👾Chapter 144
အကယ်၍ လူပေါင်းများစွာ မသေဆုံးခဲ့ရပါက ဘဝသည် ယခုထက်ပို၍ အေးချမ်းနေပေလိမ့်မည်။
စခန်းသည် နောက်ဆုံး ဆက်သွယ်ချက်ဖြစ်၏။ ဤနေရာရှိ ခုန်မှတ်ဖျက်ဆီးခံလိုက်ရသည်နှင့် ရှုကျစ်ဟန်သည် ပုံမပေါ်သေးသည့် သားလောင်းများကိုသာ ပျိုးထောင်နိုင်ပေတော့မည်။ သာမန်ထက် ထူးကဲ့သည့် တုံ့ပြန်နိုင်စွမ်းနှင့် ပြန်လည်ကစားနိုင်စွမ်းတို့အား ပိုင်ဆိုင်ထားသည့် အိုမီဂါများသည် မက်ခါများကို ရင်ဆိုင်ရလျှင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။
အဖြေအား ကြားလိုက်သည်နှင့် ရှုကျစ်ဟန်သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။
“ဆိပ်ကမ်းကို တိုက်ရိုက်သွားပါ … ဗိုလ်ချုပ်က တကယ်ပဲ အဲဒီ့လူတွေရဲ့ လုံခြုံရေးကို ဂရုမစိုက်တာ ဟုတ်ပါ့မလား …”
သူက ထိုသို့ပြောပြီးနောက် လက်ချောင်းများထံမှ နာကျင်မှုကြောင့် ညည်းညူလိုက်၏။
ရှုကျစ်ဟန်က သူ၏ ခြိမ်းခြောက်မှုသည် အထောက်အကူဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် လူငယ်လေးက
ရယ်ခြင်းဖြင့်သာ တုံ့ပြန်ခဲ့၏။
"ပရော်ဖက်ဆာရှု ..."
"ခင်ဗျား ကျွန်တော်တို့နဲ့ ပူးပေါင်းနိုင်ဦးမယ် ထင်တာလား …"
"ဘာကိုလဲ … "
လုဟွိုက်သည် လူနည်းစုကိုသာ ခေါ်လာခဲ့၏။ ရှုကျစ်ဟန်သည် သူတို့ထံသို့ သူ၏ ဇစ်မြစ်ကို အတည်ပြုခြင်းဖြင့် ချဉ်းကပ်နိုင်ခဲ့သည်။ ဝမ်ယွီသည် နှိမ့်ချတတ်သော လူတစ်ဦးဖြစ်၏။ ဤကဲ့သို့ အစွန်အဖျား ကြယ်ဒေသတွင် ထူထပ်သော တပ်ဖြန့်ထားခြင်းလည်း မရှိရာ ရှုကျစ်ဟန်သည် သူ့ကလေးများနှင့် ပေါင်းစည်းရန် ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ယခုအခါ သူ စတင်ထိတ်လန့်လာခဲ့ရသည်။
ဝမ်ယွီနှင့် လုဟွိုက်တို့သည် ပိုးမွှားများ ထိန်းချုပ်ထားသည့် နေရာအတွင်း၌သာ ရှိနေပေလိမ့်မည်။ သူက ခုန်မှတ်ထံသို့ သူတို့နှင့်အတူ သွားရန်သာ လိုအပ်၏။ ထို့ကြောင့် သူက ဤနေရာရှိ စစ်ပွဲကိုလည်း အနိုင်ယူနိုင်မည် ဖြစ်ပြီး …
“စိတ်ဖတ်တာက ဒီလောက် အသုံးဝင်တာမျိုး မဟုတ်ဘူး …”
လင်းဟန်က ကြားဖြတ်ပြောလိုက်သည်။
သူက ရှင်းပြရန် ပျင်းရိနေဟန်ဖြင့် မတ်တပ်ရပ်လိုက်သည်။ ဘောလုံးလေးသည် သူ့အတွေးများကို နားလည်နေသကဲ့သို့ ရှုကျစ်ဟန်၏ လက်ချောင်းများအား လွှတ်ပေးလိုက်သည်။ ထို့နောက် ကူးလုလုသည် အမွှေးများကို ခါလျက် လင်းဟန်၏ ပခုံးထက်သို့ ခုန်တက်လိုက်၏။
လင်းဟန် လှည့်ထွက်လိုက်မည်ကို သိသည်နှင့် ရှုကျစ်ဟန်၏ နှလုံးသားထဲတွင် ပြင်းထန်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုသူသည် နှင်းပန်းလေးနှင့် တူလှ၏။ သူမကဲ့သို့ပင် ပုံမှန်အချိန်များ၌ နူးညံ့သည့်တိုင် သူနှင့်ရင်ဆိုင်ချိန်၌မူ အေးစက်လှသည်။
ဖော်ပြရန် မစွမ်းသာသည့် ဒေါသစိတ်တစ်ခုက ရှုကျစ်ဟန်၏ ရင်တွင်း၌ အစပျိုးလာ၏။ လင်းလန်သည် ယခင်က ကျောင်းသူကောင်းတစ်ဦး ဖြစ်ခဲ့သည်။ ရှုကျစ်ဟန်သည် လင်းလန်၏ ခေါင်းမာမှုကို အမှတ်ရသွားကာ ရုတ်တရက်ဆိုသလို အယ်လ်ဖာ၏ ဖယ်ရိုမုန်းများအား လွှင့်ထုတ်လိုက်လေသည်။
ဟုတ်တယ် … အယ်လ်ဖာတွေက အိုမီဂါတွေကို ဖိနှိပ်ဖို့ မွေးဖွားလာတာ … ဒီနည်းနဲ့မှ လင်းလန်က ရိုကျိုးပြီး သိတတ်တဲ့ အိုမီဂါဖြစ်လာမှာ …
သူက လင်းဟန်ရပ်သွားသည်ကို ကြည့်ရင်း ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။ သို့သော် သူ့ထက်ပို၍ သန်မာသည့် ဖယ်ရိုမုန်းများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလာခဲ့သည်။ ရှုကျစ်ဟန်သည် ဦးနှောက်တစ်ခုလုံး နာကျင်လာသည်အား ခံစားလိုက်ရ၏။
လူငယ်လေးသည် သူမျှော်လင့်ထားသကဲ့သို့ လဲကျမသွားခဲ့ချေ။ အခြားလူတစ်ဦး၏ လက်မောင်းများ အတွင်းသို့သာ ပြိုလဲသွားခဲ့၏။ ထိုသူ၏ လက်တစ်ဖက်က လူငယ်လေး၏ လည်တိုင်အနောက်ဘက်ကို ခပ်ဖွဖွ ထိတွေ့လာခဲ့သည်။
“မင်း အဆင်ပြေရဲ့လား …”
သူက နှင်းပန်းလေးကို အလွန်လွမ်းဆွတ်နေသဖြင့် အခြားအယ်လ်ဖာ၏ တည်ရှိမှုကိုပင် မေ့သွားခဲ့ရ၏။
ဒါပေမယ့် ငါ့ရဲ့ ဖယ်ရိုမုန်းတွေက သူနဲ့ လိုက်ဖက်မှု မရှိဘူးလား …
လင်းဟန်သည် တစ်ဖက်လူ၏ ဖယ်ရိုမုန်းများကြောင့် သက်ရောက်ခံရခြင်း မရှိခဲ့ချေ။ အယ်လ်ဖာများသည် သူတို့၏ မျိုးနွယ်တူအပေါ် သတိကြီးကြီး ထားတတ်သည်ဖြစ်ရာ တစ်ဖက်လူက ဖယ်ရိုမုန်း ထုတ်လိုက်သည်နှင့် ဟယ့်ယွင်ထင်သည် သူ၏ သန်မာလှသော ဖယ်ရိုမုန်းများကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်၏။
သူက လင်းဟန်အား တင်းတင်း ဖက်လိုက်သည်။ သူတို့နှစ်ဦးသည် သန်မာသော စိတ်ခွန်အား ရှိပြီး အလွန်လိုက်ဖက်ညီကြ၏။ သူတို့က တစ်ဦးနှင့်တစ်ဦး နယ်စပ်ဒေသ၌ပင် အမှတ်အသားပြုခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် လင်းဟန်သည် ရှုကျစ်ဟန်၏ ဖယ်ရိုမုန်းများကြောင့် သက်ရောက်ခြင်း မခံခဲ့ရချေ။ သူက သူ့အား နက်နက်ရှိုင်းရှိုင်း ရစ်ပတ်ထားသည့် သစ်မွှေးရနံ့ကိုသာ ခံစားခဲ့ရ၏။
သို့သော် ရှုကျစ်ဟန်၏ အခြေအနေကမူ မကောင်းခဲ့ချေ။
တစ်ဖက်လူ၏ အဆင့်သည် သူ့ထက်မြင့်မားနေ၍ထင့်၊ သူ့ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားကာ သူ့စိတ်အစဉ်သည်လည်း စတင်၍ တုန်လှုပ်လာခဲ့ရ၏။ သူ့မျက်သားများမှာလည်း အဆိုးဝါးဆုံး နှိပ်စက်မှုအား ရင်ဆိုင်နေရသကဲ့သို့ နီစွေးလာ၏။
သူက တုန်ယင်နေပြီး ခုခံချင်ခဲ့သည်။ သို့သော် သူ၏ မျိုးရိုးဗီဇသည် သူ့အား မတ်မတ်ပင် မရပ်နိုင်အောင် ထိန်းချုပ်ထားခဲ့၏။ သူက အခြားအယ်လ်ဖာ၏ ဖယ်ရိုမုန်းများကြောင့် အညံ့ခံရန် ဖိအားပေးခံခဲ့ရသည်။
သူ၏ အဝတ်များသည် ချွေးများရွှဲနစ်နေ၏။ သူ့လည်ချောင်းတစ်ခုလုံးမှာလည်း ခြောက်သွေ့နေကာ စကားကိုပင် အဆုံးမသတ်နိုင် ဖြစ်နေခဲ့သည်။ တစ်ဖက်လူက ဖယ်ရိုမုန်းများကို ပြန်လည်ရုတ်သိမ်းရင်း သူ့အား လှောင်ပြောသည့် အကြည့်ဖြင့် ကြည့်လာခဲ့၏။
ရှုကျစ်ဟန်သည် ပို၍ ပင် ဒေါသထွက်လာခဲ့သည်။ သူက ရှောင်မုန့် သူ့အား လိမ်ညာခဲ့စဉ်ကထက်ပို၍ ဒေါသထွက်လာ၏။
သူက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မတွေးမိခဲ့ချေ။ ကြယ်သင်္ဘောသည် ဤနေရာအထိ လာရန် စွမ်းအင်မလုံလောက်လေရာ ဟယ့်ယွင်ထင် တစ်ဦးထဲသာ ရောက်လာလိမ့်မည်ဟု သူထင်ခဲ့၏။ တစ်ဖက်လူက သူ့အား သဘောမတူလျှင်ပင် သူ့၌ စိတ်ဖတ်နိုင်စွမ်းနှင့် ကလေးများအား ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ သူ့ဘက်တွင် အလေးသာနေမည်သာ။
သူက လေစီးကြောင်းအား ဖြတ်ကျော်နေသည့် မက်ခါ၏ အရှိန်ကို ခံစားမိနေ၏။ လတ်တလော ဖိနှိပ်ခံရမှုနှင့် ပေါင်းစပ်လိုက်သည့်အခါ ရှုကျစ်ဟန်သည် အန်ချင်စိတ်ပေါက်လာခဲ့သည်။
သူက သူတို့နှစ်ဦးအား စကားမဆိုတော့ပဲ အံကို တင်းတင်းကြိတ်လျက် လဲလျောင်းလိုက်၏။
လင်းဟန်သည် ဟယ့်ယွင်ထင်၏ နားနားကပ်ကာ တီးတိုးဆိုလိုက်သည်။
M2742 သည် တိမ်များကို ဖြတ်သန်းသွားခဲ့၏။ အချိန်အကန့်အသတ် ရှိနေသည့် အလျောက် သူတို့သည် စခန်း၌ပင် မရပ်နားတော့ပဲ အာကာသအတွင်းရှိ အခြားရပ်နားစခန်းများနှင့် မတူသည့် နေရာတစ်ခုထံသို့ ဦးတည်လိုက်သည်။
၎င်းသည် ကြယ်ခွဲ၏ ကူးပြောင်းမှတ် ဖြစ်၏။
M ကြယ်စု၏ အခြားခုန်မှတ်များနှင့်မတူစွာပင် ထိုခုန်မှတ်သည် အနည်းငယ် အိုဟောင်းနေ၏။ မက်ခါများနှင့် ကြယ်သင်္ဘောများ မဆိုက်ကပ်သည်မှာ အချိန်အတော်ကြာနေ၍ ဖြစ်နိုင်သည်။
ဧရာမ ခုန်မှတ်ကြီး၏ ဗဟိုချက်တွင် အပြာဖျော့ဖျော့ အလင်းသည် တောက်ပလျက်ရှိသည်။ အနီး၌ M2742 ၏ သုံးပုံတစ်ပုံခန့်ပင် မကြီးမားသော မက်ခါများ ရှိနေကြသည်။ ခုန်မှတ်ရှိ စွမ်းအင်များသည် အလိုအလျောက် ထောက်ပံ့ခံထားရသည်ဖြစ်ရာ မက်ခါများသည်လည်း ပျက်စီးသွားခြင်း မရှိချေ။
ခုန်မှတ်သည် နေရာနှစ်ခုသို့ ဆက်သွယ်ပေးထား၏။ တစ်နေရာသည် အစွန်အဖျား ဒေသဖြစ်ပြီး တစ်နေရာကမူ လူဦးရေ အထူထပ်ဆုံး ပင်မ နယ်မြေဖြစ်သည်။
ခုန်မှတ်အား ဖြတ်သန်း၍ စမှတ်အား မြင်နိုင်စွမ်းမရှိချေ။ သို့သော် လက်ရှိအခိုက်အတန့်၌ ပင်မနယ်မြေသည် လက်သည်းထက်ထက်များအကြား ဖမ်းဆုပ်ခံထားရသည့် လည်ပင်းနေရာနှင့် တူနေ၏။ တစ်ချက်ညှစ်လိုက်ရုံဖြင့်ပင် ၎င်းသည် ကျိုးကျေသွားပေလိမ့်မည်။
ရှုကျစ်ဟန်သည် စတင်၍ တည်ငြိမ်လာ၏။ သူ့မျက်ဝန်းထဲ၌ ထူးဆန်းသော အလင်းတစ်ခု လက်ဖြာလာသည်။
"ဗိုလ်ချုပ်က ဒီနေရာကို ဖောက်ထွင်းပစ်ချင်လို့လား … "
သူက ဖယ်ရိုမုန်းများ ဖိနှိပ်ခံရခြင်းမှ ပြန်လည်သက်သာလာပြီဖြစ်၏။
ရှုကျစ်ဟန်သည် ခေါင်းမော့ကာ ပြောလိုက်သည်။
"ကျွန်တော့်ကို ချက်ချင်းမသတ်ပဲ ဒီအထိ ခေါ်လာတာက ခင်ဗျားစိတ်ထဲမှာ တုံ့ဆိုင်းနေလို့ မဟုတ်လား ..."
"ဒါ့ကြောင့် ကျွန်တော် ခင်ဗျားကို ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်စဉ်းစားဖို့ အကြံပေးချင်ပါတယ် ..."
ရှုကျစ်ဟန်၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
"လုဟွိုက်နဲ့ဝမ်ယွီကို ကျွန်တော့်ကလေးတွေ စားပြီးလောက်ပြီ … အခု ကျွန်တော်တို့ သုံးယောက်ပဲ ကျန်တော့တယ် ..."
"အင်ပါယာမှာ နေတဲ့လူတွေက အရမ်းဆူညံပြီး မောက်မာတယ် … "
ရှုကျစ်ဟန် ထိုစကားကို ပြောလာချိန်၌ သူ့အသံတွင် နားလည်ရခက်မှုများ ထင်ဟပ်နေ၏။
"ဒါပေမယ့် နည်းနည်းပဲ ပြောင်းလဲသွားမှာပါ ..."
သူက ဟယ့်ယွင်ထင်အား ပြုံးပြလိုက်သည်။:
"အားလုံးက ခင်ဗျားစကားကို နားထောင်ကြလိမ့်မယ် … ခင်ဗျားကို ညာရဲမှာ မဟုတ်ဘူး … မကောင်းဘူးလား ."
ဟယ့်ယွင်ထင်သည် မျက်မှောင်မကြုတ်ခဲ့ချေ။ သူက တစ်ဖက်လူအား စတင်၍ သနားလာ၏။
ရှုကျစ်ဟန်သည် ထိုသူ၏ အမူအရာကို တွေ့လိုက်သည်နှင့် လက်လျှော့လိုက်သည်။
"ကျွန်တော်တို့ လုပ်နိုင်တာ မရှိတော့ဘူး … "
သူက မျက်လုံးများကို မှိတ်ကာ လူသားများ နားမလည်နိုင်သည့် ကြိမ်နှုန်းကို သုံး၍ သူ၏ ကလေးများကို အချက်ပြလိုက်၏။
နောက်တစ်စက္ကန့်မှာပင် ခုန်မှတ်ကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။ ဇာ့ဂ်များ၏ ဟိန်းဟောက်သံများလည်း ထွက်ပေါ်လာ၏။
"ဗိုလ်ချုပ် … ခင်ဗျားမှာ မက်ခါတစ်ခုပဲရှိတယ် … ကျွန်တော်က အင်အားသာနေတုန်းပဲ … "
ရှုကျစ်ဟန်က ပြောပြောဆိုဆိုဖြင့် ခုန်မှတ်ထံသို့ ထူးဆန်းသော လက်ဟန်တစ်ခု ပြုလုပ်ပြလိုက်၏။
"ကလေးတို့ … အတူတူသွား ..."
သူ့အသံသည် ရုတ်ချည်း ရပ်တန့်သွားရသည်။
ရှုကျစ်ဟန်သည် မယုံနိုင်ဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်၏။
ဇာ့ဂ်များရှိနေသည့်တိုင် ၎င်းတို့သည် ရှုကျစ်ဟန် မျှော်လင့်ထားသကဲ့သို့ အများအပြား စုရုံးနေကြခြင်းမဟုတ်ချေ။ အင်ဂျင်စက်သံများက ဇာ့ဂ်တို့၏ ဟိန်းဟောက်သံထက်ပို၍ ကျယ်လောင်နေခဲ့၏။
သူ ကောင်းမွန်စွာ ဖမ်းဆီးနိုင်ခဲ့သည်ဟု ထင်ခဲ့သည့် လုဟွိုက်သည် ယခုအခါ ကိုယ်ပိုင်တပ်ဖွဲ့အား ဦးဆောင်လျက်ရှိသည်။ မက်ခါအချို့သည် ကြီးမားသော စစ်ပွဲတစ်ခု ဆင်နွှဲခဲ့ကြသည့် အရိပ်အယောင်များ ပြသနေသည့်တိုင် အစီအစဉ်အတိုင်း ရပ်နေကြဆဲဖြစ်၏။ သားလောင်းအချို့သာလျှင် သူ့ထံသို့ ပြေးဝင်လာခဲ့သည်။
ကြီးမားသော အားစိုက်ထုတ်မှုဖြင့် မွေးမြူခဲ့ရသော မီးလျှံသွေးများသည် ယခုအခါ မီးထဲတွင် လောင်မြိုက်ခံကြရလေသည်။
"ဗိုလ်ချုပ် … ကျွန်တော် မစ်ရှင်ပြီးမြောက်ခဲ့ပါပြီ ..."
လုဟွိုက်သည် သူ့အရှေ့ရှိ M2742 အား အလေးပြုလိုက်၏။
ရှုကျစ်ဟန်သည်လည်း ထိုစကားသံကို ကြားလိုက်လေသည်။ သူက မယုံနိုင်ဟန်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်၏။
"စခန်းက ကောင်းကောင်းလေ့ကျင့်ထားတာ … အရေးပေါ် အခြေအနေတိုင်းအတွက် လျှို့ဝှက်ကုဒ်လိုမျိုး ရှိတယ် … "
ဟယ့်ယွင်ထင်က ပြောလိုက်သည်။
ထို့ကြောင့် ဆက်သွယ်ရေးစနစ် ပြန်လည်ကောင်းမွန်လာချိန်တွင် သူတို့နှစ်ဦးသည် တစ်ဖက်လူ၏ လှုပ်ရှားမှုနှင့် အသံမှတဆင့် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း ခန့်မှန်းနိုင်ခဲ့၏။
အထူးသဖြင့် လုဟွိုက်နှင့် ဟယ့်ယွင်ထင်ကဲ့သို့ ရာထူးများအဖို့ အချို့အမိန့်များသည် ထပ်ခါတလဲလဲ ကြေငြာရန် မလိုအပ်ချေ။ တစ်ဖက်လူသည် ဟယ့်ယွင်ထင်၏ တုံ့ပြန်မှုမှတဆင့် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို လျင်မြန်စွာ နားလည်နိုင်၏။
လိုအပ်ပါက ခုန်မှတ်အား တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သည်ဟူ၍ …
ဟယ့်ယွင်ထင်၏ ခွင့်ပြုချက်ကြောင့် လုဟွိက်သည်လည်း ကြိုးစားကြည့်ခဲ့သည်။ ဇာ့ဂ်တို့၏ အခွံများ မည်မျှမာကျောသည်ဖြစ်စေ၊ မက်ခါ၏ ကျည်ဆန်များသည် ခုန်မှတ်အား ဖျက်ဆီးရန် လုံလောက်လေသည်။ ထို့အပြင် တိုက်ခိုက်အား တိုးလာသည့်တိုင် queen မရှိသည်ဖြစ်ရာ ရှုကျစ်ဟန်သည် ကြယ်ခွဲသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာရမည်သာ ဖြစ်၏။ ထို့အပြင် သူဖန်တီးထားသည့် ဇာ့ဂ်များသည် အရေအတွက်အားဖြင့် များပြားသည့်တိုင် အရွယ်မရောက်ကြသေးချေ။ သူတို့က ရန်သူအား ဖိနှိပ်နိုင်စွမ်း မရှိကြချေ။
ဟယ့်ယွင်ထင်သည် လုဟွိုက်အား အတိုချုံးအမိန့်ပေးလိုက်၏။ ထို့နောက် သူ၏ သတ်ကွင်းကို ချိန်ညှိကာ ရှုကျစ်ဟန်၏ အမိန့်အား တုံ့ပြန်ကြသော သားလောင်းများကို ချက်ချင်း ပစ်ချလေတော့သည်။
ရှုကျစ်ဟန်သည် သူ၏ ကလေးများ မီးမြိုက်ခံရသည်ကို ကြည့်နေရုံသာ တတ်နိုင်၏။ သူက ထိုသူတို့အား တစ်စစီ စုတ်ဖြဲပစ်ချင်သည့်တိုင် ဖယ်ရိုမုန်းကွာဟချက်၏ သက်ရောက်မှုမှ အပြည့်အဝ ပြန်မကောင်းသေးပဲ ရှိနေ၏။
ခုန်မှတ်ရှိသားလောင်းများသည် အမှိုက်များအဖြစ်သို့ ရောက်ရှိသွားသည့်အခါ ဟယ့်ယွင်ထင်က လုဟွိုက်အား စတင်၍ စစ်ဆေးလိုက်၏။
လုဟွိုက်က ရှုကျစ်ဟန်၏ ဇာ့ဂ်အုပ်စုအား ပစ်ချလိုက်စဉ်ကနှင့် တူညီသည့် စွမ်းအားသည် ခုန်မှတ်ပေါ်သို့ ကျရောက်သွား၏။ အဆုံးသတ်တွင် သူသာ ထိုအရာကို အသုံးမပြုခဲ့ပါက သူတို့သည် ကြယ်ခွဲ၏ အဝေးဆုံးနေရာ၌ ကင်းလှည့်နေရပေလိမ့်မည်။
ရှုကျစ်ဟန်သည် စတင်၍ စကားဆိုလာ၏။
"ခုန်မှတ် ရှိသင့်မရှိသင့် ဆုံးဖြတ်နိုင်စွမ်း ကျွန်တော့်မှာ မရှိဘူး … ဒါပေမယ့် အဲဒါက အဓိကနယ်မြေကို ဦးဆောင်နေတုန်းပဲ … "
ရှုကျစ်ဟန်၏ အသံ၌ ဒေါသများ မပါရှိတော့ချေ။ သူက အားလုံးအတူတူ သေဆုံးရမည့်အပေါ် ကျေနပ်နေ၏။
"အစကတော့ သုတေသနကို အောင်မြင်မယ် ထင်ခဲ့တာ …ဒါပေမယ့် ထားလိုက်ပါ ဗွီပရိုတွန်ဂြိုဟ်ကို ကူးစက်စေခဲ့တဲ့ အရာတွေက ဒီကနေ ဖြတ်သွားကြမှာပဲလေ … မကြာခင် အဓိကနယ်မြေလည်း ကူးစက်သွားမှာပဲ ..."
အဆုံးသတ်တွင် သူသည် သူ၏ နောက်ဆုံးကလေးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်၏။ ထို့ကြောင့် သူ့၌ ဆုံးရှုံးစရာ များများစားစား မကျန်တော့ချေ။ သို့သော် သူ မသေသေးခင် အဓိကနယ်မြေတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်နေသည်ကို မြင်လိုသေး၏။
ရှုကျစ်ဟန်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ချွေးများ၊ ရွှံ့များ ဖုံးလွှမ်းနေ၏။ သူသည် အလွန်ကျက်သရေရှိသည့် စာပေသမားတစ်ဦး၏ ပုံရိပ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
သူက ဟားတိုက်ရယ်လိုက်သည်။ သူ၏ မျက်နှာထက်ရှိ အပြုံးသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာ၏။ "ဗိုလ်ချုပ်မှာ ဘာစွမ်းအင်မှ မရှိတော့ဘူး မဟုတ်လား … သူက ကျွန်တော့်ကလေးအားလုံးကို သတ်နိုင်မယ်တဲ့လား … "
ရှုကျစ်ဟန်သည် အပြာဖျော့ဖျော့ ဗဟိုချက်ကို ကြည့်ရန် လက်ဟန်ပြလိုက်သည်။
ကြီးမားသော အနက်ရောင်လက်ကြီးများသည် ခုန်မှတ်ပေါ်၌ ရှိနေကြ၏။
ဟယ့်ယွင်ထင်သည် သူနှင့် တူညီသည့် အမြင်ရှိလိမ့်မည်ဟု သူယူဆခဲ့၏။ ခုန်မှတ်သည် အဓိကနယ်မြေထံသို့ ဦးဆောင်နိုင်သည်ဖြစ်ရာ ရှုကျစ်ဟန်သည် ကြယ်ခွဲအား သူ၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုလိုခဲ့သည်။ ထို့နောက် ခုန်မှတ်အနီးရှိ ကိရိယာအား အနာဂတ်တွင် ပို၍ အဆင်ပြေစေရန် မြှုပ်နှံလိုခဲ့၏။
၎င်းကို ဖျက်ဆီးလိုပါက ခုန်မှတ်သည်လည်း အတူတကွ ဖျက်ဆီးခံရမည်သာ။
ဟယ့်ယွင်ထင်၏ တိတ်ဆိတ်မှုကို ကြည့်ကာ ရှုကျစ်ဟန်သည် စိတ်လှုပ်ရှားလာ၏။
“ဖောက်ခွဲဖို့ စွမ်းအင်မရှိရင်လည်း ပြဿနာမရှိပါဘူး … အလိုအလျောက် ဖျက်ဆီးတဲ့ စနစ်က စတင်လာပြီလေ …”
မီးစွမ်းအား ပြင်းပြင်းနှင့် မဖောက်ခွဲလျှင် ကိရိယာသည် စတင်၍ တစ်စစီ ဖျက်သိမ်းလာလိမ့်မည်။ ထိုသို့ဆိုပါက မျိုးစိတ်များသည် ထွက်ပေါ်လာကြမည် ဖြစ်၏။ ၎င်းက အဓိကနယ်မြေအား မခြိမ်းခြောက်နေသည့်တိုင် လက်ရှိကြယ်ခွဲကိုမူ ငရဲကဲ့သို့ အခြေအနေသို့ ကျရောက်သွားစေလိမ့်မည်။
ရှုကျစ်ဟန်သည် မည်သည်ကိုမှ မစိုးရိမ်သကဲ့သို့ စိတ်လှုပ်ရှားစွာ ရယ်လိုက်သည်။ စွမ်းအင် ပြတ်လပ်မှုကြောင့် သူ၏ ဆန္ဒသည် မပြည့်ဝခဲ့ရသည့်တိုင် ဟယ့်ယွင်ထင် ကူကယ်ရာမဲ့နေမည့်ပုံကို စိတ်ကူးလိုက်ရုံဖြင့်ပင် ခံစားချက် ကောင်းမွန်လာ၏။
ဗိုလ်ချုပ်က ထက်မြက်တော့ရော ဘာဖြစ်သေးလဲ …
တကယ်တမ်းကျ ရှုံးရတာပဲမဟုတ်လား ..
“ဗိုလ်ချုပ်လု ...”
ဟယ့်ယွင်ထင်က ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်၏။
“ကျုပ်အတွက် မက်ခါတစ်စီး ငှားခဲ့ပေးပါ …”
လုဟွိုက်သည် ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“ပြီးတော့ …”
ဟယ့်ယွင်ထင်က ဖိနှိပ်သည့် ဖယ်ရိုမုန်းများကိုထပ်မံ ထုတ်လွှတ်လိုက်၏။ ရှုကျစ်ဟန်၏ အမူအရာသည် ရှုံ့တွသွားရသည်။
“ရှုကျစ်ဟန်ကို အင်ပါယာဆီ ခေါ်သွားပါ ...”
ရှုကျစ်ဟန်သည် တစ်စုံတစ်ခုကို ပြောချင်သည့်တိုင် အသက်ရှူကျပ်နေ၏။ ဤတစ်ကြိမ်၌ ဟယ့်ယွင်ထင်သည် ညှာတာမှု တစ်စုံတစ်ရာကိုမှ မပြသခဲ့ချေ။ ရှုကျစ်ဟန်သည် လည်ချောင်းအတွင်းမှ အသံများထွက်လာသည်ကိုပင် ခံစားလိုက်ရသည်။ သူ၏ အသိစိတ်သည်လည်း စတင်၍ ပျယ်လွင့်လာ၏။
“ငါ့ကို သတ် … သတ်လိုက်ပါ …”
နာကျင်မှုကို အံတုလျက် ရှုကျစ်ဟန်သည် ထိုစကားများအား ခက်ခက်ခဲခဲ ပြောလိုက်ရ၏။
“ကျုပ်က ပရော်ဖက်ဆာရှုကို ဘာလို့ အခုထိ အသက်ရှင်ခွင့်ပေးထားတယ် ထင်လဲ … ”
ထိပ်တန်း အယ်လ်ဖာ၏ ဖယ်ရိုမုန်းများကြောင့် ရှုကျစ်ဟန်၏ နားစည်များသည် ဆွဲဖြဲခံရသလို ခံစားလိုက်ရသည်။
“ဘာ့ကြောင့်ဆို သေတာက ခင်ဗျားအတွက် အရမ်းလွယ်နေလို့လေ ...”
တစ်စက္ကန့်အကြာ၌ အမျိုးသားက ထပ်မံ၍ အေးစက်စက် ပြောလိုက်သည်။
“ခင်ဗျားလိုချင်တာ ဘယ်တော့မှ ရလာမှာမဟုတ်ဘူး … ”
ဟယ့်ယွင်ထင်သည် ရှုကျစ်ဟန်အား လုဟွိုက် ထိန်းချုပ်ထားသည့် မက်ခါပေါ်သို့ ပစ်တင်လိုက်၏။
“သူ့ကို သတိရမလာစေနဲ့ … သတ်သေခွင့်လည်း မပေးနဲ့ … ”
ဟယ့်ယွင်ထင်၏ အသံထဲတွင် ခံစားချက်တစ်ခုပင် မပါရှိချေ။ သူက ဆာဂျင်ထံမှ မက်ခါသော့ကို ယူလိုက်၏။
“ဗိုလ်ချုပ်လု … ခင်ဗျားခေါ်လာတဲ့ လူတွေနဲ့အတူ အင်ပါယာကို သွားကြပါ … ”
လုဟွိုက်သည် အပေါ်ဘက်ရှိ ရေတွက်နေပြီဖြစ်သော ကိရိယာကို ကြည့်လိုက်သည်။
ကြောက်စရာအကောင်းဆုံးမှာ ဤနေရာ၌ ကြယ်သင်္ဘောကဲ့သို့ လူတင်ယာဉ် ကြီးကြီးမားမား မရှိခြင်းဖြစ်၏။ ထို့အပြင် ကြယ်ခွဲရှိလူများသည် ပြောင်းရွှေ့ချင်လျှင်ပင် ယခုအခါ နောက်ကျသွားပြီဖြစ်သည်။ လုဟွိုက်သည် ခဏပင် မတုံ့ဆိုင်းဝံ့ချေ။
“ကောင်းပါပြီ … ဒါပေမယ့် …”
“စွမ်းအင်မလောက်ဘူးလို့ ဘယ်သူပြောလဲ … ”
M2742 ၏ စက်ခန်းအတွင်းရှိ လူငယ်လေးသည် ဟယ့်ယွင်ထင် ကမ်းပေးလိုက်သော မက်ခါငယ်၏သော့ကို ယူလိုက်၏။
“ကျွန်တော်တို့ရှေ့မှာ ရှိနေတယ် မဟုတ်လား … ”
လုဟွိုက်သည် ရုတ်တရက် နားလည်သွားသည်။ “ဒါက —”
သူတို့က M2742 အား ဖောက်ခွဲကာ ခုန်မှတ်နှင့် ကိရိယာတို့အား တပြိုင်နက် ဖျက်ဆီးလိုခြင်းဖြစ်၏။
လုဟွိုက်သည် လေအေးများကို ရှူရှိုက်လိုက်မိသည်။ အဆိုပါ မက်ခါသည် ဟယ့်ယွင်ထင်အတွက် အလွန်အရေးပါ၏။ သို့သော် လက်ရှိအချိန်၌ ထိုထက်ပိုကောင်းသည့် အကြံမရှိချေ။ ထိုမက်ခါသည် စစ်သားများအတွက် အရေးအကြီးဆုံးအရာဖြစ်သည်။ ၎င်းက တော်ဝင် ဗိုလ်ချုပ်ကြီး၏ မက်ခါလည်းဖြစ်၏။
ဟယ့်ယွင်ထင်သည် သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် မက်ခါအား ဖောက်ခွဲပစ်ရန် မည်သို့ ဆုံးဖြတ်ချက်ချခဲ့သနည်း။ လုဟွိုက်သည် အလားတူအခြေအနေမျိုး ကြုံရလျှင်ပင် ဟယ့်ယွင်ထင်ကဲ့သို့ ဆုံးဖြတ်ချက်ချနိုင်မည်ဟု မသေချာပေ။ သူက သူတို့နှစ်ဦးအား အလေးပြုကာ အဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့သည်။
👾