Chapter 141
Viewers 19k

🐯Chapter 141



"ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ" ၏အဓိကတာဝန်မှာ ကြမ်းတမ်း​သော​ဒေသတွင် ရှင်သန်ရန်ဖြစ်​သော်လည်း ​ပျော်ရွှင်ရန်နှင့် ဖျော်​ဖြေရန်အတွက် ဧည့်သည်တော်များက ရှေးဟောင်းကမ္ဘာမှ တိုက်ရိုက်ထွက်သွားရန်မှာမဖြစ်နိုင်​ပေ။ NPCများကိုလမ်းညွှန်ရန် နှင့်တူသည့်တာဝန်များ ရှိလိမ့်မည်ဖြစ်ပြီး ထိုကဲ့သို့စီစဥ်ထားသည်။


စက်ရုပ်များမရှိ​သော်လည်း ယခုအခါ ဧည့်သည်အယောက် ၅၀ က...


အချိန်ရတဲ့အခါမှ သကြားခဲ သကြားခဲကို​မေးကြည့်ရမယ်...


တစ်ခဏကြာပြီး​နောက် ကုယွီမြန်ကို သူ့အလှည့်​​ရောက်ပြီဖြစ်​ကြောင်း သတင်းလာ​​ပေးသည်။


ပြသာနာအား ယာယီဖယ်ထားရုံသာတတ်နိုင်ပြီး ဆုယူရန်အတွက် ဝန်ထမ်းများနှင့်အတူ ထွက်သွားသည်။


က​လေးများကို သူနှင့်အတူ ​ခေါ်မသွားနိုင်ခဲ့​​ပေ။


ကုယွီမြန်က ဝန်ထမ်းများညွှန်ကြားသည့်အတိုင်း ရှည်လျားပြီး ကျဉ်းမြောင်းသော စင်နောက်အားဖြတ်၍ ပလက်​ဖောင်းရှေ့တွင် ရပ်နေခဲ့သည်။ ကြယ်တာရာကောင်းကင်၏ ဆုပေးပွဲ အခမ်းအနားကို ခေတ်ဟောင်းပုံစံ ပြုလုပ်ခဲ့သည်။

၎င်းက အ​ကျော်ကြားဆုံး ပြည့်ပြည့်ဝဝ ခံစားကြည့်ရှုနိုင်သည့် ဆုစင်မြင့်၊ အတုအယောင် နောက်ခံစသည်တို့အား အသုံးမပြုခဲ့​​ချေ။


ကုယွီမြန်က အောက်ခံခုံပေါ်တွင် ရပ်နေခဲ့ပြီး ပလက်ဖောင်းတစ်ခုလုံး ဖြည်းညင်းစွာထလာကာ သူ၏အမြင်အာရုံက တဖြည်းဖြည်း တောက်ပလာသည်။ ထို့နောက် အားပေးသံများနှင့် လက်ခုပ်သံများက သူ့အား လွှမ်းခြုံသွားသည်။


စင်မြင့်က 360ဒီဂရီ ပရိသတ်ထိုင်​သော​နေရာဖြင့် ဝန်းရံထားပြီး ခန်းမတစ်ခုလုံး၏ အလယ်ဗဟိုတွင်

ရှိသည်။ အမိုးခုံးမှ အလင်းတန်းလေးက ကုယွီမြန်၏ မျက်တောင်များပေါ်တွင် ရပ်တန့်သွားပြီး သူ့မျက်နှာတစ်ဖက်ခြမ်းတွင် အလင်းအလွှာတစ်လွှာ ​ပေါ်လာသည်။


ယခုအခိုက်အတန့်တွင် စတူဒီယိုထဲရှိ အ​ခြေအ​နေအား ​လေထဲရှိမျက်နှာပြင်ကြီးတွင် ​​ရောင်ပြန်ဟပ်​နေသည်။


ကုယွီမြန်​ပေါ်လာသည့် စက္ကန့်ပိုင်းတွင် မှတ်ချက်မျက်နှာပြင်၌ မှတ်ချက်မီလီယံ ရာချီ၍  တစ်ချိန်တည်း​ပေါ်လာသည်အား လူတိုင်း ရှင်းလင်းစွာ မြင်ခဲ့ရသည်။


[မင်းလုပ်နိုင်တယ်: အားးး....]


[ဝတ်စုံ၊စွတ်ဖားနဲ့​ရေခဲ​တွေကိုချစ်တယ်:အား... ကြည့်လို့ကောင်းတဲ့ ရှု့​ထောင့်ပဲ အား...​အေးချမ်းသာယာတဲ့အချိန် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရတာ တကယ်ကွဲပြားတာပဲ...]


[တရုတ်ပြည်​တောင်ဘက်ကကျားက ဘယ်​တော့မှချိန်းမ​တွေ့ဘူး: မြန်မြန်​ရေ ဂုဏ်ယူပါတယ်​နော်...]


[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ် : စင်​အောက်က ပထမတန်းမှာထိုင်ရင်း ငါငိုမိ​တော့မယ်...]


ကုယွီမြန်က ပြုံး၍ ကြည့်ရှုသူများအား လက်​ယမ်းပြလိုက်သည်။


ဆုပေးပွဲတစ်ခုလုံး လုပ်ငန်းစဥ်က မကြာ​​သော်လည်း ​ပျော်ရွှင်ရန် လုံ​လောက်သည်။ အဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှုက ဖျော်ဖြေရေးကဏ္ဍဖြစ်ပြီး အချို့ဖျော်ဖြေရေးပရောဂျက်များကို အလယ်တွင် ထည့်သွင်းထား​သည်။ on-siteဧည့်သည်များ နှင့်off-siteက

အပြန်အလှန်ဆက်သွယ်မှုများလည်း ရှိခဲ့သည်။ အနိုင်ရရှိသည့် တင်ဆက်သူများနှင့် ပရိသတ်များအပြင် အခြားတင်ဆက်သူများနှင့် ဆွေမျိုးများလည်း ရှိသေးသည်။


ကုယွီမြန်နှင့်က​လေးများ၏ အပြန်အလှန်ဆက်သွယ်မှုက လုပ်ငန်းစဥ်တစ်ခုလုံးတွင် အလွန်ချစ်စရာကောင်းလှသည်။


က​လေးများ၏ ဗိုက်က​လေးများ၊ နားရွက်များနှင့် လက်ဖဝါး​လေးများ၊​ မြေ​ခွေး​လေး၏အမြီးကြီး၊ ထန်ယွမ်၏ လူသားနှင့်တူသည့် စိုစွတ်​သော မျက်လုံးကြီးများနှင့် အာ့ဟာလေး၏ သူ၏အမြီးအား လျှပ်စစ်ပန်ကာတစ်ခုအဖြစ် အရူးအမူး ဝှေ့ယမ်းခြင်းတို့ဖြစ်သည်။


အပြန်အလှန်ဆက်သွယ်​သောအခါ ကုယွီမြန်၏အမူအကျင့်လည်း ရှိသည်။ အထူးသဖြင့် အစွန်း​ရောက်​သော အသွားနှစ်ဖက်ဓါး​လေး ရွှယ်ထွမ်က အခြားတင်ဆက်သူများအား

သူ၏ထက်ရှ​​သောလက်သည်းများကို ပြ​​သနေသည်။ သို့​သော် ကုယွီမြန်၏ စကားလုံးအနည်းငယ်ဖြင့် ချီးမွမ်းခံရပြီး​​နောက် သူ၏ဝမ်းဗိုက်ဖြူဖြူအားလွယ်ကူစွာပြ​သလာလေသည်။


၎င်းက လူတိုင်း၏ချစ်စရာကောင်းမှုပစ်မှတ်​ပေါ်တွင် က​ခုန်နေသကဲ့သို့ဖြစ်ပြီး မျက်နှာပြင်​ပေါ်နှင့် အပြင်ဘက်တွင် ​အော်ဟစ်မှုများဖြစ်​စေခဲ့သည်။


​နေ့လယ်ခင်း၌ ပလက်​ဖောင်း​ပေါ်တွင် ​နေ့လယ်စာ

စီစဥ်​​ပေးသည်။ ကုယွီမြန်ကိုယ်တိုင် ဟင်းအနည်းငယ်ချက်ခဲ့သည်။ ၎င်းက ရိုးရှင်း​သောနည်းလမ်းဖြစ်၍ အချိန်တိုအတွင်းပြီးခဲ့သည်။


၎င်းဟင်းကို ကြက်သွန်ဖြူနံရိုးမီးကင်ဟု​ခေါ်သည်။


လတ်ဆတ်၍နူးညံ့သော နံရိုးအတုများကို ကြက်သွန်ဖြူအရည်ဖြင့် ဖုံးအုပ်ထားပြီး ကြက်သွန်ဖြူအား မွှေကြော်ထားသည်။ ၎င်းတို့အား တရှဲရှဲမြည်​နေ​သော ​ဟော့​ပေါ့အိုးထဲမှ ဆွဲထုတ်လိုက်သည်။ နံရိုးတစ်ခုလုံးက အဆီပြန်ပြီး မွှေးကြိုင်ကာ နှမ်းဖြူများဖြူးထားပြီး အတွင်းဘက်တွင် နူးညံ့၍ အပြင်ဘက်တွင် ကြွပ်ရွသည်။ ၎င်းတွင် မှန်ကန်​သော ကြက်သွန်ဖြူ အရသာပမာဏ ရှိခဲ့သည်။


လာ​ရောက်ရန်ကျရှုံးခဲ့​သော ကြည့်ရှုသူများက ဤမြင်ကွင်းအားကြည့်ပြီး သံပုရာသီးများစားရ၍ ပင်ပန်း​နေပြီဖြစ်သည်။


"....."


ဆု​ပေးပွဲအခန်းအနားတစ်ခုလုံး၏ တိုက်ရိုက်ဗီဒီယိုအား ရက်များစွာကြာ သိမ်းထားခဲ့ကြသည်။


'ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ'ကို  ရိုက်ကူး​တော့မည်ဖြစ်၍ ​ကောမိသားစုက အခြားဧည့်သည်များအ​ကြောင်း ကြားထားသည်။


တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း၏ ပင်မစာမျက်နှာအား ဖတ်သောအခါ ​ကောရှစ်အာက ယခင်ရက်အနည်းငယ်မှ

လူသစ်ပြိုင်ပွဲ ဗီဒီယိုအပိုင်းအစအား မြင်လိုက်သည်။ ထိုထဲတွင် ကုယွီမြန် အဓိကလုပ်ခဲ့သည် ဟင်းပွဲအား မူလအ​ခြေအ​နေအတိုင်းထိန်းသိမ်းထားလိုက်သည်။


​မွှေးကြိုင်​သော ကြက်သွန်ဖြူနှင့် နံရိုးမီးကင်...


ကမာ​ဆော့စ်နှင့် ဟင်းချက်ဝိုင်ဖြင့် မချက်မီအထိ နှပ်ထားခဲ့သည်။ နံရိုးအတန်း​လေးများ၏အ​ပေါ်ယံမျက်နှာပြင်က ကြွပ်ရွနေသည်။ အနီ​ရောင်​ဆော့စ်အမျိုးအစားကြောင့် မျက်နှာပြင်က ​တောက်ပပြီး အဆီပြန်​နေကာ ဝိုင်နှင့်ကြက်သွန်ဖြူ၏အနံ့ဖြင့် နံရိုးက မွှေးကြိုင်နေသည်။


ဗီဒိယိုအပိုင်းအစတွင် ကုယွီမြန်အား ရိုက်ကူးမထားမိ​ပေ။အဓိကအရာမှာ ရှည်သွယ်​ပြီးလှပ​သောလက်​တစ်စုံဖြစ်ပြီး ကုယွီမြန်၏ထုတ်လုပ်​ရေးsite​ပေါ်မှ ဖြစ်စဥ်တစ်ခုလုံးအား အကြမ်းဖျင်း ပြုပြင်ထားခြင်းဖြစ်သည်။


ဒီလူသားက ကုယွီမြန်လား...

​ကောရှစ်အာက ​ကောင်​လေးအ​ပေါ် ထင်မြင်ချက်တစ်ခုရှိ​နေခဲ့သည်။​ ကောမိသားစုက ကုယွီမြန်မွေးဖွား​သောအခါ သွား​ရောက်ကြည့်ရှု့ခဲ့ဖူး​သော်လည်း သူသက သေချာ​ပေါက် သူတို့ဘိုး​ဘေးမဟုတ်​ပေ။ ထို့​ကြောင့် လွန်ခဲ့​သောလအနည်းငယ်က သူ့အား စာရင်းမှပယ်ခဲ့ကြသည်။


၇​ယောက်မြောက်ကော၏ သီအိုရီကဲ့သို့ အကျိုးသက်​ရောက်မှုနှင့် အ​ခြေအ​နေ၏အင်အားဖြင့် ပို၍ဖြစ်နိုင်​ချေရှိ​သောအရာအတွက် ဖယ်ထုတ်​လိုက်သည်။ ထို့​ကြောင့် ဤကိစ္စက သိသိသာသာ ရိုးရှင်း​သောအရာဖြစ်သော်လည်း သူတို့အတွက် ခက်ခဲလာခဲ့သည်။


သို့​သော် ယခုအခါ....


​ကောရှစ်အာ :"..."


ရင်းနှီးတဲ့ခံစားချက်တစ်ခု ရှိတယ်...


သွားရည်ကျ​​နေရင်း ငိုဖို့ဆန္ဒပြင်းပြ​နေတယ်…


-----


ဆု​ပေးပွဲအခမ်းအနားတွင် ပါဝင်သည့်အကြောင်းအရာက နည်းပါးသော်လည်း လုပ်ငန်းစဥ်မှာ အလွန်ကြာမြင့်သည်။​ နေ့လယ်စာစားပြီး​နောက် တင်ဆက်သူနှင့် ပရိသတ်များအကြား အပြန်အလှန်ဆက်သွယ်ရမည့်အချိန်ဖြစ်သည်။


၎င်းကို ည​နေ၅နာရီမထိုးမီအထိ တရားဝင်မ​ကြေငြာခဲ့​ပေ။


ကြယ်တာရာ​ကောင်းကင်က ပရိသတ်ထိုင်ရာ​နေရာ​ဘေးတွင် အစည်း​ဝေးခန်းတစ်ခု ပြင်ဆင်ထားခဲ့သည်။ ကုယွီမြန်က ထို​​နေရာတွင် 'ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ' ရှိုးအတွက် လက်မှတ်​ရေးထိုးရန် ရှိ​နေခဲ့သည်။


​အစီအစဥ်မှုး တုန်နန်က ရှိုး၏အ​ရေးကြီးမှုနှင့် ရင်းနှီးမြှုပ်နှံသူများထံ ကုယွီမြန်၏အ​ရေးပါမှုအား ပြသရန် လူကိုယ်တိုင်လာ​​ရောက်ခဲ့သည်။


အမှန်တွင် ကုယွီမြန်က ကြယ်တာရာ​ကောင်းကင်၏ မဏ္ဍိုင်ဖြစ်သော်လည်း အလွန်ငယ်ရွယ်သည်။သူ၏စီးပွားရေးလုပ်ငန်း အလားအလာအားပြည့်ပြည့်ဝဝ မစူးစမ်းရသေး​သော်လည်း ပရိသတ်များစွာရှိ၍ ကြယ်ပွင့်များ​အောက် မနိမ့်ကျပေ။ ထို့အပြင် သူ၏ကိုယ်ရည်ကိုယ်သွေးနှင့်လုပ်ပုံကိုင်ပုံက ရင့်ကျက်ပြီး နူးညံ့သိမ်မွေ့ကာ သူ၏စိတ်အားထက်သန်မှုမှာလည်း အလွန်မြင့်မားသည်။သူ့အား အပျက်သ​ဘော​​ဆောင် အကဲဖြတ်မည့်သူမရှိ​ချေ။


သူ့တွင် ခိုင်မာ​သောနည်းစနစ်ရှိခြင်း​ကြောင့်လား သို့မဟုတ် သူသည်နှစ်သက်ဖွယ်​ကောင်း​သော​ကြောင့်လား နှစ်ခုလုံး​ကြောင့်လားမသိ​ပေ။ 


"NPCနဲ့ပတ်သတ်ပြီး ​မေးလို့ရမလား...."

ကုယွီမြန်က စာချုပ်အား ရည်ညွှန်းလိုက်သည်။ ထိုအပိုင်းသာလျှင် သူယခင်မြင်ဖူးသည့်စာချုပ်နှင့် ကွဲပြား​နေခဲ့သည်။


တုန်နန်က ခေါင်းညိတ်ပြီး​ပြောခဲ့သည်။


"NPC တစ်​ယောက်က ရှိုးတစ်ခုလုံးမှာ ပူ​ပေါင်းပါဝင်မှာမဟုတ်ဘူး...ကြည့်ရှုသူရဲ့ရှု့​ထောင့်ကလည်း ဧည့်သည်​တွေနောက်ကိုပဲ လိုက်လိမ့်မယ်... ဒါ​ပေမဲ့ NPCက တာဝန်အတွက်လမ်းညွှန်မှု၊ သဲလွန်စ အ​ဖြေ​တွေ၊ မ​မမျှော်လင့်ထားတဲ့ဥ​တွေ အစရှ်ိသည်သဖြင့် အ​ခြေအ​နေ​ပေါ်မှုတည်ပြီးပေါ်လာလိမ့်မယ်... NPCရဲ့ အထောက်အထားနဲ့ပတ်သတ်ပြီး မစ္စတာကုကို တိတိကျကျ​တော့ ရှင်းမပြနိုင်ဘူး...ဒါ​ပေမဲ့ NPCနဲ့ဧည့်သည်​တော်​တွေက အဆင့်အတန်းအတူတူ​လောက်ရှိတယ်ဆိုတာ​တော့ အခိုင်အမာ​ပြောနိုင်ပါတယ်..."


ကုယွီမြန် :"...."


သူ ​ခေါင်းမညိတ်မီ အချိန်ခဏယူ၍ ဂရုတစိုက်စဥ်းစားခဲ့သည်။


နာရီဝက်ကြာပြီး​​နောက် ပရိသတ်ထိုင်ရာ​နေရာ အပြင်ဘက်တွင် ကုယွီမြန်က ​လေ​ပေါ်ဝဲထိုင်ခုံတစ်ခု ကိုယ်တိုင်ဝယ်ခဲ့ပြီး တံခါးဝတွင် ရပ်လိုက်သည်။ စာချုပ်ချုပ်ပြီးသောအခါ ထန်ယွမ်နှင့် မြေခွေး​လေးတို့ကို ဝန်ထမ်းမှခေါ်ဆောင်သွားခဲ့သည်။ နှင်းကျားသစ်​လေးက ကုယွီမြန်အား မတွယ်ကပ်ဘဲ မိဘတစ်​ယောက်အနေဖြင့် သူ၏ကိုယ်ပိုင်တာဝန်များကို ဆက်လက်တာဝန်ယူခဲ့သည်။ သူက ကလေးသုံးယောက်အားပြင်းပြင်းပြပြ ​စောင့်ကြည့်နေခဲ့သည်။


ထန်ယွမ်​လေးက ယခုအခါ လူသားပုံစံက​လေးတစ်​ယောက်ဖြစ်​နေ​သော်လည်း သူ၏သဘာဝအတိုင်း နှစ်လိုဖွယ်ရှိမှုအ​ပေါ် မှီခို​နေပြီး ​ချစ်စရာ မြေ​ခွေး​လေး၊ ဟက်စကီး​လေးနှင့်အတူလုပ်ကိုင်ခဲ့၍ ဝန်ထမ်းများက သူတို့ကို အလွန်ချစ်စရာ​ကောင်းသည်ဟုထင်ပြီး အဆာ​ပြေမုန့်များဆက်၍ ဖြည့်​ပေး​နေမိ​စေသည်။


ထန်ယွမ်​လေးနှင့်​မြေ​ခွေး​လေးက ငြင်းပယ်ရန် အလွန်ရှက်ရွံ့​နေခဲ့ပြီး သူတို့၏ဗိုက်က​လေးများအားဖြည့်ရန် လုံလုံ​လောက်​လောက်စား​သောက်​နေခဲ့ကြသည်။


ကုယွီမြန် က​လေးလက်တွန်းလှည်းအားတွန်းပြီး သူတို့၏ဗိုက်က​လေးများကိုကြည့်ကာ ကူကယ်ရာမဲ့စွာ ခံစားမိခဲ့သည်။


"ကြည့်ရတာ ငါတို့ဒီည ညစာကို​ နောက်ကျမှစားရ​တော့မယ့်ပုံပဲ..."

သူ ပရိသတ်ထိုင်ခုံများအား ဖြတ်လာရင်းဖြင့် က​လေးများကိုပြောလိုက်သည်။ သူအ​ပေါ်သို့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့က လူအုပ်စုဖြင့် ဝန်းရံခြင်းခံထားရ​ကြောင်း တွေ့ရှိခဲ့သည်။


"မြန်မြန် ငါမင်းနဲ့ထပ်ပြီး လက်ဆွဲနှုတ်ဆက်လို့ရမလား..."


"ဒီကိုကြည့်ပြီး ပြုံးပြပါဦး...အား ဝှက်သယ်ဖတ်...သူငါ့ကိုကြည့်​နေတယ်ဟ..."


"က​လေး​တွေနဲ့အတူရပ်​ပေးနိုင်မလား...အမှတ်တရအ​နေနဲ့ ပုံတစ်ပုံ​လောက် သိမ်းထားချင်လို့ပါ​...​ကျေးဇူးပြု၍..."


​နေ့လယ်ခင်း လှုပ်ရှားမှု ပြီးသွားပြီးနောက် ဆု​ပေးပွဲအခမ်းအနားပြီးပြီဟု ပြောနိုင်သည်။ ယခု ကုယွီမြန်ကို စောင့်​နေကြသည့် လူအများစုက မြို့​တော်ကြယ်တွင်မ​နေထိုင်ကြ​သော ဤ​​နေရာသို့ လာ​ရောက်ရန်ခက်ခဲသည့်

ငယ်ရွယ်​သော​ကောင်မ​လေးများ ဖြစ်ကြသည်။


ဤလူသားနှင့်က​လေးများကို နောက်မည်သည်အချိန်မှ ပြန်​တွေ့နိုင်မည်မှန်း သူတို့​သေချာမသိနိုင်​ပေ။ လူတိုင်းကလည်း ကုယွီမြန်မထွက်ခွာ​သေး​ကြောင်း သိနေခဲ့သည်။


သူတို့ကဘယ်လိုလုပ်ပြီး အိမ်​စော​စောပြန်နိုင်ပါ့မလဲ...


က​လေးများက သိသိသာသာပင်ပန်းမှုနှင့် ပျင်းရိငြီး​ငွေ့မှုအား မပြသ​သေး​သည့်အပြင် ဟက်စကီး​လေးသည်လည်း ဆက်​နေရန် စိတ်အားတက်ကြွ​နေခဲ့​သော​ကြောင့် ကုယွီမြန်က ​စိတ်အ​ခြေအ​နေ​ကောင်း​ကောင်း နှင့်လက်ခံလိုက်သည်။


"အခု​နောက်ကျနေပြီ...လူတိုင်း​ အိမ်​စော​စောပြန်သင့်တယ်..."

ကုယွီမြန်က ညင်သာစွာတိုက်တွန်းခဲ့သည်။


အ​ခြေခံအားဖြင့် သူတို့က မ​ကျေနပ်နိုင်​သေး​ပေ။ အချိန်တစ်ခဏကြာပြီး​နောက် မိန်းက​လေးအများစုက တစ်လှမ်းချင်း​နောက်ဆုတ်ကာ စိတ်လှုပ်ရှားမှု၊ စိတ်​ကျေနပ်မှုတို့နှင့်အတူ အိမ်သို့ပြန်သွားခဲ့ကြသည်။​ ယခုအခါ နောက်ဆုံးမိန်းက​လေး အလှည့်သို့​ရောက်လာသည်။​ ကောင်မ​လေးက အလွန်လှပ​သော ထူးဆန်းသည့်မျက်နှာနှင့် ခရမ်း​ရောင်​ဖျော့​ဖျော့ဆိုးထားသည့် လက်သည်းများရှိသည်။


သူမက ကုယွီမြန်နှင့် သူ့ပခုံး​​ပေါ်တွင် သမ်း​ဝေ​နေ​သော နှင်းကျားသစ်​​လေးကိုကြည့်လိုက်သည်။ သူမ ရုတ်တရက် ပြုံးလိုက်ပြီး နှင်းကျားသစ်​လေးထံသို့ တိုက်ရိုက်ခွင့်​တောင်းလိုက်သည်။


"ရွှယ်ထွမ်​လေး​ရေ...ငါ့ကိုတစ်ခါ​လောက်ဖက်​ပေးနိုင်မလား..."


နှင်းကျားသစ်၏ သမ်းဝေမှုက လေထုအလယ်တွင် ရပ်တန့်သွားသည်။ သူ့မျက်ခုံးများတွန့်သွားပြီး လည်ပင်း​အနီးမှ အ​‌မွေးများ​ထောင်လာသည်။


၎င်းမှာ သူ၏တုံ့ပြန်မှုဖြစ်သည်။


နှင်းကျားသစ်​လေးနှင့် ကုယွီမြန်က ​ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး သူ့ခေါင်းအားယမ်းလိုက်သည်။


"​တောင်းပန်ပါတယ်... ကျွန်တော့်မိသားစုဝင် ထွမ်ထွမ်ကသူစိမ်း​တွေထိတာကို မကြိုက်လို့ပါ..."


"အာ...အဲဒီလိုလား... က​လေးက စွမ်းရည်မဖွံ့ဖြိုး​သေးဘူးမလား... သူ့ရဲ့လက်ဖဝါး​လေးတွေကို ဖိကြည့်လို့ရလား..."


သူက စွမ်းရည်မဖွံ့ဖြိုးသည့်သူဖြစ်​သော​ကြောင့် သူ့(နှင်းကျားသစ်)ကို သူတို့လုပ်ချင်တာလုပ်နိုင်သည်ဟူသော သဘောပင်။


"......"


ဤစကားအားနား​ထောင်ပြီး​​နောက် ကုယွီမြန်၏မျက်နှာ​ပေါ်မှအပြုံးက ရုတ်တရက်​ပျောက်ကွယ်သွားသည်။


သူက မည်သည့်မိန်းက​လေးကိုမှ မနှစ်သက်ခြင်း သို့မဟုတ် ​ဒေါသထွက်ခြင်းမျိုး မဖြစ်ဖူး​​ပေ။


သို့​သော် သူ့ရှေ့မှ​ မိန်းက​လေးအား အမှန်တကယ် မနှစ်သက်​ပေ။


သူမက သူ၏ကြည့်ရှုသူပင် မဖြစ်နိုင်​ချေ။ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအား တစ်ကြိမ်မျှ ကြည့်ဖူးလျှင်ပင် အိမ်ရှိက​လေးတိုင်းက ကုယွီမြန်၏ နှလုံးသားထဲတွင် ရတနာ​လေးများဖြစ်​ကြောင်း သူမ မသိဘဲနေလိမ့်မည်မဟုတ်​​​ပေ။ 


အထူးသဖြင့် 'စွမ်းရည်မနိုးထသူ'ဟူသည့် စကားလုံးအား သူ မနှစ်သက်​ပေ။


"ဝု…ဝု...ဝု...ဝု...ဝု..."


​မြေ​ခွေး​လေး၊ ဟက်စကီး​လေးနှင့် ထန်ယွမ်​လေးကလည်း အရူးများမဟုတ်​ချေ။ သူတို့က အခု​​လေးတင် လှပ​သောအစ်မထံ သူတို့၏အမြီးများ လှုပ်ယမ်း​​နေခဲ့ကြသည်။ သို့သော် ယခုအခါ ဟက်စကီး​လေးတွင် ရက်စက်​သော မျက်နှာထားတစ်ခုရှိ​နေသည်။


ကုယွီမြန် မနှစ်သက်​သော သူများကို သူကလည်း မနှစ်မြို့ပေ။


နှင်းကျားသစ်​လေး၏မျက်လုံးများက ကျဥ်း​မြောင်းသွားပြီး သူ၏မျက်လုံးများထဲတွင် အလင်းတစ်လွှာရှိ​နေခဲ့သည်။


​ကောင်မ​လေးက သူ့လက်များအားဆန့်ပြီး လက်သည်းအား ပျင်းရိစွာကြည့်​နေခဲ့သည်။ အချိန်အ​တော်ကြာ ​စောင့်​နေပြီး​နောက်  ကုယွီမြန်၏စကားသံကို မကြားခဲ့ရ၍ သူမအနည်းငယ်စိတ်မရှည်ဖြစ်လာပြီး ​ပြောလိုက်သည်။

"တင်ဆက်သူကု... ရှင်ဘာလို့ အရမ်းတွန့်တိုရတာလဲ...ဒါက ဒီအတိုင်း..."


"မရဘူး..."


"......"

​ကောင်မ​​လေးက စိုက်ကြည့်လာခဲ့သည်။


"ဘာလို့လဲ..."



🐯🐯🐯