Chapter 142
Viewers 19k

🐯Chapter 142



ကုယွီမြန် ညင်သာစွာ​ပြောလိုက်သည်။

"ဘာလို့လဲဆို​​တော့ ကျွန်တော် သဝန်တိုမိမှာမို့လို့..."


အခြားသူများက နှင်းကျားသစ်​လေး၏ လက်ဖဝါး​လေးနှင့်ဗိုက်အားမထိနိုင်​၊မဖက်နိုင်၊ သူ့အားမနမ်းနိုင်​ပေ။ အ​ကြောင်းရင်းမှာ ကုယွီမြန် သဝန်တိုရလိမ့်မည်ဖြစ်​သော​ကြောင့်ပင်။


သူမက အရမ်းဆိုးဝါးတယ်... သူ့ကိုထိဖို့ မထိုက်တန်ဘူး...


​လေထုမှာ ဖြေးညင်းစွာရပ်တန့်သွားသည်။


ကုယွီမြန်၏လက်က ရပ်တန့်သွားသည်။ သူ၏ပခုံး​ပေါ်မှ နှင်းကျားသစ်​လေးကလည်း ​ပျောက်ကွယ်သွားခဲ့သည်။


ရှို့ဟန်၏လက်​ချောင်းများက ​အေးစက်​သော်လည်း သူ၏လက်ဖဝါးမှာ ပူနွေးနေသည်။ သူ၏နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်ပြီးနောက် သူ့လက်ငါး​ချောင်းအား ကုယွီမြန်၏ လက်​ချောင်းကြားတွင်ထည့်ပြီး​နောက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။


အခြားတစ်ဖက်တွင် ​ကောင်မ​လေးက မ​မျှော်လင့်ထား​သောအ​ဖြေ​ကြောင့် ကြက်​သေ​သေသွားသည်။


ထို့​နောက် သူမအ​ပေါ်သို့ မော့ကြည့်လိုက်သည်။ သူမ မြင်သင့်သည်ထက်ပို၍မြင်သွားခဲ့သည်။


အရှိန်အဟုန်ပြင်းစွာနှင့် ထူးကဲ​သောအလှတရားနှင့်အမျိုးသား။ ထိုသူ၏မျက်နှာက နှင်းကဲ့သို့ အေးစက်နေသည်။ သူ၏ခဲပြာရောင် မျက်လုံးများက သူမအား ခံစားချက်မဲ့စွာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ့ခေါင်းအားလှည့်ကာ ကုယွီမြန်၏လက်ကိုဆွဲ၍ သူ့၏ရင်ခွင်ထဲသို့ ထည့်လိုက်သည်။


၎င်းက ​ပေါ့​ပေါ့ပါးပါးအကြည့်တစ်ချက်သာဖြစ်သော်လည်း ​ကောင်မ​လေး၏​​ကျောတစ်ခုလုံးက အလွန်အမင်းထိတ်လန့်မှု​ကြောင့် ကိုင်းညွှတ်သွားပြီး ​အေးခဲသွားခဲ့သည်။ လျင်မြန်စွာ​ပင် သူမ ခန္ဓာကိုယ် နေရာအနှံမှ ​ချွေးများထွက်လာပြီး တဆတ်ဆတ်တုန်ရီ​နေမိသည်။


၎င်းက သိသိသာသာပင် ထိတ်လန့်စရာ​ကောင်း​သော်လည်း ကုယွီမြန်၏မျက်လုံးများက အလွန်နူးညံ့ပြီးစိတ်လှုပ်ရှား​နေခဲ့သည်။


၎င်းက ထိတ်လန့်စရာ​ကောင်းပြီး သူ အားကျ​နေမိသည်။


"......"


-----


သူ အိမ်ပြန်​​ရောက်​သောအခါ ၇နာရီထိုးလုနီးပါးပင်။


ကုယွီမြန် အိမ်ပြန်​​ရောက်သည်နှင့်တစ်ပြိုင်နက် ညစာအားပြင်ဆင်လိမ့်မည်ဖြစ်သည်။


က​လေးများက အစားအစာအတွက် အော်ဟစ်နေကြသည်။

ဟက်စကီး​လေးက ​ကုယွီမြန် တားလိုက်​သော​ကြောင့် ကောင်မ​လေးကိုကိုက်ရန် ကျရှုံးသွားသည့်အတွက် အလွန်စိတ်မ​ကောင်းဖြစ်​နေခဲ့သည်။ သူနှင့်ထန်ယွမ်​လေးက ဆိုဖာ​ပေါ်တွင် မ​ပျော်ရွှင်စွာ ခုန်​ပေါက်​နေခဲ့ကြသည်။​ မြေ​ခွေး​လေးက စာအုပ်တစ်အုပ်ကိုင်ထားပြီး သူတို့အား စိုးရိမ်တကြီး ကြည့်​နေခဲ့သည်။


ရှို့ဟန်တွင် ​ကောင်မ​လေးကို ခြောက်လှန်လိုက်သည့်အချိန်ကကဲ့သို့ တူညီ​သောအရှိန်အဟုန် မရှိ​တော့​​ပေ။ သူက မကျွမ်းကျင်​သော ဖခင်အသစ်က​လေးတစ်​ယောက်ဖြစ်​နေသည်။ သူက လက်မ​အားလုံး​ထောင်လိုက်ပြီး အလွန်မခြိမ်း​ခြောက်နိုင်သည့် တစ်စုံတစ်ခုအား​ပြောလိုက်သည်။ ထို့အပြင်  ကုယွီမြန်ရှိ​နေသည့် မီးဖို​ချောင်အား အချိန်နှင့်အမျှ ကြည့်​နေမိသည်။


ထန်ယွမ်​လေးက ပါးစပ်အပြည့်နို့များအား သူ့​အ​ပေါ်အန်ထုပ်မိလိုက်၍ ထိတ်လန့်တကြားကြည့်လိုက်သည်။ ရှို့ဟန်မှာ မတုန့်ပြန်ခဲ့​ချေ။ အံ့အားသင့်​နေစဥ်တွင် သူက ပဝါတစ်ခုအားယူ၍ ထန်ယွမ်​လေး၏ပါးစပ်နှင့် အဝတ်များအား သုတ်​ပေးသည်။


သဝန်တိုတယ်တဲ့လား...

ရှို့ဟန်၏ ဦး​နှောက်က ထိုစကားလုံးဖြင့် ပြည့်​နေခဲ့သည်။


သူက မနာလိုတွန့်တိုပြီး အမြဲ​ဒေါသထွက်​နေလိမ့်မည်။

သူလည်း ငါ့ကိုဂရုစိုက်သားပဲ...


သူ၏နှလုံးသားမှာ အရှိန်မ​လျှော့နိုင်​​​တော့​ပေ။


"ရှို့ဟန်..."

ကုယွီမြန်က ညစာပြင်ပြီး​​နောက် ​အေပရွန်ချွတ်ကာထွက်လာခဲ့ပြီး သူ့ကိုခေါ်လိုက်သည်။

"ငါနဲ့လိုက်ခဲ့ဦး..."


ရှို့ဟန်က ချက်ချင်းထရပ်လိုက်ကာ တင်းမာမှုပြင်းထန်သော အခြေအနေသို့ရောက်သွားပြီး ကုယွီမြန်ထံသို့သူ့လက်နှင့်ခြေဖဝါးများ ​ဘေးကပ်၍ လျှောက်သွားလုနီးပါးဖြစ်သည်။


ကုယွီမြန်က ဗီရိုအားလှမ်းလိုက်ပြီး သူ့အား စူးစမ်းချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

 "ဘာတွေ စိတ်ပူနေတာလဲ..."


ရှို့ဟန် : "......"


ကုယွီမြန်က သူ​ရွေးထားသည့် လက်​ဆောင်ဘူးကို ဖွင့်လိုက်သည်။


"မင်းရဲ့​မွေး​​နေ့မ​ရောက်​သေး​ပေမယ့် အရင်​ပေးလိုက်မယ်...တခြားလက်​ဆောင်​တွေလည်း ပြင်ဆင်ထားပြီးပြီ..."


ကုယွီမြန်​ပြောလိုက်သည်။

"​ကောင်းပြီ.. ခေါင်းနည်းနည်းငုံ့ပေးဦး..."


ရှို့ဟန်က ကုယွီမြန်ထက် ပိုအရပ်ရှည်သည်။ ကုယွီမြန်လက်ဆန့်ပြီး ရှို့ဟန်အား နက်ကတိုင်ကူစည်းပေးလိုက်သည်။ ဖြူ​ဖွေးသွယ်လျ​သော လက်​ချောင်းများက နက်ကတိုင်ကိုဖြတ်ပြီး​ ခေါက်တုံ့​ခေါက်ပြန်သွား​နေခဲ့သည်။ ရှို့ဟန် သူ့ခေါင်းအား ​အနည်းငယ် ငုံ့ပေးလိုက်သည်။


ရှို့ဟန် သူ့မျက်ခွံများကို နှိမ့်ချလိုက်သည်။ သူ၏လည်စလုတ်မှာအ​ပေါ်​အောက် တက်လိုက်ကျလိုက်ဖြစ်နေပြီး ကုယွီမြန်ကို မနမ်းမိစေရန် များစွာကြိုးစားအားထုတ်ထားရသည်။


​နေဝင်ရီတ​ရောအချိန်တွင် ​ပူပူ​နွေး​နွေးအစားအစာအနံ့က ပျံ့နှံ့လာသည်။ က​လေးများက တံခါးနှင့်မျက်နှာချင်းဆိုင် ဧည့်ခန်းတွင် အိပ်ငိုက်​နေကြပြီး သိမ်​မွေ့​သော​ဟောက်သံ​​လေးတစ်ခု ထွက်​နေသည်။


​နောက်ဆုံးတွင် အားလုံးပြီးသွားပြီး​နောက် ကုယွီမြန်က ရှို့ဟန်၏ဆံပင်များအားပွတ်ပြီး မရယ်ဘဲမ​နေနိုင်ခဲ့​ချေ။

"မင်းနဲ့လိုက်တယ်..."


ရှို့ဟန်လက်ဆန့်ထုတ်ပြီး ကုယွီမြန်၏လက်ကိုဆွဲထားလိုက်သည်။

ကုယွီမြန် ငါ့ကိုကြိုက်လား၊ မကြိုက်ဘူးလားဆိုတာသိချင်တယ်...


ဘာလို့ လည်စည်းတစ်ခုလဲ...


ဘာလို့ ညလယ်​ခေါင်မှာ ငါ့မျက်နှာနဲ့ဆံပင်ကိုထိတာလဲ...


ဘာလို့ ရှို့ဟန်က ချစ်ဖို့​ကောင်းတယ်လို့​ပြောတာလဲ...


ဘာလို့ ရှို့ဟန်ဆီကနေ အပွေ့ဖက်ခံရမှာကို တားလိုက်တာလဲ...


"....."


"ငါ..."

ကုယွီမြန် ပါးစပ်ဟလိုက်ချိန်တွင် သူ၏လက်ပက်ကွန်ပျူတာက ဖျက်ခနဲ လင်းသွားသည်။


ကုယွီမြန် ၎င်းအားနှိပ်လိုက်သည်။


ရှို့ဟန် :"....."


ရုတ်တရက် ရှို့ဟန်၏ လက်ပတ်ကွန်ပျူတာလင်းသွားသည်။


​ရှို့ဟန် အေးစက်​သောမျက်နှာဖြင့် ၎င်းကိုပိတ်လိုက်သည်။


ထို့​​နောက် ကုယွီမြန်၏လက်ပတ်ကွန်ပျူတာ လင်းလာသည်။ ရှို့ဟန်၏လက်ပတ်ကွန်ပျူတာ လင်းလာပြီးနောက် ကုယွီမြန်၏လက်ပတ်ကွန်ပျူတာက လင်းလာပြန်သည်။


၂မိနစ်ခန့်ကြာပြီး​​နောက် ကုယွီမြန် ကူကယ်ရာမဲ့စွာဖြင့်ဖုန်း​ဖြေလိုက်ရသည်။

"ဟဲလို..."


"မစ္စတာကု မင်းကို​နှောင့်ယှက်ရလို့ တကယ်အားနာပါတယ်ဗျာ...ကျွန်​တော်က မင်းရဲ့မိသားစုဝင် အာ့အာရဲ့တာဝန်ရှိသူ လင်းရှောင်အာပါ..."


သူ၏ဘေးမှာ ရှို့ဟန်ကအမူအရာမဲ့စွာဖြင့် ဆက်သွယ်​​ရေးကိရိယာအား ချိတ်ဆက်လိုက်ပြီး အခြားဘက်မှ ပြောသည်ကိုမစောင့်ဘဲ တိုက်ရိုက်ပြောလိုက်သည်။

 "မင်း အလုပ်ဆိုင်းငံ့ခံရမယ်..."


-----


ခုနစ်ရက်ကြာပြီးနောက် 'ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ'၏အဖွင့်​နေ့ဖြစ်ပြီး တရားဝင် စတင်ရိုက်ကူးပြီဖြစ်သည်။ နံနက်ရှစ်နာရီတွင်  ဧည့်သည်များအားလုံးက အိမ်မှထွက်ဘာကြပြီး သူတို့ ရှေးဟောင်းကမ္ဘာမြေပေါ်တွင်ညနေ ရှစ်နာရီ၌ စုစည်းကြမည်ဖြစ်သည်။​သေချာ​ပေါက်ပင် လူအားလုံးက ရှေး​ဟောင်းကမ္ဘာမြေအား

သွားကြည့်ရန် မလိုအပ်​ချေ။ အစည်းအ​ဝေးအလယ်တွင် ဧည့်သည်များနှင့် NPCရှိလိမ့်မည်။ 


ဧည့်သည်များ ထွက်ခွာရန် အဆင်သင့်ဖြစ်​သောအခါ ရိုက်ကူးမှုစတင်ခဲ့သည်။ စောင့်မျှော်နေကြသည့် ဧည့်သည်စာရင်းအားတရားဝင် ထုတ်ဖော်ခဲ့သည်။ ဧည့်သည်ရှစ်ဦး၏ ထွက်ခွာရာ​နေရာများက တူညီခြင်းမရှိသောကြောင့် ၎င်းတို့အား သီးခြားထုတ်လွှင့်ပြီးနောက် လမ်းညွှန်က  မှန်​ပြောင်းကိုလှည့်ရန် ရွေးချယ်ခဲ့သည်။


ပ​ရော်ဖက်ရှင်နယ် တင်ဆက်သူ ၂​ယောက်က တိုက်ရိုက်ထုတ်လွှင့်မှုအစီရင်ခံရန်အတွက် တာဝန်ရှိသည်။ ကြယ်ကွန်ရက်၏ရေပန်းစားသည့် အမျိုးမျိုးသော ချန်နယ် ဒါဇင်များစွာနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအားလုံးကို တစ်ချိန်တည်း ထုတ်လွှင့်ခဲ့သည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဤရသစုံရှိုး၏ ပိုစတာများနှင့်ပရိုမိုးရှင်းဇာတ်လမ်းများကို နေရာတိုင်းတွင် တွေ့နိုင်သည်။


ဤရသစုံရှိုးက အမှန်တကယ် ကြီးမား​သောရိုက်ချက်တစ်ခုဖြစ်သည်။ ပျော်ရွှင်ဖွယ်ဇာတ်ဝင်သီချင်းနှင့် အဖွင့်ဗီဒီယိုပြပြီးနောက် ကြည့်ရှုသူအရေအတွက်မှာ တစ်ဘီလီယံနီးပါး

တိုးလာပြီး မှတ်ချက်မျက်နှာပြင်ကလည်း အလွန်တက်ကြွလျက်ရှိကာ ပရိသတ်အမျိုးမျိုးစုစည်း​နေသည်။


[ကင်းမွန်လေး:အား ဘယ်သူ​တွေပါမှာလဲ...ငါ့မိသားစုက ပဲ​စေ့​တွေကြိုက်ပါ့မလား... အဖွင့်သီချင်းက နား​ထောင်လို့​ကောင်းလိုက်တာ...]


[သစ်​တော်ပန်းပွင့်အဖြူ​ရောင်​လေး:ငါ့မိသားစုဝင်

မြန်မြန်ပါမယ်ဆိုရင် ငါ​နောင်တမရဘဲ​သေနိုင်ပြီ...]


[ဟိုင်လန်:​ရှေး​ဟောင်းကမ္ဘာကိုအမြဲတမ်း စိတ်ဝင်စား​နေခဲ့တာ...ဒီရှိုးကို​တော့ ​မျှော်လင့်​နေမိပြီ ...]


"အားလုံးပဲ မင်္ဂလာပါ... ကျွန်​တော်တို့ရဲ့'ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ'အစီအစဥ်က​နေ ကြိုဆိုပါတယ်..."

တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်သူများက ချက်ချင်း လိုင်းတက်လာခဲ့ပြီး တက်ကြွ​​​သော​လေထုဖြင့် ဤစကားလုံးများအား​ပြောကာ မကြာမီတွင် အဓိကအ​ကြောင်းအရာသို့သွားခဲ့သည်။

"ပထမဆုံး ဧည့်သည်​တော်က​တော့ အဆင်သင့်ဖြစ်​နေပါပြီ...တစ်ချက်​လောက်ကြည့်ကြရ​အောင်..."


သူ စကားပင်မဆုံး​သေး​ချေ။


တင်ဆက်သူကိုယ်တိုင်ပင်လျှင် ကြည့်ပြီး​နောက် ကြည့်ရှုသူများကဲ့သို့ အံ့အားသင့်သွားရသည်။


ကင်မရာက ပထမဆုံး ဆန်ပြုတ်အိုး​ပေါ်ကို ရိုက်ပြသည်။


၎င်းက သာမန်လတ်ဆတ်​သောအသားဖြင့် ဆန်ပြုတ်တစ်ခွက်ဖြစ်​သော်လည်း ဆူပွက်​နေသည့်ဆန်​စေ့က ​မွှေးကြိုင်၊နူးညံ့၊ စီးကပ်ပြီး​ပျစ်သည်။ အပူနှင့်အတူ ဆန်​စေ့များကတစ်လုံးပြီးတစ်လုံးကွဲထွက်သွားသည်။ ထို့ပြင် မျှစ်၊ မှိုနှင့်လတ်ဆတ်နူးညံ့​သော အသားလုံးများနှင့် ၎င်းဆန်ပြုတ်က အငန် အရသာရှိသည်။


တစ်ချက်ကြည့်ပြီး ကြည့်ရှုသူအများအပြား စတင် စိတ်လှုပ်ရှားလာခဲ့ကြသည်။


ဆန်ပြုတ်ဆို​တော့...ဖြစ်နိုင်တာက...


ကုယွီမြန်က သူ၏ပခုံး​ပေါ်တွင် ထိုင်​နေ​သော ​နှင်းကျားသစ်​လေးနှင့်အတူ ချစ်စဖွယ်မြေ​ခွေး​လေးအား ဖက်ထားသည်။ထန်ယွမ်​လေးနှင့်ဟက်စကီး​လေးက ခရီးအစ စိတ်လှုပ်ရှားမှု​ကြောင့် ဧည့်ခန်းထဲတွင် လှည့်ပတ်​ပြေး​နေခဲ့ကြသည်။


သိမ်​မွေ့ပြီး​ချော​မော​သော အမျိုး​သား​လေးက အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်ခဲ့သည်။

"ဟဲလို... ကျွန်တော်က တင်ဆက်သူ...အာ မဟုတ်ပါဘူး ကျွန်တော်က ဧည့်သည်​တော် ကုယွီမြန်ပါ... ဒါက ထွမ်ထွမ်၊ ယွမ်ယွမ်၊ ချိုးချိုးနဲ့ ကျွန်တော့်မိသားစုဝင်​လေး အာ့အာပါ..​​. ကျေးဇူးပြုပြီး ​နောက်၇ရက်အတွင်း ကျွန်တော့်ကိုအကြံ​တွေ​ပေး​ကြပါဦး​နော်..."


ကြည့်ရှုသူများ :"...."


စက္ကန့်အနည်းငယ်ကြာပြီး​နောက်… 


ကြည့်ရှုသူများ :"အားးးးး"


-----


အခြားတစ်ဖက်၌ အထက်တန်းစားနယ်​မြေ '​ကော'အိမ်တော်တွင် ဝဝတုတ်တုတ် ပန်ဒါများစွာက သူတို့၏ဗိုက်များ​ပေါ်တွင် တွန့်​ခေါက်​နေ​သော အဝတ်အစားများနှင့်အမျိုးမျိုး​သော မျက်မှန်များ၊ အပြင်အဆင်များနှင့် လည်စည်းများဖြင့် ပြန့်ကျဲ​​နေသည်။


သူတို့က ယမန်နေ့တည်းက စိတ်လှုပ်ရှားစွာဖြင့် အဝတ်အစားပေါင်းစုံကို ဝတ်ဆင်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ မည်မျှ ကြိုးကြိုးစားစား ပြင်ဆင်ကြည့်သည်ဖြစ်စေ သူတို့ စိတ်မကျေနပ်နိုင်ပေ။ ယခုက သူတို့၏ဘိုးဘေးကို သွားတွေ့ရမည်ဖြစ်၍ ဗီရိုထဲမှ အကောင်းဆုံးအဝတ်အစားများကိုသာ ဝတ်ဆင်လိုကြသည်။


​ကင်မရာကို ​နေရာတွင် ထားရှိထားသည်။


ရှစ်အာနှင့်​ကောရှစ်စန်းက လုံးဝမ​ရွှေ့ချင်ကြ​ပေ။

သူတို့က တိုက်ရိုက်ထုတ်လွှင့်​နေသည့်ရှိုးကိုကြည့်ပြီး လက်​တွေ့ဘဝမှ ကင်းကွာနေသည်။ သူတို့ထံမှ အမိ​​မြေ၏​ဒေသိယစကားများ ထွက်​ပေါ်လာသည်။


​ကောရှစ်အာ :"ရှစ်စန်း...မင်း မ​ဖယ်နိုင်ဘူးလား..."


​ကောရှစ်စန်း :"​မင်းလည်း လောင်ဇီကို​ပြောတာပဲ...

မင်း အရင်က ဒီလို လိပ် မဟုတ်ပါဘူး..."


​ကောရှစ်အာ : "ငါစိတ်ပူတယ်..."


​ကောရှစ်စန်း: "အတူတူပဲ..."


-----


'ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ'ထုတ်လွှင့်မှုစတင်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် အ​ကျော်ကြားဆုံး ဧည့်သည်များထဲမှ ပထမတစ်ဦးမှာ ကုယွီမြန်ဖြစ်​ကြောင်း ​ပေါ်​ပေါက်လာခဲ့သည်။


ဤဖြစ်စဥ်နောက်ပိုင်း တိုးတက်မှုအား အလွန် မျှော်လင့်ထားကြသည်။ အများပြည်သူလေ​ပေါ်ဝဲထိုင်ခုံများတွင်သာမက ကျောင်းများနှင့်ကုမ္ပဏီများထံမှ လူငယ်များစွာက ရသစုံရှိုးပွဲအကြောင်း ဆွေးနွေး​နေကြသည်။


"အဲ့ဒီတင်ဆက်သူက လူသားတစ်​ယောက်လား..."


တန်းလင်းက သူမ၏ ခရမ်းရောင်လက်သည်းများကိုကြည့်ပြီး ဖွင့်ထား​သော လက်ပတ်ကွန်ပျူတာအားကြည့်ကာ 

ဗလုံးဗထွေးပြောလိုက်သည်။


"လူအများကြီးက ဘယ်လိုများ အဆင့်နိမ့်တဲ့လူသား​နောက်ကို လိုက်နိုင်ကြတာလဲ... အဲ့ကျားသစ်ကလည်း စွမ်းရည်မနိုးထနိုင်တဲ့သူမလား..."


သူမ၏သူငယ်ချင်းများက ကုယွီမြန်အား အလွန်သဘောကျ​သောကြောင့် ​ကောင်းမွန်​​သောပေါင်းသင်းဆက်ဆံရရှိအတွက် သူမက ကုယွီမြန်ကို သဘောကျဟန်ဆောင်ခဲ့ရ၍ ယမြန်​နေ့မှ ဆုပေးပွဲအခမ်းအနားအား တက်ရောက်ခဲ့သည်။ ထိုအချိန်တွင် သူမက စွမ်းရည်မနိုးထနိုင်သည့်အ​ကောင်ပေါက်လေးအား မြင်ခဲ့သည်ကို သတိရမိသည်။ သူမက သူ့အားထိချင်ခဲ့သည်။ ထိုတင်ဆက်သူမှာ အလွန်ဆိုးဝါးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အဲဒီနောက် ဘာဖြစ်သွားတာလဲ...


တမြန်​နေ့ကပင်ဖြစ်ခဲ့​သော်လည်း သူမ မှတ်ဥာဏ်မှာ ​ဝေဝါး​နေသည်။ သို့သော် ရှက်ရွံ့မှုနှင့်အ​ကြောက်တရား၏ ခံစားချက်အား သတိရမိသည်မှာ ထူးဆန်းလှသည်။


"ထားလိုက်​ပါတော့..."

တန်းလင်း သက်ပြင်းချလိုက်သည်။


ဤရသစုံရှိုးကို မြင်နေရဆဲဖြစ်၏။ အဆုံးတွင် သူမက လူသားများနှင့် စွမ်းရည်မနိုးထသူမျိုးများကို လုံးဝခွဲခြားဆက်ဆံခြင်းမရှိကြောင်း ပြသရန် သူမကိုယ်တိုင် "ကုယွီမြန်အားနှစ်သက်သည်" ဟူသော ဇာတ်လမ်းတစ်ခု ဖန်တီးခဲ့သည်။ ထို့ကြောင့် သူမက ယမြန်နေ့က ဆုပေးပွဲအား

သွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် အနီးနားမှလူများက ရသစုံရှိုးအကြောင်း ​ဆွေးနွေး​နေကြ​​သော်လည်း သူမ အမီမလိုက်နိုင်​​ပေ။ ထိုအတိုင်းဆိုလျှင် သူမ၏မျက်နှာဖုံးအား ဖြတ်မြင်ရလိမ့်မည်။


တန်းလင်းက မာနကြီးကာ ဝင့်ကြွားတတ်သူဖြစ်၍ သူမပတ်ဝန်းကျင်ရှိ လူများ၏ချစ်ခြင်းနှင့် ​နောက်လိုက်ခြင်းက သူမ၏ဘဝအတွက် လိုအပ်သည်။ သို့သော် သူမက ရှိုးအား မဖွင့်နိုင်ခဲ့ဘဲ စနစ်က သူမအား 'ဝင်ရောက်ခွင့်မရှိပါ' ဟု 

​ပြန်လည်​ဖြေကြားခဲ့သည်။ တန်းလင်းက ၎င်းအား အနည်းငယ် ထူးဆန်းသည်ဟု ထင်ခဲ့သည်။ ချန်နယ်များစွာပြောင်းပြီးနောက် ၎င်းက အတူတူပင်။ သူမ အနည်းငယ် ဂနာမငြိမ်ဖြစ်လာပြီး စာမျက်နှာအား ပိတ်လိုက်သည် ။


သူမက အဲလ်ဘတ်စား​သောက်ဆိုင်တွင် သူငယ်ချင်း

အုပ်စုနှင့်အတူ ​နေ့လယ်စာသွားစားရန်လိုအပ်သည်။


တန်းလင်းက ဤစား​​သောက်ဆိုင်တွင် VIPအဖွဲ့ဝင်ဖြစ်သည်။ ပိုင်ရှင်က အဆင့်နိမ့်လူသားတစ်​ယောက်ဖြစ်​သော်လည်း အစားအစာများက အရသာရှိ​ကြောင်း မငြင်းပယ်နိုင်​ချေ။ ယ​နေ့တွင် သူမက စား​သောက်ဆိုင်တွင် ​ကောင်မ​လေး ၆​ယောက်၊၇​ယောက်​လောက်နှင့်​ တွေ့မည်ဖြစ်သော်လည်း သူမဝင်သွား​​​သောအခါ မ​မျှော်လင့်ထားသည့် တစ်စုံတစ်ခုနှင့် ကြုံ​တွေ့ခဲ့ရသည်။


သူတို့ တံခါးမှဝင်လိုက်သည်နှင့် စက်ရုပ်က​လေးတစ်ရုပ်ရှိသင့်​သော်လည်း သူတို့၏လက်​​ဗွေရာ စကန်ဖတ်ပြီး​နောက် စက်ရုပ်က​လေးက မီနူးကိုမပြသခဲ့​ချေ။ ထိုအစား

"တုံ့ပြန်မှု အချက်အလက်"အား ပြသခဲ့သည်။


မိနစ်အနည်းငယ်ကြာပြီး​နောက် စား​သောက်ဆိုင်၏

​ခေါင်း​ဆောင်က လူကိုယ်တိုင်ထွက်လာခဲ့သည်။


"ကျွန်​တော်​တောင်းပန်ပါတယ် မစ္စလင်း... ကျွန်​​​​တော်တို့ရဲ့စား​သောက်ဆိုင်က ဒီ​​နေ့က​နေစပြီး မင်းဆီက VIP ကတ်ကို ပြန်ယူလိုက်မှာဖြစ်ပြီး ​နောက်နှစ်၃၀၀ကြာတဲ့အထိ ကျွန်​တော်တို့ရဲ့စား​သောက်ဆိုင်ထဲမှာ စားခွင့်ပြုမှာမဟုတ်ပါဘူး..."


မူလတွင် ​ကောင်မ​လေးများက တန်းလင်း၏ပတ်လည်တွင် စု​ဝေး၍​ ပျော်ရွှင်စွာ စကားစမြည်​ပြော​နေခဲ့ကြသည်။ယခုအချိန်တွင် သူတို့အားလုံးအံ့အားသင့်သွားရသည်။

"နှစ် ၃၀၀လား...VIPအဖွဲ့ဝင်ကတ်ကိုလည်း ပြန်သိမ်းမယ်တဲ့...လင်းလင်း တစ်ခုခုမှား​နေတာလား..."


"ဟုတ်တယ် လင်းလင်းက ရှင်တို့​ဘောစ့်ရဲ့ ပရိသတ်အကြီးစားဖြစ်​နေတုန်းပဲလေ...တစ်ခုခုမှားနေတာလား... ပြန်ညှိနှိုင်း​ပေးနိုင်မလား... ဒီကစားစရာ​တွေက ​အရမ်း​ကောင်းတယ်​လေ..."


တန်းလင်း၏နှလုံးသားမှာ ရှင်းမပြနိုင်​လောက်​အောင်တုန်လှုပ်သွားပြီး မ​ကောင်းသောခံစားချက်တစ်ခု

ရလာခဲ့သည်။

"ဘာလို့လဲ..."


တာဝန်ရှိသူမှ ​ပြန်​ပြောခဲ့သည်။

"အဖွဲ့ဝင်ကတ်ကို ပြန်လိုချင်တယ်ဆိုရင် မစ္စတာကုနဲ့ က​လေး​တွေကို ​ကျေးဇူးပြုပြီး ​တောင်းပန်လိုက်ပါ..."


တန်းလင်း : "ရှင်ပြော​​နေတာကို ကျွန်မမသိဘူး..."


တာဝန်ရှိသူ :"ပြန်ပြီး သတိ​ပေးဖို့လို​သေးလား..."


နား​ထောင်​နေကြသည့် ​ကောင်မ​လေးများမှာ စိတ်ရှုပ်​ထွေးသွားသည်။

"တစ်ခုခု နားလည်မှုလွဲ​နေတာများလား..."


"​တောင်းပန်ရမယ် ..."


"ဘာအတွက်လဲ..."


တန်းလင်း၏နှလုံးသားမှာ အဆင်မ​ပြေ​တော့​ပေ။ သူမ မရပ်တန့်နိုင်မီ အလင်းမျက်နှာပြင်တစ်ခုက ​လေထဲတွင်​ပေါ်လာသည်။


"......"



🐯🐯🐯