ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၉၀)
"အင်း ... ဟုတ်တာပေါ့။"
ကျွန်မ ပေါ့ပါးသောအပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"မြို့စားကြီးအိမ်တော်က ရှင့်အတွက် အမြဲ တံခါးဖွင့်ထားပါတယ်။"
"ကျေးဇူးတင်ပါတယ် မဒမ်။"
ကောင့်မြို့စားကတော်အမ်ဘာက ရှက်ပြုံးလေးဖြင့် ပြောသည်။
"တွေးကြည့်မိတော့မှ ကောင့်မြို့စားက အိမ်ပြန်မလာမဲ့ပုံစံပဲနော်။ဝိညာဥ်လေးခမျာ အဝေးကြီးကနေ ပြန်လာရတော့မယ်။"
"အာ ... ကျွန်မ သိပါပြီ ...ဘာကြီး ! ဝိညာဥ် ဟုတ်လားရှင်။"
ကောင့်မြို့စားကတော်အမ်ဘာက အံ့ဩတကြီးဖြင့် ပြန်မေးလေသည်။ကျွန်မ ပြုံးပြလိုက်၏။
"ကျွန်မ သူ့အပေါ် ဝိညာဥ်တစ်ကောင် တင်ပေးလိုက်တယ်။စောင့်ကြည့်ပေးဖို့ အတွက်။"
"ဒါ... ဒါပေမဲ့ အဆင်ပြေပါ့မလား။"
ကောင့်မြို့စားကတော်အမ်ဘာက တုန်တုန်ယင်ယင်နှင့် ပြောလေသည်။
သာမန်လူများက ဝိညာဥ်များကို ကြောက်လန့်ကြသည်။ထိုကြောင့် ၎င်းမှာ သဘာဝကျသော တုံ့ပြန်မှုတစ်ခု ဖြစ်၏။
ကျွန်မ ခေါင်းငြိမ့်လိုက်သည်။
"အဆင်ပြေပါတယ်။သာမန်အဆင့်နိမ့်ဝိညာဥ်လေးတစ်ကောင်ပါပဲ၊ဘာပြဿနာမှ မဖြစ်စေပါဘူး။"
"ဒါပေမဲ့ ပြဿနာတစ်ခုခု ရှိလာခဲ့ရင်ရော !"
"အဲ့ဒီအတွက် ကျွန်မ တာဝန်မယူပေးနိုင်ပါဘူး။"
ဆက်တိုက် ပြန်မေးနေသော ကောင့်မြို့စားကတော်အမ်ဘာကို အနည်းငယ်ဒေါသဖြစ်လာရသဖြင့် ကျွန်မ၏သဘောထားကို တမင်သက်သက် ထုတ်ပြောလိုက်ရသည်။
"ရှင်က ဒီကိစ္စကို တောင်းဆိုတဲ့သူပဲလေ။ရှင်က ကျွန်မရဲ့အစွမ်းတွေအပေါ် မှီခိုပြီး ရှာဖွေစေချင်တာ မဟုတ်ဘူးလား။"
"ဒါ ...ဒါတော့ မှန်ပါတယ်။ရှင်က သေပြီးသား ဝိညာဥ်ကို အသုံးပြုမယ်လို့ ကျွန်မကို ကြိုပြီး ပြောမထားဘူးလေ။"
"ရှင် မမေးလို့ ကျွန်မ မပြောပြတာလေ။"
"မဒမ်!"
ကောင့်မြို့စားကတော်အမ်ဘာ၏ မျက်နှာမှာ ဖြူဖျော့သွား၏။
အင်း ....စနောက်တာကို တော်လိုက်ရအောင်ပါ။
"ဒါပေမဲ့ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။"
"ကျွန်မ ရှင့်ကို ယုံကြည်လို့ ရနိုင်မလား။"
"တစ်ခုတည်းကို ထပ်တလဲလဲ ပြန်ပြောနေရအောင် မလုပ်ပါနဲ့လား။"
"အာ ... ဟုတ်ကဲ့ပါ။"
ကောင့်မြို့စားကတော်အမ်ဘာမှာ အလျင်အမြန် အသိစိတ် ပြန်ဝင်သွားလေသည်။
ကျွန်မ သူမကို ငုံ့ကြည့်၍ ခေါင်းကို စောင်းလိုက်သည်။
"ရှင် ကြောက်နေတာ မဟုတ်လား။"
ကျွန်မ မေးလိုက်၏။
"ဒီနေ့မဟုတ်ရင်တောင် တစ်နေ့ကျ ရှင့်ခင်ပွန်းရဲ့အရှုပ်အရှင်းကိစ္စကို ရှာတွေ့မှာပဲလေ။"
"..."
ကောင့်မြို့စားကတော်အမ်ဘာမှာ လက်သီးဆုပ်ထားလိုက်မိသည်။
"ဒါပေါ့ ...ကျွန်မ ကြောက်ရွံ့နေတာပါ။"
သူမက မေးဆတ်၍ ပြန်ဖြေသည်။
"မဟုတ်ပါစေနဲ့လို့ မျှော်လင့်မိသလို တစ်ဖက်မှာလဲ ဟုတ်နေပါစေလို့ မျှော်လင့်နေမိတယ်လေ။"
"ဘာဖြစ်လို့လဲ"
"သံသယမျိုးစေ့လေးက ဒီလောက်အထိတောင် ကြီးထွားနေခဲ့ပြီ။အတိတ်တုန်းကလို ဆက်ဆံရေးမျိုးကို ကျွန်မတို့ ပြန်သွားနိုင်စရာလမ်း မရှိတော့ဘူး။ဒီတော့ ကျွန်မတို့ ကွာရှင်းရလိမ့်မယ်။ဒါပေမဲ့ ကျွန်မခင်ပွန်းက အမှားလုပ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်လာရင်တော့ ကွာရှင်းခွင့်ရတဲ့အပြင် မယားစရိတ်လဲ ရမှာပဲ။"
ကျွန်မ အော်ရယ်ချလိုက်မိသည်။
သူမ၏စရိုက်နှင့်တူသော အဖြေပင် ဖြစ်ပါ၏။
"မျှော်လင့်ထားတဲ့အတိုင်း ကျွန်မ သဘောကျမိတယ်။"
ကျွန်မ ကောင့်မြို့စားကတော် အမ်ဘာကို ကြည့်၍ ရယ်မောလိုက်လျှင် သူမကလည်း ကျွန်မနဲ့အတူ ရယ်မောလေသည်။
သို့သော် ထိုရယ်သံမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေသည်။
ကျွန်မလည်း စံအိမ်တော်သို့ အမြန် ပြန်လာခဲ့ပြီး ညနေရောက်သည်နှင့် ဝိညာဥ်လေးကို ပြန်ခေါ်ရလိမ့်မည်။
*
ကျွန်မ အိပ်ရာပေါ်တွင် ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်သ်ု့ ကြည့်နေမိသည်။
အပြင်ဘက်တွင် မှောင်မည်းနေသည်။လထွက်ခါနီး အချိန်ရောက်နေပြီ ဖြစ်၏။
ကျွန်မ ပြတင်းပေါက်အပြင်ကို ကြည့်၍ ဝိညာဥ်ဆင့်ခေါ်သည့် မန္တန်ကို ရွတ်ဆိုလိုက်သည်။
ဝုန်း
လေက ကြမ်းတမ်းစွာ တိုက်ခတ်သွားသဖြင့် ပြတင်းပေါက်တံခါးများမှာ ပြင်းထန်စွာ လှုပ်ယမ်းသွားရသည်။
ကျွန်မ နှေးကွေးစွာ ထရပ်လိုက်ပြီး ပြတင်းပေါက်ကို ပြန်ဖွင့်လိုက်သည်။ထိုအခါ ပြန်ခေါ်ထားသော ဝိညာဥ်လေးက အထဲဝင်လာခဲ့သည်။
"နင် ရောက်ပြီလား။"
ဝိညာဥ်လေးက ကျွန်မဘေးတွင် ညင်သာစွာ ရစ်ဝဲနေခဲ့၏။
ကျွန်မ ၎င်းရှိရာသို့ လက်လှမ်းလိုက်သည်။
၎င်းက ကျွန်မ၏လက်ဖဝါးထဲသို့ ရောက်လာသည်နှင့် ကျွန်မလည်း ၎င်းကို တင်းကြပ်စွာ ဖြစ်ညှစ်ထားလိုက်သည်။
ထိုသို့ လုပ်လိုက်ပြီးနောက် ဝိညာဥ်လေး တစ်နေကုန် မြင်တွေ့ခဲ့ရသောအရာများက ကျွန်မ၏မျက်စိရှေ့တွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
ကောင့်မြို့စားအမ်ဘာ အိမ်တော်ထဲမှ ထွက်လာသည်ကို မြင်နေရသည်။
မြင်ကွင်းမှာ အလွန်ကြည်လင်ပြတ်သားသဖြင့် ရုပ်ရှင်ကြည့်နေရသည်နှင့် တူသည်။
သူ ရထားလုံးထဲ ဝင်ပြီး ပြန်ဆင်းလာချိန်အထိ ကျွန်မ စောင့်ဆိုင်းနေခဲ့သည်။ထို့နောက်မှာသာ အရေးကြီးသော အထွတ်အထိပ်အဖြစ်အပျက် ပေါ်လာလိမ့်မည်ဟု တွေးမိသည်။
သူ ဦးတည်သွားနေသော နေရာမှာ ...
အိုး ... ဒီလိုလား။
ကျွန်မ မယုံကြည်နိုင်သဖြင့် မျက်လုံးများကို အကြိမ်များစွာ ပွတ်သပ်လိုက်မိသည်။သို့သော် မြင်ကွင်းက ပြောင်းလဲမသွားဘဲ သည်အတိုင်း ရှိနေခဲ့သည်။
ဒါကို ဘယ်လို လုပ်ရမလဲ။
ဟား
ကျွန်မ သက်ပြင်းချလိုက်သည်။
ဒါက ငါ့အလုပ်လို့ မထင်ဘူး။
ကျွန်မ နဖူးကို ထိလိုက်မိသည်။
ကျွန်မမှာ နိုင်ငံရေးကိစ္စများနှင့် ပတ်သက်လိုခြင်း မရှိပေ။သို့သော် အဘယ့်ကြောင့် ဤသို့ ဆက်ဖြစ်နေရသည်ကို မသိပေ။
ငါ လုပ်နိုင်တာ ဘာမှ မရှိဘူး။
ကျွန်မ လက်လျှော့လိုက်ပြီး စားပွဲရှိရာသို့ လျှောက်လာခဲ့သည်။
ပြီးနောက် စာတစ်စောင် ရေးလိုက်သည်။
ထိုစာကို လိပ်မူထားသူမှာ ...
ကယ်လီယန် ဖြစ်သည်။
*
မနက်ခင်း စောစောအချိန်၌
ကျွန်မ မနက်စာ မစားဘဲ အိမ်တော်မှ ထွက်လာခဲ့သည်။
ကယ်လီယန်ထံသို့ အခစားဝင်ရန် ဖြစ်၏။
မနေ့က ကယ်လီယန်ထံသို့ စာတစ်စောင် ပို့ထားခဲ့သဖြင့် ကျွန်မကို ဝင်ခွင့်ပြုလိမ့်မည်ဟု ထင်မိသည်။
သို့သော် လွန်ခဲ့သောရက်အနည်းငယ်က သတင်းကို စိတ်ပူနေမိသဖြင့် ကျွန်မ အဝတ်အစားများကို အနည်းငယ် အပြောင်းအလဲ လုပ်လိုက်ရ၏။
အနည်းငယ် ဟောင်းနွမ်းနေသော ဂါဝန်ကို ဝတ်၍ အိုဟောင်းနေသောရထားလုံးကို စီးလာခဲ့သည်။
ကျွန်မက မြို့စားကြီးကတော်တစ်ယောက် ဖြစ်သည်ကို လူ မသိစေရန် ဖြစ်၏။
ထို့အပြင် အိမ်ရှေ့စံမင်းသားနန်းတော်သို့ ဝင်လာရန် အနောက်လမ်းကို အသုံးပြုခဲ့သည်။
"ဒီလမ်းအတိုင်း ကြွပါခင်ဗျာ။"
ကြိုတင်၍ အနေအထားများ ပြောင်းလဲထားကြသော်လည်း အနောက်တံခါးရှိ အစေခံက ကျွန်မကို လမ်းညွှန်ပေးသည်။
ကျွန်မ သူ့နောက်လိုက်၍ အိမ်ရှေ့စံမင်းသားနန်းတော်သို့ ရောက်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မနေ့ညက ဆိုဗက်စ်စတာ အခန်းထဲသို့ ရောက်မလာခဲ့၍ ကျွန်မ ထိုအကြောင်းကို တစ်ညလုံး စဥ်းစားနေခဲ့နိုင်သည်။
ပြီးနောက် ပြတ်သားစွာ ကောက်ချက်ချလိုက်ပြီး ကျွန်မအတွက် အသာစီးရနိုင်သောရလဒ်တစ်ခုကို ဆွဲယူနိုင်လောက်သည်ဟု တွေးမိသည်။
မူရင်းဝတ္ထုကို ဖတ်ဖူးကြသောသူများဖြစ်ပါက သိကြပါလိမ့်မည်။
ဒါပေမဲ့ ဒီတစ်ခုက မူရင်းဝတ္ထုနဲ့ ကွဲပြားနေတယ် မဟုတ်လား။
ကျွန်မ အကြောင်းရင်းကို မသိပါ။
သို့သော် မည်သည့်ကိစ္စပင်ဖြစ်စေ မူရင်းဝတ္ထုနှင့် ရောယှက်နေနိုင်သည်ဖြစ်ရာ ထို့သို့လည်း ဖြစ်ပျက်လာနိုင်ပေသည်။
ကျွန်မ ထိုသို့ တွေးလိုက်ပြီး ဖွင့်ထားသော ပန်းချီခန်းထဲသို့ ကြည့်ရှူလိုက်သည်။
ကယ်လီယန်က ဆိုဖာပေါ်တွင် ထိုင်ရင်း ကျွန်မကို ကြည့်နေခဲ့သည်။
နင်က ငါ့ကို အကြည့်တွေနဲ့ သတ်ပစ်ချင်နေတာပဲ။
ထိုသို့ သွေးဆာနေသော မျက်လုံးများကို မြင်တွေ့ရသည့်အချိန်တိုင်း ကျင့်သားမရသေးပေ။
ကျွန်မ ကုပ်ပိုးကို ပွတ်သပ်လိုက်ပြီး ကယ်လီယန်အနားသို့ တိုးကပ်သွားလိုက်သည်။
"ငါ မင်းကို မခေါ်ဘဲ ဒီနေရာကို မလာနဲ့လို့ ပြောထားမိတာ သေချာတယ်မလား။"
"ဒါပေမဲ့ ဒီကိစ္စက အရေးတကြီးဖြစ်နေလို့ပါ။"
"အရေးကြီးကိစ္စ မဟုတ်ရင် မင်းကို မောင်းထုတ်ပစ်မယ်။"
"ကျွန်မ မောင်းထုတ်ခံရပေါင်း မနည်းတော့ဘူးလေ။ဒီတော့ အခု ဘာမှ အထူးတလည် ခံစားမနေရတော့ပါဘူး။"
ကျွန်မ ပခုံးတွန့်လိုက်ပြီး ပြန်ဖြေလိုက်၏။
ကယ်လီယန်က ကျွန်မကို စိုက်ကြည့်နေပြီးမှ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ဆိုဖာကို ညွှန်ပြသည်။
"ထိုင်ပါ"
"ဟုတ်ကဲ့"
ကျွန်မ တည်တည်ငြိမ်ငြိမ် ထိုင်လိုက်သည်။
ပြီးမှ ပါးစပ်ကို နှေးကွေးစွာ ဖွင့်လိုက်၏။
"အရှင့်သား မှတ်မိပါသလား။အရင်က ကျွန်မ အရှင့်သားကို မားကွစ်မြို့စားရစ်ချယ်အကြောင်း ပြောပြခဲ့ဖူးပါတယ်။"
အန်ဂျလာ ရစ်ချယ်၏ဖခင်
ကယ်လီယန်က သတိရပုံဖြင့် ခေါင်းငြိမ့်ပြသည်။
"အင်း ....အဲ့ဒီနောက်ပိုင်း မင်း ဘာမှ ဆက်မပြောတော့လို့ ငါ စောင့်နေခဲ့တာ။မင်း ဘာရှာတွေ့လို့လဲ။"
"ဟုတ်ကဲ့"
ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်သည်။
"မားကွစ်မြို့စားရစ်ချယ် တစ်ဦးတည်းကသာ ရန်သူတွေနဲ့ အဆက်အသွယ်လုပ်နေတယ်လို့ ကျွန်မ ထင်ခဲ့တာပါ။ဒါပေမဲ့ အဲ့ဒီလို မဟုတ်ပါဘူး။"
"သူက ရန်သူတွေနဲ့ အဆက်အသွယ်လုပ်နေခဲ့တာလား!"
"ဟုတ်ကဲ့၊သူက သူလျှိုလုပ်နေခဲ့တာပါ။"
ကယ်လီယန်၏မျက်လုံးများ တုန်လှုပ်သွားသည်။သူ ပို၍ ဒေါသမဖြစ်ခင် ဆက်ပြောသင့်သည်ဟု ကျွန်မ တွေးမိ၏။
"ပြီးတော့ ..."
ကျွန်မ မျက်စိစုံမှိတ်၍ ပြောလိုက်သည်။
"သူနဲ့ ကောင့်မြို့စားအမ်ဘာက အတူတူတွဲပြီး လုပ်ဆောင်နေခဲ့တာပါ။"
ကယ်လီယန် ထိုင်နေရာမှ ဆတ်ခနဲ ထရပ်မိသွားသည်။
သူက ဂနာမငြိမ်ဖြစ်နေပြီး ဆိုဖာကို ပတ်၍ လမ်းလျှောက်နေခဲ့သည်။ပြီးမှ သူထိုင်ခဲ့သည့် ဆိုဖာနောက်မှီပေါ်သို့ လက်မောင်းများကို တင်၍ ကျွန်မကို ငုံ့ကြည့်လာလေသည်။
"ကောင့်မြို့စားအမ်ဘာက နိုင်ငံကို ထူထောင်ရာမှာ ပါဝင်ပံ့ပိုးပေးခဲ့တဲ့ မိသားစုကလေ။"
မှန်ပေ၏။
ကောင့်မြို့စားအမ်ဘာမိသားစုမှာ နိုင်ငံကို ထူထောင်ရာတွင် ပါဝင်ပံ့ပိုးပေးခဲ့သည့် မိသားစု ဖြစ်သည်။သူတို့မိသားစုက တစ်ချိန်တည်းမှာပင် တော်ဝင်မိသားစုကိုပါ ပံ့ပိုးခဲ့သည်။ဆိုလိုသည်က သူတို့မှာ ဧကရာဇ်ကို အပြည့်အဝ ကူညီပံ့ပိုးပေးသည့်အပြင် တော်ဝင်နန်းသွေးဖြစ်သော အိမ်ရှေ့စံမင်းသားကိုလည်း တစ်ဆက်တည်း ကူညီပံ့ပိုးပေးနေသည် ဟူ၍။
သို့သော် ထိုသူက သူလျှိုလုပ်နေသည်ဟု ကြားရသဖြင့် ကယ်လီယန်မှာ မှင်တက်မိသွားပြီး ဒေါသဖြစ်လာရ၏။
ကျွန်မ နားလည်နိုင်ပါသည်။
သို့သော် အမှန်တရားက အမှန်တရားသာ ဖြစ်သည်။
ကျွန်မ ခေါင်းခါ၍ အခိုင်အမာ ဆိုလိုက်သည်။
"ကျွန်မ သိပါတယ် ... ဒါပေမဲ့ ဒါက အမှန်တရားပါပဲ။"
ပြီးနောက် မနေ့ညက ဝိညာဥ်လေး ကျွန်မထံ ပြခဲ့သောမြင်ကွင်းများကို ပြန်သတိရသွားခဲ့သည်။
သူ အမျိုးသမီးတစ်ယောက်ယောက်နှင့် တွေ့ဆုံနေမည်ဟု ကျွန်မ ထင်ခဲ့သည်။
သူက မားကွစ်မြို့စားရစ်ချယ်နှင့် တွေ့ဆုံနေလိမ့်မည်ဟု ကျွန်မ မသိခဲ့။ထို့အပြင် ရန်ဘက်နိုင်ငံမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံနေလိမ့်မည်ဟုလည်း မသိခဲ့ပေ။
ကောင့်မြို့စားအမ်ဘာသည် မားကွစ်မြို့စား ရစ်ချယ်နှင့်ပေါင်း၍ ရန်သူများနှင့် ဆက်သွယ်နေသော သူလျှိုတစ်ယောက် ဖြစ်နေခဲ့၏။
ထိုသို့ ကိစ္စကြီးကို သိရသည်နှင့် ကျွန်မ ကယ်လီယန်ဆီသို့ ချက်ချင်း အပြေးအလွှား လာခဲ့ရသည်။
ဆိုဗက်စ်စတာကို အရင်ဆုံး ပြောသင့်သည်ဟု ကျွန်မ တွေးမိခဲ့ပါ၏။
သို့သော် ကယ်လီယန်၏ယုံကြည်ကိုးစားမှုကို ရရှိရန်အတွက် ကယ်လီယန်ဆီသို့ အရင်ဆုံးလာခဲ့သည်။
ဆိုဗက်စ်စတာကိုတော့ နောက်မှသာ ထိုအကြောင်း ပြောပြရမည်။
ကျွန်မ ထိုသို့ စဥ်းစားပြီး ကယ်လီယန်ကို ကြည့်လိုက်သည်။
"မင်း ဒီကိစ္စကို ဘယ်လို သက်သေပြမလဲ။"
"ကျွန်မ အဲ့ဒီအဖြစ်အပျက်ကို ပြသပေးနိုင်ပါတယ်။"
"မင်း အဲ့ဒါကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ။"
"ဒါက တရားဝင်တယ်ဆိုပြီး အရှင့်သား မျက်စိစုံမှိတ်ထားပေးမယ်ဆိုရင်တော့ ကျွန်မ အရှင့်သားကို ပြောပြပေးပါ့မယ်။"
ကယ်လီယန်က မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်၏။
သူက တစ်ခုခု စဥ်းစားနေပုံရ၏။ထို့ကြောင့် ကျွန်မ မသိချင်ယောင်ဆောင်၍ လေချွန်လိုက်သည်။
"ငါ့ကို ပြောပြ။"
"အရှင့်သား မျက်စိစုံမှိတ်ပေးထားမှာပါလား။"
"ငါ အခုချက်ချင်းပဲ မျက်လုံးမှိတ်ထားပေးတယ်လေ။အဲ့ဒါကို ပြောလိုက်တော့။"
ကျွန်မ၏နှုတ်ခမ်းများက ပြုံးသယောင်ယောင် တွန့်ကွေးသွားရသည်။
"ကျွန်မ သူ့အပေါ် ဝိညာဥ်တစ်ကောင် တင်ပေးလိုက်တာပါ။"
"ဘာ!"
"ကောင့်မြို့စားအမ်ဘာ လုပ်သမျှကိစ္စတိုင်းကို ကျွန်မ မြင်နိုင်ပါတယ်။ဒီတော့ အရှင့်သား ကောင်းကောင်းသိပြီး ဖြစ်မှာပါ။သူတို့ ရန်ဘက်နိုင်ငံက တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံချိန်ရောက်ရင် အရှင့်သားဘက်က ဝင်ရောက်တိုက်ခိုက်လိုက်ရုံပါပဲ။"
"ဟား..."
ကယ်လီယန် နှာမှုတ်လိုက်သည်။၎င်းက မျှော်လင့်မထားသော အခြေအနေတစ်ခု ဖြစ်လေရာ သူ မှင်တက်နေခဲ့၏။
"မင်းက ဘယ်လိုဖြစ်ပြီး ဝိညာဥ်တွေ ထုတ်သုံးလိုက်ရတာလဲ။"
"ကျွန်မ မားကွစ်မြို့စားရစ်ချယ်နောက်ကို လိုက်နေရင်းနဲ့ ကောင့်မြို့စားအမ်ဘာကို တွေ့ခဲ့ရတာပါ။ဒီတော့ အချိန်မီလေး ကျွန်မ ဝိညာဥ်တစ်ကောင်ကို စေလွှတ်လိုက်ပါတယ်။အဲ့ဒါကြောင့်သာ ကျွန်မ တစ်စုံတစ်ရာကို သဘောပေါက်သွားရတာ မဟုတ်ပါလား။"
ကယ်လီယန် သက်ပြင်းချ၍ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိလေသည်။
သူ အပြင်းအထန်ကြိုးပမ်းနေခဲ့သည့်တိုင် လုံးလုံးလျားလျား ပြေလည်သွားပုံ မရပေ။
"ဒါ အမှန်ပဲဆိုရင် မြို့စားဘွဲ့ ရုတ်သိမ်းခံရရုံတင် မကဘဲ ကွပ်မျက်နိုင်လောက်တဲ့ ပြစ်မှု ဖြစ်သွားပြီ။"
"သေဒဏ်ပေးတာက နည်းနည်းတော့ ...၊သူ့တစ်ဘဝလုံးကို ထောင်ထဲမှာပဲ ဖြတ်သန်းခိုင်းလိုက်မယ်ဆိုရင်ရော အဆင်ပြေနိုင်မလား အရှင်သား။"
ကျွန်မ လွှတ်ခနဲ ပြောမိသွားသည်။
"ကျွန်မ လူသတ်သမား မဖြစ်ချင်လို့ပါ။"
"ဒါက ငါ ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ဘူး။တရားခွင်မှာ ဆုံးဖြတ်ကြလိမ့်မယ်။"
"ဒါပေမဲ့ အရှင့်သားရဲ့ဩဇာအာဏာနဲ့ဆိုရင် အကူအညီပေးကောင်း ပေးနိုင်ပါလိမ့်မယ်။ဧကရာဇ်ကို ဆန့်ကျင်ပြီး ကြီးလေးတဲ့ ပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာကလွဲရင် သူ သေဒဏ်က ကင်းလွတ်နိုင်ပါတယ်။အရှင့်သား ဒါကို ဒီလိုခေါင်းစဥ်မတပ်ဘူး မဟုတ်ပါလား။"
ကယ်လီယန်က ပြန်မဖြေခဲ့ပေ။
သို့သော် ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့် သူက ကျွန်မပြောသည့်အတိုင်း လုပ်ဆောင်မည့် ပုံပေါ်သည်။
ကျွန်မ ထပ်ပြုံးလိုက်ပြီး ကယ်လီယန် ရှိရာသို့ ကိုယ်ကို ညွှတ်ကိုင်းလိုက်သည်။
"ပြီးတော့ ကောင့်မြို့စားကတော်အမ်ဘာက ဒီကိစ္စမှာ ပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။ဒါကို ကျွန်မ အာမခံနိုင်ပါတယ်။"
ကျွန်မ၏မျက်လုံးများ တောက်ပသွားသည်။
"ကျွန်မရဲ့ဂုဏ်သိက္ခာနဲ့ တိုင်တည်ပြီးတော့ပါ။"
ကယ်လီယန်က ဗလာသက်သက် ရယ်မောလိုက်သည်။
"မင်းမှာ ဂုဏ်သိက္ခာတွေ ဘာတွေ ကျန်သေးလို့လား။"
အာ ... တကယ်ပါပဲ။
သူ ဘယ်လိုတောင် ရိုင်းစိုင်းရတာလဲ၊ကြည့်ကြပါဦး။
ကျွန်မ နှုတ်ခမ်းစူလိုက်မိသည်။
"အရှင့်သားက ဒီလိုမျိုးပဲ ဆက်ပြောနေဦးမှာပါလား။ကျွန်မက ဒီလောက်ကောင်းတဲ့ အချက်အလက်ကို ယူလာပေးတာတောင်မှလေ။"
ကျွန်မ၏စူးရှရှ စကားများကြောင့် ကယ်လီယန်က စုတ်သပ်လိုက်သည်။
ပြီးနောက် သူက သူ့ဆံပင်သူ ထိုးဖွနေခဲ့၏။
"ငါ့အတွက် ရှုပ်ထွေးနေတာကြောင့်ပါ။"
သူက ခေါင်းကို နောက်သို့ မှီ၍ သက်ပြင်းမောကြီး ချလိုက်သည်။
"မင်းကို ယုံသင့်၊မယုံသင့် ငါ မသိဘူး။"
"အရှင့်သား ကျွန်မကို ယုံကြည်ရပါမယ်။"
"ဒါကို ယုံကြည်ပေးလိုက်ရင် ကိုယ့်လက်နဲ့ ကိုယ့်နောက်စေ့ကိုယ် ရိုက်တာမျိုး ဖြစ်သွားလိမ့်မယ်။"
ကယ်လီယန် ပြုံးလိုက်သည်။
"ငါ့မှာ တကယ်ပဲ ယုံကြည်ရမဲ့သူ မရှိဘူး။"
ကျွန်မလည်း ထိုသို့တွေးမိပါသည်။
အဘယ့်ကြောင့်ဆိုသော် ကောင့်မြို့စားအမ်ဘာမှာ ကယ်လီယန်အပေါ် ကောင်းပေးသော လူများထဲမှ တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ထိုသူက ရန်သူများနှင့် ဆက်သွယ်နေသည်ဆိုသောကိစ္စမှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်။ထို့အပြင် သူ့အပေါ် သစ္စာဖောက်သွားသလို ခံစားနေရလိမ့်မည်။ထိုသို့ ခံစားရသည်မှာ သဘာဝကျပါ၏။
စိတ်ပျက်လက်ပျက် ဖြစ်နေသော ကယ်လီယန်ကို ကျွန်မ ပြောလိုက်သည်။
"ကျွန်မ အရှင့်သားကို ပြောခဲ့ပြီးသားပါ။"
"ဘာလဲ"
"ကျွန်မကို ယုံကြည်ပေးပါလို့။"
"..."
ကယ်လီယန်က တစ်ခုခု ပြောတော့မလို ပါးစပ်ဟပြီးမှ ပြန်ပိတ်လိုက်၏။
သူ၏လည်ပင်းက လှုပ်ရှားသွားခဲ့၏။
သူ ဘာတွေ တွေးနေတာဖြစ်မလဲ။
သူ၏ထောက်ထားစာနာမှု မရှိသော မျက်လုံးများက ကျွန်မကို စူးစိုက်ကြည့်လာခဲ့သည်။
"မင်း တကယ်ပဲ ..."
ကယ်လီယန် လက်လှမ်းလိုက်သည်။
သူက ကျွန်မ၏ပါးပြင်ကို ထိတွေ့တော့မည့်နှယ် သူ့လက်ကို ဆန့်ထုတ်လာခဲ့သည်။
ဘန်း!
တံခါး ပွင့်သွား၏။
ထို့နောက်
"အရှင့်သား!"
ဖလဲရ် ဝင်လာခဲ့သည်။
TK Team
++++++++