက်စ်စတာက သူ့နဖူးသူ ထိတွေ့နေပြီး ကျွန်မကို စိုက်ကြည့်လာသည်။

"မင်းက တကယ်ကို ခေါင်းမာတာပဲ။"

"ဒီစကားကို ပြောသင့်တဲ့သူက ဘယ်သူလို့ ရှင် ထင်လဲ။"

တွေးကြည့်နေစရာတောင် မလိုဘူး။

'ခေါင်းမာနေတဲ့သူက ဘယ်သူဆိုတာ လူတိုင်း ပြောနိုင်တယ်' ဟူ၍ ဆိုဗက်စ်စတာ၏မျက်နှာကို ကြည့်ပြီး ပြောလိုက်ချင်သည်။

လက်ခံချင်စရာမကောင်းသည်မှာ ကျွန်မ အိမ်တော်ကနေ ထွက်ပြေးချင်လောက်သည်အထိပင်။

"ကိစ္စမရှိပါဘူး... ဒီနေ့တော့ ကပွဲကိုပဲ အာရုံစိုက်ထားလိုက်ရအောင်။"

"ကျွန်မ ပြောမဲ့စကားကို လိုက်ပြီး ဖြတ်ပြောမနေပါနဲ့။ကျွန်မလဲ အဲ့လို ပြောမလို့ပဲ။"

"ဒါပေမဲ့ ကိုယ်က အရင်ဆုံး ပြောလိုက်တာလေ ... ဒီတော့ ကိုယ် နိုင်တယ်။"

"ဘာကို နိုင်တာလဲ၊ဟား ... တကယ်ပါပဲ။"

၎င်းမှာ ကလေးများ ရန်ဖြစ်နေသည်နှင့် တူသည်။သို့သော် ကျွန်မ နှာမှုတ်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ပစ်လိုက်၏။

ဆိုဗက်စ်စတာကလည်း တစ်ဖက်သို့ လှည့်သွားသည်။

ကျွန်မတို့နှစ်ယောက်ကြားတွင် လေထုက အေးစက်သွားရ၏။

ထိုအချိန်တွင် ရထားလုံးက ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။တော်ဝင်နန်းတော်ဆီသို့ ရောက်ရှိလာခဲ့လေသည်။

အစေခံက ပြေးလာ၍ ရထားလုံးတံခါးကို ဖွင့်ပေးလျှင် ဆိုဗက်စ်စတာက ထရပ်လိုက်ပြီး အဝတ်အစားများကို ခါလိုက်သည်။

ပြီးနောက် ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး သူ့လက်ကို ကျွန်မဆီသို့ ဆန့်တန်းပေးလေသည်။

"ကိုင်လိုက်"

ရှင် မပြောလဲ ကျွန်မ ကိုင်မလို့ပါပဲ ... သိရဲ့လား။

ဟွန့်

ကျွန်မ သူ့လက်ကို ဆုပ်ကိုင်၍ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ဆိုဗက်စ်စတာက သူ့ပခုံးကို လက်ဖြင့် တဖတ်ဖတ် ပုတ်လိုက်ပြီး ကျွန်မဆီသို့ လက်မောင်းတစ်ဖက် ပေးလာသည်။

"မင်းရဲ့လက်ကို ချိတ်လိုက်။"

စိတ်တိုစရာကောင်းသော်လည်း သူပြောသည့်အတိုင်း ကျွန်မ လုပ်လိုက်ရသည်။မည်သို့ပင် ဖြစ်စေ အပြင်ပန်းတွင် ကျွန်မတို့ဆက်ဆံရေးကောင်းသည်ဟု ထုတ်ပြရလိမ့်မည်။

"အိုး ... ပြီးတော့ "

ဆိုဗက်စ်စတာက ကျွန်မ၏လက်ကို သူ့လက်မောင်းတွင် ချိတ်လိုက်စေပြီး ပြောသည်။

"မပြုံးနဲ့"

"ဘာဖြစ်လို့လဲ"

အကြောင်းပြချက် တစ်စုံတစ်ရာ ရှိနိုင်သဖြင့် သိချင်သွားရပြီး အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်သည်။

သို့သော် ဆိုဗက်စ်စတာက ...

"မင်းရဲ့ပြုံးနေတဲ့မျက်နှာက ကြောက်စရာကောင်းလို့လေ။"

သူက ထိုသို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောချလိုက်လေသည်။

အား ...ဒီဒုက္ခပေးနေတဲ့လူကတော့၊တကယ်ပါပဲ ... ငါ ဘယ်လိုလုပ်ရမလဲ။ကျွန်မ ဒေါသကို ထိန်းထားရင်း အသက်ကို လေးလေးပင်ပင် ရှူလိုက်ရသည်။

"ရိုင်ဇန်မြို့စားကြီးနဲ့ မြို့စားကြီးကတော်တို့ ကြွရောက်လာပါပြီ ခင်ဗျား။"

ဂိတ်တံခါးစောင့်က အော်ဟစ်လိုက်သည်။

ပြီးနောက် ချက်ချင်းဆိုသလို လေးလံသောတံခါးကြီးက ဖြည်းညှင်းစွာ ပွင့်လာခဲ့၏။

ကျွန်မက ဆိုဗက်စ်စတာ၏လက်ကို ချိတ်ထားရင်း နှစ်ယောက်အတူ လျှောက်လှမ်းလာခဲ့သည်။

"မြို့စားကြီး ရောက်လာပြီ!"

"ပြီးတော့ သူ့ဇနီးလဲ ပါတယ်။"

လူများ၏မျက်လုံးများက ကျွန်မတို့ထံ စုဝေးလာသည်ကို ခံစားနိုင်သည်။

"မြို့စားကြီးက ဒီနေ့လဲ အရမ်းချောမောခန့်ညားနေတယ်နော်။"

"ကျွန်မလဲ သိသားပဲ၊သူ လက်ထပ်သွားတာ နှမြောလိုက်တာ။"

"ဒါပေမဲ့ သူက ကျွန်မတို့ရဲ့မျက်လုံးတွေကို ကျေနပ်နှစ်သိမ့်ပေးနေတုန်းပါပဲ။"

"မှန်တာပေါ့ ... မှန်တာပေါ့ရှင်။"

လေဒီအားလုံးက ဆိုဗက်စ်စတာအကြောင်းကို ပြောနေကြသည်။

သို့သော်

ဆိုဗက်စ်စတာက နည်းနည်းလေးပဲ ချောမောတာမို့လို့လား။

သူက လူတွေ ပြောနေသလိုပဲ အရမ်းချောမောလွန်းပါတယ်။

ကျွန်မ ဝန်မခံချင်ပေ။သို့သော် ထိုအကြောင်းကို ဝန်ခံရမည်ဆိုသည့် အမှန်တရားကို တွန်းလှန်ချင်သဖြင့် မေးစေ့ကို မော့ချီထားလိုက်မိသည်။

ပြီးနောက် ကျွန်မ လူတိုင်းကို တစ်ဦးစီ နှုတ်ဆက်လိုက်သည်။ထိုသူများက ကျွန်မကို မသိမသာ ငေးမောလာကြသည်။ပြီးနောက် လူတိုင်း၏မျက်နှာများမှာ ခရမ်းချဥ်သီးများသဖွယ် နီရဲလာကြ၏။

"ကျွန်တော် ဝန်မခံချင်ဘူး၊ဒါပေမဲ့ ..."

"မြို့စားကြီးကတော်က တကယ်လှတာပဲ။"

"ဒီလိုမျက်နှာလှလှလေးအောက်မှာ မကောင်းတဲ့စိတ်ဝိညာဥ် ရှိနေတာကို ကျွန်တော်ဖြင့် မယုံနိုင်သေးဘူး။အိုး ... ဝမ်းနည်းစရာပါလား။"

ဘယ်သူက ဒီစကားကို ပြောလိုက်တာလဲ။

ငါ အကုန်ကြားရတယ်နော်။

ထိုစကားကို ပြောလိုက်သည့် လူကို ကျွန်မ စိုက်ကြည့်လိုက်ပြီး လည်ပင်းကို လက်ဖြင့်ဖြတ်သည့် အမူအရာလုပ်ပြလိုက်သည်။

ဟစ်

ထိုသူက ထိတ်လန့်သွားပြီး နောက်ဆုတ်သွားလေသည်။

ကျွန်မ သည်အတိုင်း ထားလိုက်ပြီး ဘေးဘီဝဲယာသို့ ကြည့်နေမိသည်။

လူတိုင်းက ကျွန်မတို့ကို ကြည့်နေကြလေသည်။

ထိုသို့ ဝိုင်းကြည့်နေကြခြင်းမှာ မြို့စားကြီးရိုင်ဇန် အဖြစ် ဂုဏ်သိက္ခာကြီးမားလှသော ဆိုဗက်စ်စတာကြောင့်လည်းကောင်း၊လူတကာ အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် လှပသည့် ကျွန်မကြောင့်လည်းကောင်း ဖြစ်လိမ့်မည်။

ကျွန်မ အနည်းငယ် ခံစားချက်ပိုကောင်းလာရသည်။

"လူတိုင်းက ကျွန်မတို့ကိုပဲ ကြည့်နေကြတယ်နော်။"

ကျွန်မ၏စကားကြောင့် ဆိုဗက်စ်စတာက ငုံ့ကြည့်လာခဲ့သည်။

"ကောင်းတာ မို့လို့လား။"

"လူတွေ အာရုံစိုက်ခံရတာကို မကြိုက်တဲ့သူ ရှိမလားရှင့်။"

"ရှိတာပေါ့ ...ကိုယ်လေ။"

ဆိုဗက်စ်စတာက သူ့ကိုယ်သူ ညွှန်ပြ၍ ပြောသည်။

"စိတ်ညစ်စရာကောင်းတယ်ကွ။"

သူက ထိုသို့ပြောရင်း မျက်နှာကလည်း ရှုံ့တွနေခဲ့၏။လူတိုင်းမြင်နိုင်သည်အထိ စိတ်ညစ်နေရပါသော မျက်နှာထားပင်။

အမ်

ကျွန်မ မျက်မှောင်ကြုတ်လိုက်မိသည်။

"အင်း ...ဟုတ်တာပေါ့၊ရှင့်အတွက် ခက်ခဲမှာပဲ။ရှင်က ကြီးမြတ်တဲ့ မြို့စားကြီး ဖြစ်နေတာကိုး။"

"ဒါပေါ့ ...ကိုယ်က အံ့ဩစရာကောင်းတယ်လေ။"

ဆိုဗက်စ်စတာက ပျော်ရွှင်နေသော အပြုံးလေးဖြင့် ပြောလေသည်။ကျွန်မ ခနဲ့တဲ့တဲ့ မှတ်ချက်ချလိုက်သည်ကို ဆိုဗက်စ်စတာ သတိမထားမိပေ။

ဝါး ... အံ့ဩဖို့ကောင်းလိုက်တာ။

ကျွန်မ စိတ်ထဲတွင် လက်ခုပ်တီးလိုက်မိပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။

"ဒီလို ကြီးမြတ်တဲ့ပုဂ္ဂိုလ်မျိုးနဲ့ ရန်ဖြစ်နေရတယ်ဆိုတာကို မင်း ကျေးဇူးပြုပြီး သိလိုက်ပါတော့။"

"ရှင့်ကိုလည်း ကျွန်မလို ကြီးကျယ်မြင့်မြတ်တဲ့လူနဲ့ ရန်ဖြစ်နေရတယ်ဆိုတာ သိစေချင်မိတယ်။"

"မင်း ကိုယ့်ကို လိုက်ပြီး အတုခိုးနေတာလား။"

"ရှင်က ကျွန်မတွေးထားတဲ့အတိုင်း ပြောနေတာကိုး၊ဒီတော့ ကျွန်မလဲ ရှင့်လို လိုက်ပြောရမှာပဲလေ ... မတတ်နိုင်ဘူး။"

"အိုဖီလီယာ ရိုင်ဇန်"

"အင်း ...ဘာများလဲ။"

ဆိုဗက်စ်စတာက သူ့ရင်ဘတ်သူ ဖွဖွပုတ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

"မင်း အိမ်ရှေ့စံမင်းသားနဲ့ ပထမဆုံး တွဲကမဲ့ကိစ္စ။"

"ဟား"

ကျွန်မ မျက်မှောင်ကြုတ်ရင်း မျက်လုံးကို မှေးစင်းလိုက်သည်။

"ရှင် အခု ကတဲ့ကိစ္စကိုတောင် အနှောင့်အယှက်ပေးတော့မလို့လား။"

"နှောင့်ယှက်တာ မဟုတ်ဘူး။"

"နှောင့်ယှက်တာပဲပေါ့၊ရှင်က ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ထိပါးလာတာလေ။ရှင် ရူးနေတာ ဖြစ်ရမယ်။"

"အားရှ် ... တကယ်ပါပဲကွာ!"

နောက်ဆုံးတွင် ဆိုဗက်စ်စတာ အော်ဟစ်လိုက်မိပြီး လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်မိသည်။

"ကိုယ်နဲ့ ပထမဦးဆုံး တွဲကပေး ... ပြီးရင် မင်းဘာသာ အိမ်ရှေ့စံမင်းသားနဲ့ တွဲကသည် ဖြစ်စေ၊မကသည် ဖြစ်စေ ကိုယ် ဂရုမစိုက်နေတော့ဘူး။"

ဝါး!

ရှင် ဒီလိုမျိုး ဘာလို့ အသည်းအသန် တောင်းဆိုနေရတာလဲ။

ကပွဲတွင် ပထမဆုံးတွဲကခြင်းက အရေးကြီးသည်။အိမ်ထောင်ရှင်အမျိုးသမီးတိုင်းက သူမတို့၏ခင်ပွန်းယောကျ်ားများနှင့် အရင်ဦးဆုံး တွဲကကြရသည်။သို့မဟုတ်ပါက လင်မယားကြားရှိ ကိစ္စများကို လူသိရှင်ကြား အသိပေးလိုက်သည်နှင့် မခြားနားပါပေ။

ထို့ကြောင့်သာ ဆိုဗက်စ်စတာက တွဲကပေးရန် အသည်းအသန် တောင်းဆိုနေခြင်း ဖြစ်လေသည်။

ကျွန်မမှာ ဖလဲရ်ကို အကြီးအကျယ် အကြပ်ရိုက်သွားစေမဲ့ အစီအစဥ်ကြီး ရှိနေတယ်လေ။

ကျွန်မ လက်မလျှော့လိုပေ။

ကျွန်မနှင့် ကယ်လီယန်သာ ပထမဦးဆုံး တွဲကမည်ဆိုလျှင် ဖလဲရ်မှာ ဇက်ပိုးကို ကိုင်၍ ပစ်လဲသွားမည်မှာ သေချာ၏။

"ဟင့်အင်း၊ကျွန်မ မလုပ်ချင်ဘူး။ကျွန်မရဲ့ပထမဦးဆုံးအကကို အိမ်ရှေ့စံအရှင့်သားနဲ့ပဲ တွဲကမှ ဖြစ်မယ်။"

"အိမ်ရှေ့စံမင်းသားက အခုထိ ရောက်မှ မလာသေးတာ၊ဒီတော့ ကိုယ်နဲ့ပဲ အရင်ဆုံး တွဲကလိုက်လေ။"

"မရဘူးလို့ ၊ရှင် ...ရှင် တကယ်ပါပဲ။"

"အိမ်ရှေ့စံအရှင့်သား ကြွရောက်လာပါပြီ ခင်ဗျား"

ထိုအချိန်တွင် တော်ဝင်မင်းသားလေး ကယ်လီယန်က အံ့အားသင့်ဖွယ်ကောင်းအောင် ဝင်ရောက်လာခဲ့၏။

"သေစမ်းကွာ!"

ဆိုဗက်စ်စတာက မျက်မှောင်ကြုတ်၍ ကျွန်မ၏လက်ကို လွှတ်ပေးလိုက်လေသည်။

"ကိုယ် စကားတစ်ခွန်းပြောလိုက်ရင် ခြင်္သေ့ပါရောက်လာတတ်တယ်လို့ ပြောကြတယ်။"

ပြီးနောက် သူက ထပ်ဖြည့်ပြောသေးသည်။

"အိုး ... ဒါပေါ့၊အိမ်ရှေ့စံမင်းသားကတော့ ခြင်္သေ့ဟုတ်ပါ့မလား။ သူက ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင် ဖြစ်နေရုံပါပဲကွာ။"

ရှင်က ဘာလို့ ထပ်ပြီး ရှင်းပြပေးချင်နေရတာလဲ။

ကျွန်မ ဆိုဗက်စ်စတာကို အနည်းငယ် သနားမိသလို ကြည့်လိုက်ပြီးနောက် ကယ်လီယန်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။

ကယ်လီယန်ဘေးရှိ ထိုင်ခုံတွင် လူမရှိပေ။

သူ တစ်ယောက်တည်း လာခဲ့သည်။

"သူက ဖလဲရ်နဲ့အတူ မလာဘူးလား။"

"သူတို့ အတူတူလာရင် လူတွေ သတိထားမိသွားမှာပေါ့။"

ဆိုဗက်စ်စတာက သဘာဝကျကျ ပြန်ဖြေသည်။

"ဖလဲရ်က အိမ်ထောင်သည်အမျိုးသမီးလေ။"

ထိုသို့သာ

သို့သော် သူမက မကြာခင် ကွာရှင်းပေလိမ့်မည်။

ယခုအချိန်ဝန်းကျင်ခန့်တွင် ထိုသို့ ဖြစ်လာလိမ့်မည်။

ပြီးနောက် ဖလဲရ် အရင်တစ်ချိန်က ပြောခဲ့သည့်အတိုင်း ကယ်လီယန်နှင့် လက်ထပ်ထိမ်းမြားလိမ့်မည်။ထိုကိစ္စက ကျွန်မ၏အတွေးထဲတွင် အမြဲတမ်း ရှိနေခဲ့သည်။

ဒီကိစ္စ မတိုင်ခင် တစ်ခုခုလုပ်မှကို ရမှာ။

ကျွန်မ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။

ထိုအချိန်တွင်

"ဒီတော့ မင်း ရောက်နေပြီပေါ့။"

အရိပ်တစ်ခု ကျရောက်လာသည်။

ကျွန်မ ခေါင်းမော့ကြည့်လိုက်လျှင် အံ့အားသင့်စရာကောင်းအောင် ကယ်လီယန်က ကျွန်မရှေ့တည့်တည့်တွင် ရပ်နေခဲ့သည်။

ဘာလဲဟ။

ဘာလို့ သူက ဒီနေရာကို ရောက်လာရတာလဲ။

ကျွန်မ သိချင်စွာဖြင့် နဖူးအနည်းငယ်တွန့်လိုက်မိသည်။

"ဟုတ်ပါတယ် အရှင့်သား၊ကျွန်မ ရောက်နေပါပြီ။ဒါပေမဲ့ ဘာလို့များပါလဲ ..."


TK Team
++++++++