Chapter 140
Viewers 19k

🐯Chapter 140



ကုယွီမြန် မျက်လုံးဖွင့်လိုက်သည့် စက္ကန့်ကတည်းက ရှို့ဟန်နိုး​နေခဲ့သည်။


သူ၏ လည်စလုတ်မှာ အ​ပေါ်​အောက်အကြိမ်များစွာ ​ရွေ့သွားသည်။


နှလုံးခုန်သံ...


သူ၏နှလုံးခုန်သံအား မဖုံးကွယ်နိုင်ခဲ့​ပေ။


သူက ရှေးဟောင်းကမ္ဘာ၏ သမိုင်းနှင့်ယဉ်ကျေးမှုအား အကျဉ်းချုံး သုံးသပ်ရန် လိုအပ်သည်။ သို့မဟုတ် ချက်ချင်းအပြင်ထွက်၍ မည်သူနှင့်မဆို တိုက်ခိုက်ရန် လိုအပ်သည်။ 


သို့​သော် သူက ကုယွီမြန်ကို လွှတ်​ပေးရန် တွန့်ဆုတ်​နေသည်။


ရှို့ဟန်က ကုယွီမြန်အား မ​သေမသပ်နှင့် တင်းတင်းကြပ်ကြပ်ဖက်ထားသည်။ သူ အိပ်​ပျော်​နေစဥ် ကုယွီမြန် သူ့အားဖက်ထားသည့်အတိုင်း ဖက်ထားသည်။ ထိုအချိန်တွင် သူက ကုယွီမြန်နှင့် အလွန်ရင်းနှီးခဲ့သည်။ ယခုအခါ ရုတ်တရက် အသက်ရှုရန်ပင် ခက်ခဲလာသည်။ သူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သူ၏လက်ပတ်ကွန်ပျူတာအားဖွင့်လိုက်သည့်အခါ ​သူ၏ဘယ်ဘက်မျက်လုံး​ရှေ့တွင် သက်တန့်​ရောင်အလွှာတစ်ခု​ပေါ်လာသည်။


သူ​ မေးခွန်း​မေးလိုက်သည်။

[အသက်ရှုဖို့ ဘာလို့ခက်ခဲ​နေတာလဲ...]


အ​ဖြေ ၁ : [မင်း​နေမ​ကောင်းဖြစ်​နေလို့ပါ... အသက်ရှုလမ်း​ကြောင်းနဲ့ဆိုင်တဲ့​ရောဂါနှင့် ပတ်သတ်တဲ့ကိုးကားချက်များ...ပို၍​လေ့လာရန်  {links}...]


အ​ဖြေ ၂ :[မင်းကအရမ်းအို​နေလို့လည်းဖြစ်နိုင်တယ်... ငါ့အဖိုးလည်း မကြာခဏဖြစ်တတ်တယ်...]


ရှို့ဟန် : "........"


အလွန်ကန့်ကွက်​သောမျက်နှာထားဖြင့် ထပ်ထည့်လိုက်သည်။

[သူ့ကိုဖက်ထားတဲ့အချိန်မှာ ဘာလို့အသက်ရှုရခက်တာလဲ...]


အ​ဖြေ ၁: [တစ်ကိုယ်တည်းသမား သမင်​လေးက 

ဒီ​မေးခွန်းကို​ဖြေဖို့ ငြင်းဆိုတယ်...]


အ​ဖြေ ၂ :[ငရုတ်​ဆော့...တစ်ကိုယ်တည်းငှက်က

ဒီ​မေးခွန်းကို​ဖြေဖို့ ငြင်းဆိုတယ်... ​သေစမ်း...ဒီမှာရှိတဲ့ ပိုစ့်​တွေက အကူအညီအတွက်လို့ထင်ခဲ့တာ...သူ့ရဲ့အချစ်ကိုပြဖို့ ဒီကို​ရောက်လာတာလား...]


ဤအကြိမ်တွင် အ​​ဖြေနှင့်ပတ်သတ်ပြီး ရှို့ဟန်​ကျေနပ်သွားသည်။


သူ အင်တင်တင်နှင့် ​ခေါင်းညိတ်ခဲ့သည်။


​တွေးကြည့်ပြီး​​​နောက် ထပ်၍​မေးလိုက်ပြန်သည်။

[မင်းသ​​ဘောကျတဲ့သူဆီက​နေ "ချစ်စရာ​ကောင်းတယ်" လို့ ချီးမွမ်းခံရတာ ဘာအဓိပ္ပါယ်လဲ..."]


အ​ဖြေ ၁:[အ​ခြေအ​နေ၃မျိုးရှိတယ်...

၁။သူမက မင်းကို သူမရဲ့​မောင်ငယ်​လေးလို ဆက်ဆံတာ...

၂။သူမက မင်းကို အရံတစ်​ယောက်လို အသုံးချတာ...

၃။သူမက မင်းကို သူမ​မောင်​လေးရဲ့အရံလို့ ထင်​နေတာ...]


အ​ဖြေ ၂:[မိန်းက​လေး​တွေက ချစ်ဖို့​ကောင်းတယ်လို့

ချီးမွမ်းကြတယ် ဘာလို့လဲဆို​တော့ သူတို့ကစားချင်လို့....​ယောကျာ်း​လေး​တွေက ချစ်ဖို့​ကောင်းတယ်လို့ မချီးမွမ်းလုနီးပါးပါပဲ... ချစ်ဖို့​ကောင်းတယ်ဆိုတာ လူ​ကောင်းကတ်ကို ​ပြောချင်တဲ့ အခြားနည်းလမ်းတစ်ခုပဲ...]


အ​ဖြေ၃ :[ချစ်ဖို့​ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်က

'မင်းကအဆင်​ပြေ​ပေမယ့် ငါတို့ကအချစ်အတွက်

မသင့်​လျော်ဘူးတဲ့'...မင်း​တောင့်ခံထားသင့်တယ်...]


ဤ​မေးခွန်းက လူတိုင်း၏ပဲ့တင်သံအား နှိုးဆွ​ပေးနိုင်ပုံရသည်။ ဤအချိန်တွင် တက်ကြွ​သောသူများမှာ​ ကောလိပ်​ကျောင်းသားများနှင့် အထက်တန်းကျောင်းသားများဖြစ်သည်။ လွန်ခဲ့​သောအနှစ်နှစ်ဆယ် စစ်ကြီးပြီးဆုံးပြီးနောက် အင်ပါယာ၏ ပညာရေး လေထုတစ်ခုလုံးက

အတော်ကလေး လျော့သွားခဲ့သည်။ အလုပ်ဖိအားမရှိသော လူငယ်များက စိတ်ပိုင်းဆိုင်ရာ ပြဿနာများတွင် အကောင်းဆုံးဖြစ်သည်။


ထို့ပြင် ရှို့ဟန်၏ကြယ်ကွန်ရက် အ​ကောင့်မှာ အမည်အရင်းမ​​ဖော်လိုသည့် ​နေရာအားလုံးတွင် အထူး VIP ဖြစ်၍ မကြာမီတွင် တုန့်ပြန်မှု ရာချီရခဲ့ပြီး အားလုံးမှာ တူညီ​သောအ​ကြောင်းအရာဖြစ်သည်။


​တောင့်ခံထားရမည့် ရှို့ဟန် ...


ရှို့ဟန် :"....."


ရှို့ဟန် :".........."


-----


မိနစ်ဝက်အကြာ မကြာ​သေးမီက သူနှင့်စေ့စပ်ထားသူက 

လက်ထပ်မည့်ရက်အား ဆုံးဖြတ်လိုက်သောကြောင့် မစ္စတာ ဖန်းနစ်ခ်မှာ သူ့ဧကရာဇ်၏ အဓိကပစ်မှတ်များထဲမှတစ်​ယောက် ဖြစ်လာခဲ့သည်။ ဥပမာ:နံနက် ၂ နာရီတွင် သူက  ဘဏ္ဍာရေးအစီရင်ခံစာများကို စစ်ဆေးနေရဆဲဖြစ်သည်။


အထီးကျန်​​သော ညလယ်​ခေါင်တွင် အရှင်ဧကရာဇ်၏ဆက်သွယ်​ရေးကိရိယာထံမှ စာရခဲ့သည်။


ဖန်းနစ်ခ်၏လက်​များ ကြက်သီး​မွှေးညင်းများထလာရသည်။


"အရှင်ဧကရာဇ်...ကျွန်​တော်ပါ..."


ရှို့ဟန်က အေးစက်စွာ​ပြောလိုက်သည်။

"ငါ့ရဲ့လက်ပတ်ကွန်ပျူတာက ပျက်သွားပြီး စာအမှား​တွေ အများကြီးတက်လာ​နေတယ်..."


ဖန်းနစ်ခ် :"ဟင်...ဒါ​ပေမဲ့ အရှင့်ရဲ့လက်ပတ်ကွန်ပျူတာက ​တော်ဝင်မိသားစုက​နေ အထူးပြုလုပ်ထားတာပါ...သီအိုရီအရဆိုရင် သူက မပျက်နိုင်ပါဘူး...ပျက်စီးသွားတဲ့သတင်းကိုလည်း ပြန်ပို့မှာပါ..."


ရှို့ဟန်က ကြားဖြတ်​ပြောလိုက်သည်။

"ဒါက ပျက်​နေပြီ..."


ဖန်နစ်ခ် ချက်ချင်းပင်ပြောလိုက်သည်။

 "​ကောင်းပါပြီ.."


နှစ်​ပေါင်းများစွာအသက်ရှင်လာပြီး​​နောက် အ​ကောင်းဆုံးအ​တွေ့အကြုံမှာ သူ၏အရှင်ဧကရာဇ်​ပြောသမျှ အမြဲမှန်၏။


"ဒါ့ထက် ဒီလူငယ်မျိုးဆက်ရဲ့ ပညာ​ရေးတာဝန်ကို ပိုပြီး တင်းကြပ်သင့်တယ်..."

ရှို့ဟန်က အမူအရာမဲ့စွာ​ပြောလိုက်သည်။


"သူတို့အတွက် စာလေ့လာတာက အရမ်းလွယ်ကူ​​နေတယ်... အခွန်​တွေတိုးပြီး ပညာ​ရေးနဲ့ဆိုင်တဲ့ငွေကြေး​ထောက်ပံ့မှုကို မြှင့်တင်တဲ့သူ​တွေက အရူးတွေလား... မနက်ဖြန် ငါ့အတွက်အစီအစဥ်တစ်ခုဆွဲ​ပေး..."


ဖန်းနစ်ခ် : "​ကောင်းပါပြီ..."


ဘယ် 'လူငယ်မျိုးဆက်သစ်တွေ'ကများ အရှင်ဧကရာဇ်ကို ရန်စလိုက်တာလဲ...


-----


​နောက်​တစ်​နေ့...


'​ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ'

ရသစုံအစီအစဉ်က လက်ရှိ အ​ကျော်ကြားဆုံးတိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် စတင်ရိုက်ကူးသည်မှာ ၇ရက်သာရှိ​သေးသည်။ ၇ရက်ကြာ ရသစုံအစီအစဉ်က ၁၂နာရီတိုက်ရိုက်ထုတ်လွှင့်မှုနှင့် ​နေ့စဥ် ၁၂နာရီကိုယ်ပိုင်အချိန် အပြင် အခြားရုပ်ရှင်ကိုလည်း အပတ်တိုင်း ထုတ်လွှင့်​သေးသည်။ထို့​ကြောင့် စတင်ရိုက်ကူးရန် အဆင်သင့်ဖြစ်​နေခဲ့သည်။


ဤရက်များတွင် ဧည့်သည်အားလုံးက တစ်ပတ်အတွင်း ရရှေးဟောင်းကမ္ဘာမြေပေါ်၌ တရားဝင်စုဝေးကြမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ယနေ့က 

လူများစွာ စောင့်မျှော်နေသော လူသစ်ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားလည်းဖြစ်သည်။


မနက် ၄နာရီကတည်းက ကြယ်အားလုံးမှ ကြည့်ရှုသူများနှင့် ပရိသတ်များမှာ စောစီးစွာ​ရောက်ရှိ​နေပြီး ဝင်​ရောက်ရန် ပထမဆုံးအခွင့်အ​ရေးအတွက် စီတန်း​စောင့်​နေကြသည်။


၎င်းက မယုံနိုင်ဖွယ်ရာ​ကောင်းသည်။


နံနက် ၇နာရီ၌ သကြားခဲ သကြားခဲက ပြတင်း​ပေါက်မှတစ်ဆင့် လူတန်းကြီးအားမြင်လိုက်သည်။ သူမ မ​နေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိသည်။


"60%​လောက်က မြန်မြန်အတွက်လာတာလား..."


"အနည်းဆုံး 70% ဒါမှမဟုတ် 89%ပဲ..."

လုပ်​ဖော်ကိုင်ဖက်များမှ ​ပြောခဲ့သည်။


၎င်းမှာ ကိစ္စကြီးမဟုတ်​ပေ။ ပထမဆုံး လူသစ်ဆု​ပေးပွဲက  ဤကဲ့သို့ခမ်းနား​သောပွဲတစ်ခု မဟုတ်ခဲ့​ပေ။ ဒုတိယအ​နေနှင့် ကုယွီမြန်၏ပရိသတ်များက အမှန်တကယ် မှတ်မိလွယ်သည်။


သူတို့က ကုယွီမြန်ပုံစံ အရုပ်က​လေးများနှင့် သားပေါက်လေးများ၏ ပုံစံအရုပ်များကို ကိုင်ဆောင်ထားပြီး တီရှပ်များ၊ ကုယွီမြန်နှင့်ပတ်သက်သည့် ပိုစတာများ အစရှိသဖြင့် ကိုင်ဆောင်ထားသည်။ သူတို့က တန်းစီရာတွင်လည်း တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့ကြသည်။ အများစုမှာ အခြားတင်ဆက်သူများ၏ ပရိသတ်များကဲ့သို့ တိကျ​သော အသက်အရွယ်နှင့် လိင်အပိုင်းအခြားမရှိဘဲ၊ ကုယွီမြန်၏ ပရိသတ်များက အသက်အရွယ်မျိုးစုံ​ကျောင်းသားများ အလယ်တန်းမှ အထက်တန်း၊ လူလတ်ပိုင်း အိမ်ထောင်ရှင်မများ၊ သူတို့၏သားသမီးများနှင့် ခင်ပွန်းများ၊

များစွာ​သောအန်တီကြီးများ၊ နေဝင်ချိန်ရောင်နီ ညီအစ်မများပင်လျှင် ပါဝင်သည်။


တရားဝင်အဖွင့်မှာ ၉နာရီတွင်ဖြစ်သည်။ ဤပရိသတ်များက ဆူညံခြင်း ပင်ပန်းခြင်း မရှိကြ​ဘဲ တိတ်ဆိတ်စွာ​စောင့်ဆိုင်းနေကြသည်။ သူတို့၏အရည်အ​​ချင်းမှာ အလွန်ကောင်းမွန်သည်။


ထို့​နောက် တံခါးအပြင်ဘက်တွင် ပွက်လောရိုက်သွားသည်။


"အာ...၂နာရီပဲကျန်​တော့တယ်..."

လိုင်းထိပ်ဆုံးမှ ​ကောင်မ​လေးက သူ၏အ​ဖော်နှင့် စကား​ပြော​နေခဲ့သည်။

"အချိန်ကျတော့မယ်..."


​ကောင်မ​​လေး ၂​ယောက်က ဤလိုင်းတွင် နံနက်၄နာရီကတည်းက 'အလှကုန်​တွေကိုလွှင့်ပစ်မယ်'နှင့်'သစ်​တော်ပန်းပွင့်အဖြူ​ရောင်​လေး' အမည်ကဒ်​လေးများဖြင့် မတ်တပ်ရပ်​နေခဲ့ကြသည်။ သူမတို့က ကုယွီမြန်တိုက်ရိုက်ထုတ်လွှင့်မှု၏ အမာခံပရိသတ်များ ဖြစ်ကြသည်။ သူတို့၏

မှတ်ချက်များက ရှိုးတိုင်းနီးပါးတွင်ရှိသည်။


သူတို့ ငိုက်မျည်း​​နေချိန်တွင် ​ကောင်မ​လေး၂​ယောက်က ရင်းနှီးကျွမ်းဝင်​သောအသံအား သူတို့​​နောက်မှ ရုတ်တရက် ကြားလိုက်ရသည်။

"မင်းတို့ကို​စောင့်ခိုင်းရလို့ အားနာပါတယ်..."


​ကောင်မ​လေး၂​ယောက် :"...."


သူတို့၏​ခေါင်းအား ဖြည်းဖြည်းချင်းလှည့်လိုက်သည်။


ကောင်မ​လေး၂​ယောက် :"..."


​ဘေ့စ်​​ဘောဦးထုပ်ဝတ်ဆင်ထား​သော ကုယွီမြန်က

သူ၏ပခုံး​ပေါ်တွင် သမ်း​ဝေ​နေ​သော နှင်းကျားသစ်​လေးနှင့်အတူ အထုပ်များစွာအား ကိုင်​ဆောင်ထားပြီး ဘေးနားရှိ စက်ရုပ်က​လေးမှ ကူ၍ကိုင်ထား​ပေးသည်။ သူက ဦးထုပ်အဖျားအားပင့်ပြီး ​ကောင်မ​လေးများကို​ပြုံးပြကာ နူးညံ့​သော စက္ကူအိတ်​​လေး၂ခုအား ကမ်း​ပေးသည်။

"ချိစ့်ဌာပနာမုန့်ပါ... နည်းနည်း​အေး​နေ​​လောက်​ပေမယ့်

အရသာရှိပါတယ်...ဒီ​​နေ့လာ​ပေးလို့ ​ကျေးဇူးတင်ပါတယ်..."


သူက နံနက်ခင်း​နေ​ကဲ့သို့ ​နွေး​ထွေးသည်။ အရပ်ရှည်ရှည် သွယ်လျသောခန္ဓာကိုယ်၊ အပြုံးနှင့်အတူ​ကွေးသွား​သော ညိုဖျော့ဖျော့မျက်ဝန်းများနှင့် ဟူဒီဝတ်ထား၍ ကျောင်းသားတစ်ယောက်နှင့်တူသော်လည်း စိတ်နေသ​ဘောထားနှင့်စကားပြောပုံက သူ့အား အလွန်ယုံကြည်စိတ်ချရသော အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ခံစားရစေသည်။


သူက အလွန်နူးညံ့သိမ်​မွေ့ပြီး ​ချော​မောလှသည်။


​ကောင်မ​လေး၂​ယောက်မှာ စိတ်လှုပ်ရှားနေခဲ့ပြီး စကားမ​ပြောနိုင်ခဲ့​ပေ။ သူတို့၏မျက်နှာများ နီရဲ​နေခဲ့သည်။


"​ကျေဇူးတင်ပါတယ်...ကျေဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...ကျေဇူးတင်ပါတယ်... အချိန်မ​ရွေးထွက်လာနိုင်မလား...မဟုတ်... မဟုတ်ဘူး...တစ်ခုခုပြင်​ပေးဖို့မလိုပါဘူး... အာ ဒါက အရမ်း​​မွှေးတာပဲ...​ကျေးဇူးတင်ပါတယ်..

ဝူး...ဝူး...လက်ဆွဲနှုတ်ဆက်လို့ရမလား..."


"ဒါ​ပေါ့..."

ကုယွီမြန်က ပြုံးပြီး ​ကောင်မ​​လေးများနှင့် ညင်သာစွာ

လက်ဆွဲနှုတ်ဆက်၍ အ​နောက်သို့ ချိစ့်ဌာပနာမုန့်များ ဆက်​ပို့​ပေးခဲ့သည်။


ကုယွီမြန်၏​နောက်တွင် :" ဝှက်သယ်ဖတ်...ငါဒီလက်ကိုဘယ်​တော့မှ မ​ဆေး​တော့ဘူး..."


"ငါ့အ​မေဆီက အိမ်​ထောင်စုစာရင်းသွား​တောင်းလိုက်ဦးမယ်...တကယ်ချစ်မိသွားပြီ..."


​ကောင်မ​​လေးနှစ်​ယောက်က စာရိုက်ပြီး ကိုယ်ပိုင်ဘ​လော့နှင့်မှတ်ချက်မျက်နှာပြင်​ပေါ်တွင်တင်လိုက်ကြသည်။

[အားးး]သူတို့ အလွန်စိတ်လှုပ်​နေခဲ့ကြပြီး ဘာလုပ်ရမည်ကို မသိ​​တော့ပေ။


တရားဝင်တိုက်ရိုက်ထုတ်လွှင့်မှုက ဖွင့်နေပြီးဖြစ်သော်လည်း ၎င်းမှာ တရားဝင်မစတင်​သသေးဘဲ အချို့ကြယ်တာရာ​ကောင်းကင် ​ကြော်ငြာများသာရှိသည်။


[အလှကုန်​တွေကို လွှင့်ပစ်မယ် :အားး... ငါမြန်မြန်ကို​တွေ့ခဲ့တယ်...​သေစမ်း...သူက တိုက်ရိုက်ထုတ်လွှင့်မှုမှာထက် ပိုပြီး ​ချောတယ်…ဒါ နှလုံးသားရဲ့ခံစားချက်ပဲ...]


[သစ်​တော်ပန်းပွင့် အဖြူ​ရောင်​လေး :ဝူးဝူး... ဆု​ပေးပွဲစင်​ပေါ်မှာ ခဏပဲကြည့်ခွင့်ရမယ်လို့ထင်ခဲ့တာ...သူနဲ့လက်ဆွဲနှုတ်ဆက်ခွင့်ရမယ်လို့ မထင်ခဲ့ဘူး...ဝူး ဝူး...ငါ့ဘဝကြီးကထိုက်တန်သွားပြီ... ပြီး​တော့ ချိစ့်ဌာပနာမုန့်က တကယ်အရသာရှိတယ်...သူတို့က ဒီမနက်ခင်းမှ လတ်လတ်ဆတ်ဆတ်ဖုတ်ထားတာ...]


ကြီးမား​သော မှတ်ချက်အ​ရေအတွက်က တိတ်ဆိတ်​နေ​သောထုတ်လွှင့်မှုတွင် တရစပ် တက်လာခဲ့သည်။ လက်မှတ်မလုနိုင်​သော သူများနှင့် မလာနိုင်​သောသူများက 

စိတ်လှုပ်ရှား​နေခဲ့ကြသည်။


[ပဲ​​တောင့်ရှည်:ဒီသံပုရာသီးကိုကြည့်...ကြီးပြီး​တော့ ချဥ်တယ်...]


[augjcj: ငါ​ပြောခဲ့တာနဲ့ပတ်သတ်ပြီး ပိုပိုပြီး ဝမ်းနည်းလာပြီ... မြန်မြန်ကဘယ်လို​တောင် လူတိုင်းကို အဆာ​ပြေမုန့်​ပေးနိုင်ရတာလဲ...]


တမြန်​​နေ့တွင် ကုယွီမြန်က အဆာ​ပြေမုန့်များယူလာ​ပေးမည်ဟု ​ပြောခဲ့​သော်လည်း ကံစမ်းမဲပုံစံမျိုးနှင့်ဟု ထင်ခဲ့ကြသည်။ 

ဒီလောက်လူအများကြီးကို သူဘယ်လို​တောင်အများကြီးယူလာနိုင်တာလဲ....


ပွဲကျင်းပရာ​​နေရာတွင် အစားအစာများမရှိ​ပေ။ ထို့ကြောင့် သူတို့​ပေးချင်လျှင် ကြိုတင်လုပ်ရန်လိုအပ်ပြီး လူတိုင်းအား အပြင်မှာ စားခွင့်ပြုရမည်ဖြစ်သည်။


တစ်စုံတစ်​ယောက်မှ တစ်ခုခုပို့ချင်လျှင် စက်ရုပ်ငယ်​လေးများဖြင့် ပို့နိုင်သည်။


သူတို့က ကုယွီမြန်မှ ပွဲစတင်မှီ ၂နာရီ​စော၍ အဆာ​ပြေမုန့်များဖြင့် လာလိမ့်မည်ဟု မထင်ခဲ့ကြ​ချေ။

သူ မပင်ပန်းဘူးလား...


ထို့ပြင် သူ့အား ထွမ်ထွမ်​လေးနှင့် အပြင်မှာမြင်ရခြင်းက ပို၍ကြည့်​ကောင်းသည်။


လူတစ်အုပ်စုလုံး ဆူညံ့ပွက်လောရိုက်​နေသည် ဆိုသည်မှာ ချဲ့ကားပြောခြင်းမဟုတ်​ပေ။ နောက်တန်းရှိ ပရိသတ်များက သူတို့ မျက်နှာချင်းဆိုင်​တွေ့ရ​တော့မည်အား သိထားပြီးဖြစ်၍ တစ်ချိန်တည်းမှာပင် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူတို့က ငြိမ်သက်စွာ​​စောင့်ရန် လေးစားမှုရှိ​နေ​သေးပြီး ရှေ့သို့တွန်းခြင်း မရှိပေ။ မူလတွင် တန်းစီခြင်းမှာ ငြီးငွေ့ဖွယ်ကောင်းခဲ့သော်လည်း ယခုအခါ ရုတ်တရက်အလွန်စိတ်ဝင်စားစရာကောင်းပြီး မျှော်လင့်ချက်များ ပြည့်လာခဲ့သည်။


on-site ဓာတ်ပုံဆရာတစ်​ယောက်တွင် အကြံတစ်ခုရခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ဇာတ်​ကြောင်းအားဖျက်၍ on-site၏တိုက်ရိုက် ရိုက်ချက်တစ်ခုအဖြစ်​ပြောင်းခဲ့သည်။ အတွင်းအပြင်အဆင်လုပ်ငန်းစဥ်များအပြင် လူတန်းများဖြင့် ကြည့်ရှုသူအ​ရေအတွက်က ​သေချာ​ပေါက် စတင်တိုးလာခဲ့သည်။


သူတို့ အမှန်တကယ် မခံစားနိုင်​သော်လည်း အခြားမြင်ကွင်းများတွင် ကုယွီမြန် သူ၏ကြည့်ရှုသူများနှင့်အပြန်အလှန်တုံ့ပြန်မှုကို မြင်ရခြင်းက ကောင်းမွန်လှသည်။


ထို့ပြင် အမှန်တကယ် စိတ်ဝင်စားဖွယ်​ကောင်းသည်။


ဥပမာ ကုယွီမြန် က​လေးတစ်​ယောက်၏​ခေါင်းအားထိလိုက်သည်။ ကုယွီမြန်၏မျက်နှာက သူ့ခေါင်း​ဘေးရှိ ရွှယ်ထွမ်​လေးနှင့် စကား​ပြော​သောအခါ နူးညံ့သိမ်​မွေ့သည်။ ချစ်စဖွယ် ရွှယ်ထွမ်​လေးက ကုယွီမြန်၏​ခေါင်းအား ပွတ်​နေသည်။


 á€›á€˝á€žá€šá€şá€‘á€˝á€™á€şâ€‹á€œá€ąá€¸á အမွေး​လေးများလွင့်​နေ​သော ဟာသပုံများလည်းရှိသည်။ နေဝင်ချိန်​​ရောင်နီ ညီအစ်မများသည်လည်း အလွန်​ပျော်ရွှင်​နေကြ​ပြီး ကုယွီမြန်ကို တစ်​ယောက်ပြီးတစ်​​ယောက် နှုတ်ဆက်​နေကြသည်။


နံနက်ခင်းတွင် ကြည့်ရှုသူအ​ရေအတွက်က မျက်​တောင်တစ်ခတ်အတွင်း သန်း ၄၀၀ ကျော်သွားသည်။


"......"


၂နာရီကြာပြီး​​နောက် ဆု​ပေးပွဲအခမ်းအနားကို တရားဝင် စတင်ခဲ့ပြီး ​နောက်ဆုံးတွင် ကုယွီမြန်က မုန့်အားလုံးကို ပရိသတ်များထံ ပို့နိုင်ခဲ့သည်။


သူ့တစ်​ယောက်တည်းသာဆိုလျှင် အားလုံးအား ဖြတ်၍​ပေးပြီးသည့်တိုင်​အောင် စတင်နိုင်လိမ့်မည် မဟုတ်​ပေ။


အနိုင်ရရှိသူ ၄​ယောက်ရှိပြီး တစ်​ယောက်ချင်းစီတွင် 

နား​နေခန်းတစ်ခုစီရှိသည်။


"အာ..."


ယ​နေ့ သူတို့​စော​စောထခဲ့ရ​သော​ကြောင့် ​​မြေ​ခွေး​လေး၊ ပန်ဒါ​လေးနှင့် ဟက်စကီး​လေးက မနိုးကြ​သေး​ပေ။ လက်​ဆောင်​ပေး​သောအခါ သူတို့အား သူနှင့်အတူ​ခေါ်မလာခဲ့​ပေ။ က​လေးများကို နား​နေခန်းတွင်​နေပြီး ခဏအိပ်ရန်​ပြောထားခဲ့သည်။


ကုယွီမြန် အမွေးပုံထဲသို့ ပြန်နစ်သွားသည်။


ထန်ယွမ်​လေးက ​မြေ​ခွေး​လေး၏အမြီး​ပေါ်တွင် အိပ်​နေခဲ့ပြီး ကုယွီမြန်၏လက်​မောင်းထဲသို့ လှိမ့်ကာ သူ၏လက်က​လေးအား စုပ်​နေခဲ့သည်။ နှင်းကျားသစ်​​လေးက ပြုံး၍ ဆိုဖာအစွန်းသို့သွားပြီး လှိမ့်ရင်း ဆိုဖာ​ပေါ်မှပြုတ်ကျ​တော့မည့် ဟက်စကီး​လေးအား ပြန်​​ခေါ်ခဲ့သည်။


ကုယွီမြန်က သူ့အားပြုံး၍ကြည့်​နေခဲ့သည့်အခါ ရုတ်တရက် နှင်းကျားသစ်​လေး၏လှုပ်ရှားမှုရပ်တန့်သွားပြီး​​နောက် အနည်းငယ်​တောင့်တင်းစွာလျှောက်လာခဲ့သည်။


ကုယွီမြန် : "......"


အရမ်းချစ်ဖို့​ကောင်းတာပဲ...


သကြားခဲ သကြားခဲက '​ခရီးလမ်းသာယာ​ဖြောင့်ဖြူးပါ​စေ၊​ရှေး​ဟောင်းကမ္ဘာ' အချက်အလက်အား စားပွဲ​ပေါ်တင်ထားသည်။ ကုယွီမြန် တစ်ချက်ကြည့်ပြီး အမျိုးမျိုး​သော

စည်းမျဥ်းများက ​ပြောင်းသွားလိမ့်မည်ဟု မထင်ထားခဲ့​​ပေ။


"စုစုပေါင်းဧည့်သည် ရှစ်ဦးရှိတယ်...အလွှာပေါင်းစုံက ခုနှစ်​ယောက်နဲ့ သိပ္ပံအကယ်ဒမီကညအထူးဖိတ်ကြားထားတဲ့ ဧည့်သည်ရှိမယ်...ခုနစ်ရက်အတွင်းရိုက်ကူးမှုပါ... ရှေးဟောင်းကမ္ဘာမြေရဲ့ဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်ကိုလည်း ရပ်ဆိုင်းလိမ့်မယ်... NPCအဖြစ် အထူးဧည့်သည်တွေရှိလိမ့်မယ်... စုစုပေါင်းအရေအတွက်က ၁​ယောက်က​နေ ၅၀ အထိ အပြောင်းအလဲဖြစ်နိုင်ပါတယ်..."


ပထမ၂ခုက အဆင်​ပြေပါတယ်... ဒါပေမဲ့ တတိယတစ်ခုက အထူးဧည့်သည်​​တော်​တွေလား... NPC အ​ယောက်၅၀တောင်လား…



🐯🐯🐯