Chapter 142
Viewers 19k

👾Chapter 142



ပင်မမြို့တော်မှအပ ကျန်မြို့များရှိ ကူးစက်ခံ ဂြိုဟ်သားများသည် အားပြန်ပြည့်လာခဲ့သည်။ ပင်မမြို့တော်သည် တံခါးပိတ်စနစ်အား ကျင့်သုံးနေခဲ့သည်ဖြစ်ရာ ကူးစက်ခံ ဂြိုဟ်သားများသည် မြို့တော်တွင်းသို့ ဝင်ရောက်နိုင်စွမ်း မရှိခဲ့ကြချေ။ ရေပို့မှုစနစ်သည်လည်း အခြားမြို့များနှင့် ကွဲပြားသည်ဖြစ်ရာ ထိုမြို့တော်သည် ဗွီပရိုတွန်ဂြိုဟ်၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာခဲ့၏။ ၎င်းက ဟယ့်ယွင်ထင် ဒုတိယအကြိမ် ရောက်လာချိန်အထိ တောင့်ခံနိုင်ခဲ့သည်။ 


“ဒီတော့ ပရော်ဖက်ဆာရှုက မယုံဘူးလား …” 

လင်းဟန်က ပြောသည်။ 


“ဗွီပရိုတွန်ဂြိုဟ်ကို အပြီးအပိုင် ရှင်းပစ်ချင်တာတော့ မဟုတ်ပါဘူးနော် …” 


တစ်ဖက်လူက နှာခေါင်းရှုံ့လိုက်သည်။ 

“အဲဒါက သုတေသနကျရှုံးသွားတဲ့ မြို့တစ်မြို့ပဲလေ … ဘာဂရုစိုက်စရာ ရှိလို့လဲ …” 


“ဒါပေမယ့် ခင်ဗျားအကြံတော့ မဟုတ်ခဲ့ဘူးလေ … မဟုတ်ရင် ခင်ဗျားက ရှီးယွမ်ကို ဝမ်ထျန်းယောင်ကို ထားခဲ့ခိုင်းပြီး ဒီနေရာအထိ ကိုယ်တိုင် လာစုံစမ်းစေပါ့မလား …” 


“ဗိုလ်ချုပ်ဆိုတဲ့အတိုင်း အားလုံးကို ခန့်မှန်းနိုင်တာပဲ …” 

ရှုကျစ်ဟန်သည် မငြင်းဆန်ခဲ့ချေ။ 


“ဗွီပရိုတွန်ဂြိုဟ်က ကျွန်တော်နဲ့ queen အကြား ဆက်သွယ်ပေးတဲ့ ကျွန်တော် ဖန်တီးလိုက်တဲ့ မြေပုံပါပဲ …” 


“ကျွန်တော်က ဗွီပရိုတွန်ဂြိုဟ်ရဲ့ ဘီတာတွေကို မီးလျှံသွေးအနေနဲ့ ပြောင်းလဲပစ်နိုင်ရင် queen ကိုဆက်သွယ်ပြီး အတူတိုက်ခိုက်လို့ရတယ်လို့ ကတိပေးခဲ့တယ် …” 


“အဲဒီ့ဘီတာတွေက အသုံးမကျဖြစ်နေမယ်လို့ ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ …” 


ဤတစ်ကြိမ်၌ ရှုကျစ်ဟန်သည် မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။ 


“ဒါပေါ့ … ကျွန်တော် အဲဒါကိုတိုးတက်စေချင်တုန်းပဲ …” 


ရှုကျစ်ဟန်သည် ကိတ်မုန့်အား ကိုင်ထားသည့် ကောင်လေးအကြောင်း တွေးလိုက်၏။

“အဲဒီ့ကလေးက လိမ္မာပြီး နာခံတတ်တဲ့ပုံစံမျိုးလေ … ကျွန်တော် သူ့ကို ကုသနိုင်မယ်လို့ထင်ခဲ့တယ် … ဒါ့ကြောင့် အမိန့်ကို ဆန့်ကျင်ခဲ့တာ …” 


“ကျွန်တော်က ကုသဆေးရဲ့ သက်ရောက်မှုကို အာမမခံနိုင်ခဲ့ပေမယ့် မြန်မြန်အားပြယ်သွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး …” 


ရှုကျစ်ဟန် သက်ပြင်းချလိုက်သည်။ 

“queen ရဲ့ အင်းဆက်ကသာ တိုက်ခိုက်ဖို့ ခေါင်းမာနေခဲ့တာ … ဒါကျွန်တော့်အမှားမဟုတ်ဘူး …” 


သူက သူ့ကိုသာ နာခံမည့် မီးလျှံသွေး အိုမီဂါအဖွဲ့အား နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သည်။ 

“ကျွန်တော့် သုတေသနက အောင်မြင်တယ်လို့ ပြောလို့မရဘူး … ကျွန်တော့် ကလေးတွေကလည်း ကြီးပြင်းဖို့ လိုသေးတယ် … ဒါပေမယ့် မိခင်အင်းဆက်က ဗွီပရိုတွန်ဂြိုဟ်က အခြေအနေကို တွေ့သွားခဲ့ပြီးတော့ ဂြိုဟ်တစ်ခုလုံးက ကူးစက်မှုကို အောင်မြင်မှုအနေနဲ့ သတ်မှတ်ရလောက်အောင် တုံးအခဲ့တယ်လေ … သူတို့က ကျွန်တော့်ရဲ့ အကြံကို နားမထောင်တော့ပဲ ချက်ချင်းတိုက်ခိုက်ဖို့ ပြင်ကြတော့တာပဲ …” 


“အဲဒီ့ဘီတာတွေက အသုံးမဝင်ဘူးလို့ ကျွန်တော် သူတို့ကို မပြောနိုင်ဘူးလေ … ဒီတော့ သူတို့နဲ့ဆန့်ကျင်ပြီး ကိုယ်တိုင် ဗျူဟာသတ်မှတ်ရတော့တာ ….”

ရှုကျစ်ဟန်က ပြုံးလိုက်၏။


“ကျွန်တော်က ဗွီပရိုတွန်ဂြိုဟ်ရဲ့ ဘီတာတွေက စမ်းသပ်မှုကို အောင်မြင်ခဲ့ပေမယ့် ခင်ဗျားသတ်တာခံလိုက်ရတယ်လို့ပဲ queenကို ပြောနိုင်ခဲ့တယ် …” 


“သူတို့ မျိုးနွယ် အသတ်ခံရလို့ ထကြွလာတယ်လို့ ခင်ဗျားထင်လား …”


ရှုကျစ်ဟန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများထပ်မံ ထွက်ပေါ်လာ၏။ 

“အင်းဆက်တွေက အထိမခံတဲ့ သတ္တဝါတွေပဲ … ဒီသတင်းကို ကြားတာနဲ့ queen ကိုယ်တိုင် ခံတပ်ကိုလာတိုက်တော့တာပေါ့ …” 


“Queen လာမှာတော့ ကျွန်တော်သိတယ် … ကြယ်စုဝေးဗဟိုချက်ကို အသက်သွင်းမယ်ဆိုတာလည်း ကျွန်တော်သိတယ် … ဗိုလ်ချုပ်လို့မျိုး ပါရမီရှင်တွေက ခံတပ်ကို ကာကွယ်နိုင်မယ်ဆိုတာကိုရောပေါ့ … စိတ်ဖတ်တာက အရမ်းအသုံးဝင်တာ … ဗိုလ်ချုပ်လုဟွိုက်ရဲ့ အဖေက ကျွန်တော့် သူငယ်ချင်းရဲ့ မိတ်ဆွေဖြစ်ခဲ့တယ်လေ … သူကတစ်ဆင့် ဗိုလ်ချုပ်လုဟွိုက်ကို ဆက်သွယ်ဖို့က လွယ်ပါတယ် … ဒီနေရာမှာ ခုန်မှတ်ရှိတယ်ဆိုတာကိုလည်း သိဖို့ မခက်ပါဘူး …” 


ရှုကျစ်ဟန် စကားဆုံးသည့်အခါ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာ၏။ 

“ဒါပေမယ့် ဗိုလ်ချုပ် … ခင်ဗျားက ထက်မြက်တာပဲ … ကျွန်တော်တို့ စကားကောင်းပြောနိုင်မှာပါ …”


ဟယ့်ယွင်ထင်က ရယ်ချင်သွားပုံဖြင့် သေနတ်အား ထပ်မံ၍ မောင်းဆွဲကာ ရှုကျစ်ဟန်၏ နဖူးအား ချိန်ပစ်လိုက်၏။ 


သို့သော် ကျည်ဆန်ထွက်လာသည်နှင့် အားလုံး၏ အမြင်များက ဝေဝါးသွားခဲ့၏။ ရှုကျစ်ဟန် ပျိုးထောင်ထားသည့် အိုမီဂါတစ်ဦးသည် သူ့ထံသို့ မြင့်မားလှသည့် အရှိန်ဖြင့် ပြေးဝင်လာကာ ကျည်ဆန်အား ကာပေးလိုက်လေသည်။ 


“ကြည့်လေ … လိမ္မာတဲ့ကလေးတွေ ရှိနေတုန်းပဲ …” 

ရှုကျစ်ဟန်က ဖြည်းညှင်းစွာ ပြော၏။ 

“သူတို့မှာ ဇာ့ဂ်ရဲ့ ရန်လိုတာမရှိသလို လူသားတွေလိုမျိုး ညစ်ပတ်တဲ့အတွေးတွေလည်း မရှိဘူး …”


“ကျွန်တော်တို့သာ ပူးပေါင်းလိုက်ရင် … queen လည်းပျောက်ကွယ်သွားပြီ … သားလောင်းတွေက ကျွန်တော့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမယ် … ဝမ်ကျောက်ကောက ခင်ဗျားကို စစ်တပ်တစ်ခုလုံး ပေးထားမှန်း ကျွန်တော်သိပါတယ် … ခင်ဗျားအတွက် ငြင်းဆန်ရခက်မှာပေါ့ .. ဒါပေမယ့် ဘာလို့ ပိုကျယ်တဲ့ကောင်းကင်ကို မကြည့်နိုင်ရမှာလဲ …” 


ရှုကျစ်ဟန်က စကားဆုံးသည်နှင့် ဟယ့်ယွင်ထင်အား မော့ကြည့်လိုက်၏။


သူ၏ မျက်ဝန်းများသည် ရိုးသားဟန်စွက်နေ၏။ သူက သူ၏ အဆိုပြုချက်အား ဟယ့်ယွင်ထင်သည် သေချာပေါက် စဉ်းစားပေးလိမ့်မည်ဟု ယူဆခဲ့သည်။ 


ကံမကောင်းစွာပင် ဟယ့်ယွင်ထင်သည် သူ့အား အေးစက်စက်သာ စိုက်ကြည့်လိုက်၏။ 


ရှုကျစ်ဟန်သည် စတင်၍ သံသယဝင်လာမိသည်။ ကိစ္စများက သူထင်သည့်အတိုင်း ဖြစ်မလာခဲ့ချေ။ 


ဟယ့်ယွင်ထင်သည် သူနှင့်ပတ်သက်၍ အရာအားလုံးကို သိနေသည့်တိုင် သူတို့အတူတူ ပူးပေါင်း၍ ရနိုင်သေး၏။ 


သူက သူ့အတွေးများ ပြောင်းလဲသွားခဲ့သည်ကိုမူ သတိမပြုမိခဲ့ချေ။ 


ရှုကျစ်ဟန် မျက်နှာထက်ရှိ အပြုံးသည် ဖြည်းဖြည်းချင်း ပျယ်လွင့်လာ၏။ 


သူက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် အစည်းအဝေးနှင့် ညှိနှိုင်းမှုသည် ငြင်းပယ်ခံရခြင်းနှင့် အဆုံးသတ်သွားကြောင်း နားလည်ရန် စိတ်ဖတ်စရာပင် မလိုခဲ့ချေ။ 


“ကြည့်ရတာ ပရော်ဖက်ဆာရှုက ယုံကြည်ချက်ရှိနေတုန်းပဲကိုး …” 


လင်းဟန်က ထိုသို့သောလူမျိုးကို စကားများများပြောရန် မလိုအပ်ဟု တွေးလိုက်မိ၏။ 


“ကျွန်တော်တို့ ဗွီပရိုတွန်ဂြိုဟ်က ပြန်လာတော့ ကြယ်သင်္ဘောက ပုံမှန်လမ်းအတိုင်း မသွားခဲ့တာ မှတ်မိသေးလား …” 


သူက ရှုကျစ်ဟန်ထံသို့ သေးငယ်သည့် ဆက်သွယ်ရေးစက်တစ်ခု ပစ်ပေးလိုက်သည်။ 

“ခင်ဗျားက အမှိုက်လို့ခေါ်ခဲ့တဲ့ ဘီတာတွေ အခုဘယ်လိုနေနေလဲ ခင်ဗျားကိုယ်တိုင် ကြည့်လိုက် …” 


ရှုကျစ်ဟန်သည် ရှီးယွမ်နှင့် ဆက်သွယ်နေကျဖြစ်ရာ ဆက်သွယ်ရေးစက်အား မည်သို့အသုံးပြုရကြောင်း သိလေသည်။ 


သူက သေးငယ်သည့် မျက်နှာပြင်မှတဆင့် အရပ်သားနယ်မြေများသို့ ပို့လွှတ်ခံရသည့် ပင်မမြို့တော်ရှိ လူများကို တွေ့လိုက်ရ၏။ ဂလင်းများ၊ ဖယ်ရိုမုန်းများမရှိသည့်တိုင်၊ နေထိုင်ရာ ပတ်ဝန်းကျင်သည်လည်း တစ်နည်းတစ်ဖုံ ပြောင်းလဲသွားခဲ့သည့်တိုင် သူတို့က အကောင်းဆုံး ကြိုးစား၍ ရောထွေးနေထိုင်နေကြလေသည်။ 


သူတို့က သူတို့ဘဝ၏ ရှင်ခြင်းသေခြင်းကို ဆေးဖန်ပြွန်တစ်ခုအပေါ် ပုံအပ်ရန် မရည်ရွယ်ခဲ့ကြချေ။ 


သူက စောစောကအထိ သူ့အရှေ့ရှိလူနှစ်ဦး၏ စကားများကို အလိမ်အညာများဖြစ်သည်ဟု ဟန်ဆောင်ခဲ့၏။ သို့သော် မျက်စိရှေ့တွင်တွေ့နေရသည့် ပုံရိပ်များကမူ သူ့အား လှောင်ပြောင်နေသကဲ့သို့ ရှိလေသည်။ 


“အားလုံးက ကောင်းကောင်းမွန်မွန် ရှိနေကြတယ် … ချန်းလင်ဆိုရင် စခန်းကို ယာယီအနေနဲ့ ဝင်လာခဲ့တယ်လေ …” 

လင်းဟန်က တည်ငြိမ်စွာ မေးလိုက်၏။ 

“ပရော်ဖက်ဆာရှုက အခုရော ပူးပေါင်းချင်တုန်းလား …” 


သူ့မျက်ဝန်းထဲ၌ သိသာလှသည့်သနားစိတ်များ ရှိနေ၏။ 


၎င်းအကြည့်သည် ရှုကျစ်ဟန်၏ အမှောင်ဘက်ခြမ်းကို ထိမိသွားပုံရသည်။ ရှုကျစ်ဟန်၏ မျက်နှာထက်ရှိ တည်ငြိမ်မှုသည် တစ်စစီကွဲကျေသွား၏။ သူက သူ့ထံသို့ လေးဘက်တွားလာသည့် သားလောင်းကို ကောက်ယူကာ မြေပေါ်သို့ ကိုင်ပေါက်လိုက်သည်။ 

“တော်တယ် … အရမ်းကို အံ့အားသင့်စရာပဲ …” 


သူက သူ၏ ရုတ်တရက် ကျဆုံးမှုကို လက်မခံနိုင်ချေ။ သူက အစောပိုင်းကာလ၌ပင် ပြိုင်ဘက်ထံမှ ဖော်ထုတ်ခံလိုက်ရမည်ဟု လက်မခံနိုင်ချေ။ 


သူ ယခုထက်ထိ နားမလည်နိုင်ဖြစ်နေဆဲပင်။ 


ဟယ့်ယွင်ထင်သည် ချဉ်းကပ်ရန် ခက်ခဲကြောင်း သူသိ၏။ သူက တစ်ဖက်လူ၏ နားလည်မှုလွဲခြင်းကို ရှင်းပြနိုင်ရန် သူ၏ ဂုဏ်ပုဒ်ကိုပင် အသုံးပြုခဲ့သည်။ သို့သော် ဗိုလ်ချုပ်က သူနှင့် ချက်ချင်းပူးပေါင်းလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက ဗိုလ်ချုပ်၏ ယုံကြည်မှုကို ရနိုင်ပြီဟုပင် အထင်မှားခဲ့၏။ 


ရှုကျစ်ဟန်က မလိုလားစွာ အံကြိတ်လိုက်သည်။ 


“ဒါဆို ခင်ဗျား ဘာ့ကြောင့် ကျွန်တော့်ဘက်က ကူပြောပေးခဲ့သေးလဲ …” 


“မျက်နှာသာပြန်ပေးရုံပါပဲ …” 


ရှုကျစ်ဟန်က တစ်စုံတစ်ခုအား တွေးမိသွား၏။ 

“ကျွန်တော့်ကို သိက္ခာချတဲ့ သတင်းက …” 


“အဲဒါလည်း ကျုပ်ပဲလေ … တရားဝင်မီဒီယာမှာ မချပြခင် သတင်းစာအသေးလေးတွေမှာ အရင်ရှာတာက ပိုပြီး သက်ရောက်မှုကောင်းမှာပေါ့ …” 


“ခင်ဗျား အဲဒီ့တုန်းက ချီကျားမူကို ကျွန်တော့်ကို ကာကွယ်ပေးစေခဲ့တယ်လေ … ပြီးတော့ သူ့အတွေးတွေက ဘာမှ မထူးခြားခဲ့ပါဘူး …” 


“လုအန်းဟယ်တောင် ဒါကိုမသိဘူး …” 

ဟယ့်ယွင်ထင်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ 

“သိတဲ့လူနည်းလေလေ ပိုပြီး ယုတ္တိရှိလေပေါ့ …” 


“ဒီတော့ …”


“ခင်ဗျားကို ဧကရာဇ်က အမိန့်ပေးခဲ့တာ မဟုတ်ဘူး … ကျွန်တော်ကသာ သူ့ကို အဲဒီ့လိုလုပ်ဖို့ အကြံပြုခဲ့တာ …”


ထိုအခါမှသာ ရှုကျစ်ဟန်သည် သူ အကြာကြီး အရူးလုပ်ခံခဲ့ရကြောင်း နားလည်သွား၏။ 

“ဟယ့်ယွင်ထင် … ခင်ဗျား …” 


ဘုန်း ….


M2742 သည် သူ့နံဘေးရှိ သားလောင်းထံသို့ အားပြင်းလှသည့် ကျည်ဆန်အား ပစ်လွှတ်လိုက်၏။ သားလောင်း၏ ဦးနှောက်သည် ပေါက်ကွဲသွားခဲ့သည်။ မမှတ်မိနိုင်လောက်အောင် ပျက်စီးနေပြီဖြစ်သည့် နန်းတော်သည် ယခုအခါ ဧရိယာကြီးကြီးမားမား ပြိုကျသွားခဲ့၏။ ရှုကျစ်ဟန်အား ဝန်းရံထားသည့် အိုမီဂါများနှင့် သားလောင်းများသည် စူးရှစွာ အော်ဟစ်ကြလေသည်။ 


ထိုအချိန်မှာပင် ရှုကျစ်ဟန်သည် တစ်စုံတစ်ခုပြောရန် ကြိုးစားလိုက်၏။ သို့သော် သူ ဘာမှ မပြောနိုင်ခင် ဗိုလ်ချုပ်သည် သူ့အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ 


ဟယ့်ယွင်ထင်သည် အခြားလူများ စကားပြောနေချိန်တွင် ထိုသူ့အနီးသို့ ချဉ်းကပ်ရန် အကောင်းဆုံး လမ်းကို ရွေးချယ်နေခဲ့၏။ သူက တုံ့ဆိုင်းမှုများကို လွှတ်ချလိုက်ပြီး ရှုကျစ်ဟန်ထံသို့ ခုန်တက်လာကာ ထိုသူ့အား ဓားစာခံအဖြစ် အသုံးချလိုက်၏။ မက်ခါသည် ကျည်ဆန် တစ်ခုပြီးတစ်ခု ပစ်လွှတ်လျက်ရှိသည်။ သို့သော် မောင်းနှင်သူ၏ သန့်စင်လှသော စိတ်စွမ်းအားကြောင့် ထိုကျည်ဆန်များသည် ဟယ့်ယွင်ထင်အား ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေပဲ အခြားမျိုးစိတ်များကိုသာ တိုက်ခိုက်ကြလေသည်။ 


ဟယ့်ယွင်ထင်သည် အမျိုးသား၏ အဝတ်ဖြင့် သူ့ပါးစပ်ကို အုပ်လိုက်ရင်း မက်ခါထံသို့ ဦးတည်လိုက်၏။ 

“စခန်းကို သွားကြမယ် ..” 


လင်းဟန်က နားလည်စွာဖြင့် မက်ခါအား စက်နှိုးလိုက်သည်။ ထို့နောက် သူက ဟယ့်ယွင်ထင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ 

“ကျွန်တော် ဒီရောက်ကတည်းက ရှာကြည့်ပြီးပြီ … ဒီမှာ ဘယ်သူမှ မရှိဘူး …” 


ဟယ့်ယွင်ထင်က နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။


 á€œá€„á€şá€¸á€Ÿá€”á€ş လက်နက်ခလုတ်များကို တပ်ဆင်ကာ မောင်းတံအား အောက်သို့ ဆွဲချလိုက်၏။ ထို့နောက် ဖန်သားပြင်ထက်သို့ ခုန်တက်လာသည့် များပြားလှသော အချက်ပြမှုများအား လေဆာအမြောက်ဖြင့် ပစ်ချလေတော့သည်။ 


ကျယ်လောင်သည့် ဘန်း ဟူသော မြည်သံကြီး ထွက်ပေါ်လာ၏။ နန်းတော်သည်လည်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။ 


ဟယ့်ယွင်ထင်သည် ရှုကျစ်ဟန်အား ထောင့်တစ်ထောင့်သို့ ပစ်လိုက်သည်။ ထိုသူသည် ယခုအခါ ပါးစပ်အား ဝတ်ရုံဖြင့် အအုပ်ခံထားရသည့် အလျောက် မပီမသ အသံများကိုသာ ပြုလုပ်နိုင်တော့သည်။ 


ဟယ့်ယွင်ထင်က ထိုအသံများကို မနှစ်မြို့သဖြင့် ရှုကျစ်ဟန်အား လက်ပြန်တစ်ချက် ရိုက်ချလိုက်လေသည်။ ထို့နောက် သူက လက်ကို ဝတ်ရုံစဖြင့် သုတ်ကာ စက်ခန်းထဲမှ ထွက်လာသည့် လင်းဟန်အား ပွေ့ဖက်ကာ လင်းဟန်၏ ချွေးစိုနေသည့် မျက်နှာနုနုလေးအား အနမ်းခြွေလိုက်၏။ 


“ပင်ပန်းသွားပြီ …” 


လင်းဟန်၏ မျက်နှာထက်တွင် ပင်ပန်းမှုများက ထင်ထင်ရှားရှား နေရာယူထားသော်လည်း သူ့အပြုံးက ညှင်သာ၍ ရှင်းလင်းလှသည်။ 


“ကျွန်တော် အရင်က ကျောင်းမှာ ဆရာတွေပြောတဲ့ အချက်ကို ချေပချင်တယ် …” 

လင်းဟန်က ပြောလိုက်သည်။ 

“လှည့်စားတာက ကောင်းလားဆိုးလား ကျွန်တော်မသိဘူး … ဒါပေမယ့် ပျော်ဖို့ကောင်းနေတုန်းပဲ …” 


ရှုကျစ်ဟန်သည် စောစောက စကားဝိုင်းထဲတွင် နစ်မြုပ်နေဆဲဖြစ်၏။ သူက ကိစ္စများစွာကို စတင်၍ တွေးမိလာခဲ့သည်။ 


ဉပမာ သူ၏ ကျောင်းသားများ ဖြစ်ကြသော ရှောင်မန်နှင့် အားဇယ်တို့ ဖြစ်၏။ 


လွန်ခဲ့သော နှစ်ပေါင်းများစွာက အင်းဆက်ဉအား ဖွင့်ပြီးသည့်နောက် သူသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့မိသည်။ 


သူက သူလိုချင်သည့် အရာကို မေ့လျော့သွားခဲ့ဟန်တူ၏။ 


အယ်လ်ဖာတစ်ဦးအနေဖြင့် နူးညံ့သော အိုမီဂါတစ်ဦးကို ရရန် အလွန်လွယ်ကူလှသည်။ 


ရှုကျစ်ဟန်သည် အတိတ်က သူ၏ လိင်အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။ သူက အချို့ကိစ္စများတွင် လွယ်ကူလာစေရန်သာ ရည်ရွယ်ခဲ့ပြီး ဖယ်ရိုမုန်းများနှင့် အခြားလူများကို တွန်းအားပေးရန် စိတ်မကူးခဲ့ဖူးချေ။ 


သို့သော် ဉအား ဖွင့်ပြီးသည့်နောက် ထိုအရာသည် သဘာဝသာဖြစ်သည်ဟု စတင် ခံစားမိလာ၏။ 


သူက သူ၏ နွေးထွေးနူးညံ့သော အသွင်အပြင်ကို အသုံးပြုကာ သူချစ်မြတ်နိုးခဲ့ရသည့်၊ သူနှင့် သက်ဆိုင်ခဲ့သင့်သည့် အရာအားလုံးကို ပြန်လည်ရယူခဲ့သည်။ 


သူက သူမ၏ ရုန်းကန်မှုများနှင့် သူမ၏ မျက်ရည်ဝေသော အိပ်မက်များကို လျစ်လျူရှုခဲ့သည်။ သူမ အသိစိတ်ကင်းမဲ့နေစဉ် အကြိမ်ကြိမ် ရွတ်ဆိုခဲ့သည့် အမည်များကို လျစ်လျူရှုခဲ့သည်။ သူက သူမ၏ လည်ပင်းအနောက်ကို ကိုက်ကာ သူမခန္ဓာကိုယ်အား အပြည့်အဝ အမှတ်အသား ပြုလိုခဲ့၏။ 


ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရသည့် နှင်းပန်းရနံ့သည် သူ့သွေးများအား ပျံ့နှံ့သွားခဲ့သည်။ နှင်းပန်း၏ အဓိပ္ပာယ်မှာ ပျော်ရွှင်မှုကို ကိုယ်စားပြု၏။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသည့် ဖယ်ရိုမုန်းများကမူ ဝမ်းနည်းမှုများကိုသာ ခံစားစေခဲ့သည်။ 


သူက ထိုကျောင်းသူ၏ နောက်ဆုံးအကြည့်ကို မည်သည့်အခါမှ မေ့လျော့နိုင်မည် မဟုတ်ပေ။ 


သူမသည် သူမ၏ အမှတ်အသားပြုခံရသော ဂလင်းများကို ကိုယ်တိုင် ဖျက်ဆီးခဲ့၏။ 


သူမ၏ မျက်ဝန်းထဲတွင် ဒေါသစိတ်မရှိဘဲ သနားမှုသာ ရှိနေခဲ့သည်။ အဆိုပါ ပိန်ပါးသော အိုမီဂါ၏ အကြည့်အတိုင်းဖြစ်၏။ 


သူတို့၏ အကြည့်များက တစ်ထပ်တည်း တူညီလေသည်။ 


ထိုစဉ်က ရှုကျစ်ဟန်သည် သူမအား ညှင်သာစွာ ပွေ့ဖက်ရင်း သူမ ခန္ဓာကိုယ်မှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည့် နှင်းပန်းရနံ့ကို ရှူရှိုက်ခဲ့သည်။


“မင်းဘာလို့ ကိုယ့်ဂလင်းကိုယ် ဖျက်ဆီးရတဲ့အထိ တုံးအရတာလဲ …” 


သူက သူမ၏ သွေးများဖုံးလွှမ်းနေသော လည်ပင်းကို နမ်းရှိုက်ခဲ့၏။ 


“ငါ မင်းအတွက် အကောင်းဆုံး သမားတော်ရှာပေးမယ် … ငါ့ကိုယ်ငါ အသိဆုံးပဲ … ငါ မင်းအတွက် သေချာပေါက် ပြန်ပြင်ပေးမယ် …” 


“ငါတို့ ဖယ်ရိုမုန်းတွေက အရမ်းလိုက်ဖက်ညီတယ် … အဲဒါကို ပျောက်ကွယ်သွားခွင့် မပြုနိုင်ဘူး …” 

ရှုကျစ်ဟန်သည် အမျိုးသမီး၏ ဂလင်းထံသို့ ဆေးထိုးပြွန်တစ်ခုနှင့် ထိုးစိုက်ခဲ့၏။ 


“မကြောက်ပါနဲ့ … မနာပါဘူး … အဆင်ပြေသွားမှာပါ …” 


ဒီလိုဆို မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးက ငါ့အပိုင် ဖြစ်သွားပြီ …


“ရှုကျစ်ဟန် …” 

တစ်ဖက်လူက သူ့အား လက်ကို ကိုင်ဆောင်ခွင့် ပြုခဲ့သည်။ 

“ရှင်က လူယုတ်မာလို့ ခေါ်ဖို့တောင် မတန်ဘူး …” 


“ရှင်က သနားစရာကောင်းတဲ့ သတ္တဝါပဲ ..”


ရှုကျစ်ဟန်သည် တစ်ဖက်လူ အညံ့ခံလာစေရန် အကြမ်းဖက်ခဲ့သည်။ သူက ပြုံးလျက် ပြင်းထန်သော ဖယ်ရိုမုန်းများကို ထုတ်လွှတ်ခဲ့၏။ 


ဂလင်း ဖျက်ဆီးခံလိုက်ရသည့်တိုင် အိုမီဂါ၏ အယ်လ်ဖာအပေါ် သဘာဝအလျောက် အညံ့ခံမှုအား ဆန့်ကျင်ရန် မလွယ်ကူချေ။ အထူးသဖြင့် ရှုကျစ်ဟန်သည် တစ်ဖက်လူ အညံ့ခံလာစေရန် ရည်ရွယ်ချက်ရှိရှိ ဖယ်ရိုမုန်းများကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်၏။ 


အမျိုးသမီးသည် စတင်၍ တုန်လှုပ်လာခဲ့သည်။ သူမသည် ဒူးထောက်ကျသွားကာ မျက်ရည်များ စီးကျလာခဲ့၏။ သို့သော် သူမ၏ မျက်ဝန်းများသည် အားနည်းမှု တစ်စုံတစ်ရာကိုပင် မပြသခဲ့ချေ။ 


ရှုကျစ်ဟန်သည် သူမ တစ်ကိုယ်လုံး ချွေးများ စိုရွှဲလာပြီး ဒူးထောက်ရန်ပင် ခွန်အားမကျန်တော့သည်အထိ စောင့်နေခဲ့သည်။ သူမသည် မြေပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေပြီး အသက်ရှုသံမှာလည်း မကြားရတော့သည်အထိ အားပျော့သွားခဲ့၏။ 


“ဘာလို့ ဒီလောက်အထိ စိတ်အားထက်သန်နေတာလဲ …” 

ရှုကျစ်ဟန်သည် သူမ၏ အမည်ကို ခေါ်ခဲ့သည်။ 

“ချိုချိုသာသာ ပြောလိုက်ရုံနဲ့ ငါမင်းကို ချစ်ပေးမှာပါ …” 


ရှုကျစ်ဟန်သည် သူမ စိတ်မဆိုးတော့သည်ကို သိလိုက်ရသဖြင့် သူမ၏ မျက်နှာအား ထိလိုက်၏။ 

“ငါမင်းကို ဒီနေ့ ချုပ်မထားတော့ဘူး …” 


သူက အမျိုးသမီး၏ လက်ထိပ်နှင့် ချိန်းကြိုးများကို ဖြည်ပေးခဲ့သည်။ ထို့နောက် သူမ၏ တုန်ရီနေသော လည်တိုင်အား နမ်းရှိုက်ကာ နှင်းပန်းရနံ့စွက်နေသည့် သွေးများကို လျက်လိုက်၏။ 

“ငါမင်းအတွက် ပန်းစည်းဝယ်ပြီး ပြန်ခဲ့မယ် ..” 


သူက သူ့အခန်းကို သော့ပိတ်ကာ အိမ်နှင့်မနီးမဝေးရှိ ပန်းဆိုင်တွင် ပန်းစည်းတစ်စည်း ဝယ်ရန် ထွက်လာခဲ့သည်။ 


၎င်းက ဆယ့်ငါးမိနစ်သာ ကြာခဲ့၏။ 


သူက သူပြန်ရောက်လာချိန်၌ အမျိုးသမီးသည် စတင်၍ အညံ့ခံလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ 


လူများက သူ့အား အရူးဟု ခေါ်လျှင်ပင် ဂရုမစိုက်ချေ။ ၎င်းကို ချီးကျူးမှုအနေဖြင့်သာ မှတ်ယူလိုက်ပေလိမ့်မည်။ 


👾