Chapter 32.1
Viewers 7k

Chapter - 32.1

(သုံးယောက် တစ်ယောက် ယှဥ်ပြိုင်ကြပြီ)


လင်းဇီဝေ့က အော်ပြောလိုက်သည်။

"ရေတပ်ဗိုလ်ချုပ်ကျောင်းက စွန့်ပစ်ကြယ်ကိုသွားပြီးတော့ ဖက်ဒရေးရှင်းရဲ့ အန္တရာယ်အရှိဆုံး မူးယစ်ဆေး ဖြစ်တဲ့ ဟောင်လုလုကို နယ်မြေထဲယူလာတယ်လို့ အတွင်းသတင်းရထားပါတယ်...."



သူမ၏နောက်တွင်ရှိနေသည်မှာ ဖက်ဒရယ်မြို့၏ မူးယစ်ဆေးနှိမ်နင်းရေးတပ်ဖွဲ့ဖြစ်သည်။



စီဆဲလ် ၊ တော်ဝင်မိသားစု နှင့် ဝန်ကြီးများအားလုံးသည် နိုင်ငံအား သေချာစီမံခန့်ခွဲနိုင်သောကြောင့် အဖွဲ့ချုပ်သည် ယခုကဲ့သို့ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ကြောင်းသူ သိခဲ့ပြီးဖြစ်သည်။ 



ပြီးတော့......စီဆဲလ်က သူ၏အာဏာကို ကောင်းစွာ ဖြန့်ကျက်ထားနိုင်သည်။ 



ထို့အပြင် 'ဟောင်လုလု'ကို ခိုးထုတ်တတ်သည့် ပင်လယ်ဓားပြများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို နှိမ်နင်းနိုင်ရန်အတွက် ပြည်ထောင်စု၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် အလွန်မြင့်မားသော လုပ်ပိုင်ခွင့်များ ပေးအပ်ခံထားရပြီး ၎င်းတို့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်နေသည့် တော်ဝင်မိသားစု၊ အဆင်မြင့် ဝန်ကြီးများ အပါအဝင် မည်သူကိုမဆို တိုက်ရိုက်ဖမ်းဆီး၍ရနိုင်သော အခွင့်အာဏာရှိလေသည်။ 



အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် အငြင်းပွားမှုတိုက်ဖျက်ရေး စသည့် အဓိက ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့အား ပေးအပ်ထားသည့် အခွင့်အာဏာနှင့် တန်းတူဖြစ်သည်။ 



ထို့ကြောင့် ယခုအချိန်တွင် ထိုတပ်ဖွဲ့သည် ကျောင်းမြန်၏ ရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ 



ကျောင်းမြန်သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟု အတည်ပြုချက်ရထားသရွေ့ သူ့အား စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးမည်ဖြစ်သည်။



လင်းဇီဝေ့ သည် သူမကိုယ်သူမ အလွန်ယုံကြည်မှုရှိနေသော်လည်း အပြင်လူများ၏ ဝေဖန်တိုက်ခိုက်မှုကို ခံရမည်အား စိုးရိမ်သောကြောင့် သူမသည် သူမနှင့်အတူ မာရှယ်၏ဇနီးအား ဆွဲခေါ်လာခြင်းဖြစ်သည်။



မာရှယ်၏ဇနီးသည် ယခုအချိန်တွင် ဘာမှဝင်မပြောဘဲ အနားတွင်သာ ရပ်နေပြီး အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေပါသည်။ မာရှယ်၏ ဇနီးသည် ယခု အခြေအနေကို သေချာမသိသော်လည်း လင်းဇီဝေ့က ကျောင်းမြန်သည် အရမ်းကြီးမားသော အမှားကို ကျူးလွန်ထားခဲ့သောကြောင့် သူမနှင့်အတူသက်သေထွက်ဆိုပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။



မာရှယ်၏ဇနီးသည် သူမ၏စိတ်ထဲတွင် ကျောင်းမြန်အား သူမအလွန်စိတ်ပျက်သောကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်စေချင်သော်လည်း ကျောင်းမြန်ကြောင့် သူ့သား စီဆဲလ်အား ထိခိုက် စေမည့် မတော်တဆမှုမျိုးကို မဖြစ်စေလိုသည့် လွန်ဆွဲမှုများလည်းရှိနေလေသည်။





"ဖက်ဒရယ်နိုင်ငံသားဖြစ်သူ လင်းဇီဝေ့က အမည်မဖော်လိုသူတစ်ဦးဆီက ဟောင်လုလုကို စုဆောင်းဖို့ B1ကို သွားပြီး မြို့တော်ထဲယူဆောင်ဖို့ကြိုးစားနေတယ်လို့ လျှို့ဝှက်သတင်းရရှိခဲ့ပါတယ်...အဲ့ဒါ မှန်ကန်ပါသလား..." 



ရဲတပ်ဖွဲမှူးသည် အရပ်မြင့်မြင့် နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ထိုသူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလေသည်။



ကျောင်းမြန်၏ အမှတ်အသားမှာ အလွန်ထင်ရှားလွန်းသောကြောင့် အရာအားလုံးကို အတည်မပြုရသေးမီတွင် ကပ္ပတိန်သည် အလွန်ယဉ်ကျေးနေလေသည်။



"မစ်လင်း က နားလည်မှုလွဲနေတာပါ...ငါ့အထင် တစ်ယောက်ယောက်က ငါ့ကိုမကျေနပ်လို့နေပါလိမ့်မယ်..."



ကျောင်းမြန်က ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်ပြီး 

"ဒါဆို....ငါ...အမြန်ပြန်ဖို့ ရှိသေးလို့...."



"ရေတပ်ဗိုလ်ချုပ် ကျောင်း"



ကျောင်းမြန်အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။



ထိုလူက လက်ထဲတွင် စစ်ဆေးသည့်စက်ကို တင်းကြပ်စွာ ကိုင်ထားပြီးပြော၏။



"ကျွန်တော် .တောင်းပန်ပါတယ် ဒါပေမယ့် ရေတပ်ဗိုလ်ချုပ် တင်မဟုတ်ဘဲ မာရှယ်ဖြစ်နေရင်တောင် သံသယရှိသရွေ့....စုံစမ်းရမှာပါပဲ... အဲဒီအပေါ်မှာ ဘယ်သူ့မှ ချွင်းချက်ဆိုတာ မရှိပါဘူး....."



ကျောင်းမြန်က ခဏလောက်စဉ်းစားလိုက်ပြီး မသိစိတ်မှ သူ့လက်ကို ခါးပေါ်တင်လိုက်မိသည်။



အကယ်၍ စီဆဲလ်ရောက်လာတဲ့အခါ ကျောင်းမြန်က ဒါကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားနေလေသည်။



"ဘာဖြစ်နေကြတာလဲ..."



စီဆဲလ်သည် ကျောင်းမြန်၏ စာတိုကို လက်ခံရရှိခဲ့ပြီးနောက် တပ်ဖွဲ့နှစ်ခုမှ လူများအား မေးမြန်းလိုက်စဥ် ကျောင်းမြန်သည် ရဲများ၏စစ်ဆေးမှုကို ခံနေရကြောင်းသိလိုက်ရချိန် သူ၏မျက်နှာမှာ မဲမှောင်သွားတော့သည်။ 



ထိုအသံကိုကြားလိုက်စဥ် ကျောင်းမြန်ကအံ့ဩသွားသည်။



မူလက ချင်းယင်ကြောင့် စီဆဲလ်အား လာရန် တောင်းဆိုခဲ့သော်လည်း ယခု အခြေအနေသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်။ 



"ဗိုလ်ချုပ်ကြီး တောင်းပန်ပါတယ် ဒါပေမယ့် စစ်ဆေးရမယ့် ကိစ္စရှိနေလို့ပါ" 



ကပ္ပတိန်က ရှေ့တိုးလာပြီး စီဆဲလ်အား ရှင်းပြလေသည်။



စီဆဲလ်က ကျောင်းမြန်၏ဘေးကို လျှောက်သွားလိုက်ပြီး သူ့ပခုံးကို ဆွဲဖက်လိုက်ကာ ပြတ်သားစွာပြောလိုက်သည်။

"မင်းဘက်က နားလည်မှုလွဲနေတာ....ရေတပ်ဗိုလ်ချုပ်ကျောင်းက ဒီလိုလူမျိုး မဟုတ်ဘူး" 





“ဒါပေမယ့် ကျွန်တော်တို့ စစ်ဆေးဖို့ လိုအပ်နေပါသေးတယ်။ မူးယစ်ဆေးဝါးကိစ္စဖြစ်လို့ သံသယဖြစ်စရာအခြေအနေရှိနေတာမို့လို့ လွှတ်ထားလိုက်လို့မရပါဘူး"



ကပ္ပတိန်က စီဆဲလ်အား ပို၍ တိကျခိုင်မာစွာ ပြောခဲ့တယ်– 



“ဗိုလ်ချုပ်ကြီး ကျွန်တော်တို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့က ဆယ်စုနှစ်နီးပါးရပ်တည်ခဲ့ပြီးပါပြီ....ဒီနှစ်တွေအတွင်းမှာလည်း တရားမျှတစွာ လုပ်ဆောင်နိုင်ဖို့ လုပ်ပိုင်ခွင့်တွေပေးအပ်ခံထားရပါတယ်....အရှင်မြတ် ကိုယ်တိုင် အခွင်အာဏာပေးထားတာပါ...ဒါဟာလည်း အဖွဲ့ချုပ်ရဲ့ ယုံကြည်မှုအားကိုးမှုပါပဲ....ဒီလိုယုံကြည်မှုကို ဗိုလ်ချုပ်ကြီးကိုယ်တိုင် လက်နဲ့ ဖျက်ဆီးချင်လို့လား..."



စီဆဲလ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။



"အဖွဲ့ချုပ်အတွက်ကြောင့်..လူတိုင်းက ခင်ဗျားအပေါ်ထားတဲ့ လေးစားယုံကြည်မှုကို မဖျက်ဆီးပါနဲ့..." 



ကပ္ပတိန် ယိမ်းယိုင်ခြင်းမရှိသော ခန္ဓာကိုယ်သည် ကြောက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ဘေးတွင်ရပ်နေလေသည်။



ကျောင်းမြန်က အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။



ပြီးတော့...



ကျောင်းမြန်၏ နှလုံးသားသည် ရှုပ်ထွေးနေသည်။



သူကိုယ်တိုင်အတွက်က အရေးမကြီးပါ....။ သူက စီဆဲလ်နှင့် မပတ်သက်စေချင်ရုံသာဖြစ်သည်။ 



မစစ်ဆေးလိုက်ပါက၊ သူသည် အနောက်တံခါးဖွင့်ပြီး စီဆဲလ်၏ အခွင့်အာဏာနှင့် ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။ 



သို့သော် စစ်ဆေးလျှင်လည်း ဗိုလ်ချုပ်ကတော်၏ အိတ်ထဲတွင် ဟောင်လုလုကို တွေ့သွားရင် စီဆဲလ်အား ထိခိုက်စေလိမ့်မည်။



ကျောင်းမြန်သည် ဘာလုပ်ရမည်ကို တုံ့ဆိုင်းလျက်ရှိနေသည်ကိုမြင်သော် စီဆဲလ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်- 

"ဒါဆို စစ်ဆေးကြည့်လိုက်.."



ကျောင်းမြန်က စီဆဲလ်ကို လှည့်ကြည့်လိုက်ချိန်တွင် သူ့အား နှစ်သိမ့်လိုသည့်အနေဖြင့် စီဆဲလ်က ခေါင်းကို ခပ်ဖွဖွညိတ်ပြလေသည်။ 



ကျောင်းမြန်သည် ဟောင်လုလုကိစ္စကို စိတ်ထဲမထည့်နိုင်ဘဲ စီဆဲလ်က သူ့အား ယခု စိတ်ပူစရာမလိုဘူးဟု ပြောချင်သည့်အဓိပ္ပါယ်မှာ သူ့တွင် ဟောင်လုလု ရှိမည် မဟုတ်ဟု ယုံကြည်နေသည့် အဓိပ္ပါယ်လား......။



ခွင့်ပြုချက်ရသည်နှင့် ကပ္ပတိန်သည် စိတ်ပူစရာမလိုတော့သဖြင့် ရှာဖွေစက်ဖြင့် ကျောင်းမြန်အား စတင်ရှာဖွေတော့သည်။



"တီတီ...တီတီ...."



ကိရိယာမှ စူးရှသော အသံထွက်လာလေသည်။



လင်းဇီဝေ့က မပြုံးဘဲမနေနိုင်တော့ဘဲ မာရှယ် ၏ဇနီးက မျက်မှောင်ကြုတ်လိုက်ကာ ခပ်ဖွဖွပြုံးနေသည်။



ကျောင်းမြန်သည် ယခုလိုအမှားမျိုး လုပ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။



ဒီ... အခြေအနေက အလွန်ပြင်းထန်နေပြီး သာမန်ရိုးရှင်းသော အမှားမျိုးမဟုတ်တော့ပါ...။



ရှာဖွေစက်၏ အချက်ပြသံကို ကြားလိုက်သည်နှင့် တပြိုင်နက် ရဲတပ်ဖွဲဝင်များသည် အထူး ညွှန်ကြားချက်မလိုအပ်ဘဲ အရေးပေါ်အခြေအနေဖြစ်သည့်အတွက် သူတို့၏ခါးပေါ်ရှိပစ္စတိုများကို ထုတ်လိုက်ကြသည်။



ကပ္ပတိန်၏မျက်နှာမှာ အနည်းငယ် မဲမှောင်သွားပြီး ပြောလိုက်သည်-

"ရေတပ်ဗိုလ်ချုပ် ကျောင်း ကျွန်တော့်ကို ရှာဖွေခွင့်ပြုပါ" 



ထို့နောက်တွင် ကျောင်းမြန်၏အိတ်ထဲမှ ဟောင်လုလုကိုရှာရန် ရှေ့သို့ လှမ်းလာတော့သည်။ 



စီဆဲလ်က အနည်းငယ် ထိတ်လန့်သွားချိန်တွင် ကျောင်းမြန်၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှရှိမနေပေ။ 



စီဆဲလ်သည် ကျောင်းမြန်တွင် ထိုသို့သော အရာမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။



ကပ္ပတိန်က ဘာမှပြန်မပြောတော့ဘဲ

"ရေတပ်ဗိုလ်ချုပ် ကျောင်း...ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ။"



ထို့နောက် ရဲတပ်ဖွဲ့ဝင်တစ်ယောက်ကလေယာဉ်ကို မောင်းလာခဲ့သည်။



"ကပ္ပတိန်" 



စီဆဲလ်က ကျောင်းမြန်၏ရှေ့တွင် သူ့လက်ကို ဆန့်တန်းလိုက်ပြီး ပြတ်သားစွာပြောလေသည်- 

" ငါ့လူတွေနဲ့ ဌာနချုပ်ကို ငါကိုယ်တိုင် လိုက်ပို့ပါ့မယ်.... ရေတပ်ဗိုလ်ချုပ်ကျောင်းရဲ့ ကိုယ်ပေါ်မှာ ဟောင်လုလုကိုတွေ့ခဲ့ပေမယ့် ဒီကိစ္စကို သေချာ မစုံစမ်းရသေးဘူး....ပြီးတော့ ဗိုလ်ချုပ်ကျောင်းက ငါ့လက်တွဲဖော်ဖြစ်တဲ့အတွက်ကြောင့် ထောင်ကားနဲ့တော့ မလိုက်စေချင်ဘူးမလား...."



ကပ္ပတိန်က ခေတ္တရပ်ပြီး သဘောတူလိုက်သည်။



မထွက်ခွာမီတွင် စီဆဲလ်သည် လင်းဇီဝေ့ နှင့် မာရှယ်၏ဇနီးတို့၏ မျက်လုံးများကို စူးရဲစွာစိုက်ကြည့်ကာ စာလုံးနှစ်လုံးကို ဖော်ပြလိုက်သည်။ 



ဒီကိစ္စ မပြီးသေးဘူး....။



စီဆဲလ်သည် ကျောင်းမြန်ကို လေယာဉ်ပေါ်သို့ ခေါ်ဆောင်သွားပြီး လေယာဉ်အား မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့၏ ဌာနချုပ်ဆီသွားသောလမ်းကြောင်းသို့ ဦးတည်လိုက်သည်။



စီဆဲလ်သည် ယာဉ်မောင်းထိုင်ခုံတွင်ထိုင်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောသည်။

 "ကိုယ့်ကို ရှင်းပြပါ" 



ကျောင်းမြန်၏ မျက်လုံးများပြူးကျယ်သွားပြီး "တောင်းပန်ပါတယ်..."



စီဆဲလ်က ကျောင်းမြန် ကို လှည့်ကြည့်ပြီး ထပ်ပြောလိုက်သည်။

 " မင်း ကိုယ့်ကို တောင်းပန်ဖို့ မလိုဘူး...ဘာတွေဖြစ်နေလဲဆိုတာသာ ကိုယ့်ကို အကုန်ပြောပြ...ကိုယ်မင်းအတွက် အမှန်ပြန်ပြင်ပေးမယ်...."



ကျောင်းမြန် - "ဘာမှရှင်းပြစရာမရှိပါဘူး...ကျွန်တော်က စစ်တပ်နှစ်ခုဆီက လစ်ထွက်လာပြီး ဟောင်လုလုကို ယူလာပြီး မြိုတော်ထဲဝင်လာခဲ့တာ...အကုန် ကျွန်တော့် အပြစ်တွေပါ..." 



စီဆဲလ် - "ကိုယ် အကြောင်းအရင်းကို သိချင်တယ် "



ကျောင်းမြန် - "အကြောင်းပြချက်ဆိုပြီး မရှိဘူး"



"........"



စီဆဲလ် သည် ကျောင်းမြန် ကို စိုက်ကြည့်နေသည်။



ကျောင်းမြန်သည် ထိုအခိုက်အတန့်တွင် ငြိမ်သက်စွာထိုင်ကာ အောက်သို့ ငုံ့ထားပြီး သူ့အားမကြည့်ဘဲ ပြောလိုက်သည်- 

"ဗိုလ်ချုပ်ကြီးကို ဒုက္ခရောက်စေမိတဲ့အတွက် တောင်းပန်ပါတယ် ...ကျွန်တော်ကိုယ်တိုင် ဒီကိစ္စကို ဖြေရှင်းမှာပါ ... တကယ်လို...အဆင်မပြေရင်လည်း စာချုပ်ကို စောစောစီးစီး ရပ်လိုက်ကြတာပေါ့..."



"ကျောင်းမြန်" 



စီဆဲလ်၏ အသံသည် အေးစက်သွားသည်။



ကျောင်းမြန်က ဆက်ပြောလိုက်သည်။ 

"ဖက်ဒရေးရှင်းနဲ့ ရေခဲမြစ်ကြားက ပူးပေါင်းဆောင်ရွက်မှုတွေက ရှိနေဦးမှာပါ...၊ ဒါကိစ္စကြောင့် ထိခိုက်မှာ မဟုတ်ပါဘူး ပြီးတော့ ဒီကိစ္စကို ခရစ် လည်း ဆက်လုပ်နိုင်မှာပါ"



ဒုန်း.....!



ကျယ်လောင်သော ဆူညံသံက ကျောင်းမြန် ၏ စကားကို နှောင့်ယှက်ခဲ့ပြီး ကျောင်းမြန်သည် စီဆဲလ်ရှိရာသို့ လှမ်းကြည့်လိုက်ချိန်တွင် သူသည် လေယာဉ်၏ကီးဘုတ်ကို သူ့လက်ဖြင့် ရိုက်ချိုးလိုက်သည်ကို မြင်လိုက်ရပြီး လေယာဉ်သည် အနည်းငယ် တုန်ခါသွားလေသည် ။



ကျောင်းမြန်သည် စကားကို ချက်ချင်း ရပ်လိုက်ပြီး စီဆဲလ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။



.သူ စိတ်ဆိုးနေတာလား.....။



"ဗိုလ်ချုပ်ကြီး... ကျွန်တော့်မှာ ဖြေရှင်းနိုင်စွမ်းရှိပါတယ်၊ ကျွန်တော်......"



ဖြောင်း....



ဒီတစ်ကြိမ်မှာတော့ စီဆဲလ်က သူ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။



ကျောင်းမြန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နောက်ထိုင်ခုံပေါ်တွင် လဲကျသွားကာ သူ၏လက်များကို စီဆဲလ်က ချုပ်ထားလိုက်ပြီး ခြေထောက်များကိုလည်း စီဆဲလ်၏ ဒူးများဖြင့် ဖိထားခြင်းခံထားရသည်။



"တိတ်လိုက်တော့...."



ကျောင်းမြန်က သူ့အပေါ် ဖုံးလွှမ်းထားသော စီဆဲလ်၏ အရိပ်ကို ကြည့်ရင်း အံ့ဩနေလေသည်။



လေယာဉ်ထဲတွင် အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေပြီး တစ်ယောက်အသက်ရှူသံကို တစ်ယောက် ကြားနေရသည်။



စီဆဲလ် သည် သူ၏သားကောင်ထွက်ပြေးသွားမည်ဆိုးသောကြောင့် အတင်း ချုပ်နှောင်ထားသည့် သားရဲတစ်ကောင် ကဲ့သို့ သူ့အောက်ရှိလူအား ချုပ်နှောင်ထားလိုက်သည်။



ခဏအကြာတွင်၊ စီဆဲလ်သည် သူ့ထိန်းချုပ်မှု လွတ်သွားကြောင်း သိလိုက်ရကာ အသက်ပြင်းပြင်းရှူလိုက်ရင်း မျက်နှာကို ပွတ်သုတ်လိုက်ပြီး မတ်တပ်ပြန်ရပ်ကာ နေရာတွင်ပြန်ထိုင်လိုက်သည်။



လေယာဉ်သည် ရှေ့သို့ ဆက်လက်ရွေ့လျားသွားနေသော်လည်း သူတို့နှစ်ဦးစလုံး မည်သည့်စကားမှ မပြောခဲ့ကြပေ။



စီဆဲလ်သည် ဖြေရှင်းရမည့် နည်းလမ်းများကို စဉ်းစားနေပြီး ကျောင်းမြန်လည်း ထိုကိစ္စကို ပြန်လည်ချိန်ဆနေသည်။



ကျောင်းမြန်၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေလေသည် ။



အဘယ်ကြောင့်ဆိုသော် ချင်းယင်ကို လေဆိပ်တွင် တွေ့လိုက်ရသောကြောင့်ဖြစ်သည်။



ထို့နောက် သူသည် မျက်လုံးမှိတ်လိုက်စဥ်တွင် ကောင်းကင်တွင် အလင်းလုံးကြီး တစ်လုံးဖြင့် ပြည့်နှက်နေလေသည်။



- မင်းက အပြစ်သားတစ်ယောက်ပဲ....။



တစ်စုံတစ်ယောက်သည် ကျောင်းမြန်၏နားတွင် ဤစကားကို တီးတိုးပြောလိုက်သကဲ့သို့ ကြားလိုက်ရသည်။



ကျောင်းမြန်က မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။



"ကိစ္စတော့...မရှိပါဘူး"



စီဆဲလ်က ရုတ်တရက် ပြောလိုက်ရင်း တိတ်ဆိတ်သွားပြီး ခေါင်းကို ယမ်းလိုက်ကာ

"အလွယ်ပြောရရင် မင်းဌာနချုပ်ကိုရောက်ရင် ဘာမှမပြောနဲ့ ဘာမှလည်းလုပ်စရာမလိုဘူး...ကိုယ်ဖြေရှင်းပေးမယ်"



ကျောင်းမြန်က ဘယ်လိုဖြေရမှန်းမသိတော့ဘဲ ပါးစပ်ကိုဟလိုက်မိသည်။



ဒါက... စီဆဲလ်က သူ့ကိုယ်သူ ခြွင်းချက်မရှိ ကူညီဖို့ ရွေးချယ်လိုက်တာလား....။



"မင်းရဲ့ ချစ်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ ကိုယ့်ကို ကြည့်မနေနဲ့ မင်းရဲ့ ချောမောတဲ့ ဗိုလ်ချုပ်ကြီးကို အခုမှ ပထမဆုံးတွေ့ဖူးတာလဲမဟုတ်ဘဲနဲ့..."

 

စီဆဲလ်က မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကိုယ်တို့မှာ ခံစားချက်တွေ မရှိဘူးဆိုရင်တောင် ပူးပေါင်းဖို့ စာချုပ်ချုပ်ထားကြတာလေ...အခု ကိုယ့်ကို ဘာမှမပြောဘဲ ကိုယ့်ဘာသာကိုယ်ဖြေရှင်းပြီး ထားခဲ့ချင်နေတာလား....မင်းရဲ့ ဗိုလ်ချုပ်က ဘာမှအသုံးမကျတော့ဘူးလား..." 



"......"



ကျောင်းမြန်က စီဆဲလ်ကိုကြည့်ကာ သူ့လက်ချောင်းများကို ပွတ်နေလိုက်သည်။



"ဗိုလ်ချုပ်ကြီး..."



စီဆဲလ်က ကျောင်းမြန်ကို ကြည့်လိုက်ပြီး ကျောင်းမြန်ကလည်း သူ့အားပြန်ကြည့်နေလေသည်။



စီဆဲလ်၏ မျက်နှာသွင်ပြင်သည် အမြဲတမ်း မာနကြီးပြီး ရက်စက်ပြတ်သားသောအသွင်ဆောင်သည့် မျက်ခုံးမွှေးထူထူများရှိကာ သူ၏နှုတ်ခမ်းပေါ်တွင်လည်း နှုတ်ခမ်းမွှေးရေးရေးလေးများဖြင့် လိုက်ဖက်ပြီးကြည့်ကောင်းလွန်းလှသည်။



စီဆဲလ်သည် ရေခဲမြစ်တော်ဝင်မိသားစု၏ အမြောက်များဖြင့် ပစ်ခတ်ခြင်းမှ သူ့ကို ကာကွယ်ပေးခဲ့သူဖြစ်သည်။



နှစ်ကုန်အစည်းအဝေးမှာလည်း ရယ်မောပြီး သူနှင့်ထိုက်တန်သော လေးစားမှုအားလုံးကို ပေးမည်ဟု ကတိပေးခဲ့သူဖြစ်သည်။



မနေ့ညကလည်း သူ့အနားတွင်နေဖို့နှင့် ညဘက်အရမ်းအိပ်ပျော်ဖို့ စိတ်မပူရန်လည်း မနေ့ညက သူကိုယ်တိုင် ပြောခဲ့ဖူးသည်။



သူက တခြားသူများနှင့် မတူပေ။



ကျောင်းမြန်က အသက်ပြင်းပြင်းရှူပြီး တိုးတိုးလေးပြောလိုက်သည်-

"ကျွန်တော် ဆေးဖော်မှာမို့လို့ ဟောင်လုလု ကို ရွေးလိုက်တာ။"



စီဆဲလ်က မျက်ခုံးပင့်လိုက်သည်။



ကျောင်းမြန်က ဆက်ပြောလေသည်။

“ဟောင်လုလုက လူတစ်ယောက်ရဲ့အာရုံခံစနစ်တွေကို ဖျက်ဆီးပြီး စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဆိုပေမယ့် သူ့အရွက်တွေကပဲ အဲ့လိုသက်ရောက်မှုရှိတာ သူ့အမြစ်တွေကတော့ အန္တရာယ်ကင်းပြီး ဆေးဖက်ဝင်လို့ ဆေးဖော်တဲ့နေရာမှာသုံးလို့ရတယ်"



"ကိုယ် နားလည်ပြီ"



ကျောင်းမြန်က အမှန်တရားအားလုံးကို မပြောချင်ဘူးဆိုတာကို စီဆဲလ်သိပါသည်။ဒီကိစ္စတွေသာအကုန်သိနေလျှင်လည်း သူကြမ်းတမ်းစွာဆက်ဆံမည်မဟုတ်ပါ။



စီဆဲလ်က သူနှင့်အတူ ဆေးဝါးစက်ရုံတစ်ခု တည်ဆောက်ချင်နေသူသာဖြစ်သည်။



သို့သော်....



စီဆဲလ်က အဲ့ဒီ့ကိစ္စကို လိုက်မတွေးတော့ဘဲ ပြောလိုက်သည်-

"ကိုယ် မင်းအတွက် ဖြေရှင်းပေးမှာပါ" 



ကျောင်းမြန်က ပြန်ပြောလိုက်သည်-

"ခင်ဗျားကို မထိခိုက်စေဘူးလား......"



"စိတ်မပူပါနဲ့။" 



စီဆဲလ်က သူ့လက်နှစ်ဖက်ကို ဖြန့်ကာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်-



"ကိုယ့်မှာ ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်၊ ဒါပေမယ့် တရားဝင် စာရွက်စာတမ်းတွေ အားလုံး အတည်ပြုဖို့တော့ လိုသေးတာပေါ့.....ဒါကြောင့် မင်းဌာနချုပ်မှာ အနည်းဆုံး တစ်ညလောက်တော့ အိပ်ရမယ်ထင်တယ် ကိုယ့်နေရာလောက်တော့ အဆင်ပြေမှာမဟုတ်ဘူး"



ကျောင်းမြန်က ခဏလောက်စဉ်းစားပြီး ပြုံးကာ ပြန်ဖြေလိုက်၏။

"မဟုတ်ပါဘူး....ကျွန်တော် အဆင်ပြေပါတယ်....ရေခဲမြစ်မှာနေခဲ့တုန်းက ဒီထက်ပိုပြီးကြမ်းတမ်းခဲ့တာမို့လို့...."



လေယာဉ်သည် ဌာနချုပ်သို့ရောက်ရှိလာခဲ့ပြီး စီဆဲလ်သည် ရဲတပ်ဖွဲ့ထံသို့ ကျောင်းမြန်ကိုလွှတ်လိုက်ပြီး သူတို့ထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် ထွက်လာခဲ့သည်။



သူ အယ်လန် ကို ပထမဆုံးရှာရမှာဖြစ်သည်။



"ဘာဖြစ်တယ်...."



ဒါကို သိလိုက်ရချိန်တွင် အယ်လန်လည်း အံ့သြသွားတော့သည်။



သူတို့နှစ်ဦးသည် ယခုအချိန်တွင် ဗိုလ်ချုပ်ကြီး၏အိမ်တွင်ရှိနေကြပြီး အယ်လန်သည် စီဆဲလ်၏ကိုယ်ပိုင်တပ်သားများ၏ ထိုနေရာသို့ အတင်းအကျပ်ခေါ်ဆောင်လာခြင်းကိုခံခဲ့ရသည်။



"ခယ်မလေး....သူကလား..." 

သူသည် ပင်လယ်ဓားပြများ သို့မဟုတ် ရေခဲမြစ် တော်ဝင်မိသားစုနှင့် ပတ်သက်မှု ရှိ၊ မရှိ မသေချာပေ။



"မဖြစ်နိုင်ဘူး။" 



စီဆဲလ်က အယ်လန်ပြောချင်သည်ကို သိလိုက်ပြီး တိကျစွာ ပြောလိုက်သည်။

"အဲဒါကို မစဉ်းစားနေနဲ့၊ အခု ငါတို့ ရဲဘက်နဲ့ အရင်ဖြေရှင်းရမှာ" 



"ကောင်းပြီလေ" 



အယ်လန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"ငါတို့ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ..."



"ကျောင်းမြန်က ဟောင်လုလုကို အဆိပ်ဖြေဆေးအတွက် လေ့လာဖို့ ယူလာတယ်လို့ပြောပြီး အပင်က သူနဲ့အတူရှိနေရတဲ့အကြောင်းကို ဖော်ထုတ်ပါ...."



စီဆဲလ်က ဆက်ပြောလိုက်သည်။

"အဲ့ဒါက အဓိက အကြောင်းပြချက်ပဲ" 



အယ်လန် ချက်ချင်းလက်ခုပ်ထတီးလိုက်သည်။



အရမ်းကောင်းတာပဲ!!



စီဆဲလ်က ဆက်ပြောလိုက်သည်။

"ကျောင်းမြန်က မင်းနဲ့အတူ စက်ရုံတစ်ခုဖွင့်ဖို့ အတူပူးပေါင်းထားတာ ဒီကိစ္စကိုရှေ့ထွက်ပြီးဖြေရှင်းဖို့က မင်းရဲ့တာဝန်ပဲ သူ ဟောင်လုလုကို သယ်လာတယ်ဆိုတာလည်း မင်းသိပြီးသားပဲ...."



အယ်လန်: "....."



အယ်လန်၏ မျက်နှာ တွန့်လိမ်သွားသည်-

"ဒါဆို အပြင်လောကကိုထွက်ကြည့်လိုက်ဦး မင်း ဘာမှ မသိဘူးမလား.... မိုးနတ်သမီး မှာ ဖရဲသီးတွေ မရှိဘူး....ဒီမှာ နတ်ဆိုးနေရာကနေ သရုပ်ဆောင်နေတာ ငါ နဲ့ ငါ့ခယ်မလေး ဘဲ ၊ တစ်ခုခု ပြသနာဖြစ်ရင် စက်ရုံမှာ ပစ္စည်းတွေ ရှိတယ်၊ အဲ့ဒီ့မှာ တာဝန်ခံက ငါပဲ ..ကဲ...ဘယ်သူ အရိုက်ခံချင်သေးလဲ"



"ဟုတ်ကဲ့ပါ..." 



စီဆဲလ်က ထိုကိစ္စအား ပြုံးလိုက်ပြီး 

"ကျောင်းမြန်က သုတေသီတစ်ယောက်ဆို မင်းက ကျွမ်းကျင်သူတစ်ယောက်ပဲ"



အယ်လန်သည် သူ့ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်ပြီး အသက်ရှူရပ်တော့မလိုပင် ခံစားလိုက်ရသည်။



"ငါ့ခယ်မလေးအတွက်ပဲ..." 



အယ်လန်က ပြုံးပြီးပြောလိုက်သည်။ 



"ငါ့ရဲ့ ချစ်လှစွာသော ခယ်မလေးအတွက် ငါကတိပေးတယ်.... မိုးနတ်သမီးမှာ ဖရဲသီးမရှိစေရဘူး!"



စီဆဲလ် က ကျေနပ်သွားပြီး ပြောလိုက်သည်။

"ဒါဆို မင်းငါ့အတွက် ကျောင်းမြန်ကို အာမခံပေးဖို့ စာရွက်စာတမ်းတွေ အမြန်ပြင်ဆင်ပြီး ရဲဘက်ကို သတင်းပို့ပေးလို့ရပြီ"



ထိုသို့ပြောပြီးနောက်၊ စီဆဲလ်သည် ဧည့်သည်များကို လိုက်ပို့ရန် အိမ်ထိန်းကို အကူအညီတောင်းခဲ့သည်။



အယ်လန်သည် ဒေါသတကြီးဖြင့် ခြေထောက်ကို ဆောင့် နင်းလိုက်ပြီး မင်းသားတစ်ပါး အနေဖြင့် အဘယ်ကြောင့် ကြီးမားသည့် တာဝန်ဝတ္တရားများကို လက်ခံထားရသည်အား သံသယဝင်လိုက်သော်လည်း သူ၏ကံကြမာကို လက်ခံလိုက်ပြီး အရေးကြီးသည့်ကိစ္စများကို အလျင်စလို လုပ်ဆောင်လာခဲ့သည်။



ထို့နောက် စီဆဲလ်လည်း မည်သည့် ကိစ္စမှ အရင်မလုပ်ဘဲ...ဆေးဝါးစက်ရုံဖွင့်လှစ်နိုင်ရန်အတွက် အတည်ပြုချက်ရယူရန် အစည်းအဝေး တက်ခဲ့ရပြီး အခြေခံအုတ်မြစ်ခိုင်မာရန် ကြိုးစားရဦးမည်ဖြစ်သည်။



ထိုသို့မဟုတ်လျှင်...စက်ရုံဖွင့်ပွဲနေ့တွင် လူထုအုံကြွမှုဖြစ်လာနိုင်ပြီး ဒုက္ခတွေ့စေလိမ့်မည်။



စီဆဲလ်သည် သူ့ထိုင်ခုံပေါ်တွင် လက်ကိုဆန့်တန်းကာ ထိုင်လိုက်သည်။



မှန်တယ် ...



ဒီကိစ္စက မပြီးသေးဘူး.....



စီဆဲလ်သည် မာရှယ်တို့ဇနီးမောင်နှံ ဘယ်မှာရှိသနည်းဟု မေးရန် မင်ရန်ကို ဖုန်းခေါ်တော့မည့်အချိန်တွင် အိမ်ထိန်းက စာကြည့်ခန်းတံခါးကိုခေါက်ကာ မာရှယ်နှင့် သူ့ဇနီးတို့ လာလည်ကြောင်ပြောလေသည်။ 



စီဆဲလ် က လှောင်ပြောင်လိုက်သည်။



သူတို့ အချိန်မီရောက်လာကြတာပဲ.....။