> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ဘူး > Ch50
အတိတ်တုန်းက အနည်းဆုံးတော့ ပရိသတ်မရှိခဲ့ပေ။ အခုတော့ လူတိုင်းနီးပါးက ဘာဆက်ဖြစ်လာမလဲဆိုတာကို အသက်ပင်ရဲရဲမရှူရဲကြဘဲ စောင့်ကြည့်နေကြသည်။
လူတိုင်းက အန်းသန့်စ်ကို စကားပြောဖို့ ကြောက်နေကြသော်လည်း နားများကိုထောင်ကာ စကားဝိုင်းကို နားစွင့်နေခဲ့ကြသည်။
သူတို့သည် နောက်ဆုံးတွင် နွေးထွေးသောလေထုကို ဖန်တီးနိုင်ခဲ့သော်လည်း နောက်တစ်ကြိမ် အာရုံစူးစိုက်မှုဗဟိုအဖြစ် ထပ်မဖြစ်ချင်တော့ပေ။ လူနာက အတင်းလုပ်ယူပြုံးပြုံးလိုက်ပြီး မောင်နှမနှစ်ယောက်ကြား လျင်မြန်စွာ ဝင်ရောက်စွက်ဖက်လိုက်သည်။
"ရှင်တို့နှစ်ယောက်က အရမ်းရင်းနှီးတဲ့ပုံပဲ။ ကျွန်မ တစ်ဦးတည်းသော ကလေးဆိုတော့ ကျွန်မအတွက် အားကျချင်စရာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်စရာကောင်းတဲ့ ပြန်လည်ဆုံဆည်းမှုကို တိတ်တိတ်ဆိတ်ဆိတ်တစ်နေရာရာမှာ မျှဝေကြရင် ပိုမကောင်းဘူးလား"
"ဘယ်လို"
"!?"
သူမ၏စကားများမှာ 'တခြားတစ်နေရာကိုသွားပြီး ငြင်းခုံကြစမ်းပါ' ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော်လည်း သူတို့မောင်နှမကြားလိုက်သမျှမှာ 'နှစ်ယောက် အရမ်းရင်းနှီးတဲ့ပံုပဲ' ဆိုတာသာဖြစ်သည်။သို့သော် ထိုသို့ပြောသောတစ်ဖက်လူမှာ လူနာဖြစ်နေသည်။ ပြန်လည်ငြင်းဆန်မှုများမပြုကြသော်လည်း အန်းသန့်စ် နှင့် ရို့စ့်မယ်ရီတို့သည် တစ်ယောက်ကိုတစ်ယောက်သတ်ချင်နေသလိုမျိုး အချင်းချင်း စူးစူးဝါးဝါးစိုက်ကြည့်ကြတော့သည်။
သူ့ရဲ့ကောလဟာလတွေက အစထဲစဆိုးရွားနေပြီးသားကို အငယ်တစ်ယောက်ကို ရိုက်တဲ့အကြောင်းကို သူတကယ်ထပ်ထည့်ချင်နေတာလား
လူနာက စိတ်အေးအေးထားရန် တိုက်တွန်းသလိုမျိုး အန်းသန့်စ်၏လက်ကို ညင်သာစွာထိလိုက်သည်။
အန်းသန့်စ်က သူ၏လက်မောင်းကို စိုက်ကြည့်ပြီး သူ၏ရန်လိုသော အမူအရာကို ပထမဆုံး ဖြေလျှော့လိုက်သည်။သူသည် ထိုကဲ့သို့အမြင်မျိုး ဖန်တီးခြင်းက ကောင်းမည်မဟုတ်ကြောင်း သူကိုယ်တိုင်တွေ့ကြုံဖူးသည်။
"အခု ငါတို့ ပြန်ဆုံတွေ့ပြီဆိုတော့ ငါ လေဒီလူနာကို ဒီကနေစပြီး အစောင့်အကြပ် လုပ်ပေးလိုက်မယ်"
သူအစကတည်းက ဒီလိုလုပ်ဖို့ ရည်ရွယ်ထားတာဖြစ်သည်။ လူနာကို ထိုနတ်ဆိုးမလေးထံမှ ဝေးဝေးသို့ ခေါ်သွားချင်ခဲ့သည်။
"အစ်ကို ဘယ်အကြောင်းပြောနေတာလဲ။ လေဒီလူနာက ညီမလေးရဲ့ အစောင့်အကြပ်အဖြစ် လာခဲ့တာလေ။ အစ်ကိုက သူမကို စောင့်ကြပ်ပေးလိုက်မယ်လို့ ဘာလို့ ပြောနေတာလဲ"
ရို့စ့်မယ်ရီသည် အစောင့်အကြပ်တစ်ဦးက အစောင့်အကြပ်လုပ်ခံရတာက ရယ်စရာကောင်းသည်ဟု ယူဆကာ ကန့်ကွက်ခဲ့လိုက်သည်။ သို့သော် ပိုလို့တောင် ရယ်စရာကောင်းသူမှာ အန်းသန့်စ်ပင်ဖြစ်သည်။
"သူမက ငါ့ချစ်သူလေ။ မင်းဘယ်တုန်းကစပြီး တခြားတစ်ယောက်ရဲ့ချစ်သူကို မင်းရဲ့ အစောင့်အကြပ်ဖြစ်ဖို့ တောင်းဆိုခဲ့ရတာလဲ"
ချစ်သူများဖြစ်ကြောင်းကို ရုတ်တရတ်ထပြောလိုက်သဖြင့် ရို့စ့်မယ်ရီသည် အံ့အားသင့်စွာ မျက်လုံးများပြူးကျယ်သွားပြီး လူနာကို လှမ်းကြည့်လိုက်သည်။
"ချစ်သူလား။ ရှင်က လေဒီလူနာရဲ့ ချစ်သူလို့ ပြောနေတာလား"
ကဲလ်ရန်က သူမ၏ကြောက်ရွံ့မှုကို ကျော်လွှားနိုင်သွားပြီး လူနာအား မျက်တောင်မခတ်ဘဲ မေးလိုက်မိသည်။ ထို့နောက် အန်းသန့်စ်ကို တစ်ချက်ကြည့်ရင်း နောင်တရမိသွားသည်။
ဒါပေါ့ လူနာက ဒီလို ဖြစ်လာတော့မှာကို ကြိုသိနေခဲ့သည်။ ကောင်းရော အခုဖုံးထားသမျှ အကုန်ပေါ်ကုန်ပြီ။
ယခင်တစ်ခါက ပြဿနာဖြစ်စေခဲ့သူမှာ ရို့စ့်မယ်ရီဖြစ်ပြီး ယခုအခါတွင်တော့ အန်းသန့်စ် ဖြစ်လာခဲ့သည်။ လူနာသည် သူတို့ကချစ်သူများမဟုတ်ကြောင်း မငြင်းနိုင်သဖြင့် ချွတ်ယွင်းနေသော စက်တစ်ခုကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
"အင်း…"
"ဒါဆို လေဒီလူနာရဲ့ ကောလဟာလ ချစ်သူက အန်းသန့်စ်ဗင်းဆင့်ပေါ့... အာ အဲဒါကြောင့်ကိုး..."
ကဲလ်ရန်သည် သူမ၏ သတ္တိကို ပြန်လည်ရရှိခဲ့ပြီး သူမ၏ အသံတန်းလန်းက ပျော့ပျောင်းသွားခဲ့သည်။
အဲ့ဒါက 'နင့်ရဲ့ အချစ်ရေးကို ဘာလို့ မဖော်ပြချင်တာလဲဆို ငါနားလည်သွားပြီ' လို့ ပြောနေပုံရနေသည်။ လူနာသည် အောက်သို့ညွတ်ကျသွားသော သူမနှုတ်ခမ်းများကိုပင် ဖုံးကွယ်မထားနိုင်တော့ချေ။
အခြေအနေအရ အန်းသန့်စ်သည် ကဲလ်ရန်ကို အနည်းငယ်စိတ်ဝင်စားသွားသည်။
"မင်းက လေဒီလူနာရဲ့ သူငယ်ချင်းလား"
လူနာက သူ့အား အခြေအနေကိုပိုဆိုးသွားအောင် မလုပ်စေချင်သောကြောင့် သူ့ကိုတားရန်အတွက် အန်းသန့်စ်၏ လက်မောင်းကို အလျင်အမြန်ဆွဲကိုင်လိုက်သည်။
"ခဏလေး…!"
"ကျွန်တော် စောစောက မိတ်ဆက်ဖို့ လစ်လျူရှုခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ လေဒီလူနာက ရုတ်တရက်ကြီး ပါတီကို သွားခဲ့တာကြောင့် အံ့သြသွားမိလို့ပါ။ ကျွန်တော်က အန်းသန့်စ်ဗင်းဆင့် ပါ"
မမျှော်လင့်စွာပင် သူက ကဲလ်ရင်ကို အလွန်ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့ပြီး တောက်ပသော အပြုံးတစ်ခုကိုပင် အပိုထည့်လိုက်သေးသည်။
ကဲလ်ရန်က အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်ပြီး ထင်ယောင်ထင်မှားမြင်လိုက်ရသလိုမျိုး မျက်လုံးကို ပွတ်လိုက်သည်။
"ကျွန်တော့်ကိုခွင့်လွတ်ပါ"
သူမ ဘာမှပြန်မပြောလာသဖြင့် အန်းသန့်စ်က ညင်သာစွာထပ်ပြုံးပြပြန်သည်။ ကဲလ်ရန်က သူမ ဂါဝန်၏ အနားသားကို အမြန်ဆွဲကိုင်၍ သူ့ကို ပြန်နှုတ်ဆက်လိုက်သည်။
"မဟုတ်ဘူး၊ ရပါတယ်။ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်မက ကဲလ်ရန်ပါ လေဒီ ရို့စ့်မယ်ရီ လေဒီလူနာတို့ရဲ့ သူငယ်ချင်းပါ"
ကြားဝင်စွက်ဖက်ဖို့ ကြိုးစားခဲ့သော လူနာက အခုအချိန်တွင် ရယ်စရာ ဖြစ်နေတော့သည်။ အခြားသူများအမြင်တွင်တော့ သူမနှင့် အန်းသန့်စ်တို့က ချစ်ခင်စွာ လက်ချင်းတွဲထားကြပုံရနေသည်။
"လေဒီလူနာရဲ့ သူငယ်ချင်းတင်မဟုတ်ဘဲ ညီမလေးရဲ့ သူငယ်ချင်းလည်းဖြစ်သေးတာကိုး.. ပါတယ်။ ကျွန်တော် သတိမမူမိလိုက်တာပါ"
"မဟုတ်ဘူး။အဲ့ဒါက အဆင်ပြေပါတယ်!ကျွန်မလည်း နှုတ်ဆက်တာ နောက်ကျသွားတာပါ"
"မင်း ဒီလိုပြောတာကြားရတာ ကျွန်တော်စိတ်သက်သာရာရမိပါတယ်"
အန်းသန့်စ်၏ အံ့အားသင့်ဖွယ်ရာ ပုံမှန်တုံ့ပြန်မှုကြောင့် လူတိုင်း ဦးနှောက်ခြောက်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ...
သူက အလွန်ချောမောသည့် မျက်နှာရှိကာ ကောလဟာလများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူ့အပြုံးက လှပပြီး သူ့အမူအရာများက နူးညံ့သိမ်မွေ့နေကာ အိပ်မက်လိုလိုပင် ပန်းပွင့်များနောက်ခံမှပွင့်ဖူးလာသလိုခံစားနေရသည်။ ထို့အပြင် တစ်ယောက်ယောက် ကို ရိုက်နှက်မည့်အစား လူနာအပေါ် သူ၏ ချစ်ခြင်းမေတ္တာကို ပေါ်လွင်စေကာ လူနာအား သူ၏လက်ဖြင့် ရစ်ပတ်ထားခဲ့သေးသည်။
သူ့တို့က နာမည်တူပြီး လုံးဝမတူသောလူကို တွေ့လိုက်သလိုပင်ဖြစ်နေသည်။
"နင်တို့နှစ်ယောက်ကြည့်ရတာ ဆက်ဆံရေးအရမ်းကောင်းကြပုံပဲနော်... သခင်လေးက ကောလဟာလတွေနဲ့ တော်တော်လေးကွာခြားပုံရတယ်"
အဲဒီနောက် ကဲလ်ရန် စကားပြောရန် သတ္တိများ စုစည်းလိုက်သည်။ သူမ သူ့ကို ဘယ်လိုပင် ကြည့်ပါစေ သူကကောလဟာလများထဲက ယောက်ျားနဲ့ မတူနေပေ။
"ကောလဟာလတွေကြောင့် လူတော်တော်များများက အမှန်ကိုမစူးစမ်းဘဲ မလိုမုန်းထားခြင်းတွေ ရှိတတ်ကြပေမယ့် မင်းက အဲဒါတွေကို ကျော်ပြီး မြင်ပေးအတွက် ကျေးဇူးတင်ပါတယ်။လေဒီလူနာက ကျွန်တော့်ကို အမြဲဂရုတစိုက်ရှိပေးတာကြောင့် ဖြစ်နိုင်တယ်"
အန်းသန့်စ်က သူ၏ အပြစ်ကင်းစင်မှုကို အလေးပေးကာ တောက်ပသော အပြုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
သူ၏ အလှတရားကြောင့် လူများသည် မကူညီနိုင်ဘဲ အန်းသန့်စ်၏ ချောမောသောမျက်နှာကို ငေးကြည့်မိခဲ့ကြသည်။ ထိုသို့အလှတရားကို မြင်ရခြင်းက ရှက်သွေးမဖြာဖို့မဖြစ်နိုင်ပေ။
မဟုတ်ဘူး ဒီလိုထားလိုက်လို့မရဘူး။
ထိုမှသာ အန်းသန့်စ်၏လက်မောင်းကို ကိုင်ထားဆဲဖြစ်သော လူနာက ဒေါသထွက်နေသကဲ့သို့ သူ့ကို မော့ကြည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ညီမနဲ့ အဖော်ပြုသွားတယ်ဆိုတာကို ကြားလိုက်ရလို့ ကိုယ်စိတ်သက်သာရာရမိတယ်။ဒါပေမယ့်အဲ့တာက လေဒီ့ကို မင်းဆီ လွယ်လွယ်လွှဲပေးမယ်လို့ မဆိုလိုဘူး"
ထိုလိုပြောရင်း အန်းသန့်စ်က သူ့လက်ကို လူနာဆီ ဆန့်ထုတ်လိုက်သည်။
"ကိုယ်တို့ အတူတူဝင်ရောက်ဖို့ အခွင့်အရေးကိုလွတ်သွားပေမယ့်လို့ မင်းရဲ့ပထမဆုံးသီချင်းကို ကိုယ်နဲ့အတူတွဲကပေးရင် ကိုယ်အရမ်းသဘောကျမိမှာပဲ"
သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်တာကြောင့် သူမ ဖိတ်ခေါ်မှုကိုမငြင်းလိုက်နိုင်ပေ။ထို့အပြင် တွဲကခြင်းသည် သီးသန့်စကားပြောရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
အဲဒါကြောင့်ပဲ အန်းသန့်စ်က သူမကို တွဲကပြဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
"လေဒီလူနာ...!"
ရို့စ်မယ်ရီက အကြည့်များဖြင့် သူ့လက်ကိုမကိုင်ဖို့ ပြင်းပြင်းထန်ထန် အသနားခံခဲ့သော်လည်း လူနာက အဲ့ဒါကို လျစ်လျူရှုပြီး သူ့လက်ကို ကိုင်လိုက်သည်။
သူတို့သည် လက်ချင်းကိုင်ရုံမျှသာရှိသော်လည်း ကြည့်ရှုသူပရိသတ်များမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းသည်ဟု ခံစားခဲ့ကြသည်။ နှစ်ယောက်သား ခန်းမအလယ်သို့ ရွေ့သွားခဲ့ပြီး ဂီတသံသည်လည်း တိုးလာခဲ့သည်။
"ရှင်ဘာလို့ဒီကိုရောက်နေတာလဲ"
ကြုံသလို တစ်ခါမှတွဲမကဖူးသောကြောင့် သူမက ကို့ရို့ကားယားဖြင့် မေးလိုက်သည်။ အန်းသန့်စ်က သူ၏လက်များကို လူနာခါးပေါ်တွင်ရစ်ပတ်၍ အကကို ဦးဆောင်ပြီး ပြန်ဖြေလာခဲ့သည်။
"အဲဒါ ကိုယ်မေးချင်တာပါ"
"ကျွန်မအရင်မေးတာ။ဒီတော့ အရင်ဖြေပေး"
တစ်ချိန်တည်းမှာပင် လူနာသည် အန်းသန့်စ်၏ ခြေကိုနင်းမိပြီး အမှားတစ်ခုဖြစ်ကြောင်း ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်။
"ကိုယ် မြို့တော်ကို ရောက်တာနဲ့ မင်းက ရို့စ်မယ်ရီနဲ့ ပါတီပွဲသွားတက်တယ် ကြားခဲ့လို့။ မင်းက ဘာလို့ ရို့စ်မယ်ရီနဲ့ ပါတီအတူသွားတာလဲ"
"ဘာလို့လဲဆို ကျွန်မတို့က သူငယ်ချင်းမို့လေ"
"ကိုယ်မေးတာက အဲ့ဒါမဟုတ်ဘူး"
"တကယ်ပြောတာ။ကျွန်မ အရင်က ငွေကြေးချို့တဲ့လို့ အရွယ်ရောက်ခြင်းအခမ်းအနားပါတီကို မတက်နိုင်ခဲ့တဲ့အတွက် သူမ သနားသွားတာလည်း ဖြစ်နိုင်တယ်။ ဒါက ရက်ရောတဲ့ ကမ်းလှမ်းမှုတစ်ခုဖြစ်လို့ ကျွန်မ ဝမ်းမြောက်စွာ လက်ခံလိုက်တာပဲ"
ဒါကြောင့် ကျွန်မတို့ရဲ့ အဖိုးတန်ပါတီကို မဖျက်စီးပါနဲ့ဟုတ်ပြီလား
လူနာက ရယ်မောကာပြောပြီး နောက်ထပ်အမှားတစ်ခုမပြုလုပ်မီ အရိပ်အမြွက်ပြောခဲ့လိုက်သည်။ အန်းသန့်စ်က သက်ပြင်းချရင်း အကြံပေးလာခဲ့သည်-
"ရို့စ်မယ်ရီ နဲ့ မပေါင်းပါနဲ့ "
"ဘာလို့လဲ"
"သူမက မင်း ကိုယ့်ကိုချိန်းတွေ့နေမှန်းသိလို့ ချဉ်းကပ်လာခဲ့တာ...သူမ ဘာလုပ်မလဲဆိုတာ ကိုယ်မသိဘူး"
"ကျွန်မ သိပါတယ်။အဲ့အတွက် တောင်းပန်တာတောင် လက်ခံပြီးပြီ"
ဒါပေမယ့် ပြဿနာက ပြေလည်ပြီးသား ဖြစ်နေသည်။သူမကိုယ်သူမ တူညီသောအခြေအနေတွင် ထည့်ကြည့်ပါက သူမလည်း နားလည်နိုင်သည်။အကယ်၍ သူမတွင် အန်းသန့်စ်လို အစ်ကိုတစ်ယောက်ရှိပါက သူမသည် သူမ၏အစ်ကိုရည်းစားဖြစ်သော တစ်ဖက်လူအား အိမ်ကြီးပင်မဟုတ်ဘဲ ရွှေတွင်းတစ်ခုလုံးကိုပင် အသုံးပြုကာ ချဉ်းကပ်မည်ဖြစ်သည်။
"မင်းသိပြီးသားလား"
"ဟုတ်တယ်။ ကျွန်မ မကြာသေးမီကမှလသိခဲ့ရတာ။ ဒါ့အပြင် သူမက ကျွန်မအပေါ် တော်တော်လေးကြင်နာတာပဲမဟုတ်လား။ သူမ အိမ်ကြီးကိုတောင် ကျွန်မအတွက်ရောင်းပေးခဲ့တာ်။ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့အပြင် နားလည်မှုလွဲနေတာတွေကိုပါ ရှင်းပေးခဲ့သေးတယ်"
ချဉ်းကပ်လာခဲ့သော ရည်ရွယ်ချက်က မသန့်ရှင်းသော်လည်း အဲ့ဒါမှ အမှန်တကယ်ပင် ကောင်းအကျိုးရခဲ့သည်။ ယခုတောင်မှ သူမက ကွဲပြားသောနည်းဖြင့် ကူညီနေပေသည်။
ဒီသဘောနဲ့သာ သူမဆက်သွားမည်ဆိုပါက ကြိုဆိုမှာပဲဖြစ်သည်။ ထိုအကြောင်းအရာကို သူမ ဖြေဆိုလိုက်ချိန်တွင် အန်းသန့်စ်က အနည်းငယ် မကျေနပ်သလို တုံ့ပြန်ခဲ့သည်။
"…အဲဒါက ကိုယ်လုပ်ရမယ့်ဟာကို"
"တောင်းပန်ပါတယ်။ရှင် ဘယ်အကြောင်းကိုပြောနေတာလဲ"
"ကိုယ်ပြောချင်တာက နားလည်မှုလွဲတာကို ရှင်းပစ်ဖို့ဟာေလ။ဒီကိစ္စကို ကိုယ်တို့ချိန်းတွေ့နေချိန်မှာ ဖြေရှင်းဖို့ သဘောတူထားတာမဟုတ်ဘူးလား"
သူကအခု သူ့ကို အသုံးပြုပြီး စွန့်ပစ်လိုက်ဆိုတာကို ပြောနေတာလား။သူ အဲ့လိုမျိုး တစ်ခုခုပြောဖူးတာကို သူမ မှတ်မိနေသလိုလိုပဲ။ ဒါပေမယ့်-
"ရှင်မှ အနားမှာမရှိတာ ကျွန်မက ဘယ်လိုလုပ် ရှင့်ကိုသုံးပြီးတော့ နားလည်မှုလွဲမှားမှုတွေကို ဖြေရှင်းနိုင်မှာလဲ"
သူတို့နှစ်ယောက်စတွဲပြီးပြီးချင်းမှာပင် သူက ဗင်းဆင့်နယ်မြေဆီကို ချက်ချင်းထွက်သွားခဲ့သည်။ ဒီတော့ သူမက ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမှာလဲ။
"အဲဒါကြောင့်ပဲ ကိုယ်ပြန်လာတာလေ"
"ပြီးရင် ရှင်ပြန်ထွက်သွားမှာလေ"
"ကိုယ် မသွားတော့ဘူး"
"ဂိုဏ်းကိုရော ဘယ်လိုလုပ်မှာလဲ"
"ကိုယ် မြို့တော်ကိုပြောင်းဖို့ စဉ်းစားနေတာလေ။ အဲဒါကြောင့် ကိုယ် မြို့တော်ကိုလာခဲ့လိုက်တာ"
သူက သူမအား ရို့စ်မယ်ရီနှင့် အံဝင်ခွင်ကျဖြစ်အောင်မနေဘဲ သူ့ကိုပဲ အားကိုးသင့်သည်ဟု ပြောသလိုပုံပင်။ဒါပေမယ့် လူနာက အံ့အားသင့်သွားပြီး အန်းသန့်စ်၏ ခြေကိုတက်နင်းမိကာ မေးလိုက်သည်။
"အာ့"
" ဒါဆို ကျွန်မ အဖေကရော"
"…အဲ့က အလုပ်သမားတွေက ဘယ်ရွန်မြို့စားကို အရမ်းဂရုစိုက်ကြပါတယ်။ ဒါ့အပြင် သူ့ကို ကူညီဖို့ အရည်အချင်းရှိတဲ့ အတွင်းရေးမှူးလည်း ရှိနေတာပဲမလား။ မင်း အပတ်တိုင်း အစီရင်ခံစာတွေ ရနေတယ် မဟုတ်လား"
အန်းသန့်စ်ပြောသည့်အတိုင်း လူနာသည် တင် ထံမှ စာများလက်ခံရရှိနေခဲ့သည်။ သူတို့က စိတ်ပါလက်ပါ နေထိုင်ကြောင်း စာထဲတွင် ဖော်ပြထားသည်။ ၎င်းတို့သည် အလွန်ရှည်လျားပြီး အသေးစိတ်ကျသောကြောင့် လူနာသည် အလည်အပတ်သွားလိုသော ဆန္ဒ ပင် ပျောက်ဆုံးသွားခဲ့သည်။
အဲ့ဒါကို ပြန်သတိရတော့ လူနာက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
" အဲ့ဒါ အမှန်ပဲ။ကျွန်မ နားလည်ပြီ။ အခု ကျွန်မနည်းနည်း အလုပ်ရှုပ်နေပေမယ့် အချိန်ရရင် သွားလည်မှာပါ"
အန်းသန့်စ်က ၎င်းကိုမြင်တော့ အကြောင်းပြချက်တစ်ချို့ကြောင့် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူသာ မြို့တော်မှာနေမည်ဟု ပြောပါက အနည်းဆုံးတော့ သူမ နည်းနည်းလောက် ပျော်သွားလိမ့်မည်လို့ သူထင်ခဲ့သည်။ အခြေအနေတွေ မြင့်တက်လာသည်နှင့်အမျှ သူသည် လူနာ၏ အရေးကိစ္စများကို စိတ်ပူသောကြောင့် မြို့တော်ကိုတက်လာခဲ့သော်လည်း သူမကမူ လုံးဝစိတ်မဝင်စားပုံပေါ်နေသည်။
အန်းသန့်စ်၏ ခံစားချက်များကို သတိမထားမိဘဲ လူနာက အကြောင်းအရာအသစ်တစ်ခုကို ယူလာခဲ့လိုက်သည်။
"ဒါဆို ကျွန်မတို့ အခု စပြီး ရန်ဖြစ်ကြရင်ရောဘယ်လိုလဲ။ ကျွန်မ နောက်ဆုံးရေးခဲ့တဲ့စာမှာပါတဲ့ နည်းလမ်းအတိုင်းလေ။ အကယ်၍ ကျွန်မတို့ အခုကစပြီးတော့ ရန်ပွဲလေးတွေစဖြစ်မယ်ဆို နောက်ကျရင် သဘာဝကျကျနဲ့လမ်းခွဲလို့ရတာပေါ့။အခု ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိတဲ့အတွက် အခွင့်အရေးကောင်းလို့ ထင်တယ်။ ရှင်ရော ဘယ်လိုထင်လဲ"
"မင်း အခု ကိုယ့်ကို ပစ်ထားခဲ့တော့မှာလား"
"ရှင် ဘာအကြောင်းပြောနေတာလဲ"
ကျွန်မ ဘယ်တုန်းက ရှင့်ကို ပစ်ထားခဲ့မယ်လို့ ပြောခဲ့လို့တုန်း။ကျွန်မတို့ လမ်းခွဲကြဖို့ ပြောတာကို ရှင်ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။
"ကိုယ့်မှာ လေဒီနဲ့ လမ်းခွဲဖို့ ရည်ရွယ်ချက်မရှိပါဘူး"
"ခဏ စိတ်မရှိပါနဲ့။ ရှင်ပဲ 'အသုံးပြုပြီး ချန်ထားလို့ရတယ်' လို့ ပြောခဲ့တာမဟုတ်ဘူးလား"
"ကိုယ်တို့ အချင်းချင်း ဘာမှအသုံးမချရသေးဘူးလေ။ကိုယ်တို့မှာ လုပ်စရာတွေက တောင်လောက်ကြီးရှိသေးတယ်။ ကိုယ်တို့ အခု လမ်းခွဲလို့မရဘူး"
အန်းသန့်စ်က ပြတ်ပြတ်သားသား အကြည့်ဖြင့် ပြန်ပြောလိုက်ရင်း လူနာကို ဆွဲလှည့်လိုက်သည်။ ဟန်ချက်မညီလိုက်သောကြောင့် သူမသည် အန်းသန့်စ်၏ရင်ဘတ်ကို လျင်မြန်စွာ မှီလိုက်ရသည်။
"ရှင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား"
"မဟုတ်ပါဘူး၊ မင်းက မကတတ်လို့ အနည်းဆုံး မင်းကိုလှည့်ရမယ်လို့ ကိုယ်ခံစားရလို့ပါ"
"ဘာလို့ဆို ကျွန်မ အရင်က မကဖူးလို့လေ!"
"ကိုယ်ရောပဲလေ"
ဒါပေမယ့် သူက ကောင်းကောင်းကနိုင်သလိုပဲ။ အလိုလို ကတာ ကျွမ်းကျင်သည်ဟူသော ယူဆချက်က ယုံကြည်စရာမကောင်းပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် တစ်စုံတစ်ဦးကို ဦးဆောင်ရာတွင် အတွေ့အကြုံမရှိသူမဟုတ်နေပေ။
ဒါက အရေးကြီးတာတော့ မဟုတ်ပေ။လူနာက နောက်တစ်ကြိမ် လမ်းခွဲမည့်အကြောင်းကို ပြောတော့မည်ဖြစ်သော်လည်း အန်းသန့်စ်က ဦးစွာပြောလာခဲ့သည်။
"မင်းမှာ နားလည်မှုလွဲမှားတာကို ပြင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်ပေမယ့် ကိုယ့်မှာတော့ မရှိဘူး။ ကိုယ့်မှာ သူငယ်ချင်းတွေလည်း မရှိဘူး။ မင်းကလွဲပြီး ကိုယ့်မှာဘယ်သူမှမရှိဘူး"
သူ့အမူအရာက အေးဆေးတည်ငြိမ်ပြီး သူ့လေသံက သာယာနေသော်လည်း အကြောင်းအရာကတော့ သနားစရာကောင်းလှသည်။ လူနာသည် သူ၏ရိုးသားမှုကိုပင် ခဏတာမျှ သံသယဝင်မိခဲ့သည်။
"အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကလူတွေကရော။ သူတို့က ရှင်နဲ့ တော်တော် ရင်းနှီးပုံရတာကို..."
"တကယ်တော့မဟုတ်ဘူး"
ထိုစကားကြောင့် အန်းသန့်စ်နှင့် နှစ်ပေါင်းများစွာ သူ့နောက်သို့ မျက်စိမှိတ်ယုံကြည်ပြီး လိုက်နေသော ဝန်ထမ်းများကြား ထူထဲသောနံရံကြီးက ရုတ်တရက်ပေါ်လာခဲ့သည်။
"ရှင့်ညီမ ရို့စ်မယ်ရီရှိတယ်လေ"
"ကိုယ်တို့ကြည့်ရတာ ရင်းနှီးတဲ့ပုံရလို့လား"
"…ဟင့်အင်း"
သူတို့က တစ်ယောက်ကိုတစ်ယောက် အမုန်းဆုံးဖြစ်နေပုံတောင် ရနေသည်။
"ဒါဆို မင်းအခု 'လမ်းခွဲရအောင်' လို့ မပြောဘူးဆိုရင် ကိုယ် ကျေးဇူးတင်မိလိမ့်မယ်။ပြီးတော့ မင်းရဲ့ ပုံရိပ်ကလည်း အပြည့်အဝ မတိုးတက်သေးဘူး မဟုတ်လား။ ကိုယ်တို့ အခုမှ ချိန်းတွေ့ပြီးရင် ရန်ဖြစ်လိုက် လမ်းခွဲလိုက်ရင် ကောလဟာလတွေက ပိုဆိုးသွားလိမ့်မယ်"
သူမက ချက်ချင်းကြီးလမ်းခွဲဖို့ ပြောတာမဟုတ်ကာ လမ်းခွဲဖို့အတွက် ရန်ပွဲသေးသေးလေးတွေ ဖြည်းဖြည်းချင်းဖန်တီးဖို့ပဲ ဖြစ်သည်။
ဒါပေမယ့် သူတို့မှာ အချက်တစ်ခုရှိပေသည်။သူတို့အတွက် စကားများရန်ဖြစ်ခြင်းကပင် ထူးဆန်သော ကောလဟာလများ ထွက်ပေါ်စေနိုင်ပေသည်။
လူနာက အန်းသန့်စ်ကို လှည့်ပတ်ပြီး ပြန်ပြောလိုက်သည် ။
"ကောင်းပြီ။ အဲ့တာဆို ကောင်းမွန်တဲ့ကာလလေးကို တူတူဖြတ်သန်းကြတာပေါ့။ ရှင် သူငယ်ချင်းအသစ်တွေမရသေးခင်အထိပဲနော်။ အဲဒါပြီးရင်တော့ ရန်ဖြစ်ကြတာပေါ့"
လူနာနှင့်မတူဘဲ ကောင်းစွာဗဟိုပြု ရပ်နေသော အန်းသန့်စ်သည် လူနာ၏ဆံနွယ်ကို သပ်တင်ပေးကာ ထူးခြားသောအပြုံးတစ်ခုပေးလာခဲ့သည်။
"ဒီကတိကို တည်ဖို့သေချာပါစေ"
TK Team