Chapter 51
Viewers 9k

> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch 51


အကက ထိုသို့ဖြင့် ပြီးသွားခဲ့သည်။ လူနာသည် အကပြီးပြီးချင်းပင် အန်းသန့်စ်ကို နှုတ်ဆက်ကာ နေရာသို့ ပြန်သွားခဲ့သည်။

ဒါပေါ့ သူမက တောင်းဆိုမှုတစ်ခုလုပ်ဖို့ မေ့မသွားခဲ့ပေ။ ယခုအချိန်မှစ၍ သူတို့နှစ်ဖက်စလုံး ငြိမ်းချမ်းစွာနေရန် တောင်းဆိုခဲ့သည်။

"ရှင် စောနက လုပ်ခဲ့သလိုမျိုး ဒေါသထွက်မနေနဲ့တော့။ ကောလဟာလတွေက ဆိုးနေပြီသားကို အသစ် ထပ်ဖန်တီးချင်လို့လား"

"မင်းက ရို့စ်မယ်ရီနဲ့ ပါတီပွဲ သွားတယ်ဆိုပြီးကြားလိုက်ရလို့ ကိုယ့်ခံစားချက်ကို နည်းနည်းလေး ရှေ့တန်းတင်မိသွားတာပါ"

ဒါဆို အားလုံးတကယ်အဆင်ပြေသွားပြီလား။သူက ရို့စ်မယ်ရီနဲ့ ထပ်ပြီး ငြင်းခုံအုံးမှာလား။ 

သူမ၏စိုးရိမ်မှုများနှင့်ဆန့်ကျင်ဘက်ပင် အန်းသန့်စ်သည် သူ့နေရာသို့ ပြန်ရောက်လာချိန်တွင် သူ့ညီမနှင့် ထပ်ပြီးမငြင်းခုံတော့ချေ။

ထို့အပြင် သူသည် ကြင်နာသောမျက်နှာဖြင့် လူနာအတွက် သောက်စရာကိုပင် ယူလာပေးခဲ့သည်။

"လေဒီက အရက်ခံနိုင်စွမ်းနည်းတော့ ကိုယ်တို့နှစ်ယောက်ထဲ ရှိချိန်မှသာ ဝိုင်သောက်ကြတာပေါ့"

လူနာမှလွဲ၍ လူတိုင်းသည် အန်းသန့်စ်၏ တွေးခေါ်မှုနှင့် ကြင်နာသောသဘောထားကြောင့် တုန်လှုပ်သွားခဲ့ကြသည်။

"လေဒီလူနာ...! တခြားတစ်ယောက်ယောက်က နင့်ကို မြှောက်ပင့်သွေးဆောင်လာရင်တောင် မတုန်လှုပ်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား!"

ဒီကြားထဲတွင် တစ်ယောက်တည်းကျန်ခဲ့ပြီး စိတ်ဆိုးနေသော ရို့စ်မယ်ရီက လူနာ ကို မျက်ရည်များဝဲနေသော မျက်နှာဖြင့် ဆူလာခဲ့တော့သည်။

သူမက မြှောက်ပင့်သွေးဆောင်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းမခံရသော်လည်း သူမကို တစ်ယောက်တည်း ထားခဲ့ရမိတာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် လူနာက သူမကို အမြန်တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်။ငါ သခင်လေးဗင်းဆင့်ကို အချိန်အတော်ကြာမှ ပထမဆုံးပြန်တွေ့တာဆိုတော့ သူနဲ့စကားနည်းနည်း ပြောချင်လို့ရယ်။ ငါ အခု နင့်အနားမှာပဲ တစ်ချိန်လုံးရှိနေပါ့မယ်"

"တကယ်လား"

"ဒါပေါ့။ နင် တစ်ခုခုသောက်ချင်လား။ နင် ဘာကြိုက်လဲ ငါ့ကိုပြောလေ ငါ နင့်အတွက် ယူပေးမယ်"

အဲဒါက သူမ၏ စိတ်အခြေအနေကို ပြန်သက်သာသွားစေပုံရသည်။ ရို့စ်မယ်ရီက တောက်ပသောအမူအရာဖြင့် လူနာ ၏ဖန်ခွက်ကိုညွှန်ပြကာ ပြန်ဖြေလိုက်သည်။

"ငါ နင် သောက်တဲ့ဟာမျိုးပဲ သောက်မယ်"

"နားလည်ပြီ"

လူနာက Sijong ကိုသောက်စရာအသစ်မတောင်းမီ အန်းသန့်စ်က ရို့စ်မယ်ရီကိုသောက်စရာတစ်ခွက် အမြန်ပေးလာခဲ့သည်။

"ဒီမှာ"

"…"

ရို့စ်မယ်ရီက မျက်တောင်ပင်မခတ်နိုင်အောင် အံ့အားသင့်နေပြီး ဖန်ခွက်ကို လက်မခံခဲ့ပေ။ အန်းသန့်စ်က သူမလက်ထဲ အတင်းထိုးထည့်ပြီး အနည်းငယ်လှောင်ပြောင်ရယ်မောလိုက်သည်။

သူတို့က ကလေးတွေကျနေတာပဲ။ သူတို့ဘာလို့ဒီလိုဖြစ်နေကြတာလဲ။

လူနာ သက်ပြင်းသာချလိုက်မိသည်။

"နင်တို့နှစ်ယောက်က ထင်ထားတာထက်ပိုပြီး ရင်းနှီးကြတာပဲ။ ငါ အစက နင်တို့နှစ်ယောက်ကြား သွေးကွဲစရာရှိနေတယ်လို့ ထင်ခဲ့မိတာ။ ကြည့်ရတာ ငါမှားသွားပုံပဲ"

"အမှန်ပဲ။ ငါဆို ငါ့အစ်ကိုနဲ့ သိပ်အဆင်မပြေတဲ့အတွက် နည်းနည်းတောင် မနာလိုဖြစ်မိတယ်"

သူမနှင့် ရို့စ်မယ်ရီမှလွဲ၍ လူတိုင်း အထင်လွဲသွားခဲ့ကြသည်။ ထိုကျေးဇူးကြောင့်ပင် စိတ်အနှောင့်အယှက်ဖြစ်နေသော ရို့စ်မယ်ရီက အန်းသန့်စ်ကိုဖျော်ရည်ဖြင့်ပက်ရန်ပင် အသင့်ဖြစ်နေပုံရသည်။

လူနာက ထိုသို့ဖြစ်ခွင့်မပြုဘဲ ရို့စ်မယ်ရီ၏ ဖန်ခွက်ကို သူမဖန်ခွက်နှင့် အလျင်အမြန် ခွက်ချင်းတိုက်လိုက်သည်။

"ရို့စ်မယ်ရီ အရွယ်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

"…ကျေးဇူးပါ"

လူနာ၏ မြန်ဆန်တိကျသော လှုပ်ရှားမှုကြောင့် ရို့စ်မယ်ရီသည် ထိမိသွားပုံရသည်။ အမှန်တော့ သူမလေးက ယ်းယိုင်လွယ်သူဖြစ်သည်။

ကံမကောင်းစွာပဲ အန်းသန့်စ်က သူ့ကိုယ်ပိုင်ဖန်ခွက်ကိုယူပြီး ရို့စ်မယ်ရီ ၏ဖန်ခွက်ဖြင့်တိုက်လိုက်ကာ သူမ၏ဒေါသကို တစ်ဖန်ပြန်လည်လောင်ကျွမ်းစေခဲ့သည်။

"ငါရောပဲ"

"…"

ဟေး ကျေးဇူးပြုပြီး အေးချမ်းနေတဲ့ ရို့စ်မယ်ရီကို မဖျက်ဆီးပါနဲ့! ဟုတ်ပြီလား။

အန်းသန့်စ်က ရို့စ်မယ်ရီ၏ဒေါသ ဆက်ပြီး နှိုးဆော်နေချိန်မှာပင် လူနာက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။တုံ့ပြန်မှုအနေဖြင့် အန်းသန့်စ်က သူမဘာဆက်လုပ်မှာလဲဟု မေးသလိုမျိုး ပေါ့ပေါ့ပါးပါး ပြုံးပြလာခဲ့သည်။

မောင်နှမချင်း ကျီစားခြင်းဟုတွေးထင်ကာ အပျော်သဘောဖြင့် ကြည့်နေခဲ့သော ကဲလ်ရန်က အန်းသန့်စ်ကို ညင်သာစွာ မေးလိုက်သည်။

"ရှင်တို့ နှစ်ယောက် ဘယ်တုန်းက စပြီး ချိန်းတွေ့ဖြစ်တာလဲ"

"အဲ့ဒါက အခု နှစ်လလောက်တော့ရှိပြီ။ ဒါပေမယ့် ခွဲနေရတော့ နှစ်ရက်လောက်ပဲရှိသေးသလိုမျိုး ခံစားရတယ်"

"ခွဲနေရတဲ့ အကြောင်းရင်းတစ်ခုခု ရှိတာလား"

"ကျွန်တော်လုပ်နေတဲ့ လုပ်ငန်းက ဗင်းဆင့်နယ်မြေမှာ ရှိတာဆိုတော့ ခဏလောက်တော့ ခွဲခွာနေရတာပေါ့ဗျာ"

"ဒါဆို ရှင်တို့ ထပ်ခွဲကြရအုံးမှာလား"

"မဟုတ်ဘူး။ လေဒီ လူနာနဲ့တွေ့ဖို့ အချိန်ကတိုလွန်းတယ်လို့ ခံစားမိတဲ့အတွက် ကျွန်တော့် လုပ်ငန်းကို မြို့တော်ကို ပြောင်းဖို့ စီစဉ်ထားတယ်။အခု အဲဒါက ပြဿနာဖြစ်တော့မှာမဟုတ်ဘူး"

ရို့စ်မယ်ရီကလွဲပြီး လူတိုင်းက အန်းသန့်စ်ကို သူ၏ ရိုမန့်တစ်ဆန်သော စိတ်ကူးကို ချီးကျူးခဲ့ကြသည်။

"အိုး ဘုရားရော ဘယ်လောက်တောင် ရိုမန်တစ်ဆန်လိုက်လဲ"

"သူက ဒီလိုလူမျိုး ဖြစ်မယ်လို့ ငါတစ်ခါမှ အိပ်မက်မမက်ဖူးဘူး"

"လေဒီလူနာနဲ့ သခင်လေးဗင်းဆင့်တို့နှစ်ယောက်စလုံးက ကောလဟာလတွေနဲ့ တော်တော်လေး ကွာခြားလှတာပဲ"

"ကျွန်တော့်ကို ကြင်နာစွာ တွေးပေးလို့ ကျေးဇူးတင်ပါတယ်"

အန်းသန့်စ်က တောက်ပသော အပြုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။ သူက တကယ်ပင် ချောမောလှပေသည်။ လူတိုင်းက သူ၏ လှပသောအသွင်အပြင်ကို သဘောကျကြသည်။ အရင်ကရှိခဲ့သော အကြောက်တရားများက တဖြေးဖြေးပျောက်ကွယ်သွားခဲ့သည့်။

သူဘာလို့ ဒါမျိုး အစောကြီးထဲက မလုပ်ခဲ့ရတာလဲ။ သူက အလွန်တောက်ပသည်။ သူက လှည့်ပတ်ပျံသန်းပြီး လူတိုင်းကို သူ၏နွေးထွေးမှုဖြင့် ဖြန့်ကြပ်ထားသလိုခံစားရသည်။ သို့သော် ဘယ်သူကမှ စိတ်ထဲမထားကြပေ။သူ့ကို ကြည့်သော အကြည့်အများစုက အကောင်းဘက်သာရောက်နေခဲ့သည်။

ဒါပေါ့ လူတိုင်းကတော့ ထိုသို့မြင်နေတာ မဟုတ်ပေ။

လူနာ နှင့် အန်းသန့်စ်တို့ တွဲကနေချိန်တွင် ခန်းမဝင်ပေါက်သို့ ရောက်ရှိလာခဲ့သော ဖလော်ရီသည် ထိတ်လန့်သွားခဲ့သည်။

'ဘာလို့လဲ...! ဘာလို့ အဲ့ကောက်ကျစ်တဲ့မိန်းမက အဲ့ယောက်ျားနှင့် တွဲကနေရတာလဲ'

ဆိုင်ယာနဲ့ ဖယ်ဆန်ကြားကိုဝင်ဖို့ သူမ ကြိုးစားခဲ့တာ ဘယ်တုန်းကမို့လို့လဲ။ သူမက ဘာလို့ တခြားယောက်ျားတစ်ယောက်နဲ့ ရင်းနှီးနေရတာလဲ။

သူတို့ကြည့်ရတာ အလွန်ရင်းနှီးနေပုံရသည်။ သူတို့ပြောနေသည်များကို သူမ မကြားနိုင်သော်လည်း သူတို့၏ အဆက်မပြတ် ပြောဆိုမှုများက သူတို့အား အချိန်အတော်ကြာ အတူရှိဖူးသလိုပုံပေါက်နေသည်။

လူနာနှင့် အန်းသန့်စ်တို့ ခန်းမ၏ထောင့်တစ်နေရာသို့ သွားပြီးနောက်တွင် ဖလော်ရီသည် သူတို့နောက်သို့ အမြန်လိုက်သွားခဲ့သည်။

သူမသည် သူတို့၏စကားဝိုင်းကို ကောင်းစွာမကြားနိုင်သော်လည်း ရှင်းလင်းတာတစ်ခုတော့ရှိပေသည်- ထိုအပြစ်ကင်းစင်ပြီး လှပသောယောက်ျားသည် လူနာပဲလ်၏ ကောက်ကျစ်သော သဘောသဘာဝအမှန်ကို မသိလောက်သေးပေ။

'ငါ သူ့ကို အဲ့ဒီမိန်းမက ဘယ်လောက်တောင် ရွံရှာစရာ‌ကောင်းလဲဆိုတာ သိအောင်ပြောပြရမယ်...!'

သို့သော် ယခု သူမကိုယ်သူမ ဖော်ပြလိုက်ပါက ထိုမိန်းမက သူမကို တရားခံအစစ်အမှန်အား ပြောပြရန် အလောင်းအစားအကြောင်းပြောကာ ထပ်မံညှဉ်းဆဲမည်ဖြစ်သည်။ ကဲလ်ရန်ကပါ သူမဘက်တွင်မရှိသောကြောင့် ဖလော်ရီသည် ထိုကြောက်စရာကောင်းသော မိန်းမနှင့် ရင်ဆိုင်ဖို့ရာ ယုံကြည်ချက်မရှိပေ။

အဆုံးတွင် ဖလော်ရီသည် ၎င်းကို တွေးတောရင်း ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်သွားခဲ့လိုက်သည်။ သူမသည် တစ်သက်တွင်တစ်ကြိမ်သာ ကျင်းပရသော အရွယ်ရောက်အခမ်းအနား ပါတီကိုမပျက်စီးစေချင်သလို လူနာအား တစ်ယောက်တည်း ရင်ဆိုင်ရန်လည်း သူမမှာ ယုံကြည်ချက်မရှိနေပေ။ 

သူမက သူမစကားတွေကိုတောင် အလေးအနက်ထားမှာမဟုတ်ပေ။

ဒါကြောင့် အခုအချိန်တွင် သူမကိုယ်တိုင် ပုန်းနေပြီး သူတို့ကို စောင့်ကြည့်တာက အကောင်းဆုံးဖြစ်သည်။

* * *

အရွယ်ရောက်ခြင်းအခမ်းအနားပါတီ ကျင်းပရန် အချိန်နီးကပ်လာသည်နှင့်အမျှ အိမ်ရှေ့မင်းသားသည် ခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။အိမ်ရှေ့မင်းသားသည် တောက်ပသော ရွှေရောင်ဆံပင်များ အပြာရောင်မျက်လုံးများနှင့် ချောမောသောအသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

လူနာသည် အကြောင်းတစ်ချို့ကြောင့် ထိုလူနှင့် အန်းသန့်စ်ကြားတွင် တူညီမှုအချို့ရှိသလို ခံစားခဲ့ရသည်။

လူနာသည် သူမဘေးတွင် ရပ်နေသော သူ့ကို တစ်ချက်ကြည့်လိုက်ချိန်တွင် သူမကို အချိန်အတော်ကြာ စောင့်ကြည့်နေပုံရသော အန်းသန့်စ်က နှုတ်ခမ်းထောင့်များ ကော့ညွှတ်ကာ မေးလာခဲ့သည်။

"ဘာလို့လဲ။ မင်းပြောစရာ တစ်ခုခုရှိလို့လား"

"မဟုတ်ဘူး။ဒီတိုင်း... ရှင်က အရှင့်သားနဲ့ နည်းနည်းဆင်နေသလိုပဲမို့"

သူက အိမ်ရှေ့မင်းသား၏ အသွင်အပြင်ကို အတည်ပြုလိုက်ပြီး အနည်းငယ် စိတ်မသက်မသာဖြင့် ပြန်ဖြေလာခဲ့သည်-

"ကိုယ်က ပိုကြည့်ကောင်းတယ်"

"ရှင် အမြဲတမ်း ဒီလိုမျိုး ဂုဏ်မောက်နေကျလား" 

လူနာသည်လည်း အန်းသန့်စ်က အိမ်ရှေ့မင်းသားထက် ပိုကြည့်ကောင်းသည်ဟု ထင်သော်လည်း ထိုသို့ပြန်ပြောခဲ့လိုက်သည်။

လူနာ၏ လှောင်ပြောင်ဝေဖန်မှုကြောင့် ရို့စ်မယ်ရီကလည်း အသံထွက်လာခဲ့သည်။

"အစ်ကိုရဲ့ ကမ္ဘာကိုကြည့်တဲ့ အမြင်အာရုံက ချို့ယွင်းနေလို့ ကောင်းကောင်းမမြင်နိုင်တာနေမှာပေါ့"

"ရို့စ်မယ်ရီ... ငါက လေဒီလူနာကို အရမ်းလှတယ်လို့ ထင်တယ်။ အဲ့ဒါကလည်း အမြင်အာရုံချို့ယွင်းနေတာပဲလား"

"မဟုတ်ဘူး၊ လေဒီလူနာက ချို့ယွင့်နေတဲ့မျက်လုံးထဲမှာတောင်မှ သူမက အရမ်းလှပလွန်းနေမှာ။သူမက အရမ်းညှို့ယူဖမ်းစားနိုင်တယ်။ သူမက အရမ်းလှပတယ်"

ရို့စ်မယ်ရီ၏ ပြတ်သားသောလေသံအပေါ် အန်းသန့်စ်က မျက်မှောင်ကြုတ်လိုက်သည်။ ရို့စ်မယ်ရီက အသာစီးရသွားခဲ့သည်။

"ဟေ့ နင်တို့ နှစ်ယောက်စလုံး ရပ်လို့ရမလား"

ဒီမှာရှိနေတဲ့ အလှဆုံး နှစ်ယောက်က ဘာလို့ ဒါကို ဇာချဲ့နေကြတာလဲ။အလှပဆုံးနှစ်ယောက်က သာမန်လူတစ်ယောက်အတွက် စကားများနေကြတာလောက် ရှက်စရာကောင်းတာ မရှိတော့ဘူး။

ကံကောင်းထောက်မစွာဖြင့် အန်းသန့်စ် နှင့် ရို့စ်မယ်ရီတို့ ရန်ထပ်မဖြစ်မီ အိမ်ရှေ့မင်းသားက မိန့်ခွန်းပြောကြားလာခဲ့သည်။ အချုပ်အားဖြင့်ဆိုရသော် အရွယ်ရောက်လာခြင်းအတွက် ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။

မိန့်ခွန်းပြီးသည်နှင့် အိမ်ရှေ့မင်းသား၏ လက်ထောက်က အရွယ်ရောက်လာခဲ့ကြသော မြို့စားအနွယ်ဝင်များ၏ အမည်များကို စတင်ခေါ်ယူလာခဲ့သည်။ တစ်ယောက်ချင်းဆီ ခေါ်ပြီးတိုင်း အိမ်ရှေ့မင်းသားက ဂုဏ်ပြုခြင်းအဖြစ် သူ့တို့အား ရင်ထိုးငယ်လေးများချီးမြှင့်ကာ ကိုယ်တိုင်ထိုးပေးခဲ့သည်။

"ဒီလိုမျိုး ရှိတာလား"

"ရှင် မသိဘူးလား"

လူနာမေးလာချိန်တွင် အန်းသန့်စ်သည် အဲ့ဒါက သိသာထင်ရှားသလိုမျိုး ပြန်ဖြေလာခဲ့သည်။

"ကိုယ် တစ်ခါမှမပါဝင်ဖူးဘူး။ ကိုယ်က ငယ်ငယ်လေးထဲစ ဗင်းဆင့်နယ်မြေမှာ နေခဲ့ရတာလေ"

"အိုး…"

ဟုတ်တာပေါ့၊ သူတို့နှစ်ယောက်လုံးက "ဆက်ဆံရေးညံ့ဖျင်းတဲ့ အတွဲ"ပဲမလား။ လူနာသည် လူမှုရေးအသိုင်းအဝိုင်းထဲ သီးခြားကျန်ခဲ့သော လူနှစ်ယောက်က အတူတူ လာဆုံနေရသလို ခံစားလိုက်ရပြီး အနည်းငယ် ဝမ်းနည်းသွားမိသည်။

"မားကွစ်မြို့စားရဲ့သမီး၊ လေဒီ ရို့စ်မယ်ရီဗင်းဆင့်"

အခုက ရို့စ်မယ်ရီ၏ အလှည့်ဖြစ်သည်။ သူမက ပြေပြစ်စွာ လမ်းလျှောက်လာပြီး မင်းသားရှေ့တွင် ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ အိမ်ရှေ့မင်းသားက တစ်စုံတစ်ခုကို အတည်ပြုသလိုမျိုး သူမကို ခဏလောက် စိုက်ကြည့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ များစွာသောသူများအား တူညီသောစကားကိုသာ ထပ်ခါတလဲလဲပြောနေခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် သူက ရင်ထိုးအား သုန်မှုန်နေသောအမူအရာဖြင့် ထိုးပေးလိုက်သည်။

"အရွယ်ရောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"

ရို့စ်မယ်ရီ၏ အဖြေက အနည်းငယ် အေးစက်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

အိမ်ရှေ့စံမင်းသားက မျက်ခုံးပင့်လိုက်သော်လည်း ရို့စ်မယ်ရီက သူမ၏ နှုတ်ခွန်းဆက်စကားကို ချောမောစွာ အဆုံးသတ်ပြီးသည်နှင့် သူမ၏နေရာသို့ ပြန်သွားသောကြောင့် အိမ်ရှေ့မင်းသားလည်း ဘာမှထပ်တုံ့ပြန်ခဲ့တော့ပေ။ အိမ်ရှေ့မင်းသား၏ အကြည့်များက သူမတို့အုပ်စုဘက်သို့ တခဏတာမျှ ကျရောက်လာခဲ့သည်။

ထို့နောက် လက်ထောက်က နောက်တစ်ယောက်၏ အမည်ကို ခေါ်ယူခဲ့သည်။

"ဗိုင်းကောင့်မြို့စားရဲ့ သမီး၊ လေဒီ ဖလော်ရီ ဖလော်ရာ"

အကျွမ်းတဝင်ရှိသော နာမည်ကြောင့် လူနာ တုံ့ပြန်မိသွားသည်။ ရို့စ်မယ်ရီ နှင့် ကဲလ်ရန်တို့သည်လည်း ခန်းမဆောင်၏ အလယ်ဗဟိုဆီသို့ မျှော်ကြည့်ရင်း စောင့်ဆိုင်းနေပုံရသည်။

"ဗိုင်းကောင့်မြို့စားရဲ့ သမီး၊ လေဒီ ဖလော်ရီ ဖလော်ရာ"

သို့သော် နှစ်ကြိမ်ခေါ်ပြီးနောက်တွင်ပင် ဖလော်ရီက ပေါ်လာခြင်း မရှိခဲ့ပေ။အရွယ်ရောက်ခြင်းအခမ်းအနားပါတီသည် အပြင်းအထန်ဖျားနာခြင်းမရှိပါက မြို့စားအနွယ်ဝင်အားလုံးနီးပါး တက်ရောက်သည့်ပွဲဖြစ်သည်။ လက်ထောက်က သူမနာမည်ကို ထပ်ခေါ်လိုက်သည်။

"ဗိုင်းကောင့်မြို့စားရဲ့ သမီး၊ လေဒီ ဖလော်ရီ ဖလော်ရာ"

သို့တိုင် ဖလော်ရီက ပေါ်မလာခဲ့ချေ။ သူမ နာမည်ကို သုံးကြိမ်တိုင်တိုင် ခေါ်ဆိုပြီးနောက် မည်သည့်တုံ့ပြန်မှုမှ မရှိလာသောကြောင့် လက်ထောက်က နောက်တစ်ယောက် နာမည်ကို ပြောင်းခေါ်လိုက်တော့သည်။

"ဖလော်ရီက သူမရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားပါတီပွဲမှာ မပေါ်လာဘူးဆိုတာ ငါမယုံနိုင်ဘူး…"

ကဲလ်ရန်သည် စိတ်ဓာတ်ကျသွားပုံရပြီး လူနာက သိသိသာသာ စိတ်ပျက်သွားသော ကဲလ်ရန်အား သူမ၏ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"အဲ့အကြောင်းကို အခု စိတ်မပူပါနဲ့။ ငါတို့ တစ်နေ့နေ့တော့ သူမနဲ့ ဆုံရမှာပါ။ အဲဒီအချိန်ကျရင် ပြဿနာကို ဖြေရှင်းဖို့ နောက်ထပ်သဲလွန်စတစ်ခုကို ရှာတွေ့နိုင်လောက်ပါတယ်"

"ငါ တောင်းပန်ပါတယ်"

"နင်က ဘာလို့တောင်းပန်ရမှာလဲ..."

"မင်းတို့ ဘာအကြောင်းပြောနေတာလဲ။ ဖလော်ရီ ဖလော်ရာက ဘယ်သူလဲ"

အန်းသန့်စ်သည် မရင်းနှီးသောစကားဝိုင်းကြောင့် စိတ်ရှုပ်ထွေးသွားကာ ရှင်းပြချက်တစ်ခုတောင်းဆိုခဲ့လိုက်သည်။

"အစ်ကို နင် သိဖို့ မလိုပါဘူး။ ဒါက ငါတို့ပဲ သိတဲ့ လျှို့ဝှက်ဇာတ်လမ်းလေ"

သို့သော် အန်းသန့်စ်ကို လေးစားနေသော ကဲလ်ရန်က သူ့ကို အရာအားလုံးကို ပြောပြခဲ့လိုက်သည်။

"အမှန်က…"

ဇာတ်လမ်းကိုကြားပြီးနောက် အန်းသန့်စ် သည် အလွန်အလေးအနက် ဖြစ်သွားပုံရသည်။ လူနာက သူ့ဘေးကို လှမ်းထိုးပြီး တိုးတိုးလေးကပ်ပြောလိုက်သည် ။

"ကျွန်မဘာသာ ကိုင်တွယ်လိုက်ပါ့မယ်"

"ဘယ်လိုမျိုးလဲ"

"လေဒီဖလော်ရီက ကျွန်မဆီမှာ အကြွေးတင်နေတယ်လေ။ အဲ့ဒါကြောင့် ရှင် ဝင်စွက်ဖက်စရာမလိုဘူးရယ်။ လူတွေကြားထဲ ရှင့်ရဲ့ပုံရိပ်က အခုမှတိုးတက်လာတာကို ထပ်ပြီး မပျက်စီးစေချင်ဘူး မလား"

လူနာ၏စကားမှာမှန်ပေသည်။လောလောဆယ်တွင် အန်းသန့်စ်နှင့် စကားပြောဆိုနေသူများက သူ့ကိုမကြောက်ကြတော့ပေ။

လူနာနှင့်ပတ်သက်သော ကောလာဟလများက မှားယွင်းကြောင်း သူတို့ သိရှိနားလည်ခဲ့ကြပြီး အန်းသန့်စ်အတွက် တူညီသည်ဟု ယူဆခဲ့ကြသည်။

လူနာတွင် အစီအစဉ်တစ်ခုရှိပြီးသားဖြစ်သောကြောင့် အန်းသန့်စ်၏ကြားဝင်မှုက အဓိပ္ပာယ်မဲ့သွားလိမ့်မည်။ဒီကိစ္စက အတင်း ဖြေရှင်းလို့ရသည့် ပြဿနာ မဟုတ်နေပေ။

"မင်း ဘယ်လို ကိုင်တွယ်မယ် ဆိုတာ ကိုယ့်ကို ပြောပြရင် ပိုကောင်းမှာပဲ"

"ကျွန်မ ပြောပြမှာပါ"

TK Team