Chapter 43
Viewers 4k

Ch 43 ဖော်ထုတ်နိုင်ခဲ့ခြင်း


မိုးနှင့် မြူများက တောင်ကို ဖုံးလွှမ်းနေခဲ့သည်။ ဖန်ချန်း ကားထဲမှ တွန်းခံလိုက်ရသည်နှင့် ချက်ချင်းပင် နောက်မှတစ်ချိန်လံုးလိုက်နေသော နျဲ့ရှီသည် လျင်မြန်စွာပြေးသွားတော့သည်။

ရှဲ့ယင်းက သူ့ကိုလျှင်မြန်စွာတားလိုက်သည်။

"နင် ရူးသွားပြီလား..ဟိုလူနှစ်ယောက်က အဝေးကြီးမရောက်သေးဘူးလေ...သူတို့အခုမှ ဒီ‌ေနာက်ဆံုးအခြေအနေကို ရောက်လာခဲ့ကြတာကို နင် မဆင်မခြင်လုပ်လိုက်ရင် အားလုံး ထပ်ပြီး ရှုပ်ကုန်လိမ့်မယ်!"

သူမသည် နျဲ့ရှီ၏ ညာဘက်ပခုံးကို ကိုင်ထားသော်လည်း သူ့မျက်လုံးများကိုမူ တည့်တည့် မကြည့်ဝံ့ပေ။

နျဲ့ရှီက သူမလက်ကို ဆွဲဖြုတ်လိုက်ရာ ရှဲ့ယင်း၏ မျက်နှာသည် ဖြူဖျော့သွားတော့သည် ။ အဝေးကနေ စိတ်လှုပ်ရှားစရာများကိုစောင့်ကြည့်နေသည့်ဟန်ဖြင့် ချောင်ယန်က ပြောလာခဲ့သည်။ 

 "ဖန်ချန်းကော ကြည့်ရတာ နိုးနေတဲ့ပုံပဲ"

မြေပြင်ပေါ်၌ လဲကျလျက်ရှိနေသော လူငယ်လေးသည် သူ့ခြေထောင်များကို ရုန်းကန်နေပြီး ရောက်ရာတတ်ရာလှုပ်ရှားလိုက်သည်။ သူ၏ လှုပ်ရှားမှုများက စိတ်ရှုပ်ထွေမှုများဖြင့် နှေးကွေးနေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ယင်း၏နှလုံးသားများ တင်းကျပ်လာခဲ့သည်။ သူမသည် ဤကဲ့သို့ နာကျင်နေပြီး သတ္တိကြောင်ကာ သနားစရာကောင်းနေသည့် - ဖန်ချန်းနှင့် လုံးဝမတူသော ဖန်ချန်းကို မကြည့်နိုငိပေ။

နျဲ့ရှီက လျင်မြန်စွာ ပြေးသွားလိုက်ပြီး ချောင်ယန်သည်လည်း အနောက်မှတခစ်ခစ်ရယ်ကာအနီးကပ်လိုက်လာခဲ့သည်။

ရွာသွန်းနေသောမိုးရေများကြာတွင် လမ်းကြောင်းတစ်ခုပေါ်လာခဲ့ပြီး အဖြူအမည်းကြောင်သည် ရှဲ့ယင်း၏မြင်ကွင်းထဲ တစ်ဖန်ပြန်ပေါ်လာခဲ့ကာ သူမကိုကြည့်ရန် ခေါင်းလေးကို မြှောက်ထားလျက်‌ရှိနေခဲ့သည်။

"အခု ကျေနပ်ပြီလား" 

ရှဲ့ယင်း၏ အကြည့်များက ကြောင်ပေါ်သို့ စိုက်ကျသွားသည်။ မိုးစက်များသည် သူမ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။ သူမသည် အဖြေကို ပြန်မမျှော်လင့်ခဲ့ပေ။ သူမ ပြောပြီးသည်နှင့် လှည့်ကာ နျဲ့ရှီတို့နောက် လိုက်လာခဲ့သည်။ သူမအနောက်တွင် ရပ်နေသည့်ကြောင်က ခေါင်းကို စောင်းလိုက်ကာ ရှေ့ကို ဖြည်းဖြည်းချင်း လှမ်းမလှမ်းမီ "မြောင်"ဟုပြောလာခဲ့သည်။

တစ်ဖက်တွင် ဖန်ချန်းသည် မတ်တပ်ထရပ်နေပြီးဖြစ်ကာ ခြေလှမ်းနှစ်လှမ်းလောက်လှမ်းလိုက်သည်။ မိုးရေစက်များက သူ့မျက်လုံးထဲ ကျဆင်းလာခဲ့ပြီး အမြင်အာရုံကို မှုန်ဝါးလာစေခဲ့သည်။ သူ့လက်ကို မိုးရေစက်များအားသုတ်ရန် မြှောက်လိုက်ပြီး သူ့ဆီ လျှောက်လာနေသည့် လူတစ်စုကို တွေ့လိုက်ရသည်။ ဖန်ချန်းသည် ခါး၌ ချိတ်ထားသည့် ဓားမြှောင်ကို အေးအေးဆေးဆေး ထုတ်ယူလိုက်သည်။

ရှဲ့ယင်းသည် နျဲ့ရှီနောက်သို့ ခြေလှမ်းခပ်စိတ်စိတ်လှမ်းလာခဲ့ကာ ချောင်ယန်တစ်ခုခုမဟုတ်တာလုပ်လိုက်ပြီး နျဲ့ရှီက သူ့ကိုဒေါသတကြီး သတ်ပစ်မည့်ဘေးမှကာကွယ်ရန် ချောင်ယန့်ကိုအနီးကပ် စောင့်ကြည့်နေခဲ့သည်။

နျဲ့ရှီသည် ဖန်ချန်းနား သုံးလေးလှမ်းအကွာလောက်တွင် ရပ်လိုက်သည်။ ဖန်ချန်းသည် ဓားလက်ကိုင်ပေါ်ရှိ အရုပ်များကို ပွတ်နေကာ ချွန်ထက်သောထောင့်ကို ထိလိုက်သည်။ မိုးရွာသံများက သူ့နားစည်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာခဲ့သည်။ အရိုးတွေက တဂျွတ်ဂျွတ် အသံမည်လာကာတဖြေးဖြေးပြန်ကောင်းလာခဲ့ပြီး ဒဏ်ရာများကလည်း တဖြည်းဖြည်း သက်သာလာခဲ့သည်။

မြူခိုးများကြား လေးလံနေသောအမူအရာသည် ရှဲ့ယင်းအား ကျိုးလွယ်သည့် ဖန်ထည်ပစ္စည်းများကိုသတိရစေခဲ့သည် ။ တုန်လှုပ်ချောက်ချားမှုများက သူမမျက်နှာမှ မှေးမှိန်မသွားဘဲ သူမသည် အဝေးကိုမကြည့်ချင်နေပေ။

မိုးက တဖွဲဖွဲကျနေသေးသည်။ ဖန်ချန်းသည် တစ်ခုခုပြောရန် ပါးစပ်ကိုဖွင့်ထားသော်လည်း သူ့အသံက နူးညံ့လွန်းတာကြောင့် မိုးသံများကြား တိမ်မြုပ်သွားခဲ့သည်။

ရှဲ့ယင်းသည် ပထမစကားလုံးဖြစ်သည့် "ငါ" ဟူသော ပါးစပ်ပုံသဏ္ဍာန်ကိုသာ မြင်လိုက်နိုင်သည်။

ဖန်ချန်းက ထပ်ပြောလာခဲ့ကာ ဒီတစ်ခါတွင် သူ့အသံက လူတိုင်း၏နားထဲ ရှင်းရှင်းလင်းလင်း ရောက်သွားခဲ့သည်။

"ချောင်ယန်..."

လေများက ခိုင်မာစွာတိုက်လာပြီး မိုးစက်များက လေများအကြား ခေတ္တရပ်တံ့သွားခဲ့ကာ အေးစက်သောလေများက သူ့နောက်ကျောကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ရှဲ့ယင်းသည် အံ့အားသင့်သွားပြီး မသိစိတ်အရနျဲ့ရှီကို ကြည့်လိုက်မိသည်။

နျဲ့ရှီ၏အလောင်းကောင်ကိုမျက်နှာသည် သဘာဝအတိုင်း အမူအရာမပြလာသော်လည်း သူ့နှုတ်ခမ်းထောင့်များကမူ အောက်သို့စိုက်ကျသွားခဲ့သည်။

"ဟင်!" 

ချောင်ယန်သည် အံ့ဩသွားခဲ့သည်။ သူမတုံ့ပြန်နိုင်ခင်မှာဘဲ ဖန်ချန်းက သူ့ရှေ့တွင် ရှိနေပြီဖြစ်သည်။

ရဲှ့ယင်းသည် သူမမျက်စိရှေ့မှာပဲ ဖနိချန်းက ချောင်ယန့်ကိုသမချလိုက်သည်ကိုတွေ့ရပြီး သူမ၏ဦးခေါင်းအား ကျောက်တုံးတစ်တုံး ပြင်းထန်စွာထိမှန်သွားသလိုခံစားလိုက်ရသည်။ သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်မိသွားကာ နျဲ့ရှီကို အမြန်ကြည့်လိုက်မိသည်။

"ငါ့ကို ကြောက်အောင် ခြောက်ရတာကို တော်တော်ပျော်‌နေတယ်ပေါ့လေ ဟမ်" 

မိုးရေစက်များသည် အစီအရီပြန်ကျလာခဲ့သည်။ ဖန်ချန်းသည် ချောင်ယန်၏ ခေါင်းဘက်ခြမ်းသို့ ဓားမြှောင်ကို ပြင်းထန်စွာထိုးပစ်ခဲ့ပြီး ဖန်ချန်း၏မျက်ခွံများသည် ဖြူဖျော့သော မျက်စံများမှ ခံစားချက်များကို တားဆီးရန် မျက်တောင်ခဏခဏခတ်နေခဲ့သည်။

ချောင်ယန်က သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်လိုက်ပြီး ထူးထူးခြားခြား အော်ဟစ်လာခဲ့သည်။

"ဖန်ချန်းကော!!" 

ရှဲ့ယင်းသည် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်သွားပြီး မသေချာမရေရာ မျက်လုံးများဖြင့် ဖန်ချန်း နှင့် နျဲ့ရှီကြားလှည့်ပတ်ကြည့်နေခဲ့သည်မှာ ဖန်ချန်းက ဓားမြှောင်ကို ပြန်ဆွဲထုတ်ပြီး ညာခြေနှင့် နင်းလိုက်သည့်အချိန်ထိပင်.....  

ချောင်ယန်သည် သူ့ပခုံးကို ဖြောင့်ဖြောင့်မတ်ထားလိုက်ပြီး ခေါင်းတခြမ်းကိုမော့ကာ နျဲ့ရှီကို မျက်တောင်တဖျပ်ဖျပ်ခတ်ကာကြည့်လိုက်သည်။ရှဲ့ယင်းသည် သူမ၏နဖူးကို စိတ်ရှုပ်ထွေးစွာ ဆုပ်ကိုင်လိုက်သည်။

နောက်ဆုံး မိုးတစ်စက်က မြေပြင်ပေါ်သို့ ကျပြီး နှစ်ခြမ်းကွဲသွားခဲ့သည်။

ဖန်ချန်း ဓားမြှောင်ပေါ်က ထွင်းထုထားသည့့်အရုပ်ကို အစထောင့်ကနေ နောက်ဆုံးထောင့်အထိ ပွတ်သပ်လိုက်သည်။ ၎င်းသည် ရွန်းဗတ်ပုံမျိုးမဟုတ်ပေ... သူကိုယ်တိုင်ထွင်းထုထားသည့် စတုရန်းပုံဖြစ်သည်။

သူပြောလိုက်သည်။

"ငါမှတ်မိသွားပြီ"

'ဖန်ချန်း နင်က ငါ့ကို မေးခွန်းတွေ အများကြီးမေးတယ် အဲ့တော့ ငါကလည်း နင့်ကို ပြန်မေးချင်မိတယ်'

'နင်ဘာလို့ ကျန်းရွေ့ နဲ့ ဝမ်ဟွေ့ဝမ် တံခါးကို လာခေါက်ရတာလဲ....ချောင်ယန်က နင့်ကို သဲလွန်စပေးခဲ့ပေမယ့် နင် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး...ဖန်ယင်းယင်း သေသွားတဲ့က နင့်ကို သူမကဆွဲခေါ်သွားတာကို နင်ဘာလို့ သူမ‌နောက်ကို ဒီတိုင်းလိုက်ရတာလဲ... နင့်မှာ သူ့ကို တားနိုင်စွမ်းရှိတာ ရှင်းနေသားကို..'

'ဖန်ချန်း နင် ဖော်ထုတ်ထားပြီး ဖြေရှင်းနိုင်ခဲ့တဲ့အရာတွေ အများကြီးပဲ...ဘာ‌ေကြာင့်လဲလို့တွေးဖူးလား.....'

- ဘာကြောင့်လဲဆိုတော့ သူတို့ကို သေခြင်းတရားဆီပို့ဆောင်ပေး‌သူမှာ သူကိုယ်တိုင်ဖြစ်နေခဲ့လို့ပင်။

ရှဲ့ယင်းသည် ဖန်ချန်းကို ပထမဆုံးတွေ့သည့်အချိန်သည် အေးစက်နေသောနေ့လည်ခင်းတစ်ခုဖြစ်ခဲ့သည်။ သူမသည် "လူ့ဘုံ" သို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ပြီး သူမသည် နောက်တစ်ကြိမ်ထပ်မထွက်ခွာနိုင်တော့ပေ။

ခေါင်းလောင်းပါသည့်ကြောင်တစ်ကောင်သည် သူမကို ရှေ့သို့ခေါ်ဆောင်သွားခဲ့ပြီး သူမရပ်လိုက်သည့်အခါတိုင်း ၎င်းသည် ထိုင်ချလိုက်ပြီး "မြောင်" ဟုအော်သံပေးလာမည်ဖြစ်သည်။

သူမတို့ဦးတည်ရာသည် သာမန်လူနေအဆောက်အအုံတစ်ခုဖြစ်ခဲ့သည်။ သူမသည် တံခါးဝမှာ ရပ်လိုက်ပြီး ကြောင်သည် သူမကို မစောင့်ဘဲ အထဲသို့ရုတ်တရက် ပြေးဝင်သွားခဲ့သည်။ သူ့နောက်ကို လိုက်ဖို့ကြိုးစားသည့်အခါမှာတော့ ကြောင်က ပျောက်သွားပြီဖြစ်သည်။

ပထမထပ်ရှိ ပြတင်းပေါက်သည် အကြောင်းပြချက်မရှိဖွင့်ထားလျက်ရှိသည်။ သူမခေါင်းထက်တွင် အသံတစ်ခုထွက်ပေါ်လာသည့်အချိန်ထိ သူမသည် စိတ်ရှုပ်ထွေးနေခဲ့သေးသည်- 

"လူသစ်တစ်ယောက်က ဒီအချိန်မှာရောက်လာတာ အရမ်းရှားတာပဲ"

ရှဲ့ယင်းသည် ခေါင်းကို မြှောက်လိုက်ရာ ပြတင်းပေါက်ဘောင်တွင် ငုတ်တုတ်ထိုင်နေပြီး ပျင်းရိစွာ သန်းနေသည့် ကြောင်နှင့် ပြတင်းပေါက်အစွန်းမှာ မေးစေ့ကိုလက်ဖြင့် ထောက်ကာ ပြုံးပြနေသည့် ဖန်ချန်းကိုတွေ့လိုက်ရသည်။ သူ့မျက်လုံးများ၏ အရောင်သည် လင်းလက်နေပြီး လှပကာ ရောင်ပြန်ဟပ်နေသော ပယင်းရောင်များသည် နွေးထွေးသော အလင်းရောင်ကို လူများအား သတိရစေသည်။ သူပြုံးလိုက်သည်ကြောင့် မျက်လုံးက ကွေးတက်သွားပြီး မျက်စံတစ်ဝက်လောက်ကို ဖုံးကွယ်လာခဲ့သည်။ ရှဲ့ယင်းသည် နားမလည်နိုင်အောင် သစ်အယ်သီးကိတ်ကို တွေးမိလိုက်ပြီး ရုတ်တရက် စားချင်လာခဲ့သည်။ သူမက သေပြီးပြီဖြစ်တာ‌ေကြာင့် အစာစားရန် မလိုဟုလည်း တွေးခဲ့‌ေသး၏။

"ဟယ်လို 'လူ့ဘုံ' ကနေကြိုဆိုပါတယ် ငါ့နာမည် ဖန်ချန်းပါ မင်းနာမည်ရောဘယ်လိုခေါ်လဲ"

- ဒီလိုအေးစက်နေသောအရပ်နှင့် မလိုက်ဖက်သော နေရောင်ခြည်လိုသူ...

သူမသည် ထိုအချိန်တွင် ဤကဲ့သို့တွေးမိခဲ့သည်။

"...ရှဲ့ယင်း..." 

သူမပြန်ဖြေပြီးနောက် ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး နေက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ရှဲ့ယင်းက အံ့အားသင့်သွားကာ ခြေနှစ်လှမ်းမဆုတ်ဘဲမနေနိုင်ခဲ့ပေ။

"စိတ်မလှုပ်ရှားုပ်ရှားပါနဲ့" 

ဖန်ချန်းက ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်ရင်း "လူဝင်စားဖို့ထဲကို မဝင်ဖို့ ဆုံးဖြတ်ပြီး ဒီကို ပြန်လာထဲစ တစ်စုံတစ်ယောက်က မင်းကို ဒီက စည်းကမ်းတွေကို ပြောပြသင့်တယ်"

သူက ပြုံးမနေတော့ဘဲ နောက်ပြန်လှည့်ကြည့်လိုက်‌ရာ ရှဲ့ယင်းနှလုံးကလည်း နစ်မြုပ်သွားခဲ့သည်။ ထို့နောက်ဖန်ချန်ပြောလာသံ ကြားလိုက်ရသည်။ 

"မိုးမှောင်လာတိုင်း လူတစ်ယောက်သေတယ်" 

လူ့ဘံုတွင် လူအမျိုးအစားများ နှစ်မျိုးရှိလေသည်....အသက်ရှင်စဉ်တစ်သက်တာအတွင်း ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြပြီး သေလွန်ပြီးနောက် ပြစ်ဒဏ်ကို ခံယူကြသူများနှင့် လူဝင်စားခြင်းမလုပ်ရန် ဆန္ဒအလျောက် ရွေးချယ်ခဲ့ကြပြီး အိမ်မက်ဆိုးများ သရဲများကြသူများတို့ဖြစ်ကြသည်။

သို့သော် သူတို့သည် ထိုလူသေများနှင့် ကွဲပြားသည်။ အပြစ်ပေးခံရမည့်သူများကို လမ်းညွှန်ပေးမည့် "အိမ်မက်ဆိုးများ" ဖြစ်ဖို့အတွက် သူတို့ဆန္ဒအလျောက် လူ့ဘုံကိုလာခဲ့ကြတာဖြစ်သည်။ သူတို့အသက်ရှင်စဥ်ကဖြစ်ပျက်ခဲ့သည်များကို မေ့သွားမှာမဟုတ်သလို လူ့ဘုံကနေလည်း ဘယ်တော့မှ ထွက်ခွာနိုင်မှာ မဟုတ်ပေ။

ဘဝ၌ လွတ်လပ်မှုမရှိခဲ့သလို သေခြင်းမှာလည်း အလားတူပင်...

နောက်တွင် ရှဲ့ယင်းသည် နျဲ့ရှီကိုလည်း တွေ့ခဲ့ရသည်။ နျဲ့ရှီသည် အလွန်တိတ်ဆိတ်နေတတ်ပြီး ဖန်ချန်း၏နောက်တွင်သာ အမြဲလိုလို ရုတ်တရက်ပေါ်လာတတ်သည်။ ရှဲ့ယင်းသည် နျဲ့ရှီက ဖန်ချန်းနောက်သို့ တိတ်တဆိတ် လိုက်လာကာ းပေါ်လာတတ်သောကြောင့် အကြိမ်များစွာ ထိတ်လန့်ခဲ့ရသော်လည်း ဖန်ချန်းကမူ ၎င်းကို ကျင့်သားရနေဟန်ဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံတွင် သူက သတိမထားမိဟန်ဆောင်ပြီး နျဲ့ရှီကို သူ့နောက်သို့ လိုက်ခွင့်ပြုခဲ့သည်။ 

ရှဲ့ယင်းသည် စိတ်နတ်ဆိုးများနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရသောအချိန်ကလိုမျိုး နျဲ့ရှီကို မြင်လိုက်တိုင်းကြောက်လန့်နေခဲ့သည်။ 

"နျဲ့ရှီကို မရှောင်နဲ့" 

အခြားမစ်ရှင်တစ်ခုမှ ပြန်လာသော ဖန်ချန်းကသူမကိုပြောလာခဲ့သည်။

"တကယ်တော့ သူကပေါင်းသင်းဖို့ မခက်ပါဘူး"

အရူးပဲဒီစကားကိုယုံလိမ့်မည်...

ရှဲ့ယင်းသည် နျဲ့ရှီ သူတို့အနားလမ်းလျှောက်လာပြီး သူတို့နှစ်ယောက်ကို ခွဲလာသည့်အချိန်ထိ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ သာကြည့်နေခဲ့သည်။ ဖန်ချန်းသည်ခေါင်းကို လှည့်ကာ သူမကို လျှို့ဝှက်စွာ မျက်စိမှိတ်ပြလာသည်ကိုလည်း သူမတွေ့ခဲ့ရသည် ။

သူသည် နျဲ့ရှီကို အလိုလိုက်နေသည်မှာ ထင်ရှားလှသည်။

သူမတွင်ပြောစရာဘာစကားရှိမနေဘဲ ထိုလူသေနှစ်ယောက်နှင့်သာ ချက်ချင်းဝေးဝေးနေချင်ခဲ့သည်။

ရှဲ့ယင်း၏မှတ်ဉာဏ်ထဲတွင် ဖန်ချန်းသည် စိတ်နတ်ဆိုးများကို သတ်ခဲ‌ေလသည်။ သူသည် မိမိကိုယ်ကို ရုပ်ဖျက်ပြီး လူသေအုပ်စုများနှင့် ရောနှောနေကာ သေမင်းဆီသို့လမ်းတိတ်တဆိတ် လမ်းပြခြင်း၌ ပို၍ တော်လေသည်။ ရှဲ့ယင်းသည် ဖန်ချန်းထံမှ သင်ယူခဲ့သော်လည်း ဖန်ချန်း၏ အပြစ်ကင်းသောဟန်ဆောင်နိုင်စွမ်းကို သူမ ဘယ်တော့မှ မလိုက်မမှီနိုင်ခဲ့ပေ။

သူမသည် ဖန်ချန်းက စိတ်နတ်ဆိုးများကို သတ်ရာတွင် မတော်တာကြောင့် ၎င်းတို့ကို ဘယ်သောအခါမှမသတ်ခဲ့ခြင်းဟု သူမထင်ခဲ့သည်။ အမှန်တကယ်မလိုအပ်ခင်အထိ ကိစ္စတော်တော်များများကို ကန်းချင်ယောင်နေလိမ့်မည်ဖြစ်သည်။

သူမ ဒီကိုစစရောက်ချင်းတုန်းက အဲဒီရုပ်ဆိုးဆိုး မကောင်းဆိုးဝါးတွေကို ကြောက်လန့်ခဲ့သည်။နောက်ပြီသူမသည် မျက်တောင်တစ်ချက်မခတ်ဘဲ ခဏအတွင်းစိတ်နတ်ဆိုးများသုံးလေးကောင်လောက်ကိုသတ်ပစ်နိုင်သည့် နျဲ့ရှီ၏သန်မာမှုကို အထူးတလည် အံ့သြမိခဲ့သေးသည်။ နျဲ့ရှီသည် ဖန်ချန်းနှင့် ရင်ဆိုင်ရသည့်အခါမှသာ စကားပိုပြောတတ်သည်။ သူက ဖန်ချန်းနှင့် စကားပြောချိန်တိုင်း ခေါင်းကို ငုံ့ထားပြီး မျက်တောင်ဖျားများတွင် အရိပ်လေးတစ်ခု ထင်ဟပ်နေကာ အရမ်းနာခံတတ်ပေသည်။

သူက ဖန်ချန်း၏ စကားများကို နားထောင်ရန်နှင့် စိတ်နတ်ဆိုးများကို သတ်ရန်သာသိလေသည်။ သူသည် သံသယဖြစ်ဖွယ်ရာဖြစ်ကာ လူသေများကို မလှည့်စားနိုင်ဘဲ လှည့်စားရန်လည်း စိတ်မ၀င်စားခဲ့ပေ။ သူသည် တိကျသော လူသတ်စက်နှင့် "ရက်စက်သောခွေး" လိုသာဖြစ်သည်။

ရှဲ့ယင်းသည် ဖန်ချန်းနှင့် နျဲ့ရှီအား သူတို့ သေဆုံးခဲ့ရသည့်အကြောင်းအရင်းကို တစ်ခါမျှ မမေးခဲ့ဖူးသော်လည်း သိချင်စိတ်ဖြစ်ခဲ့သည်။ သို့ရာတွင် လူ့ဘုံ၌ သေဆုံးရသည့်အကြောင်းရင်း သို့မဟုတ် ဘဝဖြစ်ရပ်များအကြောင်း အခြားသူများကို မေးခြင်းသည် တားမြစ်ထားခဲ့သည်။ တခြားသူဘက်က ပြောပြဖို့ အစပြုခဲ့တာ မဟုတ်ရင်မရပေ။

ဖန်ချန်းသည် အလွန်တက်ကြွကာ နေရောင်ကဲ့သို့ပင်နွေးထွေးသောကြောင့် ရှဲ့ယင်းသည် သူက အဘယ်ကြောင့်လူဝင်စားခြင်းမလုပ်ခဲ့သည်ကို အမှန်တကယ်မတွေးနိုင်ခဲ့ပေ။ သူသည် တကယ့်အစစ်အမှန်လူ့လောက သာယာလှပသောကမ္ဘာနှင့်သာ သက်ဆိုင်သင့်သည်။ သို့သော် ယခုတွင်မူ သူသည် မရေမတွက်နိုင်သော အမှောင်ညများကို ဖြတ်သန်းရင်း မြေအောက်၌ မြှုပ်နှံခံထားရသည်။

ချောင်ယန် မရောက်လာခင်အထိပင်...

သူသည် အလွန်ထူးဆန်းသောကောင်လေးဖြစ်ပြီး ရမ်းကားတတ်ကာ သူ့ကိုယ်သူ သွေးစွန်းအောင် အမြဲလုပ်တတ်သည့် ကောင်လေးဖြစ်သည်။
ချောင်ယန် ဤကမ္ဘာကို ပထမဆုံးရောက်ချိန်တုန်းက အသက်ဘယ်လောက်ရှိခဲ့လဲ...

ဆယ့်ရှစ်? ဆယ့်ကိုး? ဒါမှမဟုတ် ဒီ့ထက်ငယ်တာလည်းဖြစ်နိုင်သည်... သူ့အချိန်များက သူသေသွားသည်နှင့်ရပ်သွားခဲ့သည်။

ရှဲ့ယင်းသည်လည်း ထိုကောင်လေး၏ IQ ကို သံသယဝင်မိသည်။

ဤစိတ်မငြိမ်မသက်သည့်ကောင်လေးသည် တာဝန်များကိုလုပ်ဆောင်ရာတွင် မကြာခဏအမှားအယွင်းများလုပ်ခဲ့သည်။သူသည် ဖန်ချန်း၏စကားကိုနားမထောင်ချင်ကာ နျဲ့ရှီကိုလည်းကြောက်သောကြောင့် သဘဝအတိုင်းထိုလူနှစ်ယောက်ကို ရှောင်ရှားခဲ့သည်။

သူ စိတ်နတ်ဆိုးအုပ်စုတစ်စုကို မြို့အစွန်တွင် စုရုံးစေခဲ့ပြီး လူသေအုပ်စု ကြောက်ရွံ့စေခဲ့သည့်တစ်ကြိမ်မတိုင်မီအထိပင်။

ရှဲ့ယင်းသည် ထိုညက ကြောင်အော်သံများနှင့် လူအော်သံများကို မှတ်မိနေသေးသည်။ အသံနှစ်ခုက ရောယှက်နေခဲ့ပြီး လူများ၏ ဦးရေပြားကို ဆုတ်ဖြဲ‌ေနခဲ့သလိုပင်။

အဲ့အချိန်က ဖန်ချန်း ဒေါသအရမ်းထွက်နေတာကိုမြင်ရသည့်ပထမဆုံးအကြိမ်ပင်။ သူသည် လူအုပ်စုကို ထိန်းခဲ့ကာ အိပ်ချိန်ကို ဖြုန်းတီးခဲ့၍ ဒေါသတကြီးဖြင့် စိတ်နတ်ဆိုးများ ခုနစ်ကောင် ရှစ်ကောင်ခန့်ကို ဓားမြှောက်တစ်ခုဖြင့်သာ သတ်ပစ်ခဲ့သည်။ ဖန်ချန်းသည် စိတ်နတ်ဆိုးများကို သတ်နိုင်စွမ်း အပြည့်ရှိပြီး ၎င်းတို့ကို မကြောက်ကြောင်း ရှဲ့ယင်းသည် ထိုအချိန်တွင် သိခဲ့ရသည်။

နေထွက်ချိန်နီးလာသည်နှင့်အမျှ နျဲ့ရှီသည် သူ့ရှေ့ရှိ နောက်ဆုံး စိတ်နတ်ဆိုးကို ကိုင်တွယ်လိုက်ပြီး ဘေးသို့လှည့်လိုက်သည်။ ဖန်ချန်းက ချောင်‌ယန်၏ ရင်ဘက်မှအင်္ကျီစကို ဆုပ်ကိုင်ရန် လက်တစ်ဖက်အား တိုက်ရိုက်ဆန့်ခဲ့ကာ သူ့ကိုမြေပြင်ပေါ်သို့ တွန်းချခဲ့လိုက်သည်။ အမြဲတမ်း အပြုံးများ ပြည့်နှက်နေသည့် ဖန်ချန်း၏ မျက်လုံးများသည် ထိုအချိန်၌ ရေခဲတမျှ အေးခဲနေခဲ့ကာ အရိုးထဲအထိ စူးရှလှသည်။ သူက စကားလုံးတစ်လုံးချင်းစီတိုင်းကိုဖိကာ လေးလေးနက်နက်ပြောလာခဲ့သည်။

"မင်း!ဒီလိုထပ်လုပ်မယ်ဆိုရင် ငါ မင်းကိုပါ တခါတည်းသတ်ပစ်မယ်"

ချောင်ယန်သည် ခဏတာမျှ ကြောင်အနေခဲ့သည်။ အမြဲတမ်းစကားပြောရလွယ်ကူသည့် ဖန်ချန်းသည် ဒီလိုပုံစံဖြစ်နေရန်ကို သူ မမျှော်လင့်ခဲ့ပေ။သို့သော်လည်း မကြာခင်မှာပဲ သူ ရယ်မောခဲ့ပြီး ခေါင်းကို လှည့်ကာ အဝေးကို လှမ်းကြည့်လိုက်သည်နှင့် အဖြူအမည်းကြောင်က ပေါ်လာခဲ့သည်။ သူတို့နှင့် မနီးမဝေးတွင် အမြီးကိုကိုယ်အောက်ထည့်ကာ ဝပ်နေသည့် ကြောင်သည်သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေခဲ့သည်။

ချောင်ယန်က ပြောခဲ့သည်။

"ဒီတိုင်း..စည်းကမ်းကိုချိုးဖောက်ရင် ရမယ့် ပြစ်ဒဏ်ကို စမ်းကြည့်ချင်လို့..."

"မင်း သိချင်မှာမဟုတ်ဘူး"

ဖန်ချန်းက တင်းမာသောမျက်နှာဖြင့်ပြောခဲ့လိုက်သည်။

"မင်းနားလည်သင့်တယ်မဟုတ်ဘူးလား... မင်းက..နောက်ထပ်မသေနိုင်ဘူး" 

လူဝင်စားခြင်းရောက်သည့်အချိန်မှစ၍ ၎င်းတို့သည် ထွက်လမ်းမရှိပေ။ ဝိညာဉ်က ဘယ်ကိုမှ သွားစရာမရှိနေကာ နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်နှင့် လုံးဝပြိုကွဲသွားလိမ့်မည်။

ချောင်ယန်သည် တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ကာ ဖန်ချန်း၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားလည်သော်လည်း ဖန်ချန်းအား တမင်တကာဒေါသဖြစ်နေသေးသည်။ သူက ကြောင်ကို လှည့်ကြည့်ပြီးမျက်စိမှိတ်ပြခဲ့လိုက်သည်။

 “ကြည့်အုံး အဲ့တာကကြည့်နေတယ်..ဟေး ပါတနာအဖော်ကို ရိုက်ရင် မင်း အပြစ်ပေးမှာလား"

ဖန်ချန်းက သူ့မျက်နှာကို လက်သီးနဲ့ထိုးပြပြီး ကြောင်ကအပြစ်ပေးမှာမဟုတ်ဘူးဆိုတာကို သက်သေပြလိုက်သည်။ကြောင်က ကျေနပ်ဟန်ဖြင့် ပျော်ရွှင်စွာအသံပြုလာခဲ့သည်။

- သူက ဒီတိုင်းကြည့်ရှုသူဖြစ်သည်။

"လူမဝင်စားခြင်းသည် သူတို့၏မူလအပြစ်ဖြစ်သည်" 

ရှဲ့ယင်းသည် ဖန်ချန်းက သူ့လည်ပင်းသူ သူ့လက်ချောင်းများဖြင့်ကုတ်နေသည်ကို တွေ့ခဲ့ရသည်။မရင်းနှီးကာအသစ်ဖြစ်သောဖန်ချန်းက ရွဲ့စောင်းသောအပြုံးဖြင့် "ဒါကြောင့် ငါတို့က ဒီမှာနေပြီးတော့ အပြစ်ရှိတဲ့လူတွေ သေသွားတာကို ငါတို့ မျက်လုံးနဲ့ကြည့်ရလိမ့်မယ်"

ဤသည်မှာ လူပြန်မဝင်စားခြင်း၏ အဖိုးအခဖြစ်ပြီး သူတို့သည် အကြိမ်ပေါင်း ထောင်နှင့်ချီသော အကျိုးဆက်များကို ခံစားကြရသည်။

ဒါတောင်မှ တချို့လူများသည် ဒီမှာနေဖို့ကို ရွေးချယ်ခဲ့တုန်းပင်...

"ချောင်ယန်...ထပ်မရှုပ်နဲ့တော့ မင်းက အပြစ်ပေးခံရပြီးပြီ" 

သူက ချောင်ယန်၏အဝတ်အစားများကို လွှတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။

နျဲ့ရှီက ရှဲ့ယင်းကို တစ်လျက်ကြည့်ကာ ချောင်ယန်၏လက်ကို ခြေထောက်ဖြင့်တင်နင်းလိုက်ပြီးဆိုခဲ့လိုက်သည်။

"မိုးလင်းခါနီးပြီပဲ" 

ဖန်ချန်းသည် ရှဲ့ယင်းနားမှ ဖြတ်သွားခဲ့ပြီး ရှဲ့ယင်းသည် ဖန်ချန်း၏ အောက်စိုက်နေသော မျက်တောင်များနှင့်အတူ အေးစက်သော မျက်လုံးများကို မြင်ခဲ့ရသည်။ သူမသည် ထိုကဲ့သို့ မျက်လုံးများကို နျဲ့ရှီထံတွင်အကြိမ်များစွာ မြင်ခဲ့ဖူးသည်။သူမဦးနှောက်က တွေးဖို့အချိန်မရှိဘဲ သူမခန္ဓာကိုယ်သည် ဖန်ချန်းထွက်သွားသည့်ဘက်ကို လှည့်ပြီးနေပြီဖြစ်သည်။ သူမသည် ဖန်ချန်အား တကယ်နားမလည်သေးဘူးလားဟု တွေးမိသည်။

သူမသည် လူ့ဘုံထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာ မှတ်မိတော့ပေ။ ဤနေရာသည် ဖရိုဖရဲဖြစ်နေပြီး နေ့ရောညပါ ခဏလေးသာ ပြောင်းလဲတတ်သည်။ ဖန်ချန်း နှင့် နျဲ့ရှီကကော... သူမလူ့ဘုံကို ပထမဆုံးရောက်ချိန်မှာ တွေ့ခဲ့ရသည့် ပထမဆုံးအဖော်မှာ ဖန်ချန်းပင်ဖြစ်သည်။ သူတို့ ဒီကိုရောက်နေသည်မှာ ဘယ်လောက်ကြာပြီလဲ... ဘယ်နှစ်နှစ် ဒါမှမဟုတ် ဆယ်စုနှစ်တွေလား... ဤနေရာတွင် အဆုံးမရှိနေပေ...

ဖန်ချန်းသည် ဤနေရာမှ စည်းကမ်းများကို ကောင်းစွာသိပြီး စည်းကမ်းမဖောက်ဖျက်ရန် သူမအား မကြာခဏ သတိပေးတတ်သည်။ စောင့်ကြည့်သူသည် သူတို့နှင့်အတူ အမြဲရှိနေပြီး အမှားလုပ်မိပါက အပြစ်ပေးခံရမည်ဖြစ်သည်။

ဒါပေမယ့် ပြစ်ဒဏ် အတိအကျက ဘာလဲ...

သူမသည် တစ်ဝက်တစ်ပျက်ထိုင်နေသော ချောင်ယန်ကိုကြည့်လိုက်ရင်း သူ့သိချင်စိတ်က ကျိုးကြောင်းဆီလျော်ကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။

သူမသည် အေးခဲသောသဲသောင်ပြင်ပေါ်တွင် လျှောက်လှမ်းလိုက်ရင်း ကျောက်စရစ်ခဲကို သူမခြေထောက်ကဖိမိသွားကာ လေပေါ်နင်းမိသလိုခံစားလိုက်ရ၍ လဲကျလုဆဲဆဲတွင် ထိန်းပေးခံခဲ့ရသည်။

×××××××××

စာရေးဆရာတွင်ပြောစရာရှိပါတယ်... ဓားမြှောင်က အစထဲစ ဖန်ချန်းဟာပါ!

အဲ့တာအပြင် ချောင်ယန်ကလည်း ပေါ်လာထဲစ ဖန်ချန်းကို "ဖန်ချန်းကော" လို့ခေါ်ခဲ့တယ်။ သူ့ရဲ့ အထောက်အထားကို တွေ့ခဲ့တဲ့အချိန်တုန်းကတောင် “ကျွန်တော့်ကို မှတ်မိလား” လို့ ပြောခဲ့တယ်...

သူတို့ တစ်ယောက်နဲ့တစ်ယောက် သိပြီးသားပါ