> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး > Ch 40
"လော်ရာ၊ နင် ဒီအခန်းကို သုံးလို့ရတယ်၊ ဘေးကအခန်းက အမ်မာအတွက်။ ရိုယာ ရှင်က ကြိုက်တဲ့တစ်ခန်းကို ရွေးလို့ရတယ်"
"ဒါဆို ဒုတိယထပ်မှာပဲ အခန်းရွေးလိုက်မယ်။ကျွန်တော်က မိန်းမပျိုလေးတွေနဲ့ တစ်ထပ်တည်းနေလို့မရဘူး"
"ကောင်းပြီ အဆင်ပြေတယ်"
လူနာမှ သူတို့အတွက် ပြင်ဆင်ပေးထားသည့် အခန်းများမှာ တတိယထပ်၌ ဖြစ်ပြီး လူနာ၏ အခန်းထက်စာရင် ဒုတိယ အခမ်းနားဆုံးများဖြစ်ကြသည်။
၎င်းသည် ယခင်က ဧည့်သည်များအတွက် သီးသန့်အသုံးပြုခဲ့သော ဇိမ်ခံအခန်းဖြစ်၍ ယခုအခါတွင် သူမက အစေခံနှစ်ဦးအား ပေးလိုက်သောကြောင့် အိမ်တော်ထိန်းကားလ်တွန်သည် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
"သခင်မလေး ဒီအခန်းက အရမ်းကြီးနေပုံမရဘူးလား။ ကျွန်မ သုံးသင့်တဲ့ အခန်းလို့ မထင်ဘူးရယ်"
"ကျွန်မ လည်းအဲလိုခံစားရတယ်။ဒါကအရမ်းကြီးလွန်းတယ်။ တစ်ယောက်ယောက် မြင်သွားမှာကို ကြောက်တယ်"
လော်ရာနှင့် အမ်မာတို့သည် အခန်းသည် အစေခံများအတွက် အရမ်းခမ်းနားကြီးကျယ်လွန်းသည်ဟု ထင်ကာ တုံ့ဆိုင်းသွားခဲ့ကြသည်။ လူနာ သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်။ငါတို့က တတိယထပ်ကိုပဲ သုံးတာလေ။ ဒုတိယထပ်ကို ဧည့်သည်တွေအတွက် လုပ်လိုက်မယ်။ ဒါဆို ဘယ်သူမှ မမြင်တော့ဘူးပေါ့"
"ဒါတောင်မှ အခန်းက အရမ်းကောင်းလွန်းနေတုန်းပဲ..."
"ကျွန်မလည်း သဘောတူတယ်။ဒီအခန်းကို ညစ်ပတ်အောင်လုပ်မိမှာ ဒါမှမဟုတ် တစ်ခုခု ပျက်စီးသွားအောင်လုပ်မိမှာကို ကြောက်မိတယ်"
"ညစ်ပတ်သွားရင် သန့်ရှင်းလိုက်လို့ရတယ်လေ။ သုံးလို့ရနိုင်တဲ့အခန်းကို သုံးတာ ဘာပြဿနာရှိနေလို့လဲ"
"တစ်ခုခုပျက်စီးသွားရင်ရော သခင်မလေး"
"ဘာဖြစ်လဲ...ငါတို့ အသစ်တစ်ခုထပ်ဝယ်လို့ရတယ်လေ။ ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး"
လူနာက သူတို့ကို အခန်းတွင်း စူးစမ်းလေ့လာရန် တိုက်တွန်းခဲ့ပြီး သူတို့သည်လည်း မကြာခင်မှာပဲ အခန်းအသစ်အတွက် စိတ်လှုပ်ရှားလာကြသည်။
"ဟယ် ဒီပျော့ပျောင်းလိုက်တဲ့ စောင်ကို ကြည့်စမ်းပါအုံး"
"အို ဆိုဖာပေါ်မှာတောင် အိပ်လို့ရတယ်!"
လူနာသည် ဖွင့်ထားသော အပြင်ကနေ သူတို့ကို ကျေနပ်သော အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့သည်။ ကျောက်ရုပ်တုတစ်ခုလို သူမဘေးနား ရပ်နေခဲ့သော အိမ်တော်ထိန်း လူနာကို အလျင်စလို ပြောလိုက်သည်။
"ဒါကို အရင်က ဧည့်သည်ခန်းအဖြစ် အမြဲသုံးခဲ့တာဆိုတော့ သခင်မလေး ပြန်မစဉ်းစားတော့ဘူးလား"
"ဟင့်အင်း ဧည့်သည်ခန်းက ဒုတိယထပ်မှာ ထားမယ်လို့ ဆုံးဖြတ်ထားတယ်။ တတိယထပ်က ကျွန်မနဲ့ ကျွန်မမိသားစုအတွက်ပဲ"
"ဒါပေမယ့် လော်ရာ နဲ့ အမ်မာက ဒီအိမ်ကြီးက အစေခံတွေဆိုတော့ သူတို့ကို ပထမထပ်က အခန်းတွေပေးလိုက်တာ သင့်တော်မယ်ထင်တယ်"
"သူတို့ကို အစေခံအဖြစ်မစဉ်းစားဘူး သူတို့က ကျွန်မမိသားစုပဲ။ ကျွန်မ သူတို့ကို မမွေးခဲ့ရပေမယ့် ပျိုးထောင်ခဲ့တယ်။ ဒီတော့ သုတို့အတွက် တတိယထပ်က အဆင်ပြေပါတယ်"
သခင်များက သူတို့၏အစေခံများအား ဇိမ်ခံအခန်းများ ပေးခြင်းသည် ရှားပါးပေမယ့် ဒါတွေအားလုံးက သခင်၏ နှလုံးသားပေါ်မှာပဲ မူတည်တာဖြစ်သည်။
အစေခံများနှင့် အတူတူ အခန်းမျှသုံးကြတော သခင်တွေတောင် ရှိပေသည်။ဒါကြောင့် သူတို့ကို အခန်းကောင်းကောင်းပေးထားတာက ထူးဆန်းသည်ဟု မယူဆနိုင်ပေ။
"ဒါပေမယ့်...သခင်မလေး တခြား လူတွေအမြင်မှာ ပြောစရာပေါ်လာလိမ့်မယ်။နောက်ကျ ပြဿနာဖြစ်လာမှာသေချာတယ်"
ကန့်ကွက်မှုများစွာရှိလာသောကြောင့် သူမ၏ စိတ်အခြေအနေမှာမကောင်းနေတော့ပေ။ လူနာက သူမ၏ အပြုံးကို ဖိနှိပ်ရန် ကြိုးစားလိုက်ပြီး ကားလ်တွန် ကို မေးလိုက်သည်။
"လူတွေရဲ့အမြင်လား။ရှင် ဘယ်သူအကြောင်းပြောနေတာလဲ"
"အိမ်ကြီးထဲကို လာလည်တဲ့သူတွေ..."
"ကျွန်မက ကျွန်မရဲ့ကိုယ်ပိုင်အိမ်ထဲမှာ တခြားသူတွေရဲ့ အမြင်တွေကို ဂရုစိုက်သင့်တယ်လို့ ရှင်ပြောနေတာလား"
"အဲ့လိုမဟုတ်ပေမယ့်..."
"ဒါဆို ပြေလည်သွားပြီလေ။ လော်ရာနဲ့ အမ်မာရဲ့အခန်းအကြောင်းကို ထပ်မပြောနဲ့တော့။သူတို့ကို ဒီအခန်းတွေ တကယ်သုံးစေချင်တယ်"
ထပ်ပြီးတခြားအခန်းများ အကြံပြုလာပါက ဒေါသထွက်ဖို့ အဆင်သင့်ဖြစ်နေပုံရနေသည်။ ထို့ကြောင့် ကားလ်တွန်သည် သူ၏စိတ်ပျက်မှုကို မဖော်ပြတော့ဘဲ ထင်မြင်ချက်များအား ပြန်ရုပ်သိမ်းလိုက်သည်။
"…နားလည်ပါပြီ။ တခြားအစေခံတွေကို ကျွန်တော်ပြောပြလိုက်ပါမယ်။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး။ ကျေးဇူးပြုပြီးအနားယူလိုက်ပါ"
အိမ်တော်ထိန်းသည် ပြောပြီးသည်နှင့် ချက်ချင်းလှည့်ကာ တတိယထပ်မှ ပျောက်ကွယ်သွားခဲ့သည်။
* * *
အနှစ်နှစ်ဆယ်ကျော်ကြာ သေးငယ် အိုဟောင်းနေသော စံအိမ်ကြီး၌ နေထိုင်ခဲ့ရပြီးနောက်တွင် စံအိမ်အသစ်အား မရင်းနှီးသလို ခံစားခဲ့ရသည်။
ဇိမ်ခံအိမ်ကြီးဆိုတာကို ဖယ်ထားရင်တောင်မှ စံအိမ်ကြီးသည်ကြီးလွန်းသောကြောင့် တစ်ခုခုပျောက်ပါက ပြန်ရှာမရမှာကိုတောင်ကြောက်ရသည်။ အစေခံတွေအများကြီးရှိသောကြောင့် သူတို့နာမည် မှတ်ရသည်မှာခက်ခဲလှသည်။သူမသည် ပထမဆုံးနေ့တွင် အိမ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်အောင်လုပ်တာက အကောင်းဆုံးဖြစ်မည်ဟု ထင်ခဲ့သည်။
လူနာ၊ လော်ရာ နှင့် အမ်မာ တို့သည် နာရီပေါင်းများစွာ စူးစမ်းလေ့လာခဲ့ကြပြီး နောက်ဆုံးတွင် ပထမထပ်စင်္ကြံအဆုံးရှိ မှန်လုံဥယျာဉ်တွင် နေခဲ့ကြသည်။
"သူတို့ ဒီလိုမျိုး ဥယျာဉ်တစ်ခုလုပ်ဖို့ ဘယ်လိုတောင်တွေးနိုင်ခဲ့တာလဲ!"
"အတိအကျပဲ။ နံရံတွေအားလုံးက မှန်ချပ်တွေနဲ့ပြုလုပ်ထားတော့ အထဲဘက်ကနေ အပြင်ကပန်းဥယျာဉ်ကို ခံစားနိုင်တာပေါ့"
"မှန်တယ်။ မျက်နှာကျက်ကလည်း မှန်နဲ့လုပ်ထားတော့ တိုင်ဖွန်းမုန်တိုင်းတိုက်ရင်တော့ ပြဿနာရှိနိုင်ပေမယ့် ညဘက် ဒီမှာထိုင်ပြီးကြယ် ကြည့်ရတာ ကောင်းမှာပဲ"
လူနာက သူမ၏စိုးရိမ်မှုကို ဖော်ပြလာသောအခါတွင် အနားရှိအသင့်စောင့်ဆိုင်းနေသော အစေခံတစ်ဦးက ဂရုတစိုက်ပြန်ဖြေလာခဲ့သည်-
"တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာတဲ့အခါကျရင် ကန့်လန့်ကာတွေကို ကြိုပြီး တပ်ဆင်ကြမှာပါ သခင်မလေး"
"ဒါက သိရတာကောင်းတယ်"
လူနာသည် ရို့စ်မယ်ရီ၏စံအိမ်ကြီးအကြောင်း ပိုသိလေလေ၊ သူမအပေါ် ကျေးဇူးတင်လာလေလေဖြစ်သည်။
သူမသည် ဤခမ်းနားထည်ဝါသောအိမ်ကြီး၏ အသေးစိတ်အချက်အလက်တိုင်းကို တွေးတောခဲ့သော်လည်း ရွှေတစ်သောင်းငါးထောင်မျှသာ ပေးအပ်ခဲ့သည်။
'ငါ အခု နောက်ထပ် ရွှေတစ်သောင်းလောက် ထပ်ပေးလိုက်ရင်ကောင်းမလား'
သူမသည် လက်ဖက်ရည်ပူပူလေးဖြင့် သူမကိုယ်သူမ နွေးထွေးအောင်လုပ်နေစဉ်မှာပင် အိမ်တော်ထိန်းက သူမဆီး ချဉ်းကပ်လာခဲ့သည်။
"သခင်မလေး၊ စာတစ်စောင်ရောက်လာပါတယ်။ အဲဒါက သခင်မလေးရို့စ်မယ်ရီ ဗင်းဆင့် ဆီကပါ"
"လေဒီရို့စ်မယ်ရီဆီကလား"
ကျားအကြောင်းပြောရင် ကျားရောက်လာလိမ့်မယ်ဟုစကားပုံများရှိခဲ့သည်။ယခု ကျားမဟုတ်သော်လည်း သူမ၏စာက တကယ်ရောက်လာခဲ့သည်။
လူနာက ချက်ချင်း စာကိုဖွင့်ဖတ်လိုက်သည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် သူမမြင်လိုက်ရသော ပထမဆုံးစာမှ သူမကို ပြောင်းရွှေ့မှုအတွက် ချီးကျူးဂုဏ်ပြုသောအကြောင်းပင်ဖြစ်သည်။
[အိမ်ကြီးက ပိုင်ရှင်မှန်ကိုရှာတွေ့သွားတဲ့အတွက် ငါအရမ်းပျော်တယ်။ လူကိုယ်တိုင်လာရောက်ပြီး ဂုဏ်ပြုပေးချင်ပေမယ့် အခုအချိန်မပေးနိုင်လို့ပါ။ ဒီအပတ်ပိတ်ရက် ပါတီပွဲလုပ်ကြရင်ရော ဘယ်လိုလဲ။ ဧည့်သည် ဆယ်ယောက်လောက်တော့ဖိတ်မယ်လို့ စဉ်းစားထားတယ်။ သူတို့က ငါ့အသိုင်းအဝိုင်းထဲက မိန်းမပျိုတွေချည်းပဲ]
ပိတ်ရက်က သုံးရက်ပဲလိုတော့သည်။ ပုံမှန်ပါတီများထက် လူနည်းသော်လည်း လူဆယ်ယောက်ကို ဖိတ်ကြားခြင်းသည် သူမကို ကြောက်ရွံ့စေခဲ့သည်။
တိတ်တဆိတ် စောင့်ကြည့်နေသော အိမ်တော်ထိန်းက လူနာကို စကားပြောလာခဲ့သည်။
"သခင်မလေး ကျွန်တော့်ကို ပါတီအတွက် လိုချင်တဲ့အပြင်အဆင်ကိုပြောပြပေးရင် ကျွန်တော် ကျန်တဲ့အားလုံးးကို စီစဉ်ပေးပါ့မယ်"
"အပြင်အဆင်လား.... ဖြစ်နိုင်သမျှ အသပ်ရပ်ဆုံးလောက်ပေါ့။အဲ့တာက နှစ်ရက်အတွင်း ဖြစ်နိုင်ပါ့မလား။ ပြီးတော့ဒါက ကျွန်မရဲ့ ပထမဆုံးပါတီပဲ"
"ဧည့်သည်အရေအတွက် နည်းနည်းဆိုရင် နှစ်ရက်နဲ့ လုံလောက်ပါတယ်။ တစ်ခုတည်းသောပြဿနာက-"
အိမ်တော်ထိန်းက ခေတ္တရပ်သွားပြီး လူနာ ကို ခေါင်းမှ ခြေဖျားအထိ စစ်ဆေးသလိုကြည့်လာခဲ့သည်။
သူ၏ ယခင်သခင် ရို့စ်မယ်ရီနှင့် သိသိသာသာ ကွာခြားသည်ကို မြင်သောကြောင့် စိတ်မချမ်းမသာဖြစ်မိသွားသည်။
"အဲ့တာက သခင်မလေးရဲ့အဝတ်အစားပဲဖြစ်မယ်ထင်ပါတယ်။ သခင်မလေး အသစ်တစ်ထည်တော့လိုလိမ့်မယ်"
အသစ်လား။ သူမမှာ မဝတ်ရသေးတဲ့ ဂါဝန်တွေ အများကြီးရှိတာတောင်လေ။
"အမ်း....ဒီဂါဝန်ကလည်းကောင်းပါတယ်။ ကျွန်မမှာရှိတဲ့ဟာထဲက ဝတ်လိုက်ပါမယ်။ ဒါပေမယ့် အခုစာရွက်နဲ့ ဘောပင် လေးပေးလို့ ရမလား။ ကျွန်မ လေဒီရို့စ်မယ်ရီဆီ စာတစ်စောင် ပို့ချင်လို့"
"ဟုတ်ကဲ့ပါ။ ကျွန်တော် ပြင်ဆင်လိုက်ပါမယ်"
ထို့နောက် ဘာမျက်နှာအမူအရာမှမရှိသော အိမ်တော်ထိန်းသည် သဘောတူညီမှုတစ်ခုဖြင့် ဦးညွှတ်ပြကာ မှန်ဥယျာဉ်ထဲမှ ထွက်သွားခဲ့သည်။
ထိုအချိန်မတိုင်ခင်အထိ လူနာ နှင့် အိမ်တော်ထိန်းကြားရှိ စကားပြောဆိုမှုကို အနီးကပ်ကြည့်နေခဲ့သော လော်ရာက ခေါင်းညိတ်ကာ မေးလာခဲ့သည် ။
"သခင်မလေး စာထဲက အကြောင်းအရာကို မပြောရသေးဘူးမလား။သူက ပါတီပွဲအကြောင်း ဘယ်လိုသိတာလဲ"
တွေးတောပြီးနောက်တွင် လူနာသည် လော်ရာ၏မေးမြန်းချက်ကို သဘောပေါက်သွားသည်။ သို့သော် သူမက ၎င်းကို ပေါ့ပေါ့ပါးပါး လျှောချပစ်လိုက်သည်။
" လေဒီရို့စ်မယ်ရီက သူ့ကို ကြိုပြီး အရိပ်အမြွက်ပြောခဲ့တာ ဖြစ်မှာပေါ့"
"အာ ... နားလည်ပြီ"
"ဒါနဲ့ စကားမစပ်၊ ငါ ဝတ်စုံဝယ်ဖို့ လိုသေးတယ်လို့ထင်လား။ ငါ့မှာ ရှိတဲ့ဂါဝန်တွေက လုံလောက်အောင် မကောင်းဘူးလား"
"အင်း...ကျွန်မတော့ တခြားအမျိုးသမီးတွေဆိုရင် ပါတီပွဲအတွက် ၀တ်စုံအသစ်ကို အမြဲပြင်ဆင်တတ်တယ်ဆိုပြီး ကြားဖူးပေမယ့် သခင်မလေးမဝတ်ရသေးတဲ့ ဝတ်စုံရှိရင် လုံလောက်ပြီထင်တယ်"
"အဲ့လိုလား"
ဒါဆိုရင် ပြင်ဆင်စရာ သိပ်မရှိပေ။ လူနာက ပါတီပွဲအတွက် ပြင်ဆင်နေကြသော အစေခံများကို ရိုးရှင်းသော အမိန့်များသာပေးခဲ့သည်။
"ငါ စိတ်ပူနေပေမယ့် လုပ်စရာတော့ မရှိဘူး။အဲ့တော့ ဒီအချိန်အတွင်း စံအိမ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်သင့်တယ်ထင်တယ်။ ဧည့်သည်တွေလာမှ စံအိမ်အကြောင်း ဘာမှမရှင်းပြနိုင်ရင် ရှက်စရာကြီး"
"ကျွန်မရောပဲ"
"ကျွန်မလည်း အဲလိုခံစားရတယ်"
"လောလောဆယ်တော့ အနားယူပြီး မနက်ဖြန်မှ စကြတာပေါ့"
သူမ ပင်ပန်းနေပြီဟု ဆိုကာ လူနာသည် စားပွဲပေါ် မှောက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူမနောက်တွင် လော်ရာနှင့် အမ်မာတို့ကလည်း စားပွဲပေါ်ခေါင်းတင်ကာ ညင်သာစွာ ရယ်မောလိုက်ကြသည်။
* * *
တိတ်ဆိတ်မှုက ထမင်းစားခန်းထဲတွင် အခြေကျနေခဲ့သည်။ လူတိုင်း အသံတစ်စက်မှမထွက်ဘဲ ငြိမ်ငြိမ်လေး စားနေကြသည် ။
သူတို့၏ မျက်နှာများသည် အစားအသောက် အရသာရှိမရှိကို မည်သူမှ မပြောနိုင်သည့်အထိ အမူအရာမဲ့နေကြသည်။ ဒီလိုပုံစံနဲ့ စားသောက်နေရင်း တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ရို့စ်မယ်ရီကို ရှာလာခဲ့သည်။
"သခင်မလေး! သခင်မလေး အတွက် စာတစ်စောင်ရောက်လာတယ်"
"တကယ်လား!"
မျက်နှာအမူအရာမရှိစွာ စားသောက်နေခဲ့သော ရို့စ်မယ်ရီသည် ထိုင်ခုံမှချက်ချင်းထလိုက်ပြီး အစေခံထံမှစာကိုယူလိုက်သည်။
စာအိတ်ပေါ်တွင် လူနာ၏အမည်ကို ရေးထိုးထားသည်။ ထိုအရာကိုမြင်ချိန်တွင် ရို့စ်မယ်ရီသည် ပျော်ရွှင်မှုအပြည့်ဖြင့် ထမင်းစားခန်းထဲမှ အမြန်ထွက်သွားခဲ့တော့သည်။
"...ဘာဖြစ်သွားတာလဲ"
"ကျွန်မလည်း မသိဘူးလေ။စောနက ဘာမြင်လိုက်ရမှန်းတောင် သေချာမသိဘူး"
အတူထမင်းစားနေခဲ့သည့် မားကွစ်ဗင်းဆင့်မြို့စားနဲ့ သူ့ဇနီးသည် စားသောက်နေတာကို ချက်ချင်းရပ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း နှစ်ယောက်လုံး စိတ်ရှုပ်သွားကြပုံပေါ်သည်။
ရလဒ်အနေနဲ့နှင့် ရို့စ်မယ်ရီထံ စာယူလာပေးသော အစေခံကို ဆင့်ခေါ်ခဲ့လိုက်ကြသည်။
"အဲ့ဒါက လေဒီလူနာပဲလ် ပေးပို့ခဲ့တဲ့စာပါ"
"လူနာပဲလ်လား"
အန်းသန့်စ်၏ကျေးဇူးကြောင့် မားကွစ်မြို့စားသည် ကောလာဟလများက တိကျသောအချက်အလက်များမရှိကြောင်းသိတာကြောင့် ဂရုမစိုက်ဘဲ အံ့သြစွာမေးလိုက်သည်။
ထို့အတွက်ကြောင့် အိမ်တော်ထိန်းဝီလီယမ်ကို ဆင့်ခေါ်ခဲ့လိုက်သည်။
"လေဒီလူနာဆီက စာတစ်စောင်ကို ရို့စ်မယ်ရီက ဘာလို့ ထူးထူးခြားခြား တုံ့ပြန်တာလဲ မင်းသိလား"
'ထူးဆန်းတယ်' ဟူသော စကားလုံးကို သုံးထားသော်လည်း သူမက ဟိုခွေးစုတ်လေးကို သတိရသလိုမျိုး မေးလိုက်တာ ဖြစ်သည်။
အာ... အစကနေ ဘယ်လိုရှင်းပြရမလဲ။ ဒါက စိတ်ငြိမ်ဆေးတောင်လိုနိုင်တယ် ခံစားရတယ်။
အိမ်တော်ထိန်းသည် ခေတ္တမျှ တွေးတောဆင်ခြင်ပြီးနောက် သူ့အတွက် အန္တရာယ်အနည်းဆုံးဖြစ်စေမည့် အဖြေကို ရွေးချယ်ခဲ့လိုက်သည်။
"သခင်မလေးရို့စ်မယ်ရီရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သတ်ပြီး ရှင်းပြဖို့ နည်းနည်းခက်ပေမယ့် အတိုချုပ်ပြောရရင် သခင်မလေးက သူငယ်ချင်းအသစ်တစ်ယောက်ရခဲ့တာပါ"
အလွန်ပြေပြစ်သောအဖြေဖြစ်သော်လည်း ဒါကမမှန်ပေ။
မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ နောက်ထပ် မစုံစမ်းနိုင်ခင်မှာပဲ ဝီလီယမ်က ဆက်လက်ပြောလိုက်သည်။
"သူမက ဒီတစ်ယောက်ကို တခြားသူတွေထက် နည်းနည်းပိုမျက်နှာသာပေးပုံရတယ်။ သိပ်မကြာခင်မှာပဲ သခင်မလေးက အရာအားလုံးကိုပြောပြလာမှာပါ။ အဲ့တာက အသေးအဖွဲဖြစ်နေရင်တော့ သူမ မပြောရင်မပြောလောက်ပါဘူး"
ဤကဲ့သို့ ရိုးရှင်းသောကိစ္စအတွက် ရှင်းလင်းချက်သည် အလွန်အသေးစိတ်ဖြစ်သော်လည်း။ ၎င်းက ဖော်ရွေသောဆက်ဆံရေးတစ်ခုသာဖြစ်လျှင် နောက်ထပ်မေးခွန်းထုတ်စရာအကြောင်းမရှိနေပေ။
"အဲဒါဆိုရင်တော့…"
"သခင်မလေးက မကြာသေးခင်က အထီးကျန်နေသလိုပဲ။ အဲ့တာကြောင့် ဒါက သတင်းကောင်းပါ။ သူမ အရမ်းသဘောကျတဲ့ သူငယ်ချင်းတစ်ယောက်ကိုရှာတွေ့တာက အရမ်းကောင်းတယ်။ကျွန်တော်တို့ဘက်က သူမတို့ ခင်မင်မှုတည်မြဲဖို့ မျှော်လင့်သင့်ပါတယ်"
"အင်း...နားလည်ပြီ"
ကံကောင်းစွာပဲ အိမ်တော်ထိန်း၏ နည်းဗျူဟာက အလုပ်ဖြစ်ခဲ့သည်။ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော် တို့က ကျေနပ်သွားကြပြီး သူ့ကို သွားခွင့်ပြုလိုက်သည်။
ခဏတာ ပရမ်းပတာဖြစ်ပြီးနောက်တွင် တိတ်ဆိတ်မှုသည် ထမင်းစားခန်းထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့သည်။
TK Team