Chapter 277
Viewers 23k

Volume 13 : လူမှုဘာသာရပ်များဌာန


Chapter 277 (ကဗျာဝင်္ကပါ ၀၁)

နံနက်စာစားပြီးနောက် 183 သုတေသနအဖွဲ့မှ ကျောင်းသားများသည် နှစ်သုတ်ခွဲကာ ဓာတ်လှေကားထဲသို့ လျှောက်သွားကာ ဓာတ်လှေကားခလုတ်တွင် အထပ်အသစ်တစ်ခု ပေါ်လာသည်။ ပထမထပ်မှ 11 ထပ်ရှိ ဌာနများကို ရှင်းလင်းပြီး 12 ထပ်တွင် သော့ဖွင့်ထားသော ဌာနအသစ်ကို "အမည်မသိ" ဟူသော စာလုံးဖြင့် အမှတ်အသားပြုထားဆဲဖြစ်ပြီး 12 ထပ်သည် ကိုယ်တိုင်ရွေးချယ်ထားသော ဌာနများ၏ မုဒ်ဖြစ်ကြောင်းသိရသည်။

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောသည်။ "ဝိဇ္ဇာဘာသာရပ်တွေထဲမှာ ကျောင်းသားအများစုယူထားတဲ့ လူမှုဘာသာရပ်များဌာနက အခုထိမပေါ်သေးဘူး၊ အဲဒါက 12 ထပ်မှာများလား။"

ကျန်းဖျင်စစ်က ခေါင်းညိတ်ပြီး ပြောသည်။ "မင်းပြောတာ များသောအားဖြင့် မှန်နိုင်တယ်။"

ယွဲ့ရှင်းဝမ်က ပြုံးပြီး သူ့အဖွဲ့ဝင်များကို ပြန်ကြည့်သည်။ "ဘာပဲဖြစ်ဖြစ် ရွေးချယ်ခွင့်မုဒ်က တိုက်ရိုက်မသင်မနေရသင်တန်းထက် ပိုကောင်းပါတယ်။ ငါတို့က ငါတို့အတွက် အကောင်းဆုံးဌာနကို ရွေးလို့ရတယ်။"

အသံကျသွားသည်နှင့် ဓာတ်လှေကားဆီမှ "ဒင်း" အသံကိုကြားရပြီး 12 ထပ်တွင် ရပ်သွားသည်။ လူတိုင်းသည် ဓာတ်လှေကားထဲက ထွက်လာပြီး သူတို့ရှေ့မှာ နံရံကပ်ဖန်သားပြင်တစ်ခု ပေါ်လာကာ အဲဒီပေါ်မှာ ကြေညာစာကြောင်း အနည်းငယ် ရေးထားသည်——

[စာကြည့်တိုက် 12 ထပ်မှ ကြိုဆိုပါသည်။]

[12 ထပ်တွင် ဌာန 3 ခု ပါဝင်သည်— လူမှုဘာသာရပ်များဌာန၊ အားကစားဌာနနှင့် ရုပ်ရှင်ဌာန]

[၎င်းတို့အထဲမှ လူမှုဘာသာရပ်များဌာနသည် စာပေ၊ သမိုင်းနှင့် ဒဿနိကဗေဒဘာသာရပ်များကို အဓိကအားဖြင့် အာရုံစိုက်ထားပြီး၊ အားကစားဌာနတွင် အားကစားကျောင်းလေ့ကျင့်ရေးအစီအစဉ်များ အားလုံးပါဝင်ပြီး ရုပ်ရှင်ဌာနတွင် သရုပ်ဆောင်၊ ကကွက်၊ ရိုက်ကူးရေး၊ ဓာတ်ပုံနှင့် တခြားဘာသာရပ်များပါဝင်သည်။]

[ကျောင်းသားများသည် ၎င်းတို့၏ မသင်မနေရသင်တန်းများကို ရှင်းလင်းရန် ဌာနများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။ ဌာနသင်တန်းကို ပြီးမြောက်သရွေ့ စာကြည့်တိုက်က 12 ထပ်ကို ‌ရှင်းလင်းပြီးပြီဟု စဉ်းစားလိမ့်မည်။]

ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "သေချာပေါက် လူမှု‌ဘာသာရပ်များဌာနပေါ်လာတာပဲ၊ ရှင်းဝမ်၊ မင်းက ရှေ့ဖြစ်ဟောများလား။"

ယွဲ့ရှင်းဝမ်က အေးဆေးတည်ငြိမ်စွာပြောသည်။ "ငါ့ရဲ့ခန့်မှန်းချက်က သာမန်ပါပဲ။ ငါတို့က ဌာနအများစုကို ရှင်းပြီးပြီ။ အများကြီးမကျန်တော့ဘူး။"

သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်ရင် အခုထိ သူတို့တွေ့ခဲ့ရသော ဌာနများသည် ကျယ်ပြန့်သောတက္ကသိုလ်၏ ဌာနအများစုကို အမှန်တကယ် လွှမ်းခြုံထားသည်။ အနုပညာဌာနတွင် ပန်းချီ၊ ဂီတနှင့် အက စသည့် ဘာသာရပ် 3 ခုကိုလည်း အောင်မြင်ခဲ့သည်။ 12 ထပ်တွင် ရုပ်ရှင်၊ အားကစားနှင့် ကျောင်းသားဦးရေ အလွန်များပြားသော လူမှုဘာသာရပ်များဌာနရှိတာက အမှန်ပင် ကျိုးကြောင်းဆီလျော်သည်။

ကျန်းဖျင်စစ်က သူ့ခေါင်းကို လှည့်ပြီး မေးလိုက်သည်။ "လူမှုဘာသာရပ်များဌာနကို ရွေးချယ်မှာ အားလုံး ပြဿနာရှိလား။"

လူတိုင်းက ခေါင်းခါသည်။ "ငါတို့မှာ ပြဿနာမရှိဘူး!"

ယွဲ့ရှင်းဝမ်သည် ရွေးချယ်စရာဘောက်စ်တွင် "လူမှုဘာသာရပ်များဌာန" ကို နှိပ်လိုက်ပြီး သူ့ရှေ့က နံရံသည် အလယ်မှ ပွင့်လာကာ လူတိုင်းသည် အဝင်ပေါက်မှ ဝင်လာကြပြီး လူမှုဘာသာရပ်များဌာန၏ တံခါးထဲသို့ လျှောက်ခဲ့ကြသည်။

လူမှုဘာသာရပ်များဌာန၏ သင်တန်းရွေးချယ်ရေးစင်တာသည် ရှေးဟောင်းပုံစံဖြစ်ပြီး ၎င်း၏ဗိသုကာပုံစံသည် စူးကျိုးဥယျာဉ်နှင့် ခပ်ဆင်ဆင်တူသည်။ စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် စာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေသည့် မျက်နှာကြက်ထိပ်ကနေ သစ်သားစာအုပ်စင်များရှိသည်။ သူတို့ ဒီကို လျှောက်လာတာနဲ့ စာအုပ်ပင်လယ်ထဲ ရောက်နေသလိုပါပဲ။

ကျိုဖုန်းက လမ်းလျှောက်ရင်း ပြောသည်။ "လူမှုဘာသာရပ်များဌာနက အများအားဖြင့် တရုတ်ဘာသာစကားဌာန၊ သမိုင်းဌာနနဲ့ ဒဿနိကဌာနတို့ ပါဝင်တယ်။ ဒီဘာသာရပ်တွေက စာပေ‌ေတ္ အများကြီးဖတ်ဖို့ လိုအပ်ပြီး ဗဟုသုတစုဆောင်းဖို့အတွက် အရမ်းမြင့်မားတဲ့လိုအပ်ချက်တွေရှိတယ်။ ငါတို့မှာ တရုတ်ဘာသာစကားဌာနက ရှင်းဝမ်နဲ့ သမိုင်းဌာနက ချင်မြောင်တို့ရှိတယ်။ ဒီဌာနက စာမေးပွဲကို ငါတို့ကောင်းကောင်းအောင်နိုင်တယ်!"

ရွှီယိရှန်းက ပြုံးပြီး သူ့ပခုံးကို ပုတ်လိုက်သည်။ "မင်းရဲ့ မင်္ဂလာရှိတဲ့စကားကြောင့် ငါတို့ စာပေနဲ့ဆိုင်တဲ့ ဘာသာရပ်တွေက စာပေတိုက်ပွဲကိုပဲ အမှီပြုတာ၊ ကိုယ်ခံပညာတိုက်ခိုက်တာတွေ မဟုတ်သလို ထွက်ပြေးဖို့အတွက်လည်း မသင့်တော်ဘူး ဟုတ်တယ်မလား။"

လျှိုကျောက်ချင်းက ပြောသည်။ "စာကြည့်တိုက်က ကိုယ်ကျင့်တရား နည်းနည်းရှိလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ လူမှုဘာသာရပ်များဌာနမှာ ဓားတွေ၊ သေနတ်တွေနဲ့ ကပြရမှာမဟုတ်ဘဲ ကဗျာတွေ၊ သီချင်းတွေ စာမေးပွဲဖြေခိုင်းပြီး ရှင်းဝမ်က ငါတို့ကို လဲလျောင်းအနိုင်ရစေလိမ့်မယ်။"

ဒီလိုပြောနေရင်း လူတိုင်းက သင်တန်းရွေးချယ်ရေးစင်တာထဲကို ဝင်သွားကြသည်။

အံဝင်ခွင်ကျနှင့် ပြေပြစ်မှုရှိသော လေ့လာမှု၏စင်တာတွင် လက်ရေးလှနှင့် ပန်းချီရေးဆွဲထားသော သစ်သားစားပွဲခုံတစ်ခုရှိသည်။ သင်တန်းအချိန်ဇယားကို ခေတ်ဆန်သော လက်ရေးဆက်များဖြင့် ရေးသားထားပြီး ၎င်းဘေးတွင် မှင်ကျောက်များနှင့် စုတ်တံများရှိသည်။

လူမှုဘာသာရပ်များဌာန၏ သင်တန်းအချိန်ဇယား—

တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့ မနက် 8:00 မှ 10:00 အထိ၊ မသင်မနေရသင်တန်း ‘ကဗျာဝင်္ကပါ’၊ Credit 4 မှတ်

အင်္ဂါနေ့နှင့် ကြာသပတေးနေ့ နေ့လယ် 2:00 မှ 4:00 အထိ၊ မသင်မနေရသင်တန်း ‘ထန်မင်းဆက်သို့ အိမ်မက်မက်ခြင်း’၊ Credit 4 မှတ်

သောကြာနေ့တွင် စိတ်ကြိုက်သင်တန်းများရှိပြီး စိတ်ကြိုက်သင်တန်းနှစ်ခုမှာ ‘တရုတ်ဒဿနိကဗေဒ’နှင့် ‘အနောက်တိုင်းဒဿနိကဗေဒ’တို့ဖြစ်သည်။

ခယ်ရှောင်ပင်းသည် အတန်းချိန်ဇယားကိုမြင်သောအခါ ပြုံးကာပြောလိုက်သည်။ "credit 4 မှတ်တန် ကဗျာစမ်းသပ်မှုတစ်ခုပဲ၊ ဖြေဆိုဖို့ သေချာပေါက်မခက်ပါဘူး!"

လင်းမန့်လော်လည်း သက်ပြင်းချလိုက်သည်။ "မသင်မနေရသင်တန်းနှစ်ခုမှာ တစ်ခုက တရုတ်ဘာသာစကားဖြစ်ပြီး နောက်တစ်ခုက သမိုင်းပဲ။ ‌စိတ်ကြိုက်သင်တန်းက ဒဿနိကဗေဒပဲ။ ငါတို့အဖွဲ့မှာ ဒဿနိကဗေဒဘာသာရပ်ကို သင်ကြားနေတဲ့အဖွဲ့ဝင်မရှိတော့ ငါတို့ ကျော်သွားလို့ရတယ်။"

လျှိုကျောက်ချင်းက ပြုံးပြီးပြောသည်။ "ရူပဗေဒဌာနကနေ သေရေးရှင်ရေးအခြေအနေကို ကြုံခဲ့ရပြီး အခု ငါတို့က နည်းနည်းပေါ့ပါးတဲ့ သင်တန်းနှစ်ခုဆီ ရောက်နေပြီ။ ပေါင်းစပ်ဖို့က ခက်ခဲသလိုနဲ့ လွယ်ပါတယ်။ စာကြည့်တိုက်က နည်းနည်းတော့ လူသားဆန်တုန်းပဲ။"

ယွဲ့ရှင်းဝမ်က လူတိုင်းကို ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "Credit 4 မှတ်ပါတဲ့ သင်တန်းနှစ်ခုက Credit 7 မှတ် သင်တန်းတစ်ခုထက် အများကြီး ပိုကောင်းပါတယ်။ ဒါပေမယ့် အထူးသဖြင့် ပထမသင်တန်းက ဝင်္ကပါသင်တန်းဖြစ်လို့ ငါတို့သတိမပေါ့သင့်ဘူး၊ ဒါကြောင့် သတိထားကြပါ။"

အားလုံးက နားလည်မှုဖြင့် ခေါင်းညိတ်ကြသည်။

သူတို့သည် ယခင်က ဝင်္ကပါသင်တန်းများဖြစ်သော သင်္ချာဌာနရှိ ‘သုဒ္ဓကိန်းများဝင်္ကပါ’နှင့် ဗိသုကာဌာနရှိ ‘အဆုံးမရှိလှေကားများ’ကို ကြုံတွေ့ခဲ့ရပြီး ယခုအခါ လူမှုဘာသာရပ်များဌာနရှိ ‘ကဗျာဝင်္ကပါ’ ရောက်လာည်။ ယခင်အတွေ့အကြုံအရ ၎င်းသည် credit 4 မှတ် သင်တန်းဖြစ်ရင်တောင် အောင်ရန် မလွယ်ကူပါဘူး။"

ကံကောင်းထောက်မစွာ ကျန်းဖျင်စစ်သည် အကွာအဝေးခွဲခြမ်းစိတ်ဖြာခြင်းတွင် ကောင်းမွန်ပြီး ယွဲ့ရှင်းဝမ်၏ကဗျာဗဟုသုတများဖြင့် အလွန်စိုးရိမ်စရာမရှိပေ။ 

ယွဲ့ရှင်းဝမ်သည် အချိန်အတော်ကြာ ရှာဖွေခဲ့ပြီး သင်တန်းရွေးချယ်ရန် ခလုတ်ကို ရှာမတွေ့ခဲ့ပေ။ ဒက်စတော့ကို ကြည့်လိုက်တော့ ရုတ်တရက် သူအကြံတစ်ခုရပြီး စုတ်တံကို ကောက်ကိုင်လိုက်ကာ စက္ကူပေါ်မှာ ရေးထားသော “ကဗျာဝင်္ကပါ”သင်တန်းပေါ်တွင် စက်ဝိုင်းပုံဆွဲလိုက်သည်။

သူတို့ရှေ့မှာ ရင်းနှီးပြီးသား သတိပေးချက်တစ်ခု ပေါ်လာသည်——

[မသင်မနေရသင်တန်း: ကဗျာဝင်္ကပါ]

[ဌာန: လူမှုဘာသာရပ်များဌာန]

[Credits: 4 မှတ်]

[စာမေးပွဲခန်းစည်းမျဉ်းများ: စာမေးပွဲခန်းရှိ အများဆုံးလူဦးရေမှာ 12 ဦး (X အဖွဲ့ဝင်များ မပါဝင်ပါ)]

[သင်တန်းဖော်ပြချက်: ရှေးကဗျာများသည် ရှည်လျားသောသမိုင်းကြောင်းရှိပြီး ရိုးရိုးရှင်းရှင်း၊ စည်းချက်ကျကျ၊ နားဝင်ချိုစေသော ကဗျာများဖြင့် တရုတ်ဘာသာစကား၏ အထူးခြားဆုံးကျက်သရေကို ပြသသည်။ ၎င်းက ငါတို့၏ ဂုဏ်ယူစရာကောင်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပါသည်။]

[စာမေးပွဲလိုအပ်ချက်များ: ကဗျာပဟေဠိအားလုံးကို ဖြေရှင်းပြီး 8 နာရီအတွင်း ဝင်္ကပါမှ ထွက်ပါ။]

[မှတ်ချက်: အဖွဲ့ထဲတွင် တရုတ်ဘာသာစကားဌာန သို့မဟုတ် ကဗျာ‌ဗဟုသုတ အတော်အတန်ကြွယ်ဝသော အဖွဲ့ဝင်များရှိရန် အကြံပြုပါသည်။]

သင်တန်းဖော်ပြချက်ကို ဖတ်ပြီးနောက် ယွဲ့ရှင်းဝမ်၏နှလုံးသားထဲတွင် သံသယအနည်းငယ် ခံစားခဲ့ရသည်။ ပဟေဠိကို ဖြေရှင်းရမှာလား။ ဒီတစ်ခေါက် ဝင်္ကပါဟာ လူတိုင်းထင်သလောက် မရိုးရှင်းဘူးလို့ ထင်ရသည်။

နံပါတ်စဉ်ရေတွက်ခြင်းအသံသည် သူတို့နားထဲတွင် မြည်လာကာ လူတိုင်းသည် ချက်ချင်း ငြိမ်သက်သွားပြီး စာမေးပွဲခန်းထဲသို့ ဝင်ရန် ပြင်ဆင်ကြသည်။

နံနက် 8 နာရီတွင် လူတိုင်း၏မျက်လုံးများရှေ့က မြင်ကွင်းသည် လင်းလက်သွား၏——

သူတို့မျက်လုံးကို ပြန်ဖွင့်လိုက်တော့ ကောင်းကင်ဘုံလိုနေရာမျိုးမှာ သူတို့ပေါ်လာသည်။

ဤနေရာတွင် လှပသော တောင်တန်းများနှင့် ကြည်လင်သောရေများရှိပြီး နေရာတိုင်းတွင် မက်မွန်ပွင့်များ ပွင့်လျက်ရှိပါသည်။ မြစ်ကမ်းဘေးမှာ ရပ်နေသော လူနှစ်ယောက်အနက် တစ်ယောက်က လှေပေါ်တက်နေပုံရပြီး နောက်တစ်ယောက်က ကမ်းပေါ်မှာ ရပ်နေသည်။ သူတို့မျက်နှာနှင့် အသွင်အပြင်များက အလွန်ဝါးပြီး မြူခိုးများက အရိပ်နှစ်ခုကဲ့သို့ ပြုလုပ်နေသည်။

အားလုံးက ဘာလုပ်ရမှန်းမသိ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

လင်းမန့်လော်က သံသယဖြစ်စွာ ပြောလိုက်သည်။ "ပတ်ပတ်လည်မှာ လမ်းမရှိဘူး၊ ဒါက ဘယ်လိုဝင်္ကပါလဲ။"

ခယ်ရှောင်ပင်းသည် သူ့ခေါင်းကို ကုတ်လိုက်ပြီး ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာသည်။ "ဒါက စူးစမ်းလေ့လာရေး ဝင်္ကပါတစ်ခုပဲ! ကစားသမားတစ်ယောက်တည်း ဂိမ်းတွေလို မြူဝင်္ကပါနဲ့ တူတယ်။ ငါတို့ ဝင်္ကပါထဲကို ဝင်လိုက်တာနဲ့ ပတ်ဝန်းကျင်က အရာအားလုံးက အဖြူရောင်မြူခိုးတွေ ဖြစ်နေပြီး ငါတို့ ရှေ့ကိုလျှောက်ရင် လျှောက်လှမ်းတဲ့လမ်းက မြူတွေ ပျောက်ပြီး ငါတို့မလျှောက်တဲ့လမ်းက မြူတွေ ထူထပ်နေလိမ့်မယ်။"

ဤစကားကိုကြားသောအခါ ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ မနေနိုင်ပေ။ "မြူတွေ ပိုကြီးလာလေ၊ လမ်းကြောင်းမှန်ကို ရှာရခက်လေပဲ။ အချိန်ကန့်သတ်ချက်က 8 နာရီပဲဆိုတော့ သဲလွန်စတွေ ရှိမရှိ မြန်မြန်ကြည့်ကြရအောင်။"

နောက်အခိုက်အတန့်တွင် ကြီးမားသော "တရုတ်ဘာသာစကားအဘိဓာန်" သည် လူတိုင်း၏မျက်စိရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာပြီး ၎င်းဘေးတွင် ကွက်လပ်ဖြည့်မေးခွန်းများကဲ့သို့ ကွက်လပ်တစ်ခုပေါ်လာသည်။ ယူဆရရင် စတုရန်းငယ်သည် စကားလုံးတစ်လုံးကို ကိုယ်စားပြု၏။ ထို့ကြောင့် ဤပဟေဠိ၏အဖြေသည် 28 လုံးပါ၊ လေးကြောင်းတစ်ပိုဒ် ကဗျာဖြစ်နိုင်သည်။

ယွဲ့ရှင်းဝမ်သည် သူ့ရှေ့က အဘိဓာန်ကို သေသေချာချာကြည့်ပြီး ပြောလိုက်သည်။ "ကွက်လပ်က စာလုံးခုနစ်လုံးပါတဲ့ လေးကြောင်းတစ်ပိုဒ်ကဗျာပဲ။ ပဟေဠိကို ဖြေရှင်းဖို့ နည်းလမ်းကတော့ "တရုတ်ဘာသာစကားအဘိဓာန်" ထဲမှာ သက်ဆိုင်တဲ့ စကားလုံးကို ရှာပြီး အဖြေကို ဖြည့်ပေးရမှာ။"

ကျိုဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောသည်။ "ဒီမေးခွန်းကို ဖြေတဲ့နည်းက ထူးထူးဆန်ဆန်းပဲ။ အဖြေက ကဗျာဆိုပေမယ့် စကားလုံးတစ်လုံးမှ အရိပ်အမြွက်မရှိဘူး။"

ယခင်က ကဗျာရေးရန် စာမေးပွဲများတွင် စာကြောင်းတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းပေး၍ ကွက်လပ်စာကြောင်းများ ဖြည့်သွင်းခြင်း၊ သို့မဟုတ် ကဗျာအမည်များပေး၍ စာကြောင်းအပြည့်အစုံရေးရန် လိုအပ်ပါသည်။ ဒီနေ့က ဘာဖြစ်နေတာလဲ။

ယွဲ့ရှင်းဝမ်က ပတ်ဝန်းကျင်ကို လျင်မြန်စွာ ကြည့်လိုက်သည်။

မက်မွန်ပွင့်တွေ၊ မြစ်၊ လှေနဲ့ လူနှစ်ယောက်ပုံသဏ္ဌာန်ရှိတဲ့ မြူခိုးဖြူတွေ…

သူ့စိတ်ထဲတွင် အလင်းတဖျပ်ဖျပ်တောက်ပလာသည်။ "အဖြေကို ငါသိတယ်!"

ထို့နောက် သူ ကောင်းကောင်းသိသော စာလုံးခုနစ်လုံးပါ လေးကြောင်းတစ်ပိုဒ်ကဗျာကို လျင်မြန်စွာ ဖတ်ကြားခဲ့သည်။ "လီပိုင်က လှေဖြင့် ခရီးထွက်တော့မယ်၊ ရုတ်တရက် ကမ်းပေါ်က ခြေချသံနှင့် တေးသီဆိုသံကို သူကြားလိုက်ရတဲ့အခါ၊ မက်မွန်ပွင့်ကန်ကြီးရဲ့ရေဟာ ပေထောင်ချီနက်လေတယ်၊ ဒါပေမယ့် ငါ့အတွက်တော့ ဝမ်လွင့်ရဲ့ ခွဲခွာခြင်းအချစ်စကားလောက် မနက်နဲပါဘူး။"

အဖွဲ့ဝင်များက ခဏတာ အံ့အားသင့်သွားသည်။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!

လူတိုင်းက သေချာပေါက် ဒီကဗျာကို မှတ်မိကြပေမယ့် ပုံက ကဗျာနဲ့ ကိုယ်စားပြုတာဟာ သူတို့ကို ခဏတာ တုံ့ပြန်မှုမဲ့သွားစေသည်။

ကျန်းဖျင်စစ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ "အားလုံး အဖွဲ့လေးဖွဲ့ခွဲပြီး အဘိဓာန်ကနေ စကားလုံးတွေကြိ အမြန်ဆုံးရှာကြပါ။"

လူဆယ့်နှစ်ဦးသည် အပြန်အလှန်နားလည်မှုဖြင့် လေးတန်းစီစဉ်ထားပြီး ထိရောက်မှု လွန်စွာတိုးတက်စေရန် ကဗျာစာကြောင်းတစ်ကြောင်းအတွက် လူသုံးဦးတွင် တာဝန်ရှိပါသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဘိဓာန်ထဲက "လီ" နှင့် "ပိုင်" လိုမျိုး စကားလုံးများကို ရှာတွေ့ပြီး အဖြေဧရိယာထဲမှာ မြန်မြန်ဆန်ဆန် ပြည့်သွားသည်။

စကားလုံး 28 လုံးကို ဖြည့်ပြီးသောအခါ အဖြေဧရိယာ၏ အချက်ပြဘောက်စ်တွင် ပျော့ပျောင်းသော အလင်းအကျိုးသက်ရောက်မှုတစ်ခု လင်းလက်သွားသည်။

ပြီးတာနဲ့ သူ့ရှေ့က မြူခိုးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

မူလက အဖြူရောင်မြူခိုးများဖြစ်သည့် ကမ်းစပ်ရှိ လူနှစ်ဦး၏ မျက်နှာသွင်ပြင်နှင့် ပုံသဏ္ဌာန်က တဖြည်းဖြည်း ပိုမိုရှင်းလင်းလာသည်။

လှေပေါ်မှာ ရပ်နေသူက အဖြူရောင် ဝတ်စုံနဲ့ ခါးမှာ ချိတ်ဆွဲထားသော ဝိုင်အိုးနှင့် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားတာ သူတို့မြင်လိုက်ရသည်။ သူ့ကို ကမ်းပေါ်ကနေ လိုက်ပို့ပေးနေသူကတော့ အပြာရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး သူ့အမူအရာမှာ နည်းနည်းတော့ တွန့်ဆုတ်နေမှန်း သိသာပါသည်။ ဇာတ်ကောင်နှစ်ကောင်၏ အသွင်အပြင်က ပြတ်သားလာတာနဲ့အမျှ လူတိုင်း၏ မျက်လုံးရှေ့မှာ ပေါ်လာသည့် သတိပေးချက်ကတော့——

ဇာတ်ကောင်သော့ဖွင့်ခြင်း: လီပိုင်။

ထန်မင်းဆက်၏ နာမည်ကျော် ကဗျာဆရာ။

ကျေးဇူးပြု၍ လီပိုင်နောက်လိုက်ကာ ဝင်္ကပါကို ဆက်လက်စူးစမ်းပါ။

စူးစမ်းလေ့လာခြင်း 5%။

သတိပေးချက်ပျောက်ကွယ်သွားသည့်အခိုက်တွင် လီပိုင်၏လှေက အမှန်တကယ်ပင် မြူခိုးထဲသို့ ရွက်လွှင့်သွားသည်။

ယွဲ့ရှင်းဝမ်က ခဏတာ အံ့အားသင့်သွားပြီး ‌အလျင်အမြန် ပြောလိုက်သည် "သူ့နောက်ကို အမြန်လိုက်ရအောင်!"

ခယ်ရှောက်ပင်းသည် ရှောင်ထူကို ပြတ်ပြတ်သားသား ဆင့်ခေါ်ပြီး "လှော်ခတ်ကြစို့"သီချင်းကို သီဆိုကာ 1.6 မီတာမြင့်သော ရှောင်ထူသည် အသံအနည်းငယ်ဖြင့် ပုံသဏ္ဌာန်လျင်မြန်စွာ ပြောင်းသွားသည်။ ၎င်းက ကြီးမားသောလှေအဖြစ် ပြောင်းလဲသွားပြီး ဘေးနှစ်ဖက်မှာ လှော်တက်များပေါ်လာသည်။

လူတိုင်း: "..."

ခယ်ရှောင်ပင်းက တိုက်တွန်းလိုက်သည်။ "လှေပေါ်တက်ကြ! လီပိုင်က လှေပေါ်မှာရောက်နေပြီ၊ သူ့ကို အမီလိုက်ဖို့ လှေစီးရမယ်။"

ယွဲ့ရှင်းဝမ်သည် ရယ်ရမလား ငိုရမလားမသိဘဲ လှေပေါ်သို့ အမြန်ပြေးတက်သွားကာ တခြားလူများကလည်း အမြန်လိုက်လာကြသည်။ လှေဖြတ်သွားရာတွင် ထူထပ်သော မြူများသည် ရုပ်ပုံလွှာကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

မဝေးသောနေရာက လီပိုင်သည် ကြည်လင်သော မြစ်ရေပြင်တွင် ပြန့်ပြူးသော လှေတစ်စင်းဖြင့် ရှေ့သို့ လျှောက်သွားနေသည်။ သူသည် အရပ်ရှည်ပြီး ဖြောင့်စင်းကာ လွှင့်မျှောနေသော သူ့အဝတ်အစားများနှင့် ပြေပြစ်သည်။ အနောက်တွင် 183 သုတေသနအဖွဲ့မှ လူ 12 ယောက်သည် "နဂါးလှေ" ပုံသဏ္ဌာန်ရှိသော ငွေသတ္တုလှေပေါ်တွင် စုဝေးထိုင်ကာ လှော်တက်ဖြင့် လှော်နေစဉ် ရှောင်ထူက 'လှော်ခတ်ကြစို့' သီချင်းကို သီဆိုနေတာ ‌နားထောင်နေကြသည်။

ဤပုံစံက မယုံနိုင်စရာကောင်းသည်။

လင်းမန့်လော်က ပြောလိုက်သည်။ "ရှောင်ထူရဲ့စွမ်းရည်က နည်းနည်း 2D ဆန်တယ်လို့ ငါဘာလို့ထင်နေရတာလဲ။"

 လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ညည်းညူသည်။ "လီပိုင်က အသိရှိရင် ငါတို့ကို လူမိုက်တွေလို့ သူသေချာပေါက် ထင်လိမ့်မယ်၊ ပြီးတော့ ရေကန်ထဲမှာ ရွက်လွှင့်ရင်း လူမိုက်နဲ့တွေတဲ့ ကဗျာတစ်ပုဒ်ကို ရေးပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားလိမ့်မယ်။"

လူတိုင်း: "..."

ကံကောင်းထောက်မစွာ လီပိုင်က သူတို့ကို ဘယ်တော့မှ ပြန်မကြည့်ဘူး။

သူသည် ပုံသေလမ်းကြောင်းပေါ်တွင် လုပ်ဆောင်နေသည့် စာကြည့်တိုက်မှ သတ်မှတ်ထားသော NPC ဖြစ်သင့်သည်။

မည်မျှကြာသည်မသိ ရှောင်ထူသည် 'လှော်ခတ်ကြစို့'သီချင်း တစ်ပုဒ်လုံးကို သီဆိုပြီးနောက် လီပိုင်၏လှေသည် ရုတ်တရက် ရပ်သွားပြီး သူ့ရှေ့တွင် ရေတံခွန်ကြီးတစ်ခု ပေါ်လာသည်။

ခယ်ရှောင်ပင်းက အလျင်အမြန် ပြောလိုက်သည်။ "ဒီတစ်ခေါက်တော့ အဲဒါက ပေ 3,000 အမြင့်ကနေ ဆင်းသက်နေတာလား၊ နဂါးငွေ့တန်းဂလက်ဆီက ဘုံကိုးဆင့်ကောင်းကင်ကနေ ပြုတ်ကျလာသလို သံသယဖြစ်မိတယ်။"

ဒီဝင်္ကပါမှာ မြူခိုးများကို စူးစမ်းရတာ အလွန်ပျော်စရာကောင်းတာကို ယွဲ့ရှင်းဝမ် တွေ့ခဲ့သည်။ တကယ်တော့ လီပိုင်သည် လူတိုင်းအတွက် ဧည့်လမ်းညွှန်တစ်ယောက်အနေနဲ့ ရှိနေသလား။

Note: တရုတ်ကဗျာတွေကို ဘာသာပြန်ရာတွင် အဓိပ္ပါယ်မှားသွားပါက သည်းခံပါရှင့်။

TK Team