Ch20 ရင်းနှီးမှု
ထိုနေ့ကမိုးရွာနေသည့် နောက်ထပ်တစ်နေ့ဖြစ်ခဲ့သည်....
တိမ်ဖုံးနေသော ကောင်းကင်ကြီးဖြင့်လေထုသည် ရွှဲနစ်ပြီးစိုစွတ်သော မြေဆီလွှာနှင့် လီလီပန်း ရနံ့တို့ကို သယ်ဆောင်လာကာ လေးလံနေသည်။
အသက်ရှုရပ်နေခဲ့သည် ကြောင်ကလေးကို သူ့လက်ထဲမှာ ပွေ့ပိုက်ထားရင်း သူ့ဖိနပ်ဖြူဖြူတွေက ရွှံ့တွေ နဲ့ပေပွနေတာကို ဖန်းချန် တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က သေးငယ်ပြီး နုပျိုနေသေးသည်။
ဖန်ချန်းငယ်လေး၏ မျက်နှာမှာ ကလေးအဆီလေးတွေကရှိနေတုန်းပင်...သူ့မျက်တောင်မှာ ရေစက်တွေက တွယ်ကပ်နေပြီး မျက်ရည်လား မိုးရေစက်တွေပဲလား မသဲကွဲနေချေ။ သူ့ဆံပင်များသည် မိုးရေကြောင့် အနည်းငယ် စိုစွတ်နေသည်။
ရုတ်တရက်ဘယ်ကမှန်းမသိတဲ့နေရာကနေ သူ့ခေါင်းပေါ်၌ ထီးတစ်ခု မိုးပေးလာခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ကို ထီးနဲ့ မိုးပေးထားသည်။ ဖန်ချန်းက အပေါ်ကို မော့ကြည့်လိုက်တော့ သူမြင်လိုက်ရသည်မှာ... ပေါ့ပေါ့ပါးပါး အနက်ရောင် ဘောင်းဘီ... အဖြူရောင် အင်္ကျီတစ်ထည်နှင့်လူဖြစ်သည်... ပြီးတော့ ပုပ်ပွနေတဲ့ မျက်နှာလေးလည်းရှိနေသေးသည်....
မိုးက ရုတ်တရက် သည်းထန်စွာ ရွာချလာသည်။ ဖန်ချန်းသည် မိုးရေစက်များ၏ စည်းချက်ညီညီ ကျနေသံများကိုသာကြားနေရပြီးအခြားအသံများကို မကြားနိုင်တော့ပေ။ သူတို့နှစ်ဦးစလုံးသည် ဘက်ပေါင်းစုံမှ မိုးရေများဖြင့် ဝိုင်းရံခံထားရပြီး အလယမမှာ ပိတ်မိနေသည်။ အဲ့ဒီလူ၏နှုတ်ခမ်းများက လှုပ်သွားပြီး ဖန်ချန်း၏နားထဲတွင် သူ့အသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"ဖန်ချန်း မကြောက်ပါနဲ့"
"ကလင်!"
ရုတ်တရတ် သတိပြန်ဝင်လာပြီးနောက် ဖန်ချန်းသည် ခန်းမထဲတွင်ရှိနေဆဲဖြစ်သည်ကို သိလိုက်သည်။ ထိုလူက သူ့အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်နှင့်အမျှ တောက်ပသော မီးရောင်က သူ့မျက်လုံးများထဲ၌ မှိန်ဖျော့သွားခဲ့သည်။ သူ..ထွက်ပြေး လွတ်မြောက်ချင်သော်လည်း သူ့ခြေထောက်များက တုံ့ပြန်မှု မရှိတာကြောင့် နျဲ့ရှီတဖြေးဖြေး နီးကပ်လာသည်ကို စောင့်ကြည့်ရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"မကြောက်ပါနဲ့" နျဲ့ရှီက လမ်းတစ်ဝက်တွင် ထပ်လောင်းပြောလာသည်။ "ကိုယ့်ကို.. မကြောက်လိုက်ပါနဲ့.."
သူ... ဘယ်လိုလုပ် မကြောက်ပဲနေနိုင်မှာလဲ?
ဖန်ချန်းသည် မျက်တောင်မခတ်ဝံ့ပေ..
မျက်ရည်များကတဖြေးဖြေးရစ်သိုင်းလာပြီး သူ့အမြင်အာရုံကို မှုန်ဝါးသွားစေကာ သူ့ကိုသက်သာရာရစေခဲ့သည်။ ဤနည်းအားဖြင့် နျဲ့ရှီ၏မျက်နှာကို မမြင်ရခြင်းသည်သေးငယ်သော နှစ်သိမ့်မှုကိုပေးနိုင်စွမ်းရှိသည်။
နျဲ့ရှီက ဖန်ချန်း၏ပါးကို ညင်သာပြီး ကြင်နာစွာပွတ်သပ်လာသည်။ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ပျော့ပျောင်းပုပ်သိုးသော အစား နျဲ့ရှီ၏ လက်ဖဝါးများသည် ခြောက်သွေ့ပြီး ရေခဲတမျှအေးစက်နေသည်။
"မင်း ဘာတွေ့ခဲ့လို့လဲ?" နျဲ့ရှီက “ကိုယ့်...ကို မကြောက်နဲ့” ဟု ထပ်ခါတလဲလဲ ပြောလာသည်။
ဒီစကားကို မကြာခဏ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
ဖန်ချန်းသည် သူ့မျက်နှာပေါ်ရှိ အေးစက်မှုကို လျစ်လျူမရှုနိုင်ပေ။ မျက်လုံးများမှိတ်ထားလိုက်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။ အကြောက်တရားသည် သူ့အာရုံကြောတိုင်းတွင် ပျံ့နှံ့နေသော်လည်း သူ့စိတ်ထဲတွင်တော့ ကြောက်မက်ဖွယ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည့် ပုံရိပ်များ ထွက်ပေါ်လာသည်။ ဦးစွာ မုန်လာဥနီနှင့် သခွားသီးကြော်ထားသည့် ပန်းကန်ပြားတစ်ချပ် ထို့နောက် ဆံပင်လေမှုတ်စက်၏ တုန်ခါမှုနှင့်အတူ သူ့ခေါင်းပေါ်ရှိ လက်တစ်ဘက်ဖြင့် ကပ်ပါလာခဲ့သည်။
နောက်ဆုံးတွင်... သူ့ကို ငေးကြည့်နေသည့် ပုပ်ပွနေတဲ့ မျက်နှာတစ်ခုပင်.....
ဖန်ချန်း၏နှလုံးသားထဲသို့ ထူးဆန်းသောခံစားချက်တစ်ခု ဝင်လာသည်။ သူ မျက်လုံးဖွင့်လိုက်ပြီး နျဲ့ရှီ၏ အကြည့်များနှင့် ဆုံသွားသည်။ နျဲ့ရှီ၏ မျက်စံများသည် အနက်ရောင် ချောက်ကြီးနှင့် ဆင်တူပြီး အတွင်းမှ အထီးကျန် အလင်းတန်းများတွင် ဖန်ချန်း၏ ပုံရိပ်က ရောင်ပြန်ဟပ်ကာ လင်းလက်နေသည်။ တဖြေးဖြေးနှင့် နျဲ့ရှီ၏ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များနှင့် ခရမ်းရောင်အစက်အပြောက်များက တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏မူလအသားရောင်ဖြင့် အစားထိုးလာသည်။
သက်သာရာရခြင်းအစား ဖန်ချန်းသည် ပို၍ပင် ထိတ်လန့်တကြား ခံစားလိုက်ရသည်။ ဒီကမ္ဘာပေါ်မှာ နျဲ့ရှီက ဘာကြီးလဲ?
ဖန်ချန်းသည် ထိုအတွေးများပေါ်လာမှုအတွက် အပြစ်မတင်နိုင်ပေ။ နျဲ့ရှီ၏ ပေါ်လာမှုသည် ရိုးရှင်းမလိုနဲ့ တိုက်ဆိုင်လွန်းနေသည်။ ထို့အပြင်သူ၏နောက်ဆက်တွဲလုပ်ဆောင်မှုများသည် ဤအချက်ကို ပိုမိုအလေးပေးပေါ်ထင်လာစေခဲ့သည်။ သူက ဖန်ချန်းကို အမြဲအကာအကွယ်ပေးနေပြီး သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်မထားခဲ့ပေ...
ဒါပေမယ့်...ဘာလို့လဲ?
ဖန်ချန်း၏ ခေါင်းသည် ဖြည်းဖြည်းချင်း တုန်ခါနေပြီး မျက်ခုံးများတွန့်ချိုးထားတာကြောင့် မျက်ခုံးနှစ်ခုကြားတွင် ထွန်သွားလိုမျိုးပေါက်နေသည်။
နျဲ့ရှီ၏အကြည့်များသည် အဖြူအမည်းကြောင်တစ်ကောင်ရပ်နေသည့် လှေကားထစ်ဝင်ပေါက်ဆီသို့ ရွေ့သွားသည်။ ၎င်း၏မျက်လုံးများသည် ကြေးဝါရောင်တောက်နေကာ သူတို့ကို စောင်းကာစိုက်ကြည့်နေသည်။ ဖန်ချန်းက သတိမပြုမိဘဲ... နျဲ့ရှီကသာ တစ်စုံတစ်ခုကို မြင်ရသလို ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ညင်သာစွာ ပြန်လှည့်လိုက်သည်။
ထိုလူ၏ အေးစက်သော အငွေ့အသက်များကြောင့် ဖန်ချန်းသည် အလိုလို တုန်တက်သွားစေခဲ့သည်။ သူက ဘယ်ကနေ ဆင့်ခေါ်လိုက်မှန်း မသိတဲ့ သတ္တိနဲ့ နျဲ့ရှီရဲ့လက်ကို ဖမ်းကိုင်လိုက်ပြီး "မင်း ငါ့နောက်ကိုဘာလို့လိုက်နေရတာလဲ" ဟုမေးလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း တိတ်ဆိတ်ခြင်းသည် နျဲ့ရှီ၏ တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်သည်။
"ငါမင်းကိုသိတယ်မလား?" ဖန်ချန်းက အသက်ပြင်းပြင်းရှူလိုက်ရင်း ချမ်းစိမ့်စိမ့်လေးခံစားလိုက်ရကာ ချောင်းဆိုးချင်သလိုမျိုး လည်ချောင်းယားသည်။
နျဲ့ရှီက သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ဖန်ချန်း၏ လည်ပင်းပေါ်မှာ သူ့ခေါင်းကို တိုက်ရိုက်တင်လိုက်သည်။ ဖန်ချန်း၏ တစ်ကိုယ်လုံး တင်းမာသွားပြီး သေတဲ့အထိ ကြောက်သွားပေမယ့် သူ့ကို မတွန်းထုတ်ရဲပေ။
"ဖန်ချန်း" နျဲ့ရှီက သူ့နာမည်ကို တိုးတိုးလေးခေါ်လာပြီး စာလုံးတစ်လုံးချင်းစီတိုင်းမှာ ရင်းနှီးမှု.. ချစ်ခင်ကြင်နာမှုတို့ကို နူးညံ့သိမ်မွေ့သော စုတ်တံဖြင့်ရေးဆွဲထားသလိုပါဝင်နေသည်။
ဖန်ချန်း၏စိတ်ထဲသည် ဗလာသွားသည်။ မည်သို့တုံ့ပြန်ရမည်ကို သူ မစဉ်းစားနိုင်တော့ချေ..
မည်သို့ပင်ဆိုစေ နျဲ့ရှီသည် အခြေအနေကို အခွင့်ကောင်းယူကာ သူ့အနားပိုနီးကပ်လာသည်။ သူ၏ တိုတောင်းကာ ကြမ်းရှနေသော ဆံပင်များကို လေဖြင့်ညင်သာစွာ မှုတ်ထုတ်လိုက်ပြီး မျက်နှာကို ဖန်ချန်း၏လည်ပင်းထဲမြှုပ်ထားလိုက်သည်။
ဖန်ချန်းသည် ပုပ်ပွနေသော လူ(ဇွန်ဘီ)၏ ချစ်ခင်နှစ်သက်မှုကို ရရှိနေရသဖြင့် အံ့သြသွားကာ ငိုချင်စိတ်ကိုလည်း ခံစားလိုက်ရသည်။ သူက ချိုသာသည့် အပြုအမူများချစ်ခင်တွယ်တာသည့်အမူအရာများဖြင့် သူ့မေးခွန်းတွေကို ရှောင်ဖို့ ကြိုးစားနေတာများလား... ဖန်ချန်းသည် သူမေးခွန်းတွေ ဖြေဖြေ မဖြေဖြေ စိတ်မ၀င်စားပေ.. ဒါကြောင့် နည်းနည်းလောက်ဖယ်ပေးပြီး အကွာအဝေးကို ထိန်းထားလို့ရမလား!!
သူ့မှာဆယ်ဆလောက် သတ္တိရှိနေရင်တောင်မှ ဖန်ချန်းသည် နျဲ့ရှီကို ဒီလိုစကားမျိုး မပြောဝံ့ပေ... သူက နျဲ့ရှီ၏ပခုံးကို အနည်းငယ် ပွတ်သပ်လိုက်ပြီး "ငါ..မေးခွန်းတွေ မမေးတော့ဘူး...မင်းထပေးလို့ရမလား"
နျဲ့ရှီက လိုက်လျောစွာဖြင့် ထပေးလာသည်။
ဖန်းချန်းက နျဲ့ရှီကို မကြည့်ဝံ့သေးတာကြောင့် ခေါင်းကိုငုံ့ထားကာ သူ၏ လည်ကုပ်ကို ပေါ်လွင်စေခဲ့သည်။ သူ၏ အပြုအမူက အန္တရာယ်ကိုလက်ယက်ခေါ်နေသည်ကိုသတိမပြုမိဘဲ သူ့အကြည့်များက မြေပြင်ပေါ်ကိုသာ အဆက်မပြတ် စိုက်ကြည့်နေသည်။
နျဲ့ရှီက ဖန်ချန်း၏ခါးကို ပွေ့ဖက်လာပြီး သူ့ထိတွေ့မှုအောက်မှာ ဖန်ချန်း၏ခန္ဓာကိုယ်ကတောင့်တင်းသွားပေမယ့်လည်း ဖန်ချန်းက သူနှင့်ပူးပေါင်းပြီး သူ့ကို မတွန်းထုတ်လိုက်ပေ။ ပွေ့ဖက်မှုက အေးစက်နေသော်လည်း စောနကလောက် စိတ်ပျက်စရာမကောင်စခဲ့ပေ။ နျဲ့ရှီသည် ဓားမြှောင်ကို ဖန်ချန်းကိုပြန်ပေးလာပြီး သူ့၏ခါးတွင် ချည်နှောင်ထားသော ဓားအိမ်ထဲသို့ ဂရုတစိုက်ထည့်ပေးလိုက်သည်။
"ဖန်ချန်း..." နျဲ့ရှီက ဖန်ချန်၏ နှုတ်ခမ်းပေါ်ကို ငုံ့ကာ နမ်းလိုက်ပြီး သူ့အသံသည် နားမလည်နိုင်သော စိတ်လှုပ်ရှားမှုကို သယ်ဆောင်လာသည်။
ဖန်ချန်း၏ မျက်လုံးများ၌ မျက်ရည်များ ဝေ့ဝဲလာကာ ဘာလုပ်ရမလဲဆိုတာမသိတော့ပေ....ဤပုပ်ပွနေသောအသားစိုင်သည် သူ့ကိုသတ်မည့် ရည်ရွယ်ချက်မရှိရုံသာမက သူ့ကိုလည်း ဆက်လက်ကာကွယ်ပေးနေသေးသည်။ ဖန်ချန်းသည် အဖြေကို တောင့်တသော်လည်း သူရရှိလညမည့် ကြောက်မက်ဖွယ်ရာ အမှန်တရားကို လက်ခံရန်ကြောက်ရွံ့ခဲ့သည်။ မတူညီသောမျိုးစိတ်များအတူတကွဆိုပါက အနာဂတ်မရှိကြောင်း နျဲ့ရှီကို သတိပေးချင်သော်လည်း သူကြောက်သည်။ နျဲ့ရှီက ဒေါသတကြီး တုံ့ပြန်လာပြီး သူ့ခေါင်းကို ကိုက်လိုက်ရင်ဘယ်လိုလုပ်မလဲ...?
လှေကားထစ်ဝင်ပေါက်က ကြောင်တစ်ကောင်သည် ပျောက်ကွယ်သွားခဲ့သည်။ နျဲ့ရှီသည် ဖန်ချန်း၏လက်ကို ဆုပ်ကိုင်ကာ ထိုနေရာမှစထွက်ခွာလေသည်။ ဖန်ချန်း၏ မျက်နှာက ခဏလောင်လွှဲသွားသည်နှင့်နျဲ့ရှီသည် သူ့အခြေအနေကိုပြန်ရောက်သွားသည်။ သူက လှေကားထစ်များကိုဖြတ်သွားရင်း အပေါ်ကို မော့ကြည့်သော်လည်း အကြည့်များကို အမြန်ပြန်ရုတ်လိုက်သည်။
နျဲ့ရှီသည် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီးတဲ့အခါတွင် ဖန်ချန်းက "ငါတို့ ဘယ်သွားကြမှာလဲ" ဟု သတ္တိများကို စုဆောင်းကာမေးလိုက်နိုင်ခဲ့သည်။
"နေရာ ပြန်ကြမယ်" နျဲ့ရှီက သူတို့၏ယှက်ထားလျက်ရှိနေသော လက်များကို လှုပ်ခါရင်း ပြန်ပြောလာသည်။
သူ့လက်တွေ ပုပ်ပွနေသည့် အခြေအနေကနေ သိသိသာသာ တိုးတက်လာခဲ့သည်။ ဖန်ချန်းသည် ထူးဆန်းသည်ကို တွေ့ရှိခဲ့ပြီး နျဲ့ရှီ၏မျက်နှာကို တိုက်ရိုက်ကြည့်ရန် သတ္တိမရှိခဲ့ပေ။
ဓာတ်လှေကားထဲသို့ ဝင်လာသောအခါမှာတော့ အချိန်အတော်တန်ကြာအောင်စိတ်ထဲတွင် ဗလာဖြစ်နေခဲ့သော ဖန်ချန်းသည် ရုတ်တရက် တစ်ခုခုက်ုသတိရသွားသည်။ "ဖန်ယင်းယင်း သူမ...!" သူမကို ဘယ်လိုလုပ်မေ့သွားရတာလဲ!
တိတ်ဆိတ်မှုတစ်ခုက ဓာတ်လှေကားကို လွှမ်းခြုံသွားသည်။
ဖန်ချန်းက မတတ်နိုင်ဘဲ နျဲ့ရှီကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်မိသည်။ ဘေးတိုက်မေးရိုးမြင်ကွင်းတစ်ခုကိုသာမြင်ရပြီး ထိုယောက်ျား၏မျက်နှာ၏ ပြတ်သားချောမောသော ပုံသဏ္ဍာန်ကို ထုတ်ဖော်ပြသနေသည်။ ပါးရိုးအောက်ကအစိတ်အပိုင်းတစ်ပိုင်းလုံး ပုပ်နေသော်လည်း သူ၏မူလအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။
သူ့နှလုံးက ခဏလောက်ဆောင့်ခုန်သွားပြီး ဖန်ချန်းသည် သူ့ခေါင်းကို အမြန်ပြန်လှည့်လိုက်ကာ သူ့လက်ကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည် ။
"မင်း...ငါ့ကိုကြောက်တုန်းပဲ" နျဲ့ရှီ၏ နားမလည်နိုင်လောက်အောင်နက်နဲစွာပြောလာသော သူ့အသံကြောင့် မည်သည့်ခံစားချက်ကိုမျှ မပိုင်းခြားနိုင်ပေ....ထို့နောက် သူကဖန်ချန်း၏လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလာခဲ့သည်။
သူ့လက်ဖဝါးပေါ်မှ ဖယ်ခွာသွားသည့် အေးခဲသော အထိအတွေ့ကြောင့် ဖန်ချန်းသည် မသိစိတ်အရ သူ့လက်ချောင်းများကို ကွေးလိုက်မိသည်။ ဓာတ်လှေကားတံခါးများက ပွင့်သွားသော်လည်း နှစ်ယောက်စလုံး မလှုပ်မရှားလာပေ...
"ငါတို့ သူမကို မရှာတော့..." ဖန်ချန်းက သူ့မေးစေ့ကို မြှောက်လိုက်ပြီး စကားတစ်ဝက်သာ ပြောလိုက်နိုင်ခဲ့သည်။ နျဲ့ရှီ၏ အေးစက်နေသော နှုတ်ခမ်းများက သူ့အပေါ်ကို ပြင်းထန်စွာ ဖိကပ်လာခဲ့ပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်လာသည်။ ဒီတစ်ခေါက် အနမ်းက လုံးဝမအေးနေပေ... ကိုက်ခဲခံလိုက်ရမှုကြောင့်နာကျင်မှုနှင့်အတူ သတ္တုအရသာတို့က ရောနှောလာခဲ့ပြီး တံတွေးများနှင့်အတူ ရောထွေးသွားကာ တညီတညွတ်တည်း မျိုချပစ်လိုက်မိသည်။ ခဏလေး!! နျဲ့ရှီလည်း သွေးထွက်နိုင်တာလား? သူ့သွေးရဲ့ အရသာက လူသားတစ်ယောက်လိုပါပဲ ဟုဖန်ချန်းတွေးလိုက်မိသည်။
တိုးညှင်းသောအသက်ရှုသံများက နွေးထွေးမှုနှင့်အတူ သူ့နားထဲ စိမ့်ဝင်လာသည်။ နျဲ့ရှီ၏လက်များက သူ့ခန္ဓာကိုယ်ပေါ်အနှံ့ ပွတ်သပ်နေကာ သူ့ခါးတင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ ဖန်ချန်း ၏လက်များသည် အေးစက်နေသော်လည်း သူ့ခန္ဓာကိုယ်မှ ပူလောင်သောအပူရှိန်များထုတ်လွှတ်လာပြီး သူ့နှလုံးသားထဲကို စိမ့်ဝင်သွားသည်။ ဖန်ချန်းသည် သူ့လျှာကို ညင်သာစွာ ရွှေ့လိုက်သည်နှင့် ရောယှက်နေသော တစ်ဖက်လူ၏နှုတ်ခမ်းများမှ နူးညံ့သော ညည်းသံတစ်ခု ထွက်ပေါ်လာသည်။ သူ့အောက်မှ မျက်တောင်များ၌ သိမ်မွေ့သော အရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူ...တကယ်ပဲ...ဘာကိုမေ့နေခဲ့တာလဲ...?
နျဲ့ရှီသည် သူ့တိုက်ခန်းထဲတွင် ညဘက်တိုင်း မကြာခဏ ပေါ်လာတတ်သည့် ဇွန်ဘီဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်ပင် နျဲ့ရှီကို သူထင်သလောက် မကြောက်မိခဲ့ပေ။
နျဲ့ရှီသည် ဖန်ချန်း၏ မျက်လုံးများကို ဖုံးအုပ်လာကာ လျှာကို ရုတ်သိမ်းလိုက်ပြီး ဖန်ချန်း၏ နှုတ်ခမ်းများကို ခပ်ဖွဖွကိုက်လိုက်သည်။
ညတာက ပိုနက်လာခဲ့သည်.....
×××××××××××
တိမ်ကင်းစင်နေသော ကောင်းကင်အောက်တွင် ပတ်ဝန်းကျင်သည် ကလေးများ၏ အော်ဟစ်သံများဖြင့် ဆူညံနေသည်။ အားကစားကွင်းတွင် အဖြူအနီဝတ်စုံများ ၀တ်ဆင်ထားသည့် ကလေးတစ်စုက ဖန်ချန်း နှင့်အတူ ကစားနေကြသည်။
ဖန်ချန်းရှေ့မှ မျက်နှာများသည် မှုန်ဝါးနေကာ တစ်စုံတစ်ယောက်နှင့် မတိုက်မိမီအထိ သူသည်တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည် ။ သူ့လက်ကောက်ဝတ်က လှမ်းဆွဲခံလိုက်ရပြီး လှည့်ကြည့်လိုက်ရာ နျဲ့ရှီကို တွေ့လိုက်ရသည်။
အလယ်တန်းကျောင်းသားနှစ်တွင် နျဲ့ရှီသည် သူ၏ရွယ်တူများထက် ပိုမိုမြင့်မားသော အရပ်နှင့်ရုပ်ရည်ရှိလေသည်။ သူ့မျက်နှာသည် အမူအရာများ ကင်းမဲ့နေကာ အသက်မဲ့လူသားနှင့်တောင် ဆင်တူနေသေးသော်လည်း ငယ်ရွယါအပြစ်ကင်းစင်ခြင်း တစ်ခု ရှိနေသဖြင့် သူ့ကို ပို၍ပင် နုပျိုနေစေသည်။
ဖန်ချန်းက အံ့သြသွားပြီး "မျှော်လင့်ထားသလိုပဲ မင်းပဲကိုး!" ပြောလိုက်သည်။တစ်ဖက်လူက စိတ်လှုပ်ရှားသွားပြီး ပြုံးနေခဲ့၏။ လူငယ်လေး၏ ဂရုမစိုက်သော အပြုံးသည် တောက်ပသော အရောင်များဖြင့် ဖြာထွက်နေကာ မှတ်ဉာဏ်ထဲတွင်တင်ကျန်ရစ်ခဲ့သည်။
"ဟားး..... မင်းကိုရင်းနှီးနေတယ်လို့ထင်တာအံ့ဩစရာမရှိဘူးဘဲ...မင်း ငါ့ကိုမှတ်မိလား?"ဖန်ချန်းက မျက်တောင်တဖျပ်ဖျပ်ခပ်ကာ သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။
နျဲ့ရှီက သူ့လက်ကိုလွှတ်လိုက်ပြီး သူ့အကြည့်ကို အဝေးလှည့်လိုက်ကာ "အမ်း"
"ပြောကြည့်...ဒါဆို ငါက ဘယ်သူလဲ"
လေပြေတစ်ခုသည်ဖြတ်တိုက်သွားပြီး သစ်ရွက်များကို လွင့်စင်သွားစေသည်။
နျဲ့ရှီက ခေါင်းကို မော့လိုက်ရင်း အကြည့်များသည်အဝေးသို့ရောက်နေပြီး ဖန်ချန်ပေါ်သို့ ဆင်းသက်မလာသေးဘဲ "ဖန်ချန်း" ဟုပြောလာခဲ့တော့သည်။
×××××××××××
ဖန်ချန်းသည် သူဘယ်လို အိပ်ပျော်သွားမှန်း မသိပေ... သူပြန်နိုးလာသောအခါ နှစ်နာရီကျော်နေပြီဖြစ်သည်။
ချောင်ယန်သည် ဆိုဖာထောင့်တွင် ထိုင်နေပြီး ဖန်ချန်းနိုးလာတာကိုမြင်လိုက်ရချိန်တွင် "အဆင်ပြေရဲ့လား ဖန်ချန်းကော?" ဟုမေးလာခဲ့သည်။
ဖန်ချန်းသည် သူ့အိပ်မက်မှ အပြည့်အဝ မနိုးထလာနိုင်သေးဘဲ အသားအရေကဖြူစုတ်နေသေးကာ နှလုံးခုန်သံများက ပြင်းပြင်းထန်ထန် တုန်ခါနေပြီး ရင်ဘတ်ထဲ၌ ထုံမွှမ်းသော နာကျင်မှုတစ်ခုကို ဖန်တီးနေသည်။
သူနဲ့ နျဲ့ရှီက တစ်ယောက်ကိုတစ်ယောက် သိကြသည်...
သူတို့တစ်ယောက်နဲ့တစ်ယောက် သိတာကြာပြီ...
ချောင်ယန်က ဖန်ချန်းအတွက် ရေတစ်ခွက်ထည့်ပေးလိုက်ရင်း"သူတို့က ဟိုအမကြီး ကိုရှာဖို့သွားကြတယ်" ချောင်ယန်၏ မျက်လုံးများက မီးအိမ်ကအလင်းရောင်အောက်မှာ ထူးထူးခြားခြား တောက်ပနေကာ "ကျွန်တော်တို့ လေးယောက်ကို ဒီမှာ ထားခဲ့ပြီးတော့" ဟုပြောလာသည်။
ဖန်ချန်း ကုတင်ပေါ်တွင် လဲလျောင်းနေသော စုံတွဲကို သတိပြုမိလိုက်သည်။
"သူတို့ကအိပ်နေကြပြီလား?" သူကတိုးတိုးလေး မေးလိုက်သည်။
"အင်း" ချောင်ယန်က 'ကျွန်တော်ကတော့ မအိပ်ရဲဘူး" သူက ဖန်ချန်းကို ကြည့်လိုက်ကာ သူ့နှုတ်ခမ်းသူ တင်းတင်းစေ့လိုက်ပြီး "အဲ့ဒီအမကြီးက ဘာလို့ကောကို အပြင်ကိုဆွဲထုတ်သွားတာလဲ"
ဘာလို့ဆို...နျဲ့ရှီ တစ်ခုခုလွဲနေလို့ပင်...
နျဲ့ရှီ၏အကြောင်းများက သူ့ နှလုံးသားထဲ နစ်မြုပ်သွားကာ "သူတို့... နျဲ့ရှီကလည်း သူ့ကို လိုက်ရှာနေတာလား?"
"အမ်း..." ချောင်ယန်က သူ့လက်ထဲက ကျောပိုးအိတ်ကို ကိုင်လိုက်ပြီး "ဒါနဲ့ကော ပြန်ရောက်လာတုန်းက သူက ကောကို ပြန်သယ်လာခဲ့တာ...ဘာဖြစ်ခဲ့တာလဲ တစ်ခုခု ဖြစ်ခဲ့တာလား"
ရှဲ့ယင်းတို့က နျဲ့ရှီနဲ့အတူ အပြင်ထွက်ဖို့ သတ္တိရှိသည်ဆိုတာက တခြားသူတွေက သူ့အကြောင်း ဘာမှ ထူးထူးခြားခြား မတွေ့မိဘူးလို့ ဆိုလိုတာပင်။ သူကိုယ်တိုင်နဲ့ ဖန်ယင်းယင်းငသာ နျဲ့ရှီအကြောင်း သဘောပေါက်ခဲ့တာဖြစ်သည်။ဒါပေမယ့် ဘာလို့လဲ?
"ဖန်ချန်ကော" ချောင်ယန်င ကျောပိုးအိတ်ပေါ်တွင် သူ့ခေါင်းကို တင်လိုက်ပြီး ခေါင်းကို ပေါ့ပေါ့ပါးပါး စောင်းထားကာ "ဟိုကျဲနဲ့ ဘာလို့ လိုက်သွားတာလဲဟင်... အပြင်မှာက အန္တရာယ်များတယ်ဆို သိရဲ့လား"
ဖန်ချန်ူ ၏နှလုံးသားသည် အနက်ရှိုင်းချောက်ထဲသို့ တည့်တည့်ကျသွားခဲ့သည် ။
ဟုတ်တယ်... သူဘာလို့ ဖန်ယင်းယင်း နဲ့ သွားခဲ့တာလဲ?တစ်ယောက်တည်း နေရတာ အန္တရာယ်များတဲ့ ရွေးချယ်မှုဆိုတာ ထင်ရှားသားနဲ့ကို....
ခဏနေတော့ တံခါးလက်ကိုင် လှည့်လာပြီး ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လင်မယားနှစ်ယောက် ရုတ်တရက် လန့်နိုးလာကာ ခေါင်းကို ဖိထားရင်း ငိုက်မျဉ်းနေတဲ့ အမူအရာနဲ့ “ဘာဖြစ်နေတာလဲ"ဟုမေးလာခဲ့ကြသည်။
ကောင်းချန် နဲ့ ရှဲ့ယင်းက အရင်ဝင်လာခဲ့ပြီး နောက်ဆုံးမှဝင်လာသည့် နျဲ့ရှီက သူတို့နောက်က တံခါးကို ပိတ်လိုက်သည်။
နျဲ့ရှီသည် အတွေးထဲတွင် နက်ရှိုင်းနေပုံရပြီး ခေါင်းညိတ်ပြလာသည်။ ဖန်ချန်း၏ ရှုထောင့်မှကြည့်လျှင် အပြာရောင်အစင်းတန်းသည် သူ့မျက်လုံးထဲထင်ရှားနေကာ သူ့လည်ပင်းပေါ်က နီရဲနေသော အဖုအထစ်များက ပေါ်လွင်နေသည်။
ပုပ်နေသည့် လက္ခဏာများက တဖြေးဖြေးချငါး ပို၍ပို၍ ပျောက်ကွယ်သွားသည်။
ရှဲ့ယင်းက စိတ်ပျက်လက်ပျက်ဖြင့် ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး သူမ၏ရှည်လျားသောဆံပင်များက ကျဆင်းနေကာ မျက်နှာတစ်ဝက်ကို အုပ်ထားသည်။
"သူမကို ရှာမတွေ့ခဲ့ဘူး"
"ဒါပေမယ့် အဲဒီအရာနှစ်ခုနဲ့ထပ်တွေ့ပြန်တယ်" ကောင်းချန်မျက်နှာက ရှုံ့မဲ့နေသည် "ဘယ်လောက်တောင် ရွံစရာကောင်းလိုက်လဲ ငါ့ညစာတော့ ပြန်အန်ထွက်တော့မယ်"
ဖန်ချန်းသည် နောက်ဆုံးတွင် နျဲ့ရှီကို တိုက်ရိုက်ရင်ဆိုင်ရန် သတ္တိကို စုဆောင်းခဲ့သည်။ နျဲ့ရှီ၏ မျက်လုံးများသည် မည်းမှောင်နေပြီး အလင်းတန်းများပင် တိတ်ဆိတ်နေသော တွင်းနက်ကြီးကဲ့သို့ နားမလည်နိုင်စရာကောင်းအောင် အနက်မှလွဲပြီး ဘာမျှ ထုတ်ဖော်မပြသနေပေ...
ဖန်ချန်းက နျဲ့ရှီကို နားလည်လာသည့်အခါမှာတော့ တုန်ရီလာခဲ့သည်။ နျဲ့ရှီ၏ အန္တရာယ်ကင်းသောအခြေအနေသည် ဖန်ချန်း၏ရှေ့မှောက်တွင်သာ ထုတ်ဖော်ပြသသည်။ ဖန်ချန်းကို သူ ဒုက္ခပေးမှာ မဟုတ်ပေ.. သူတို့နှစ်ယောက်မှာ သမိုင်းရှိသည်... ဒါပေမယ့် တခြားသူတွေကိုရော?
နျဲ့ရှီသည် မည်သူ့အသက်ဆုံးရှုံးသွားသည်ကိုမှ ဂရုမစိုက်ပေ။
သူ၏ တစ်ခုတည်းသော စိုးရိမ်မှုသည် ဖန်ချန်းကို ကာကွယ်ခြင်းပင်ဖြစ်သည်။