Chapter - 32.2
(သုံးယောက် တစ်ယောက် ယှဥ်ပြိုင်ကြပြီ)
"စီဆဲလ်...."
သူတို့ သုံးယောက် ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။
မာရှယ်၏ဇနီးသည် စီဆဲလ်က စာရွက်စာတမ်းများကို စစ်ဆေးရန် ဘေးနားတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရသည်။
သူတို့အား မရှိနေသလို သဘောထားနေခြင်းအား မြင်လိုက်ရသဖြင့် မာရှယ်၏ဇနီးက တုန်လှုပ်သွားလေသည်။
မာရှယ်၏ဇနီးက တုန်လှုပ်စွာပြောလိုက်သည်-
"စီဆဲလ်.... အမေ လင်းဇီဝေ့ ဘာပြောတာလဲဆိုတာ မသိခဲ့ပါဘူး.... ဒါပေမယ့် အမေ မလိုက်လာလည်း ကျောင်းမြန် က မလွတ်မြောက်နိုင်ပါဘူး"
"ကျွန်တော်သိတယ်...."
စီဆဲလ် ပြုံးလိုက်ပြီး အစီရင်ခံစာကို ဆက်ရေးဖို့သာ အာရုံစိုက်နေခဲ့သည်။
စီဆဲလ် ၏အစီရင်ခံစာသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ လူတိုင်းလက်ခံနိုင်စေရန်အတွက် သူရေးခဲ့သော စက်ရုံ၏ရည်ရွယ်ချက်မှာ ဆေးဝါးထုတ်လုပ်ရန်အတွက်သာမဟုတ်ဘဲ အပင်များဖြင့် အင်းဆက်ပိုးမွှားအဆိပ်များကို ကျော်လွှားနိုင်ရန် နည်းလမ်းများကို တီထွင်ရန်သာဖြစ်သည်။
ဤကဲ့သို့ ဆယ်မိနစ်ခန့်ထိုင်ပြီးနောက် မာရှယ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါ်လိုက်၏။
"စီဆဲလ်"
"ဟင်"
စီဆဲလ်က မျက်ခုံးပင့်ကာ ထူးလိုက်သည်။
"စီဆဲလ်.. မင်းက အခု အပြင်လူဖြစ်တဲ့ ကျောင်းမြန်အတွက်ကျတော့ အလုပ်လုပ်ပေးနေပြီး အခု မင်းအမေကိုကျတော့ မလိုချင်တော့ဘူးလား..."
မာရှယ်၏ဇနီးသည် သေချာ မထိုင်နိုင်တော့ပေ။
စီဆဲလ်က ပြုံးပြီးပြောလိုက်သည်-
"ဒါက ကျောင်းမြန်နဲ့ ဘာမှမဆိုင်ဘူး...ကျွန်တော့နှလုံးသားက အမြဲတမ်းအေးစက်နေတာ..ပြီးတော့ အမေကမှ အပြင်လူနဲ့ပူးပေါင်းပြီး ကျွန်တော်ကို မိသားစုဝင်လို့ မသတ်မှတ်ခဲ့တာ....."
စီဆဲလ်က ခေါင်းခါပြီး ဆက်ပြောလိုက်သည်။
"အမေ၊ ဒီလိုလုပ်မယ်လို့ မထင်ထားမိဘူး....အမေက ကျွန်တော်ကို တားဆီးဖို့ အရမ်းစိတ်အားထက်သန်နေတာပဲ...."
မာရှယ်၏ဇနီး သည် ချက်ချင်း ဖြူဖျော့သွားပြီး "ငါက....ဘယ်လိုလုပ်...!"
စီဆဲလ် က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး မေး၏။
"အယ်လန်နဲ့ ကျွန်တော် သိပ်မကြာခင်က စက်ရုံတစ်ခုထောင်ဖို့ စီစဥ်ထားတာ သိပြီးကြပြီမလား..."
မာရှယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူတို့နှင့်တော်ဝင်စုံတွဲသည် တစ်ခုခုမှားယွင်းသွားလျှင် စီဆဲလ် တောင့်ခံနိုင်ရန် ကူညီပေးရမည်ဆိုတာ သူတို့အားလုံးသိကြသည်။
စီဆဲလ် က ဆက်ပြောလေသည်။
"ဒါပေမယ့် လင်းဇီဝေ့နဲ့ ရဲတွေကြောင့်... အတိအကျပြောရရင်တော့ ရဲတွေဘက်က မှန်တယ်၊ ဒါပေမယ့် လင်းဇီဝေ့ နဲ့ အမေက မှားတယ် .....အမေ့ရဲ့ရယ်ချင်စရာကောင်းတဲ့ မနာလိုမှုနဲ့ ကျောင်းမြန်ကို မကျေနပ်တာကြောင့် ကျွန်တော့်ရဲ့ အစီအစဉ်တစ်ခုလုံးကို အစပြန်စရမှာ....ရုက္ခဗေဒဆေးပညာကို အစကတည်းက လူတိုင်းက ဖြည်းဖြည်းချင်း လက်ခံနိုင်ပေမယ့် အခုတော့ အရာအားလုံးကို အစကနေပြန်စီစဉ်ရတော့မှာပဲ”
မာရှယ်၏ဇနီးသည် တုန်လှုပ်သွားကာ
"စီဆဲလ်....."
"အစီအစဥ် ပျက်သွားရင်တောင် ကျွန်တော်ဂရုမစိုက်ဘူး....ကျွန်တော်အဆင်ပြေအောင် ပြန်လုပ်လို့ရတယ်....ဒါပေမယ့် အမေကတော့...."
စီဆဲလ်က ဘာမှ မပြောတော့ဘဲ ပြုံးရုံသာပြုံးပြလိုက်သည်။
သူတို့နှစ်ဦးအပေါ် စီဆဲလ်၏မကျေနပ်မှုသည် လွန်ခဲ့သည့် တစ်ရက်နှစ်ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ဆက်ဆံရေးမှာ အမြဲအေးခဲနေခဲ့သော်လည်း ယခုအချိန်တွင် ပို၍ ဝေးကွာသွားခဲ့သည်။
ထိုအချိန်တွင် မာရှယ်၏ ဇနီးသည် နူးညံ့ညင်သာသည့် အမူအယာရှိနေသော်လည်းသူမ၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာသည်။
စီဆဲလ်သည် သူတို့အား ဆက်မကြည့်တော့ဘဲ ခေါင်းလှည့်ကာ စာရွက်စာတမ်းများနှင့် အတူ မာရှယ်တို့အား စံအိမ်ထဲတွင် ထားခဲ့လိုက်သည်။
မာရှယ်က ခေါင်းကိုခါယမ်းပြီး သူ့ဇနီး၏ ပခုံးအား ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ကျွန်မတို့ မှားသွားပြီလား...."
မာရှယ်၏ဇနီး သည် ထိန်းမထားနိုင်တော့ဘဲ မျက်နှာကို လက်ဖြင့်အုပ်ကာ အော်ဟစ်လိုက်သည်။
မာရှယ်က ပြန်ဖြေခဲ့သည်။
"Dark Phoenix က စီဆဲလ်ကို ပြန်ပေးဆွဲသွားပြီးနောက်ပိုင်းကစပြီး အရာအားလုံးမှားသွားခဲ့တာ..."
သူတို့က အန်ဒါကို လက်မလွှတ်နိုင်သလို စီဆဲလ်အတွက်လည်း ဘာမှမတတ်နိုင်ပေ။
မာရှယ်တို့ဇနီးမောင်နှံသည် သူတို့၏ ကလေးနှစ်ယောက်ကို မဆုံးရှုံးစေလိုသောကြောင့် ဆုံးဖြတ်ချက်မချနိုင်သည့်အတွက် နောက်ဆုံးတွင် သူတို့၏ ကလေးနှစ်ဦးစလုံးကို ဆုံးရှုံးခဲ့ရသည်။
တစ်ယောက်ကသေသည်......။ နောက်တစ်ယောက်က.......
"မငိုပါနဲ့တော့..."
မာရှယ်က ဆက်ပြောလိုက်သည်။
“သွေးက ရေထက် ပိုပြစ်တယ်....နေရာတိုင်းမှာ လှည့်ကွက်တွေရှိပါတယ်...."
မာရှယ်၏ ဇနီး သည် စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
မာရှယ်က ဆက်ပြောလိုက်သည်။
"အစက Dark Phoenix ကြောင့် စီဆဲလ်ကို ဆုံးရှုံးခဲ့ရတယ်....အန်ဒါ့ကို လက်မလွှတ်နိုင်တဲ့အတွက် စီဆဲလ်ကိုထပ်ပြီးဆုံးရှုံးခဲ့ရတယ်....ဒါပေမယ့် အခု အန်လည်း..သေပြီ...သူက သူ့ရဲ့ မနာလိုစိတ်ကြောင့်သေခဲ့ရတာ..အခု ကိုယ်တို့လုပ်သင့်တာက အန်ဒါကို စွန့်လွှတ်လိုက်ဖို့ပဲ....မဟုတ်ရင် ကိုယ်တို့သားအရင်းကို ထပ်ခါထပ်ခါ မဆုံးရှုံးရအောင် အတိတ်က အရာအားလုံးကို လက်လွှတ်လိုက်ပါတော့...."
မာရှယ်၏ဇနီး သည် အတိတ်ကို ပြန်တွေးပြီး Dark Phoenix ကို ပို၍မုန်းတီးလာပြန်သည်။
ဒီ Dark Phoenix ကြောင့်ပဲ၊ သူမ နဲ့ သူမခင်ပွန်းက အဲဒီအချိန် က သူတို့ကို တကယ် ယုံကြည်ပြီး ရှိသမျှအကုန်ပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့ဆီကသာ အရာအားလုံးသာပါသွားခဲ့လေသည်။
မာရှယ်က ပြောလိုက်၏။
"အန်ဒါက သူ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကြောင့်သေခဲ့ရတာ...သူက အာဏာရဖို့ ကိုယ်တို့ကိုတောင်သတ်ဖို့လုပ်ခဲ့တာ...ကျောင်းမြန်ကြောင့် သေခဲ့ရတာမဟုတ်ဘူး...ကျောင်းမြန်က စီဆဲလ်ရဲ့ ဂုဏ်သိက္ခါနဲ့ ကိုယ်တို့ ဆက်ဆံရေးကို ကာကွယ်ပေးခဲ့တာ....."
မာရှယ်၏ဇနီးက ခေါင်းညိတ်လိုက်လေသည်။
ခင်ပွန်းသည်က အမြဲတမ်း ဆင်ခြင်တုံတရား လွန်ကဲလွန်းပေမယ့် သူမကပဲ ....အရမ်းခံစားလွယ်နေတာလား....။
စီဆဲလ်က ထွက်သွားပြီးနောက် သူ့တပ်သားများနှင့်အတူ လင်းဇီဝေ့ အိမ်သို့ သွားခဲ့သည်။
သူ၏ပင်မစစ်တပ်သည် လင်းဇီဝေ့၏အိမ်ကြီးအား ဝိုင်းရံထားပြီး စီဆဲလ်သည် တံခါးကိုဖွင့်ကာ တိုက်ရိုက် ဝင်လာခဲ့သည်။
"ဗိုလ်ချုပ်ကြီး.."
လင်းဇီဝေ့က အမြန်ထွက်လာလေသည်။
"ရှင်......ဒီကို........ဘယ်လိုရောက်နေတာလဲ.."
စီဆဲလ်သည် ကြီးမားသော အပြုံးဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ သူ့ခြေထောက်နှစ်ဖက်ကို ချိတ်လိုက်ပြီး သူ့လက်များကို ပိုက်ထားလိုက်သည်။
"စကားပြောချင်လို့ စိတ်ဝင်စားလား"
လင်းဇီဝေ့၏ မျက်လုံးများ တောက်ပလာလေသည်။ သူမသည် စီဆဲလ်၏တစ်ဖက်ခြမ်းတွင် ဝင်ထိုင်ပြီး သူမရဲ့ ဆံပင်တွေကို မသိစိတ်က ပွတ်သပ်ကာ မေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ၊ ဗိုလ်ချုပ်ကြီးက ညီမကို ဘာပြောစရာရှိလို့လဲ"
"ကျောင်းမြန်က ဟောင်လုလုကို တိတ်တဆိတ်သယ်လာမှန်း မင်း ဘယ်လိုလုပ်သိတာလဲဆိုတာ ငါ့ကိုပြောပြပါ..."
စီဆဲလ်သည် လင်းဇီဝေ့ကို နှုတ်ခမ်းတစ်ဖက်ကို အပေါ်တွန့်ကွေးကာ ပြုံးပြီး ကြည့်လိုက်သည်။
လင်းဇီဝေ့သည် စီဆဲလ်၏ လှောင်ပြောင်ရိပ်သန်းနေသည့်အကြည့်ကြောင့် အေးစက်သွားခဲ့ပြီး ကြောက်ရွံ့မှုကြောင့် သူမ၏နှလုံးသည် အပြင်သို့ခုန်ထွက်လုနီးပါး လျင်မြန်စွာ ခုန်နေခဲ့သည်။
စီဆဲလ်က လက်သုံးချောင်းထောက်ပြပြီးမေးလိုက်သည်-
"ကြယ်ဓားပြ၊ ရေခဲမြစ်တော်ဝင်မိသားစု၊ ဇာစ့် ၊ မင်းဘယ်တစ်ယောက်နဲ့ လက်တွဲနေတာလဲ"
လင်းဇီဝေ့က စီဆဲလ်အား ဖြူစုတ်နေသည့် မျက်နှာဖြင့် ကြည့်ကာ သူမ၏ လက်ဖဝါးများက ချွေးစေးများ ထွက်နေလေသည်။
လင်းဇီဝေ့က ဘာစကားမှမပြောနိုင်တာကိုမြင်လိုက်ချိန်တွင် စီဆဲလ်က ခနဲ့သလို ရယ်လိုက်ပြီး "ဒါမှမဟုတ် အကုန်လုံးနဲ့လား..... ဒါမှမဟုတ်....ငါမသိတာတစ်ခုရှိသေးတာလား....အဲဒါဆိုလည်း ဆွေးနွေးကြည့်ရအောင်"
စီဆဲလ်က လင်းဇီဝေ့သည် ပျော့ညံ့သော အမျိုးသမီး၊ သာမန်သရုပ်ဆောင်တစ်ဦးဖြစ် သည်ကို မယုံကြည်ပါ။
သူ့တပ်နှစ်ခုကို မလှိမ့်တပတ်လုပ်ပြီး ကျောင်းမြန် တိတ်တဆိတ် လှုပ်ရှားခဲ့သည်ကို သိနေသောကြောင့် သူမ၏ နောက်ကွယ်တွင် တစ်ယောက်ယောက်ရှိနေလိမ့်မည်။
လင်းဇီဝေ့သည် ထိုလူများအတွက် စစ်တုရင်တစ်ရုပ်သာဖြစ်သည်။
"ကျွန်မ.....မလုပ်.တကယ်မလုပ်ပါဘူး..."
တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ စီဆဲလ်၏ လူသတ်ငွေ့သည် စစ်မြေပြင်မှာကဲ့သို့ သွေးထွက်သံယိုဖြစ်နိုင်သောအခြေအနေကြောင့် လင်းဇီဝေ့က ထိတ်လန့်သွားခဲ့သည်။
သူမသည် နီရဲသောမျက်လုံးများဖြင့် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်-
"ကျွန်မက ရန်သူနဲ့ တကယ်မပူးပေါင်းပါဘူး။ အရင်ကပြောခဲ့သလိုပဲ ရေတပ်ဗိုလ်ချုပ်ကျောင်းက ဟောင်လုလုကို တိတ်တဆိတ်ယူလာတယ်ဆိုပြီးတော့ မသိတဲ့နေရာကနေ စာတစ်စောင် ရလာခဲ့တာ..ပြီးတော့ ဗိုလ်ချုပ်ကျောင်းကရှင့်ရဲ့ တရားဝင်အိမ်ထောင်ဖက်လေ ပြီးတော့ သူက လူဆိုးဖြစ်နေပြီး ရှင့်ကို ထိခိုက်စေမိမှာဆိုးလို့ ကျွန်မပဲ"အကြောင်းပြချက်မရှိအကုန်အကျခံပြီး အကုန်လုံးကိုအကြောင်းကြားလိုက်တာ..."
လင်းဇီဝေ့ က သူမ၏ကြိုတင်ပြင်ဆင်ထားသော စာသားများကို တုန်လှုပ်စွာနှင် ပြောလိုက်သည်။
"ဒါပဲလား...."
စီဆဲလ်သည် ဖျော်ရည်အနည်းငယ်ကို သောက်လိုက်ပြီး -
"အမှန်အတိုင်းရင် တရားဝင်ဇနီးနေရာကိုပေးမယ်"
လင်းဇီဝေ့သည် မျက်ရည်ကျလုဆဲဆဲဖြစ်သော်လည်း စီဆဲလ်ပြောသည်ကို သူမကြားလိုက်ချိန်တွင် ချက်ချင်းရပ်သွားလေသည်။
"တရားဝင်ဇနီးနေရာ......ကဘာလဲ"
"ဟုတ်တယ်.... ငါကဘယ်တော့မှမလိမ်ဘူး.... ငါ့နာမည်နဲ့ ကတိပေးတယ်"
လင်းဇီဝေ့သည် ကောင်းကင်မှ မုန့်ချိုကြီးကို ရလိုက်သကဲ့သို မယုံကြည့်နိုင်စွာဖြင့် စီဆဲလ်အား တုန်လှုပ်စွာဖြင့် ကြည့်ကာ မေးလိုက်သည်-
" တကယ်လား..."
"တကယ်"
စီဆဲလ်က ပြုံးပြီး ခေါင်းညိတ်သည်။
"ဟုတ်.....ဟုတ်ကဲ့.."
လင်းဇီဝေ့က တံတွေးမျိုချလိုက်သည်။
ရန်သူနှင့်ပူးပေါင်းခြင်းမဟုတ်သဖြင့် နိုင်ငံတော်ပုန်ကန်မှု ရာဇ၀တ်မှုဖြစ်မည်ကို သူမသိသောကြောင့် တခြား အကြောင်းပြချက်ပေးကာ ပြောပြလေသည်။
ဒါပေမယ့်...ဒါပေမယ့် စီဆဲလ်က သူ့တရားဝင်ဇနီးရာထူးကို ပေးမယ်လို့ ကတိပေးခဲ့တယ်.... သူမက စီဆဲလ်ကို အပိုင်ရဖို့ အများကြီးလုပ်နေရတာမဟုတ်ဘူးလား။
ကျောင်းမြန်ကို ဆွဲထုတ်လိုက်နိုင်သရွေ့ စီဆဲလ် ၏ဇနီးဖြစ်လာနိုင်သည်ဟု အနက်ရောင်ဝတ်အမျိုးသားက ပြောပြခဲ့သည်။
စီဆဲလ်က သူမကို သဘောကျလောက်မယ်ထင်လား.....။
အနက်ရောင်၀တ် အမျိုးသားနှင့် အတူတွဲလုပ်နေပေမယ့် ဘာမှ အလုပ်မဖြစ်လာခဲ့ပေ။ကျောင်းမြန်၏လျှို့ဝှက်ချက်ကို သူမ ထုတ်ဖော်လိုက်ရုံနှင့် အခြေအနေက ဘာမှအလေးအနက် မဖြစ်လာခဲ့ပေ..။..
"ပြောမယ်ဆိုရင် ... ရှင် ကျွန်မကို အပြစ်တင်လို့မရဘူးနော်....ပြီးတော့ ...ရှင်တရားဝင်ဇနီးနေရာက သေချာပါတယ်နော်...."
လင်းဇီဝေ့က ထပ်မံအတည်ပြုခဲ့သည်။
"ငါ...ကျိန်ပြောလို့ရတယ်"
စီဆဲလ်က သူ့လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
"သေချာပါတယ်"
ယခု လင်းဇီဝေ့သည် ရေတပ်ဗိုလ်ချုပ်ကြီးက သူ၏ ကျိန်ဆိုချက်ကို မဖောက်ဖျက်နိုင်သောကြောင့် သူ့ကို ယုံကြည်ခဲ့သည်။
ထို့ကြောင့် လင်းဇီဝေ့သည် အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် သူမ၏ သတ္တိကို ဆင့်ခေါ်ကာ ပြောခဲ့သည်-
"အဲ့ဒါက Dark Phoenix ပဲ "
..........
စီဆဲလ် ၏နှလုံးသား တင်းကြပ်သွားသည်။
Dark Phoenix.....
စီဆဲလ်၏ မျက်လုံးများ မှိတ်ကာ တွေးလိုက်သည်-
'သူ ဒီလူတွေကို အကုန်သတ်ပြီးပြီမဟုတ်ဘူးလား....အသက်ရှင်နေတဲ့သူရှိသေးတာလား...'
စီဆဲလ်က ပြုံးပြီး ပြောလိုက်သည်-
"မင်း ဆက်ပြောပါ"
လင်းဇီဝေ့က အသက်ပြင်းပြင်းရှူပြီး
"သူတို့က ရုတ်တရက် ကျွန်မဆီလာပြီး ရေတပ်ဗိုလ်ချုပ်ကျောင်း ကို တိုက်ခိုက်ဖို့ အခွင့်အရေးရှာခိုင်းတယ်... ဒီတစ်ခါစာကလည်း သူတို့ဆီက စာပါ"
စီဆဲလ် က ဆက်မေးလိုက်သည်။
"ဒါဆို ကျောင်းမြန်က ဟောင်လုလုကို ရွေးခဲ့တာကို သူတို့က သိနေပြီးသားပုံနဲ့ ပြောခဲ့တာလား..."
လင်းဇီဝေ့က ခေါင်းခါလိုက်သည်။
"ကောင်းပြီလေ..."
စီဆဲလ်သည် ထကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"ရေတပ်ဗိုလ်ချုပ်ကြီး....."
လင်းဇီဝေ့လည်း ထလိုက်ပြီး မေးလိုက်သည်
"ရှင် ကျွန်မကို ကတိပေးတာလေး......"
"ဟေး ငါပြောတဲ့အတိုင်းလုပ်ပေးမှာပါ...။"
စီဆဲလ်က လှည့်ပြီး ပြောလိုက်သည်။
"မင်းကို ပလူတိုနဲ့ ချက်ခြင်းလက်ထပ်ခွင့်ပေးဖို့ တစ်ယောက်တစ်ယောက်ကို ပြင်ဆင်ခိုင်းမယ်"
.........!!
လင်းဇီဝေ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမသည် တုန်လှုပ်သော အသံဖြင့် မေးလိုက်သည်။
"ရှင်...အခု ဘာပြောလိုက်တာလဲ"
"မင်းရဲ့ တရားဝင်ဇနီးနေရာကို အပိုင်ပေးဖို့ တွေးလိုက်တဲ့အချိန်မှာ ပလူတိုဂြိုလ်က မင်းသား ဒိုရွန်က ငါတို့နဲ့ မဟုမိတ်ဖွဲ့ဖို့ လက်ထပ်ဖို့သင့်တော်တဲ့ မိန်းကလေးမရှိသေးဘူး အခုကတော့ အဆင်ပြေသွားပြီ...မင်ူက အရမ်းလှသော မင်းသားဒိုရွန်လည်း...သဘောကျမှာပါ..."
လင်းဇီဝေ့က အေးခဲသွားတော့သည်။
မင်းသား ဒိုရွန်......
ဒါ မင်းသားမဟုတ်ဘူး! အဲဒါ မကောင်းဆိုးဝါးတစ်ကောင်ပဲ။
သူသည် တိုတောင်းပြီး...ရုပ်ဆိုးသော အမွှေးအမျှင်များရှိသော ဂြိုလ်သားဖြစ်ပြီး မှောင်မဲကာ ဆင်းရဲနွမ်းပါးသော ပလူတိုဂြိုလ်တွင် နေထိုင်လေသည်။
လှပသောလူသားက သားရဲအုပ်စုနှင့် လက်ထပ်လိုက်မည်ဆိုလျှင် မည်သို့သော အကျိုးဆက်များ ဖြစ်လာနိုင်မည်နည်း....။
လင်းဇီဝေ့သည် *အပြာရောင်သေနတ်မှ ကျည်တစ်တောင့်ကို ခံစားလိုက်ရသကဲ့သို့ သူမသည် ခွေယိုင်ကျသွားကာ မြေပြင်ပေါ်တွင် ထိုင်နေခဲ့သည်။
(*သေမိန့်ချခံလိုက်ရသကဲ့သို့)
မင်းသား ဒိုရွန်ကို လက်ထပ်ရခြင်းသည် ပြည်နှင်ဒဏ်ပေးခံရခြင်း.. ညှဉ်းပန်းနှိပ်စက်ခံရခြင်း သို့မဟုတ် စော်ကားခံရခြင်းထက် အများကြီးပိုလေသည်။
"ရှင်....ရှင် ကျွန်မကိုဒီလိုလုပ်လို့မရဘူး...ကျွန်မက အဖွဲ့ချုပ်က မိန်းမသားတစ်ယောက်ပဲ...."
"ရှင် ကျွန်မကို သတ်ပစ်လိုက်ပါတော့!!!"
ဒါသည် သေခြင်းတရားထက် ပိုကြောက်စရာကောင်းတဲ့ ပြစ်ဒဏ်ဖြစ်သည်။
"မစ်လင်းက ငါ့တိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေကို ငါဘယ်လောက် မုန်းတီးတယ်ဆိုတာ သေချာသိသေးပုံမပေါ်ဘူး။"
စီဆဲလ်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး
"ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ယုံကြည်ချက်တွေကို သစ္စာဖောက်နေသ၍ ငါ့ညီကိုတောင် သတ်ပစ်ဖို့ ငါတွန့်ဆုတ်နေမှာ မဟုတ်ဘူး။"
စီဆဲလ်သည် လင်းဇီဝေ့ ကို ထိုမင်းသားနှင့် လက်ထပ်ပေးရန် အစကတည်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။
စီဆဲလ် ၏ဘ၀တွင် အယုတ်မာဆုံးလူမှာ ရန်သူနှင့်ပူးပေါင်းပြီး မိမိကိုယ်ကျိုးအတွက် သစ္စာဖောက်သူဖြစ်သည်။
သူနှင့် စစ်သည်တစ်စုသည် အပြင်ဘက်တွင် ရန်သူကို ရင်ဆိုင်ရန် အသက်စွန့်ခဲ့ကြသည် ။ သူနဲ့ တိုက်ပွဲဝင်ခဲ့ကြသည့် မရေမတွက်နိုင်သောသူများ ဒါမှမဟုတ် စစ်တပ်ထဲတွင် မသိခဲ့သည့်သူများက နောက်ဆုံးမှာ ရေခဲတုံးကျောက်တုံးများနှင် ကျောက်ရုပ်ထုကြီးများ၏ နာမည်အဖြစ် ပြောင်းလဲသွားပြီး ဝမ်းနည်းခြင်းအစည်းအဝေး၌ နှစ်စဉ်နှစ်တိုင်း သူတို့၏ နာမည်များကို ကြည့်ရှုခိုင်းစေခဲ့ပါသည်။ .
နှစ်စဉ်နှစ်တိုင်း နာမည်တွေထပ်ထည့်ထားသောကြောင့် သူ့နှလုံးသားထဲတွင် လေးလံသောကျောက်တုံးတစ်ခုလိုဖြစ်နေပြီး ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ သူ့မှာ ဘယ်လောက်တာဝန်ရှိနေကြောင်းအား အမြဲသတိပေးနေလေ့ရှိသည်။
ထို့ကြောင့် စီဆဲလ်က သူနှင့် ကျောင်းမြန်သည် အတူတူပဲ ဟု ခံစားရသောကြောင့် ကျောင်းမြန်အား နှစ်သက်ခဲ့ခြင်း ဖြစ်နိုင်သည်။
စီဆဲလ်က လူအများကို အသေခံပြီး တိုက်ပွဲဝင်ခဲ့သူများကို ကျေးဇူးတင်ဖို့ မတောင်းဆိုခဲ့ပေမယ့် အနည်းဆုံးတော့ ထိုလူတွေ၏ အသက်ကို စတေးပြီး လှောင်ပြောင်ကာ ရန်သူဆီသို့ဘပြေးသွားခြင်း မလုပ်စေလိုပါ..။
လင်းဇီဝေ့ကဲ့သို့သော လူများအား သူသည် အနည်းငယ်မျှ စာနာမှု ပေးနိုင်မည်မဟုတ်ပါ။
အိမ်မှထွက်လာပြီးနောက် အပြင်မှာစောင့်နေသော အယ်လန်က ရှေ့သို့ပြေးလာပြီး မေးလိုက်သည်။
"ပြောစမ်း၊ ဘယ်သူတဲ့လဲ"
"Dark Phoenix"
အယ်လန် အံ့အားသင့်သွားသည်။
စီဆဲလ်...က.....မဖြစ်သေးဘူး...
သို့သော် Dark Phoenix သည် အမြဲတမ်း စီဆဲလ်၏ *ပြောင်းပြန် အကြေးခွံသာဖြစ်သည်။
(*အထိမခံနိုင်သောအရာ)
အယ်လန်က ထပ်မပြောတော့ဘဲ .
" အဲ့ဒီ့ လင်းဇီဝေ့ကို မင်း တစ်ချက်ရိုက်ခဲ့လိုက်သေးလား၊ ဒါမှမဟုတ်... သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားရုံးကနေ တစ်သက်တစ်ကျွန်း စီရင်ချက်ချလို့ရမယ်လို့ ထင်တယ်”
ထို့နောက် စီဆဲလ်က အယ်ခန်အား သူမ၏ အိမ်ထောင်ရေးအကြောင်းကို ပြောပြခဲ့ပါသည်။
“သေစမ်း.…”
အယ်လန်က ခေတ္တရပ်ပြီး ပြောလိုက်သည်- “မင်းက အမှိုက်ကို ကောင်းကောင်းအသုံးချတတ်ပြီး အကျဉ်းသားတွေရဲ့ နောက်ဆုံးတန်ဖိုးကိုတောင် ဖြုန်းတီးလိုက်တာပဲ”
စီဆဲလ်က ဆက်ပြောလိုက်သည်။
"ပလူတိုက ငါတို့ရဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် မင်းသား ဒိုရွန်ကို အိမ်ထောင်ပြုပေးနိုင်ဖို့ ငါအရမ်းမျှော်လင့်ထားခဲ့တာ...နောက်ကျတော့ ငါကတိပေးလိုက်မိတယ်...သူက ဘယ်သူနဲ့မှ လက်ထပ်ဖို့အဆင်မပြေလို့ သူ့ခံစားချက်ကို မထိခိုက်စေချင်ဘူး အခုကတော့ အကုန်အဆင့်သင့်ဖြစ်သွားပြီ လင်းဇီဝေ့ကလည်း ရိုးသားတဲ့ မျက်နှာလေးနဲ့ ကြည့်ရတာ အရမ်း လိုက်ဖက်မှာပါ..."
"ဟုတ်တယ်... အဲဒီဂြိုလ်သားတွေက လူသားတွေလိုမျိုး အားနည်းချက်မရှိသလို၊ ငါတို့ကလည်း သူတို့ရဲ့စစ်တပ်တွေ အရမ်းလိုအပ်တယ်။"
အယ်လန်က လင်းဇီဝေ့က အိမ်ထောင်ကျပြီးရင် အာဏာရလာမှာ မကြောက်ဘူးလား ဟု မေးမည့် အချိန်တွင် သူမ၏IQ နဲ့ဆိုလျှင် လက်ထပ်ပြီးလျှင် သူမ၏အဆင့်အတန်းနှင့်ဘယ်အခြေအနေမဆို ဖြစ်လာနိုင်သောကြောင့် မမေးလိုက်တော့ပေ။
ထိုအချိန်တွင်၊ အိမ်အတွင်းမှ လင်းဇီဝေ့၏ စူးစူးဝါးဝါးအော်သံကြောင့် အယ်လန်သည် သူမလုပ်ခဲ့သမျှကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
အော်ဟစ်သံများနှင့် အရာဝတ္ထုများကို ရိုက်ချိုးသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် အယ်လန်က ခေါင်းယမ်းကာ ပြောလိုက်သည်-
"ငါတို့ သွားကြစို့"
အကယ်၍ သူမသည် စီဆဲလ်၏အထိမခံနိုင်သည့်အရာအား ထိမိခဲ့သောကြောင့် သူမကိုယ်သူမ သတ်သေခဲ့ပါက၊ သူမသည် ယခုအချိန်တွင် သူမ၏ ဂုဏ်သိက္ခါနှင့် စည်းစိမ်များကို မစွန့်ပစ်ရဘဲ ဆက်သုံးခွင့်ရနေပေလိမ့်မည်။
နှစ်ယောက်သား လေယာဉ်ပေါ်တက်ပြီး စစ်ဘက်အဆောက်အအုံဆီသို့ ဦးတည်သွားကြသည်။
အားလုံး အဆင်သင့်ဖြစ်ပြီး တရားရုံးများကို ပြန်လည်ခြေပရန်နှင့် အစည်းအဝေးကို စောင့်ပြီး စက်ရုံက အတည်ပြုခွင့်ပြုရန် ၊စက်ရုံတည်ဆောက်ပြီးသည်နှင့် ကျောင်းမြန် အပြစ်ကင်းစင်ကြောင်းကို ရဲများသိနိုင်စေရန် ဆောက်လုပ်ရေးတရားဝင်စာရွက်စာတမ်းကို ထုတ်ပြန်ခဲ့သည်။
--XXXX----