Chapter 39
Viewers 9k

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး >Ch39


အန်းသန့်စ် သူမအကြောင်း တွေးနေသည်ဖြစ်စေ ပြောနေသည်ဖြစ်စေ လူနာသည် လက်ရှိတွင် စံအိမ်အသစ်ကြောင့် အလုပ်ရှုပ်နေခဲ့သည်။

စာချုပ်နှင့်အပြောင်းအရွှေ့များကြောင့် မဟုတ်ပေ။

"ငါတို့ ဒီစံအိမ်ကြီးမှာ ပိုင်ရှင်အသစ်ရှိသွားပြီဆိုတာကို ကြေငြာဖို့လိုတယ်။ ငါ ဆိုလိုတာက ပါတီတစ်ခုလုပ်ကြမလားလို့။ ဒီလိုလှပတဲ့အိမ်ကြီးကို လူတိုင်းမနာလိုဖြစ်မှာသေချာတယ်"

ဒါကို အကြံပြုခဲ့သည့်သူကတော့ ရို့စ်မယ်ရီဖြစ်သည်။ သူမက စာချုပ်ချုပ်ရန် ထပ်မံတွေ့ဆုံချိန်တွင် လူနာအား ဤသို့ပြောလာခဲ့သည်။

"ပါတီပွဲလား…"

ထိုအရာသည် ဖိတ်ခေါ်ရန်လူများရှိပါက ပြုလုပ်နိုင်သောအရာဖြစ်သည်။

ကံမကောင်းစွာဖြင့် လူနာတွင် သူငယ်ချင်းများမရှိပေ။ ပြောရရင်...ရှိတော့ရှိခဲ့ပေမယ့် လွန်ခဲ့သော ရက်အနည်းငယ်က တရားစွဲမှုကြောင့် အဆက်အသွယ်ဖြတ်ထားပြီးဖြစ်သည်။

အကယ်၍ထပ်ရှိခဲ့ရင်တောင်မှ ရို့စ်မယ်ရီတစ်ယောက်တည်းပဲဖြစ်မှာသေချာသည်။ ဒါပေမယ့် လူတစ်ယောက်တည်းအတွက် ပါတီပွဲတစ်ခု ပြုလုပ်ခြင်းက အနည်းငယ် မိုက်မဲပုံပေါက်သည်။

ထိုအကြံအစည်ကြောင့်ဖြစ်ပေါ်လာသော အဆင်မပြေမှုများကို လူနာဖုံးကွယ်မထားနိုင်တော့ပေ။ ကောလာဟလများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်သော ရို့စ်မယ်ရီ ရယ်မောပြီး ပါးစပ်ကိုဖွင့်လိုက်သည်။

"ဘာမှ စိုးရိမ်မနေနဲ့။ ပါတီမှာ ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်"

"နင့် သူငယ်ချင်းတွေလား"

သူစိမ်းတွေကို ဖိတ်ရမှာလား။ 

လူနာသည် ထိုအကြံကို ပို၍ပင် သဘောမကျတော့ပေ။ လူနာ၏ စိုးရိမ်မှုများကို ရို့စ်မယ်ရီက သတိပြုမိသွားပြီး အမြန်ပြောလိုက်သည်။

"သူတို့အားလုံးက ကြင်နာပြီး စာနာတတ်တဲ့ လူတွေချည်းပဲ။ သူတို့က ကောလဟာလကြောင့်နှင့် အမှန်ကိုမမြင်နိုင်တဲ့သူတွေမဟုတ်ဘူး။ ပျော်စရာကောင်းတဲ့ပါတီဖြစ်မှာပါ။ငါ ဘာမှမမှားဘူးဆိုတာ သေချာအောင်လုပ်မယ်!"

ရို့စ်မယ်ရီသည် ပန်းခြံထဲက နှင်းဆီပန်းများထက်တောင် ပိုလှပသည်။ လူနာသည် ထိုအပြုံးလှလှလေးကြောင့် ရှံးနိမ့်သွားရသည်။

"နင် ငါ့အတွက်လုပ်ပေးတာဆိုရင် ကျေးဇူးတင်မှာပါ။ ဒါပေမယ့် ပါတီတစ်ခုပြင်ဆင်ဖို့ကျ နင့်အတွက် တော်တော်လေး အနှောက်အယှက်ဖြစ်မှာနော်။နင် သေချာရဲ့လား"

"အနှောက်အယှက်လား။ ငါက နင့်ကို ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့အတွက် အရမ်မျှော်နေရတာ!"

ရို့စ်မယ်ရီသည် သူမသူငယ်ချင်းများက လူနာကို သဘောကျမှာသေချာနေကာ ယုံယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ကောင်းပြီ။ လူတွေက တူရာ တူရာစုကြတယ်တဲ့။ ရို့စ်မယ်ရီရဲ့ သူငယ်ချင်းတွေကလည်း သူမလို ကြင်နာပြီး ဖြူစင်တဲ့ စိတ်ထားရှိမည်မှာ သေချာတယ်။

ဤကဲ့သို့ အထီးကျန်စွာ နေထိုင်ခြင်းကို ကြာကြာထိန်းထားနိုင်မှာမဟုတ်ပေ။ဒါက ကောလဟာလဟောင်းများကို ဖယ်ရှားပြီး လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားနေထိုင်ဖို့ အခွင့်အရေးကောင်းဖြစ်သည်။

လူနာကသာ ရို့စ်မယ်ရီအား ပါတီပွဲသို့ သူမ၏ သူငယ်ချင်းများကို ဖိတ်ခေါ်လာရန် တောင်းပန်သင့်သောသူ ဖြစ်သည်။

"ကျေးဇူးပါ။ဒါဆို ဒီလိုပဲလုပ်ကြရအောင်"

"ဟုတ်ပြီ ငါ ဖိတ်စာတွေ ပို့လိုက်မယ်။ အိုးမိုင်! ငါ ပါတီပွဲတစ်ခု နောက်ဆုံးတက်ခဲ့တာက အရမ်း အရမ်းကြာခဲ့ပြီ။ ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ"

လူနာသည်လည်း စိတ်လှုပ်ရှားစပြုလာသည်။ သူမသည် မိသားစုနှင့် သေးငယ်သော ပါတီပွဲလေးများသာ ကျင်းပဖူးခဲ့သောကြောင့် တရားဝင် ပါတီပွဲ မည်သို့ ကျင်းပရမည်ကို သူမ မသိနေပေ။

"ငါ နင့်ရဲ့အကူအညီလိုမယ်ထင်တယ်... ငါ ပါတီပွဲဘယ်လိုလုပ်ရမှန်းမသိဘူးရယ်"

ဤအတန်ငယ်သနားစရာကောင်းသော တုံ့ပြန်မှုကြောင့် ရို့စ်မယ်ရီ၏နှလုံးသားလေး တင်းကျပ်သွားခဲ့ပြီး လူနာ၏လက်ကို လှမ်းကိုင်ကာ သူမအား စိတ်ချစေလိုက်သည်။

"ငါတို့ အဲဒါကို အင်ပါယာတိုက်ကြီးတစ်ခုလုံးမှာ အခမ်းနားဆုံး ပါတီဖြစ်အောင် လုပ်ကြမယ်။ဒီပါတီအကြောင်း အင်ပါယာတစ်ခွင်ပျံ့သွားစေရမယ်!"

လူနာသည် ဖိအားအနည်းငယ် ခံစားလိုက်ရသော်လည်း ရို့စ်မယ်ရီ၏မျက်လုံးများထဲတွင် ရိုးသားမှုများကိုမြင်တွေ့ရသောကြောင့် နူးညံ့စွာပြုံးပြလိုက်သည်။ သူမက တကယ်ကို ကြင်နာတတ်တဲ့သူပဲ ဟုလူနာတွေးလိုက်မိသည်။

နွေးထွေးသောလေထုသည် စီးဆင်းလာသည်နှင့်အမျှ တစ်စုံတစ်ယောက်က ရုတ်တရက် သူတို့ကြားစကားဖြတ် ပြောလာခဲ့သည်။

"ခွင့်ပြုပါအုံး... သခင်မလေးတို့ စကားပြော ပြီးသွားရင် ကျွန်တော်တို့ စာချုပ်ကို ဆက်ချုပ်ကြမလား"

အဲ့တာက ရှေ့နေဖြစ်ပေသည်။သူက ဒီထက်ကြာအောင်မစောင့်နိုင်တော့သလိုပင် စိတ်ရှုပ်ထွေးစွာပြောလာခဲ့သည်။ လူနာက အချိန်ကို စစ်ဆေးပြီး ပြန်ဖြေလိုက်သည် ။

"အာ၊ ငါတို့ စကားပြောတာ တော်တော်ကြာသွားတာပဲ"

ဟုတ်တာပေါ့ သုံးနာရီတောင်ကြာသွားပြီလေ။ဒါက ဒီတိုင်းဘေးကထိုင်စောင့်နေရသူတွေအတွက်တော့ တော်တော်လေးကိုသည်းခံနေရတာဖြစ်သည်။

"ဒါက အဆင်ပြေပါတယ်။ ဆက်ပြောလို့ရပါတယ်"

‌ဗိုင်းကောင့်က နူးညံ့စွာ ပြုံးပြီးပြောလာတာကြောင့် ရှေ့နေသည် အံ့အားသင့်သွားခဲ့ရသည်။

ဒီလူကတော့! ဒီတိုင်းလွှတ်ထားလိုက်တော့ဘာဖြစ်မှာမို့လို့လဲ။ ကိုယ့်ဘဝအတွက် ကြည့်တာကပိုမကောင်းဘူးလား။ လိုအပ်တဲ့အခါကျရင် တစ်ဖက်ပိတ်ပေးသင့်ပေးရတယ်လေဟ!

သို့သော်လည်း ဗိုင်းကောင့်သည် စာချုပ်ကို လွှဲပေးလိုက်သည်။ရို့စ်မယ်ရီက သူ့ကြောင့် ကြည်နူးနေသောစိတ်များ ပျက်ပြားသွားရသလို တင်းမာသည့်အကြည့်ဖြင့် ပြန်ပြောလိုက်သည်-

"…မှန်တယ်။ငါတို့ စာချုပ်ကို အရင် အဆုံးသတ်သင့်တယ်။ ဒါကြောင့်ပဲ ငါတို့ဒီကိုရောက်လာခဲ့တာမလား။ လေဒီလူနာ နဲ့တွေ့ရတော့ အရမ်းစိတ်လှုပ်ရှားသွားပြီး သတိလက်လွတ်ဖြစ်သွားခဲ့တာထင်တယ် ဟင်းဟင်း"

သူမ ငယ်ငယ်တုန်းကတော့ ဒီလိုမဟုတ်ပေ။ သူမသည် အသက်ကြီးလာသည်နှင့်အမျှ အန်းသန့်စ်နှင့် ပိုတူလာခဲ့သည်။

ဒေါသထွက်အောင်လုပ်မိသွားသော ရှေ့နေသည် အကူအညီတောင်းသလိုမျိုး လူနာအား အသနားခံသောအကြည့်ဖြင့်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လူနာက သူ့ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။

"ဒါဆို ရှေ့နေက ပြောတဲ့အတိုင်း စာချုပ်ကို အရင် အဆုံးသတ်ကြရအောင်။ အမှန်တော့၊ စာချုပ်ချုပ်ပြီးရင် လေဒီရို့စ်မယ်ရီနဲ့ အိမ်ကြီးတဝိုက်မှာ လမ်းလျှောက်ပြီး ရှင်းပြချက်တွေ နားထောင်ရင် ကောင်းမလားလို့တွေးနေတာ။နင် အလုပ်သိပ်မရှုပ်ရင်ပေါ့"

"ငါက အလုပ်ရှုပ်တာလား! ငါ ညစာစားတဲ့အထိ နင့်ကိုအဖော်ပြုပေးမလို့ တစ်နေလုံး လုပ်စရာတွေရှင်းထားပြီးသား"

အာ..ဒါက လူနာ၏ ရည်ရွယ်ချက် မဟုတ်ပေ။

ရို့စ်မယ်ရီက အရမ်းစိတ်လှုပ်ရှားနေပုံရတာကြောင့် လူနာသည် မငြင်းဆန်ချင်တော့ဘဲ စောစောပြန်ဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

"ငါ အဲဒါကို စောင့်နေပါ့မယ်"

အစက သူမသည် သင့်လျော်သောအချိန်တွင် နောက်ကျနေပြီဟု ဟန်ဆောင်ပြောကာ ထွက်ခွာမည်ဟုတွေးခဲ့သည်။

…သို့သော်လည်း သူမ တွေးထားသမျှက စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။ ဒီထက် စိတ်ပျက်စရာဆိုတာ မရှိနိုင်လောက်တော့ဘူး။

* * *

"ကျွန်မ သူမကို ဒီနေ့ညပိုင်းအထိ အိမ်ကြီးကို ပြမယ်လို့ တကယ် မမျှော်လင့်ထားဘူး"

လူနာသည် မူးလဲလုနီးပါးဖြစ်နေပြီး ရထားထိုင်ခုံကိုမှီထားလေသည်။ သူမ မျက်နှာချင်းဆိုင်ရှိ ရှေ့နေမှာလည်း မောပန်းနေပုံရသည်။

"အတိအကျပဲ။ ကျွန်တော်က သူမဆက်ခံသူသင်ခန်းစာတွေနဲ့ အလုပ်ရှုပ်နေမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် လေဒီ နဲ့ ညကိုးနာရီကျော်တဲ့အထိ အတူရှိနေမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးဘူး"

မနက်ခင်း၌ ဆုံခဲ့ကြပြီး ဆယ်နာရီကြာအောင် အတူတူရှိနေခဲ့ကြသည်။ သူတို့ ဒီလောက်တောင်မှ စကားစမြည် ပြောခဲ့ကြသည်။

လူနာ အံ့အားသင့်သွားပြီး မျက်လုံးကို ပြူးကျယ်ကာ မေးလိုက်သည်။

"ဆက်ခံသူအတွက် သင်ခန်းစာလား။ လေဒီရို့စ်မယ်ရီကလေ"

"အာ၊ ဟုတ်တယ်။ သခင်လေး အန်းသန့်စ် သူ့မိသားစုထဲက ထွက်လာထဲစ ဒီလိုဖြစ်သွားခဲ့တာ"

ရိုယာက ၎င်းသည် ကြွားလုံးထုတ်စရာမဟုတ်ကြောင်း အသေးစိတ်ရှင်းပြလာခဲ့သည်။၎င်းက အမှန်တကယ်လျှို့ဝှက်ချက်မဟုတ်ပေ။တကယ်အကြောင်းမှာ ပြဿနာဖြစ်နေသည့် သားအကြီးဆုံးကြောင့်ဖြစ်သည်။

"သူက ငယ်ငယ်လေးထဲစ ခြွင်းချက်မရှိ အိမ်ထောင်ဦးစီးနေရာအတွက် ချို့ယွင်းချက်မရှိခဲ့ဘူး။ဒါပေမယ့် အခုတော့ သူ့အစားအမွေဆက်ခံဖို့အတွက်က အပြင်ကမွေးစားတာထက်စာရင် တကယ့်သားသမီးအရင်းက ပိုကောင်းတယ်မလား။ နောက်ပြီး အမျိုးသမီးတစ်ယောက် အိမ်ထောင်ဦးစီးဖြစ်လာတဲ့ဟာကလည်း ရှားပါးတဲ့ကိစ္စပဲ"

မည်သို့ပင်ဖြစ်စေ ရို့စ်မယ်ရီသည် မှန်ကန်သော အမွေဆက်ခံသူဟု ပြောလို့ရသည်။

မူရင်းဝတ္ထုတွင် အန်းသန့်စ်သည် အမွေဆက်ခံသူအနေဖြင့် ဖယ်ဆန်ကိုနှိပ်စက်ခဲ့ပြီး ဆိုးဝါးသောအရာများပြုလုပ်ခဲ့ပေသည်...

ဒါပေမယ့် အခု သူက အမွေဆက်ခံသူ မဟုတ်ဘူးတဲ့လား...သူကနောက်မှ အမွေဆက်ခံသူ ရာထူးကို ပြန်ယူမလို့လား။

"သခင်လေး အန်းသန့်စ် မြို့တော်ကို အခုပြန်ရောက်လာရင် အမွေဆက်ခံသူ ပြောင်းလဲသွားမှာလား"

"အင်း...သခင်မလေးရို့စ်မယ်ရီက သူမ အခန်းကဏ္ဍကို လုံလောက်အောင် လုပ်နေနိုင်ပြီဆိုတော့ ဒါက ‌မဖြစ်နိုင်လောက်ဘူး။ နောက်ပြီး သခင်လေး အန်းသန့်စ်ကလည်း အဲ့နေရာကို လုံးဝစိတ်ဝင်စားပုံမပေါ်ဘူး"

ဒါက ဘယ်လိုဖြစ်တာလဲ... မူလဝတ္ထုက ဘာလို့ဒီလိုဖြစ်သွားတာလဲ။ မဟုတ်သေးပါဘူး မူလဝတ္ထုထဲ ဖယ်ဆန်က ဆိုင်ယာကို နှစ်သိမ့်ပေးဖို့ သေချာပေါက် ဒီလိုပြောခဲ့တာကို။

လူနာသည်ရုတ်တရက်ရပ်သွားပြီး အတွေးထဲပိတ်မိသွားသည်။

"လေဒီလူနာ"

ရိုယာ၏ မေးခွန်းထုတ်သလိုအသံ ထွက်ပေါ်လာသော်လည်း သူမ ပြန်လည်ဖြေကြားနိုင်ခြင်း မရှိပေ။ မယုံနိုင်စရာ ကောက်ချက်ချမှုက သူမအတွေးထဲလွှမ်းသွားခဲ့သည်။

'ငါဘာလို့ မူရင်းဝတ္ထုထဲက သူတို့စကားတွေ အတွေးအမြင်တွေကို ယုံကြည်နေသေးတာလဲ။ အားလုံးက သူတို့ဘာသာထင်ယောင်ထင်မှားဖြစ်တာများလား။ ငါ့အကြောင်းလိုမျိုးလေ'

ဖယ်ဆန် နှင့် ဆိုင်ယာတို့အား ဗဟိုပြုထားသည့် ဝတ္ထုဖြစ်သောကြောင့် ဖြစ်နိုင်ချေများသည်။

ထို့အပြင် ဝတ္ထုသည် ဆိုင်ယာ၏အမြင်ဘက်မှဖြစ်သည်။ဒါကြောင့် ဖြစ်နိုင်ခြေမှာ 99% လောက်ရှိနိုင်ပေသည်။

'ဒါဆို အတိတ်က အဖြစ်အပျက်တွေအားလုံးက နားလည်မှုလွဲခဲ့တာတွေလား။ သူက တကယ်တော့ ရိုးစင်းပြီး ကြင်နာတတ်ပေမယ့် ဖယ်ဆန်နဲ့ ဆိုင်ယာ ကြောင့် နားလည်မှုလွဲခံခဲ့ရတာလား'

လူနာက ရိုယာကိုမေးလိုက်သည်။

"သခင်လေးအန်းသန့်စ်က ငယ်ငယ်ထဲက ဒေါသဖြေဖျောက်ဖို့ လူတွေကို ရိုက်တတ်တာလား"

"မဟုတ်ဘူး သူက အကြောင်းပြချက်မရှိဘဲနဲ့ကို ရိုက်တတ်တာ"

"အာ ... သိပြီ"

ရိုယာ၏ ခိုင်မာသောအဖြေကြောင့် သူမ၏မေးခွန်းသည် အဓိပ္ပါယ်မဲ့ပုံရသည်။

" သခင်လေးအန်းသန့်စ်ငယ်ငယ်တုန်းက ခွေးရူးတစ်ကောင်လိုပဲ။ သူက လုံးဝ ပုံမှန်မဟုတ်ဘူး"

"…"

"မားကွစ်မြို့စားက အသက် 12 နှစ်အရွယ် သခင်လေးကို သူ့မွေးရပ်မြေ တစ်ယောက်တည်း ပြန်ခွင့်ပြုခဲ့တဲ့ အကြောင်းအရင်း ရှိခဲ့တယ်"

"…နားလည်ပြီ"

လူနာက နှုတ်ဆိတ်သွားသော်လည်း ရိုယာက ဆက်ပြောလာခဲ့သည်။

"ရှင့် အတွက် ခက်ခဲခဲ့မှာပဲ"

"သေချာတာပေါ့! အဲဒါကြောင့်ပဲ လေဒီလူနာက ဒီလူဆိုးလို သခင်လေးအန်းသန့်စ်နဲ့ ဘာလို့ ဆက်ဆံရေးရှိသွားလဲဆိုတာ ကျွန်တော်လုံးဝနားမလည်နိုင်တာလေ။ သူ့က လေဒီ့အပေါ် တစ်ခုခုလုပ်ခဲ့တာ ရှိရမယ်လို့တောင် ထင်ခဲ့တာ"

သူမလည်း အဲဒါကို နားမလည်နိုင်ခဲ့ပေ။ဒီတိုင်း အဲဒီလိုဖြစ်သွားခဲ့တာဖြစ်သည်။ အရင်ကပြောခဲ့သလိုပဲ ကမ္ဘာကြီးက သူတို့တွေးထားသည့်အတိုင်းလည်ပတ်မနေပေ။ မဟုတ်ရင် သူမလည်း နားလည်မှုလွဲခံရ မဟုတ်ပေ။ လူနာက သူ့မျက်ရည်များကို ပြန်မျိုချလိုက်သည်။

"ဒါပေမယ့် အချိန်တိုအတွင်းမှာတင်သခင်လေး အန်းသန့်စ်က လေဒီနဲ့ ဘယ်ရွန်မြို့စား နှစ်ယောက်စလုံးအပေါ် ကောင်းတယ်ဆိုတာ ကျွန်တော်နားလည်ခဲ့ရတယ်။ ခြိမ်းခြောက်မှု မဟုတ်ဘဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပဲ!"

မဟုတ်ဘူး! 

လူနာသည် မျက်လုံးများကို တင်းတင်းမှိတ်လိုက်သည်။ သူမက မဟုတ်ကြောင်းကို မငြင်းနိုင်သဖြင့် ဒေါသသာကြိတ်ထွက်နေခဲ့ရသည်။

ထို့နောက် စကားဝိုင်းက မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့သည်။

"…ပြောပြပေးလို့ ကျေးဇူးပါ"

"ရပါတယ်။ နောက်ထပ်မေးခွန်းတွေရှိရင်လည်း ကျွန်တော့် လွတ်လွတ်လပ်လပ် မေးလို့ရတယ်"

လူနာကတော့ ရိုယာကို ဘယ်တော့မှ ထပ်မမေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

* * *

စာချုပ်ချုပ်ပြီးတာနှင့် ပြောင်းရွှေ့မှုများက မြန်ဆန်‌လှသည်။ စာချုပ်ကိုကြည့်ပြီး ပျော်ဖို့အချိန်တောင် မရှိနေပေ။

"အိုး ဘုရားသခင်! သခင်မလေး၊ ဒါက သခင်မလေးဝယ်ထားတဲ့စံအိမ်ကြီးလား"

ရထားပေါ်မှ ဆင်းလာသော အမ်မာသည် မျက်လုံးများပြူးကျယ်စွာဖြင့် အိမ်ကြီးတဝိုက်ကို ကြည့်ကာ မေးလိုက်သည်။ ယခင်က ဤနေရာသို့ရောက်ခဲ့ဖူးသော လော်ရာနှင့်မတူဘဲ အမ်မာသည် စံအိမ်ကြီးသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။

"ကောင်းတယ် မလား။အခု ဒါကငါတို့အိမ်ကြီးပဲ"

ရထားပေါ်မှသူမနောက်လိုက်လာခဲ့သော လူနာက သဘောတူလိုက်သည်။ထို့နောက် အစေခံများက အပြေးအလွှားထွက်လာကြကာ ပိုင်ရှင်အသစ်ကို ဦးညွှတ်နှုတ်ဆက်လာခဲ့ကြသည်။

ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့ပြီး လူနာအား လေးလေးနက်နက် ဦးညွှတ်ကာ မိမိကိုယ်ကို မိတ်ဆက်လာသည်။

"နှုတ်ဆက်တာနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်က နှင်းဆီစံအိမ်ရဲ့ အိမ်တော်ထိန်း ကားလ်တွန် ပါ။ အခုကစပြီး ကျွန်တော်နဲ့ စံအိမ်ကြီးက အစေခံတွေအားလုံးက သခင်မလေးကို အရိုးသားဆုံး ရိုးသားမှုနဲ့တာဝန်ထမ်းဆောင်ပေးမှာပါ။ ဂုဏ်သရေရှိသော သခင်မလေးလူနာပဲလ်"

သပ်သပ်ရပ်ရပ် ဖြီးထားသော အနက်ရောင်ဆံပင်များနှင့် ပြန့်ပြူးနေသော၀တ်စုံဖြင့် ထိုယောက်ျားသည် အလွန် စေ့စေ့စပ်စပ်ပုံစံရှိသည်။ သူက စာအုပ်များတွင် မြင်နေကျဖြစ်သော အရည်အချင်းရှိသည့် အိမ်တော်ထိန်းပုံစံဖြစ်သည်။

"တွေ့ရတာဝမ်းသာပါတယ်။ကျွန်မက လူနာပဲလ်ပါ။ ဒါက လော်ရာ၊ ဒါက အမ်မာ၊ ဒါက ရှေ့နေ ရိုယာပါ"

လူနာမိတ်ဆက်ပြီးနောက်တွင် လော်ရာနှင့် အမ်မာတို့က ဆောလျင်စွာ ဦးညွှတ်လိုက်ကြသည်။ ကောင်းစွာလေ့ကျင့်ထားသော အိမ်ကြီးကျေးကျွန်များနှင့် မတူဘဲ၊ သူတို့၏ အမူအရာမှာ အနည်းငယ် ရိုင်းစိုင်းနေပုံရသည်။

ခဏတာ အဆင်မပြေသည့် တိတ်ဆိတ်မှုတစ်ခု ရှိသွားခဲ့သော်လည်း လူနာက ၎င်းကို ပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်ပြီး သူတို့၏ အခန်းကဏ္ဍများကို ရှင်းပြလိုက်သည်။

"လော်ရာက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အိမ်ဖော်ဖြစ်ပြီးတော့ အမ်မာက စားဖိုမှူးပါ။ စားဖိုမှူးရှိပြီးသားဖြစ်နိုင်ပေမယ့် ကျွန်မတို့က အမ်မာရဲ့ ဟင်းချက်လက်ရာကို အရမ်းသဘောကျတယ်။ ဒါကြောင့် အစားအသောက်အားလုံးကို အမ်မာ့ကို ပြင်ဆင်ခိုင်းစေချင်ပါတယ်"

"နားလည်ပါပြီ"

လူနာသည် ဤအရာသည် အထိမခံသောကိစ္စတစ်ခုဖြစ်မည်ကို စိုးရိမ်ခဲ့သော်လည်း ပြဿနာမရှိစွာ လက်ခံခဲ့သည်။လူနာသည် သက်သာရာရသွားပြီး လော်ရာ နှင့် အမ်မာ ၏လက်များကို ဆုပ်ကိုင်လိုက်သည်။

"ဒါဆို နောက်မှ ဖြည်းဖြည်းချင်း တခြားသူတွေကို မိတ်ဆက်ကြတာပေါ့။ အခုနေ သူတို့အားလုံး မိတ်ဆက်ကြရင်တောင် ငါမှတ်မိမှာမဟုတ်ဘူး။ ဒါဆို လော်ရာနဲ့ အမ်မာကို သူတို့အခန်းကို ပြလိုက်အုံးမယ်"

"အိုး အဲ့တာက အစေခံအခန်းတွေဆိုရင် ကျွန်တော်တို့ ပြင်ဆင်ပြီးသားပါ။ သခင်မလေး ဘက်ကခေါ်လာမယ်ဆိုတာသိလို့ နေရာနည်းနည်းချန်ထားခဲ့တယ်။ နောက်မှလိုက်ပြလိုက်ပါ့မယ်"

အိမ်တော်ထိန်းက သူဂရုစိုက်လိုက်ပါ့မည်ဟု ပြောသော်လည်း လူနာသည် သူမနှင့် မိသားစုလိုဖြစ်နေသော သူတို့နှစ်ဦးအား အစေခံအခန်းတွင်နေခိုင်းရန် ရည်ရွယ်ချက်မရှိပေ။

"အဆင်ပြေပါတယ်။အစထဲက အိမ်ကို စူးစမ်းရင်းနဲ့ သူတို့အတွက် အခန်းတွေ ရွေးပြီးသားပါ။ အဲဒီအခန်းတွေကို သူတို့သုံးလိမ့်မယ်"

"နားလည်ပါပြီ။ ဘယ်အခန်းလဲ သိဖို့လိုတာမို့လို့ ကျွန်တော် သခင်မလေးနဲ့လိုက်ခဲ့ပါ့မယ်"

"ကျေးဇူးပြုပြီး လုပ်ပါ"

လူနာ၏ခွင့်ပြုချက်ဖြင့်၊ အိမ်တော်ထိန်း သည် သူတို့နောက်သို့ လိုက်သွားခဲ့သည်။

လူနာပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် မျက်နှာတည်နေပြသော အစေခံများသည် ချက်ချင်းပြောင်းလဲသွားပြီး တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ရိုယာသည် အဝေးမှလှမ်းကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ရုတ်တရက် မကောင်းသော ခံစားချက်များလာခဲ့သည်။

TK Team