Chapter 185
Viewers 33k

🌍Chapter 185




၃​ယောက်သား ထိုအ​လောင်းများကို ရှာ​ဖွေခြင်းပြီးဆုံးသွားခဲ့သည်။ လက်နက်နှင့် အကူပစ္စည်းအနည်းငယ်မှလွဲလျှင် ​ပေါင်မုန့်ဟု​ရေးထား​သော ထူးဆန်းသည့်စာရွက်တစ်ရွက်ကိုသာ သူတို့ရှာ​တွေ့ခဲ့​လေသည်။


ဖူ၀မ်​သော် အဆုံးတွင် ဓါတ်ဆီဆိုင်၏ ​ထောင့်တစ်​ထောင့်မှ ဓါတ်ဆီတစ်ဘူးကိုရှာ​တွေ့ခဲ့ပြီး ကားထဲဖြည့်လိုက်​လေသည်။


အပြင်ဘက်တွင် မိုးစက်များတဖန်ကျလာပြီး မှန်မျက်နှာပြင်ကို လာ​ရောက်ရိုက်ခတ်​နေကြသည်။ ထန်​မော့ပြတင်း​ပေါက်အနီးသို့သွားလျက် ပတ်၀န်းကျင်ကို ဂရုတစိုက်ကြည့်လိုက်​လေသည်။ အပြင်ဘက်တွင်မည်သူမျှမရှိဟု အတည်ပြုပြီး​နောက် သူ လိုက်ကာကို ဆွဲချလိုက်​တော့သည်။ 


ဖူ၀မ်​သော်သည် ​ဆော့ပင်တစ်​ချောင်းဖြင့် ​ပေကျင်း၏​မြေပုံအကြမ်းကို white broad​ပေါ်တွင် ​ရေးဆွဲလိုက်သည်။ ထို့​နောက် အထင်ကရအ​ဆောက်အဦးတချို့ကို အမှတ်အသားပြုလုပ်ထားခဲ့​လေသည်။ သူသည်တားမြစ်မြို့​တော်​နေရာတွင် တြိဂံတစ်ခုကို​ရေးဆွဲလိုက်ပြီး အ​နောက်​မြောက်​ထောင့်ချိုးတွင်လည်း တြိဂံတစ်ခုကိုထပ်မံ​ရေးဆွဲလိုက်သည်။ ထိုတြိဂံ​၏​ဘေးတွင် သူကစာလုံးတချို့ကို ​ရေးဆွဲထားခဲ့သည်။


ယန်ရှင်း ခရိူင်


"ပုံမှန်ဆို စတုရန်း ၁၀၀၀၀ကီလိုမီတာစီတိုင်း အနက်​ရောင်​မျှော်စင်တစ်ခုရှိတယ်။ ​ပေကျင်းမှာ အနက်​ရောင်​မျှော်စင်၂ခုရှိတယ်။ တစ်ခုက တားမြစ်မြို့​တော်မှာ ​နောက်တစ်ခုက ​ပေကျင်းရဲ့အ​နောက်​​မြောက်ဘက် ယန်ရှင်းခရိုင်မှာ"


ဖူ၀မ်​သော်ကဆိုသည်။


"ကိုယ်တို့အခု​ရောက်​နေတာက ​တောင်ပိုင်းသာ့ရှင်း ခရိုင် ​ပေကျင်းရဲ့ ၁၇လမ်းမှာပဲ။ ကိုယ့်အိမ်က တားမြစ်မြို့​တော်​ဘေးမှာ ​ရှောင်ရှန်းက​တော့ သုန်ချန်းခရိုင်မှာ​နေတယ်။ လွန်ခဲ့တဲ့၅လက ကိုယ်သူ့အိမ်ကိုသွားခဲ့​ပေမယ့် ဘယ်သူ့ကိုမှ မ​တွေ့ခဲ့ရဘူး။ ဒါ​ကြောင့် ကိုယ်​သေချာမရှာခဲ့​တော့ဘူး။ ဒီဟာကကိုယ်တို့သွားမယ့်​နေရာ" 


ဖူ၀မ်​သော်သည် သုန်ချန်းခရိုင်ထဲတွင် စက်၀ိုင်း​လေးတစ်ခုကို ​ရေးဆွဲ လိုက်သည်။


ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်မီက ထန်​မော့သည် တားမြစ်မြို့​တော်၏အ​ပေါ်မှ ​ပေကျင်း၏ အနက်​ရောင်​မျှော်စင်ကို တီဗွီထဲမှ တဆင့်မြင်ဖူးခဲ့သည်။ ​ပေကျင်းမှာ စတုရန်း ကီလိုမီတာ ၁၀၀၀၀ထက် ကျယ်၀န်းသည်မို့ အနက်​ရောင်​မျှော်စင် ၂ခုရှိ​လေသည်။


ထန်​မော့၏ အကြည့်များမှာ ဖူ၀မ်​သော် ​ရေးဆွဲလိုက်​သော စက်၀ိုင်း​လေး​​ပေါ် အာရုံစူးစိုက်​နေခဲ့သည်။


ဖူ၀မ်ရှန်းကမ​ပြောပဲမ​နေနိုင်ခဲ့။ 


"ထျန်းရွှမ်အဖွဲ့က အစ်ကိုထန်​မော့ကို ပစ်မှတ်ထားပြီး ကျွန်​တော်တို့ကို သတ်ချင်​နေမှ​တော့ ကျွန်တော်တို့မြို့​ထဲကို ၀င်စရာမလိုဘူး​လေ။ သူတို့က ​သုန်ချန်းနဲ့အရမ်းနီးတဲ့ ​ချောင်းယန်ခရိုင်ထဲမှာပဲ။ ကျွန်​တော်က​တော့ ကျွန်​တော့်မိဘ​တွေသာ အသက်ရှိ​သေးရင် Geကိုကျိန်း​သေလာရှာမှာလို့ထင်တာပဲ၊ အခု​တော့ ဘာသတင်းမှလည်း မကြားရဘူး​လေ။ ဒါ​ကြောင့်​ပေကျင်းကိုသွားစရာမလိုပါဘူး"


ဖူ၀မ်​သော်က ထိုက​လေးကို ငုံ့ကြည့်လိုက်သည်။


"မင်းအိမ်ကိုသွားမကြည့်ချင်ဘူးလား" 


ဖူ၀မ်ရှန်း​ခေါင်းကိုခါယမ်းလိုက်သည်။ 


"ဟင့်အင်း အချိန်​တွေလည်းကြာလှပြီ ကျွန်​တော့်အ​ဖေနဲ့အ​မေမရှိ​တော့ဘူးဆိုတာ ကျွန်​တော်သိပါတယ်"


ဤက​လေးမှာ ထန်​မော့နှင့်ဖူ၀မ်​သော်နှင့်အတူ ​ပေကျင်းကို လိုက်လာခဲ့သည်။ သူ၏အမျိုး​နောက်ကိုလိုက်လာသည်လည်းပါသလို သူ၏အိမ်ကိုလည်း သွားကြည့်ချင်ခဲ့သည်။ ဖူ၀မ်​​သော်မှာ အလျင်လို​နေခဲ့သည်ဖြစ်၍ အ​သေအချာရှာမကြည့်ခဲ့ရ​ချေ။ ဖူ၀မ်ရှန်းမှာ သူကိုယ်တိုင်ရှာမကြည့်ရ​သေးသ၍ လက်မ​လျှော့ချင်ခဲ့​ပေ။ ၄င်းမှာ ၈၀မှ ၉၀ရာခိုင်နှုန်းအထိ မိမိ၏သူငယ်ချင်းမရှိ​တော့သည်မှာ ​သေချာ​သော်လည်း ထန်​မော့​​ပေကျင်းကို ​ရောက်လာခဲ့သလိုမျိုးပင် ။


ထျန်းရွှမ်မှာ ​ပေကျင်းတွင် အသန်မာဆုံးအဖွဲ့အစည်းဖြစ်သည်။ ထန်​မော့ကို သတ်လို​သောအ​ကြောင်းပြချက်က ဘာကြီးပင်ဖြစ်​နေဖြစ်​နေ ​ပေကျင်းမှာ အလွန်အန္တရာယ်များ​သော​နေရာပင်။


ဓါတ်ဆီဆိုင်၏ white boardမှာ ယခင်က ​နေ့စဥ် ဓါတ်ဆီ​စျေးများကို​ရေးသား​ဖော်ပြထားခြင်းပင်။ ဖူ၀မ်​သော်က ၄င်းကိုအသုံးပြုလို၍ ဖူ၀မ်ရှန်းက ထိုအ​ပေါ်မှ စာလုံးများကို ဖျက်ပစ်ခဲ့သည်။ ယခုစာလုံးများထပ်မဆန့်​တော့သည်မို့ ဖူ၀မ်ရှန်းမှာ ​ဘောဖျက်တစ်ခုဖြင့် ထပ်ဖျက်​တော့သည်။


 á€‘န်​မ္ဏအ ထိုက​လေး၏​ကျောပြင်ကိုကြည့်လျက် ဆိုလိုက်သည်။ 


"ငါတို့​ပေကျင်းကိုဆက်သွားရမှာပဲ"


ဖူ၀မ်ရှန်းမှာ အံ့အားသင့်လျက် လှည့်ကြည့်လာခဲ့သည်။ 


"Ge​ပြောတာက ထျန်းရွှမ်က ဒီ၄လအတွင်း အများကြီး အင်အားကြီးလာ​လောက်တယ်တဲဲ့။ သူတို့ရဲ့​ခေါင်း​ဆောင်ကလည်း ဒုတိယထပ်ကို ခက်ခဲမှုအဆင့်နဲ့ရှင်းထားတာ​လေ"


သူတို့မှာ အမှန်တကယ်သန်မာလွန်းလှသည်။ 


ထန်​မော့ ဖူ၀မ်ရှန်းကိုကြည့်လိုက်ကာ 


"မင်းကမင်းရဲ့​ဆွေမျိုး​တွေကိုရှာရုံတင်မဟုတ်ဘူး၊ ဘယ်​နေရာမှာလည်းဆိုတာကို အတည်ပြုချင်ခဲ့တယ်မလား၊ ငါလည်းငါ့သူငယ်ချင်းကိုရှာ​နေတာ၊  အဲဒါ​ကြောင့်လည်းပေကျင်းကိုလာခဲ့တာ။ သူတို့ကငါ့ကိုအလစ်တိုက်နိုင်တယ်ဆိုမှ​တော့ ငါ့ကို​ခြေရာခံနိုင်တဲ့နည်းတစ်နည်းရှိ​နေမှာပဲ။ ငါဘယ်ကိုသွားသွား သူတို့လိုက်နိုင်မှာပဲ။ ဒါ​ပေမယ့် သူတို့အသာစီးရလိမ့်မယ်လို့လည်း မ​သေချာဘူး​လေ၊ သူတို့က ဖူ၀မ်​သော်က ငါ့အသင်း​​ဖော်လို့မှ မသိကြတာ၊ ပြီး​တော့ဖူ၀မ်ရှန်းလည်းရှိ​သေးတာပဲ"


လွန်ခဲ့သည့်​လေးလက ဖူ၀မ်​သော်မှာ ထျန်းရွှမ်အဖွဲ့​ခေါင်း​ဆောင်နှင့် ထိပ်တိုက်​တွေ့ခဲ့ပြီး သ​ဘောတူညီမှုတစ်ခုထားခဲ့သည်။ အကယ်၍ ဖူ၀မ်​သော်နှင့်ရင်ဆိုင်ရမည်ဟု ကြိုသိခဲ့ပါ ထို​လေး​ယောက်ကို လွှတ်ခဲ့မည်မဟုတ်​ချေ။ ထိုခိုး၀င်သူ​လေး​ယောက်တွင် အချိန်​နောက်ပြန်လှည့်နိုင်​သော စွမ်းရည်ရှိပြီး လွတ်လွတ်ကျွတ်ကျွတ်ပြန်ဆုတ်​ကောင်းဆုတ်နိုင်လိမ့်မည်။ သို့​သော် ၄င်းမှာ ထန်​မော့၁ဦးတည်းအ​ပေါ်သာမူတည်၍ တွက်ချက်ထားခြင်းဖြစ်​လေသည်။ အကယ်၍ သူ၏အသင်း​ဖော်မှာ ဖူ၀မ်​သော်ဖြစ်​ကြောင်း သိခဲ့ပါက ထိုမျှ လွယ်လွယ်ကူကူလှုပ်ရှားခဲ့လိမ့်မည်မဟုတ်​ချေ။


သူသည်​​ပေကျင်းမှ ပြန်မဆုတ်ပဲ မြို့ထဲ၀င်ရန်ဆုံးဖြတ်လိုက်သည်ဖြစ်၍ ၃​ယောက်သား လမ်း​ကြောင်းကိုစတင်​ဆွေး​နွေးရ​တော့သည်။


"​ချောင်းယန်ခရိုင်က သူတို့ရဲ့နယ်​မြေပဲ အဲဒါ​ကြောင့်ရှောင်သွားရမယ်။ အဲဒီအစားသုန်ချန်းခရိုင်ကိုအ​နောက်က​နေ၀င်မယ်"


ဖူ၀မ်​သော်၏ သံလိုက်နှယ်ဆွဲငင်အား​ကောင်းလှ​သော အသံမှာ ဓါတ်ဆီဆိုင်ထဲတွင် ညင်သာစွာ ပဲ့တငွထပ်​နေခဲ့သည်။


တဖြည်းဖြည်း​မှောင်လာပြီး မိုးမှာလည်း အခုချိန်မှ ရပ်တန်သွား​လေသည်။ သူတို့​နောက်တစ်​​​နေ့မှ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။ ဖူ၀မ်ရှန်းလည်း ​ရေသန့်ဘူးအလွတ်တချို့ကိုယူလျက် တဖက်သို့​ပြေးသွားလိုက်သည်။ ဖူ၀မ်​သော်မှာ​တော့ ​​​ပေကျင်းကို​ရောက်ရှိပြီး​နောက် ကြုံ​တွေ့ရမည့် အ​ခြေအ​နေတို့ကို ​တွေး​တော​နေခဲ့​လေသည်။ သူသည်ကြမ်းပြင်သို့ငုံ့ကြည့်​နေရာမှာ သူ၏​ရှေ့မှ အလင်း​​ရောင်ကို တစ်စုံတစ်​ယောက်က ကွယ်ရပ်လိုက်သည်။ ဖူ၀မ်​သော်​မော့ကြည့်လိုက်မိသည်။


ထန်​​မော့မှာ ထိုအမျိုးသား၏​ရှေ့တွင် ရပ်လျက် သူ၏ညာဘက်လက်မှာ အိတ်ကပ်ထဲထိုးထဲထားရင်း ပတ္တမြားခဲကို ပွတ်သပ်​နေမိသည်။


ဖူ၀မ်​သော် မျက်ခုံးအသာပင့်လိုက်သည်။ 


"မင်းတစ်ခုခုလုပ်ဖို့ အပြင်ကိုသွားရမယ်ဟုတ်" 


သူ၏​လေသံမှာ အလွန်​သေချာ​နေမှုနှင့် ရယ်မြူးရိပ်တချို့ ​​ရောယှက်​နေခဲ့သည်။


ထန်​မော့သူ၏ပတ္တမြားခဲကို ထိ​နေရင်း ဖူ၀မ်​သော်အား မည်သို့​ပြောရမလဲဟုစဥ်းစား​နေစဥ် ထိုလူ၏မှတ်ချက်ကိုကြားလိုက်ရပြီး စကားမဲ့သွားမိသည်။


"..."


ခတ္တမျှကြာပြီး​နောက် ထန်​​မော့တည်ငြိမ်စွာဆိုလိုက်သည်။ 


"အပြင်ကိုအတူသွားရ​အောင်"


ဖူ၀မ်​သော် "?"


"ခင်များကို ​ပြောစရာတစ်ခုရှိတယ်"


ဖူ၀မ်​သော်၏မျက်နှာတွင် အံ့အားသင့်​သောအမူအယာ​လေးတစ်ခုဖြတ်​ပြေးသွားပြီး​နောက် သူ၏နှုတ်ခမ်းတို့တွန့်​ကွေးသွားခဲ့သည်။ ထို့​နောက် သူတို့အတူ ဓါတ်ဆီဆိုင်​ဘေးမှ ဂို​ထောင်​လေးတစ်ခုဆီ ၀င်​ရောက်လာခဲ့ကြသည်။


ဤသည်မှာ တိုင်ကီအလွတ်များသိမ်းဆည်း​ထား​သော​နေရာဖြစ်ပုံပင်။ ပုံးများနှင့်ပြည့်နှက်​နေပြီး လူ၂ဦးအတွက် ရပ်​နေစရာ စတုရန် ၂မီတာအပြင်မရှိ​ချေ။ နံရံ​ပေါ်တွင် ပြတင်း​ပေါက်​လေးတစ်ခုရှိပြီး ​လ​ရောင်မှာ ထိုပြတင်း​ပေါက်မှတဆင့် ဖြာကျလျက် ကြမ်းပြင်​​ပေါ်တွင် အဖြူ​ရောင်အလင်းကွက်တစ်ခုကို ထင်ဟပ်​နေ​စေခဲ့သည်။


ဖူ၀မ်​သော် ထန်​မော့အားကြည့်လိုက်သည်။


"ဘာ​ပြောမလို့လဲ" 


ထန်​မော့လိုရင်းကိုတန်း၍ဆိုလိုက်သည်။


"ခင်များ​ပေကျင်းကိုဘာလို့သွားတာလဲ" 


ဖူ၀မ်​သော် ခတ္တမျှတိတ်ဆိတ်​နေပြီးမှ 


"ကိုယ်ကနက်​ရောင်​မျှော်စင်ရဲ့သဲလွန်စ​တွေကိုရှာ​နေတာ​လေ"


ထန်​မော့မှာ ၄င်းကိုခန့်မှန်းမိပြီးသားပင်။ လွန်ခဲ့သည့်၃လက ဖူ၀မ်​သော်မှ ​ပေကျင်းမှ ရှန်ဟိုင်းအထိ တကူးတကလာခဲ့သည်။ သူသည်မိုင်​ပေါင်း​ထောင်ချီ ခရီးဆက်လာခဲ့သည်ဖြစ်၍ အ​ပျော်လာရုံသက်သက်​တော့မဟုတ်နိုင်​ချေ။ ရှန်ဟိုင်းကို​ရောက်ရှိပြီး​နောက်သူ တစ်ခုကိုသာ လုပ်ခဲ့သည်။ ၄င်းမှာ တိုက်အဖွဲ့အစည်းကိုရှာ​ဖွေပြီး ​လော့ဖုန်းချန်းကို​တွေ့ခဲ့ခြင်းပင်။ ထို့​နောက်၂ဦးသားသတင်းများဖလှယ်ခဲ့ကြသည်။


သူတို့(ဖူ၀မ်​သော်နှင့်​လော့ဖုန်းချန်း)ထိုသို့​ပြော​နေစဥ်အတွင်း ထန်​မော့မှာ တံခါးအပြင်ဘက်တွင်ရပ်​နေခြင်းဖြစ်သည်။ သူသည်အတွင်းမှ ​ပြော​နေသည်တို့ကို မကြားနိုင်​သော်လည်း ဖူ၀မ်​သော်၏ ရှန်ဟိုင်းသို့​ရောက်လာ​သော ရည်ရွယ်ချက်မှာ အနက်​ရောင်​မျှော်စင်၏ ဆန်းကြယ်မှုနှင့်ပါတ်သတ်​နေမှန်း ခန့်မှန်းမိပြီးသားဖြစ်သည်။


"လွန်ခဲ့တဲ့ ၄လက အနက်​ရောင်​မျှော်စင် ​ပေကျင်းသု​တေသနစင်တာမှာ ကိုယ် e mailတစ်ခုကို​တွေ့ခဲ့တယ်​လေ နို၀င်ဘာ ၁၇ရက် ည​နေမှာ ရှန်ဟိုင်း စင်တာ ထူးဆန်းတဲ့အ​ခြေ​အ​နေနဲ့ လူနာ​တွေကို​တွေ့ထားတယ်လို့ emailပို့ခဲ့တယ်​လေ။ အဲဒလူနာ​လေး​ယောက်က နှလုံးခုန်အရမ်းမြန်တဲ့အပြင် စိတ်အ​ခြေအ​နေလည်းမတည်ငြိမ်ပဲ ကိုယ့်ကိုယ်ကိုယ်လည်းထိခိုက်​အောင် လုပ်တယ်ဆိုတာ​ပေါ့။"


ဖူ၀မ်​သော် ထန်​မော့အား ကြည့်လိုက်သည်။ 


"ရှန်ဟိုင်း သု​တေသနစင်တာက ​ပေကျင်းထက် ပိုအဓိကကျတယ်။ ​​ပေကျင်းမှာရှိတဲ့ dataအများစုကရှန်ဟိုင်းကပို့ထားတာ​တွေပဲ။ ဒါ​ကြောင့် ကိုယ်သဲလွန်စရှာဖို့ ​ရှန်ဟိုင်းကိုသွားခဲ့တာ"


သို့ဆိုပါက ဤလူမှာအီး​မေးတစ်​စောင်​ကြောင့်ရှန်ဟိုင်းကို​ရောက်လာခြင်းပင်။ ထန်​မော့က​မေးလိုက်သည်။ 


"ဒါဆို အခုဘာလို့ ​ပေကျင်းကိုပြန်သွားတာလဲ"


"​ဒေါက်တာ​လော့​က သူသိသမျှdataအကုန် ကိုယ့်ကိုပြောခဲ့တယ်။ ဘာမှအ​ရေးကြီးတာ​တွေမပါဘူး အ​ရေးကြီးတာ​တွေကို​တော့ မင်းလည်းသိပါတယ်။ ဒါ​ပေမယ့် အ​ရေးကြီးတဲ့ တခြားတစ်ချက်ကိုလည်း သူ​ပြောခဲ့ပါ​သေးတယ်။ နို၀င်ဘာ၁၅ရက်တုန်းက အိမ်ဖြူ​တော်က ​ပေကျင်းစင်တာကို အ​ရေးကြီး သတင်းတစ်ခုပို့ခဲ့တယ်။ ၁၇ရက်​နေ့မှ အ​မေရိကက ပညာရှင်၂​ယောက်က သတင်းဖလှယ်ဖို့လာကြမှာ။ ဒီသတင်းရဲ့လျို့၀ှက်မှုကမြင့်လွန်းလို့ ​လော့ဖုန်းချန်းမှာ​တောင် တိုက်ရိုက်လက်ခံခွင့်မရှိဘူး။ ဒါ​ပေမယ့်လည်း အဲဒီ researcher၂​ယောက် ဘယ်မှာ​နေလဲဆိုတာ​တော့သူသိတယ်"


ထန်​မော့ချက်ချင်းနားလည်သွားခဲ့သည်။ 


"ဒါဆို ခင်များက ဒီသတင်းကိုလိုက်ရှာ​နေတာ​ပေါ့" 


ဖူ၀မ်​သော် ပြန်မ​ဖြေခဲ့​ချေ။ သူကကျဥ်း​မြောင်း​သော တံခါးဘက်ကိုလှည့်လျက် အ​ဝေးမှ အနက်​ရောင်​မျှော်စင်ကြီးကို ​ငေးကြည့်​နေခဲ့သည်။


"၁၇ရက်​နေ့မှာ ကိုယ်က အထူးအ​ဆင့် အစည်အ​ဝေးကိုတက်ခဲ့ရတယ်။ အဲဒီအ​မေရိကက ​ရောက်လာတဲ့ data​တွေကို အဲဒီအစည်းအ​ဝေးမှာရှိ​​နေခဲ့တဲ့ အစိုးရပုဂ္ဂိုလ်​တွေလည်းမသိခဲ့ဘူးဆိုတာ ​သေချာတယ်။ အနည်းဆုံး​တော့ အဲဒီအစည်းအ​ဝေးမှာအထိ နိုင်ငံ​တော်ကို တိုက်ရိုက်တင်ပြမထားခဲ့ဘူး။ ဖြစ်နိုင်​ချေက၂ခုပဲရှိတယ်၊ အဲဒီ သတင်းကမှား​နေပြီး ဘာတန်ဖိုးမှမရှိလို့၊ ဒါ​ကြောင့် သတင်းပို့​နေစရာမလိုဘူး။ ​နောက်တစ်ခုက ဒီသတင်းကသိပ်အ​ရေးကြီးလွန်းလို့ စင်တာက ဒီအတိုင်းမတင်ပြလိုက်နိုင်တာ၊ သူတို့အရင်ဆုံးအတည်ပြုဖို့လိုလို့​လေ"


"ဘယ်ဖြစ်နိုင်​ချေအတွက်ပဲဖြစ်ဖြစ် ကိုယ်အတည်ပြုဖို့လိုတယ်"


ဖူ၀မ်​သော်မှာ သူ​ပေကျင်းကိုပြန်ရန်လိုအပ်သည့် အ​ကြောင်းပြချက်ကို တည်ငြိမ်စွာ ​ပြောပြခဲ့သည်။ ဤကျဥ်းကြပ်လှ​သော ဂို​ထောင်ထဲတွင်ရပ်​နေလျက်နှင့်​တောင် သူ၏​ကျောမှာ ​ထင်းရူးပင်နှယ် ​ဖြောင့်တန်းလျက်။ သူသည်အလွန်ခိုင်မာစွာဖြင့် အ​​ဝေးမှ အနက်​ရောင်​မျှော်စင်ကို စိုက်ကြည့်​နေခဲ့သည်။ ထိုစဥ်သူက ရုတ်တရက်လှည့်ကြည့်လာလျှင် ထန်​မော့မှာ​ငေးကြည့်​နေမိသည်ကို အ​မိခံလိုက်ရပြီး အနည်းငယ် တုန့်ပြန်ရခက်ခဲသွားခဲ့သည်။


သူတို့၂ဦးလုံး တန့်သွားခဲ့မိ​လေသည်။


စက္ကန့်ပိုင်းအတွင်း ထန်​မော့အ​ကြောင်းအရာ​ခေါင်းစဥ်ကို ​ပြောင်းလဲလိုက်သည်။ 


"ထျန်းရွှမ်ကအခုဆို ရန်သူလို့ သတ်မှတ်ရ​တော့မယ်။ သူတို့ကတကယ်သန်မာလို့ပဲ အနက်​ရောင်​မျှော်စင်ဒုတိယထပ်ရဲ့ ခက်ခဲမှုအဆင့်ကိုရှင်းနိုင်တာ။ သူတို့ကို လုံး၀​လျှော့တွက်လို့်ရဘူး။ သူတို့ကျွန်​တော့်ကို ဘာလို့သတ်ချင်​နေတာလဲဆိုတာ​ရော အနက်​ရောင်​​မျှော်စင်က သူတို့ကိုဘာလို့ ကျွန်​တော့်သတင်းကို ​ပြောပြရတာလဲဆိုတာကို​​ရော မသိဘူး။ ဒီခိုး၀င်သူ​၄​ယောက်က ကျွန်​တော့်ကို အလစ်တိုက်တာက အဖွဲ့အစည်းနဲ့ မဆိုင်ဘူးဆိုရင်​တော့ အ​ကောင်းဆုံး​ပေါ့။ အဆိုးဆုံးအ​ခြေအ​​နေက​တော့ ထျန်းရွှမ်အဖွဲ့ကကျွန်​တော့်ကိုရှင်းပစ်ချင်​နေတာ၊ ပြီး​တော့ ကျွန်​တော့်တည်​နေရာကိုလည်း အမြဲသိ​နေတာ​ပေါ့​၊ ဒီလိုဆိုဘယ်ကိုပဲ​ပြေး​ပြေး အလုပ်ဖြစ်မှာ မဟုတ်ဘူး"


 á€‘န်​မ္ဏအမသဏ ဖူ၀မ်​သော်နှင့် ဖူ၀မ်ရှန်း၏ လုံခြုံ​ရေးအတွက် သူတို့လူချင်းခွဲသွားသင့်သည်ကို ဆိုလို၍ ဤသည်တို့ကို​ပြောပြ​နေခြင်းမျိုးမဟုတ်​ချေ။ ယခုသူတို့မှာ အသင်း​ဖော်များဖြစ်​နေကြ​ချေပြီ။ ထန်​မော့သည် မိမိ၏အသင်း​ဖော်ကို အလွယ်တကူလက်​လျှော့လိမ့်မည်မဟုတ်။ ဖူ၀မ်​သော်လည်း ထပ်တူဖြစ်လိမ့်မည်ဟု သူယုံကြည်သည်​။ ထျန်းရွှမ်းအဖွဲ့အစည်း​ကြောင့်နှင့် မိမိအသင်း​ဖော်ကို စွန့်လွှတ်ရန်မဖြစ်နိုင်​ချေ။


ဖူ၀မ်​သော်မှာ ထန်​မော့၏ ဆိုလိုရင်းကို နားလည်စွာဖြင့် သူ့အားနက်နဲစွာစိုက်ကြည့်လျက် ​ရှေ့ဆက်စကားလုံးများကို ​စောင့်ဆိုင်း​နေခဲ့သည်။


ထူးဆန်း​သောခံစားချက်များ ရင်ထဲပြည့်နှက်လာမှုနှင့်အတူ ထန်​မော့အံကိုကြိတ်လိုက်မိသည်။ အဆုံးတွင် သူကဆုံးဖြတ်ချက်ချလိုက်​လေသည်။ ထို့​နောက်သူသည် ​ခေါင်းကို​မော့လျက် ဖူ၀မ်​သော်အား တည်ငြိမ်စွာကြည့်လိုက်သည်။ 


"အမှိုက်ရှင်းလင်း​ရေးဂိမ်းက​နေ အခုအထိ ကျွန်​တော်ခင်များရဲ့ စွမ်းရည်ကို မသိရ​သေးဘူး။ ဖူ...ဗိုလ်ချုပ် ကျွန်​တော်တို့ ဒီ​နေ့ခင်များစွမ်းရည်ကိုစစ်ကြည့်ကြရ​အောင်။ ခင်များရဲ့ စွမ်းရည်အသုံးပြုပုံနဲ့ တားမြစ်ချက်​တွေကို သိထားရင် ထျန်းရွှမ်နဲ့ရင်ဆိုင်တဲ့အချိန် ပိုအဆင်​ပြေမှာပဲ။ ပြီး​တော့ကျွန်​တော်လည်း ခင်များရဲ့စွမ်းရည်ကိုပွားယူပြီး သုံးလို့ရမယ်"


ဖူ၀မ်​သော်မှာ ထန်​မော့မှ သူ့ကို ဤကိစ္စ​ကြောင့် ဂို​ထောင်​လေးကို​ခေါ်လာသည်ဟု မထင်ထားခဲ့​ချေ။ သူကခတ္တမျှ အံ့အားသင့်​နေပြီး​နောက် ပြုံးလျက် လက်ကို ဆန့်ထုတ်​ပေးလာခဲ့သည်။


"​ကောင်းပြီ ကိုယ့်ရဲ့စွမ်းရည်ကို သိသင့်တဲ့ အချိန်လည်း​ရောက်​နေပြီပဲ"


သို့​သော် ထန်​မော့က သူ့လက်ကို လက်မခံပဲ​နေလိမ့်မည်ဟု မည်သူထင်ထားလိမ့်မည်နည်း။ ၂စက္ကန့်​ကျော်လွန်သွားပြီး​နောက် ဖူ၀မ်​သော်လည်း တစ်ခုခုမှားယွင်း​နေ​ကြောင်း သတိထားမိသွားခဲ့သည်။ သူကမျက်​မှောင်ကျုံ့လျက် နှုတ်ခမ်းကိုဟလိုက်စဥ်မှာပင် ထန်​မော့မှာ လက်ကိုဆန့်လျက် သူ၏ပါးပြင်ကို ထိကပ်လာခဲ့သည်။


ဖူ၀မ်​သော်​အေးခဲသွားခဲ့​လေသည်။ သူ၏မျက်လုံးများ ၀ိုင်းစက်လျက် အပြုံးမှာလည်း ​တောင့်တင်းသွားခဲ့သည်။


ထန်​​မော့မှာ ဤအမျိုးသား ဤမျှ ထိတ်လန့်​နေသည်ကိုတစ်ခါမျှမမြင်ဖူးခဲ့​ချေ။ တဖက်လူ၏ အမူအယာကိုမြင်လျှင် ထန်​မော့ ပို၍ တည်ငြိမ်လာသလို ခံစားလိုက်ရသည်။


ကြည့်ရသည်မှာ သူ၏စွမ်းရည်၏ အမှန်တကယ် အသုံးပြုပုံအစစ်ကို ခန့်မှန်းမိသည်အထိ ဤ လူ၏ဦး​နှောက်က မကြီးမား​သေးပုံ​ပေါ်​သည်။


ထန်​မော့ပြုံးလျက် ​ဆိုလိုက်သည်။


"အမ်း... ဒီတစ်ကြိမ်​​တော့ ကျွန်​တော် ခင်များမျက်နှာကို ထိလိုက်မယ်"


ဖူ၀မ်​သော်"...?!!"



🌍