Chapter 187
Viewers 32k

🌍Chapter 187




ထန်​မော့နှင့် ဖူ၀မ်​သော် အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြသည်။ 


ထန်​မော့သည် ဖူ၀မ်ရှန်းကိုမြင်လျှင် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိခြင်းဟူ​သော ​ခေါင်းစီးကို ရုတ်ချည်း​တွေးမိသွားခဲ့သည်။ သူ ထိုအ​တွေးကို ချက်ချင်းခါထုတ်လိုက်ပြီး တစ်ခုခု​ပြောရန် ပြင်လိုက်​လေသည်။


"​ရှောင်ရှန်း မင်းအ​တွေးလွန်​နေပြီ ငါကမင်းအစ်ကိုရဲ့ စွမ်းရည်ကို ပွားယူ​နေရုံပဲ"


ဖူ၀မ်ရှန်း၏ မျက်​တောင်များတုန်လှုပ်သွားလျက် သူအစ်ကိုဖြစ်သူ၏ ဗလာဖြစ်​နေ​သော ရင်ဘတ်နှင့် ၀မ်းဗိုက်ကိုထိထား​သော ထန်​​မော့၏ လက်ဖ၀ါးကို ကြည့်လာခဲ့သည်။


က​လေးတစ်​ယောက်ကို လိမ်​နေတယ်...


ဖူ၀မ်ရှန်ူ ဓါတ်ဆားရည်များဖြည့်ပြီးသည့်​နောက် သူ၏အစ်ကိုနှင့် ထန်​မော့တို့​ပျောက်​နေသည်ကို​တွေ့သွားခဲ့သည်။ က​လေးမှာ စိတ်ရှည်ရှည်နှင့် ​စောင့်​နေခဲ့သည့်တိုင် ထို၂ဦးမှာ ပြန်မလာခဲ့​ချေ။ သူကစိတ်ပူလာခဲ့ပြီး ထိုဂို​ထောင်အ​သေး​လေးကို​တွေ့သွားခဲ့သည်။ ထို့အပြင်တံခါးမှာလည်း ပိတ်မထားသည်ဖြစ်၍ ဖူ၀မ်ရှန်းလည်း သိပ်​တွေးမနေပဲ ၀င်လာခဲ့ခြင်းဖြစ်သည်။ ထို့​နောက် သူ၏ဘ၀တွင် ဘယ်​တော့မှ မ​​မေ့နိုင်​လောက်မည့်မြင်ကွင်းတစ်ခုကိုမြင်လိုက်ရ​လေသည်။


ထန်​မော့က သူ၏အစ်ကိုဖြစ်သူကို နံရံတွင်ဖိထားခဲ့ပြီး အ၀တ်များကိုဖွင့်ထားကာ သူ့ကိုထိ​နေခဲ့သည်။


​ကြောက်စရာအ​ကောင်းဆုံးအရာက...


ဖူ၀မ်ရှန်း သူ၏အစ်ကိုဖြစ်သူ၏ ​ဘောင်းဘီထံအကြည့်​ရောက်သွားခဲ့သည်။


သူ့အစ်ကိုကမာ​နေတယ်...


'ငါ့အစ်ကိုက တကယ်​တော့အ​ကွေးပဲ' 'အစ်ကိုနဲ့ အစ်ကိုထန်​နဲ့က ဒီလိုဆက်ဆံ​ရေးမျိုးရှိတာလား'

'သူတို့နန်ကျင်းအထိ ငါ့ကိုရှာဖို့ အတူတူ​ရောက်လာကြတာ မအံ့သြ​တော့ပါဘူး'


အစသဖြင့် အ​တွေး​ပေါင်းများစွာ သူ၏​ခေါင်းထဲတွင် ဖြတ်​​ပြေးသွားပြီး​နောက် သူ​ခေါင်းကို အသာငုံ့လျက် ဆိုလိုက်သည်။


"​နှောင့်ယှက်မိလို့​တောင်းပန်ပါတယ်'


ထန်​မော့"..."


လုံး၀အ​နှောင့်အယှက်မဖြစ်ပါဘူး​နော်...


ထန်​မော့ရှင်းပြရန်အတွက် သူ၏လက်ကို အလျင်အမြန်ပြန်ရုတ်ရန်ပြင်လိုက်သည်။ သို့​သော်ဖူ၀မ်​သော်က သူ၏လက်ကိုဖမ်းဆုပ်ထားခဲ့​လေသည်။ တချိန်ထဲမှာပင် သူ၏ညီငယ်အား ​အေးစက်စွာကြည့်လိုက်ကာ


"နည်းနည်း​​လောက် ပို​တွေးတတ်ဦး"


ထန်​မော့၏​ဖြေရှင်းချက်မှာ ဖူ၀မ်​သော်၏ စကား​လေးလေးလုံးမျှနှင့် ဖိနှိပ်ခံလိုက်ရသည်။ ၄င်းကိုကြားလျှင် ဖူ၀မ်​ရှန်းက မ၀ံ့မရဲနှင့် ​ခေါင်းကို​မော့လာပြီး ဘာမှမဆိုရဲ​တော့​ချေ။


ထန်​မော့ ပါးစပ်ဟကာ ဖူ၀မ်ရှန်းအား ရှင်းပြရန်ပြင်လိုက်​သော်လည်း ရုတ်ချည်းရပ်တန့်သွားခဲ့သည်။ 

ဖူ၀မ်​သော်နှင့် ဖူ၀မ်ရှန်းမှာလည်း ထန်​မော့၏ လက်ဖ၀ါးကို အံ့အားသင့်စွာ ကြည့်လာခဲ့သည်။ ထန်​မော့၏လက်​ချောင်းများကြားမှ အလင်းများ တိုးထွက်လာသည်ကို ​တွေ့လိုက်ကြရသည်။ ၄င်းမှာ အလွန်မစူးရှ​သော်လည်း ဂို​ထောင်ကျဥ်းကျဥ်း​လေးကို​တော့ အနည်းငယ်လင်းထိန်သွား​စေသည်ပင်။


ထန်​မော့ဖူ၀မ်ရှန်းကိုကြည့်​နေစဥ်က ထိုအလင်း​ပေါ်မလာခဲ့​သေး​ချေ။


ထန်​မော့သူ၏လက်အား ဖူ၀မ်​သော်၏ ၀မ်းဗိုက်ကြွက်သားများ​ပေါ်မှ ​ပျော်ရွှင်စွာ ရုတ်လိုက်ပြီး ​မြေကြီးတွင်ဖိကပ်လိုက်သည်။


ထို​နောက် စူးရှ​သောအသံတစ်ခုနှင့်အတူ  ထန်​မော့လက်ကို​မြှောက်လိုက်လျှင် အလင်းလုံးတစ်ခုထွက်​ပေါ်လာခဲ့သည်။ ထန်​မော့၄င်းကိုဖမ်းယူလိုက်ပြီး ထိုအလင်းလုံး၏ အကျဥ်းချုပ်ကို ဖတ်ကြည့်ရန် ကြိုးစားလိုက်သည်။ ထို့​နောက် သူ၏အမူအယာမှာ ​အေးခဲသွားပြီး ထန်​မော့ ဖူ၀မ်​သော်နှင့် ဖူ၀မ်ရှန်းအား ရှုပ်​ထွေးစွာ ကြည့်လာခဲ့သည်။


"ဒီဟာက...ကျွန်​တော်လည်း ဘယ်လို​ပြောရမလဲမသိဘူး ဗိုလ်ချုပ်ဖူ ခင်များကြည့်ကြည့်မလား။ နည်းနည်းရှုပ်​ထွေး​နေလို့"


[စွမ်းရည်: မျိုးရိုးဗီဇပြန်လည်​ပေါင်းစပ်ဖွဲ့စည်းခြင်း]


[ပိုင်ရှင်: ဖူ၀မ်​သော်( ခိုး၀င်သူ)]


[အမျိုးအစား: ထုတ်လုပ်ခြင်း]


[အဆင့်: ၇]


[ကန့်သတ်ချက်: မသိ]


[မှတ်ချက်: ဤစွမ်းရည်ကိုပိုင်ဆိုင်ဖူး​သော ​နောက်ဆုံးသူ...မသိ]


ထန်​မော့နှင့် ဖူ၀မ်​ရှန်းတို့ ဓါတ်ဆီဆိုင်ကို ပြန်လာပြီးနောက် ဖူ၀မ်​သော်ကမူ ​ကျန်ရစ်ခဲ့​လေသည်။


ထန်​မော့ တဖက်လူက လိုက်မလာသည်ကိုမြင်လျှင် သူ၏​ခြေလှမ်းများကိုရပ်လျက် မျက်လုံးများမှတဆင့် အ​ကြောင်းပြချက်ကို​မေးလိုက်မိသည်။


ဖူ၀မ်​သော်က ဂို​ထောင်​လေးထဲတွင်ရပ်​နေခဲ့ပြီး သူ၏​ဘောင်းဘီအား အလွန်တည်ငြိမ်စွာပင် ငုံ့ကြည့်ပြလိုက်​လေသည်။ 


ထန်​မော့မျက်​တောင်များလှုပ်ခါသွားလျက် က​လေးကို ဓါတ်ဆီဆိုင်သို့အလျင်အမြန်ဆွဲသွားခဲ့​လေသည်။ ဖူ၀မ်​သော်မှာ သူ၏ ကိုယ်​ရေးကိုယ်တာ ပြဿနာကို​ဖြေရှင်းရန် ဂို​ထောင်​လေးတွင် ကျန်​နေရစ်ခဲ့ခြင်းဖြစ်သည်။


နာရီ၀က်နီးပါးကြာမြင့်ပြီး​နောက် ဖူ၀မ်​သော် ဓါတ်ဆီဆိုင်သို့ပြန်​ရောက်လာခဲ့သည်။


ဓါတ်ဆီဆိုင်တွင် ထန်​မော့က သူမြင်​တွေ့ခဲ့ရသမျှ ဖူ၀မ်​သော်စွမ်းရည်၏ အချက်အလက်မှန်သမျှကို ချ​ရေးထားခဲ့​လေသည်။ ဖူ၀မ်​သော်ပြန်​ရောက်လာလျှင် ​ထန်မော့​ခေါင်းကိုလှည့်လျက်အကြည့်ချင်း ဆုံသွားမိသည်။ 


 á€‘á€”á€şâ€‹á€™á€ąá€Źá€ˇá€á€…á€şá€–á€€á€şá€œá€°á ​ဘောင်းဘီအား အပြစ်ရှိစိတ်ဖြင့် တစ်ချက်ကြည့်လိုက်မိသည်။ အပြဿနာကို​ဖြေရှင်းပြီးဖြစ်သည်အားမြင်​သော် သူ​ချောင်းအသာဟန့်လျက် မျက်နှာပူစွာ အကြည့်လွှဲလိုက်​တော့သည်။


နံရံ​ပေါ်တွင် နာရီတစ်လုံးကိုချိတ်ထားပြီး ၄င်းမှာ ၁၀နာရီ ၂၃မိနစ်ကို ညွှန်ပြ​နေခဲ့သည်။


ထန်​မော့ကဆိုလိုက်သည်။ 


"အချိန်ကကွက်တိပဲ။ ကျွန်​တော့်စွမ်းရည်က တဖက်လူရဲ့စွမ်းရည်ကို စစ်​ဆေးပြီးရင် မိနစ်၃၀အတွင်းပဲ သုံးလို့ရတယ် မိနစ်၃၀​ကျော်သွားရင် ကျွန်​တော်ခင်များရဲ့စွမ်းရည်ကိုသုံးလို့ရ​တော့မှာမဟုတ်ဘူး"


ထန်​မော့​​ပြောပြီး​နောက် စားပွဲ​ပေါ်မှ အလင်းလုံးကို​ကောက်ယူလိုက်သည်။


ထိုအနက်​​ရောင်အလင်းလုံးမှာ အနက်​ရောင်တွင်း​ပေါက်ကြီးလိုပင်။ ဖူ၀မ်ရှန်း ၄င်းကိုလှမ်းမထိမိပဲ မ​နေနိုင်ခဲ့​ချေ။ သို့​သော် သူမထိလိုက်ရ​သေးခင်မှာပင် ထိုအလင်းလုံးထဲမှ အလင်းလုံး​အ​သေးလေးတစ်ခုခွဲထွက်လာခဲ့ပြီး ​လေထုထဲတွင် ဖုန်မှုန့်များလို ပြန့်ကျဲသွားခဲ့သည်။ ထန်​မော့ထိုအလင်းလုံးကို ခိုင်မာစွာဆုပ်ကိုင်လျက် သူ၏လက်ဖ၀ါးများကို ပိတ်လိုက်​လေသည်။


ထို့​နောက် စူးရှ​သောအသံတစ်ခုနှင့်အတူ ထန်​မော့သူ၏ညာလက်ကို​မြှောက်လိုက်​လေသည်။ ​တောက်ပ​သောအလင်း​ရောင်​အောက်တွင် ထန်​မော့၏လက်​​ချောင်းမှာ လှုပ်ရှားလာခဲ့သည်။ ထို့​နောက်သူ ညာလက်ကို ညင်သာစွာ​​ဝေ့ယမ်းလိုက်​လေသည်။


ရုတ်ချည်း သူ၏လက်ခလယ်မှာ အနက်​ရောင်အလင်းတစ်ခုဖြာထွက်လာခဲ့သည်။ ထို့​နောက် အနက်​ရောင်အလွှာတစ်ခုက မျက်စိနှင့်မြင်နိုင်​သောအလျင်နှင် လျင်မြန်စွာ​ပေါ်လာခဲ့​လေသည်။ ထို့​နောက်၄င်းက သူ၏လက်ခယ်အား ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။


ဖူ၀မ်​သော်၏ မျက်လုံးများမှာ ကျဥ်း​မြောင်းသွားလျက် ဖူ၀မ်ရှန်းမှာမူ အံ့အားသင့်စွာ အာ​မေဋိတ်သံပြုလိုက်မိ​လေသည်။


ထန်​​မော့ သတ္တုအဖြစ်​ပြောင်းလဲသွား​သော လက်ခလယ်ကို အသာထိကြည့်လိုက်မိသည်။ ၄င်းမှ သတ္တုအတိဖြစ်ကာ ​အေးစက်ပြီး ​ချော​မွေ့​နေခဲ့သည်။ သူကထိုလက်ကို ဖူ၀မ်ရှန်း​ရှေ့သို့ ဆန့်​ပေးလိုက်လျှင် ထိုက​လေးက သူ၏လက်​​ချောင်းကို ထိကြည့်လာခဲ့သည်။


"ဒီဟာက ဘာသတ္တုလဲ သံလား မဂ္ဂနိလား"


၄င်းမှာအနက်​ရောင်​ပေမို့အရင်ဆုံး​တွေးမိမည်က သံနှင် မဂ္ဂနိပင်။


ထို့​နောက် ထန်​မော့သူ၏လက်ကို ဖူ၀မ်​သော်​ရှေ့တွင် ဆန့်ပြလိုက်သည်။ 


ဖူ၀မ်​သော်မှာ သူ၏သတ္တုအဖြစ်​ပြောင်းသွား​သော လက်​ချောင်းကို တိုက်ရိုက်ထိမလာခဲ့။ သူ၏ညာလက်ကို​မြှောက်လိုက်ပြီး ၄င်း၏လက်ခလယ်မှာ အနက်​ရောင်သတ္တုအဖြစ်​ပြောင်းလဲသွားခဲ့​လေသည်။ ထို့​နောက် လက်​ချောင်း၂​ချောင်းကို အတူယှဥ်ကြည့်လိုက်သည်။


"မာ​ကြောမှုက​တော့အတူတူလိုပါပဲ။ ဒါ​ပေမယ့် နည်းနည်း​တော့ကွာတယ်"


ထန်​မော့လက်​ချောင်းမှာ အ​ရောင်မသိမသာ ပို​ဖျော့ပြီး ဖူ၀မ်​သော်၏ သတ္တုက အလွန်မည်းနက်ပြီး ​အေးစက်​သော ​ရောင်ပြန်တစ်ခုကိုထုတ်လွှင့်​နေခဲ့သည်။ 


ဖူ၀မ်​သော်က​မေးလိုက်သည်။ 


"မင်းဒီလက်တစ်​ချောင်းကိုပဲ ​ပြောင်းလို့ရတာလား"


ထန်​မော့ကပြန်​ဖြေလိုက်သည်။


"ကျွန်​တော်ခင်များရဲ့စွမ်းရည်ကို ကူးပြီးရင်း သူ့ရဲ့ ၁၀ရာခိုင်နှုန်း​လောက်ကိုပဲ သုံးလို့ရတယ်၊ ကျွန်​တော်လက်တစ်​ချောင်းလုံးကို သတ္တုအဖြစ်​တော့​ပြောင်းနိုင်​​လောက်တယ်၊ ဒါ​ပေမယ့်အဲ​လောက်မှ မလိုတာ" 


ထို့​နောက် ထန်​မော့ဤစွမ်းရည်ကို ရရှိပြီး မိနစ်၃၀ပြည့်သွားပြီဖြစ်၍ အနက်​ရောင်သတ္တုမှာ တဖြည်းဖြည်းချင်း​ပျောက်ကွယ်သွားခဲ့​တော့သည်။


ဤသည်ကို မစမ်းကြည့်ခင်က ထန်​မော့ထင်​နေခဲ့သည်မှာ ဖူ၀မ်​သော်၏ စွမ်းရည်က အ​ရေပြားအ​ပေါ်ယံလွှာကို သတ္တုအဖြစ်​ပြောင်းလဲပြီး ပုံစံ​ပြောင်းလဲနိုင်သည်ဟုပင်။ သို့​သော် ထိုစွမ်းရည်ကို စမ်းသပ်ကြည့်ပြီး​နောက် သူ၏ခံစားချက်က ပို၍ ရှင်းလင်းသွားခဲ့သည်။ 


"ခင်များကျိုးသွားတဲ့ အပိုင်း​တွေကို ပြန်​ပေါက်​​အောင်လုပ်နိုင်လား"


ဖူ၀မ်​သော်မျက်ခုံးပင့်လျက်


"ခံစားမိလို့လား"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ 


"ကျွန်​တော်ခင်များစွမ်းရည်ကိုရ​တော့အဲလိုခံစားမိတာ။ ကျွန်​​တော်လက်ကိုဖြတ်လိုက်ပြီးရင် ပြန်​ပေါက်​​အောင် လုပ်လို့ရတယ်လို့ခံစားရတယ်။"


ထန်​​မော့ပို၍ဂရုစိုက်သည်မှာ


"ခင်များရဲ့စွမ်းရည်က မျိုးရိုးဗီဇာပြန်လည်​ပေါင်းစပ်ဖွဲ့စည်းခြင်းလို့​ခေါ်တယ်"


ထန်​မော့သူ၏အသင်း​ဖော်များကို တည်တံ့စွာကြည့်လိုက်ကာ 


"ကျွန်​တော်အဲလိုစကားစုမျိုး အရင်ကလည်းကြားဖူးတယ်။ အထက်တန်း​ကျောင်းသားတိုင်းလည်း သိ​လောက်မယ်ထင်တာပဲ။ ဒါ​ပေမယ့် ကျွန်​တော်သိသ​လောက်ဆိုရင် မျိုးရိုးဗီဇပြန်လည်​ပေါင်းစပ်ခြင်းက ခင်များရဲ့စွမ်းရည်နဲ့ ဘာမှမဆိုင်သလိုပဲ"


မျိုးရိုးဗီဇပြန်လည်​ပေါင်းစပ်ဖွဲ့စည်းခြင်းဆိုသည်မှာ 

Sexual reproductionဖြစ်စဥ်တွင် မျိုးရိုးဗီဇဆဲလ်များ ကျပန်း​ပေါင်းစပ်ပြီး ဆဲလ်အသစ်များကို ​မွေးထုတ်​ပေးခြင်းဖြစ်သည်။


လူသားများတွင် chromoxomes ၂၃စုံရှိကာ တစ်စုံချင်းစီအတွက် မျိုးရိုးဗီဇဆဲလ်အ​ရေအတွက်တချို့အထိရှိသည်။ ထန်​မော့ ဖူ၀မ်​သော်၏ စွမ်းရည်ကို ပွားယူပြီးချိန်တွင် အသုံးပြုပုံနှင့် ကန့်သတ်ချက်တို့ကို မသိခဲ့ရ​ချေ။ ထို့​နောက် ၄င်း၏အမည်မှသာ စွမ်းရည်၏ ဇစ်မြစ်ကို ​တွေး​တောနိုင်​လေသည်။


ဖူ၀မ်ရှန်းမှာ ထန်​မော့ white borad​ပေါ်တွင်​ရေးထား​သော စွမ်းရည်၏ အမည်ကို ကြည့်လိုက်သည်။ သူကငယ်ရွယ်​သော်လည်း IQမြင့်ကာ အတန်းများ​ကျော်တက်ခွင့်ရခဲ့သူဖြစ်သည်။ သူကမှန်းဆချက်တချို့ကို ပြုလုပ်လာခဲ့သည်။


"မျိုးရိုးဗီဇဆဲလ်တွေက သက်ရှိ​တွေရဲ့အသွင်ကို ထိန်းချုပ်​ပေးနိုင်တယ်၊ ဥပမာ အသားအ​ရောင် ဆံပင်အ​ရောင်တို့လို​ပေါ့ ကျွန်​တော်စာအုပ်တစ်အုပ်က​နေဖတ်ဖူးတာ။ ဒါ​ပေမယ့် သူကဘယ်​လောက်ပဲ ​ပေါင်းစပ်ဖွဲ့စည်း​တာ​တွေလုပ်ပါ​စေဦး လူအသားက​နေ သတ္တုအဖြစ်​တော့မ​ပြောင်းနိုင်ဘူး​လေ၊ အာ.. Geရဲ့စွမ်းရည်က ​ပေါင်းစပ်ဖွဲ့စည်းတဲ့ဖြစ်စဥ်ပြီးတာနဲ့ iron manအဖြစ်​ပြောင်းသွား​အောင် လုပ်​ပေးတာများလား"


ထို့​နောက် ထိုက​လေးမှာ သူ့ဘာသူ​ခေါင်းခါလိုက်ကာ 


"ခုဏက အစ်ကိုထန်​မော့လည်း Geရဲ့စွမ်းရည်ကို သုံးပြီး သတ္တုအဖြစ်​ပြောင်းနိုင်ခဲ့တာပဲ"


ထန်​မော့နှင့် သူ၏အစ်ကို၏ ဆဲလ်များမှာ ပြန်လည်ဖွဲ့စည်းပြီး​နောက် သတ္တုအဖြစ်​ပြောင်းသွားခြင်းဖြစ်နိုင်ပါသ​လော။


၄င်းမှာ အဓိကပြဿနာပင်


ထန်​မော့ကဆိုလိုက်သည်။ 


"မျိုးရိုးဗီဇဆဲလ်​တွေကိုပြန်လည်​ဖွဲ့စည်းတာက သက်ရှိ​တွေပဲပါ၀င်ရမှာလေ၊ သတ္တုက သက်ရှိဆဲလ်မှမဟုတ်တာ။ ဒီဟာက ဇီ၀​​ဗေဒအဆင့်နဲ့ဆိုင်တဲ့ ပြဿနာမဟုတ်​တော့ဘူး။ ငါတို့ကသက်ရှိ​တွေမဟုတ်​တော့ဘဲ အသွင်း​ပြောင်းနိုင်တဲ့ ပစ္စည်း​တွေဖြစ်လာတာ၊ အဲဒါကအထူးဆန်းဆုံးအချက်ပဲ။ နာမည်နဲ့ အသုံးပြုပုံကြားမှာ ဆက်သွယ်ချက်ရယ်လို့မရှိဘူး။ ခင်များ​ရော​တွေးမိတာရှိလား"


ထန်​​မော့ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်သည်။


ဖူ၀မ်​သော်မှာ ထန်မော့​ရေးထား​သော မျိုးရိုးဗီဇ ပြန်လည်​ပေါင်းစပ်ဖွဲ့စည်းခြင်းဟူ​သည်ကိုကြည့်​နေခဲ့ပြီး ​ခေါင်းအသာခါလာခဲ့သည်။ 


"ကိုယ်သိတာဆိုလို့ ကိုယ့်ရဲ့စွမ်းရည်က ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပုံ​ပြောင်းလို့ရတယ်ဆိုတာရယ် ကျိုးသွားပြတ်သွားတာ​တွေကို ပြန်​ပေါက်​အောင်လုပ်လို့ရတယ်ဆိုတာပဲ။ အတိအကျအသုံးပြုနည်းကို​တော့မသိဘူး။ ဒါ​ပေမယ့်ကိုယ်ပိုပြီး သိချင်တာက ဒီဟာပဲ"


ဖူ၀မ်​သော်၏ လက်​က ​အောက်သို့ညွှန်ပြလာခဲ့သည်။


ထန်မော့မှာသူ၏လက်ညိုးညွှန်ရာအတိုင်း ကြည့်လိုက်မိသည်။ 


"မှတ်ချက်: ဤစွမ်းရည်ကို ပိုင်ဆိုင်ဖူး​သော ​နောက်ဆုံးသူ ...မသိ" 


ဖူ၀မ်ရှန်းမှာထိုစာ​ကြောင်းကိုဖတ်ပြီး​နောက် သူ၏ဦး​နှောက်မှာ လျင်မြန်စွာ အလုပ်များသွား​တော့သည်။ ထို့​နောက်သူက အံ့သြတကြီး​ရေရွတ်လာခဲ့သည်။


"ဒီစွမ်းရည်ကို ပိုင်ဆိုင်ဖူးတဲ့ ​နောက်ဆုံးလူ ဟုတ်လား..."


ထန်​မော့ ဖူ၀မ်​သော်အား ​မော့ကြည့်လိုက်လျှင် ဖူ၀မ်​သော်ကသူ့ကိုပြန်ကြည့်လာခဲ့သည်။


မှန်၏။ ထန်​မော့နှင့် ဖူ၀မ်​သော်ဤစွမ်းရည်အ​ကြောင်း စသိရကတည်းက ထိုမျိုးရိုးဗီဇ​ပေါင်းစပ်ဖွဲ့စည်းခြင်းသို့မဟုတ် ​ကြောက်မက်ဖွယ် အဆင့်၇ ဆိုသည်ကို​ရော ဂရုမစိုက်ခဲ့​ချေ။


သူတို့ဂရုစိုက်သည်က ဤစွမ်းရည်ကိုပိုင်ဆိုင်ဖူး​သော ​နောက်ဆုံးသူဟူ​သော မှတ်ချက်ဖြစ်သည်။


ထိုမှတ်ချက်မှာ တစ်၀က်တပျက်ဖြစ်​နေ​သော်လည်း သံသယမရှိသည်မှာ...


ကစားသမားတစ်ဦး...


ထန်​မော့က တရား၀င်ကစားသမားဖြစ်ပြီး ဖူ၀မ်​သော်ကခိုး၀င်သူတစ်ဦးဖြစ်သည်။ သို့​သော် အနက်​ရောင်​မျှော်စင်အ​နေနှင့်ကြည့်မည်ဆိုပါက သူတို့၂ဦးလုံးမှာ ကစားသမားများဖြစ်​လေသည်။


ဤစွမ်းရည်ကို ​ပိုင်ဆိုင်ဖူး​သော ​နောက်ဆုံးသူဆိုသည်က ဘာကိုဆိုလိုသနည်း။ ဤစွမ်းရည်ကို တစ်​ယောက်​ယောက် ပိုင်ဆိုင်ခဲ့ဖူး​သေးသည်​လော။ သို့ဆိုပါက ထန်​​မော့နှင့် ဖူ၀မ်​သော်၏ လက်ရှိသိထားသမျှ အနက်​ရောင်​မျှော်စင်အ​ပေါ် ယူဆချက်များအားလုံး ​ပြောင်းပြန်လှန်သွား​ပေ​တော့မည်။


အကယ်၍ ဤစွမ်းရည်နှင့် အခြားတစ်စုံတစ်​ယောက်ရှိခဲ့ဖူးသည်ဆိုပါက ဤစွမ်းရည်များမှာ လူသားများ၏ပိုင်ဆိုင်မှုမဟုတ်ပဲ အနက်​​ရောင်​​မျှော်စင်၏ ဖန်တီးမှုဟု ဆိုလိုခြင်းပင်။ ထိုနည်းဖြင့်သာ စွမ်းရည်များကတူညီနိုင်သည်။ ထပ်​ပေါင်းဆိုရပါလျှင်...


"ဒီစွမ်းရည်ကိုပိုင်ဆိုင်ဖူးတဲ့​နောက်ဆုံးသူ...ဆို​​တော့ အဲဒီလူက​သေပြီလို့ဆိုလိုတာပဲ အဲဒါ​ကြောင့် ​နောက်ဆုံးသူလို့ ​​ပြောထားတာ ဒါမှမဟုတ်...."


ဖူ၀မ်​သော်နှင့် ဖူ၀မ်​ရှန်းတို့ ထန်​မော့ကို အတူတကွကြည့်လိုက်မိကြသည်။


ထန်​မော့မှာအပြင်ပန်းတွင် အလွန်တည်ငြိမ်​ပုံ​ပေါ်​သော်လည်း သူ၏နှလုံးမှာ အလွန်လျင်မြန်ခုန်​ပေါက်​နေခဲ့သည်။ သူသည်ကား လျို့၀ှက်ဆန်းကြယ်​သော အနက်​ရောင်​မျှော်စင်၏ ​နောက်ကွယ်မှအမှန်တရားကြီးတစ်ခုကို ဖမ်းဆုပ်မိလိုက်ပြီဟု ခံစား​နေရ​လေသည်။ သူကအသက်ကိုပြင်းပြင်းရှူလျက် ဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။ ထို့​နောက် သူ၏အသင်း​ဖော်၂ဦး​ပေါ် အကြည့်များမှာ ပကတိတည်ငြိမ်​နေခဲ့​လေသည်။ သူကဆိုလိုက်သည်။


"ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီ။ ဒီစကားကအရမ်းကိုထူးဆန်းတယ်မလား။ ကျွန်​တော်ရှန်ဟိုင်းမှာရှိတုန်းက ​လော့ဖုန်းချန်းကျွန်​တော့်ကိုတစ််ခါ​ပြောဖူးတာက နိုင်ငံ​တော်က အနက်​ရောင်​မျှော်စင်ရဲ့ ဇစ်မြစ်ကို တစ်ခါခန့်မှန်းမိဖူးတယ်တဲ့"


ထန်​မော့ဖူ၀မ်​သော်ကို ကြည့်လိုက်သည်​။ ဖူ၀မ်​သော် ဤအ​ကြောင်းကို သိလိမ့်မည်ဖြစ်​ကြောင်း ထန်​မော့အလွန်​သေချာ​နေခဲ့သည်။


"နိုင်ငံ​​တော်က အနက်​ရောင်​မျှော်စင်ဟာ ဂြိုလ်သား​တွေရဲ့ လုပ်ရပ်လို့ ထင်ကြေး​ပေးဖူးတယ်။ ဂြိုလ်သားမျိုးနွယ်တစ်စုက ဘာ​ကြောင့်မှန်းမသိ​ပေမယ့် အနက်​ရောင်​မျှော်စင်ကို ကမ္ဘာ​ပေါ်မှာ လာထားသွားတယ်၊ တကယ်​တော့ လူအများစုကလည်း ဒီ​လို​တွေးကြတာပါပဲ။ ဘယ်သူမှအတိအကျမသိကြတာပဲရှိတယ်။ ဒီ​တော့ အနက်​​ရောင်​မျှော်စင်​တွေက တကယ်ပဲ ဂြိုလ်သား​တွေလာထားသွားတာဆိုရင် ဒီမျိုးရိုးဗီဇပြန်လည်​ပေါင်းစပ်ဖွဲ့စည်းခြင်းကို ပိုင်ဆိုင်ဖူးတဲ့ ​နောက်ဆုံးသူဆိုတာက ​သေသွားပြီးတဲ့ လူသားတစ်​ယောက်ဒါမှမဟုတ် အနက်​ရောင်​မျှော်စင်ရဲ့ အဆုံးသတ်ကို ​ကျော်လွန်ခဲ့တဲ့ ကစားသမားတစ်​ယောက်လား"



🌍