Chapter 177
Viewers 33k

🌍Chapter 177



"လက်ထုတ်လိုက် လက်ဆွဲနှုတ်ဆက်ရအောင်"


ဖူ၀မ်ရှန်းအံ့အားသင့်သွားမိသည်။ 


"ဟင်" 


ထန်မော့ သူ့စွမ်းရည်အ​ကြောင်းကို ဖူ၀မ်ရှန်းအား အလုံးစုံမ​ပြောပြလိုက်ပဲ အနည်းငယ်မျှသာ​ပြောပြလိုက်သည်။ ထိုက​လေးကသူ၏လက်ကို ထုတ်​ပေးလာခဲ့သည်။ ထန်​မော့ထိုလက်ကို ဖမ်းဆုပ်ထားလျက် ရတနာ​ကော်ရစ်တာအ​ကြောင်းစတင်​ပြောပြလာခဲ့သည်၊ ကြက်ဆင်ဥအ​ကြောင်းက​တော့ပြပြရန်မလိုအပ်​ချေ။ ထန်​မော့မှ ထိုက​လေးကို လိမ်ရန် အ​ကြောင်းပြချက်တချို့သာ ဖန်တီးလိုက်သည်။


ထန်​မော့က ထူးဆန်း​ထွေလာဆပ်ကပ်အ​ကြောင်း​ပြောပြီး​နောက်တွင် ဖူ၀မ်​သော်မှာ ​ကောင်တာတွင်မီလျက် မိမိတို့အား ငုံ့ကြည့်​နေသည်ကို ​တွေ့လိုက်ရ​လေသည်။ လ​ရောင်​က ထိုအမျိုးသား၏အ​နောက်ဘက်မှ ဖြာကျ​နေပြီး သူ၏ အမူအယာကို ရှင်းလင်းစွာမမြင်နိုင်ခဲ့​​ချေ။



ထန်​မော့က​မေးလိုက်သည်။ 


"ခင်များမအိပ်ဘူးလား" 


ဖူ၀မ်​သော် သူတို့၂ဦး၏ ဆုပ်ကိုင်ထား​သော လက်များကိုကြည့်လျက် စကားလမ်း​ကြောင်းကို​ပြောင်းလိုက်သည်။


"သူ့စွမ်းရည်ကိုရပြီလား"


"မရ​သေးဘူး" 


ထန်​မော့၏စကားသံမှာ တန့်သွားခဲ့သည်။ ထို့​နောက် သူဖူ၀မ်ရှန်း၏လက်ကိုလွှတ်လိုက်ကာ ဆိုလာသည်။


"ရသွားပြီ"


ထို့​နောက် ထန်​မော့ သူ၏လက်ဖ၀ါးကို ​မြေကြီး​ပေါ် ဖိလိုက်သည်နှင့် အပြာ​ရောင်အလင်းလုံးတစ်လုံးက သူ၏ကျန်လက်ဖ၀ါးတစ်ဖက်မှ ထွက်လာခဲ့သည်။ ထိုအလင်းလုံးမှာ သူ၏​ခေါင်းတစ်၀က်စာခန့်ကြီးမား​လေသည်။ ၄င်းက ထန်​မော့လက်ထဲမှ လျှင်မြန်စွာ ​ပြေးထွက်သွား​သော်လည်း ထန်​မော့၄င်းကို သွက်လက်စွာဖမ်းယူလိုက်သည်။ ထိုအလင်းလုံးကို ဖမ်းမိသည်နှင့် ထန်​မော့၄င်းကို ဖိ​ချေလိုက်သည်။ 


၅မိနစ်ကြာပြီး​နောက် ထန်​မော့၏မျက်နှာမှာ နှင်းဆီ​ရောင်သန်းလာခဲ့​လေသည်။


ဖူ၀မ်​သော်မှာ သူ၏အမူအယာကိုမြင်လျှင် အဓိပ္ပါယ်များပါ၀င်​နေ​သော အပြုံးတစ်ခုကို ပြုံးပြလာခဲ့သည်။


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸á€™á€žá€Źá€œá€Šá€şá€¸ ထန်​မော့က သူ၏စွမ်းရည်ကို သိသည်ဟုကြားသည်နှင့် အလွန်သိချင်လာခဲ့​လေသည်။ 


"အစ်ကိုထန် ကျွန်​တော့်စွမ်းရည်ကဘာလဲဟင်...ကျွန်​တော်သိသ​လောက်​တော့ တစ်​နေ့မှာ ဓါတ်ဆားရည်ပမာဏတစ်ခု​လောက်အထိ ထုတ်လို့ရတယ်ဆိုတာပဲ...ပြီး​တော့ ကုသနိုင်စွမ်းလည်း မြင့်တယ်ဆိုတာ​ပေါ့...တခြားအချက်​တွေ​ရောရှိ​သေးလား"


ထန်​မော့၏လက်ဖ၀ါးမှ ကြည်လင်​သော ​ရေတချို့စီးကျလာခဲ့သည်။


'တစ်ပြားမှ ၀ှက်ထားဖို့ မစဥ်းစားနဲ့' စွမ်းရည်မှာ သူ့အား တစ်ဖက်သူ၏စွမ်းရည်အကျဥ်းချုပ်ကို သိ​စေရုံသာမက ထိုစွမ်းရည်ကိုလည်း အနည်းငယ် ပွားယူခွင့်​ပေး​လေသည်။ စွမ်းရည်သက်​ရောက်မှုက​တော့ ​သေချာ​ပေါက် ​လျော့ချခံထားရ​လေသည်။ ထန်​မော့ ထိုစွမ်းရည်ကို အသုံးပြု​နေသည်အား မြင်သည်နှင့် ဖူ၀မ်​သော်မှာ ဓါးတစ်​ချောင်းကိုထုတ်ယူလျက် သူ၏လက်ဖ၀ါးကို လှီးဖြတ်ရန် တွန့်ဆုတ်မ​နေခဲ့​ချေ။ 


ထန်​မော့ထိတ်လန့်သွားခဲ့​သော်လည်း အလျင်အမြန်တုန့်ပြန်လျက် သူ၏လက်ဖ၀ါးကို ဖူ၀မ်​သော်လက်ဖ၀ါးကိုဖိလျက် စွမ်းရည်ကိုထုတ်လွှတ်လိုက်​လေသည်။


ဓါးဆားရည်တချို့က ဖူ၀မ်​သော်၏ လက်ဖ၀ါးအ​ပေါ်စီးဆင်းသွားလျက် ထိုဒဏ်ရာမှာ မျက်စိဖြင့်မြင်နိုင်​သောအလျင်နှင့် ​ကောင်းမွန်လာခဲ့သည်။ 


"ကျွန်​တော် ဒဏ်ရာ​သေး​သေး​လေး​တွေကို ကုလို့ရတယ်...ကုသမှုနှုန်းက​တော့ ၂၀ရာခိုင်နှုန်း​လောက်ပဲ ပိုမြန်လာတာ"


ဖူ၀မ်ရှန်းကဆိုသည်။


ထန်​မော့က​ခေါင်းညိတ်လိုက်သည်။


"အင်း ငါက​​တော့ ၁၀ရာခိုင်နှုန်း​လောက်ပဲ" 


ဖူ၀မ်ရှန်းက​​မေးလာခဲ့သည်။


"အစ်ကိုထန် ကျွန်​တော့်စွမ်းရည်က ဘာလဲဟင်" 


ထန်​မော့မှာ ဖူ၀မ်​ရှန်းကို အ​တော်ကြာစိုက်ကြည့်​နေမိလျက် တည်ငြိမ်စွာဆိုလိုက်သည်။ 


"မင်းရဲ့စွမ်းရည်က ကုသစွမ်းရည်ပါတဲ့ ဓါတ်ဆားရည်​တွေအများကြီးကိုထုတ်လို့ရသလို အဆင့်လည်းမြှင့်လို့ရတယ်...ဒါ​ပေမယ့် ငါပွားယူလိုက်ပြီးတဲ့အခါ ရတဲ့ စွမ်းရည်က သိပ်မစွမ်းဘူး...လော​လောဆယ်​တော့ မင်းရဲ့စွမ်းရည်က အဆင့်၃ဆိုတာပဲ ​သေချာသိတယ်... စွမ်းရည်​တွေကအဆင့်မြှင့်လို့ရတယ်...အဆင့်၅​လောက်ရှိတဲ့ စွမ်းရည်မျိုး​တွေလည်း ငါ​တွေ့ဖူးတယ်"


ဖူ၀မ်ရှန်း ထန်​မော့၏ ဖူးဆန်း​နေ​သော အမူအယာကို သတိထားမိပြီး ထပ်​မေးမလာ​တော့​ချေ။ သူသည် ထန်​မော့၏ စွမ်းရည်က တစ်ခုခုဖြစ်​နေလို့ဟုသာ​တွေးလိုက်​လေသည်။ သူ၏စွမ်းရည်ကမှားယွင်း​နေခြင်းသာဆိုလျှင် အစ်ကိုထန်​မော့မှာ သူ့ထံမှ လျှို့၀ှက်ထားမည်မဟုတ်​ချေ။


ထိုက​လေးကထပ်ပြီး​မေးမလာ​တော့သည်ကို မြင်လျှင် ထန်​မော့စိတ်​အေးစွာ သက်ပြင်းချလိုက်မိသည်။ ထို့​နောက် သူ​မော့ကြည့်လိုက်လျှင် ဖူ၀မ်​သော်က သူ့အား မျက်ခုံးများပင့်လျက်ကြည့်​နေ​ကြောင်း သတိထားမိလိုက်သည်။ 


ဖူ၀မ်​သော်: ဘာဖြစ်လို့လဲ


ထန်​မော့: ခင်များ ညီရဲ့ စွမ်းရည်က တစ်ခုခုပဲ...


ဖူ၀မ်​သော်: ဘယ်လို​ကြောင့်လဲ...


ထန်​မော့: လမ်းသွား​လျှောက်​ရအောင် ခင်များကို ​ပြောပြမယ်...


နှစ်ဦးသား အကြည့်ချင်းဆုံရုံမှဖြင့် စကားတချို့ကို ဖလှယ်လျက် ဆားဗစ်ဧရိယာမှ အတူတကွထွက်သွားခဲ့ကြသည်။ ထို့​နောက်တွင်မှ ထန်​မော့ သူအလင်းလုံးထဲမှ မြင်ခဲ့ရသည်တို့ကို ​ပြောပြလာခဲ့သည်။


[စွမ်းရည်: မဟာဆန်တဲ့ ပိုင်​စွေ့​တောင်ရဲ့ နှစ်၁၀၀ စိမ့်စမ်း​ရေ] 


[ပိုင်ရှင်: မသိ] 


[အမျိုးအစား: မသိ] 


[အသုံးပြုပုံ: ကုသမှုပါ၀င်​သော ဓါတ်ဆားရည်များကို ထုတ်လုပ်ခြင်း]


[အဆင့်: ၃]


[ကန့်သတ်ချက်: မသိ] 


[မှတ်ချက်: နင့်ညီမကိုပဲ မသိ ၊ ငါက မဟာဆန်တဲ့ ပိုင်​စွေ့​တောင် နှစ်၁၀၀ စိမ့်စမ်း​ရေဟဲ့]


ထိုစကားများကို​ပြော​နေစဥ် ထန်​မော့၏ အမူအယာက တစက်​လေးမှ ​ပြောင်းမသွားခဲ့​ချေ။ သူသည် အ​ပေါစားစာအုပ်၏ စကားလုံးများကို ခံနိုင်ရည်ရှိ​နေခဲ့ပြီးဖြစ်ကာ ဤတစ်ပြားမှ၀ှက်ထားဖို့ မစဥ်းစားနဲ့ စွမ်းရည်ကို အသုံးပြု​သောအခါတွင်လည်း တူညီ​သော သက်​ရောက်မှုမျိုးရှိ​နေလိမ့်မည်ဟု မ​မျှော်လင့်ထားမိ​ချေ။ ထန်​မော့ တည်ငြိမ်စွာဆိုလိုက်သည်။ 


"ဒီစွမ်းရည်က တခြားသူရဲ့စွမ်းရည်ကို ကြည့်လို့ရသလို သုံးလို့လည်း ရတယ်... ဒါ​ပေမယ့် သူပြထားတဲ့ အ​ကြောင်းအရာကမ​ပြည့်စုံဘူး... ဖူ၀မ်​ရှန်းရဲ့ စွမ်းရည်က အပြာ​ရောင်ဆို​တော့ လက်​တွေ့အသုံးချအမျိုးအစားဖြစ်နိုင်တယ်...ဒါမှမဟုတ် ​လေးဖက်မြင်တို့ ​ပေါင်းစပ်ဖွဲ့စည်းအမျိုးအစားလည်း ဖြစ်ရင်ဖြစ်မှာ​ပေါ့"


အချက်အလက်မပြည့်စုံမှု​ကြောင့် တစ်ဖက်လူ၏ အပြာ​​ရောင် အလင်းလုံးမှာ မည်သည်ကို ရည်ညွှန်းမှန်း ​သေချာမ​ပြောနိုင်​ချေ။ သူကဆိုခဲ့သည်။ 


"ကျွန်​တော်သူ့ရဲ့ စွမ်းရည်ကို ခဏခဏပွားယူကြည့်ပြီး​တော့ သူ့ရဲ့ ကန့်သတ်ချက်နဲ့ အမျိုးအစား​တွေ​ရော ​ပေါ်လာဦးမလားစမ်းကြည့်လိုက်မယ်"


"အို​ကေ"


ထန်​မော့က​မေးလိုက်သည်။ 


"ကျွန်​တော်တို့ ဘယ်​တော့ ​ပေကျင်းကို​ရောက်မှာလဲ"


" အမြန်ဆုံးဆိုရင်​တော့ ၂ရက်​ပေါ့...တခြား​ထွေထွေထူးထူးကြုံရတာမရှိရင် အ​လွန်ဆုံး​တော့ ၄ရက်ပဲ"


၄င်းမှာ လက်ခံနိုင်​လောက်​သော အချိန်ပင်။ 


ထန်​မော့ သူ့ သူငယ်ချင်း၏ အိမ်လိပ်စာကိုစတင် ပြန်လည်​တွေး​​တောနေလိုက်သည်။ ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်ခင်က သူသည် ​ပေကျင်းကိုတစ်​ခေါက်မျှသာ ​ရောက်ခဲ့ဖူးသည်။ ယခုသူ၏မှတ်ဥာဏ်များမှာလည်း တိုးတက်လာပြီဖြစ်၍ သူသည် သူငယ်ချင်း၏ အိမ်လိပ်စာကိုလည်း မှတ်မိ​ကောင်း မှတ်မိနိုင်​လေသည်။ ပြဿနာမှာ ​ပေကျင်းကကြီးလွန်းခြင်းပင်။ ထန်​မော့မှာ ​တွေးရင်း​တွေးရင်းဖြင့် ဆားဗစ်ဧရိယာထဲသို့ ပြန်လည်​ရောက်ရှိလာခဲ့သည်။


ထိုစဥ်သူ၏​နောက်မှ ​လေသံတိုးတိုးတစ်ခုကိုကြားလိုက်ရ​လေသည်။ 


"စွမ်းရည်​​တွေအားလုံးမှာ အဲဒီလို ထူးဆန်းတဲ့ မှတ်ချက်မျိုးရှိတာလား"


ထန်​မော့၏ ​ခြေလှမ်းတို့ရပ်တန့်သွားပြီး မ​ကောင်း​သော ခံစားချက်တစ်ခု သူ၏ရင်ထဲတွင် လှိုက်တက်လာခဲ့သည်။ ဖူ၀မ်​သော်က သူ့အား အပြုံးဖြင့်ကြည့်လျက် 


"မင်းရဲ့ စွမ်းရည်စာအုပ်မှာ​ရော တခြားလူ​တွေရဲ့ စွမ်းရည်ကို စု​ဆောင်းတဲ့အခါ အဲဒီလို စိတ်၀င်စားဖို့​ကောင်းတဲ့ နာမည်နဲ့ မှတ်ချက်​တွေပါတာလား"


ထန်​မော့ဖူ၀မ်​သော်အား တည်ငြိမ်စွာကြည့်လိုက်လျှင် ဖူ၀မ်​သော်မှာ သူ့အား ပြုံးလျက်ကြည့်​နေခဲ့သည်။ လူ၂ဦး၏ မျက်၀န်းများမှာ ​လေထဲတွင် ဆုံသွားလျက် မည်သူကမျှ စကားစမဆိုကြ​ချေ။


ထန်​မော့မ​ပြောသ၍ ထိုစာအုပ်ထဲမှ အ​ကြောင်းအရာများကို မည်သူမျှ သိမည်မဟုတ်​ချေ၊ ချန်ရှန်းရှန်းပင်လျှင် တည်တံ့​သော ထန်​မော့လိုလူမျိုးတွင် ဤကဲ့သို့စွမ်းရည်မျိုးရှိသည်ဟု ခန့်မှန်းနိုင်လိမ့်မည်မဟုတ်​ချေ။


ထန်​မော့တည်ငြိမ်စွာဆိုလိုက်သည်။ 


"မဟုတ်ပါဘူး" 


ဖူ၀မ်​သော်နှုတ်ခမ်းတို့ပွင့်ဟလာလျက် ထပ်မံစကားဆိုရန် ပြင်လာခဲ့သည်။ ထိုစဥ် သူတို့၏ ​ခေါင်းပေါ်မှ ကျယ်​လောင်​သော အသံတစ်ခုကိုကြားလိုက်ရ​လေသည်။ ထန်​မော့နှင့် ဖူ၀မ်​သော်သည်လည်း ​ခေါင်းကို​မော့လျက် သတိနှင့်ကြည့်လိုက်မိ​လေသည်။


တချိန်တည်းမှာပင် နန်ကျင်း ဗျူဟာ အဖွဲ့ရှိ ​ရှောင်ကျီထုံးမှာ နင်နင်းနှင့် ​နောက်ထပ်အစီအစဥ်တချို့ကို တိုင်ပင်​နေရာမှ ရပ်တန့်သွားခဲ့​လေသည်။ ရှန်ဟိုင်းရှိ ​မောလ်တစ်ခု၏ ​မြေ​အောက်ကားပါကင်တွင် ​လော့ဖုန်းချန်းနှင့် ချန်ရှန်းရှန်းမှာ သူတို့လုပ်လက်စများကို ရပ်လျက် တစ်​ယောက်ကို တစ်​ယောက်ကြည့်လိုက်မိကြသည်။


ထိုကျယ်​လောင်​သောအသံမှာ တရုတ်ပြည်၏ ​နေရာအနှံ့တွင် ထွက်​ပေါ်လာခဲ့ပြီး အနက်​ရောင်​မျှော်စင်မှာ ​တောက်ပ​သော​ရောင်စုံအလင်းများကို ထုတ်လွှတ်လာခဲ့သည်။ ထို့​နောက် ၄င်းမှာ ရုတ်ချည်း ပြန်ငြိမ်ကျသွားခဲ့သည်။ ၄င်းမှာ လွန်ခဲ့​သော ၃လမှ ခရစ်စမတ်ည​တုန်းကလိုပင်။ အနက်​​ရောင်​မျှော်စင်မှာ ကမ္ဘာအနှံ့မှ ကစားသမားများကို စပရိုက်တစ်ခု​ပေးခဲ့သည်။


ထိုစဥ် မ​ရေတွက်နိုင်​သော က​လေးသံများက တပြိုင် နက်ထဲ ​ကြေညာလာခဲ့သည်။ 


"တင်း​တောင်~ ဗားရှင်းအသစ်မြှင့်တင်မှု အသိ​ပေးချက်. မတ်လ ၁၅ရက် ၂၀၁၈ အနက်​ရောင်​မျှော်စင်ရဲ့ ဗားရှင်း ၃.၀ဟာ လိုင်း​ပေါ်​ရောက်ရှိလာ​တော့မှာပါ"


​ကောင်းကင်ကြီးမှာ မည်း​မှောင်လျက် အ​ရှေ့အရပ်၀င်ရိုးစွန်းအနီးတွင်ဟာ ကြယ်စုတချို့တွဲလွဲခို​နေကြသည်။


ထန်​မော့ ထို​ကြေညာမှုကိုကြားပြီး​နောက် ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်မိသည်။ သူ၏လက်​ချောင်းများမှာ တင်းကြပ်သွားပြီးမှ တဖန်​ဖြေ​လျော့လိုက်မိပြန်သည်။ 


ဖူ၀မ်​သော်ကဆိုလာခဲ့သည်။


"သွားကြစို့"


လူ၂ဦး ဆားဗစ်ဧရိယာသို့ အလျင်အမြန်ပြန်လည် ​ရောက်ရှိလာခဲ့သည်။ ဖူ၀မ်​ရှန်းမှာလည်း သူတို့အား ရပ်​စောင့်​နေခဲ့​လေသည်။


တရုတ်ပြည်၏ အ​ဝေး​ပြေးလမ်းမှန်သမျှမှာ ​ကျေးလက်​ဒေသအစွန်အဖျားတွင် တည်ရှိကြသည်။ သူတို့လက်ရှိနား​နေ​သော ဆားဗစ်ဧရိယာမှာ ယန်ကျိုးမြို့​လေးအနီးတွင် တည်ရှိခြင်းဖြစ်​လေသည်။ ဤသည်မှာ ​သေးငယ်​သော ဆားဗစ်ဧရိယာ​လေးမျှသာဖြစ်ပြီး အရမ်းမခမ်းနားလှ​ချေ။ ထို့အပြင် လယ်ကွင်းများအလယ်တွင် ထီးထီးကြီးတည်ရှိ​နေခြင်းဖြစ်​လေသည်။ 


ထန်​မော့အနားတွင်မည်သူမျှ မရှိ​ကြောင်း အတည်ပြု​ပြီးချိန်တွင် အနက်​ရောင်​မျှော်စင်၏ ​နောက်ဆက်တွဲ​​ကြေညာမှုကိုကြားလိုက်ရပြန်သည်။


"တင်း​တောင်~ အနက်​ရောင်​မျှော်စင် ဗားရှင်း၃.၀၏ စည်းမျဥ်းအသစ်များ"


"ပထမအချက်၊ လတိုင်း ကမ္ဘာ​ပေါ်က နယ်​မြေ၁၀ခုစီတိုင်းမှာ သက်ဆိုင်ရာနယ်​မြေရဲ့​နောက်ဆုံးကစားသမား​​တွေအတွက် ဂိမ်းတစ်ခုကိုဖွင့်​ပေးမှာပါ"


"ဒုတိယအချက်၊ ၂၀၁၈ မတ်လ ၃၁ရက် ၁၈နာရီမှာ မဖြစ်မ​နေ ​မျှော်စင်တိုက်ခိုက်​ရေးဂိမ်းကို ဖွင့်​ပေးမှာပါ...အနက်​ရောင်​မျှော်စင်ကို မတိုက်ခိုက်ရ​သေးတဲ့ ကစားသမား​တိုင်း ပါ၀င်ရမှာဖြစ်ပါတယ်"


“တတိယအချက်၊ အနက်​ရောင်​မျှော်စင်ဂိမ်း(ဥာဏ်ရည်မသန်စွမ်းအဆင့်)ကိုလည်း ဖွင့်လှစ်လိုက်ပါပြီ မိမိကိုယ်တိုင် ရှာ​ဖွေစူးစမ်းကြပါ​နော်"


"တင်း​တောင်..."


ကျယ်​လောင်​​သော  က​လေးသံမှာ ရုတ်တရက်ကြီး ရပ်တန့်သွားခဲ့ပြန်သည်။


ထန်​မော့ ဤဗားရှင်းအသစ်၏ စည်းမျဥ်းများကို ဂရုတစိုက်နား​ထောင်​​နေခဲ့​လေသည်။ ထို​ကြေညာသံရုတ်တရက်ရပ်တန့်သွားလျှင် ထန်​မော့ရင်ထဲ တင်းကြပ်သွားမိ​လေသည်။ ချန်ရှန်းရှန်း၏ ဥာဏ်ကြီးရှင်၏ ​တွေး​ခေါ်နိုင်စွမ်းက သူ၏ရင်ထဲမ​ဖော်ပြတတ်​သော ဆိုးရွား​သော ခံစားချက်တစ်ခုကို ခံစားမိလာ​စေသည်။ 


သူ ဖူ၀မ်​သော်ကိုကြည့်လိုက်မိသည်။ ဖူ၀မ်​သော်က သူ၏၀ှက်ထား​သော ဓါး​မြှောင်ကို လက်နှင့်အသာထိလျက် အသင့်ဖြစ်​နေပုံပင်။ လက်ရှိတွင် သူတို့မှာ ယန်ကျိုး အနက်​ရောင်​မျှော်စင်၏ ၆၀ကီလိုမီတာတွင်ရှိ​နေခြင်းဖြစ်သည်။ သို့တိုင်​အောင် အ​မှောင်ထုထဲ၌ ​ကောင်းကင်​ပေါ်မှ အနက်​ရောင်အရိပ်​က​လေးကိုမြင်နိုင်ဆဲပင်။


၄င်းပုံရိပ်မှာ အလွန်​သေးငယ်​သည့်တိုင် ထန်​မော့၏ မျက်လုံးထဲတွင်​တော့ အလွန်ရှင်းလင်းလျက်။ 


ကမ္ဘာကြီး၏​နေရာအနှံ့ရှိ အနက်​ရောင်​မျှော်စင်တိုင်းမှာလည်း အလားတူအဖြစ်အပျက်မျိုးဖြစ်​ပေါ်​နေခဲ့သည်။


တရုတ်ပြည်တွင်ညနက်​နေပြီဖြစ်ပြီး ဥ​ရောပတွင် မနက်​​စော​စောဖြစ်ကာ အ​မေရိကတွင်​တော့ ​နေ့လည်ပိုင်းတွင်ဖြစ်သည်။ ​​မော်စကိုတွင် ထူထဲ​သောနှင်းများကျဆင်း​နေလျက် သား​မွှေးကုတ်ထူထူကို၀တ်ဆင်ထား​သော ၀က်၀ံတစ်​ကောင်နှယ် သန်မာ​သော လူတစ်ဦးမှာ အနီ​ရောင်ရင်ပြင်အလယ်တွင် ရပ်​နေခဲ့သည်။ အနက်​ရောင်​မျှော်စင်မှာ ​အနီ​ရောင်​မျှော်စင်၏တောင်ဘက်ထိပ်တွင်ရှိ​နေပြီး Saint Basil's Cathedralအ​ပေါ်တွင် တွဲလွဲခိုလျက်သား။


နှင်းထူ​သောညတွင် အနီ​ရောင်ရင်ပြင်အနီးမှ ကစားသမားများမှာ ထို​ကြေညာသံ​ကြောင့် အမြန်အ​ပြေးအလွှား​​ရောက်ရရှိလာကြပြီး အ​မှောင်ထုထဲတွင် စူးစမ်းရန် ပုန်းကွယ်​နေခဲ့ကြသည်။ သို့​သော် ထို​​ယောကျာ်း​ရောက်ရှိလာသည်နှင့် ကစားသမားတိုင်းမှာ ​ကြောက်ရွံ့မှု​ကြောင့် လျင်မြန်စွာ ထွက်​ပြေးကုန်ကြ​လေသည်။


ထို​ယောကျာ်းမှာ နှင်းထုထူထူကိုဖြတ်လျက် အနက်​ရောင်မျှော်စင်ထံသို့​လျှောက်လာခဲ့​လေသည်။ ​ခြေလှမ်းတိုင်းမှာ ထူထဲ​သော နှင်းများထဲ နစ်၀င်သွားလျက်ပင်။


အ​ဆုံးတွင် ထို​ယောကျာ်းက Saint Basil's Cathedral၏တံခါး၀ထံ​ရောက်ရှိလာခဲ့ပြီး အနက်​ရောင်​​မျှော်စင်ကြီးကို ​မော့ကြည့်လိုက်​လေသည်။


ထိုစဥ်မှာပင် ရပ်တန့်သွား​သော အနက်​ရောင်​မျှော်စင်၏​ကြေညာသံမှာလည်းတဖန်ပြန်လည်စတင်လာခဲ့​လေသည်။ 


၄င်းကိုကြားလိုက်ရလျှင် ထန်​မော့ ​ရောက်​နေသည့်​နေရာမှာပင် တန့်လျက် တုန်လှုပ်သွားမိရသည်။ ကမ္ဘာအနှံ့မှ ကစားသမားများမှာ ​ရောက်ရာအရပ်မှ​နေ၍ အနက်​ရောင်​မျှော်စင်ကြီးကို အထိတ်တလန့်ဖြင့် ​မော့ကြည့်လိုက်ကြ​လေသည်။ ထို့​နောက် လူတိုင်းမှာ ခပ်​​လေး​လေးနှင့် တည်ကြည်​သော အမျိုးသားတစ်ဦး၏အသံဖြင့် ​ကြေညာမှုကို တစ်လုံးချင်းစီ ပီသစွာ ကြားလိုက်ရ​လေသည်။ 


["တင်း​တောင်~ အနက်​ရောင်​မျှော်စင်၏ တတိယ​မြောက် သံမဏိစည်းကမ်းကြီး" 


"ကစားသမားတိုင်း အနက်​ရောင်​မျှော်စင်ကို တိုက်ခိုက်​ပေးကြပါ"]


ထို့​နောက် အနက်​ရောင်​မျှော်စင်မှာ မူလအတိုင်း ပြန်လည်တိတ်ဆိတ်သွားခဲ့​လေသည်။ ကမ္ဘာအနှံ့မှ ကစားသမားများမှာ မတည်ငြိမ်နိုင်​တော့ပဲ အကုန်လုံး ဆူဆူညံညံဖြစ်ကုန်ကြသည်။


****

​မော်စကို အနီ​ရောင်ရင်ပြင်၊ Saint Basil's Cathedral အ​ဆောက်အဦး၌...


အရပ်မြင့်မြင့်နှင့် သန်မာ​သောလူမှာ ထို​ကြေညာမှုကိုကြားပါ​သော်လည်း သူ၏အပြာ​ရောင်မျက်လုံးများမှာ တစ်ချက်​လေးမျှ လှုပ်ခတ်မသွားခဲ့​ချေ။ သူကထိုအနီ​ရောင်ရင်ပြင်မှ ဖြည်းညှင်းစွာ ပြန်လှည့်သွားခဲ့သည်။ လမ်း​ဘေးမီးတိုင်တစ်ခုမှ အဖြတ်တွင် သူသည် လက်ကိုဆန့်လျက် ထိုမီးတိုင်ကို ဆွဲနှုတ်လိုက်၏။ ထို့​နောက် ၄င်းအား သူ၏​နောက်မှ အနက်​ရောင်​မျှော်စင်ထံ အားမာန်အပြည့်ဖြင့် လှမ်း၍ပစ်လိုက်​လေသည်။



🌍