> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ပါဘူး > Ch 41
လူနာမှာ လုပ်စရာအများကြီးရှိမှာမဟုတ်ဘူးဟုထင်ခဲ့ပေမယ့် တခြားသူများပါတီအတွက်ပြင်ဆင်နေချိန် သူမသည်လည်းအရမ်းအလုပ်ရှုပ်နေခဲ့သည်။
သူမသည် စံအိမ်ကြီးရှိအစေခံများကို နှုတ်ဆက်ပြီး သူတို့နှင့် ဆက်ဆံရေးတည်ဆောက်ကာ သူမဝယ်ထားသော ကျောက်တွင်းများကို စတင်တူးဖော်ရန် ပြင်ဆင်ခဲ့သည်။ ပါတီပွဲအား အိမ်တော်ထိန်းက ပြင်ဆင်ခဲ့သည်။
သခင် အချိန်အကြာကြီး မနေခဲ့သည့် စံအိမ်သောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည် အစေခံများက လူနာ ညွှန်ကြားချက်တစ်စုံတစ်ရာမပေးရသေးခင်မှာတင် တာဝန်အလုပ်များကို သေချာဂရုစိုက်ခဲ့ကြသည်။ ယင်းကြောင့်ပင် လူနာသည် အနှောင့်အယှက်မရှိ သူမ၏အဓိကအလုပ်များကို အာရုံစိုက်နိုင်ခဲ့သည်။
"သခင်မလေး လူနာ၊ မနက် အစောကြီးကတည်းက အနှောက်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်။ လေဒီ ဖော်ပြခဲ့တဲ့ အခြေအနေတွေအပေါ် အခြေခံပြီးတော့ ကုမ္ပဏီတွေကို ကျွန်တော်ရွေးချယ်ထားတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်အရတော့ ဒီတစ်ခုက သင့်တော်မယ်လို့ထင်တယ်"
လူနာသည် မနက်စောစောပိုင်းမှာတင် ရှေ့နေ ရိုယာထံမှ စာရွက်စာတမ်းများ လက်ခံရရှိခဲ့သည်။
၎င်းတို့က ကျောက်တူးမည့် ကုမ္ပဏီများဖြစ်ကြသည်။ ဖော်ပြပါ အခြေအနေများတွင် ကုမ္ပဏီသည် ကျိုးကြောင်းဆီလျော်စွာ အရွယ်အစားရှိပေသည်၊ အချိန်အတော်ကြာ လုပ်ကိုင်ခဲ့ပြီး အရှုပ်တော်ပုံမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ရိုယာ၏စာရွက်စာတမ်းများကိုပြန်လည်သုံးသပ်ပြီးနောက် လူနာက တုံ့ပြန်မှုတစ်ခုနှင့်အတူပြန်ပေးလိုက်သည်။
"ဒါဆို သူတို့ကို ဆက်သွယ်ပေးလို့ရမလား။ ကျေးဇူးပြုပြီး ဒီစာကို အဖေ့ရဲ့ အတွင်းရေးမှုး တင် ဆီကို ပို့ပေးပါအုံး"
သူတို့ အခြေချနေထိုင်သည့် စံအိမ်အကြောင်းကို မဆက်သွယ်လာသောကြောင့် သူတို့၏ ဦးတည်ရာမှာ 'အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်း' ဖြစ်နိုင်သည်။ အဲဒီကို ပို့ပါက သူမအဖေဆီသေချာပေါက် လွှဲပေးလောက်သည်။
"နားလည်ပါပြီ။ကျွန်တော် ချက်ချင်း ဂရုစိုက်လိုက်ပါမယ်"
ရိုယာသည် ယခု လက်ရှိတွင် လူနာ၏ အတွင်းရေးမှုးကဲ့သို့ဖြစ်နေပြီး သူမခိုင်းသမျှ အလုပ်အားလုံးကို ကိုင်တွယ်ပေးခဲ့သည်။
ရိုယာက စာရွက်စာတမ်းများနှင့် စာကို စီမံနေစဉ်တွင် လူနာသည် မနက်စာစားရန် အတွက် ထိုင်ခုံမှ ထလိုက်သည်။
"ဒါနဲ့ ပြောရရင် အမ်မာက ဒီနေ့ကစပြီး အဓိက အစားအသောက်တွေကို တာဝန်ယူတော့မယ်လို့ ကြားတယ်"
"ဟုတ်တယ်၊ ကျွန်မက အမ်မာရဲ့ ဟင်းချက်လက်ရာကို ထပ်စားရဖို့ မျှော်လင့်နေပြီ။ ဒီရက်အနည်းငယ်အတွင်းမှာ သူ့လက်ရာကို ဘယ်လောက်တောင်လွမ်းနေလဲ ဆိုတာ ရှင်ယုံမှာမဟုတ်ဘူး"
"ကျွန်တော်လည်း အဲလိုခံစားရတယ်။ အမ်မာက အကောင်းဆုံး စားဖိုမှူးပဲ"
သူတို့ အောက်ထပ်သို့ဆင်းလာရင်း စကားစမြည်ပြောနေခဲ့ကြပြီး လော်ရာနှင့်ဆုံခဲ့ကြသည်။ သူမသည်လည်း ထမင်းစားခန်းဆီသို့ သွားနေတာဖြစ်သည်။အမ်မာက သူတို့ သုံးယောက်ရောက်လာတာကို မြင်လိုက်ရချိန်တွင် နည်းနည်းတော့ လန့်သွားဟန်ဖြစ်သွားသည်။
"အမ်မာ ဘာမှားလို့လဲ"
"ဟင်... အိုး၊ ဘာမှမမှားပါဘူး! ကျွန်မ သခင်မလေးရဲ့မနက်စာကိုချက်ချင်းယူလာခဲ့မယ်! ခဏစောင့်ပေးပါအုံး!"
သူမ ဘာလို့ ဒီပုံစံမျိုးတုံ့ပြန်ခဲ့တာလဲ။ သူမရဲ့ ပထမဆုံးနေ့မို့ စိတ်လှုပ်ရှားပြီး အမှားရှိသွားတာလား။
အစားအသောက်များကိုစောင့်နေလိုက်ရင်း သိပ်မကြာခင်မှာပဲ အမ်မာက တည်ခင်းပြင်ဆင်ပေးလာခဲ့သည်။
စားဖိုမှူးကပဲ အမြဲတမ်း ဝန်ဆောင်မှုပေးနေရတာလား...
ထမင်းစားခန်း၌ တာဝန်ကျသော အစေခံများစွာရှိသော်လည်း အကြောင်းတစ်ခုခုကြောင့် အမ်မာကသာလျှင် အစားအသောက်ကို အပြေးအလွှား တည်ခင်းပြင်ဆင်နေရသည်။
"ဒါဆို ကျွန်မသွားတော့မယ်နော် သခင်မလေး။ မီးဖိုချောင်က အရမ်းကြီးလွန်းတယ်။ကျွန်မ အဲဒါကို အသားမကျသေးဘူး။ ဒါကြောင့် အရသာအတွက် နည်းနည်း စိတ်ပူမိတယ်။ အရသာက ခါတိုင်းနဲ့ နည်းနည်းကွဲနေရင်တောင် နားလည်ပေးလို့ရမလားဟင်။ သခင်မလေး သိတယ်မလား"
"အိုး အမ်မာ နင် စိတ်ပူနေရင် ကောင်းကင်ကြီး ပြိုကျနေသလိုပဲ"
ပထမဆုံးနေ့ဖြစ်တာကြောင့် သူမတွင်လုပ်စရာတွေ အများကြီးရှိပုံရသည်။ စားဖိုမှူးတစ်ယောက်အနေနှင့် ဟင်းချက်တာအပေါ် အာရုံစိုက်ရမည်ဖြစ်သည်။
လူနာ၏ခွင့်ပြုချက်ဖြင့် အမ်မာသည် ထမင်းစားခန်းမှ အမြန်ထွက်သွားခဲ့သည်။ လူနာက စပြီးစားတော့မည့်အချိန်တွင် အစားအသောက်ကို ပထမဆုံးမြည်းစမ်းလိုက်သော လော်ရာက တစ်ခုခုထူးဆန်းနေသလိုမျိုး ခေါင်းကိုစောင်းလိုက်သည်။
"ဟင်း... တစ်ခုခုတော့ လွဲနေသလိုပဲ… အမ်မာလုပ်တဲ့ အရသာ မျိုးမဟုတ်ဘူး။ အရသာက အရင်ကနဲ့ လုံးဝမတူဘူး။ အာ! အရသာမရှိဘူးလို့ ပြောတာတော့မဟုတ်ပေမယ့်... တစ်ခုခုတော့ လွဲနေပြီထင်တယ်"
ရိုယာကလည်း အလားတူ တုံ့ပြန်ခဲ့သည်။
"ရိုးရိုးသားသားပြောရရင် ကျွန်တော်လည်း အဲ့လိုပဲ ခံစားရတယ်။ အရသာက နည်းနည်း တစ်ခုခုလိုနေသလိုပဲ။ ဒါပေမယ့်လည်း အရသာရှိတယ်။ အရသာမရှိဘူးလို့တော့ ပြောတာမဟုတ်ဘူး"
ဒါကိုကြားသည်နှင့် လူနာသည် အစားအစာများကို အလျင်အမြန်မြည်းကြည့်သည်။
ဒါက အမ်မာ ချက်ပြုတ်သောလက်ရာမျိုး မဟုတ်ဘူး။ အရသာက နည်းနည်း...ဘယ်လိုပြောရမလဲတောင် မသိဘူး...
"အင်း…ငါလည်း အဲ့လိုပဲ ခံစားရတယ်၊ ဒါပေမယ့် ငါတို့ သတိမထားမိချင်ယောင်ဆောင်ရအောင်။ သူမ ကြည့်ရတာ မီးဖိုချောင်နဲ့မရင်းနှီးသေးလို့ထင်တယ်။ဘာမှ မညည်းမညူပဲနဲ့ သူမ အဆင်ပြေသွားတဲ့ ဒီတိုင်းစားလိုက်ကြရအောင်။ နောက်ကျရင်တော့ ပုံမှန်အရသာ ပြန်ဖြစ်သွားလိမ့်မယ်"
လူနာသည် သူတို့ကသာ ထူးဆန်းသောအရသာအပေါ် ညည်းညူပါက အမ်မာ စိတ်ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သတိမထားမိဟန်ဆောင်ရန် အကြံပြုခဲ့လိုက်သည်။ အမ်မာက အရသာအတွက် မည်မျှစိုးရိမ်နေသည်ဆိုသော်ငြားလည်း ထူးဆန်းကြောင်းပြောလိုက်ပါက နာကျင်သွားမှာအမှန်ပင်။
လော်ရာ နှင့် ရိုယာတို့ကလည်း ကန့်ကွက်ခြင်းမရှိဘဲ သဘောတူခဲ့ကြသည်။
"ကျွန်မ နားလည်ပါတယ်။အဲ့တာက အရသာမရှိတာမဟုတ်ဘူး...ဒီတိုင်း နည်းနည်း မရင်းနှီးသလိုဖြစ်နေတာ"
"ကျွန်တော့် အတွက်လည်းအတူတူပဲ။ ကျွန်တော်က ဘာမဆိုစားလေ့ရှိတယ်။ ဒါပေမယ့် အမ်မာရဲ့ ဟင်းချက်လက်ရာကိုတော့ အကြိုက်ဆုံးပဲ"
သူတို့သုံးယောက်စလုံး အမ်မာ၏ အမှားကို မေ့ထားဖို့ ဆုံးဖြတ်ကာ အစားပြန်စားလိုက်ကြသည်။သူတို့က အမ်မာ နောက်ကျမေးလာရင်တောင် အရသာကောင်းတယ်ဟုဖြေဖို့ သဘောတူခဲ့ကြသော်လည်း ဒီလိုအခြေအနေမျိုးက အရင်က တစ်ခါမှမဖြစ်ခဲ့ပေ။
* * *
နောက်တစ်နေ့၌ အစောကြီးနိုးလာသော လူနာသည် လော်ရာ၏အကူအညီဖြင့် ပြင်တင်၀တ်စားလိုက်သည်။
သူမက လူနာ၏ အသားအရည်ကို သန့်စင်ပေးခဲ့ပြီး အသားအရေနှင့်လိုက်အောင်အောက်ခံမိတ်ကပ်လိမ်းပေးခဲ့သည်။ သူမ၏ မျက်လုံးများနှင့် နှုတ်ခမ်းများကို အရောင်ခြယ်သပေးပြီးနော် သူမ၏ မိတ်ကပ်ပြီးသွားလေသည် ။ ထို့နောက် မနေ့ညက သူမ ရွေးချယ်ခဲ့သော ဂါဝန်ကို ပြောင်းလဲလိုက်သည်။
ဂါဝန်က ရိုးရှင်းပုံပေါက်သော်လည်း ကြိုးစားအားထုတ်ဖို့အတွက် အချိန်များစွာယူခဲ့ရသည်။
လူနာက သူမ၏ဆံပင်ကို စည်းရင်ကောင်းမလား မစည်းရဘူးလားဟု စဉ်းစားနေချိန်တွင် သူမကိုကြည့်နေသော လော်ရာက ဖျတ်ခနဲ အော်လာခဲ့သည်။
"ကျွန်မ ဒါကို အမြဲတွေးနေပေမယ့် သခင်မလေးက အလှပြင်ပြီးသွားရင် အရမ်းရင်သပ်ရှုမောဖွယ်ကောင်းတာပဲ"
"အဲ့တော့ ငါ့မှာ မိတ်ကပ်လိမ်းဖို့လိုတဲ့ မျက်နှာရှိတာလား"
"မဟုတ်ဘူး! ကျွန်မ အဲ့တာကိုဆိုလိုတာမဟုတ်ဘူး။အာ ဘယ်လိုပြောရမလဲ... မိတ်ကပ်လိမ်းပြီးတိုင်း သခင်မလေးရဲ့ဘေးနားမှာ ချဉ်းကပ်လို့မရတဲ့ ခမ်းခမ်းနားနား ရောင်ဝါတွေ ရှိလာသိလိုပဲ"
"ဒါဆို မိတ်ကပ်မလိမ်းရင် ငါက အရမ်းရိုးရှင်းပြီးတော့ ချဉ်းကပ်ရတာ လွယ်တာလား"
"မဟုတ်ဘူး! အာ ကျွန်မ ဆိုလိုတာ အဲ့လိုမဟုတ်ဘူးလေ!"
လော်ရာက သူမစကားနှင့်သူမ ရုန်းကန်နေရတာကို မြင်တာကြောင့် လူနာ ရယ်လိုက်မိသည်။
"ငါသဘောပေါက်ပြီး။နင်ပြောချင်တာ ငါက မိတ်ကပ်လိမ်းထားရင် ပိုကြည့်ကောင်းပြီး မျက်နှာပြောင်နဲ့ဆို သိပ်မလှဘူးဆိုတာမလား"
"အဲလို မဟုတ်ဘူး!"
ဒုက္ခရောက်နေသော လော်ရာကို စနောက်နေပြီး သူတို့၏ ပျော်ရွှင်မှုအလယ်လောက်မှာပဲ အစေခံတစ်ယောက်က တံခါးခေါက်လာခဲ့သည်။
"သခင်မလေး ဧည့်သည်ရောက်နေပါပြီ"
လူနာက ဒါကိုကြားသည်နှင့် အခန်းထဲမှ ချက်ချင်းထွက်လိုက်သည်။
"ဒီလောက်အစောကြီးလား။ ဘယ်သူလာတာလဲ"
"အဲ့ဒါကက သခင်မလေး ရို့စ်မယ်ရီပါ"
ဒါပေါ့ သူမကလွဲရင် တခြားဘယ်သူက ဒီလောက်အစောကြီးလာမှာလဲ။
ပါတီမစတင်မီ နာရီအနည်းငယ်လိုသေးကာ ရို့စ်မယ်ရီသည် ပထမထပ်တွင်အိမ်တော်ထိန်းနှင့် အပြန်အလှန် နှုတ်ဆက်နေပြီးဖြစ်သည်။
လူနာကိုဆို အမြဲတမ်း မျက်နှာအမူအရာမဲ့ဆက်ဆံတတ်သော အိမ်တော်ထိန်းသည် အကြောင်းတစ်ခုခုကြောင့် ရို့စ်မယ်ရီနှင့်စကားပြောနေချိန်တွင်တော့ ပြုံးနေပုံရသည်။လူနာက သူတို့ တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ သိခဲ့တာကြောင့် ဖြစ်နိုင်တယ်ဟုတွေးပြီး ရို့စ်မယ်ရီကို သွားခေါ်လိုက်သည်။
" လေဒီရို့စ်မယ်ရီ၊အစောကြီးရောက်လာခဲ့တာပဲ "
"လေဒီလူနာ!"
ရို့စ်မယ်ရီက တောက်ပသော မျက်လုံးများဖြင့် လူနာထံသို့ ချဉ်းကပ်လာခဲ့သည်။
"ငါ နင့်ကို ပေးစရာတစ်ခုခုရှိလို့ စောစောလာခဲ့လိုက်တာ"
"တစ်ခုခုလား"
"ဟုတ်တယ်။ ငါ နင့်ကို အဲ့တာလေး အရမ်းဝတ်စေချင်လို့"
ဝတ်တာလား...
ရို့စ်မယ်ရီက သူမနောက်ရှိ အိမ်ဖော်ကို လက်ပြလိုက်သည်။ ထို့နောက် အစေခံက သေတ္တာသေးသေးလေး ပေးလာခဲ့သည်။
"ဒါ ဘာကြီးလဲ"
"ဖွင့်ကြည့်လိုက်!"
သေတ္တာကိုဖွင့်လိုက်သည်နှင့် အထဲတွင် အလယ်ဗဟို၌ ပတ္တမြားကွပ်ထားသော အနီရောင် ဆံပင်ချည်ဖဲကြိုးတစ်ချောင်းနှင့် စိန်များဖြင့် အနုစိတ်ဖန်တီးထားသည့် လက်အိတ်များရှိလေသည်။
"လှတယ်မလား ဟုတ်တယ်ဟုတ်။ငါတို့ရဲ့ ပထမဆုံးပါတီပွဲကျင်းပတဲ့နေနဲ့ ငါပြင်ဆင်ထားတာလေ"
ရို့စ်မယ်ရီသည်လည်း သူမ၏ဆံပင်တွင် အနီရောင်ဆံပင်ဖဲကြိုးကို ချည်နှောင်ထားကာ စိန်အလှဆင်ထားသော လက်အိတ်များကို ၀တ်ဆင်ထားသည်။
ဆိုတော့ ဒါက ရည်ရွယ်ချက်ပေါ့။
"ဒါတွေက လေဒီဝတ်ထားတာနဲ့တူနေတာပဲ"
ဒါကပါတီပွဲ၌ အတူတူဝတ်ဖို့ လိုက်ဖက်သည့် ဆက်စပ်ပစ္စည်းများပင်။
"ဒါပေါ့!အာ...ငါတို့ဆင်တူဂါဝန်လေးပါ ၀တ်ထားရင် ကောင်းမှာပဲ။ ဒါပေမယ့် အစက နင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တယ်လို့ ငါထင်ခဲ့လို့ ဆံပင်အလှဆင်တာနဲ့ လက်အိတ်တွေကို အရင်ပြင်ဆင်ခဲ့တယ်"
"…"
ဒီနှစ်ခုကိုက တော်တော်များနေပြီဖြစ်သော်လည်း ဆင်တူဝတ်ဆင်ဖို့စိတ်ကူးက လူနာ စိတ်ထဲ ဖြတ်သန်းသွားခဲ့သည်။
"နင့်ရဲ့ ဆံပင်လေးတွေက ညကောင်းကင်လို နက်မှောင်နေတော့ အနီရောင်က နင့်နဲ့ အရမ်းလိုက်ဖက်မှာ သေချာတယ်"
လူနာ မတုံ့ပြန်လာသောကြောင့် ရို့စ်မယ်ရီက ထပ်ပြောပြန်သည်။ သူမ၏ တောင်းဆိုနေဟန်ရှိသော မျက်လုံးများသည် ကိတ်မုန့်ပေါ်မှ အချိုစမ်းသလိုမျိုးဖြစ်နေသည်။
ကောင်းပြီ၊ဒါက ဆံပင်ဖဲကြိုးနဲ့ လက်အိတ်ပဲဟာ...
လူနာသည် ရို့စ်မယ်ရီက ဘာလို့ ဒီလောက်လုပ်ချင်ကို မသိသော်လည်း သူမ သိပ်မတွေးတော့ပေ။ထို့အပြင် ဒီလိုလက်ဆောင်အတွက် သူမကို ကျေးဇူးတင်မိသည်။
"ကျေးဇူးတင်ပါတယ်။ငါ သူတို့ကို ကျေးဇူးတင်စိတ်နဲ့ လက်ခံမယ်။ လော်ရာ၊ ဒီဖဲကြိုးသုံးပြီး ငါ့ဆံပင်ကို ချည်ပေးလို့ရမလား"
"ဟုတ်!"
ရို့စ်မယ်ရီထံမှ ဖဲကြိုးကို အသုံးပြု၍ လော်ရာသည် လူနာ၏ ဆံပင်ပုံစံကို ဖန်တီးခဲ့သည်။
"ဘယ်လိုနေလဲ"
"အိုးဘုရားရေ အရမ်းလှတာပဲ"
စိတ်အားထက်သန်စွာကြည့်နေသော ရို့စ်မယ်ရီက လူနာကို ချီးကျူးလာခဲ့သည်။
တကယ်လှပသောသူက သင့်ကိုလှပတယ်လို့ ပြောလာသည့်အခါတွင် ပျော်ရွှင်မှုခံစားရမှာအမှန်ဖြစ်သည်။
လူနာက ပြန်ပြုံးပြလိုက်သည်။
လေထုက ပိုမိုနွေးထွေးလာသည်နှင့်အမျှ ရထားတစ်စင်းက ပင်မတံခါးကို ဖြတ်လာခဲ့သည်။
ရို့စ်မယ်ရီက ပြတင်းပေါက်မှတစ်ဆင့် ရထားပေါ်ရှိ တံဆိပ်ကို မြင်ကာအသိအမှတ်ပြုလိုက်ပြီး လူနာအား ရောက်လာသူမှာ သူမရင်းနှီးသော မြင့်မြတ်သည့်မြို့စားအနွယ်ဝင် အမျိုးသမီးတစ်ဦးအကြောင်း အသိပေးခဲ့သည်။
"အဲ့ဒါက ဗိုင်းကောင့်အိုင်ရဲလ်နယ်လ်မိသားစုက လေဒီကဲလ်ရန်လေ။ ငါတို့က အသက်တူတူပဲ။ သူမမှာ စိတ်ရှည်သည်းခံတဲ့ စိတ်ဝိညာဉ်ရှိတယ်။ ငါ့ရဲ့ အဆုံးမရှိတဲ့ စကားတွေကို အမြဲသည်းခံခဲ့တယ်လေ"
သူမကိုယ်သူမတော့ စကားများမှန်း သိပုံရသည်။သို့သော် ထိန်းမနိုင်ဆဲဖြစ်နေသည်။ အန်းသန့်စ် နှင့် ရို့စ်မယ်ရီ နှစ်ဦးစလုံးသည် အရှက်မရှိကြသည့်ပုံရသည်။
ဒါပေါ့ ရို့စ်မယ်ရီရဲ့ ချစ်ဖို့ကောင်းပုံနဲ့ဆိုရင် ဒါက ခွင့်လွှတ်ပေးလို့ရတယ်။
"လေဒီရို့စ်မယ်ရီ! မတွေ့ရတာကြာပြီပဲ"
ရထားထဲမှ ထွက်လာသည်မှာ ကဲလ်ရန်တယောက်တည်း မဟုတ်ပေ။ သူမက သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် မြို့စားအနွယ်ဝင်အမျိုးသမီးတစ်ဦးနှင့်အတူ ထွက်လာခဲ့သည်။
မဖိတ်ကြားထားသော ဧည့်သည်ကို တွေ့သောကြောင့် ရို့စ်မယ်ရီက အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။
"လေဒီ ကဲလ်ရန် မတွေ့တာကြာပြီ။ ဒါက ဘယ်သူဖြစ်နိုင်မလဲ"
"အာ စောစောမပြောနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ငါရဲ့အချိန်ဇယားက နည်းနည်းကျပ်နေတော့ အချိန်သိပ်မရှိလို့ရယ်။ ဒီနေ့ လေဒီက သူငယ်ချင်းအသစ်နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောလို့ ငါလည်း ငါ့ရဲ့ ခင်လာတာကြာပြီဖြစ်တဲ့ သူငယ်ချင်းကိုခေါ်လာခဲ့မိတာ။အဲဒါက နင့်ကို စိတ်မသက်မသာဖြစ်စေနိုင်လားဆိုတာ စစ်ဆေးဖို့ ငါနည်းနည်းလေး စောလာခဲ့လိုက်တာ"
ကဲလ်ရန်က သူ့သူငယ်ချင်းကို လက်ယက်ပြပြီး အသေးစိတ်ရှင်းပြလာခဲ့သည်။ သူမ၏ သူငယ်ချင်းဖြစ်သည့် မြင့်မြတ်သော မိန်းမပျိုက တောက်ပသော အပြုံးဖြင့် သူမကိုယ်သူမ မိတ်ဆက်လာခဲ့သည်။
"ငါက ဗိုင်းကောင့်ဖလော်ရာက ဖလော်ရီ ပါ။ စိတ်ရှုပ်စရာဖြစ်သွားမယ်လို့ ထင်နေပေမယ့်လည်း ပါတီကို တက်ခဲ့မိတယ်။ လေဒီ အဆင်မပြေရင် ကျေးဇူးပြုပြီး ပြောလို့ရပါတယ်"
သူမ၏ နှုတ်ဆက်စကား ပြီးဆုံးသွားပြီးနောက် ဖလော်ရီ၏ အကြည့်သည် ရို့စ်မယ်ရီထံမှ လူနာသို့ ပြောင်းသွားပြီး ချက်ချင်း အေးခဲသွားခဲ့သည်။
ဒီလိုနေရာမျိုးမှာ ဆုံကြမယ်လို့မတွေးမိခဲ့ပေ။ လူနာသည်လည်း အံ့အားသင့်သွားသော်လည်း သူတို့၏ ပြောင်းလဲလာသော အခြေအနေများကြောင့် သူမက အပြုံးလေးဖြင့်သာ တုံ့ပြန်ခဲ့သည်။
"ငါတို့အရင်ကတွေ့ဖူးတယ်။"
"နင်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြလား"
ရို့စ်မယ်ရီက အပြုံးလေးဖြင့်ဖြေလာသော လူနာကိုမေးလ်ုက်သည်။
"ဟုတ်တယ်၊ ငါတို့ အကြိမ် နည်းနည်းလောက် တွေ့ဖူးတယ်။ လေဒီဖလော်ရာက ငါ့စံအိမ်ကြီးကို လည်ပတ်ဖူးပြီးတော့ အရောင်းဆိုင်တစ်ခုမှာလည်း တွေ့ခဲ့ကြသေးတယ်။အာ... အဲဒီတုန်းက စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းတစ်ခုတောင် ကစားခဲ့ကြတယ် ဟုတ်တယ်မလား"
"သူမက နင့်အိမ်ဆီ လာလည်ဖူးတာလား စျေးဆိုင်တစ်ခုမှာလည်း ဂိမ်းကစားဖူးတာလား။ ဒါဆို နင်တို့ နှစ်ယောက်က တော်တော် ရင်းနှီးတဲ့ပုံပဲ"
သူမ မရောက်ဖူးသော အိမ်ကြီးအကြောင်းကြားရသောကြောင့် ရို့စ်မယ်ရီက မနာလိုစိတ်ဖြင့် မေးလိုက်သည်။
လူနာက ပြုံးစိစိဖြင့် ပြန်ဖြေလိုက်သည်။
"အင်း... အဲဒါကို ရင်းနှီးတယ်လို့ ခေါ်လို့ရပါ့မလား ဒါမှမဟုတ် ဘယ်လိုစကားမျိုးသုံးရမလဲ..."
ဘယ်လို ရင်းနှီးမှုမျိုးပါလိမ့်လဲ။ဒါက ဒေါသစိတ် နက်နက်ရှိုင်းရှိုင်း စွဲနေခဲ့တဲ့ဆက်ဆံမှုမျိုးပဲ။ အထူးသဖြင့် သူမက ပန်းပွင့်ဆန်းတွေနဲ့ အလှဆင်ထားတဲ့ ဦးထုပ်ဆောင်းထားပြီး ငါ့စံအိမ်ထဲ ဝင်လာတဲ့ ဆိုင်ယာရဲ့ သူငယ်ချင်းတွေကတစ်ယောက်လေ....
သင့်ရဲ့ ရန်သူကို ကျဉ်းမြောင်းတဲ့ တံတားပေါ်မှာ တွေ့ရတတ်တယ်လို့ လူတွေပြောလေ့ရှိကြတယ်။အခု ဘာလိုလုပ်ရမလဲ။ ငါတို့ရဲ့ အတိတ်က အကြောင်းတွေကို ထုတ်ဖော်ပြပြီး သူမကို ထွက်သွားဖို့ ချက်ချင်း ပြောသင့်လား။
သူတို့၏နောက်ဆုံးတွေ့ဆုံမှုကြောင့် စျေးဆိုင်မှ အိမ်ဆီသို့ လမ်းလျှောက်သွားခဲ့ရသော ဖလော်ရီသည် လူနာအား စူးရှသောမျက်လုံးများဖြင့် မစိုက်ကြည့်ဘဲမနေနိုင်ခဲ့ပေ။
အတွေးတစ်ခုရပြီးနောက် လူနာသည် သူမစိတ်ကိုပြင်ဆင်ပြီး ပါးစပ်ကိုဖွင့်လိုက်သည်။
"ငါတို့အရင်ကဆုံဖူးပြီး နင်ကလည်းအဝေးကလာတာဆိုတော့ နင့်ကိုထွက်သွားခိုင်းလို့မရဘူးလေ။နှင်းဆီစံအိမ်ကနေ ကြိုဆိုပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ"
ဒီသရုပ်ဆောင်မှုကို သူမ ဘယ်လောက်ကြာကြာအထိ ဆက်ထိန်းထားနိုင်မလဲဆိုတာ ကြည့်ရတာပေါ့။
ဖလော်ရီသည် သူမအပေါ် ယခင်လောင်းကြေးမှ အကြွေးနှစ်ခုတင်နေဆဲဖြစ်သည်။
TK Team