Chapter 49
Viewers 9k

> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး >Ch49


လူနာသည် သူမဘဝ၌ ပထမဦးဆုံးအကြိမ် နန်းတော်သို့ရောက်ဖူးတာဖြစ်သောကြောင့် နားလည်နိုင်စွာပဲ တင်းမာကာ တောင့်တင်းနေခဲ့သည်။ဒါက သူမဘယ်တော့မှ မသွားဘူးဟု တွေးခဲ့သော နန်းတော်ဖြစ်လေသည်။ သူမ၏ ဘဝရည်မှန်းချက်မှာ ထင်ရှားပေါ်လွင်ရန်မဟုတ်ဘဲ အသက်ရှင်သန်ရန်သာဖြစ်သည်။

သူမသည် နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းပြီးနောက် ပုံမှန်အတိုင်းနေထိုင်န်ုသည့် လမ်းကြောင်းပေါ်ရှိနေပြီဟု သူမထင်ခဲ့သည်။ ယခုမူကား ဘယ်လိုဖြစ်သွားခဲ့တာလဲ။

"ဒါက ရွှေများလား…"

လူနာသည် ပထမထပ်ရှိ တိုင်တစ်ခုကို ကိုင်ကာ မေးလိုက်သည်။ သူမသည် ၎င်းကို အတည်ပြုရန် ကိုက်ချင်သော်လည်း ထိန်းထားလို၍ ယင်းအစား မေးလိုက်သည်။ ရို့စ့်မယ်ရီ အတည်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလာသည်။

"ဟုတ်ပါတယ်။အဲ့တာပဲ။အင်ပါယာမိသားစုက ရွှေကို မျိုးဆက်ပေါင်းများစွာ ချစ်မြတ်နိုးလာခဲ့တာလေ။သူတို့ပြောကြတာတော့ ရွှေက အဆုံးအဆမရှိထာဝရကာလကို ကိုယ်စားပြုတယ် ဆိုပဲ။ အဲဒါကြောင့် နန်းတော်ရဲ့ နေရာတိုင်းမှာ ရွှေတွေရှိနေတာလေ"

ရို့စ့်မယ်ရီ ပြောသလိုပင် ရွှေများသည် နန်းတော်၏ နေရာတိုင်းမှာရှိနေပေသည်။ အလှဆင်ပစ္စည်းများ၊ မီးအလှများ၊ ဘောင်များ၊ ကော်လံများနှင့် နဖူးစည်းစာတန်းများ အားလုံးကို ရွှေချည်များဖြင့် ချယ်လှယ်ပြုလုပ်ထားသည်။

"ဒါကရော ရွှေနဲ့လုပ်ထားတာလား"

လူနာက ကြမ်းပြင်ပေါ်၌ဆွဲထားသော အင်ပါယာတံဆိပ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟုတ်တယ်။ သူတို့က ကြမ်းပြင်မှာ ပုံကိုထွင်းထုပြီးတော့ ရွှေနဲ့ ဖြည့်ထားကြတာ။ တော်တော်လှတာပဲ ဟုတ်တယ်မလား"

ထိုအချက်တွင် ၎င်းအား ရွှေဖြင့်ပြုလုပ်ထားသော ရဲတိုက်ဟုပြောပါက ချဲ့ကားပြောဆိုတာမဟုတ်နေပေ။

ဒီထဲကို ပိုက်ဆံဘယ်လောက်တောင်ထည့်ခဲ့ရလောက်လဲ။ ရွှေပမာဏက အရမ်းကိုများလွန်းလှသည်။

နေရာတိုင်းရှိ စူးရှသော အလင်းတန်းများက သူမမျက်လုံးများကို နာကျင်စေသည်။ လူနာသည် သူမခေါင်းကို ခါယမ်းလိုက်ပြီး "ငါ နောက်ထပ် လှည့်ပတ်ကြည့်မိရင် ငါ့မျက်လုံးတွေကန်းသွားလိမ့်မယ်။ ကပွဲခန်းမကိုပဲ သွားကြရအောင်"

တတိယထပ်သို့ရောက်ချိန်တွင် ပင်မခန်းမ အ၀င်ဝ၌စောင့်နေသော အစေခံတစ်ဦးက လူနာနှင့် ရို့စ့်မယ်ရီတို့၏အမည်များကို မေးမြန်းလာခဲ့သည်။

"ကျေးဇူးပြုပြီး နာမည်လေးတွေ ပြောပြလို့ရမလား"

"ကျွန်မက ရို့စ်မယ်ရီဗင်းဆင့်ပါ။ဒါက ကျွန်မရဲ့ အစောင့်အကြပ် ဘယ်ရွန်ပဲလ်က လူနာပါ"

သူမသည် ဒါကမည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းဟု ထင်ခဲ့သော်လည်း မမျှော်လင့်စွာပင် ကြေညာသူက ရို့စ့်မယ်ရီ နှင့် လူနာတို့၏ အမည်များကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"အမျိုးသမီးမြို့စားငယ် ရို့စ့်မယ်ရီဗင်းဆင့်နဲ့ သူမရဲ့ အစောင့်အကြပ် အမျိုးသမီးလူနာပဲလ်တို့ ရောက်ရှိလာပါပြီ"

ထိုအချိန်တွင် ရောက်ရှိနေပြီးဖြစ်ကာ အချင်းချင်း စကားစမြည်ပြောဆိုနေခဲ့ကြသောသူအားလုံးသည် သူတို့လုပ်နေသမျှကို ရပ်တန့်ပြီး ဝင်ပေါက်ဆီသို့ လှည့်ကြည့်လာကြတော့သည်။

ဒါက ပုံမှန်လားဟု မေးရန် ရို့စ့်မယ်ရီကို လှည့်ကြည့်လိုက်ရာ သူမသည်လည်း အနည်းငယ် ထိတ်လန့်နေပုံရပြီး ကို့ရို့ကားယားအပြုံးဖြင့် လက်ကို ဆန့်လာခဲ့သည်။

"အားလုံးက ငါတို့အကြောင်း သိချင်နေကြပုံပဲ။ အထဲ ဝင်ကြတာပေါ့"

"သူတို့က သိပ်မကောင်းတဲ့ဘက်နေကနေ သိချင်နေပုံရသလိုပဲ..."

သို့ပေမယ့် သူတို့သည် ဝင်ပေါက်မှာပဲ ရပ်နေလို့မရပေ။အဲ့ဒါက လူအာရုံစိုက်စရာ ပိုဖြစ်လာလိမ့်မည်။လူနာသည် ရို့စ့်မယ်ရီ၏ လက်ကို ဆုပ်ကိုင်လိုက်ကည အတွင်းဘက်သို့ ဖြည်းညှင်းစွာ ခေါ်သွားလိုက်သည်။

...သူမ အရင်က ဒီလောက် လူတွေအများကြီးဆီက စိုက်ကြည့်မခံခဲ့ရဖူးပေ။

ဖယ်ဆန်နဲ့ တရားရုံးတွင် တွေ့တုန်းကတောင် ဒီလောက်ထိ မပြင်းထန်ခဲ့ပေ။ သူမ၏ ပထမဆုံးတရားဝင်တက်ရောက်လာသော ပွဲတွင် အဆင့်အတန်း သို့မဟုတ် ကျားမရွေး လူတိုင်း၏အကြည့်များက လူနာအပေါ်တွင် ကျရောက်နေခဲ့သည်။

ဒါက သူမရည်ရွယ်ချက်မဟုတ်သော်လည်း လူနာသည် အင်ပါယာ၌လျှို့ဝှက်ဆန်းကြယ်ဆုံးသောပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်ခဲ့သည်။ သဘာဝအတိုင်း သူမသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ဒါက ပျော်စရာပါတီဖြစ်လာတော့မည်မဟုတ်ချေ။ သူမ တက်ရောက်လိုက်ရုံဖြင့် ရို့စ့်မယ်ရီ၏ အရွယ်ရောက်ပါတီကို ဖျက်ဆီးလိုက်မိသလို ခံစားရသည်။

'ငါရင်ပြင်အလယ်မှာ ဆိုင်းဘုတ်အကြီးကြီး ထောင်ထားသင့်တယ်'

ဒါမှသာ သူမသည် တိရစ္ဆာန်ရုံက မျောက်တစ်ကောင်ပဲ့သို့ ခံစားရမည်မဟုတ်ပေ။ သူမ နောင်တရနေချိန်တွင် တစ်ယောက်ယောက်က ရို့စ့်မယ်ရီနှင့် လူနာကို ခေါ်လာခဲ့သည်။

"ရို့စ့်မယ်ရီ၊လေဒီလူနာ"

"ကဲလ်ရင်၊ လိုင်လာ၊ လီယွန်!"

ရင်းနှီးသော မျက်နှာများနှင့်အတူ မရင်းနှီးသော မင်းမျိုးမင်းနွယ်သစ် ယအချို့လည်း ရှိနေခဲ့သည်။

ကျေးဇူးတင်စရာကောင်းစွာဘဲ သူမရင်းနှီးသော မျက်နှာများရှိနေခဲ့သည်။ ရို့စ့်မယ်ရီ နှင့် လူနာတို့သည် စိုက်ကြည့်မှုများကို အတတ်နိုင်ဆုံး လျစ်လျူရှုထားရန်ကြိုးစားကာ ကဲလ်ရန်ထံ ချဉ်းကပ်ခဲ့ကြသည်။

"ဘုရားရော…နင်တို့နှစ်ယောက် ဆင်တူဝတ်စုံတွေလား။ ဒီဇိုင်းတွေက နည်းနည်းကွဲပြားပေမယ့် ပုံစံချင်းတော့ အတူတူပဲ"

ကဲလ်ရန်၏ အံ့အားသင့်စရာမေးခွန်းတွင် ရို့စ့်မယ်ရီသည် မေးခွန်းကို မျှော်လင့်နေသကဲ့သို့ တောက်ပသောအပြုံးဖြင့် ပြနမတုံ့ပြန်ခဲ့သည်။

"နင် ဆင်တူလို့ပြောနိုင်တယ်လား။ငါတို့က ဒါကို ငါတို့ရဲ့ ရင်းနှီးမှုကို သင်္ကေတလို့တွေးပြီးဝတ်ခဲ့ကြတာ"

"ဟုတ်တယ် နင်တို့နှစ်ယောက်လုံး အရမ်းကြည့်ကောင်းကြတယ်။နောက်ဆုံးတစ်ခေါက်တုန်းက ဆံပင်ဖဲကြိုးနဲ့ လက်အိတ်ဆင်တူ ဟောအခုတော့ ဂါဝန်ဆင်တူပဲ။ ငါ အရမ်းမနာလိုတာပဲ။ နောက်တစ်ခါကျ ငါပါ့ထည့်တွက်ပေးနော်"

သူတို့ သုံးယောက်လုံး ဆင်တူဝတ်စုံနဲ့များဝတ်ဆင်ထားကြသည်ကို စိတ်ကူးကြည့်တော့ လူနာသည် ကို့ရို့ကားယားနိုင်သော အေးစက်မှုကို ခံစားလိုက်ရပြီး အကြောင်းအရာ အမြန်ပြောင်းလိုက်သည်။

"နင် ဒီတလောနေကောင်းရဲ့လား"

ကဲလ်ရန်က နူးညံ့သော အပြုံးဖြင့် တုံ့ပြန်လာခဲ့သည်။

"အင်း ငါနေကောင်းပါတယ်။ငါ ပြီးခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဖလော်ရီဆီ အကြိမ်အနည်းငယ် သွားခဲ့ပေမယ့် သူမနဲ့ မတွေ့နိုင်ခဲ့ဘူး။ ဒါပေမယ့် သူမလည်း ဒီနှစ်မှာ အရွယ်ရောက်တာမို့လို့ ပါတီကို တက်ရောက်လောက်တယ်။ငါတို့ တရားခံအစစ်ကို ဖော်ထုတ်နိုင်မှာပါ"

လူနာသည် သူမထိုကဲ့သို့ ကြိုးစားအားထုတ်ရန် မလိုဟု ခံစားရကာ ကဲလ်ရန်အား ပြောလိုက်သည်။

"ကိုယ့်ကိုကိုယ် တွန်းအားပေးစရာ မလိုပါဘူး။ အဲဒါက နင့်ကို ပိုဝမ်းနည်းစေနိုင်တယ်ရယ်။ ပြီးခဲ့တာတွေရှိပါစေ။သူ့ဘာသာ ပြေလည်သွားပါလိမ့်မယ်"

"နင်ကသာ လိမ်လည်စွပ်စွဲခံခဲ့ရတဲ့အတွက် ပိုနာကျင်ခဲ့ရတာပါ။ ငါတကယ် နင့်ကိုကူညီချင်တယ်ရယ်"

ကဲလ်ရန်၏ တုံ့ပြန်မှုနှင့်အတူ ပတ်ဝန်းကျင်ရှိ သူမမသိကျွမ်းသော မင်းမျိုးစိုးမျိုးအနွယ်ဝင်များက သဘောတူသလို ခေါင်းညိတ်ပြလာကြသည်ကို မြင်လိုက်ရသဖြင့် လူနာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရို့စ့်မယ်ရီက ၎င်းကိုကြည့်ပြီး နူးညံ့စွာ ပြုံးကာ ပြောလိုက်သည်။

"ဒါက နင့်သူငယ်ချင်းတွေလား ကဲလ်ရန်။ ကြည့်ရတာ နားလည်မှုလွဲတာတွေက ရှင်းပြီးသွားတဲ့ပုံပဲ"

"ဟုတ်တယ်၊ အားလုံးက လူနာအတွက် စိတ်မကောင်းဖြစ်နေကြတာ"

ပတ်ဝန်းကျင်ရှိ မင်းမျိုးမင်းစိုးနွယ်များက လူနာအား ဖော်ရွေသော မျက်နှာများဖြင့် စစ်မှန်စွာ နှုတ်ဆက်လာခဲ့ကြသည်။

"တွေ့ရတာဝမ်းသာပါတယ်။ လေဒီကဲလ်ရန်ဆီကနေ နင့်အကြောင်းတွေ အများကြီးကြားခဲ့ရပါတယ်"

"နင့်မှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့မှာပဲ"

လူတိုင်းသည် အလွန်ဖော်ရွေလွန်းသဖြင့် လူနာသည် မမျှော်လင့်ထားသော စိတ်ခံစားမှုများဖြင့် လွှမ်းခံလိုက်ရပြီး ရှက်ရဲရဲဖြင့် တုံ့ပြန်ခဲ့လိုက်သည်။

"ကျေးဇူးပါနော်။ တွေ့ရတာဝမ်းသာပါတယ်။ နားလည်မှုလွဲမှားတာတွေကို ရှင်းပစ်ဖို့ဆိုတာက မလွယ်ဘူးရယ်။ ငါ အားလုံး တကယ်ကို ကျေးဇူးတင်ပါတယ်"

ခဏအကြာတွင် ရို့စ့်မယ်ရီကို မှတ်မိသွားသော အခြားမင်းမျိုးမင်းစိုးနွယ်များက သူမတို့ကို ဝိုင်းဖွဲ့လာခဲ့ကြတော့သည်။ အချို့က သံသယများရှိနေသေးပုံရသော်လည်း မည်သူကမျှ လုံးလုံးလျားလျား ရန်မူမှုမပြခဲ့ကြပေ။

ထို့နောက် ရို့စ့်မယ်ရီက လူနာကို လူတိုင်းအား မိတ်ဆက်ပေးခဲ့သည်။

"ဒါက လူနာပဲလ်ပါ။ဒီညနေအတွက် ငါ့ရဲ့အစောင့်အကြပ်ပဲ။ သူမက ရွှေတွင်းပိုင်ရှင်လည်း ဖြစ်သေးတယ်"

"ရွှေတွင်းလား"

မည်သည့်အရာမျှ မရှင်းပြခင်မှာပင် ရွှေတွင်းအကြောင်း ပြောလိုက်သောကြာင့် လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူမ၏ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ကောလဟာလများက ဘယ်လိုပဲဖြစ်နေပါစေ ငယ်ငယ်ရွယ်ရွယ်နဲ့ ရွှေတွင်းကို ပိုင်ဆိုင်နိုင်တာက ပေါ့သေးသေးမဟုတ်ပေ။

အနီးနားရှိ မြို့စားအနွယ်ဝင်များသည် အဆိုပါ ထုတ်ဖော်ပြောကြားချက်ကို ကြားလိုက်သဖြင့် အံ့အားသင့်သွားကြကာ သူတို့၏ အံ့အားသင့်နေသော အမူအရာများကို ယပ်တောင်များဖြင့် ဖုံးအုပ်ထားလိုက်ကြသည်။ လူနာ၏ ၀တ်စားဆင်ယင်မှုက အဘယ်ကြောင့် ဤမျှ ကြီးကျယ်ခမ်းနားနေရတာလဲဆိုသည်ကို ယခုမှ နားလည်သဘောပေါက်သွားခဲ့ကြသည်။

နောက်ထပ်အချက်အလက်များကို လူတိုင်းက စောင့်မျှော်နေကြပြီး တေးဂီတသံဖျော့ဖျော့များဖြင့် ပြည့်နေသော ပင်မခန်းမထဲတွင် ရို့စ့်မယ်ရီ၏ ရှင်းလင်းသော အသံက ပဲ့တင်ထပ်သွားခဲ့သည်။

"ဟုတ်တယ်။ ပြီးတော့ သူမက ငါသိပ်မြတ်နိုးတဲ့ လှပတဲ့နှင်းဆီအိမ်ကြီးကိုလည်း ဝယ်ယူခဲ့တယ်လေ။ အဲဒီ့မှာ မိန်းမပျိုတချို့ကိုတောင်ဖိတ်ပြီး ပါတီပွဲတစ်ခုကျင်းပခဲ့ကြသေးတယ်"

ကဲလ်ရင် အပါအဝင် အဖွဲ့ကသူများက အသိအမှတ်ပြုဟန်ဖြင့် ထုတ်ပြောလာကြသည်။

"အဲ့တာက ပျော်စရာကောင်းခဲ့တယ်။ လူနာရဲ့ နားလည်မှုလွဲမှားတာတွေကို ရှင်းနိုင်ခဲ့တဲ့အတွက် အဲ့ဒါက ပိုတောင်အဓိပ္ပာယ်ရှိသွားသေးတယ်"

"ဟုတ်တယ် ငါသာမတက်ဖြစ်ခဲ့မိရင် နောင်တရရလိမ့်မယ်။ နင့်ကိုငါတို့အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်လက်ခံရလို့ ငါတို့အရမ်းဝမ်းသာတာပဲ"

နားလည်မှုလွဲမှားသည်များကို ရှင်းလင်းခြင်းနှင့် ရွှေတွင်းပိုင်ဆိုင်ခြင်းတို့က သူမအား သတိမပြုမိဘဲမနေနိုင်အောင်ဖြစ်စေသည်။

ရို့စ်မယ်ရီ၏ အသိမိတ်ဆွေတစ်ဦးကသည်းမခံနိုင်တော့ဘဲ လူနာ နှင့်ပတ်သက်သော ကောလာဟလများအကြောင်း မေးလာတော့သည်။

"နားလည်မှုလွဲနေတယ်ဆိုတာက တကယ်ပဲ ဘာကိုဆိုလိုတာလဲ"

"သူမအကြောင်းအားလုံးပဲ။ ဒီနေရာမှာ အားလုံးကို ရှင်းပြဖို့ ခက်ပေမယ့် စပြောရရင်တော့ လေဒီလူနာက သခင်လေးရိုဒရီယန်ကို လိုက်ကပ်နေခဲ့တာ မဟုတ်ဘူး"

မြို့စားအနွယ်ဝင်များက ရို့စ်မယ်ရီထံမှ အသေးစိတ်ရှင်းပြချက်များကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့သော်လည်း သူမသည် တစ်စုံတစ်ရာမျှ ဆက်မပြောခဲ့ပေ။

မေးခွန်းတစ်ခုထွက်ပေါ်ပြီးသည်နဲ့ လူများသည် အချက်အလက်များရှာဖွေတူးထုတ်ကြပြီး သူတို့ဘာသာ စဉ်းစားကြလေ့ရှိသည်။ထို့ကြောင့် အရာအားလုံးကို အစကနေ ပြန်ရှင်းပြပြီး အချိန်ဖြုန်းနေစရာ မလိုပေ။

ထို့နောက် စကားဝိုင်း၏ဘေးတွင် တုံ့ဆိုင်းနေခဲ့သော မြို့စားအနွယ်ဝင်အမျိုးသားတစ်ဦးက အုပ်စု၏အလယ်ဗဟိုသို့ သတိကြီးစွာလျှောက်လာပြီး သိချင်စွာမေးမြန်းလိုက်သည်။

"အဲ့ဒီအကြောင်းကို ပြောကာမှ... လေဒီပဲလ်က သခင်လေးရိုဒရီယန်ကို တရားစွဲပြီး အနိုင်ရခဲ့တယ်ဆိုတာ ဟုတ်မဟုတ် သိချင်ပါတယ်။ ကျွန်တော့်အမေက တရားရုံးကို တက်ရောက်ပြီး အဲဒီအကြောင်း ပြောပြပေမယ့်လို့ ယုံရခက်နေလို့ပါ"

ဒါပေါ့ ဒီဇာတ်လမ်းက အမှန်ဆိုတာ သူသိပြီးသားပင်။သူ့အမေတွင် ရုတ်တရက် လိမ်ညာဖို့ အကြောင်းပြချက် မရှိသလို တစ်ယောက်ယောက်အပေါ် အကြောင်းပြချက်မရှိဘဲ ဆိုးသွမ်းသော စကားပြောဖို့လည်း မရှိနေပေ။ သို့တိုင် သူသည် အာရုံစူးစိုက်မှုကို ခံရရန် တောင်းဆိုခဲ့လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ကောလဟာလ၏ ဇာတ်ဆောင်ဖြစ်သော လူနာသည် ငါးစာကိုယူလိုက်သည်။ တရားစွဲခြင်းကိစ္စသည်လည်း သူမ ဆွေးနွေးလိုသော အကြောင်းအရာတစ်ခုဖြစ်သည်။

"အဲဒါအမှန်ပါပဲ။ ဖယ်ဆန်က ကျွန်မအဖေ့ဆီက ရွှေတူးဖော်ခွင့်ကို တောင်းဆိုခဲ့ပေမယ့် အငြင်းခံလိုက်ရတော့ သူက ကျွန်မအဖေကို အကျယ်ချုပ်ဖမ်းထားခံခဲ့ပါတယ်။ အဲ့ဒါကြောင့် မတတ်နိုင်ဘဲတရားစွဲခဲ့ရပြီး ကျွန်မတို့အနိုင်ရတဲ့အတွက် ဖယ်ဆန်က ရွှေတစ်ထောင် ဒဏ်ရိုက်ခံရတယ်"

"တကယ်လား"

နောက်ဆုံးတစ်ခေါက်တွေ့ဆုံမှုတွင် ဤအကြောင်းကို မဖော်ပြခဲ့သောကြောင့် ကဲလ်ရန်သည် အံ့ဩသွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

"ဟုတ်တယ်။ တရားစီရင်မှုပြီးသွားတဲ့အချိန်ကျ သတင်းက ပြန့်နှံ့သွားပြီး လူတွေရဲ့ အထင်အမြင်လွဲမှားမှုတွေကို ရှင်းပစ်နိုင်မယ်လို့ ငါထင်ခဲ့တယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သတင်းကလုံးဝ ပျံ့မသွားခဲ့ဘူး"

သူမက သိမ်မွေ့စွာဖြင့် အရိပ်အမြွက်ပြောလိုက်ကာ ထိုလူက အဖြေကို သိပြီးပြီဖြစ်သည့်အတိုင်း ပြုံးပြီး စကားစမြည်ပြောဖို့ အခွင့်ယူရန်ပြင်လိုက်သည်။

သူ ဘာမှမပြောနိုင်ခင်မှာတင် ရင်းနှီးသော အသံတစ်ခုက ဖြတ်ပြောလာခဲ့သည်။

"တရားရုံးမှာ အနိုင်ရတဲ့အကြောင်းတော့ ကြားခဲ့ရပေမယ့် ဒဏ်ငွေက ရွှေတစ်ထောင်ဆိုတာကို ကြားရတာတော့ ကိုယ့်အတွက်အသစ်ပဲ။အာ.. တရားစီရင်မှု ပြီးတဲ့အထိ ကိုယ်နေခဲ့လိုက်သင့်တယ်"

၎င်းက အန်းသန့်စ်ပင်ဖြစ်သည်။

လူနာသည် သူ၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။ ရို့စ်မယ်ရီလည်း ထိတ်လန့်သွားပြီး သူမပါးပြင်ကိုသူမ အုပ်ကိုင်လိုက်မိသည် ။

"အစ်ကို အန်းသန့်စ်...!"

သူသည် လွန်ခဲ့သောဆယ်စုနှစ်တုန်းကလိုပင် တစ်ပုံစံထဲဖြစ်နေသည်။ သို့သော် အချိန်အတော်ကြာ ခွဲခွာပြီးနောက်တွင် နှစ်ကြိမ်မျှစစ်ဆေးရန် လိုအပ်ပေသည်။

"အန်းသန့်စ်လား..."

"အန်းသန့်စ်ဗင်းဆင့်လား...!"

ဖြတ်ပြောခံရမှုကြောင့် တစ်ခုခုပြောတော့မည့် လူသည် နေရာမှာတင်အေးခဲသွားတော့သည်။ ဤနာမည်ဆိုးနှင့်ကျော်ကြားသော ဆိုက်ကိုပတ်၏ထွက်ပေါ်လာမှုကြောင့် တင်းမာသည့်တိတ်ဆိတ်မှုတစ်ခုက ပင်မခန်းမပေါ်သို့ ကျဆင်းလာခဲ့ရသည်။

"ရို့စ်မယ်ရီ"

ဟုတ်တယ်၊ ငါက မင်းအစ်ကိုပဲ။

အန်းသန့်စ်က ရို့စ်မယ်ရီနာမည်ကိုခေါ်လိုက်ပြီး 10 နှစ်အကြာမှ မောင်နှမများ ပြန်လည်ဆုံတွေ့ကြသည့် အခိုက်အတန့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

ဝမ်းနည်းစရာမှာ သူတို့၏ ပြန်လည်ဆုံဆည်းမှုတွင် ခံစားချက်များ သို့မဟုတ် ပျော်ရွှင်မှု မရှိခဲ့ပေ။ သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်မှု၊ မသက်မသာဖြစ်မှုများသာ ရှိနေခဲ့သည်။

"အစ်ကို ဒီကိုဘာလို့ရုတ်တရက်ရောက်လာရတာလဲ"

သူ့မွေးရပ်မြေမှာ ကပ်တွယ်နေခဲ့သည်ဟု သူမထင်ခဲ့သည်။ ရို့စ်မယ်ရီ၏မေးခွန်းကြောင့် အန်းသန့်စ်သည် သူ့ကိုယ်သူလှောင်ပြောင်ပြီး သူတို့ကြားထဲ မဝင်မီတွင် လူနာအား တစ်ချက်ကြည့်လိုက်သည်။

"လေဒီလူနာ ဒီမှာရှိနေတယ်ကြားလို့ ဒါပေမယ့် မင်းဒီမှာ ဘာလုပ်နေတာလဲ"

သူ့ကိုယ်နေဟန်ထားအမူအရာက ပြင်းထန်လွန်းလှသဖြင့် လူများသည် သူက လူနာအား အချိန်မရွေး ကိုယ်ထိလက်ရောက် တိုက်ခိုက်နိုင်သည်ဟု ခံစားလိုက်ကြရသည်။ တစ်စုံတစ်ယောက်သည် တံတွေးကိုမျိုချလိုက်ပြီး အစောင့်များကို ခေါ်ရန်ပင် တွေးနေပြီဖြစ်သည်။

သို့သော် ရို့စ်မယ်ရီသည် အန်းသန့်စ်၏ မတည်ငြိမ်ဖြစ်ခဲ့သော နှစ်များအတွင်း သူနှင့် အတူနေထိုင်ခဲ့ဖူးသည်။ သူမသည် သူ၏ရန်လိုမှုကို ရင်းနှီးနေပြီဖြစ်သည်။

"အစ်ကို ဘယ်အကြောင်းပြောနေတာလဲ"

သူမသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် အန်းသန့်စ်အား အတင်းတွန်းထုတ်ကာ လူနာနှင့်လက်ချင်းချိတ်ထားလိုက်သည်။ သို့သော် အန်းသန့်စ်က တစ်လက်မလောက်ပင် တုပ်တုပ်မလှုပ်သွားသောကြောင့် သူတို့ကသူ့ကြားထဲမှာ ပိတ်မိနေပုံပေါက်သွားသည်။

"မင်းက ဘာလို့ လေဒီလူနာနဲ့အတူရှိနေရတာလဲလို့ ငါမေးနေတာ"

"အင်း... ငါတို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလေ။ သူငယ်ချင်းတွေအတူရှိတာ ဘာဆန်းလို့လဲ"

"သူငယ်ချင်းလား.."

အန်းသန့်စ်သည် ရယ်စရာကောင်းသော စကားကို ကြားလိုက်ရသကဲ့သို့ ပြက်ရယ်ပြုလိုက်သည်။

လူနာသည် သူ၏အမူအရာကိုမြင်လိုက်ရသဖြင့် မကြာသေးမီက ဘယ်ရွန်၏နေအိမ်၌ အန်းသန့်စ် နှင့် ဖယ်ဆန်တို့ ထိပ်တိုက်ရင်ဆိုင်ခဲ့မှုကို ပြန်အမှတ်ရလိုက်သည်။

ဤသည်မှာ ပရိသတ်အများအပြားနှင့် တွဲလျက်ရှိသော ဒရာမာ ဇာတ်လမ်း ပြန်လည် စတင်ခြင်း ဖြစ်သည်မှာ သေချာပေသည်။

TK Team