Ch 44: ဥပေက္ခာ
ထိုအချိန်မှစ၍ ချောင်ယန်သည် အနည်းငယ် ငြိမ်သက်သွားခဲ့ပြီး ပြဿနာများကို ရည်ရွယ်ချက်ရှိရှိမပြုလုပ်တော့ပေ....သို့သော်လည်း သူသည် လုံလောက်သော ပြဿနာဒုက္ခများကို အမှတ်မထင် ဖြစ်စေခဲ့သည်။
ရှဲ့ယင်းသည် သူမသွားများ ယားယံသည် အထိ ဒေါသထွက်ခဲ့သော်လည်း ယုန်ထက်ပိုပြီး မြန်မြန် ပြေးနိုင်သော ဤလူငယ်လေးနှင့် ပတ်သက်၍ သူမ ဘာမှမတတ်နိုင်ခဲ့ပေ။ ဖန်ချန်းသည်လည်း ဒီလိုပဲပင်... ချောင်ယန်ချန်ထားခဲ့သော အရှုပ်အထွေးများကို လိုက်ရှင်းရချိန်တိုင်း ဖန်ချန်းသွားများကိုတင်းတင်းဖိကာ အံကြိတ်ခဲ့သည်။
ဒီလောကမှာက မိုးအရမ်းရွာပေသည်။
တိမ်များနှင့် မြူများ တက်လာတိုင်း တောင်တန်းများ ဝန်းရံထားသည့် ထိုမြို့သည် ပို၍ မှုန်ဝါးလာခဲ့သည်။ မိုးဖွဲများ ကျလာသည်နှင့် တိမ်မြုပ်နေသော အိုင်ငယ်များတွင် ရေများတက်လာကာလှိုင်းငယ်များ ဖြစ်ပေါ်လာစေခဲ့သည်။ ရှဲ့ယင်းသည် ဖန်ချန်းက မိုးရွာသောနေ့များကို အလွန်အမင်းမကြိုက်ကြောင်းကို အချိန်အတော်ကြာမှ သိခဲ့ရသည်။ တက်ကြွသောလေထုအတွက် အမြဲတာဝန်ယူထားသူသည် မိုးရွာသောနေ့များတွင်တော့ တိတ်ဆိတ်နေတတ်သည်။ အဲ့တာက ဖန်ချန်း မပြုံးတာ စကားလုံးဝမပြောတာမျိုးမဟုတ်ပေမယ့်လည်း... ရှဲ့ယင်းသည် သူ၏စကားလုံးများနှင့် အပြုံးများကြား မြူအလွှာတစ်ခုရှိနေသည်လို့ အမြဲခံစားရကာ သူ့စကားလုံးများသည် ခံစားချက်အစစ်အမှန်လား ဟန်ဆောင်တာလားဆိုတာ ပြောဖို့ခက်သည်။
ထိုနေ့ကမိုးရွာသောနေ့တစ်နေ့ ဖြစ်ခဲ့သည်။ ကောင်းကင်ကြီးသည် အပြာရောင်လုံးဝမရှိနေကာ မှောင်မဲနေခဲ့သည်။ မိုးရွာနေသော်လည်း ဘယ်သူမှ ထီးမကိုင်ထားကြပေ။
လူသေအုပ်စုသည် ကြောက်ရွံ့နေကြပြီး စိတ်နတ်ဆိုးများ ရုတ်တရက် ပေါ်လာခဲ့သည်။ ရှဲ့ယင်း နှင့် ဖန်ချန်း တို့သည်လည်း ဤလူများထဲတွင် ပါဝင်နေခဲ့ကြသည်။ တစ်စုံတစ်ယောက်သည် ကျောက်စရစ်ခဲတစ်ခုပေါ် နင်းမိတာကြောင့် ခြေဖဝါးကို ဆန့်ကာ ကျယ်လောင်စွာ အော်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိလူတိုင်းက တုန်လှုပ်သွားကြသည်။ ရှဲ့ယင်းသည် လူအချို့၏ မျက်နှာကို လိုက်ကြည့်ခဲ့သည်။ ခြေဖဝါးနာလို့ခေါ်ခဲ့သည့်လူအားစိတ်မရှည်နေသည့်အရိပ်အမြွက်အနည်းငယ်နှင့် ကြောက်ရွံ့တုန်လှုပ်နေခြင်းများကို သူမတွေ့လိုက်ရသည်။ သူမသည် ထိုသို့သောခံစားချက်များကို မြင်တွေ့နေကြဖြစ်တာကြောင့် သူမ၏လျစ်လျူရှုမှုကို ဖုံးကွယ်ရန် မျက်လုံးများကို ငုံ့ထားလိုက်၍ ထိတ်လန့်နေသော မျက်နှာကို တပ်ဆင်ထားပြီး အဝတ်စထောင့်များကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ထားခဲ့သည်။ သူမ၏ မြင်ကွင်းတွင် ဖန်ချန်းသည် ထိုနေရာတွင် အေးစက်စွာရပ်နေသည်ကို တွေ့လိုက်ရသည်။ ဒါက ရှားပါးလွန်းပေသည်... ဖန်ချန်းသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် လူတိုင်းကို တက်ကြွစွာ ဦးဆောင်လေ့ရှိသည်။ တစ်စုံတစ်ယောက် ဒဏ်ရာရသွားသည်နှင့် တစ်ပြိုင်နက် သူက စိုးရိမ်မှုကို စိတ်အားထက်သန်စွာပြခဲ့သူလည်း ဖြစ်ခဲ့သည်။
သို့သော် ထိုနေ့တွင်မူ သူသည်မလှုပ်မရပ်ဖြင့် ငြိမ်သက်စွာသာ ရပ်နေခဲ့သည်။ မိန်းကလေးတစ်ယောက်က သူ့အဝတ်ထောင့်ကို တုန်တုန်လှုပ်လှုပ်နဲ့ ထိဖို့လက်လှမ်းတော့မှ သူ့အသိစိတ်များ ပြန်လည်ရောက်လာခဲ့ပြီး မသိစိတ်အရ ပြုံးလာခဲ့သော်လည်း ကျောချမ်းစရာ အပြုံးတစ်ခုဖြစ်နေခဲ့သည်။ ဖန်ချန်းက သူကိုယ်သူ သတိထားမိပြီး သူ့လက်ချောင်းများကို တွန့်ချိုးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကောင်မလေးက သိပ်မတွေးခဲ့ပေ။သူမက ဖန်ချန်းအား ရက်ပေါင်းများစွာက တုန်လှုပ်ချောက်ချားမှုများက လွှမ်းမိုးသွားလို့ဟုသာ တွေးခဲ့ပြီးတစ်ယောက်တည်း မခံစာစရန်ကိုပင် နှစ်သိမ့်ပေးခဲ့သည်။
ရှဲ့ယင်းသည် ဖန်ချန်ူအပေါ် ယုံကြည်မှုအပြည့်ရှိနေသည့် မိန်းကလေး၏ မျက်လုံးများကို မြင်လိုက်ရတော့ ရုတ်တရက် သူမ အတွေးများက အထိန်းအကွပ်မရှိ ဖြစ်သွားခဲ့သည်။အကယ်၍ သူတို့သာ သူတို့သိပ်ယုံကြည်ရသည့် လူက သူတို့ကို သေအောင် တွန်းပို့နေတယ်ဆိုတာကိုသာ သိသွားခဲ့ရင်...
ထိုသည်ကို တွေးမိလိုက်ပြီး သူမဗိုက်ထဲမအီမသာဖြစ်လာကာ လည်ပင်း ညှစ်ခံရသလို အသက်ရှူကျပ်သော ခံစားချက်ပေါ်လာခဲ့သည့်။ ဖန်ချန်းပြောသည့်အတိုင်း ဒါကသူတို့အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။
မိုးနှင့် မြူခိုးများက ဖန်ချန်းပတ်ပတ်လည်တွင် အတားအဆီးတစ်ခု ကဲ့သို့ဝန်းရံထားခဲ့သည်။ သူ့ဆံပင်များက စိုစွတ်နေပြီး မိုးရေစက်များက သူ့မျက်နှာပေါ်မှ တလှိမ့်လှိမ့်ကျဆင်းသွားခဲ့သည်။ သူ၏အပြုံးမဲ့သော အရောင်ဖျော့ဖျော့ မျက်လုံးများက ပြန်မြှောက်လာခဲ့ပြီး လူများအား ပုံမှန်မဟုတ်သော အားနည်းချက်ကို ခံစားလာစေသည်။ သူသည် ကွဲအက်နေသည့် ဖန်တစ်ခုလိုမျိုး အပိုင်းအစများပဲ့ကျတော့မလို ထင်ယောင်ထင်မှားဖြစ်နေစေသည်။
ဒီအက်ကြောင်းများက ကုစားလို့မရနေပေ။
သူတို့သည် မသေနိုင်တော့ပေမယ့် ဘယ်သူကမှ နာကျင်မှုနှင့် မရင်းနှီးနေသင့်ပေ။
ရူးနေသည့် ချောင်ယန်ကလွဲရင်ပေါ့...
ဖန်ချန်းသည် အာရုံပြောင်းရန်ခဏတာမျှအချိန်ယူခဲ့ရသည်။ မကြာခင်မှာပဲ ဒဏ်ရာရသူ၏ အခြေအနေကို မေးရန် ခြေလှမ်းစခဲ့ပြီး သူ့ကို ကူညီဖို့ ကြိုးစားခဲ့သည်။ အဲဒီလူက အရမ်းကိုကျေးဇူးတင်နေခဲ့ပြီး သူ့ကို ထပ်ခါထပ်ခါ ကျေးဇူးတင်လာခဲ့သည်။ ကျောက်စရစ်ပေါ်က လက်က သွေးထွက်နေခဲ့ပြီးဖန်ချန်းက မြင်ခဲ့သည်။ သို့ပေမယ့် သူဘာမှပြန်မပြောခဲ့ပေ။ သူ့စိုးရိမ်သည်များက အတုအယောင်ပင်။
ရှဲ့ယင်း၏နှလုံးသည် ဘောလုံးအဖြစ်သို့ လိမ်သွားခဲ့သည်။ သူမ၏စိတ်ထဲတွင် အခြမ်း နှစ်ခြမ်းကွဲနေခဲ့ကာ တစ်ခြမ်းမှာ နာကျင်စွာ ငိုကြွေးနေပြီး ကျန်တစ်ခြမ်းမှာ ဘာမှမထူးခြားဘဲ ဥပေက္ခာပဲရှိနေခဲ့သည်။သို့တိုင်အောင် ဒီလူတွေက အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီလိုမဆက်ဆံခံရသင့်ပေ။ ဤသည်မှာ အပြစ်ရှိသူများကို သတ်ရုံသာမက မိမိကိုယ်ကို သတ်နေခြင်းလည်းဖြစ်သည်။
ဖန်ချန်းသည် သူတို့ငရဲကျနေတာကိုအများကြီးမြင်ဖူးပြီး နောက်ဆုံးမှာ သွေးအေးမကောင်းဆိုးဝါးများ ဖြစ်လာတော့မယ်ဆိုတာ သိပြီးသားဖြစ်သည်။
မကြာခင် မှောင်တော့မည်ဖြစ်သည်...ဤနေရာနှင့် မနီးမဝေးတွင် တဲတစ်လုံးရှိနေခဲ့သည်။ ဖန်ချန်းသည် ဤလူများအားလုံးကို အခြေချပေးရန် လိုအပ်သည်။ နျဲ့ရှီ နှင့် ချောင်ယန်တို့သည် တောင်ကုန်းလမ်းပေါ်တွင်သာ စိတ်နတ်ဆိုးများကို တားဆီးနိုင်စွမ်းရှိသည်။
လူတစ်စုက တဲဆီသို့ ပြေးသွားခဲ့ကြသည်။ မှောင်နေပြီဖြစ်သော်လည်း ဤလူများအတွက် အိပ်ချိန်မဟုတ်သေးပေ။ အေးစက်သောလေများက အရိုးများထဲသို့ စိမ့်ဝင်သွားခဲ့ပြီး မှောင်မိုက်သော အိမ်လေးထဲတွင် ကောင်မလေး၏ ငိုသံကို ရံဖန်ရံခါ ကြားနေခဲ့ရသည်။
မိုးကမရပ်တန်းရွာနေခဲ့ပြီး ကောင်မလေးသည် တံခါးနားကအေးစက်သောကြမ်းပြင်ပေါ်တွင် ထိုင်နေခဲ့သည်။ ကျောက်စရစ်ခဲပေါ်တစ်ခုခုနင်းလာသည့် "ကလစ် ကလစ်" အသံများက အပြင်မှထွက်ပေါ်လာခဲ့သည်။ ဒါက ငှက်ကလေးတွေကျောက်စရစ်ခဲပေါ်နင်းနေသည့်အသံနှင့်တူသော်လည်း မိုးရွာနေသည်ကြောင့် ဒီလိုအသံမျိုး ကြားရဖို့ဆိုတာမဖြစ်နိုင်ပေ။
ရှဲ့ယင်းသည် ချက်ချင်းတုံ့ပြန်လိုက်သော်လည်း သူမသည် အလွန်ဝေးကွာနေတာကြောင့် ပျဉ်ပြားကျိုးလာသောအသံများက သူမ၏ နားစည်ထဲစိမ့်ဝင်သွားခဲ့လေသည်။ မိန်းကလေး၏ ညာဘက်ပခုံးနှင့် လည်ပင်းတစ်ဝက်ကို ညှိုးနွမ်းနေသော လက်ဖြင့် ဖိခံထားရပြီး ချွန်ထက်သော လက်သည်းများက သူမ၏ ဖြူဖွေးနူးညံ့သော အသားအရေထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ အော်သံများက မိုးကြိုးသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
မိန်းကလေးနှင့် အနီးဆုံးလူသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ဖုန်မှုန့်များ ကြား ခွေးတစ်ကောင်လို ထောင့်တစ်နေရာသို့ကြောက်လန့်တကြီးတွားသွားကာ လဲကျသွားခဲ့သည်။ ဖန်ချန်းသည် ကမန်းကတန်း လက်မောင်းကို ဖြတ်လိုက်သည်။ ငါးညှီနံ့များက အခန်းထဲတွင်လွှမ်းသွားပြီး ဖော်မပြနိုင်သော အဝါရောင်အရည်ပါးပါးလေး ထွက်လာသည်။ ။ တစ်စုံတစ်ယောက် လန့်သွားပြီး ရှဲ့ယင်းက ပတ်ဝန်းကျင်ကိုစိတ်အေးအောင် လုပ်ပေးခဲ့လိုက်သည်။ ဖန်ချန်းသည် ကောင်မလေးကို ခပ်ဝေးဝေးသို့ ဆွဲခေါ်သွားလိုက်ပြီး အသားထဲ စိုက်နေသော ပုံပျက်နေသည့် လက်ချောင်းများကို ဆွဲဖယ်လိုက်သည်။ သူမကို ဘယ်သူမှ မကြည့်ရဲကြပေ။ ကောင်မလေးတောင်မှ သူမကိုယ်သူမ ကြောက်လန့်နေခဲ့သည်။ ရှဲ့ယင်းကသာ ဖန်ချန်း၏ မျက်လုံးများ ငြိမ်သက်နေခဲ့တာ မြင်ခဲ့ရသည်။ သူက ကျိုးနေသည့် လက်မောင်းကို လွှင့်ပစ်ပြီး "အဆင်ပြေသွားမှာ" ဟု တိုးတိုးလေးပြောခဲ့သည်။ နူးညံ့သိမ်မွေ့သောလေသံသည် သူ့အမူအရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
သစ်သားတံခါး ပျက်သွားသည်နှင့်အမျှ အေးစက်သောလေများက အရှိန်အဟုန်ပြင်းပြင်း ဝင်လာခဲ့ပြီး ရှုံ့တွနေသောမျက်နှာတစ်ခြမ်းနှင့် မျက်သားမရှိသော အနက်ရောင် မျက်စံများက တံခါးနားချဉ်းကပ်လာခဲ့သည်။ စိတ်နတ်ဆိုးသည် အခန်းထဲက လန့်ဖျတ်နေသည့်လူမျာူကို ကြည့်လာခဲ့သည်။
ကောင်မလေး၏ လည်ပင်းတွင် သွေးထွက်နေခဲ့သည်။ သူမက လုံးဝ ထိတ်လန့်သွားခဲ့ပြီး နာကျင်မှုကိုပင် သတိမပြုမိနိုင်နေပေ။ သူမသည် ၎င်းကို လက်ဖြင့်သာ အုပ်ထားပြီး သူမ၏ မျက်လုံးများက တံခါးဝကို ကြည့်ကာ သူမအား သေလုနီးပါးဖြစ်အောင် သတ်လုနီးပါးဖြစ်သည့်စိတ်နတ်ဆိုးကို ကြည့်နေလေသည်။
အတိုင်းအတာတစ်ခုအထိ အိပ်မက်ဆိုးလူများ(သေမင်းတမန်များ)သည် မသေနိုင်သောသူများဖြစ်ကြပြီး ဒဏ်ရာရသည်နှင့် လျင်မြန်စွာ ပြန်လည်ကုစားနိုင်ကြသော်လည်း ဤလူသေအုပ်စုကမူ ကွဲပြားသည်။ သူတို့တွင် ကုသနိုင်စွမ်း မရှိသလို သူတို့ဒဏ်ရာရရင် ဒဏ်ရာရတာပင်။သူတို့ကိုယ်သူတို့ မကုစားနိုင်သောကြောင့် အသက်ပြန်မရှင်လာနိုင်ပေ။ အဆိုးဆုံးအချက်မှာ သူတို့ရာဇ၀တ်မှုအရ သတ်မှတ်ထားသည့်အချိန်အတိုင်း မသေဆုံးပါက အပြစ်ပေးခံရမည့်သူသည် မစ်ရှင်ကို ဆောင်ရွက်ခဲ့သူများပင်ဖြစ်သည်။ ပြီးတော့ သူတို့ - ဒီသေသွားသည့်လူတွေက သူတို့ မှတ်ဉာဏ်များတဖန်ပြန်ဆုံးရှုံးသွားကြပြီး အစမှတ်ကို ပြန်သွားရ၍ ပြန်စကြရလိမ့်မည်ဖြစ်သည်။
"ငါ...အပြင်ခဏသွားလိုက်အုံးမယ်"
ဖန်ချန်း၏ လေသံထဲတွင် သူ့အသက်ကိုသူ စတေးတော့သလိုမျိုး သတ္တိများအပြည့်ဖြစ်နေခဲ့သည်။ သူက အနည်းငယ်လှုပ်ရမ်းနေသည့်ခြေထောက်များဖြင့် မတ်တပ်ထရပ်လိုက်သည်။ ပိုင်းခြားသိမြင်နိုင်သောမျက်စိရှိသူတိုင်းသည် သူ၏ကြောက်လန့်မှုကို မြင်နိုင်ကြသော်လည်း မည်သူကမျှ သူ့ကို ဖျောင်းဖျပြောဆိုခြင်းမရှိခဲ့ပေ။ ကယ်တင်ခံခဲ့ရသော မိန်းကလေးသည်ပင် အသံမထွက်ဘဲ သူမ၏ဝိညာဉ်က သူမအား စွန့်သွားသကဲ့သို့ တံခါးအပြင်ကိုသာ ဗလာလာဖြစ်စွာစိုက်ကြည့်နေခဲ့သည်။
ရှဲ့ယင်းသည်အဝေးကို ကြည့်လိုက်သည်။ ဖန်ချန်း၏ သရုပ်ဆောင်မှုစွမ်းရည်သည် ကောင်းမွန်သော်လည်း သူမသည် သူ့အထဲတွင်ဒေါသကို ထိန်းထားရသည်ကို တွေ့မြင်နိုင်ဆဲဖြစ်သည်။ ပျဉ်ထောင်အိမ်သို့ ဦးတည်သော တောင်လမ်းနှစ်လမ်းသာ ရှိသည်။ နျဲ့ရှီသည် စိတ်နတ်ဆိုးများကို ဒီတိုင်းလွှတ်ထားမည်မဟုတ်ပေ။ ချောင်ယန်ဘက်မှာသာ တစ်ခုခု မှားနေတာဖြစ်လောက်သည်။
စိတ်နတ်ဆိုးသည် အခြားမည်သည့် လှုပ်ရှားမှုမှ မလုပ်ခဲ့ပေ။ သူက ဒီတိုင်းလှဲပြီး အိမ်ထဲကို လှမ်းကြည့်ရုံသာရှိနေခဲ့သည်။
ဖန်ချန်း ပြတင်းပေါက်ကိုဖွင့်လိုက်သည်နှင့် မိုးအေးအေးနှင့် လေများသည် အထဲဝင်လာခဲ့သည်။ လူတိုင်းလိုလို တုန်သွားကြပြီး ဖန်ချန်း၏ကျောပြင်ပေါ်သို့ မျက်လုံးများက ကျရောက်လာခဲ့သော်လည်း ဘယ်သူကမှ သူ့ကိုမတားလာခဲ့သေးပေ။
ရှဲ့ယင်းသည် ဖန်ချန်းနောက်လိုက်သွားရန် မဖြစ်နိုင်ပေ။ ပထမအချက်မှာ သူမသာလိုင်သွားပါက အခြားသူများ၏ သံသယဝင်တာကို ခံရမည်ဖြစ်ပြီး ဒုတိယအချက်မှာ မတော်တဆမှုများကို ကာကွယ်ရန် သူတို့ အိပ်မပျော်သွားမီအထိ သူတို့ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဖန်ချန်းသည် မိုးရေထဲသို့ ခုန်ဆင်းသွားခဲ့ပြီး မိုးသည် ယခင်ကထက် ပိုမိုပြင်းထန်စွာရွာလာကာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက မိုးရေများကြားနစ်မြှုပ်သွားခဲ့ရသည်။
စိတ်နတ်ဆိုးကို သတိရသွားပြီး ရုတ်တရက် တစ်စုံတစ်ယောက်က "ပြတင်းပေါက်ကို မြန်မြန်ပိတ်ပါ!" ဟုအော်လာခဲ့ပြီး အခန်းထဲရှိ လူများ၏ အာရုံကို ဖမ်းစားလိုက်သည် ။
"ဒီမှာ"
ဖန်းချန်၏ အသံသည် တင်းကျပ်နေခဲ့၏။ သူ ကြောက်လန့်နေမှန်း သိသာထင်ရှားနေသော်လည်း စကားပြောနေဆဲဖြစ်ပြီး မကောင်းဆိုးဝါး၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူ့အသံတွင် စိတ်ပျက်အားငယ်မှုများကပါနေခဲ့သည်။
မြေပြင်ပေါ်တွင် ထိုင်နေခဲ့သော မိန်းကလေးသည် ငြိမ်သက်နေခဲ့သည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး ကျိုးနေသောတံခါးကို လှမ်းကြည့်ရင်း “မလုပ်နဲ့…” လို့ မပီမသအော်လိုက်သည်။ သူမအသံက စိတ်ပျက်အားငယ်မှုအပြည့်ဖြစ်နေပြီး သူမလည်ချောင်းအား တစ်ယောက်ယောက်က ညှစ်နေသလိုမျိုး ခံစားလာရသည်။
ကောင်မလေးသည် စကားဆုံးသည်နှင့် ချက်ချင်း လဲကျသွားခဲ့ပြီး သူ့ပတ်ဝန်းကျင်က လူများလည်း ငြိမ်သက်သွားခဲ့သည်။ အနီးကပ်ကြည့်မယ်ဆိုရင် သူတို့သည် အသက်မရှုနေတော့တာကို တွေ့ရလိမ့်မည်ဖြစ်သည်။
အိပ်ချိန်ရောရ်လာခဲ့ချေပြီ.....
"စိတ်မပူပါနဲ့"
ရှဲ့ယင်းက မတ်တတ်ထရပ်ကာ ကောင်မလေး နားကဖြတ်သွားစဉ် တိတ်တိတ်လေးပြောလိုက်သည
"သူကဟန်ဆောင်နေတာပါ"
ဖန်ချန်းသည် အခန်းတွင်းမှ လှုပ်ရှားမှုကို ကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ ရှဲ့ယင်း၏ပုံရိပ်ကိုတွေ့လိုက်ရသည်။ထို့နောက်သူက သစ်သားတံခါးကနေ သူ့အား စူးစူးစိုက်စိုက်ကြည့်နေသည့် စိတ်နတ်ဆိုးကိုပြန်ကြည့်လိုက်သည်။ ထိုအကောင်ကြီးက ခေါင်းကိုပင်စောင်းထားကာနက်မှောင်သော မျက်လုံးများဖြင့် သူ့ကိုကြည့်နေခဲ့သည်။
ဖန်ချန်းက ဘာမှ မလုပ်သးဘဲ အခန်းတွင်းရှိ ရှဲ့ယင်းအားလှမ်းပြောလိုက်သည်။
"ငါ ချောင်ယန်ရဲ့ နေရာကို သွားကြည့်လိုက်အုံးမယ်"
"ငါလည်း လိုက်မယ်"
ဖန်ချန်းက ဓားမြှောင်ကို ထုတ်ယူလိုက်ပြီး ရှေ့နှစ်လှမ်းတိုးလိုက်သည်။ စိတ်နတ်ဆိုး၏ တုံ့ပြန်မှုကိုပင် စောင့်ဆိုင်းမနေတော့ဘဲ ထိုင်ချလိုက်ကာ အနက်ရောင် ရင်ဘတ်ထဲသို့ တိကျစွာ ထိုးစိုက်ပေးလိုက်သည်။
ခဲရောင်ပြာများသည် အထက်သို့ပျံတက်သွားကြပြီး မိုးရေစက်များဖြင့် မြေပြင်ပေါ်သို့ ထိုးကြား ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့သည် တစ်ခါမှမရှိခဲ့သကဲ့သို့ သဲလွန်စမရှိ ပျောက်ကွယ်သွားသော်လည်း ထိုအရာများသည် အချိန်တိုင်း လေထဲ၌ ထွက်သက်ဝင်သက်နှင့် လူတိုင်းအနားတွင် ရှိနေဆဲဖြစ်ကြသည်။
"သွားကြရအောင်"
တောင်ကြားလမ်းတွင် စိတ်နတ်ဆိုးတစ်ခုကိုမျှ မတွေ့ခဲ့ရပေ။ ရှဲ့ယင်းမတုံ့ပြန်နိုင်ခင်မှာပဲ ဖန်ချန်းက သူ့အရှိန်ကို မြှင့်တင်လိုက်သည်။
"ဘာမှားလို့လဲ?"
ရှဲ့ယင်းသည်လည်း သူမ၏ နှလုံးသားထဲတွင် သံသယများ ရှိနေခဲ့သည်။ ချောင်ယန်က ထိုအကောင်များကို ရည်ရွယ်ချက်ရှိရှိ မလွှတ်ခဲ့ပုံရသည်။
ချောင်ယန်ကိုတွေ့ရချိန်တွင် ချောင်ယန်၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူ၏ ညာဘက်လက်မောင်းမှာ စုတ်ပြဲနေခဲ့ပြီး လက်ချောင်းထိပ်များတွင် သွေးများ စီးကျနေခဲ့သည်။ ရှဲ့ယင်း နှင့် ဖန်ချန်း သူ့ကိုတွေ့ချိန်တွင် သူသည် အသက်ပြင်းပြင်းရှူရင်း ရယ်မောနေသေးသည်ကို တွေ့လိုက်ရသည်။ သူသည် ပါးစပ်ကိုဖွင့်ဟကာ မသာယာစကားလုံးများကို ပြောလာခဲ့သည်။
"ငါတောင်းပန်ပါတယ်..မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့လို့"
သူ့လေသံထဲတွင် တောင်းပန်မှု အရိပ်အယောင်တစ်စက်မှ မရှိနေခဲ့ပေ။ သူသည် တုန်နေခဲ့ပြီး နာကျင်ခြင်းလား ကြောက်ရွံ့ခြင်းလား မပြောနိုင်ပေ.. ဒါမှမဟုတ် ဒီတိုင်း စိတ်လှုပ်ရှားမှုတွေချည်းပေလား...
ရှဲ့ယင်းသည် ချောင်ယန်ကို နားမလည်နိုင်ပေ။ ချောင်ယန်သည် တကယ်ကို ဒုက္ခပေးတတ်ပြီး သူတို့ကို စိတ်ဆင်းရဲအောင် အမြဲလုပ်တတ်သည်။ သူမသည် သူ့ကိုအခုထိသတိထားနေဆဲဖြစ်သည်။
ဖန်ချန်းကမူ ဘာမှပြန်မပြောပေ။ သူက ရှေ့ကို လှမ်းပြီး ချောင်ယန်၏ ကော်လာကို ကိုင်ပြီး နောက်ပြန်ဆွဲလိုက်သည်။ ချောင်ယန်သည် အံ့အားသင့်သွားပြီး တုန်လှုပ်သွားခဲ့သည်။ သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ချက်ချင်း ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။
ဖန်ချန်းသည် သူ၏ဓားမြှောင်ဖြင့် ချောင်ယန်အနားရှိ စိတ်နတ်ဆိုးထဲသို့ ထိုးထည့်လိုက်ပြီး ကျန်သောစိတ်နတ်ဆိုးသုံးကောင်ကိုလည်း လက်စသတ်ပြီးနောက် ရပ်တန့်လိုက်သည်။ ဓားဖျားမှ အနက်ရောင် အရည်များ စီးကျလာခဲ့ပြီး သူသည်ခေါင်းကိုလည်း ငုံ့ထားခဲ့သည်။
ရှဲ့ယင်း၏ အကြည့်များသည် မိုးရေထဲသို့ ကျသွားသည်။ သူမမျက်လုံးကိုမှိတ်လိုက်သည့်အချိန်မှာပဲ ချောင်ယန်ပြောလာသည်ကိုကြားလိုက်ရသည်။
"ခင်ဗျားက...ကျွန်တော့်ကို ဒီလိုမြင်ရတာ ပိုပျော်မယ်လို့ ထင်ထားတာ...."
ဖန်ချန်းက ခေတ္တရပ်လိုက်ပြီး ခေါင်းကို မြှောက်လိုက်ကာ အနည်းငယ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
"ဘာလို့လဲ..."
သူ့တုံ့ပြန်မှုသည် ဟန်ဆောင်မှုကင်းမဲ့ေနကြောင့် ချောင်ယန်ကအံ့အားသင့်သွားခဲ့သည်။
"...ခင်ဗျား ကျွန်တော့်ကို မမုန်းဘူးလား.. ကျွန်တော်တော်တော် ဒုက္ခပေးခဲ့တာကို..."
သူကိုယ်သူ သိနေဟန်ဖြင့်ပြောလာခဲ့သည်။
ရှဲ့ယင်းသည် သူမဘက်အား ကျောပေးထားသည့်ချောင်ယန်ကို ငုံ့ကြည့်လိုက်သည်။ သူ့ဒဏ်ရာများ အနာကျက်လုနီးပါးဖြစ်နေပြီဆိုသော်လည်း သူ့အဝတ်အစားများပေါ်တွင် သွေးများကကျန်နေသေးပြီး သူ့နောက်ကျော၌ ခြစ်ရာများကရှိနေခဲ့သည်။ စိတ်နတ်ဆိုးများ၏ ကုတ်ခြစ်ခံခဲ့ရပြီး အရေပြား စုတ်ပြဲသွားခဲ့ခြင်း ဖြစ်နိုင်သည်။ သိူ့သော်လည်း အခုတော့ အနည်းငယ်သက်သာလာပြီဖြစ်သည်။
"ဟမ်..."
ဖန်ချန်းက အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့သည်။ သူသည် လူနှစ်ယောက်ကို ကျော်လွန်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ ချောင်ယန်က သူ့နောက်ကျောကို တည့်တည့်မတ်မတ်ဆန့်လိုက်ပြီး ဖန်ချန်း၏အဖြေကို မျှော်လင့်တကြီးစောင့်ဆိုင်းနေခဲ့ကာ အသေးစိတ်အချက်များကို လုံးဝဂရုမစိုက်နေပေ။ ရှဲ့ယင်းသည် တစ်ခုခုသတိပြုမိသွားပြီး သူမနောက်ကို လှမ်းကြည့်လိုက်ရာ - နျဲ့ရှီသည် ဘယ်တုန်းထဲစရောက်နေမှန်းမသိကာ ထိုနေရာတွင် ရှိနေခဲ့သည်။
"အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
ထိုအချိန်တွင် နားထောင်နေသူ၏ ခန္ဓာကိုယ်ပေါ် မိုးရေစက်များက စီးကျသွားခဲ့သည်။ ရှဲ့ယင်းသည် သူမ၏ တစ်ကိုယ်လုံး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ဒီတစ်ခါတော့ ချောင်ယန် သည် တကယ်တုန်လှုပ်သွားတာကို သူမတွေ့လိုက်ရသည်။
ဖန်ချန်း၏ အဖြေသည် အလွန်သင့်လျော်နေသည်။ ချောင်ယန်သည် အလွန်ဒေါသထွက်သွားပြီး သူ့စကားများ မရှင်းမလင်းဖြစ်စွာထွက်လာခဲ့သည်။
"အဲဒီမကောင်းဆိုးဝါးတွေကို သတ်တာက ဘာအမှားမှ မဟုတ်ဘူး!"
"ဟုတ်လား.."
"သူတို့မှာ အတွေးတွေမရှိဘူး သူတို့က အပြစ်ရှိတဲ့ လူတွေဆီကနေ လာတာ စိတ်နတ်ဆိုးတွေက မကွဲပြားဘူး”
"အော်"
ချောင်ယန်၏ ဒေါသသံသည် ဖန်ချန်း၏ ငြိမ်သက်မှုကို ပို၍ မီးမောင်းထိုးပြနေခဲ့သည်။ ချောင်ယန်သည် သကြားလုံးမရသော ကလေးတစ်ယောက်ကဲ့သို့ပင် ခက်ခက်ခဲခဲ ငြင်းခုံကာ လူတိုင်း၏အာရုံကို သူ့အပေါ်ကျလာစေချင်ခဲ့သည်။
- သူက သူတို့၏ အာရုံစိုက်မှုကို ရရှိနေခဲ့သည်။
ရှဲ့ယင်းတွင် ရယ်စရာကောင်းသော အတွေးရှိနေခဲ့ပြီး ချက်ချင်းငြင်းဆန်ချင်သော်လည်း ရယ်မိသွားခဲ့သည်။ ဒါကဖြစ်နိုင်လောက်မလား... ချောင်ယန်သည် သူ၏ အရည်အချင်း အကန့်အသတ်ကြောင့် ဤစိတ်နတ်ဆိုးများကို မရပ်တန့်နိုင်ခဲ့ဘဲ သူ့အရှက်ကို သူတို့မြင်မည် စိုးသဖြင့် လျစ်လျူရှုဟန်ဆောင်နေခဲ့တာဖြစ်လောက်သည်။
အဲဒီအမာရွတ်တွေ..
ရှဲ့ယင်းသည် ချောင်ယန်ကို မကြည့်ဘဲ မနေနိုင်ပေ...သူ၏ အဝတ်စားများစုတ်ပြဲမှု အတိုင်းအတာကို ကြည့်လိုက်သည်။ လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများ အနက်နှင့်အနီရောင်များက စွန်းထင်းနေခဲ့သည်။ မထိခိုက်တာတော့ မဖြစ်နိုင်ပေ... မသေနိုင်ဘူးဆိုရင်တောင်မှ နာကျင်မှုက တစ်ဝက်လောက်တော့ သက်သာအုံးမှာ မဟုတ်နေချေ။
"သူတို့ အကုန်ပျောက်ကွယ်သွားသင့်တယ်..အဲဒီ့ အပြစ်ရှိတဲ့သူတွေရောပဲ"
ချောင်ယန်၏အသံကအက်ကွဲလာခဲ့သည်။
"ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး"
ဖန်ချန်း : "အင်း"
ချောင်ယန်၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေခဲ့သည်။
ရှဲ့ယင်းသည် ဖန်ချန်းက ချောင်ယန်ရှာခဲ့သောဒုက္ခများကို တကယ်ဂရုမစိုက်သလိုမျိုး ဘာလို့ ဒီလောက်တည်ငြိမ်နေရတာလဲဆိုတာ နားမလည်နိုင်ပေ။ သူနှင့် သဘောတူသော်လည်း သူမ၏ သဘောထားမှာ ချောင်ယန်ကို လုံးဝ ဂရုမစိုက်ဘဲဘယလျစ်လျူရှုရန်ဖြစ်သည်။
ချောင်ယန်၏ လေသံသည် ပိုပြီး ဒေါသတကြီးဖြစ်လာခဲ့သည်။
"ဒါပေမယ့် ခင်ဗျားမလုပ်ခဲ့ဘူး! ခင်ဗျားမှာ သူတို့ကို သေချာပေါက် သတ်နိုင်တဲ့ အရည်အချင်း ရှိပေမယ့် မလုပ်ခဲ့ဘူး! စိတ်နတ်ဆိုးတွေကိုသတ်ဖို့ အစပြုတာထက် အဲဒီအပြစ်သားတွေကြားထဲမှာ ရောနှောနေတာ ပိုကြိုက်နေတာ...ရူးများနေတာလား"
မိုးရေများက ပျော့ပျောင်းလာပြီး အရေပြားကို စိမ့်ဝင်လာခဲ့သည်။ ဖန်ချန်းက ခေါင်းကို ငုံ့ထားလိုက်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းယမ်းလိုက်သည်။
ချောင်ယန့်ကို ငြင်းတာက သူ့ကိုယ်သူ ငြင်းတာနဲ့တူသည်။ စက္ကန့်အနည်းငယ်ကြာလာခဲ့ပြီး မိုးကရွာလုနီးပါး ဖြစ်လာခဲ့ကာ ဖန်ချန်းသည် ပြုံးနေသည့် မျက်လုံးများနှင့် သူ့ခေါင်းကို မော့ကာကြည့်လာခဲ့သည်။ ရှဲ့ယင်း သည် သူမပတ်ဝန်းကျင်ရှိ လေထုက လျော့ကျသွားသည်ဟု ခံစားလိုက်ရပြီး သေလုမျောပါးအခြေအနေရောက်နေသည်ဟု ခံစားခဲ့ရပြန်သည်။
ဖန်ချန်းက အလွန်နူးညံ့သည့်အသံဖြင့်မေးလာခဲ့သည်။
"ငါတို့က ပုပ်နေတာမဟုတ်ဘူးလား"
သူ့နောက်ကွယ်တွင် စိတ်နတ်ဆိုးက ရုတ်တရက် ပေါ်လာခဲ့ပြီးနောက်တွင် ကျည်ဆန်တစ်ခုက သူ့ပါးစပ်အလယ်ကို ထိမှန်သွားခဲ့သည်။ ချောင်ယန် လှည့်မကြည့်ခင်မှာပဲ ဖန်ချန်းပြောလာသည်ကိုသူကြားလိုက်ရသည်။
"ငါတို့က တစ်ဉီးတည်းသီးသန့်ဖြစ်တည်မှုမဟုတ်ဘူး...အသက်ရှင်နေတဲ့သူတွေရောပဲ "
နျဲ့ရှီက သူ့သေနတ်ကို ပြန်ချလိုက်ပြီး ရှဲ့ယင်းနဲ့ ချောင်ယန် ကိုဖြတ်ကာ ဖန်ချန်းအနားကို လျှောက်သွားခဲ့လိုက်သည်။
ကမ္ဘာပေါ်ရှိ အိပ်မက်ဆိုးလူများ အပါအဝင် အသက်ရှင်နေသည့် လူများ သေဆုံးနေသည့်လူများ စိတ်နတ်ဆိုးများ အားလုံးသည် အတူတူပင် ဖြစ်သည်။ စိတ်ထဲမှာ ကြိတ်ပြီး အနာတည်နေကြသည့်သူများပင်...
ဖန်ချန၏ထင်မြင်ချက်တွင် သူတို့သည်လည်း ထိုနတ်ဆိုးများနှင့်မကွာခြားနေပေ။
သူတို့ကိုယ်တိုင်ပင် သူတို့၏ တစ်စိတ်အပိုင်းကို ပြန်သတ်နေခဲ့ကြသည်သာ....
××××××××××××