Chapter 151
Viewers 19k

🐯Chapter 151



ကုယွီမြန်၏ရှေ့တွင် ရှို့ကိုမှိတ်ပြီး အသက်တစ်ချက်ရှူရုံဖြင့် သတ်ပစ်နိုင်သဟန် သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပေလိမ့်မည်။ ရှို့ဟန်က သတ်ဖြတ်ခြင်းအလုပ်နှင့် အသားကျ​နေပြီး ထိုသို့ပြုလုပ်ရန်အတွက် တွေး​တောနေရန်ပင် မလိုအပ်​ပေ။ မျက်စိများည်။ သူ၏အသက်ရှုသံသည်ပင် တည်ငြိမ်​နေ​သေး၏။


သို့​သော် ၎င်းက လှပသည့်မြင်ကွင်းတစ်ခုမဟုတ်ကြောင်း သူလည်းသိ​ပေသည်။


ရှို့ဟန် သက်​သောင့်သက်သာဖြစ်မနေခဲ့ပေ။


လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်က ကြယ်တာရာအာကာသ၏ အစွန်အဖျား၌ ဇာ့ဂ်များ၏ ဝန်းရံထားခြင်းကိုခံထားရသော ဂြိုဟ်​လေးတစ်ခုကို ရှို့ဟန် ကယ်တင်ခဲ့သည်။ စစ်ပွဲအဆုံး၌ တပ်ကူပေးရန် ကမန်းကတန်းပို့လွှတ်ခဲ့သော စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိများနှင့် စစ်သားများကို ဇာ့ဂ်များက ကပ်ပါးကောင်များအဖြစ် လုံးဝပြောင်းလဲခဲ့ပြီး​နောက် သူတို့၏ဦးနှောက်များလည်း သေသွားခဲ့သည်။ ထိုသူများက ကူးစက်ရောဂါ၏ အရင်းအမြစ်အသစ်တစ်ခု ဖြစ်လာရန် တာဆူလာ​ပေသည်။ ထို့​ကြောင့် ရှို့ဟန်က ဇာ့ဂ်များကိုသတ်ခဲ့သည့်အတိုင်း သူတို့ကိုလည်း သတ်ပစ်ခဲ့၏။


ထိုအချိန်တွင် ကယ်တင်ခြင်းခံရသော လူအားလုံးတို့က သူတို့၏ကြောက်ရွံ့မှုကို ထုတ်ဖော်ပြသလာခဲ့ကြသည်။ 


ထိုအချိန်က ရှို့ဟန်၏အမူအရာမှာ ရင်ဘတ်၌ သွေးများ​ပေပွ​နေပြီး ခံစားမှုကင်းမဲ့သောအမူအရာဖြင့် ငရဲမှ လွတ်မြောက်လာသူတစ်ဦးနှင့်ပင် တူနေခဲ့၏။ သူက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သော ဇာ့ဂ်များထက်ပင် အနည်းငယ်ပို၍ စက်ဆုပ်စရာကောင်းနေခဲ့သည်။


"ငါ သူရဲ့အတွေးတွေကို မခန့်မှန်းနိုင်သလို သူ့ရဲ့စိတ်ခံစားချက်တွေကိုလည်း မမြင်နိုင်ဘူး…"


"ငါ ကြောက်တယ်… သူက စက်ဆုပ်စရာကောင်းတယ်…"


"ဇာ့ဂ်တွေကိုချိန်ထားတဲ့ လေဆာသေနတ်က ဘယ်အချိန် ငါတို့ဘက်ကို လှည့်လာမလဲဆိုတာ ငါမသိဘူး…"


"ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်လုံးထဲမှာတော့ ဘဝက ​ဈေး​ပေါလွန်းတဲ့အရာတစ်ခုသာသာပဲ…"


ရှို့ဟန်က သူ့ကိုယ်ပိုင်ပုံရိပ်များ ချန်ထားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို မုန်းတီးခဲ့သည်။


သူငယ်စဉ်ကတည်းက ထိုကဲ့သို့ဖြစ်နေခဲ့ခြင်းပင်။


သူက အများနှင့်မတူသည့် လူတစ်ယောက်ဖြစ်​သော​ကြောင့် လူတိုင်းက သူ့ကိုကြောက်ရွံ့ခဲ့ကြပြီး သူသည်လည်း ​သေချာ​ပေါက် ထိုလူများကိုမနှစ်သက်ပေ။


သူ့ဘဝ၏အချိန်အများစု၌ ထိုကဲ့သို့သောမျက်လုံးများက သူနှင့်အတူ ယှဉ်တွဲလိုက်ပါလာခဲ့သည်။


"......"


သဲကမူရှိလေက အ​မှောင်ယံညကို ​ကျော်ဖြတ်ပြီးတိုက်ခတ်လာခဲ့၏။


ကုယွီမြန် လက်ကိုဆန့်ထုတ်လိုက်ပြီး ရှို့ဟန်၏လက်ဖမိုး​ပေါ်သို့ နူးညံ့ညင်သာစွာ ဖိလိုက်သည်။

"မကြောက်ပါနဲ့…"


ဆင့်ပွားဇာ့ဂ်တွေကို မကြောက်ပါနဲ့လို့ ပြောတာလား...


ဒါမှမဟုတ် မင်းကို မကြောက်ပါနဲ့လို့ ပြောတာလား...


ကုယွီမြန်က ရှို့ဟန်၏လက်များကို အနည်းငယ် ညင်သာခိုင်မြဲစွာဖြင့် ဆုပ်ကိုင်ထားခဲ့ပြီး သူ၏လက်ဆယ်ချောင်းလုံးဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။


ကြောက်စရာကောင်းပြီး လှည့်ဖျားတတ်သော သတ္တဝါတစ်ကောင်ကို ကုယွီမြန်က ကျောက်စရစ်ခဲ​ရေကန်ထဲတွင် သွေးများဖုံးလွှမ်းလျက် တွေ့ခဲ့ရသည်။ ကုယွီမြန် ရှို့ဟန်ကို ဦးတည်ကြည့်လိုက်ရာ ရှို့ဟန်က မျက်လွှာချလိုက်ပြီး ကုယွီမြန်၏အကြည့်များကို သတိကြီးစွာဖြင့်ရှောင်ရှားလိုက်သည်။ ကုယွီမြန် ရှို့ဟန်ကို အချိန်အတော်ကြာအောင် ဂရုတစိုက်စောင့်ကြည့်နေခဲ့ပြီးနောက် အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်လိုက်၏။


ကုယွီမြန် သက်ပြင်းချလိုက်သည်။

"ရှို့ဟန် မင်း ချီးကျူးမခံရဖူးဘူးလား…"


ကုယွီမြန်၏မျက်လုံးများက ပယင်း​ရောင်တောက်ပနေ၍ နေဝင်ချိန် အညိုဖျော့ဖျော့ ရေကန်ကဲ့သို့ အလွန်နူးညံ့သိမ်မွေ့ပြီး ရှို့ဟန်နှင့် ဆန့်ကျင့်ဘက် အစွန်းနှစ်ဘက်လိုဖြစ်​နေသည်။


မရေမတွက်နိုင်သောလူများကို သူ့အား ချစ်မြတ်နိုးလာအောင် ပြုလုပ်ခဲ့သော ထိုမျက်လုံးများက ယခုအခါ သူ့ကိုကြည့်​နေခဲ့သည်။


ရှို့ဟန်အပိုင် ဤလူငယ်လေးသည် အလွန်ကို​ချောမောပြီး ဆွဲ​ဆောင်မှုရှိသူတစ်ဦးဖြစ်၏။ သူ၏နှုတ်ခမ်းများကို သိမ်မွေ့စွာ တင်းတင်းစေ့ထားပြီး မျက်လုံးများသည်လည်း ရှင်းလင်းပြတ်သားစွာ ကွေးညွတ်နေ​သော်လည်း နောက်တစ်ကြိမ် ငိုတော့မည့်ပုံ​ပေါက်နေသည်။


ကုယွီမြန် ရှို့ဟန်အား ​ပြောလိုက်၏။

"ဒါဆို ငါ မင်းကို ချီးကျူး​ပေးမယ်…"


အဲဒီလူတွေက ရူးနေတာပဲ…


ဒီလိုက​လေးကြီးကို ​ကြောက်ရတယ်လို့...


"မင်းက အရမ်းတော်ပြီး အရမ်းလည်းသန်မာတယ်… ခုနစ်နှစ်ကြာတဲ့အထိ ဇာ့ဂ်တွေရဲ့တိုက်ခိုက်မှုကို ခုခံကာကွယ်​ပေးခဲ့ပြီး သူတို့ကို အောင်နိုင်ခဲ့တယ်… မင်းက အရမ်းစွမ်းအားကြီးတယ်... တကယ်ကို စွမ်းအားကြီးတယ်… လူတိုင်းကတော့ အမှားနဲ့မကင်းဘူး ဒါပေမဲ့ မင်း အကောင်းဆုံးလုပ်ခဲ့ပြီးပြီဆိုတာ ငါ သိတယ်… မင်းကိုယ်မင်း တစ်ချိန်လုံး အပြစ်တင်နေဖို့မလိုဘူး… ငါ  ဒီအရာ​တွေအားလုံးကို လက်ခံဖို့ အချိန်လိုအပ်နေသေးသလို မင်းရဲ့အကြောင်း​တွေ အားလုံးကိုနားလည်ဖို့လည်း အချိန်လိုအပ်တယ်… ဒါပေမဲ့ မင်းနဲ့တွေ့ဆုံပြီး အတူတူနေရတာက အမှန်တကယ်ကို ကံကောင်းတယ်လို့ ခံစားရတယ်… အဲဒီအတွက် ကျေးဇူးတင်ပါတယ်…"


မျက်ရည်များရှိမ​နေ​သော်လည်း ကုယွီမြန် လက်ကိုဆန့်ထုတ်လိုက်ပြီး ရှို့ဟန်၏မျက်လုံး​ထောင့်စွန်းကို သူ၏လက်မဖြင့် ပွတ်သပ်ပေးလိုက်၏။

"မင်းသာ သဘောကျတယ်ဆိုရင် အဲဒီစကားကို နေ့တိုင်း ပြောပေးနိုင်တယ်…"


"တစ်နေ့နှစ်ကြိမ်…"

ရှို့ဟန် မျက်လွှာချလိုက်ပြီး တုန်ရီနေသော သူ့လက်ချောင်းထိပ်များဖြင့် ကုယွီမြန်၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။


ထို့နောက် သူတို့နမ်းခဲ့ကြ၏။


စွန့်ပစ်ထားသောဂြိုဟ်ပေါ်တွင် ညနှင့်အဖြူရောင်သဲကမူများနှင့်အတူ အမြဲတမ်း တိုက်ခတ်နေ​သော​လေများသာ သူတို့၏ဘေးပတ်ချာလည်တွင် ဝန်းရံလျက်ရှိသည်။


"......."


-----


ထိုညနက်လာချိန်တွင် ကြယ်တာရာမြို့တော်​ပေါ်၌ မီးရှူးမီးပန်းများ တစ်ညလုံး ပစ်​ဖောက်ခဲ့ကြသည်။


ခမ်းနားထည်ဝါပြီး လှပသော မီးရှူးမီးပန်းများက တစ်ခုပြီးတစ်ခု လေထဲသို့ ​ပေါက်ကွဲထွက်လာကြသည်။ ယနေ့က ထူးခြားသောနေ့တစ်နေ့ မဟုတ်​သော်လည်း ခမ်းနားထည်ဝါသော ပွဲတော်ကြီးတစ်ခုကဲ့သို့ပင်။ ထိုမီးရှူးမီးပန်းများက လူတိုင်းအား ရပ်ကြည့်​စေနိုင်သည်အထိ အလွန်လှပ​နေသည်။


ကုယွီမြန်ကို ပထမဆုံးအကြိမ် ​တွေ့သည့်အချိန်က ရှို့ဟန်၏အ​ရှေ့တွင် မီးရှူးမီးပန်းများ ​ဖွာထွက်သွားကဲ့သို့ပင်။ သူ့မျက်လုံးက ဖမ်းစားညှို့ငင်ခံလိုက်ရပြီး နှလုံးခုန်သံသည်လည်း မြန်လာသည်။ အချိန်တိုင်းစက္ကန့်တိုင်း၌ ကုယွီမြန်က သူ့စိတ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။


နှစ်ပေါင်းများစွာကြာသည်အထိ ရှို့ဟန်က ထိန်းချုပ်၍မရနိုင်သော ရှုပ်ထွေးသည့်အခြေအနေထဲ၌ ရှိနေဆဲပင်။


ကုယွီမြန်က ရှို့ဟန်ဘဝထဲတွင် တုနှိုင်းမဲ့ကင်းသည့် ကြယ်လေးတစ်စင်းဖြစ်ကာ တစ်လက်လက်တောက်ပနေသော ပန်းပွင့်လေးများထက်ပင် ပို၍တောက်ပနေသည်။


ထို့အပြင် ဘယ်သောအခါမှ နိုးမထချင်သည့် ချိုမြိန်သောအိပ်မက်လေးတစ်ခုပင်။


နံနက်ဆယ့်နှစ်နာရီတွင် လူတိုင်းက ကြယ်တာရာမြို့တော်ပေါ်ရှိ အမည်မသိ မီးရှူးမီးပန်းများအကြောင်းကို ပြောဆိုနေကြသည်။


တီး တောင်…


လူတိုင်း စိတ်ဝင်စား​သော်လည်း မည်သည့်အါကမှ ပို့စ်တင်ခြင်းမရှိခဲ့သော ပရိုဖိုင်အ​ကောင့်တစ်ခုက ရုတ်တရက် ပို့စ်တင်လာခဲ့သည်။


[ရှို့ V - ငါ့ရဲ့မီးရှူးမီးပန်း​လေး၊ ဓာတ်ပုံ]


ဓာတ်ပုံက အတိုင်းအဆမရှိ ကျယ်ပြောသော ကြယ်များစုံလင်လှသည့် ကောင်းကင်ကြီးကို ကြည့်နေသည့် လူငယ်တစ်ယောက်၏ အရိပ်​ကောက်​ကြောင်းပုံပင်ဖြစ်၏။


​ကောက်​ကြောင်းဓာတ်ပုံ ဖြစ်သောကြောင့် ယေဘုယျ ကောက်ကြောင်းကိုသာ မြင်နိုင်ပြီး အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ မတော်တဆ​ပေလား အ​သေအချာစဉ်စား၍ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးခဲ့ခြင်းလားဆိုသည်ကို သူတို့ မသိပေ။ ​သေချာသည်မှာ ထိုအရာကဓာတ်ပုံလေးတစ်ပုံ ဖြစ်‌နေလျှင်ပင် သူ့ချစ်သူကို အခြားသူများထံ မျှ​ဝေမ​ပေးချင်ခဲ့​ပေ။


ထို့ကြောင့် ရှို့ဟန် ဒွိဟဖြစ်နေခဲ့သည်။ သူ၏တုနှိုင်းမဲ့ အဖိုးတန်ရတနာလေးကို ထုတ်လည်းပြချင်​သော်လည်း လူများသိသွားမှာကို မလိုလားခဲ့​ပေ။


ပို၍ထူးခြားသည်မှာ အနုပညာနှင့် ထုတ်ဖော်ပြသထားသော နက်ရှိုင်းလှသည့် ချစ်ခြင်းမေတ္တာတစ်ခုပင်။


"......."


လူတိုင်း တုန်လှုပ်သွားကြပြီး သူတို့၏လက်များက ပို့စ်တင်သူကို ကြည့်ရှုရန် ဖန်သားပြင်ကို ပွတ်ဆွဲလိုက်ကြသည်။


[ရှို့]


ပရိုဖိုင်အ​ကောင့်တွင် ဓာတ်ပုံလည်းမရှိ၊ ပို့စ်တင်ထားသည့် စာသားများလည်းမရှိသလို ပရိုဖိုင်သတင်းအချက်အလက်များလည်းမရှိပေ။ တရားဝင်ဖြစ်​ကြောင်း အမှတ်အသားဖြစ်သည့် "V" မှလွဲ၍ အခြားအာရုံစိုက်စရာရှိမနေ​ပေ။ အခြားအရာအားလုံးက အဖြူရောင်ကြီးပင်ဖြစ်၏။


သို့​သော် လုံးဝမမှားနိုင်​ပေ။


ထိုသူက ဧကရာဇ်မင်းမြတ်ပင်။


'ငါ့ရဲ့မီးရှူးမီးပန်း​လေး' ဟုတ်လား...


ဒါ...ဒါက တရားဝင် ကြေငြာလိုက်တာလား...


ဘုရင်မင်းမြတ်လား... အဲဒီလူက ဘယ်သူလဲ...


"....."


မုန်တိုင်းမလာမီ နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်​လောက် တည်ငြိမ်​နေခဲ့ပြီးနောက်ー


ကြယ်တာရာ ကွန်ယက်ကြီးတစ်ခုလုံး ဆာဗာကျသွားခဲ့သည်။


[​သောက်ကျိုးနည်း....]


[သောက်ကျိုးနည်း...ဘယ်လိုမှော်ဆန်တဲ့သူကများ ဧကရာဇ်မင်းမြတ်ရဲ့နှလုံးသားကို ဖမ်းစားနိုင်သွားတာလဲ…]


[ငါ့ရဲ့မီးရှူးမီးပန်း​လေးလား... အား...ကောင်းလိုက်တာ… ငါ ခေါင်းမူးနေပြီ… ဘယ်သူ ငါ့ကို ထိန်းထား​ပေးနိုင်မလဲ…]


ကြယ်တာရာကွန်ယက်ကြီးသည် ပေါက်ကွဲထွက်သွားခဲ့သည်။


အစိုးရအဖွဲ့သည်လည်း ​ဒေါသများ ပေါက်ကွဲထွက်လာခဲ့သည်။


ရှို့ဟန် ထီးနန်းမတက်မီက အစိုးရအဖွဲ့၏ ဩဇာအာဏာက စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင်ကြီးမားသည်။ လက်တစ်ဖက်တည်းနှင့် ကောင်းကင်ကို ဖုံးအုပ်ထားနိုင်သည့်အဆင့်သို့ ရောက်လုနီးပါးပင်။ တော်ဝင်မိသားစု၏ အထူးအစားထိုး၍မရသော အ​ခြေခံသဘောတရားအရ ရှို့ဟန်၏ဖခင် မျိုးဆက်အထိ တော်ဝင်အာဏာကို အခြေခံအားဖြင့် ဆိုင်းငံ့ခံထားရသည်။


နောက်ပိုင်း ပြည်တွင်း​ရေးကိစ္စများ ပြီးဆုံးသွားချိန်တွင် ကြိုးစားအားထုတ်မှု၏ ကြီးမားသောအစိတ်အပိုင်းတစ်ခုက အစိုးရအဖွဲ့အား ဖယ်ရှားပစ်ရန် တွန်းအား​ပေးခံခဲ့ရသည်။


အစိုးရအဖွဲ့တွင် ပြော​ရေးဆိုခွင့်မရှိတော့ပေ။ ယခုချိန်၌ ထိုအစိုးရအဖွဲ့၏ အဓိကအခန်းကဏ္ဍက အစိုးရကိစ္စရပ်များ စီမံခန့်ခွဲရာတွင် ကူညီ​ပေးရန်နှင့် ရှို့ဟန်၏မင်္ဂလာကိစ္စအား အလျင်အမြန်ပြုလုပ်ရန် တိုက်တွန်းခြင်းကဲ့သို့သော ရှို့ဟန်အတွက် အ​သေးအဖွဲ့ ဒုက္ခအချို့ကို ဖန်တီးပေးရန်ပင်ဖြစ်၏။


သူတို့ ဧကရာဇ်မင်းမြတ်၏မင်္ဂလာပွဲကို မျှော်လင့်​နေကြသည်မှာ မှန်​ပေ၏။


သို့​သော် ရှို့ဟန်က မူလဇာစ်မြစ်မသိရသည့် တစ်စုံတစ်​ယောက်နှင့် ကြုံရာကျပန်း လက်ထပ်မည်ကို သူတို့ မလိုလားပေ။ ဆိုလိုသည့်အဓိပ္ပါယ်မှာ လုံးဝ​ကောင်းမွန်​နေခြင်း မဟုတ်​ပေ။


လက်ရှိ၌ အစီအစဉ် မရှိ​သေး​ပေ။


"​နောက်ပြီး ​တော်ဝင်တံဆိပ်က​ရော ဘယ်မှာလဲ…"

ဆံပင်ဖြူကာ အသက်ကြီး​နေပြီဖြစ်သည့် အစိုးရခေါင်းဆောင်လေးရာ​ကျော်တို့က ညလယ်ခေါင်ကြီးတွင် အစည်းဝေးတစ်ခု ကျင်းပရန် စည်းရုံးလုပ်ဆောင်ခဲ့ကြသည်။

"ဒါက ရှေးမူနဲ့ အရမ်းကိုဆန့်ကျင်​ဘက်ဖြစ်နေတယ်… နှုတ်ထွက်စကား​တွေနဲ့လည်း မတူဘူး…"


ဝန်ကြီးတစ်​ယောက်က ပြောလာသည်။

 "အင်း...လွန်ခဲ့တဲ့လအနည်းငယ်ခန့်​လောက်တည်းက ​တော်ဝင်တံဆိပ်ကို ဧကရာဇ်က ယူဆောင်သွားပြီ…မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်​တွေကို စစ်ဆေးခဲ့ပြီး တာဝန်ယူ​ဆောင်ရွက်​ပေးခဲ့ရတယ်..."


နောက်ထပ် ဝန်ကြီးတစ်​ယောက်သည်လည်း ပြောလာသည်။

 "ဧကရာဇ်က အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ငါတို့လည်း..."


စိတ်ကသိကအောက် ဖြစ်စရာ​ကောင်းလှ၏။


တစ်ချိန်က အစိုးရအဖွဲ့မှာ ‌​ကောင်းမွန်သော အချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့​သော်လည်း ယခုအခါ အတွင်းရေးမှူးတစ်ယောက်၏ လုက်ပိုင်ခွင့်အာဏာအထိ လျှော့ချခံလိုက်ရသည်။


သို့​သော် သူ့တို့ခေါင်းဆောင်များ၏ အတွေးများက သူတို့ တာဝန်ထမ်း​ဆောင်စဉ် လွန်ခဲ့သောနှစ်နှစ်ဆယ်လောက် အချိန်ကအတိုင်း မ​ပြောင်းလဲဘဲရှိ​နေသည်က​ အမှန်တကယ် စိတ်မကောင်းစရာပင်။


"မင်းတို့ ဘာတွေပြောနေကြတာလဲ...ငါတို့က အစိုးရအဖွဲ့ပဲ…"

အသက်ကြီးကြီးလူကြီးတစ်​ယောက်က အော်ဟစ်ပြောဆိုလိုက်၏။

"အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို သူက ဘယ်လိုလုပ် တော်လှန်ပုန်ကန်ရဲမှာလဲ… မဖြစ်နိုင်လိုက်တ… ငါတို့ ပါလီမန်ရှေ့မှာရှိတဲ့ ကျောက်တိုင်​တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ဝင်ဆောင့်ပြီးーအဟွတ် အဟွတ်ー​သတ်သေသွားမယ်ဆိုရင် လူထုရဲ့ထင်မြင်ယူဆချက် ဖိအားအောက်မှာ သူ အဆင်ခြင်မဲ့စွာပြုမူနိုင်မှာလား…"


အားလုံး ငြိမ်သက်သွားကြ၏။


ပထမတစ်ချက်အ​နေဖြင့် သူတို့ ချေမှုန်းမခံရချင်​ပေ။


ဒုတိယအနေဖြင့် ဧကရာဇ်က မည်သည့်အရာကိုမဆို လုပ်နိုင်သည်။


လက်ရှိအခြေအနေအရ ၎င်းက အမှန်တရားပင်။


သူတို့ကို သတ်ပစ်ရန်မဖြစ်နိုင်လျှင်ပင် သူတို့သာ အနည်းငယ် ကန့်ကွက်ခဲ့မည်ဆိုပါက ညသန်းခေါင်ယံအချိန်တွင် နောက်ထပ်လေဆာသေနတ်နှင့် သုတ်သင်ရှင်းလင်းခံရမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။


ဝန်ကြီးတစ်ယောက်သည် တွန်ဆုတ်စွာဖြင့် ပြောလာသည်။

"အခု စစ်ပွဲက ပြီးဆုံးခါနီးပြီ…တော်ဝင်မိသားစုဆီ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို ပြန်လည်ပေးအပ်ရမဲ့ အချိန်ပဲ… လူထုရဲ့ ချီးကျူးထောက်ခံမှုကိုရရှိထားပြီး ထင်ရှားကျော်ကြားတဲ့သူက ပထမဆုံးလက်‌တွဲဖော်ဖြစ်လာမယ်ဆိုရင်လည်း လူထုအတွက်တော့ ကောင်းတဲ့အရာပါပဲ…"


"အင်း... ငါလည်း အဲလိုပဲထင်တယ်…"


"ခုချိန်မှာ စိတ်ဝိညာဉ်စွမ်းအားနဲ့ အာဏာကိုပဲ ကြည့်တာက နည်းနည်း​တော့ အစွန်း​ရောက်လွန်းတယ်…နောက်ပြီး လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု​တွေလည်းရှိ‌နေတုန်းပဲ… တကယ်လို့ ဧကရာဇ်မင်းမြတ်သာ ပပျောက်အောင်ဦးဆောင်နိုင်မယ်ဆိုရင်...."


"စစ်ပွဲကပြီးသွားပြီလား…အဲလိုဖြစ်ပုံ​တော့မ​ပေါ်ဘူး…" 

အခန်း​ထောင့်ရှိ လူတစ်ယောက်က ဆက်​ပြောလာသည်။ "ရှာဖွေနေတုန်းပဲရှိ​သေးー"


"အဲဒီလိုဖြစ်ပျက်သွားမှာကို ငါခွင့်မပြုနိုင်ဘူး…" 

အသက်ကြီးကြီး ခေါင်းဆောင်က ဒေါသမျက်နှာဖြင့် ကြားဖြတ်ပြောလာခဲ့သည်။

"မနက်ဖြန် မနက်ပိုင်းအစည်းအဝေး လုပ်တဲ့အချိန်ကျရင် ငါကိုယ်တိုင် အုပ်ချုပ်​ရေးအဖွဲ့ရဲ့ တံခါးရှေ့မှာ သွားပြီးစောင့်​နေမယ်… ငါ့အသက်ကိုစတေးပြီး ဧကရာဇ်ကို ဆွဲဆောင်​ပြောဆို ခြိမ်း​ခြောက်ရမယ်…သူ ဂရုမစိုက်ဘဲနေနိုင်မှာလား…"


ပထမဆုံးဝန်ကြီးက ထိုအကြောင်းကိုစဉ်းစားပြီး​နောက် သတိကြီးစွာဖြင့် ပြောလာသည်။

 "ငါတော့ အဲလိုမထင်ဘူး…"


အကြီးအကဲ:  "ဟမ်... ​သေချာ​ပေါက် သူ ဂရုစိုက်လိမ့်မယ်…"


ဝန်ကြီး "​အောင်ပွဲခံဖို့အတွက် မီးရှူးမီးပန်းနှစ်ခု ​ပစ်ဖောက်ရင် ​ဖောက်လိမ့်မယ်…"


အကြီးအကဲ "....."


လူတိုင်း "....."


သူတို့က ပ​ရော်ဖက်ရှင်နယ်ဆန်ဆန် ​လေ့ကျင့်​ပေးခံထားရ​သော​ကြောင့် ​ယေဘုယျအားဖြင့် ရယ်​မောခဲကြ၏။


သူတို့ ရယ်ချင်စိတ်ကို ထိန်းချုပ်မထားနိုင်ဘူးဆိုလျှင်​ပင်...


အ​ရေး​ပေါ်အစည်းအ​ဝေး ပြီးဆုံးသွားပြီး​နောက် သူတို့ ထိန်းချုပ်မထားနိုင်ကြ​တော့​ပေ။


"ဟားဟားဟားဟားဟား…"


------


​နောက်တစ်​နေ့ မနက်ခင်း ​ရှေး​ဟောင်းကမ္ဘာ​ပေါ်၌ー


ယ​နေ့က သာယာ​သော​နေ့တစ်​နေ့ဖြစ်ပြီး စမ်း​ချောင်းလေးက တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်း​နေကာ  ကောင်းကင်ကြီးသည် ​တောက်ပ​နေလျက်ရှိ၏။


ထိုအချိန်တွင် ပန်ဒါများက အိပ်​ပျော်​နေဆဲပင်။ သူတို့ကို အိပ်ရာထပြီး ​ဆေး​ကြောရန် သွားနှိုးရ​ပေမည်။ 

မနက်စာအတွက် ဘာစားရမလဲ...


သို့​သော် ဧကရာဇ်တစ်ပါးဖြစ်သည့် ရှို့ဟန်အတွက် ရသစုံရှိုးသို့ လာ​ရောက်လာရခြင်းက အမှန်တကယ် ​ပျော်စရာ​ကောင်​နေသည်လား သူ မသိပေ။


ကုယွီမြန် ​တွေ​ဝေမိန်း​မောစွာ အိပ်​ပျော်​နေပြီး သူ့ဦး​နှောက်ထဲတွင် အ​ကြောင်းအရာ ​အ​တော်များများကို ​တွေး​နေ​လေသည်။ သူ့အိပ်မက်ထဲတွင် သူက နဂါးတစ်​ကောင်၏ ​ပွေ့ဖက်ခြင်းကို ခံထားရသည်ဟု ခံစားမိသည်။ ထိုနဂါးက အဖျားရှိ​နေပုံရပြီး ကိုယ်အပူချိန်က အလွန်ပူ​လောင်လွန်း​နေသည်။


ငါ့ခါးကို လာ​ထောက်​နေတဲ့ မာ​ပြီးပူ​နွေး​နေတဲ့ဟာက ဘာကြီးလဲ... နဂါးရဲ့အမြီးလား...


"....."


သုံးစက္ကန့်ကြာပြီး​နောက် ကုယွီမြန် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။


ရှို့ဟန်က သူ့ကို ဖက်ထားပြီး ပျင်းရိစွာ သမ်း​ဝေ​နေ​လေသည်။


ကုယွီမြန် သ​ဘောကျ​သော​ကြောင့် သု့နားရွက်များကို ပြန်​ပြောင်းမထားဘဲ သူ၏ရှည်လျားကာ စွမ်းအားကြီးမားပြီး နူးညံ့သည့်အမြီးကိုလည်း ထုတ်ထား​လေ၏။ သို့ရာတွင် ကုယွီမြန်၏ခါးကို လာ​ထောက်​နေ​သောအရာက သူ့အမြီးမဟုတ်​ပေ။


ရှို့ဟန်၏​ငွေ​ရောင်ဆံပင်ရှည်များက အိပ်ရာတစ်ခုလုံး​ပေါ်တွင် ​ရေကဲ့သို့စီးဆင်းဖြာကျ​​နေ၏။ သူ ကုယွီမြန်ကို တစ်ချက်ကြည့်ကာ လက်​ချောင်းများကို စိတ်​ကျေနပ်စွာ နမ်းလိုက်ပြီး သတိလက်လွတ် ​မေးလိုက်သည်။

"ကိုယ့်ကို စီးမလား..."


"....."


ကုယွီမြန် အပြင်းအထန် ​ချောင်းဆိုးသွားရ၏။



🐯🐯🐯