Chapter 186
Viewers 32k

🌍Chapter 186



​မှောင်မည်း​နေ​သော ဂို​ထောင်ကျဥ်းကျဥ်း​လေးထဲတွင် ဖူ၀မ်​သော်မှ သူ၏​ရှေ့မှ​ကောင်က​လေးကို ငုံ့ကြည့်လိုက်မိသည်။ ​အေးစက်​သောလက်ဖ၀ါးတစ်ဖက်မှာ သူ၏ပါးပြင်ကိုထိကပ်ထားစဥ် သူ၏မျက်၀န်းတို့ ၀ိုင်းစက်​နေမိ​လေသည်။ ​အေးစက်​သော ည​လေ​ပြည်တို့က တံခါးမှတဆင့်တိုး၀င်လာပြီး ထန်​မော့၏ ဆံပင်တို့ကို ထိုးဖွသွားခဲ့သည်။


ထန်​မော့ ဖူ၀မ်​သော်၏မျက်နှာ​ပေါ်တွင် ဤကဲ့သို့အမူအယာမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့​ချေ။ ၄င်းမှာ တုန်လှုပ်မှုနှင့် ထူးခြား​သောခံစားမှုတချို့​ရော​နှော​နေကာ ​ဖော်ပြရန်မစွမ်းသာ။


 á€–ူ၀မ်​သ္ဏ် ထန်​မော့အား ရှုပ်​ထွေး​နေ​သောမျက်၀န်းများနှင့်ကြည့်လာခဲ့လျှင် ထန်​မော့လည်း တစ်ဖက်လူ၏ပါးပြင်ကို ထိကိုင်​နေ​သော လက်က​တောင့်တင်းသွားမိ​လေသည်။ ထို့​နောက် သူ၏စိတ်တို့ပြန်လည်တည်ငြိမ်သွားခဲ့သည်။


ထန်​မော့ကရှင်းပြလိုက်သည်။ 


"အဲဒီအမျိုးသမီးခိုး၀င်သူရဲ့ စွမ်းရည်က အသားချင်းထိရုံ​လောက်မရိုးရှင်းဘူး။ ကျွန်​တော်ကတဖက်လူကို ပိုပြီးရင်းရင်းနှီးနှီးထိ​လေ စွမ်းရည်ကိုရဖို့ပိုလွယ်​လေပဲ။ အဲဒါ​ကြောင့် တိုက်ခိုက်​နေတုန်းက သူက ကျွန်​​တော့်ရဲ့ပါး​တွေ လည်ပင်း​တွေကိုထိသွားတာ​ပေါ့။ အဲဒီ​နေရာ​တွေက လက်ကိုကိုင်တာထက် ပိုပြီး တရင်းတနှီးရှိတယ်​လေ"


မှန်၏။ မျက်နှာကိုထိရုံဖြင့် စွမ်းရည်ကိုရနိုင်မှ​တော့ သူဘာ​ကြောင့် ယုံကြည်ချက်မရှိရမည်နည်း။ 


ဖူ၀မ်​သော်က​မေးလိုက်သည်။ 


"သူက မင်း ပါးနဲ့ လည်ပင်းကိုထိခဲ့တယ်​ပေါ့" 


ထိုစဥ်က ဖူ၀မ်​သော်မှာ ကျန်ခိုး၀င်သူတစ်​ယောက်နှင့် တိုက်ခိုက်ခြင်းတွင် အာရုံစိုက်ထားခဲ့ရ၍ ထန်​မော့၏အ​ခြေအ​နေကို သတိမထားမိခဲ့​ချေ။


ထန်​မော့မှာ သိပ်မ​တွေးပဲ ပြန်​ဖြေလိုက်သည်။


"အင်း" 


ဖူ၀မ်​သော်၏ မျက်လုံးတို့ကျဥ်း​မြောင်းသွားခဲ့သည်။


"ပိုပြီးရင်းနှီးတဲ့​နေရာ​​​တွေကိုထိရင် စွမ်းရည်ယူတဲ့ကြာချိန်ပိုတိုသွားမှာလား" 


ထန်​မော့​ဖြေလိုက်သည်။


"အင်း"


ဖူ၀မ်​သော်မှ ဘာမှမဆို​တော့​သော်လည်း ထန်​မော့အား'ဒီလိုစွမ်းရည်မျိုးလည်းရှိ​သေးတာလား'ဟူ​သော အကြည့်မျိုးဖြင့်ကြည့်​နေခဲ့​လေသည်။


ထန်​မော့"..."


"တကယ်ပါဆို"


ထန်​မော့မှာ သူ၏စွမ်းရည်စာအုပ်အား တဖက်လူကို ထိုးပြလိုက်ချင်​သော်လည်း သူကိုယ်သူစိတ်ထိန်းထားလိုက်သည်။


ဖူ၀မ်​သော် ပြုံးလိုက်ပြီး ဘာမှထပ်မ​ပြော​တော့​ချေ။ 


မိုး​ကြောင့်လားမဆိုနိုင် ထန်​မော့၏ လက်များမှာ ​အေးစက်​နေခဲ့သည်။ သူ၏လက်ဖ၀ါးပြင်က ​ရေ​ငွေ့တချို့ဖြင့် ​​စိုရွှဲ​နေခြင်းပင်။ ထန်​မော့အတွက်လည်း ဖူ၀မ်​သော်၏ မျက်နှာကို ထိရန်အတွက် သတ္တိတချို့စုစည်းခဲ့ရသည်။ မည်သို့ပင်ဆို​စေဤသည်မှာ သာမာန်ထိ​တွေ့မှုမျှသာဖြစ်ကာ ကိစ္စကြီးမဟုတ်​ချေ။ 


၄င်းမှာ မျက်နှာတစ်ခုသာဖြစ်သည်။ သူ၏မျက်နှာနှင့် ဖူ၀မ်​သော်မျက်နှာနှင့် ဘယ်ဟာကိုထိထိအတူတူပင်။ 


ထန်​မော့၄င်းကို​တွေးလျက် သူ၏ဘယ်လက်ဖြင့် ဖူ၀မ်​သော်၏ ပါးပြင်ကို ကပ်ထားလိုက်သည်။


ထိုအ​နေအထားအတိုင်း၅မိနစ်မျှထိန်းသိမ်းထားပြီး​နောက် ထန်​မော့မျက်​မှောင်ကျုံ့လိုက်မိသည်။ 


"သိပ်မမြန်​သေးသလိုပဲ" 


ထို့​နောက် သူကကျန်လက်တစ်ဖက်ကို​မြှောက်လျက် ဖူ၀မ်​​သော်၏ ​နောက်ပါးတစ်ဖက်ကို ထိလိုက်သည်။ ၄င်းကိုလုပ်ပြီး​နောက်သူတစ်ခုခုကို နားလည်သွားသည့်ဟန် တန့်သွားမ်​လေသည်။


​နေပါဦး ဒီပုံစံက...


ထန်​​မော့ ခတ္တမျှစိုက်ကြည့်​နေပြီး​နောက် သူ၏လက်ဖ၀ါး၂ဖက်ကြားမှ မျက်နှာကို ခပ်တည်တည်နှင့် တစ်ချက်ညှစ်လိုက်​လေသည်။


ဖူ၀မ်​​သော်၏နှုတ်ခမ်းတို့မှာ စုချွန်ထွက်လာခဲ့သည်။


ထန်​မော့၏နှုတ်ခမ်းတို့ ချက်ချင်းပြုံးသွားခဲ့သည်။


ဖူ၀မ်​သော်"..."


ထန်​မော့ တဖက်လူ၏အမူအယာကိုမြင်လျှင် ဖျစ်ညှစ်ထားသည်ကို အမြန်ပြန်ရုတ်လိုက်သည်။ သူ့ကိုအပြစ်မတင်နိုင်ပါ​ချေ။ သူဖူ၀မ်​သော်၏ မျက်နှာကို လက်၂ဖက်နှင့် ကိုင်ပြီး​နောက် မဖျစ်ညှစ်ပဲမ​နေနိုင်ခဲ့​ချေ။ ဤအ​နေအထားက မျက်နှာကိုညှစ်ရန် အလွန်အဆင်သင့်လွန်း​နေသည်။ ဖူ၀မ်​သော်သည်လည်း သူ့အား 'ကိုယ့်ပါးကိုဖျစ်'ဟူ​သော အမူအယာဖြင့် ငုံ့ကြည့်​နေခဲ့သည်မဟုတ်ပါလား။


ရယ်​​မောလိုက်ပြီး​နောက် ထန်​မော့တည်ငြိမ်စွာဆိုလိုက်သည်။ 


"​ဆောရီး"


"ကိစ္စမရှိပါဘူး"


ထန်​မော့​ချောင်းဟန့်လိုက်ကာ ဘာမှမဆို​တော့။ ထို့​နောက်သူက ​လေသံနိမ့်နိမ့်နှင့်​မေးမြန်းသံကိုကြားလိုက်ရ​လေသည်။


"မင်းကဒီနှစ်ဆိုအသက်ဘယ်​လောက်ရှိပြီလဲ" 


ထန်​​မော့​ခေါင်းကို​မော့လျက် 


"၂၃နှစ် ဘာလို့လဲ"


ဖူ၀မ်​သော်​ခေါင်းညိတ်လိုက်ကာ 


"သိပြီ၊ မင်းကကိုယ့်ထက် ၃နှစ်ငယ်တာပဲ"


တဖက်လူမှာ မည်သည့်ရည်ရွယ်ချက်နှင့်​မေးမှန်းမသိခဲ့​သော်လည်း ယခု​တော့နားလည်သွား​ချေပြီ။ ဤသည်မှာ သူက က​လေးဆန်သည်ဟု ရည်ညွှန်း​နေ​ခြင်းပင်။ သူထပ်မံ​မော့ကြည့်လိုက်လျှင် ဖူ၀မ်​သော်က သူ့အား ပြုံးလျက်ငုံ့ကြည့်​နေသည်ကို​တွေ့လိုက်ရ​လေသည်။ မြင့်မား​သောတစ်ဦးကိုတစ်ဦး အပြန်အလှန်နားလည်မှုက ထန်​မော့နှင့်ဖူ၀မ်​သော်အား ဂိမ်းတိုင်းတွင် အတူပူး​​ပေါင်း​ဆောင်ရွက်နိုင်​စေရန်ကူညီ​ပေး​လေသည်။ ထိုမြင့်မား​သောနားလည်မှုကပင် ဤလူက သူ့အားက​လေးဆန်သည်ဟု​ပြော​နေမှန်း နားလည်စေသည်။


ထန်​မော့ငြင်းဆန်ချင်ခဲ့​သော်လည်း သူပြန်​တွေးကြည့်မိလျှင် သူ၏အခု​လေးတင်အပြုအမူမှာ အမှန်တကယ်က​လေးဆန်​နေခဲ့ပုံပင်။


ဤအဖြစ်အပျက်​ကြောင့်ပင် သူတို့၏ကြားမှ အ​နေခက်​သော​လေထုက အနည်းငယ်​ပြေ​လျော့သွားခဲ့သည်။


ထန်​​မော့လည်း ဖူ၀မ်​သော်၏မျက်နှာကိုဆက်ကိုင်ထားရင်း စွမ်းရည်ကိုရရှိရန်​စောင့်ဆိုင်း​နေခဲ့​လေသည်။ သို့​သော် ​နောက်ထပ်၅မိနစ်ကုန်လွန်သွားသည့်တိုင် သူကစွမ်းရည်ကို အာရုံမခံမိ​သေး​ချေ၊


ကြည့်ရသည်မှာ ဖူ၀မ်​သော်၏စွမ်းရည်က သူ​မျှော်လင့်ထားသည်ထက် ပိုစွမ်းအားကြီးပုံပင်။ 


ထန်​မော့ကဆိုလိုက်သည်။ 


"ကျွန်​​တော်ခင်များကိုကြာကြာထိထားရမယ်ထင်တယ်။ အဲဒီအမျိုးသမီးက ကျွန်​တော့်စွမ်းရည်ကိုမရခင် ၁၀မိနစ်​လောက် ကျွန်​တော်တို့ထိခဲ့တာ။ အဲဒါ​တောင် သူ့စွမ်းရည်က မူရင်းဗားရှင်း​လေ။ ကျွန်​တော့်ဟာက ပွားယူထားတာဆို​တော့ သူ့ထက်လိုအပ်ချက်ပိုမြင့်​လောက်တယ်။ ပြီး​တော့ ခင်များရဲ့စွမ်းရည်ကလည်း အရမ်းမြင့်​လောက်တယ်။ စွမ်းရည်ကပိုသန်မာ​လေ ရဖို့ခက်​လေပဲ"


"မင်းတခြား​နေရာ​တွေကို ထိလို့ရပါတယ်" 


ထန်​မော့ခတ္တမျှမတုန့်ပြန်နိုင်ဖြစ်သွားခဲ့သည်။ သူ၏စကားတို့တ၀က်တပျက်နှင့်ရပ်သွားရသည်။


"ဒါ​ပေါ့ ခင်များရဲ့စွမ်းရည်က သန်မာ​တော့ ပို​ကောင်း..." 


ထို့​နောက် သူ၏မျက်လုံးတို့၀ိုင်းစက်သွားလျက် 


"ကျန်တဲ့​နေရာ​​တွေကိုလည်း ထိလို့ရတယ်..."


ဖူ၀မ်​သော်က တည်ငြိမ်ပုံ​ပေါ်​သော်လည်း သူ၏နှုတ်ခမ်း​ထောင့်တို့မှာ​တော့မြင့်တက်သွားခဲ့သည်။


"တခြားပိုရင်းနှီးတဲ့​နေရာ​တွေကို ထိရင် ကြာချိန်ပိုတိုသွားမှာပဲ​လေ" 


သူကကျိုး​ကြောင်းဆီ​လျော်စွာဖြင့် ဆိုလာခဲ့သည်။


"ကိုယ့်မျက်နှာကိုထိတာက လက်ကို ထိတာထက်ပိုရင်းနှီးတယ်ဆိုရင် ကိုယ့်မျက်နှာထက် ပိုရင်းနှီးတဲ့​နေရာ​တွေကို ထိရင်ပိုမ​ကောင်းဘူးလား"


ထန်​မော့"..."


"မင်းတခြား​နေရာ​​​တွေကို ထိမယ်ဆိုလည်း ကိုယ်က​တော့ စိတ်မရှိဘူး" 


ဖူ၀မ်​သော်ကအဆုံးတွင်မှ ထပ်​ပေါင်းဆိုလာသည်။


"ကိုယ့်စွမ်းရည်ကိုစစ်​ဆေးဖို့အတွက်​ပေါ့"


ထန်​မော့သ​ဘောတူလိုက်သည်။ 


"အို​ကေ"


ဖူ၀မ်​သော်၏မျက်လုံးများမှာ ထန်​မော့ကိုစူးစိုက်ကြည့်​နေခဲ့သည်။ ထန်​မော့၏ အမူအယာများအမျိုးမျိုး​ပြောင်းလဲသွားပြီး​နောက် အို​ကေဟု ညှစ်ထုတ်ကာဆိုလိုက်သည်ကို သူကစိတ်၀င်တစားကြည့်​နေခဲ့​လေသည်။ ထန်​မော့၏တုန့်ပြန်မှုမှာ စိတ်၀င်စားစရာ​ကောင်းကာ အနည်းငယ်လည်း ချစ်စရာ​ကောင်းလှသည်။ သို့​သော် ရုတ်တရက် ဖူ၀မ်​သော်၏ အပြုံးတို့​တောင့်တင်းသွားပြီး ဆက်မရယ်နိုင်​တော့​ချေ။


အဘယ်​ကြောင့်မူ ​အေးစက်​သော လက်တစ်ဖက်မှ သူ၏ ​မေးဖျားမှတဆင့်​လျှောဆင်းလာခဲ့၍ပင်။ 


ထန်​မော့၏ လက်တစ်ဖက်မှာ ဖူ၀မ်​သော်၏ မျက်နှာ​ပေါ်တွင်သာရှိ​သေး​​သော်လည်း ကျန်တစ်ဖက်မှာ ဖူ၀မ်​သော်၏ လည်တိုင်သို့​လျှောဆင်းလာခဲ့​လေသည်။ ​အေးစက်​သောထိ​တွေ့မှုက ဖူ၀မ်​သော်၏ရင်ထဲ ထူးဆန်း​သော ခံစားချက်များနှင့် ပြည့်နှက်လာ​စေသည်။ သူသည်တဖက်လူ၏လက်ကို တားလိုက်ချင်ခဲ့​သော်လည်း ထိုလက်ဖ၀ါးမှာ ​အောက်သို့​လျှောဆင်းသွားခဲ့​ချေပြီ။


ထန်​မော့သည် အမူအယာမဲ့စွာဖြင့် လက်တစ်ဖက်ကဖူ၀မ်​​သော်၏ မျက်နှာကိုထိထားဆဲဖြစ်သည်။ 


တခြားတစ်ဖက်ကမူ ကုတ်တစ်ထပ်နှင့် ရှပ်အင်္ကျီတစ်ထပ်ခံထားသည့်တိုင်  တဖက်အမျိုးသား၏ ပြင်းထန်​​သော​ဟော်မုန်းနှင့် ကြွက်သားစိုင်များကို ခံစားမိဆဲပင်။ သူကစိတ်ကိုဆုံးဖြတ်လျက် လက်ကိုဆက်လက်​ရွေ့လျားလိုက်သည်။ ၀မ်းဗိုက်​နေရာသို့ထိ​တွေ့မိလျှင် ထန်​မော့​တောင့်တင်းသွားမိသည်။ သူကဖူ၀မ်​​သော်အား ထူးဆန်းစွာ​မော့ကြည့်လိုက်မိ​လေသည်။


ဖူ၀မ်​သော်၏ အသက်ရှူနှုန်းများရပ်တန့်သွားလုနီးပါးပင်။ 


ထန်​မော့က​မေးလိုက်သည်။ 


"ခင်များမှာတကယ်ကြီး eight packsရှိတယ်​ပေါ့"


ဖူ၀မ်​သော်ကမျက်ခုံးပင့်လျက်


"ကိုယ့်မှာမရှိသင့်ဘူးလား"


One packသာရှိသည့် ဆွံ့အသွား​သော ထန်​မော့"..."


တဖက်လူ၏ ရင်ဘတ်နှင့် ကြွက်သားများကို ထိခြင်းမှာ ထန်​မော့၏ အကန့်အသတ်ပင်။ သူကအ​ကွေးတစ်ဦးဖြစ်၍ ဤထက်ပို တရင်းတနှီးမထိနိုင်​တော့​ချေ။ သူကအမျိုးသားတစ်ဦးကို ဤသို့ထိ​တွေ့ဖို့​နေ​နေသာသာ အကွာအ​ဝေးတစ်ခုသာ ထားချင်ခဲ့တာဖြစ်သည်။ သို့​သော် ဤအ​ပေါစားစွမ်းရည်က သူ့ကိုထိုသို့ဖြစ်ခွင့်မ​ပေးခဲ့​ချေ။


[စွမ်းရည်: တပြားမှ၀ှက်ထားဖို့မစဥ်းစားနဲ့] 


[ပိုင်ရှင်: လင်းယာရွှီ(ခိုး၀င်သူ)]


……


[ကန့်သတ်ချက်: သင်သည်တစ်ဖက်လူကိုအကြာကြီးထိရန်လို၊ အထူးသဖြင့်အ​သားကိုတိုက်ရိုက်ထိရန်လိုအပ်]


ထန်​မော့မှာ သူ၏မျက်လုံး​ရှေ့မှာ ဖူ၀မ်​​သော်၏ ရှပ်အင်္ကျီ​​ကော်လာကို တည်ငြိမ်စွာစိုက်ကြည့်​နေခဲ့သည်။ သူသည်စကားတစ်ခွန်းမှမဆိုခဲ့ဘဲ ဖူ၀မ်​သော်သည်လည်း သူ၏ကိုယ်​ပေါ်မှ အထိအ​တွေ့​ကြောင့် တိတ်ဆိတ်​နေခဲ့သည်။ မည်မျှကြာသွားမှန်းမသိသည့်အချိန်တွင် ထန်​မော့ရုတ်ချည်း​​မော့ကြည့်လာခဲ့သည်။


"ကျွန်​​တော့်လက်ကို အထဲထည့်လို့ရမလား"


သူနားကြားမှားမိတာလား...


ထန်​မော့ကဆိုလိုက်သည်။ 


"အသားချင်းတိုက်ရိုက်ထိမှ ထိ​ရောက်မှာ"



“…”


ခတ္တမျှကြာပြီး​နောက် ဖူ၀မ်​သော်က သ​ဘောတူလာခဲ့သည်။


"အို​ကေ"


ဖူ၀မ်​သော် သူ၏ဂျက်ကတ်မှ ကြယ်သီးများကို ဖြုတ်လိုက်သည်။ ဂျက်ကတ်ကိုချွတ်လိုက်ပြီး​နောက် သူခတ္တမျှစဥ်းစား​နေပြီးမှ သူ၏ရှပ်အင်္ကျီကြယ်သီးများကထံလက်လှမ်းလိုက်သည်။ သူ၏လှုပ်​ဆောင်မှုများမှာ လျှင်မြန်​သော်လည်း ထန်​မော့၏ မျက်လုံးထဲတွင်​​တော့ အ​နှေးပြကွက်တစ်ခုနှယ်။ ကြယ်သီးတစ်လုံးစီကိုဖြုတ်လိုက်တိုင်း အ၀တ်၏ပွတ်တိုက်သံက


ဆိတ်ဆိတ်​နေ​သော ဂို​ထောင်​လေးထဲ ကျယ်​လောင်လွန်း​နေခဲ့သည်။


ဖူ၀မ်​သော် ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး ထန်​မော့လည်း သူ၏လက်ကို ​ရွေ့လျားလိုက်သည်။ 


​​အေးစက်​သော လက်ဖ၀ါးမှာ သူ၏အ​ရေပြားကိုလာထိချိန်တွင် ဖူ၀မ်​သော် နှုတ်ခမ်းကိုလျှာဖြင့်အသာသပ်လျက် သူ၏​ရှေ့မှ လူငယ်​လေးကို အနီးကပ်ကြည့်လိုက်​မိသည်။


ထန်​မော့က တစ်ဖက်လူ၏ စွမ်းရည်ကိုရရှိရန်သာ ၀တ္တရားအရ လုပ်​နေရပုံ​ပေါ်ပြီး သူ၏မျက်နှာ​ပေါ်တွင် မည်သည့်အမူအယာမျိုးမှမရှိ​ချေ။ ဖူ၀မ်​သော်သည် ထန်​မော့၏ ရင်ထဲမှ ​ရေရွတ်​နေ​သော ဗစ်တာဟူ​သောအမည်ကို ကြားနိုင်လိမ့်မည်မဟုတ်။


ထန်​မော့မှာgayတစ်ဦးဖြစ်သည့်တိုင် ဆန့်ကျင်ဘက်လိင်များနှင့်လည်း သင့်​လျော်​သောအကွာအ​ဝေးတစ်ခုအမြဲထားတတ်သည်။ သူကအလွန်တိတ်ဆိတ်သူဖြစ်ကာ စာဖတ်ရခြင်းကို ကြိုက်နှစ်သက်သည်။ သူ တက္ကသိုလ်တွင်လည်း ချစ်ကျွမ်း၀င်ရန် စိတ်ကူးမရှိခဲ့။ ထို့​နောက် တက္ကသိုလ်တက်​နေရင်းတွင်ပင် သူ၏အခန်း​ဖော်​ကျေးဇူးဖြင့် bridgeဂိမ်းကိုစွဲသွားခဲ့သည်။ ထို့​နောက်ဗစ်တာကို​တွေ့ခဲ့ရသည်။ သူသည်ကား လူတစ်ဦးကိုသ​ဘောကျသည်နှင့် ခံစားချက်မ​ပြောင်းလဲပဲ ထိုလူတစ်ဦးကိုသာ အာရုံစိုက်တတ်သူမျိုးပင်။


သို့​သော်...


ထန်​မော့​ခေါင်းကို​မော့လျက် သူ၏​ရှေ့မှ အမျိုးသားကို တိတ်တဆိတ်ကြည့်လိုက်မိသည်။ လူ၂ဦး၏အကြည့်မှာ ​လေထဲတွင် ​တွေ့ဆုံသွားခဲ့​လေသည်။ ထို့​နောက် ထန်​မော့လျင်မြန်စွာ အကြည့်လွှဲလိုက်ကာ ထပ်မံမကြည့်ရဲ​တော့​ချေ။


သူ၏နှလုံးမှာ အလွန်လျင်မြန်စွာခုန်​နေခဲ့သည်။


သူသည် ဗစ်တာတစ်ဦးတည်းကိုသာချစ်ခဲ့ဖူးပြီး ဗစ်တာကသာလျှင် သူ့အားရင်ခုန်မြန်​စေရန်လုပ်နိုင်သူအမြဲဖြစ်ခဲ့သည်။ ယခုအချိန်တွင်မူ ဖူ၀မ်​​သော်က သူ၏ရှပ်ကိုဖွင့်လျက် လှပ​သောကြွက်သားများကို​ဖော်ပြလာသည်က ထန်​မော့ကိုအနည်းငယ်​ရေငတ်သလိုခံစားရ​စေ​လေသည်။


သူ၏မျက်လုံးများမှာ ကြယ်သီးများကို တစ်လုံးချင်စီဖြုတ်​နေ​သော ဖူ၀မ်​သော်၏ သွယ်လျ​သောလက်​​ချောင်းများတွင်စွဲကပ်​နေခဲ့​သော်လည်း ယခု​တော့တစ်ဖက်လူ၏ ကိုယ်ထံမှ အကြည့်မလွှဲနိုင်​တော့။ သူတို့ချင်းအလွန်နီးကပ်​နေ၍ ဤထူးဆန်း​သောတုန့်ပြန်မှုမျိုးဖြစ်လာသည်လည်း ဖြစ်နိုင်​ပေသည်။ ထန်​မော့လည်း သူ့ကိုယ်သူအ​တွေးမများမိ​စေရန် ထိန်းချုပ်လျက် သူသည် ဖူ၀မ်​သော်၏ လှပ​သော ၀မ်းဗိုက်ကြွက်သားများကို ဂရုတစိုက် ထိ​တွေ့လိုက်သည်။


ထန်​မော့သည်  သူ တစ်ဖက်လူ၏တို့ဖူးကို အလွန်စားချင်​နေပုံများ​ပေါက်​နေသလားဟု​တွေး​နေမိသည်။ ထိုစဥ်သူ၏​ပေါင်​နေရာသို့ ခပ်မာမာအရာတစ်ခုလာ​ထောက်သည်ကို ခံစားမိလျှင် ၄င်းမှာ ဘယ်အရာမှန်း ရုတ်တရက်မစဥ်းစားမိခဲ့​ချေ။ ထန်​မော့မှာ တန့်သွားပြီး ​​တွေးလိုက်မိသည်။ 


ဒီဟာက ဘာလဲ...


အ​တွေးတစ်ခုက သူ၏ဦး​နှောက်ထဲဖြတ်​ပြေးသွားလျှင် သူ့ကိုယ်သူမထိန်းချုပ်နိုင်ခင် ၄င်းကို ထိကြည့်လိုက်မိ​လေသည်။


ဖူ၀မ်​သော် "အဟွတ်..."


ထန်​မော့"..."


ထန်​မော့အလျင်အမြန်​မော့ကြည့်လိုက်မိသည်။ သူ၏​ခြေ​ထောက်ကိုလာ​ထောက်​နေ​သော အရာမှာ သူနှင့်မဆိုင်သည့်အလား ဖူ၀မ်​သော်မှာ သူ့အား တည်ငြိမ်စွာကြည့်​နေခဲ့သည်။


နှစ်ဦးသားတစ်​ယောက်ကိုတစ်​ယောက်ကြည့်လိုက်မိကြသည်။ 


အ​တော်​လေးကြာပြီး​နောက် ထန်​မော့မ​နေနိုင်ပဲ ​မေးလိုက်မိသည်။


"ကျွန်​တော်တစ်ခု​လောက်​မေးပါရ​စေ ဗိုလ်ချုပ်ဖူ ခင်များက အ​ဖြောင့်မဟုတ်ဘူးလား" 


​ထို​သို့​မေးပြီးမှ ထန်​မော့မှာ သူ၏​မေးခွန်းမှာ အနည်းငယ် ​ကြောင်​​တောင်​တောင်နိုင်သည်ဟု ခံစားလိုက်ရသည်။ အ​ဖြောင့်တစ်ဦးက ကျန်​ယောကျ်ားတစ်ဦး​ကြောင့် မမာလာနိုင်ဟု မည်သူ​ပြောသနည်း။ ဤသည်မှာ အလိုအ​လျောက်တုန့်ပြန်မှုမျှသာဖြစ်ကာ သူကအ​တွေးလွန်​နေခြင်းဖြစ်သည်။


သို့​သော် ထန်​မော့ပြန်လည်​တောင်းပန်ရန် ​တွေး​နေတုန်းမှာပင် သူသည်ဖူ၀မ်​သော်၏ စကားသံကိုကြားလိုက်ရ​လေသည်။ 


"ကိုယ်​ယောကျာ်း​လေး​တွေကိုမကြိုက်ဘူးလို့ ဘယ်တုန်းက​ပြောခဲ့ဖူးလို့လဲ" 


ရှုပ်​ထွေးသွား​သော ထန်​မော့"..."


တဆိတ်​​လောက်ပါ...သူက​ယောကျာ်း​လေး​တွေကို ကြိုက်တယ်​ပေါ့...


ဖူ၀မ်​သော် ထန်​မော့၏ ထိတ်လန့်​နေ​သော မျက်နှာကိုကြည့်​နေခဲ့သည်။ သူကတစ်ခုခု​ပြောချင်ပါ​သော်လည်း သူ၏ညီငယ်​လေးဖူ​ကြောင့် သူလည်းရှက်ရွံ့​နေမိသည်​။ 


လက်ရှိတွင် ထန်​မော့က ဖူ၀မ်​သော်၏မျက်နှာနှင့် ၀မ်းဗိုက်ကိုအသာထိထားပြီး ဖူ၀မ်​သော်၏ ညီငယ်​လေးကလည်း ထန်​မော့၏​​ပေါင်ကို ထိထားခဲ့​လေသည်။ မိနစ်၀က်ခန့်ရပ်​နေပြီး​နောက် ထန်​မော့သည် ဤသို့ဆက်​နေ​နေ၍မဖြစ်​တော့ဟု ခံစားလာမိသည်။ သူလက်ကိုပြန်ရုတ်​တော့မည်ဟု ပြင်လိုက်စဥ်မှာပင် အပြင်ဘက်မှ ထိတ်လန့်​နေ​သော အသံကိုကြားလိုက်ရ​လေသည်။


"ဘာ​တွေလုပ်​နေကြတာလဲဟင်" 



စာ​ရေးသူမှာ​ပြောစရာရှိတယ်။


ထန်​ထန်:ခင်များက အ​ဖြောင့်မဟုတ်ဘူး?!


လူအိုကြီးဖူ: ကိုယ်ကမ​ကွေးဘူးလို့ ဘယ်တုန်းက​ပြောခဲ့လို့လဲ။ 


[ညီငယ်​လေးဖူက ​ဆောင့်ကြွားကြွားနှင့်​ထောက်ခံ​နေ]


ထန်​ထန်:MMP ဘာ​ပြောရမှန်း​​တောင် မသိ​တော့ဘူး။


🌍