👾Chapter 143
ကံမကောင်းစွာဖြင့် သူချစ်ရသည့် သူ၏တပည့်ကပင် သူ့အား အရူးတစ်ယောက်ဟု မခေါ်ခဲ့ချေ။
ရှုကျစ်ဟန်သည် သူ့ကိုယ်သူ မည်သည့်အမှားကိုမှ မလုပ်ခဲ့ကြောင်း ပြောကာ လှည့်စားခဲ့၏။ သို့သော် သူ့နှလုံးသား တစ်ခုလုံး လစ်ဟာနေသကဲ့သို့ ခံစားရသည့် အချိန်များလည်း ရှိခဲ့လေသည်။
သူက ပြုံးလျက် သူ့အခန်းထဲရှိ ဂလင်းများ ပျက်စီးနေပြီဖြစ်သော အိုမီဂါအား နှစ်သိမ့်ရန် အားယူခဲ့သည်။ သို့သော် အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သူ့အမူအရာမှာလည်း တောင့်ခဲသွားခဲ့ရ၏။
အမျိုးသမီးသည် ပျောက်ကွယ်သွားခဲ့သည်။
အခန်းတစ်ခုလုံးသည် နှင်းပန်းရနံ့များဖြင့် ပြည့်နှက်နေပြီး ပြတင်းပေါက်သို့ ဦးတည်နေသည့် အနီရောင်သွေးစီးကြောင်းမှာလည်း ထင်ထင်ရှားရှား ဖြစ်ပေါ်နေ၏။ တစ်ဖက်လူသည် လွတ်မြောက်သွားချိန်၌ အသက်ရှင်နိုင်ချေ ရှိမရှိ မသေချာသည့်တိုင် အားသွန်ခွန်စိုက် ထွက်ပြေးသွားခဲ့သည်။
သူမသည် သနားသည့် အကြည့်တစ်ချက်ကိုသာ ချန်ရစ်ခဲ့ပြီး ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။
သူမ ဝေးဝေးမသွားနိုင်ဟု ရှုကျစ်ဟန် ထင်ခဲ့သည်။ သို့သော် ထိုနေ့မှစ၍ သူမ၏ သတင်းတစ်ခုကိုပင် သူ မကြားရတော့ချေ။
သူက အဆုံးသတ်၌ နောင်တရလာ၏။
ထို့နောက် ဒေါသတကြီး ဖြစ်လာခဲ့သည်။ သူက အမှားမလုပ်ခဲ့ချေ။ သူမ အပေါ် အလွန်ချစ်မြတ်နိုးရုံသာဖြစ်သည်။ သူက သူမအား ပွေ့ဖက်ခဲ့ပြီး၊ အစာကျွေးခဲ့၏။ သူမအတွက် နေ့တိုင်း ပန်းစည်းယူလာပေးခဲ့သည်။ သူတို့က အမှတ်အသားပင် ပြုပြီးကြလေပြီ။ သူမ အဘယ့်ကြောင့် ထွက်သွားခဲ့ရသနည်း။
သို့သော် သူ့၌ သူမ၏ ဖယ်ရိုမုန်းများ ရှိနေသေး၏။ ၎င်းတို့အား သူမ၏ ဂလင်းမပျက်စီးခင် ဆေးထိုးပြွန်ဖြင့် ယူထားခဲ့ခြင်း ဖြစ်လေသည်။
ဒီလိုဆိုမှတော့ သူမနဲ့ ချည်နှောင်ရုံပဲပေါ့ …
သူက ထိုဖယ်ရိုမုန်းများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းခဲ့၏။
ရလဒ်အနေဖြင့် နှစ်အနည်းငယ် ကြာသည့်အခါ ရှုကျစ်ဟန်သည် အခြားလူများ၏ အတွေးများကို စတင်၍ ကြားလာရသည်။ ထို့နောက် တစ်ဖက်လူက သူ့အတွေးများကို အဘယ့်ကြောင့် သိနေခဲ့ကြောင်း နားလည်လာခဲ့ရ၏။
သို့ရာတွင် သူက ထိုကျောင်းသူ၏ အကြည့်ထဲရှိ ဂရုဏာသက်မှုကို ယနေ့ထက်တိုင် နားမလည်နိုင်သေးချေ။
ထို့ကြောင့် ရှုကျစ်ဟန်က ဤသို့တွေးလိုက်၏။ သူမသည် သူ့အတွေးများကို ကြားနိုင်လျှင် သူမအား သူမည်မျှ ချစ်မြတ်နိုးကြောင်းကို နားလည်ပေလိမ့်မည်။ သူ့အနေဖြင့် သူမအား တောင်းပန်ရန် မလိုအပ်ချေ။
ရှုကျစ်ဟန်သည် သီးသန့်သုတေသန ပြုလုပ်ခြင်းမှအပ ယခင်နှင့် များစွာ ခြားနားခြင်းမရှိသည့် ဘဝကို ဖြတ်သန်းခဲ့၏။
ရှီးယွမ်သည် သူကိုယ်တိုင် ပျိုးထောင်ခဲ့သည့် ကျောင်းသားဖြစ်သည်။ ရှုကျစ်ဟန်သည် အခြားလူများအား မျက်နှာသာပေးခြင်းကို အမြဲလိုလို ကောင်းစွာ ပြုလုပ်နိုင်၏။ ဤသို့ဖြင့် မကြာခင်မှာပင် ရှီးယွမ်သည် သူသဘောအကျဆုံးနှင့် အယုံကြည်ရဆုံး လက်ထောက် ဖြစ်လာခဲ့သည်။
သို့သော် သူ၏ စွမ်းဆောင်မှုသည် ယခင် ကျောင်းသူအား လိုက်မမီနိုင်ဟု ရှုကျစ်ဟန် ခံစားနေရဆဲဖြစ်၏။
သူက အရပ်သားနေရာမှ ကလေးတစ်ဦးကို ကောက်ယူခဲ့သည်။ ထိုကလေးသည် အလွန်ချစ်စရာကောင်းပြီး ရှုကျစ်ဟန်၏ ခြေထောက်များကို အတင်းဖက်ထားခဲ့သည်။
ရှုကျစ်ဟန်သည် လှပသော အရာများကို မငြင်းဆန်နိုင်ချေ။ ထို့ကြောင့် ကလေးကိုလည်း ခေါ်လာခဲ့၏။
ရှုကျစ်ဟန်သည် စိတ်ဖတ်နိုင်စွမ်းအပေါ် ဖိအား တစ်စုံတစ်ရာ မရှိခဲ့ချေ။ အဆုံးသတ်တွင် သူသည် လူသားတို့အကြောင်း အမြဲလိုလို သိချင်နေခဲ့၏။ သူက အခြားလူများ၏ အတွေးများကိုလည်း အမြဲလိုလို သိချင်နေခဲ့သည်။
သူ့နံဘေးရှိ လူများသည် အလွန်ဆူညံပြီး ရိုးသားမှုမရှိဟု စတင် ခံစားမိလာ၏။ သို့သော် ရှီးယွမ်၏ အဖြူရောင်မုသားများကိုမူ လက်ခံနိုင်ခဲ့သည်။
သူက အမျိုးသမီး အိုမီဂါသည် သူ၏ အချစ်ကို လက်ခံခဲ့ပါက သူမနှင့် အတူတူ နေထိုင်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ သူတို့၌ သူတို့အပေါ် မည်သည့်အခါမှ လိမ်ညာမည် မဟုတ်သည့် ကလေးတစ်ဦး ရှိလာပေလိမ့်မည်။
ကံမကောင်းစွာဖြင့် နှင်းပန်းသည် အစရှာမရအောင် ပျောက်ဆုံးသွားခဲ့၏။
ကံကောင်းစွာဖြင့် သူ မတော်တဆ ကောက်ယူ မွေးစားခဲ့သည့် ကလေးသည် သူမြင်ဖူးသမျှထဲတွင် အသန့်ရှင်းဆုံးနှင့် အပြစ်ကင်းဆုံး ဖြစ်လာခဲ့သည်။
ထိုသူ၏ အတွေးများသည် သူ့မျက်နှာပေါ်၌ ရေးသားထားသလို ထင်ရှား၏။ သူက ရှုကျစ်ဟန်အပေါ် အပြည့်အဝ ယုံကြည်ပြီး အဖေဟု ခေါ်ဆိုလေ့ရှိသည်။
အရေးအကြီးဆုံး အရာမှာ သူသည် မည်သည့်အခါမှ လိမ်ညာပြောလေ့ မရှိခြင်းပင်။
ရှုကျစ်ဟန်သည် သွေးမတော်သားမစပ် ကလေးတစ်ဦးအား ဂရုတစိုက် ပျိုးထောင်ခဲ့မိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သို့ရာတွင် ရှောင်မုန့်သည် အသိတတ်ဆုံးနှင့် အလိမ္မာဆုံး ကလေးဖြစ်လာခဲ့၏။
ဆယ်နှစ်ကျော် ကြာမြင့်သွားသည့်တိုင် အရာအားလုံးသည် တူညီနေဆဲဖြစ်သည်။
ဤသို့ဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က မီးလျှံသွေး စိတ်စွမ်းအား ပိုင်ရှင် အိုမီဂါတစ်ဦးအား သူတွေ့ခဲ့ရသည်။
သူက သူ၏ ရှာဖွေတွေ့ရှိမှုအတွက် အလွန်စိတ်အားထက်သန်ခဲ့သည်။ သို့သော် ပွင့်ပွင့်လင်းလင်း သုတေသနလုပ်ရန် တောင်းဆိုခြင်းမျိုး မပြုခဲ့ချေ။
သူက အရင်ဆုံး ငြိမ်းချမ်းရေးကို လိုလားသည့် သူ၏ သူငယ်ချင်းများအား သုတေသနကို ဆန့်ကျင်ရန် အသုံးချခဲ့၏။ ထို့နောက် ရှီးယွမ်အား တိတ်တဆိတ် ကူညီနေစေခဲ့သည်။ ဤနည်းအားဖြင့် သူ့အား အပြစ်တင်လာမည့်လူ ရှိမလာနိုင်တော့ချေ။
ထို့နောက် ရှုကျစ်ဟန်သည် သူ့အား သဘောကျသည့် ကုမြောင်ဟူသော အရူးတစ်ယောက်နှင့် တွေ့ဆုံခဲ့၏။ ကုမြောင်သည် သူ့ထက်ပင် ပို၍ စိတ်ကူးယဉ်တတ်လေသည်။ ထိုသူက သူ့အတွက် အမျိုးမျိုးသော အိုမီဂါများကို စုဆောင်းပေးမည်ဖြစ်ကြောင်း ဦးစွာ ပြောလာခဲ့၏။ ထိုစုဆောင်းမှု၌ အိုမီဂါ၏ မျိုးစိတ်၊ စိတ်စွမ်းအား စသည်တို့ ပါဝင်လေသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က ကုမြောင်ထံမှ ကောင်းမွန်သည့် မျိုးစေ့တစ်ခုကို ရှာတွေ့ပြီဖြစ်ကြောင်း ရှုကျစ်ဟန် ကြားခဲ့ရသည်။ ထိုသူက ချက်ချင်း သုတေသန လုပ်ချင်နေခဲ့၏။
သို့သော် ရှုကျစ်ဟန်သည် ကုမြောင်ပို့လိုက်သည့် အချက်အလက်များမှတဆင့် ရင်းနှီးနေသော မျိုးစိတ်ကို တွေ့ခဲ့ရ၏။
ကုမြောင်က သူရှာတွေ့ခဲ့သော မျိုးစေ့ကောင်း၏ မိခင်၏ ပုံပန်းသွင်ပြင်ကိုပါ အနီးစပ်ဆုံး ပို့လာခဲ့သည်။
ထိုသူက ရှုကျစ်ဟန်၏ နှင်းပန်းကလေးပင် ဖြစ်၏။
အဆုံးသတ်တွင် သူ၏ နှင်းပန်းကလေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လွတ်မြောက်သွားခဲ့သည်။ သို့သော် သူမ၌ ကလေးတစ်ဦး ရှိနေခဲ့၏။
ရှုကျစ်ဟန်သည် အံ့အားသင့်ရမည်လော၊ ပျော်ရမည်လောပင် မသိတော့ချေ။ လင်းလန်၌ ကလေးတစ်ဦး ရှိနေသည့်အပြင် ကလေးတွင်လည်း သူမနှင့် တူညီသည့် မျိုးစိတ် ရှိနေခဲ့၏။
အတိတ်က သူသည် ကုမြောင်၏နောက်သို့ အမြဲလိုက်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌မူ သူက ကုမြောင်အား တားဆီးခဲ့၏။
သူတို့နှစ်ဦးက ပထမဆုံးအကြိမ် စကားများခဲ့ကြသည်။ ကုမြောင်က အဆိုပါ အိုမီဂါသည် အကောင်းဆုံး စမ်းသပ်ခံ ဖြစ်ကြောင်း ပြောခဲ့ပြီး ရှုကျစ်ဟန်၏ ကန့်ကွက်မှုကို သဘောမတူခဲ့ချေ။
ကုမြောင်သည် စမ်းသပ်ခံ၏ ဓာတ်ပုံကို ပို့မပေးခဲ့ချေ။ ရှုကျစ်ဟန်သည် သူ့ကလေး၏ ပုံပန်းသွင်ပြင်နှင့် ထိုကလေးအပေါ်၌ နှင်းပန်းရနံ့ ရှိမရှိ ဆက်တိုက် ခန့်မှန်းနေခဲ့၏။
သူသည် ထိုနေ့က ဟောပြောပွဲတစ်ခု လုပ်ခဲ့ရ၏။ ရှုကျစ်ဟန်သည် ဟောပြောပွဲ ပြီးသည်နှင့် ကုမြောင်နှင့် ထိုအိုမီဂါတို့အား တတ်နိုင်သမျှ မြန်မြန် ရှာချင်ခဲ့သည်။
သို့သော် ကုမြောင်သည် သူ့စကားကို နားမထောင်ပဲ ထိုအိုမီဂါအား ဓာတ်ခွဲခန်းအတွင်းသို့ ခေါ်လာခဲ့သည်။ သူ့အား တစ်စုံတစ်ဦးက တွေ့သွားခဲ့၏။ ထို့နောက် ကုမြောင်နှင့် အိုမီဂါတို့ နှစ်ဦးလုံး ပျောက်ဆုံးသွားခဲ့လေသည်။
၎င်းက ရှုကျစ်ဟန်၏ သုတေသနကို အချိန်အတန်ကြာ နှေးကွေးစေခဲ့သည်။ ထိုနေ့က သူပြန်ရောက်လာချိန်၌ သူသည် ရှောင်မင်အား အတန်ကြာ ငေးကြည့်ခဲ့မိသည်။ သူက ထိုအိုမီဂါသည် အသက်ရှင်နေခဲ့ပါက ရှောင်မင်နှင့် အသွင်တူခြင်းရှိမရှိ သိလိုခဲ့၏။
သို့သော် ထိုနေ့က လျန်ကျီမုန့်သည်လည်း ပြောင်းလဲလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ကျီမုန့်၏ မိဘရင်းများသည် သူ့အား လာရှာခဲ့ကြ၏။ ရှုကျစ်ဟန်သည် သူ၏ လက်ကိုကိုင်ကာ ညှင်သာစွာ မေးလိုက်သည်။
“ရှောင်မုန့် … ပြန်သွားချင်လား …”
ကျီမုန့်သည် မလုပ်ချင်ကြောင်း ပြောခဲ့သည်။ သို့သော် သူ၏ အတွင်းစိတ်ကမူ တုံ့ဆိုင်းမှုများ ပြသနေ၏။
သူက စတင်၍ လိမ်ညာလာခဲ့သည်။
ရှုကျစ်ဟန်သည် ထိုအရာနှင့် ပတ်သတ်၍ ထိန်းချုပ်နိုင်မည်ဟု ထင်ခဲ့သည်။ သူက ကျီမုန့် သူ့အပေါ် ရိုးသားနေသရွေ့ စစ်တက္ကသိုလ်သို့ ပို့ဆောင်ပေးမည် ဖြစ်၏။ သူ့၌ အခြားအတွေးများ မရှိနေသင့်ချေ။ သူသာလျှင် ကျီမုန့်၏ တစ်ဦးတည်းသောဖခင် ဖြစ်နေသင့်သည်။
သို့သော် ရှောင်မုန့်သည် ကျောင်းသို့ ရောက်သည်နှင့် သူ့အား စတင်၍ လိမ်ညာလာတော့၏။
အချိန်ကြာလာသည်နှင့်အမျှ ရှုကျစ်ဟန်သည် ရှောင်မုန့် စိတ်တွင်းရှိ သူ့အခန်းဖော်၏ အမည်ကို ခဏခဏ ကြားလာရသည်။
ရှောင်မုန့်သည် အယ်လ်ဖာတစ်ဦးအား သဘောကျခြင်းအား ကြောက်စရာကောင်းသည်ဟု တွေးခဲ့၏။ သူက ထိုကိစ္စကို တစ်ဦးထဲ သိမ်းဆည်းထားပြီး ရှုကျစ်ဟန်ကိုပင် ထုတ်မပြောခဲ့ချေ။
အယ်လ်ဖာတစ်ဦးအား နှစ်သက်ခြင်းသည် ကိစ္စကြီးတစ်ခု မဟုတ်ဟု ရှုကျစ်ဟန် ယူဆခဲ့၏။ အဘယ့်ကြောင့် သူက ထုတ်မပြောရသနည်း။
ရှုကျစ်ဟန်သည် ရှောင်မုန့်၏ မိဘရင်းများနှင့်ပင် တွေ့ပေးခဲ့၏။ သို့သော် ရှောင်မုန့်သည် သူ့အား လိမ်ညာနေဆဲပင်။ မူလက ရှောင်မုန့်သည် ရိုးရှင်းပြီး သန့်ရှင်း၏။ ယခုအခါ သူသည် ဆိုးမိုက်သော ကောင်လေးတစ်ဦး ဖြစ်လာခဲ့သည်။
ရှုကျစ်ဟန်သည် ကလေးဆိုးများကို မုန်းတီး၏။
ထိုအချိန်မှာပင် Queen သည် သူ့ထံသို့ သံလွင်ခက် ကမ်းလာခဲ့သည်။ သူမက သူ့အား လက်တွေ့လေ့ကျင့်ရေး၌ တစ်စုံတစ်ခု ပြုလုပ်စေလိုခဲ့၏။
ဝမ်ထျန်းယောင် ရှိနေသည်ဖြစ်ရာ လက်နက်အား အစားထိုးရန် မခက်ခဲချေ။ ထိုသို့ဆိုပါက မည်သူသည် လည်လှီးခံရမည့်ဆိတ် ဖြစ်သွားမည်နည်း။
သာမန်စစ်သားများသည် တည်နေရာအခက်အခဲကြောင့် ထိုသို့သော ကိစ္စများကိုလုပ်နိုင်မည် မဟုတ်ပေ။
ထို ကောင်ဆိုးကလေးသာ လုပ်နိုင်၏။
သို့သော် ထိုကောင်ဆိုးကလေးသည် မျက်လုံးထပ်မံ မဖွင့်လာနိုင်တော့ကြောင်း ကြားလိုက်ရချိန်၌ ရှုကျစ်ဟန်သည် ရပ်တန့်သွားခဲ့ရ၏။
—
Queen အား ကူညီပြီးသည့်နောက် ရှုကျစ်ဟန်သည် ဆင်တူသည့် ကိစ္စရပ်များကို ကြုံတွေ့ခဲ့၏။ ထို့နောက် ဟယ့်ယွင်ထင်သည် နယ်စပ်ဒေသမှ ပြန်လာခဲ့ပြီး လင်းဟန်နှင့် ပထမဆုံးအကြိမ် တွေ့ခဲ့ရသည်။
သူက လင်းဟန်အား လက်ဆွဲနှုတ်ဆက်ရန် မစောင့်နိုင်ဖြစ်ခဲ့၏။ သို့သော် ထိုအိုမီဂါ၌ စိတ်ဖတ်နိုင်စွမ်း မရှိခဲ့ချေ။
လုအန်းဟယ်သည် အားဇယ်ဟု အမည်ရသော ကလေးတစ်ဦးသည် ဒဏ်ရာရနေကြောင်းနှင့် ဂလင်းများ ဖျက်ဆီးခံခဲ့ရကြောင်း ပြောခဲ့သည်။ လွန်ခဲ့သော သုံးနှစ်အကြာက ဖြစ်၏
ရှုကျစ်ဟန်သည် တစ်စုံတစ်ဦးကို လျှို့ဝှက်စုံစမ်းစေခဲ့သည်။
ဒီတော့ သူသာ …
ရှုကျစ်ဟန်၏ နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခု အစပျိုးလာ၏။
သူက ချီကျားဇယ်၏ လက်ကို ဆုပ်ကိုင်၍ တစ်ဖက်လူ၏အတွေးကို နားလည်ရန် ကြိုးစားခဲ့သည်။ သူက သူ၏ နှင်းပန်းလေးအကြောင်းကို ကြားသိလိုခဲ့၏။
“အားဇယ် …”
ရှုကျစ်ဟန်သည် မူးဝေလျက် ထိုအမည်အား ရွတ်ဆိုလိုက်၏။ မကြာခင်မှာပင် queen သည် ဖယ်ရှားခံခဲ့ရပြီး သူ့ကလေးများမှာ အရွယ်မရောက်သေးကြောင်း၊ သူသည်လည်း ဖမ်းဆီးခံထားရကြောင်း သတိရလာသည်။ ၎င်းက ပြီးပြည့်စုံသည့် ပူးပေါင်းမှုတစ်ခု ဖြစ်ခဲ့သင့်သော်လည်း ဤနည်းဖြင့် အဆုံးသတ်သွားရ၏။
စူးရှသည့် နာကျင်မှုသည် သူ့လက်ချောင်းများထံမှ ထွက်ပေါ်လာသည်။ သူက လက်ကို ခါချင်ခဲ့သော်လည်း နာကျင်မှုသာလျှင် ပို၍ တိုးလာခဲ့၏။
“နိုးပြီလား … ”
လင်းဟန်၏ အသံက သူ၏ ဦးခေါင်းပေါ်မှ ထွက်ပေါ်လာသည်။
ရှုကျစ်ဟန်သည် အံကြိတ်ကာ သူ့လက်ကို ကြည့်လိုက်၏။ အနက်ရောင်လုံးလေး တစ်လုံးက သူ့လက်အား ကိုက်နေသည်။ ၎င်း၏ သွားများသည် သူ၏ အသားထဲသို့ နစ်ဝင်လျက်ရှိ၏။
“ကူးလုလုကိုက်တာ အတော်လေးနာမှာပဲ … ”
လင်းဟန်က ဂရုမစိုက်ဟန်ဖြင့် ဆို၏။
သူက မူးဝေမှုကို သည်းခံကာ လက်ရှိအခြေအနေသို့ ကျရောက်စေခဲ့သူ၏ အမည်ကို ရေရွတ်လိုက်သည်။
“ဟယ့်ယွင်ထင်…”
“ပါးစပ်ပိတ်ထား ...”
လူငယ်လေးက အေးစက်စက် ပြောသည်။
“ဗိုလ်ချုပ်ရဲ့အမည်က ခင်ဗျား လွယ်လွယ်ပြောနိုင်တဲ့ အရာမဟုတ်ဘူး …”
ရှုကျစ်ဟန် ခေါင်းမော့လိုက်ချိန်၌ သူ့အား အမူအရာ ကင်းမဲ့စွာ စိုက်ကြည့်နေသော လူငယ်လေးကို တွေ့လိုက်ရသည်။
သူစိတ်ထင်ခြင်းပေလောမသိ၊ လူငယ်လေး၏ မျက်ဝန်းများသည် သူ၏ နှင်းပန်းလေးနှင့် တူလှ၏။
ထိုသူ၏ အထင်သေးသော အကြည့်ကပင် သူ့အား ထိုသူ့ရှေ့၌ ဒူးထောက်လိုစိတ် ဖြစ်ပေါ်လာစေ၏။ သူက ထိုသူ့အား သူ၏ နှင်းပန်းလေး ဖြစ်လာရန် တောင်းဆိုချင်မိသည်။
သို့သော် မကြာခင်မှာပင် သူက အသိစိတ်ဝင်လာသည်။
မဟုတ်ဘူး … သူမကို ဘယ်သူမှ အစားမထိုးနိုင်ဘူး …
ရှုကျစ်ဟန်သည် ခက်ခက်ခဲခဲ ထရပ်လိုက်၏။ သူ၏ လက်ချောင်းများသည် အကိုက်ခံထားရပြီး သွေးများ စိုရွှဲနေသည်။ သူက သတ္တဝါငယ်လေး၌ ဤမျှများပြားသည့် ခွန်အားမျိုး ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ စူးရှသည့် နာကျင်မှုသည် သူ့နှလုံးသားအား ထိုးစိုက်နေသကဲ့သို့ ရှိ၏။ သူက အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ လက်ကောက်ဝတ်များသည် ခိုင်မြဲစွာ ချည်နှောင်ခံထားရသဖြင့် ၎င်းတို့အား မလှုပ်ရှားနိုင်ခဲ့ချေ။
အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေ မရှိတော့သည့်အခါ သူက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းအား ပြန်လည်ရရှိလာ၏။
ခဏအကြာ၌ သူ့နှလုံးသားဝယ် ဒေါသနှင့် အလိုမကျမှုများ ကြီးစိုးလာခဲ့သည်။
တစ်ဖက်လူသည် အရာအားလုံးကို သိရှိပြီးဖြစ်၏။ သို့သော် မည်သည့်အရာကိုမှ မသိထားသကဲ့သို့ သူနှင့် ပူးပေါင်းပေးခဲ့သည်။ ဗွီပရိုတွန်ဂြိုဟ်၌ ဂြိုဟ်သားများ တဖန်ထကြွလာသည့် အချိန်ကို ရှုကျစ်ဟန် မှတ်မိနေသေး၏။ ထိုစဉ်က ဟယ့်ယွင်ထင်သည် သူ့အား ကာကွယ်ရန် ချီကျားမူကို ပို့ဆောင်ပေးခဲ့သည်။
သူသည် ထိုစဉ်က တစ်ဖက်လူ၏ စိတ်ကို ဖတ်ခဲ့၏။ ထိုသူသည် သူ၏ ညီဖြစ်သူအတွက် စိတ်ပူနေပြီး ရှုကျစ်ဟန်အပေါ်တွင်လည်း စိုးရိမ်နေခဲ့သည်။ သူက ဗိုလ်ချုပ်အတွက် စိတ်မကောင်းဖြစ်နေခဲ့ပြီး ထိုသူ့အတွက် စကားပြောပေးရန်ပင် တွေးခဲ့၏။
မထင်ထားတာက … မထင်ထားတာက …
ရှုကျစ်ဟန်သည် သူ၏ ဒေါသစိတ်ကို ဖိနှိပ်လိုက်၏။ “မင်းအခု ဘယ်သွားမှာလဲ …”
လင်းဟန်က သူ့အား ကြည့်လိုက်သည်။ “ပရော်ဖက်ဆာရှုက ထက်မြက်တာပဲလေ … ခင်ဗျား အဖြေကို သိပြီးသားပါ …”
သူက အကြောင်းရင်းကိုပင် မရှင်းပြခဲ့ချေ။ ရှုကျစ်ဟန်သည် သူတစ်ချိန်လုံး သိလာခဲ့သည့် လူစားမျိုး မဟုတ်ခဲ့ချေ။ သူတို့ကြားရှိ ဟန်ဆောင်မှုများ ဖယ်ခွာလိုက်ချိန်တွင် လင်းဟန်၏ နှလုံးသားထဲ၌ အမုန်းတရားသာ ကျန်ရှိတော့၏။
👾