Chapter 52
Viewers 9k

> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch 52


အရွယ်ရောက်ခြင်း အခမ်းအနားပါတီပွဲသာဖြစ်သောကြောင့် အထူးကြီးကျယ်ခမ်းနားတာမျိုးတော့ မဟုတ်ပေ။ အခမ်းအနားကျင်းပရန် အရွယ်ရောက်ပြီးသော မြို့စားအနွယ်ဝင်များက စုဝေးကြပြီး အိမ်ရှေ့မင်းသားက ရင်ထိုးများပေးအပ်ချီးမြှင့်ကာ အရသာရှိသော အစားအသောက်များ စားကြသောက်ကြ၍ အကများတွဲကကြသည်။

ရလဒ်အနေဖြင့် မြို့စားအနွယ်ဝင်အများစုသည် လူနာ နှင့် အန်းသန့်စ် အနီးတစ်ဝိုက်တွင် မယောင်မလည်ရှိနေကြပြီး ပါတီပွဲထက်ပင် ပို၍စိတ်ဝင်စားနေကြဟန်ဖြင့် သူတို့၏ စကားဝိုင်းကို ချောင်းနားထောင်နေခဲ့ကြသည်။

ကျေးဇူးတင်စရာကောင်းစွာ ထိုအချိန်မှာပဲ ပါတီပွဲက ပြီးသွားခဲ့သည်။တစ်ချိန်လုံး လူနာကို ပရောပရီလုပ်နေခဲ့သော အန်းသန့်စ်က ရို့စ်မယ်ရီ အနည်းငယ်ပင်ပန်းနေတာကို တွေ့လိုက်ရသည်။

မဟုတ်ဘူး သူက သူမကို ထိုသို့ဖြစ်အောင် ကြိုးစားခဲ့တာဖြစ်သည်။

"ငါက ဘာလို့ တစ်ယောက်တည်း သွားရမှာလဲ။ ဒါပေါ့ လေဒီလူနာ နဲ့ ငါက အတူတူသွားသင့်တယ်။ပြီးတော့ အစ်ကို.. နင်က နင့်ဘာသာနင် တစ်ယောက်တည်းသွား။ ‌ဒီနေ့ လေဒီလူနာက ငါ့ရဲ့ အစောင့်အကြပ်ပဲ!"

"မင်း သွားရမယ့်နေရာက မတူဘူးလေ"

အန်းသန့်စ်သည် ရို့စ်မယ်ရီ၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကို စကားတစ်ခွန်းတည်းဖြင့် ဖြတ်တောက်လိုက်သည်။ ကဲလ်ရန်တို့ တခြားမိန်းမပျိုတို့ကို အရင်ပြန်ခိုင်းလိုက်သောကြောင့် သူတို့ပဲရှိတော့သည်။

"ဘာပြောချင်တာလဲ။ ပြောရရင် နင်နဲ့ငါက သွားရမယ့်နေရာအတူတူပဲလေ။ လေဒီလူနာကသာ မတူတဲ့နေရာကိုသွားရမှာ မဟုတ်ဘူးလား"

"မဟုတ်ဘူး ငါက နှင်းဆီစံအိမ်ကို သွားမှာ။ ဒီတော့ မားကွစ်စံအိမ်ကို မင်းဘာသာမင်း ပြန်လိုက်သင့်တယ်"

သူ ရူးသွားလား။ ဘယ်အကြောင်းကို ပြောနေတာလဲ။ ညသန်းခေါင်ကြီးမှာ မိန်းကလေးအိမ်ကိုလေ! 

ရို့စ်မယ်ရီသည် မယုံကြည်နိုင်ဖြစ်နေပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားလျက် အေးခဲနေခဲ့သည်။

လူနာသည်လည်း သူမ မကြားသင့်သောအရာတစ်ခုကို ကြားလိုက်ရသလိုမျိုး မျက်မှောင်ကြုတ်လိုက်မိသည်။

"ရှင့်မှာလည်း သွားဖို့အိမ်ရှိနေတာကို ကျွန်မတို့အိမ်ကို ဘာလို့ သွားမှာတာလဲ"

"ဒီကိုလာပြီးမှ ပြန်လှည့်သွားတာက ထူးဆန်းတယ်မလား။ ပြီးတော့ ငါ့မှာ လေဒီကို ပေးစရာ စာရွက်စာတမ်းတွေ ရှိသေးတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားရမှာက သွားရမှာပဲ"

"စာရွက်စာတမ်းတွေလား"

"ရွှေတွင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ"

"အိုး ရှင် အဲ့ဒါတွေကို ယူလာခဲ့တာလား"

"ဟုတ်တယ်။ ပြီးခဲ့တဲ့ လုပ်ငန်းအောင်မြင်မှုတွေနှင့် အနာဂတ်အတွက် လည်ပတ်မှုမူဝါဒတွေ။ လေဒီလူနာက အဲ့ဒါတွေကို တိုက်ရိုက်သုံးသပ်တာက အကောင်းဆုံးဖြစ်မယ်လို့ ကိုယ်ထင်တယ်"

ဒါဆိုလည်း အတူတူသွားကြတာပေါ့။

လူနာသည် စီးပွားရေးကိစ္စနှင့် ဆက်နွှယ်နေသောကြောင့် အန်းသန့်စ်နှင့် အတူသွားရန် လျင်မြန်စွာ သဘောတူခဲ့လိုက်သည်။

ရို့စ်မယ်ရီက အလွန်အံ့အားသင့်သွားပြီး လူနာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒီနေ့ နင်က ငါ့ရဲ့ အစောင့်အရှောက်လေ...! ငါ့ကို နင် အဆုံးထိ တာဝန်ယူပေူရမှာနော်!"

"ငါ နင့်ကို မားကွစ်စံအိမ်အထိ လိုက်ပို့ပြီးမှ ပြန်လှည့်သွားမှာမို့ စိတ်မပူပါနဲ့"

"မဟုတ်ဘူး…"

သို့တိုင် သူမ အဲ့ဒါကိုမကြိုက်နေပေ။ အန်းသန့်စ်နှင့် လူနာတို့ အတူရှိကြမည့်အချက်ကိုက မနှစ်မြို့စရာကောင်းနေသည်။

"ငါတို့ဆုံးဖြတ်ပြီးဆိုရက် သွားကြရအောင်။"

ဒီအတိုင်းသာ ဆက်သွားနေပါက သူမ ရို့စ်မယ်ရီက တကယ်ပဲ ကျန်ရစ်ဖြစ်ခဲ့ပြီး သူတို့နှစ်ယောက်ကတော့ နှင်းဆီစံအိမ်ကို လက်ချင်းတွဲကာ သွားကြလိမ့်မည်ဖြစ်သည်။ ရို့စ်မယ်ရီသည် ထိုကဲ့သို့ ဖြစ်နိုင်ချေကို သည်းမခံနိုင်တာကြောင့် အခြားရွေးချယ်စရာတစ်ခုကို အမြန်အဆိုပြုခဲ့လိုက်သည်။

"ဒါဆို ငါလည်း တူတူလိုက်ခဲ့မယ်!"

"အတူတူလား"

ငါတို့သုံးယောက်စလုံးက ငါ့အိမ်သွားကြမှာလား။

ထိုမေးခွန်းအား ရို့စ်မယ်ရီ ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ရို့စ်မယ်ရီ၏ အစေခံ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ သူမက တစ်ရက်တည်းသာ အားလပ်ခွင့်ရခဲ့တာဖြစ်ပြီး အခြားသူ၏အိမ်တွင် တစ်ညတာ ကုန်ဆုံးဖို့ရန် မဖြစ်နိုင်ပေ။

"သခင်မလေးရို့စ်မယ်ရီ… သခင်မလေူ အရငမဆုံး ခွင့်ပြုချက် မတောင်းသင့်ဘူးလား"

"ကိစ္စမရှိဘူး။ အခု ငါ အရွယ်ရောက်နေပြီလေ ငါကြိုက်သလို လုပ်လို့ရတယ်"

သူမသည်လည်း ထိုကိစ္စကို လေးလေးနက်နက် စိတ်ပူမိသော်လည်း သူမ ပိုသည်းမခံနိုင်သည့်အချက်မှာ လူနာ နှင့် အန်းသန့်စ်တို့က သူမကို အနောက်မှာတစ်ယောက်ထဲ ချန်ထားခဲ့မှာကိုဖြစ်သည် ။

မမျှော်လင့်ထားသော ဧည့်သည်ဖြစ်သည့် အန်းသန့်စ်တွင် ငြင်းဆိုရန် အကြောင်းမရှိနေပေ။ လူနာက အခြေအနေကို သတိမထားမိဘဲ အလွယ်တကူ သဘောတူလိုက်သည်။

"ကောင်းပြီလေ အဲ့လိုပဲ လုပ်ကြတာပေါ့"

"ကျေးဇူးပါ!"

ရို့စ်မယ်ရီက လူနာကို ချက်ချင်း မှီတွယ်ကာ ဆုပ်ကိုင်လိုက်ပြီး အန်းသန့်စ်၏ လက်ကို တွန်းထုတ်လိုက်သည်။

"အခု ငါတို့ သွားမယ့်နေရာက တစ်ခုတည်းဖြစ်သွားပြီဆိုတော့ ရထားခွဲစီးသင့်တယ်"

"…"

၎င်းက အသေးအဖွဲစကားမျှဖြစ်သော်လည်း မလိုအပ်သောကြောင့် သဘောထားကျဉ်းမြောင်းသည်ဟု ခံစားရသည်။ အန်းသန့်စ်က ရို့စ်မယ်ရီ ၏ရထားပေါ်ကို ပထမဆုံးတက်ပြီး ပြန်ဖြေလိုက်သည်။

"ဘာလို့လဲ။ သွားရမယ့်နေရာတူတူပဲဆိုတော့ ငါတို့အတူတူသွားလို့ရတယ်လ"

"နင့် ရထားနင်မတက်ဘဲ ဘာလို့ ငါ့ရထားပေါ် တက်နေတာလဲ"

"ငါ့မိသားစုရထား ငါစီးတာ ဘာဖြစ်နေလို့လဲ"

"နင် မိသားစုကို ထားခဲ့တာ ဘယ်တုန်းကမို့လို့လဲ။အခုမှ ဘာလို့ ဒီလိုမျိုး မဆီမဆိုင်တွေလာပြောနေပြန်တာလဲ"

"ငါတို့က သွေးသားတော်စပ်တယ်လေ။ ဘယ်သူမှ သူတို့ရဲ့သွေးကို မပြောင်းလဲနိုင်ဘူး။ ဒါကြောင့် ငါက ထာဝရ မိသားစုဝင်ဖြစ်နေမှာပဲ"

အသိအကျွမ်းများစွာက အင်ပါယာနန်းတော်မှ စောစောက ထွက်ခွာသွားခဲ့ကြပြီဖြစ်သော်လည်း ကျန်ရှိနေကြသေးသူများမှာ သူတို့၏ စကားများနေသံများကို နားထောင်နေခဲ့ကြသည်။

သူတို့၏ ကလေးဆန်သော ရန်ဖြစ်မှုက လူကြားထဲတွင် ရှက်စရာကောင်းလှသည်။လူနာက သည်းမခံနိုင်တော့ဘဲ ရို့စ်မယ်ရီ၏လက်ကို ကိုင်လိုက်သည်။

"ရို့စ်မယ်ရီ ဒီမှာ ရန်မဖြစ်ကြရအောင်။ စံအိမ်ဆီ ပြန်သွားကြမယ်။ အမ်မာလုပ်ထားတဲ့ ညနက်ပိုင်း သရေစာလေးတွေ စားပြီး သာယာတဲ့ အချိန်ကောင်းလေးတွေကုန်ဆုံးကြမယ်လေ"

လူနာ၏ လက်ကိုင်ထားမှုနှင့် ဆွဲဆောင်မှုတို့ကြောင့် ရို့စ်မယ်ရီသည် တောင့်မခံနိုင်တော့ပေ။ လူနာ၏ အစောင့်အကြပ်အောက်မှာပဲ ရထားပေါ်တက်ခဲ့လိုက်သည်။

နေရာကျဉ်းသောကြောင့် ရို့စ်မယ်ရီ၏ အစေခံနှင့် လော်ရာတို့သည် အန်းသန့်စ် ၏ရထားဆီသို့ပြောင်းသွားကြရသည်။ ရလဒ်အနေဖြင့် ကို့ရို့ကားယားဆန်သော တြိဂံဆက်ဆံရေးကို ဖြစ်ပေါ်စေခဲ့သည်။

'အဲ့ဒါက ကို့ရို့ကားယားနိုင်တာပဲ။ တော်တော်လေးကို ကို့ရို့ကားယားနိုင်တယ်'

ကြည့်ရှုနေသူများ မရှိသောကြောင့် သူတို့နှစ်ဦးလုံးသည် သူတို့၏ ဖုံးကွယ်ထားသော ခံစားချက်များကို အပြည့်အဝဖော်ပြလာကြတော့သည်။ ရို့စ်မယ်ရီက အန်းသန့်စ်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး အန်းသန့်စ်ကမူ ဘာမှမထူးခြားဟန်ဖြင့် လှောင်ပြောင်နေခဲ့သည်။

လူနာက ဇာတ်လမ်းဟောင်းတစ်ခုကို ဆွဲထုတ်လာပြီး သူတို့နှစ်ယောက်ကြား ပြေလည်အောင် ကြိုးစားခဲ့လိုက်သည်။

"ရှင်တို့နှစ်ယောက် ငယ်ငယ်တုန်းက ဘယ်လိုမျိုးတွေလဲ။ကျွန်မပြောချင်တာက ဟိုးငယ်ငယ်ပုစိလေး စကားတောင်သိပ်မပြောတတ်သေးတဲ့အရွယ်တုန်းကလေ"

အရင်တုန်းက ဆက်ဆံရေးကောင်းလောက်ကြတယ်မလား။

အများအားဖြင့် သူတို့ စ စကားပြောမှသာ ရန်ဖြစ်ကြတာဖြစ်သည်။ ပုံမှန်ဆို မွေးလာကာစမွေးချင်းများက အကြီးများ၏ ချစ်ခြင်းမေတ္တာကို လက်ဝါးကြီးအုပ်ထားနိုင်ကြသည်။

"သူမက သွားတွေပေါက်လာပြီးတာနဲ့ ကိုယ့်ကိုကိုက်တော့တာပဲ။ အမေက သူမကို အရုပ်တစ်ရုပ်ပေးဖို့ အကြံပြုခဲ့ပေမယ့် သူမက ကိုယ့်မျက်နှာကို အရုပ်နဲ့ပစ်ပေါက်ခဲ့တယ်"

"ငါ ကောင်းကောင်း မမှတ်မိပေမယ့် ကြည့်ရတာ ငါ့အကိုကြီးကို မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်ခဲ့မိတဲ့ပုံပဲ"

"မင်းတွေ့တဲ့အတိုင်းပဲ မင်း မှတ်ဉာဏ်က အရမ်းအားနည်းတာပဲ။မင်းငယ်ငယ်တုန်းကဆို ငါ့ဟာတွေကို မင်းပိုင်တာဆိုပြီး ငိုယို‌ခဲ့သေးတယ်။မင်း တစ်ခါကဆို နှင်းဆီတစ်ပွင့်ကိုရှာဖို့အတွက်နဲ့ တိုက်ကြီးတစ်ခုလုံးကိုတောင် ပြောင်းပြန်လှန်ခဲ့တာလေ"

"အဲ့ဒါက မိသားစုနဲ့သက်ဆိုင်တာ‌ဆိုတော့ မိသားစုဝင်တွေဟာပဲလေ မဟုတ်ဘူးလား"

"မိသားအပိုင်မဟုတ်ပါဘူး။အဲ့ဟာတွေက ငါ့ဟာတွေလေ"

"အဲ့လိုပြောကြေးဆိုရင် ဒီရထားကလည်း ငါ့ဟာပဲလေ။ ငါ့အတွက် သီးသန့်ဟာ!"

သို့သော် နိဂုံးချုပ်က ဆိုးရွားလှပေသည်။ နှစ်ယောက်စလုံး ငယ်ငယ်ကတည်းက မတည့်ခဲ့ကြတာ ထင်ရှားသည်။

"ရပ် ဒီတိုင်းရပ်ပါတော့။ ငါ နားလည်ပြီ။ တောင်းပန်ပါတယ်။ဒီတိုင်း တိတ်တိတ်ဆိတ်ဆိတ်ပဲ သွားကြရအောင်"

လူနာက ပြေသွားသွားအောင်လို့ လက်ကို မြှောက်ကာပြောလိုက်သည်။ သူမပြောပြီးသည့်နောက် သူတို့စိတ်အခြေအနေများက ပိုဆိုးလာခဲ့သည်။

ကံကောင်းထောက်မစွာပဲ အင်ပါယာနန်းတော်နှင့် စံအိမ်က နီးကပ်သောကြောင့် ရထားသည် မကြာမီမှာပင် စံအိမ်သို့ ရောက်ရှိလာခဲ့သည်။သူတို့ရောက်လာတော့မှပဲ လူနာလည်း စိတိသက်သာရာ ရသွားခဲ့သည်။

ရို့စ်မယ်ရီက လူနာ၏လက်ကို သူတို့ကြားရှိ ပြောင်မြောက်သော ရင်းနှီးမှုကို ဖော်ပြသည့်နှယ် ဆုပ်ကိုင်ထားရင်း ရထားပေါ်က ဆင်းပြီး အန်းသန့်စ်ကို အကြည့်တစ်ချက် ပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျ ငါက သူမချစ်သူပဲလေ ဟဟ"

အန်းသန့်စ်၏လှောင်ပြောင်ရယ်မောခြင်းကို လျစ်လျူရှုရန် ခက်ခက်ခဲခဲကြိုးစားရင်း ရို့စ်မယ်ရီသည် လူနာ၏ လက်ကိုဆွဲကိုင်ကာ အိမ်ကြီးထဲသို့ အမြန်ဝင်ခဲ့လိုက်သည်။

"ဘာလို့ ဘယ်သူမှ ငါတို့ကို လာမနှုတ်ဆက်ရတာလဲ"

ပထမထပ် ခန်းမလွတ်ထဲရှိ ရို့စ်မယ်ရီက ခေါင်းလေးစောင်းကာ လူနာကို မေးလိုက်သည်။

"ဘာကိုလဲ"

"အစေခံတွေလေ။ဘယ်သူမှ ငါတို့ကို နှုတ်ဆက်ဖို့ ဆင်းလာမဘူးလား။ အိမ်ထိန်းတော်တောင်မှ ဆင်းမလာဘူး"

အဲ့ဒါက ထူးဆန်းတယ်။ သူတို့အမြဲ အဲ့လိုလုပ်ခဲ့တာပဲကို.....

ရို့စ်မယ်ရီက ညည်းညူပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ပထမထပ်ရှိ အစေခံတချို့က သူတို့ကို နှုတ်ဆက်လာခဲ့သည်။

"နှုတ်ဆက်ခံဖို့ လိုသေးတာလား"

လူနာ၏ ရိုးဖြောင့်သော မေးခွန်းကြောင့် ရို့စ်မယ်ရီသည် မျက်တောင်အနည်းငယ်ခတ်ပြီး ပြန်ဖြေလိုက်သည်။

"အင်း…လိုတော့မလိုပါဘူး၊ ဒါပေမယ့် များသောအားဖြင့် လူတိုင်းက နှုတ်ဆက်ဖို့ ထွက်လာကြတယ်လေ။ အခုချိန်ထိ အဲ့အတိုင်းပဲလေ မဟုတ်ဘူးလား"

"တကယ်လား"

အဲ့လိုမျိုးက သူမပြောင်းရွှေ့လာပြီး ပထမဆုံးနေ့မှာပဲ ဖြစ်ပျက်ခဲ့တာဖြစ်သည်။သူတို့ အလုပ်များနေပါက နှုတ်ဆက်ရုံအတွက် အပြင်မထွက်လာလည်း အဆင်ပြေပေသည်။

"သူတို့ အလုပ်ရှုပ်နေမယ်။ အရင်ဆုံး အဝတ်လဲပြီး လက်ဖက်ရည်ပူပူလေးသောက်ကြရအောင်။ လော်ရာ..အမ်မာကို ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ အစားအစာတွေ ပြင်ဆင်ဖို့အတွက် ပြောပေးလို့ရမလား"

"ဟုတ်ကဲ့ပါ သခင်မလေး"

"ရှင် ဒုတိယထပ်က ဘယ်အခန်းမဆို သုံးလို့ရတယ်။ ကျွန်မ မနက်ဖြန်မှ စာရွက်စာတမ်းတွေကြည့်လိုက်မယ် ဒီတော့ ဒီနေ့တော့အနားယူလိုက်တော့နော်"

"ဆိုတော့ ကိုယ်က လက်ဖက်ရည်လေးတောင် သောက်လို့မရဘူးလို့ မင်းပြောချင်တာလား"

ရို့စ်မယ်ရီက အန်းသန့်စ်၏နောက်ဆုံးမှတ်ချက်ကြောင့် သူ့ကိုပြင်းထန်စွာစိုက်ကြည့်လိုက်သည်။သူက အဆုံးအထိကို စိတ်အနှောင့်အယှက်ပေးနေတာပင်။

သူတို့ မည်မျှကြာအောင် ရန်ဖြစ်ကြတော့မည်ကို မခန့်မှန်းနိုင်ခင်မှာပဲ ရိုယာက အပေါ်ထပ်မှ ပေါ်လာခဲ့သည်။ သူက အနည်းငယ်တောင့်တင်းစွာဖြင့် လူနာကိုမေးလိုက်သည်။

"ပြဿနာတစ်ခုခုများ တက်ခဲ့သေးလား။ သခင်လေးအန်းသန့်စ်က အစောင့်တွေဆီမှာ ဖမ်းခံရတာမျိုး ဒါမှမဟုတ် ကိုယ်ရံတော်တွေ နောက်ကလိုက်ဖမ်းတာမျိုးလေ…"

"ဘယ်လို"

လူနာသည် ရိုယာ၏မထင်မှတ်ထားသော စကားများကြောင့် ရှုပ်ထွေးစွာ ခေါင်းစောင်းလိုက်ပြီး အန်းသန့်စ်သည် ရိုယာအား စိတ်အနှောင့်အယှက်ဖြစ်နေသလိုအမူအရာပြကာ မျက်မှောင်ကြုတ်ပြလိုက်သည်။

"ညနေက ငါခိုင်းထားတဲ့အလုပ်ရော ပြီးပြီလား"

"အလုပ်လား… အာ! အဲ့ဒါက ကျွန်တော့်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးလေ။ အိမ်က ကျွန်တော့်အိမ်မှမဟုတ်တာ။ ကျွန်တော့်က ဘယ်လိုလုပ် အစေခံတွေကို စိတ်ကြိုက်ပြောင်းလဲနိုင်မှာလဲ"

"ရှင်တို့ ဘာအကြောင်းပြောနေကြတာလဲ"

လူနာက ရှင်းလင်းချက်တောင်းလာသဖြင့် အန်းသန့်စ်သည် အစောပိုင်းက အဖြစ်အပျက်များကို ရှင်းပြခဲ့လိုက်သည်။

"သူက ငါ့အကိုကြီးလို အန္တရာယ်ရှိတဲ့လူကို နင် ဘယ်သွားလဲဆိုတာကို ပြောခဲ့တာတဲ့လား!"

သူ အန်းသန့်စ်နှင့် မတိုးမိခဲ့ရင်တောင်မှ ဒါက အစေခံတစ်ယောက် မလုပ်သင့်သော လုပ်ရပ်တစ်ခုဆိုတာ ထင်ရှားသည်။ လူနာကမူ သူမဘယ်မှာလဲဆို‌တာ လူတိုင်းသိသိ မသိသိ အေးအေးဆေးဆေးပင် ခံစားရသည်။

"အဲဒီအစေခံဘယ်သူလဲ မှတ်မိသေးလား"

"နာမည်တော့မသိပေမယ့် မျက်နှာကို‌ မှတ်မိတယ်။ ဒါပေမယ့် သူက လေဒီတို့ရောက်မလာခင်ကပဲ အိမ်ပြန်သွားတယ်တယ်"

"ဟမ် အိမ်ပြန်သွားတာလား။ အပြင်သွားတာမဟုတ်ဘူးလား"

"ဟုတ်တယ်။သူပြောတာတော့ အိမ်နဲ့ အလုပ်အသွားအပြန်လုပ်ရတယ်ဆိုပဲ"

အိမ်နဲ့ အလုပ်အသွားအပြန်လုပ်တာလား။အစေခံတွေအားလုံးက စံအိမ်ကြီးထဲမှာပဲ အတူနေကြတာ မဟုတ်ဘူးလား။အိမ်နဲ့ အလုပ်အသွားအပြန်လုပ်တာက ဆိုးရွားနေတာတော့မဟုတ်ပေမယ့် ထိုသို့အစီရင်ခံစာမျိုးကို လူနာတစ်ခါမှ မရဖူးပေ။

ထို့ကြောင့် သူမ မသိလိုက်ပါဘဲ အစေခံများ၏ အလုပ်ပုံစံက စံအိမ်၌အတူနေထိုင်ခြင်းမှ အိမ်နှင့် အလုပ်အသွားအပြန်လုပ်ခြင်း သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက ထူးဆန်းတယ်။ နှင်းဆီစံအိမ်မှာ အတူနေထိုင်တဲ့ အစေခံတွေပဲ ရှိတာကို... နင် ဒါကို ခွင့်မပြုထားဘူးမလား လေဒီလူနာ"

မကြာသေးမီက အချိန်အထိ အိမ်ပိုင်ရှင်ဖြစ်ခဲ့သော ရို့စ်မယ်ရီက မေးလိုက်သည်။ နှင်းဆီစံအိမ်တွင် အသွားအပြန်လုပ်သော အစေခံများ ရှိနေကြောင်းကို သူမ ပထမဆုံးအကြိမ် ကြားသိရတာဖြစ်သည်။

"အင်း... ငါ အိမ်တော်ထိန်းနဲ့ တွေ့လိုက်အုံးမယ်"

အစေခံများအပါအဝင် အိမ်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲရန်မှာ သူ့တာဝန်ဖြစ်သည်။ ထို့ကြောင့် သူက စံအိမ်ကြီး၏ပိုင်ရှင် လူနာကိုပင် မတိုင်ပင်ဘဲ အစေခံများကို အသွားအလာ လုပ်ခွင့်ပြုခဲ့သည်မှာ ထင်ရှားသည်။

စကားဝိုင်းကို နားထောင်ပြီးနောက် အခြေအနေကို နားလည်သဘောပေါက်သွားသော အန်းသန့်စ်က သူ့ဆံပင်များကို တိတ်ဆိတ်စွာဖြင့် သပ်တင်လိုက်သည်။ သူ့မျက်နှာက အေးစက်နေတာကြောင့် ရိုယာသည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချမိလိုက်သည်။

TK Team