Ch 45.1 ပျက်စီးခြင်း
အချိန်ကြာသည့်တိုင်အောင် ဘယ်သူမှဘာမှမပြောခဲ့ကြပေ...
နျဲ့ရှီက ဖန်ချန်းအနားသို့ရောက်လာခဲ့ပြီး ဖန်ချန်း၏မျက်လုံးများကို ဖုံးကွယ်ရန် မျက်နှာထားတည်နေသောလူငယ်လေးကို အားအနည်းငယ်သုံးကာ သူ့ရင်ခွင်ထဲသို့ဆွဲသွင်းခဲ့လိုက်သည်။
ချောင်ယန်ကနောက်ဆုတ်လိုက်သည်။ မိုးရွာထားသည်ကြောင့် မြေကြီးကပျော့ပျောင်းနေရာ ဖိနပ် ရာကျန်ရစ်သွားခဲ့သည်။
ဖန်ချန်းသည် အသက်ပြင်းပြင်းပြင်းရှူနေပြီး သူ့ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေကာ ဖြည်းဖြည်းချင်း ပြန်ကျသွားသော်လည်း ရှဲ့ယင်းသည် နားမလည်နိုင်သော နာကျင်မှုများရှိေနတာကို ခံစားလိုက်ရသည်။ မိုးရေစက်များသည် ကီလိုတစ်ထောင်အလေးချိန်ဖြင့် ပြင်းပြင်းထန်ထန် အားကောင်းစွာရွာသွန်းနေခဲ့ပြီး အရူးသဖွယ် ခန္ဓာကိုယ်ကို ရိုက်ခတ်ေနကာ စိတ်ဝိညာဉ်ကိုပင် ကြေမွသွားစေသည်။
"....နားမလည်ဘူး..."
ချောင်ယန်က မပီမသရေရွတ်လိုက်ပြီး ရှားရှားပါးပါး ထိတ်လန့်တကြား ဖြစ်နေခဲ့သည်။ သူက ေရှ့သို့ေခြလှမ်းအနည်းငယ်လောက်တိုးလိုက်သော်လည်း ဖန်ချန်း၏နောက်မှ နျဲ့ရှီကိုတွေ့လိုက်ပြီးနောက်တွင်ရပ်တံ့လိုက်သည်။ သူက နှုတ်ခမ်းကိုအနည်းငယ်ဟလိုက်ေက်ေသာ်လည်း ပြန်စေ့ခဲ့လိုက်သည်။
နျဲ့ရှီသည် ဖန်ချန်း၏နောက်တွင် အကာအကွယ်အဖြစ် မားမားမတ်မတ်ရပ်နေခဲ့သည်။ သူ့လက်ချောင်းများက ဖန်ချန်း၏ဆံပင်များကိုထိလိုက်နေကာ ဖန်ချန်းမသေခင်တုန်းကလုပ်ခဲ့သလိုမျိုး သူ့မျက်လုံးများကို ကွယ်ထားသည့် ဆံပင်များအား အသာအယာ သပ်တင်ပေးလိုက်သည်။
ရှဲ့ယင်းသည် ဤလူနှစ်ယောက်ကြားတွင် မည်သို့သောဆက်ဆံရေးရှိသည်ကို အမြဲသိနေခဲ့သည်။
အပြန်အလှန်မှီခိုကြပြီး နီးကပ်သောအတွဲဆက်ဆံရေးဖြစ်ကြသည်...
ကမ္ဘာကသိထားသည့် ချစ်ခြင်းထက် ပိုရှုပ်ထွေးပြီး ပြင်းထန်သော ခံစားချက်မျိုးပင်...
ဖန်ချန်းက နျဲ့ရှီ၏လက်ကို ဆွဲယူကာ သူ့လက်ကောက်ဝတ်ကိုကိုင်လိုက်၍ လှည့်ကြည့်ကာမေးလိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
"မင်း.. စိတ်အခြေအနေမကောင်းနေဘူး.."
"ငါမဟုတ်ဘူး..."
ဖန်ချန်းသည် ဆန့်ကျင်ဘက်လူနှစ်ယောက်ကို ပြန်လှည့်မကြည့်မီပြောလိုက်သည်။
သူက ရှဲ့ယင်း၏ ရင်းနှီးသော အပြုံးကို မြှောက်လိုက်ရပြီး ချောင်ယန်ကို သေချာကြည့်ကာစိတ်ပါလက်ပါပြောလိုက်သည်။
"မင်း နားလည်လား နားမလည်ဘူးလားဆိုတာ ငါ ဂရုမစိုက်ဘူး"
ချောင်ယန်: "..."
"မင်းလုပ်သမျှကို ငါလိုက်မထိန်းနိုင်ဘူး... စိတ်နတ်ဆိုးတွေကိုသတ်ဖို့အတွက်နဲ့ လူ့ဘုံကိုကြီးကြပ်သူရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူ့ကိုယ်သူ နာကျင်အောင်လုပ်တာဖြစ်ဖြစ်..."
ဖန်ချန်းက ခေါင်းညိတ်ကာ ရိုးရိုးသားသားနဲ့ ဆိုးသွမ်းစွာ ပြုံးပြီးပြောလိုက်သည်။
"ငါ့ကိစ္စမဟုတ်ဘူး"
ကလေးတစ်ယောက်လို ဖက်ရန်ဖြစ်ရတာက ရယ်စရာကောင်းလွန်းသည်။ ရှဲ့ယင်းသည် နျဲ့ရှီကို ကြည့်လိုက်ပြီး ဒီမှာ ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်သော လူကြီးတစ်ယောက်လည်း ရှိသေးသည်ဟု တွေးလိုက်မိသည်။
"ဒါပေမယ့် မင်းလုပ်လိုက်တဲ့ လုပ်ရပ်အတွက်ကိုတော့ မင်းတာဝန်ယူရမယ်... မင်း နားမလည်ရင်တောင် မင်းမှာ တာဝန်ရှိတယ်"
ဖန်ချန်းက ရုတ်တရက် လေးလေးနက်နက်ဖြင့် "မင်း အပြစ်ဒဏ်ပေးခံရလိမ့်မယ်"
ထိုနေ့က ဖြစ်သမျှအရာအားလုံးသည် ဟာသပြဇာတ်တစ်ခုလိုပင်...
ချောင်ယန်သည် မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး ပြုမူနေဆဲဖြစ်ပြီး တစ်ခါတစ်ရံ စိတ်နတ်ဆိုးတစ်ကောင် သို့မဟုတ် နှစ်ကောင်ကို မဖြေရှင်းဘဲ တမင်တကာ ချန်ထားခဲ့တတ်သည်။ အရင်တုန်းကတော့ ဖန်ချန်းသည် ကျိန်ဆဲပြီး အရှုပ်အထွေးများကို ရှင်းပစ်ခဲ့သည်။ အခုလည်း ထိုအတိုင်းပဲ လုပ်ဆောင်ခဲ့သော်လည်း နောက်ထပ်တစ်ခု ထပ်တိုးခဲ့လိုက်သည်။ ဖန်ချန်းသည် စိတ်နတ်ဆိုးများကို ဖယ်ရှားပြီးသည်နှင့် ချောင်ယန်ကို ဖမ်းကာ ရိုက်နှက်ခဲ့တော့သည်။
ရှဲ့ယင်းသည် တစ်ချိန်ကဆို ဖန်ချန်းက ချောင်ယန်၏ခေါင်းကို တက်နင်းပြီး ပြောတာကိုတွေ့ခဲ့ရဖူးသည်။
"လာစမ်းပါကွာ ဘာလို့ ထွက်ပြေးနေတာလဲ... ငါကျောင်းမှာ ရန်ဖြစ်တဲ့အချိန်တုန်းကဆို မင်းကမွေးတောင်မမွေးသေးဘူး... ဘယ်လိုတောင်ငါ့ဆီကထွက်ပြေးရဲတာလဲ"
ချောင်ယန်က ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ပြန်မေးခဲ့သည်။
"ဒါဆို ခင်ဗျားကအသက်ဘယ်လောက်ရှိပြီလဲ...အဘိုးကြီးဖြစ်နေပြီလား.."
ရှဲ့ယင်းသည် ချောင်ယန်မှာ ဦးနှောက်မရှိလောက်ဘူးဟု နောက်တစ်ကြိမ်ထပ်တွေးမိခဲ့သည်။
ထုံးစံအတိုင်း သူသည် ဖန်ချန်းဆီမှ ပိုဆိုးရွားစွာအရိုက်ခံခဲ့ရသည်။
ဒါက ဖန်ချန်းပြောသည့် "ပြစ်ဒဏ်" သာဆိုရင် ချောင်ယန်နှင့် တကယ်ထိုက်တန်ပေသည်။
သို့သော်လည်းရှဲ့ယင်းသည် ဒီလိုမဟုတ်မှန်းသိသည်။ ဖန်ချန်းသည် ချောင်ယန်ကို သင်ခန်းစာတစ်ခု ပေးရုံသာဖြစ်သည်။ သူတို့ကို တကယ်အပြစ်ပေးမည့်သူမှာ သူတို့နှင့်အတူ အမြဲရှိနေတတ်သည့် စောင့်ကြည့်သူဖြစ်ပြီး ထိုသူက နေရာတိုင်းကို လိုက်နေတတ်သော ကြောင်ပင်....
ဒါဆို...တကယ့်ပြစ်ဒဏ်ကဘာများလဲ...
ဖန်ချန်းသည် ချောင်ယန်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အနိုင်ယူပြီးနောက် ချောင်ယန်အား သူ့ကို 'အစ်ကို'ဟု ခေါ်ခိုင်းခဲ့ကာ ချောင်ယန်ကလည်း သူ့ကို "ဖန်ချန်းကော" ဟု ချောမောစွာ ခေါ်ခဲ့သည်။ထိုသို့ အချိန်အတော်ကြာပြီးနောက်မှာတောင် ပြစ်ဒဏ်အတွက် အဖြေမရရှိသေးပေ။
လူ့ဘုံရှိ ဘဝသည် ငြီးငွေ့ဖွယ်ကောင်းလှသည်။ သူတို့သည် အပြစ်သားများကို သေခြင်းဆီသို့ပို့ဆောင်ပေးရပြီး သေခြင်း၏ အပြစ်များကို နားလည်လာကာ တစ်နေ့တခြားဝေဒနာများကထုံကျင်လာခဲ့သည်။ထိုအရာက ချောင်ယန့်အားပျော်ရွှင်မှုအချို့ကို လိုချင်လာစေခဲ့သည်။
ချောင်ယန်သည် မိမိကိုယ်ကို သတ်သေခြင်းကိစ္စ၌ အလှမ်းဝေးနေခဲ့တာ ကြာပြီဖြစ်တာကြောင့် ရှဲ့ယင်းအား မေးခွန်းတစ်ခုမေးလာသောအခါတွင် သူမသည်ထူးထူးခြားခြားမခံစားခဲ့ရပေ။
"မင်းဘယ်လိုသေခဲ့တာလဲ..."
ချောင်ယန်သည် လူ့ဘုံမှတားမြစ်ချက်မှန်သမျှကိုမဆို ထိတွေ့ချင်ခဲ့သည်။
သူမ ဘယ်လိုဖြေရမှန်းမသိနေချိန်မှာပဲ ဖန်ချန်းက "ဒါဆို မင်းကရောဘယ်လိုသေခဲ့တာလဲ" ဟုပြန်မေးလိုက်ကာ ဘောလုံးကိုသူ့ဘက်ပြန်ကန်လိုက်သည်။
ရှဲ့ယင်းသည် ချောင်ယန် ပါးစပ်ပိတ်နေလိမ့်မည်ဟု ထင်ခဲ့သည်။
"လူသား စမ်းသပ်မှု"
ဆယ်ကျော်သက်တစ်ယောက်လို အမြဲမြင်နေရသော ချောင်ယန်သည် စားပွဲပေါ်တွင် ခေါင်းကိုတစ်ဖက်လှည့်ကာလှဲလျောင်းလျက် ရှိနေပြီး ဘယ်သူ့ကိုမှ မကြည့်နေကာ သူ့လေသံက ပေါ့ပါး နေခဲ့သည်။
လေထုက ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ချောင်ယန်က ခေါင်းကို မော့လာကာ အပြစ်ကင်းစင်ပြီး စိတ်ရှုပ်နေသည့်ပုံဖြင့် "ဘာလို့ စကားမပြောကြတော့တာလဲ...."
ထိုအချိန်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးနေပြီဖြစ်သည်။
--ရှဲ့ယင်းသည် သူတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားလို့ ထင်ခဲ့သည်။
သို့တိုင်အောင် လူတိုင်းတွင် လျှို့ဝှက်ချက်များစွာရှိကြသည်။ အရေးကြီးသည့်အရာများ အရေးမကြီးသည့် အရာများအားလုံးက သူတို့၏ နှလုံးသားထဲတွင် နက်နဲစွာရှိနေသေးသည်။ ယခုလည်း ချောင်ယန်အား အခုမှပထမဆံုးတွေ့ဖူးသလိုခံစားလိုက်ရပြီး ကောင်လေးကို ပြန်ကြည့်ဖို့တောင် မတတ်နိုင်တော့ပေ...
ဖန်ချန်းသည် ခဏလောက် ထိတ်လန့်သွားခဲ့သော်လည်း ချက်ချင်းပြုံးလိုက်ကာ အနည်းငယ် အကူအညီမဲ့နေသည့်ပုံဖြင့် နျဲ့ရှီ၏ ခြေသလုံးကို လှမ်းကန်လိုက်ပြီးပြောလိုက်သည်။
"ငါပြောသားပဲ"
ထို့နောက် သူက ချောင်ယန်ကိုပြန်ကြည့်သည်။ သူ့အကြည့်များကဂျူနီယာလေးကိုကြည့်နေသည့် အကိုကြီးတစ်ယောက်နဲ့ပင် ပိုတူနေသေးသည်။ ခဏတာအတွင်း ဖန်ချန်းသည် သူ၏ရုပ်ရည်သွင်ပြင်နှင့် မကိုက်ညီသော ဣန္ဒြေနှင့် ရင့်ကျက်မှုကို ပြသခဲ့ပြီး သူသေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ဒီလူ့ဘုံပေါ်တွင် အချိန်အတော်ကြာရှိနေခဲ့တာဖြစ်ကြောင်း လူများ ရုတ်တရက် သဘောပေါက်သွားစေခဲ့သည်။
"အမ်း...ငါတို့ကားမတော်တဆမှုမှာဖြစ်ပြီးတော့ချောက်ထဲပြုတ်ကျသွားတာ"
ရှဲ့ယင်းသည် အသက်ရှုအောင့်လိုက်မိကာ ထိုမျှမရိုးရှင်းကြောင်း မသိစိတ်အရတွေးလိုက်မိသော်လည်း နောက်တစ်ဆင့်ကို စောင့်ဆိုင်းလိုက်သည်။
နျဲ့ရှီသည် ဖန်ချန်းကို လုံးဝအာရုံစိုက်ထားကာ သူ့အမူအရာတိုင်းကို သတိပြုမိလည်း စကားမပြောရန်တော့ မတားလာခဲ့ပေ။
ချောင်ယန်က နှာခေါင်းရှုံ့လိုက်ပြီး "ဒါပဲလား?"
"အင်း ဒါပဲလေ"
ဖန်ချန်းက မေးစေ့ကို မြှောက်လိုက်ပြီးပြောလိုက်သည်။
"မဟုတ်ရင်ရော ဘဝမှာ ဘယ်လိုလုပ်ပြီးဒရာမာတွေ အများကြီးရှိနိုင်မှာလဲ"
"ဒါက မတော်တဆမှုတစ်ခုပဲလား..."
ချောင်ယန်က အခုထိမယုံနိုင်သေးပေ...
ချောင်ယန်သည် အရိုက်ခံရခြင်းမှ မဝေးတော့သည်ကို ရှဲ့ယင်းခံစားမိလိုက်သည်။ သူသည် လူများ၏ဒဏ်ရာများကို တူးဆွရာတွင် အလွန်ပင်ပါရမီပါကြောင်း သူ့ကိုယ်သူမသိဘူးလားဟု ရှဲ့ယင်းတွေးမိလိုက်သည်။
ဖန်ချန်းက ခေတ္တရပ်သွားကာ မျက်တောင်နှစ်ကြိမ်လောက်ခတ်လိုက်သည်- "မဟုတ်ဘူး" “
"ဒါဆိုရင်..."
"လူတွေက ရလဒ်ကိုပဲ တန်ဖိုးထားကြတာ"
ဖန်ချန်းက ချောင်ယန်၏မေးခွန်းကို ဖြတ်ပြောလိုက်သည်။
"နောက်ဆုံးတော့လည်း ဒီကိစ္စကို မတော်တဆမှုအနေနဲ့ပဲ ကိုင်တွယ်ခဲ့ကြတယ်"
ရှဲ့ယင်းသည် အလျင်စလို ခေါင်းငုံ့လိုက်ပြီး သူမ၏ နားထဲတွင် ချိုသာသော "မမ" ဟု ခေါ်သံတစ်ခုကထွက်ပေါ်လာခဲ့သည်။ မနှစ်မြို့ဖွယ်ကောင်းသော လမ်းဟောင်းသည် သူမရှေ့တွင် ရှိနေပြန်သည်။ သူမသည် ငယ်စဉ်ကလေးဘဝလမ်းဟောင်းသို့ ပြန်ရောက်သွားခဲ့ပြီး သူမအမေချက်ပြုတ်ထားသော မွှေးကြိုင်သောကောက်ညှင်းပေါင်းကိုအနံ့ကိုရလိုက်ရသည်။ မွှေးကြိုင်သင့်ပျံ့သော အနံ့ပင်... ရုတ်တရက် သူမှတ်ဥာဏ်များထဲက ဖြူဖွေးနူးညံ့သော ကောက်ညှင်းလုံးများကတဖြည်းဖြည်း မည်းနက်လာပြီး အနံ့ဆိုးတွေ ထွက်လာခဲ့သည်။ ညစ်ညမ်းသော ရွှံ့ဟင်းရည်ထဲမှာ ရောမွှေလိုက်သလိုမျိုး ညိုမဲလာပြီး ပါးစပ်ထဲက အသားများနှင့်လည်ချောင်းကို လောင်ကျွမ်းစေခဲ့သည်။
လူတိုင်းတွင် လျှို့ဝှက်ချက်ကိုယ်စီရှိကြပြီး လူတိုင်းက ရိုရိုးသေတာထက် ပိုဆိုးပေသည်။ သေခြင်းနှင့် ပြန်လည်မွေးဖွားခြင်း မရှိခြင်းသည် သူမကိုယ်တိုင်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။
နျဲ့ရှီက ဖန်ချန်းနား ပို၍ ပို၍နီးကပ်လာခဲ့ပြီး ဖန်ချန်းသည် လက်ကိုမြှောက်၍ သူ့နဖူးပေါ်တင်ကာတားလိုက်သည်။
"မင်းဘာလုပ်အုံးမလို့လဲ"
"သေချာစောင့်ကြည့်မိလို့"
"ငါက မျောက်ဝံမို့လို့လား.. ဘာလို့ ငါ့ကိုသေချာစောင့်ကြည့်ချင်နေတာလဲ.."
ရှဲ့ယင်းသည် သူမ၏အတွေးများမှ ပြန်ထွက်လညခဲ့သည်။ သူမထွက်လာလာချင်းပင် ရယ်ရခက်ငိုရခက်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဒီမှတ်ဉာဏ်များက ခက်ခဲနေလိမ့်မည်။ နျဲ့ရှီက သူ့ကို နှောက်ယှက်လိုက်ပြီး နာကျင်မှုကို သက်သာစေရန် လမ်းလွှဲပေးလိုက်တာဖြစ်သည်။
ချောင်ယန်က ထပ်မေးချင်နေသော်လည်း နျဲ့ရှီ၏ အကြည့်များကြောင့် ထိတ်လန့်သွားခဲ့ရသည်။
နျဲ့ရှီသည် ဖန်းချန်၏ရှေ့တွင်မူ နူးညံ့လွန်းသဖြင့် ရှဲ့ယင်းသည် တစ်ခါတစ်ရံတွင် သူဘယ်လိုလူလဲဆိုတာကို မေ့မေ့သွားခဲ့သည်။ နျဲ့ရှီ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများသည် သူမအပေါ်တွင် အရိပ်မဲကြီးတစ်ခု ချန်ထားခဲ့သော်လည်း သူမ ဖန်ချန်းကို ကြည့်လိုက်သည့်အခါတိုင်း ရေကန်နက်ကဲ့သို့ အေးဆေးတည်ငြိမ်ပြီး နွေးထွေးအေးမြသော အနားယူရန် နေရာတစ်ခုကဲ့သို့ ခံစားရလေသည်။
ရှဲ့ယင်းသည် နျဲ့ရှီနှင့် တစ်ခါမှ အလုပ်တွဲမလုပ်ဖူးတာမဟုတ်သော်လည်း အကြောင်းပြချက်မရှိစွာ သူမသည် နျဲ့ရှီကို ကြောက်ရွံ့၍အရိပ်မဲကြီးတစ်ခုကဲ့သို့ခံစားရပေသည်။ သူမ၏ပထမဆုံးမစ်ရှင်တွင် ခက်ခဲသောအခြေအနေနှင့်ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်တုန်းက သူမတို့အုပ်စုသည် တောထဲတွင် လမ်းပျောက်သွားခဲ့သည်။ ထိုအချိန်တွင် နျဲ့ရှီသည် သူမရှေ့တွင် ပေါ်လာခဲ့သည်။ ရှဲ့ယင်းသည် ထိုနေ့၌ နျဲ့ရှီက သေနတ်ထဲမှ ကျည်ဆန်များများကို ထုတ်ပစ်လိုက်ပြီး လက်ဗလာဖြင့်စိတ်နတ်ဆိုးကိုကိုင်တွယ်ခဲ့ကာအဝါရောင်အညစ်အကြေးများထွက်လာစေသည့် မြင်ကွင်းကို ဘယ်တော့မှမေ့မှာမဟုတ်ပေ။
သူမ၏ ခြေထောက်များသည် ယိုင်ကျသွားကာ သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသော မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမသည် အဝေးမှ ကျယ်လောင်သော အသံကို ကြားလိုက်ရပြီး လူတိုင်း လုံခြုံမှု ရှိမရှိ အတည်ပြုနိုင်ခဲ့သည်။ နျဲ့ရှီသည် သူမဆီသို့ လျှောက်လာခဲ့ပြီး သူ့နောက်တွင် စိတ်နတ်ဆိုးကောင်သည် ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ လွင့်ထွက် ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ အသက်ရှုသံများ ပြင်းထန်လာခဲ့ပြီး နျဲ့ရှီက သူမထံသို့ လက်ညိုးထိုးပြကာ သူ့နှုတ်ခမ်းပေါ် ဖြည်းညှင်းစွာ တင်လိုက်ပြီး 'ရှူး' ဆိုသောအမူအရာမျိုးလုပ်ပြလညသည်။ သူ၏နက်မှောင်သော မျက်လုံးများတွင် ခံစားချက်အရိပ်အယောင်တစ်ခုကိုမှ သူမ မမြင်နိုင်ခဲ့ပေ။
ဖန်ချန်းမှ သူတို့ကို ရှာတွေ့ချိန်တွင် သူသည် သူမတို့နှစ်ဦးကြားကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီး နျဲ့ရှီကို သံသယဝင်စွာဖြင့် မေးလိုက်သည်။
"မင်းဘာလုပ်ခဲ့တာလဲ"
"ငါဘာမှ မလုပ်ခဲ့ဘူး...ဒီတိုင်း စိတ်နတ်ဆိုးကို သတ်ပစ်ခဲ့တာ"
ဖန်ချန်းက လက်ပိုက်လိုက်ပြီး မယုံဟန်ဖြင့် နျဲ့ရှီ၏မျက်နှာကို စိုက်ကြည့်လိုက်သည်။
နျဲ့ရှီ၏ အာရုံကရှဲ့ယင်းဆီပြောင်းသွားခဲ့သည်။
"မင်းငါ့ကိုမယုံရင် သူမကိုမေးကြည့်လေ"
ရှဲ့ယင်းသည် သူမအမှားလုပ်မိပါက နှုတ်ပိတ်သတ်ပစ်ခံရမှာကိုကြောက်တာကြောင့် စကားတစ်လံုးမှမဟရဲပေ...
ဖန်ချန်းက သံသယဖြစ်စွာဖြင့် "မင်းတကယ်မလုပ်..."
"မင်း...ငါ့ကိုမယုံဘူးပဲ..."
နျဲ့ရှီက ဦးစွာ စောဒကတက်လိုက်ပြီး ခေါင်းကိုပင် ငုံ့ထားလိုက်သည်။
သူက ခေါင်းကိုသာ ငုံ့လိုက်သော်လည်း ဖန်ချန်းကလျင်မြန်စွာပြောလာခဲ့သည်။
"ငါယုံတယ် ငါယုံတာပေါ့ မင်းမတရားခံနေရတာ"
ရှဲ့ယင်းသည် နျဲ့ရှီမတရားခံနေရသည့်တစ်နေရာကိုမှ မမြင်မိပေ။
ဖန်ချန်းက ရှဲ့ယင်းကို ကူညီချင်သော်လည်း နျဲ့ရှီက သူ့လက်ကို အရင်ဆွဲယူလိုက်သည်။
ရှဲ့ယင်းသည်လည်း ဖန်ချန်း၏လက်ကို တွဲဖို့ မဝံ့ရဲပေ။ သူမ ဘယ်လိုလုပ် မမြင်ပဲနေမှာလဲ... သူတို့နှစ်ယောက်က သူမရှေ့၌ ရင်းရင်းနှီးနှီး အမူအယာတွေ မလုပ်ပြခဲ့ရင်တောင်မှ နျဲ့ရှီ၏ မျက်လုံးများက ဒီလူက ငါ့အပိုင်ပဲဟု ပြောနေခဲ့သည်။
နျဲ့ရှီ၏ အော်ရာသည် ထူထဲသော အနက်ရောင် အခိုးအငွေ့များကဲ့သို့ဖြစ်နေပြီး ဖန်းချန်ကို လုံး၀ ဖုံးအုပ်ထားပေသည်။
ရှဲ့ယင်းသည် ဖန်ချန်း၏ စိုးရိမ်မှုကင်းသည့် ပြုံးနေသော မျက်နှာကို ကြည့်လိုက်ပြီး ဗိုက်ထဲအနည်းငယ်မအီမသာဖြစ်လာခဲ့သည် ။ သူသည် နျဲ့ရှီလိုမကောင်းဆိုးဝါးတစ်ကောင်၏ ပစ်မှတ်ဖြစ်နေခြင်းကို ဖန်ချန်းသိပါရဲ့လား...
-ဒီလို အဖြစ်အပျက်မျိုးတွေ ဖြစ်လာခဲ့တော့ ရှဲ့ယင်းသည် ဖန်ချန်းက အရာအားလုံးကို သိနေသည်ဟု ကျိုးကြောင်းဆီလျော်စွာ သံသယဖြစ်ခဲ့မိသည်။ဖန်ချန်းသည် ရုပ်ဖျက်ရာတွင်ကောင်းမွန်ပြီး ရူးချင်ဟန်ဟန်ဆောင်တတ်သူဖြစ်သည်။ သူသည် နျဲ့ရှီနှင့် ပတ်သက်သည့် အရာများကိုသိပြီးသားဖြစ်ပေမယ့် တမင်တကာ လွှတ်ထားပေးတာဖြစ်ပေမည်။ ဒီအကြောင်းကို သူမ ပိုတွေးလေလေ ပိုအဓိပ္ပါယ်ရှိလာလေလေဖြစ်လာခဲ့သည်။
"ရှဲ့ယင်းရော ဘယ်လိုလဲ"
ချောင်ယန်သည် အကြောင်းအရာကို သူမထံ လှည့်လာပြန်ခဲ့သည်။
"ပြောစရာမရှိဘူး"
ရှဲ့ယင်းသည် ဤအကြောင်းအရာကို ဆက်ပြောချင်ကြောင်းပြကာ သူရပ်တန့်သွားလိမ့်မည်ဟု မျှော်လင့်သော်လည်း ချောင်ယန်က သူနားလည်ကြောင်း လေးနက်စွာပြန်ပြောခဲ့သည်။
ချောင်ယန်သည် ဇာတ်ရှိန်မြင်းလာသည့်အခါတိုင်း ဘယ်တော့မှ အရှုံးမပေးတာက သနားစရာပင်... သူက နျဲ့ရှီကို မနှိုးဆွတော့ဘဲ ရှဲ့ယင်းကိုတားဂတ်ထားလာခဲ့သည်။
"မင်းငါ့ကို မပြောချင်ဘူးလား... အဲ့တာက အရမ်းဆန်းကြယ်နေလို့လား...ကဲ ဒါဆို တစ်ချက်မှန်းကြည့်ရအောင်..."
ရှဲ့ယင်းသည် ချောင်ယန်၏ ခေါင်းကို ဖိလိုက်သည်။ သစ်သားစားပွဲဟောင်းကြီးဖြင့် ဒုန်းခနဲဆောင့်မိသွားပြီး သစ်သားဆူးများက သူ့ဦးရေပြားကို ထိုးဖောက်သွားခဲ့သည်။ ချောင်ယန်ကတခစ်ခစ်ရယ်မောကာပြောလိုက်သည်။