Chapter 172
Viewers 33k

🌍Chapter 172




စပါကတီခွက်ကိုယူပြီး​နောက် ထန်​မော့တို့၂ဦးမှာ ကျန်လူများထံမှခွဲလာခဲ့ပြီး ​ရှော့ပင်းစင်တာ၏အ​နောက်လမ်းကြားသို့သွားလိုက်ကြသည်။ ဤစင်တာမှာ အမှိုက်ရှင်းလင်း​ရေးဌာန၏ ​တောင်ဘက်တွင်ရှိ​လေသည်။ ထန်​မော့နှင့်ဖူ၀မ်​သော်က အ​ရှေ့ဘက်သို့အရင်သွားကြမည်ဖြစ်ကာ ထို့​နောက် ​ထန်​မော့မှာ ​မြောက်ဘက်ရှိအမြင့်ဆုံးအ​ဆောက်အဦးထံသို့သွားမည်ဖြစ်သည်။  ထိုစဥ်ဖူ၀မ်​သော်မှာ ပုန်းကွယ်​နေလျက်တိုက်ခိုက်ရန်အသင့်ပြင်ထားမည်ပင်။


ထန်​မော့ အ​ဆောက်အဦးမြင့်၃ခုကို အကဲခတ်ကာ ထွက်ခွာရန်အသင့်ဖြစ်​နေခဲ့သည်။ သူ​ခြေမလှမ်းနိုင်ခင်မှာပင် လက်တစ်ဖက်မှာ သူ၏ဘယ်လက်​ကောက်၀တ်ကိုဖမ်းဆုပ်လာခဲ့သည်။ ထန်​မော့တုန်လှုပ်စွာလှည့်ကြည့်လိုက်မိ​လေသည်။ ဖူ၀မ်​သော်မှာ သူအားလက်​ကောက်၀တ်မှ ပြန်ဆွဲ​ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ကျန်လက်တစ်ဖက်မှာ ထန်​မော့၏ ညာဘက်အိတ်ကပ်ထဲသို့နှိုက်လျက် စပါကတီခွက်ကိုထုတ်ယူလိုက်​လေသည်။


ထန်​မော့က​​ရေရွတ်လိုက်မိသည်။


"ဖူ၀မ်​သော် ခင်များ..."


ဖူ၀မ်​သော်မှာ ထန်​မော့အား နက်​ရှိုင်း​​သောအကြည့်များနှင့်ကြည့်လာခဲ့သည်။


"အဲဒီဖိနပ်​တွေရှိတာ မင်းတစ်​ယောက်တည်းမဟုတ်ဘူး​လေ...ကိုယ်သွားပြီး​ဖောက်ခွဲလိုက်မယ် မင်းကဒီမှာ​နေပြီး တိုက်ခိုက်ပါ"


ထန်​မော့​မျက်​မှောင်ကျုံ့လိုက်မိသည်။


သူသွားလိုသည်မှာ ဖိနပ်တစ်ခုတည်း​ကြောင့်မဟုတ်ပဲ ကြုံ​​တွေ့လာရနိုင်သည် ပြဿနာမျိုးစုံကို သူ၏စွမ်းရည်များနှင့် ​ဖြေရှင်းနိုင်လိမ့်မည်ဟုထင်၍ပင်။ ကျန်ခဲ့သူက ၁မိနစ်ခန့်​တောင့်ခံရန်လိုအပ်ကာ ​ဖောက်ခွဲရန်သွားသူပြန်လာသည်ကို​စောင့်ရ​ပေမည်။ ဖူ၀မ်​သော်မှာ အလွန်သန်မာကာ အစီအစဥ်၏ အန္တရယ်အများဆုံးအပိုင်းမှာ အ​ဆောက်အဦးကို​ဖောက်ခွဲခြင်းဖြစ်သည်။ သို့​သော် တစ်ဦးချင်းတိုက်ခိုက်စွမ်းရည်မှာ သူကသိသိသာသာကိုပင် ထန်​မော့ထက်သာ​လေသည်။


အ​တွေးများစွာကထန်​မော့၏ ရင်ထဲတွင်ဖြစ်​ပေါ်လာခဲ့သည်။ သူသည်စကားမဆိုပဲ ထိုအမျိုးသား​၏ခပ်နိမ့်နိမ့်လေသံကိုသာနား​ထောင်​နေခဲ့​လေသည်။


"၁မိနစ်ထဲ...မင်း​တောင့်ခံနိုင်တယ်မလား"


ထန်​မော့ဖူ၀မ်​သော်အား အံ့အားသင့်စွာကြည်ြ​နေခဲ့သည်။ 


"ကိုယ်အမြန်ပြန်ခဲ့မယ်" 


ဖူ၀မ်​သော်ခတ္တတန့်သွားလျက် ​သေနတ်ကိုထုတ်ယူကာ သူ့အား​ပေးလာခဲ့သည်။ 


"ကိုယ်မင်းကိုဒါ​ပေးခဲ့မယ်..စိတ်မပူနဲ့..ဒီမှာ​​အလစ်တိုက်ဖို့​စောင့်​နေကြတဲ့သူ​တွေအများကြီးရှိပါတယ်"


ထန်​မော့​သေနတ်ကို ခတ္တမျှကြည့်​နေခဲ့မိသည်။


"..."


ဤ​နေရာတွင် အလစ်တိုက်ရန်​စောင့်​နေသူအများအပြားရှိသည်...


ထို့​ကြောင့် ထန်​မော့၏ကျည်ဆံက တစ်ဦးဦးကို​တော့ ကျိန်း​သေမှန်လိမ့်မည်...


ထန်​မော့၏ မျက်​တောင်တို့တုန်ရီသွားလျက် ​သေနတ်ကိုဆုပ်ကိုင်လိုက်သည်။


"အို​ကေ..အမြန်သွားပြီး အမြန်ပြန်လာခဲ့" 


ထန်​မော့​သေနတ်ကိုယူကာ လှည့်ထွက်သွားခဲ့​လေသည်။ ဖူ၀မ်​သော် ပြတ်သား​သော သူ၏​ကျောပြင်ကိုကြည့်ကာ မျက်ခုံးကိုပင့်လိုက်မိ​လေသည်။ သူတစ်ချက်ပြုံးလိုက်ပြီး​နောက် သူ၏ကိုယ်ဟန်မှာ အ​မှောင်ထုနှင့်​ရော​နှောသွားလျက် ​မြောက်ဘက်ရှိ အမြင့်ဆုံးအ​ဆောက်အဦးထံသို့ ​ပြေးထွက်သွားခဲ့​လေ​တော့သည်။


၅မိနစ်အကြာ...မတ်လ ၆ရက် မနက်ခင်း ၄:၅၀ ...


ပြင်းထန်​သော ​ပေါက်ကွဲသံကြီးနှင့်အတူ ​မြေပြင်မှာ တုန်လှုပ်သွားခဲ့သည်။ မီး​တောက်မီးညွန့်များက ​ကောင်းကင်ကိုထိုးတက်​နေခဲ့​လေသည်။ နန်ကျင်း ရှင်းကျဲခုတွင် အ​မှောင်ထဲတွင်ပုန်း​နေကြ​​သော ကစားသမားများမှာ ထိတ်လန့်စွာ ထရပ်လျက် ​မြောက်ဘက်ရှိ မိုး​မျှော်အ​ဆောက်အဦးကို ကြည့်လိုက်ကြသည်။ ​​​ထိတ်လန့်​နေကြ​သော ကစားသမားများမှာ ထိုအ​ဆောက်အဦးမှ အဆုံးမဲ့စွာ​ပြေးထွက်လာကြ၏။ သူတို့သည် ​ကြောက်လန့်တကြား​အော်ဟစ်သံများနှင့် အ​ပေါ်ထပ်မှ ခုန်ချလိုက်ကြသည်။


တစ်ချိန်တည်းမှာပင် အသံတစ်ခုကိုလည်းကြားလိုက်ရသည်။ 


"​သေစမ်း...အဲဒီလူပဲ"


လူများ မော့ကြည့်လိုက်​သောအခါ အနက်​ရောင်အရိပ်တစ်ခုသည် ​ဘေးဘက်ရှိအ​ဆောက်အဦး​​ခေါင်မိုး​ပေါ် ခုန်ကူးသွားသည်ကို​တွေ့လိုက်ရ​လေသည်။ ထိုပြင်းထန်​သော ​ပေါက်ကွဲမှုက ရှင်းကျဲခု၏ အချက်အချာ​နေရာတစ်ခုလုံးကို လှုပ်ရှားသွား​စေသည်။


 á€Ąá€”á€Žá€¸á€›á€žá€­á€€á€…á€Źá€¸á€žá€™á€Źá€¸á€™á€ťá€Źá€¸á€™á€žá€Źá€œá€Šá€şá€¸ ၄င်းကိုမြင်​သည်နှင့် အ​ဆောက်အဦးကို​ဖောက်ခွဲပစ်ခဲ့​သော အမျိုးသား​နောက် ​ဒေါသဖြင့် အသည်းအသန်လိုက်ကြ​တော့သည်။ အ​မှောင်ထဲတွင် အလစ်တိုက်ရန်​စောင့်​နေကြ​သော သူများမှာလည်း​​မြောက်အရပ်သို့​ပြေးသွားလျက် ​ရေပွက်စဥ် ငါးပက်ရန် အ​ပြေးသွားကြ​​တော့သည်။


တစ်ချိန်တည်းမှာပင် အဖွဲ့၃ခုက တောင်ဘက် အ​ရှေ့ဘက်နှင့် အ​နောက်ဘက်တို့မှ အမှိုက်ရှင်းလင်း​ရေးဌာနထံသို့​ပြေး၀င်လာခဲ့ကြ​လေသည်။ တစ်​ယောက်​ယောက်က ထိုရုတ်တရက်လှုပ်ရှားမှုကိုသတိထားမိချိန်တွင် ​ရှောင်ကျီထုံးမှာ ​တောင်ဘက်မှ​ပြေး၀င်လာပြီး အမှိုက်ရှင်းလင်း​ရေးဌာန၏အလယ်ကို​ရောက်​နေခဲ့ပြီးဖြစ်သည်။


​နင်နင်းက အလင်းထံသို့တိုက်ရိုက်​ပြေးသွားလျက် တံဆိပ်ပြား၈ခုကို ထိုအမှိုက်ရှင်းလင်း​ရေးဌာန၏ အလင်း​အောက်တွင်ထားလိုက်​လေသည်။


တစ်စုံတစ်​ယောက်မှ ​အော်လိုက်သည်။


"​သေစမ်း... ဒီဘက်က​နေ လာ​နေကြတယ်"


​မြောက်အရပ်သို့​ပြေးသွား​နေ​သော ကစားသမားများမှာ အလျင်အမြန်ပြန်​ပြေးလာခဲ့ကြသည်။


ထန်​မော့တွင် နင်နင်း၏ ကံ​ကောင်းမှုမျိုးမရှိ​ချေ။ 

သူလမ်းတစ်၀က်မျှသာရှိ​သေးချိန်တွင် ​မြောက်ဘက်မှ ပြန်​ပြေးလာကြ​သော ကစားသမားများမှာ သူ့ကို​တွေ့သွားခဲ့ကြသည်။ အ​နောက်အရပ်တွင် ပုန်းခို​နေသူသိပ်မရှိသည်ကို မည်သူမျှမ​မျှော်လင့်ထားကြ​ချေ။ သို့​သော် မြင်ကွင်းကျယ်​ကြောင့် ​မြောက်ဘက်ရှိ အဖြစ်အပျက်ကိုတိုက်ရိုက်မြင်နိုင်​လေသည်။  ဖူ၀မ်​သော်ခုန်ချလိုက်ချိန်တွင် ၄င်းမှာ ကစားသမားတစ်​ယောက်တည်းဖြစ်သည်ကို သူတို့​တွေ့သွားခဲ့ကြသည်။


အ​ရေအတွက်၏ တစ်၀က်မပြည့်တပြည့်လူများမှာ ​ပေါက်ကွဲမှုထံမှဆွဲ​ဆောင်ခံလိုက်ရကာ ကျန်လူများမှာ​နောက်တွင်ကျန်ရစ်ခဲ့​လေသည်။ 


၀ှစ်...


မြှားက​လေးတစ်ခု​လေထဲမှ​ဖောက်ထွက်လာခဲ့သည်။ ထန်​မော့ကိုယ်ကိုကိုင်းလျက် ထိုမြှားနှင့် ဆက်တိုက်လိုက်လာ​သော ကျည်ဆံများကို​ရှောင်လိုက်သည်။


ထန်​မော့၏ မျက်နှာမှာ မည်း​မှောင်သွားလျက် ကျိန်ဆဲလိုက်သည်။


"ဘာဖြစ်တာလဲ" 


သူသည်ထီးက​လေးကိုဖွင့်ကာ အဆုံးမဲ့​သော ကျည်ဆံများကိုတားဆီးလိုက်သည်။  သို့​သော် များစွား​သော အကူပစ္စည်းများမှာ သူ့ထံသို့ဦးတည်လာဆဲပင်။ ထန်​မော့သည် ထီးက​လေးကို​ဝေ့ယမ်းလျက် တိုက်ခိုက်မှုမှန်သမျှကို ခုခံရင်း ပုန်းခိုရန်​နေရာကိုရှာ​ဖွေ​နေခဲ့​လေသည်။


အချိန် ၁မိနစ်က လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။


 á€‘န်​မ္ဏအခုခလ​န္ရ​ဆဲဖဟစ်ကဏ ထူးဆန်းပြီးကျိုး​ကြောင်းမဆီ​လျော်​သော အ​တွေးတစ်ခု သူ၏ရင်ထဲတွင်ဖြစ်​ပေါ်လာခဲ့သည်။


ဖူ၀မ်​သော် ခင်များမျိုးမစစ် လူလိမ်...


လမ်းတစ်ဖက်တွင် သတ္တုချင်းထိခတ်မိသံများ ဆက်တိုက်ထွက်​ပေါ်​နေခဲ့သည်။


ထန်​မော့တို့သည် ​မြောက်ဘက် အ​ဆောက်အဦးကို​ဖောက်ခွဲကာ အာရုံလွှဲခဲ့ပါ​သော်လည်း ထိုကစားသမားများ အမှန်တကယ်ပြန်​ရောက်လာကြ​သောအခါ မကုန်ဆုံးနိုင်​အောင် များပြားလှသည်။


ဤသည်မှာ ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး ၅လရှိပြီဖြစ်ရာ ကစားသမားအများစုမှာ လူမဆန်​သော အနက်​ရောင်​မျှော်စင်ဂိမ်းများကို ကြုံ​တွေ့ခဲ့ဖူးပြီးဖြစ်ပြီး မရဲတင်းသူများဟူ၍မရှိ​တော့​ချေ။ 


လူများအားလုံး ထိုအမှိုက်ရှင်းလင်း​ရေးဌာနအနီးတွင်တိုက်ခိုက်ရန်​စောင့်​နေကြသူများရှိလိမ့်မည်ဟု​တွေးမိကြသည်။ သို့​သော် ၄င်းမှာ သိရုံသာ။ လုံ​လောက်​သော ခွန်အားမျိုးရှိ​သော ကစားသမားကသာ ထိုသို့အလစ်တိုက်ရဲမည်ဖြစ်သည်။ သို့နှင့်ကစားသမားများကို အုပ်စု၂ခုခွဲနိုင်သည်။ တစ်စုမှာ အလစ်တိုက်ရန် ​စောင့်​နေကြသူများဖြစ်ကာ ကျန်တစ်စုမှာ ဦးတည်ရာမဲ့သွားကာ ကြုံရာတိုက်ခိုက်​နေသူများဖြစ်သည်။


ထို၂စုမှာ ဖူ၀မ်​သော်မလှုပ်ရှားခင်အထိ အလွန်တည်ငြိမ်​နေခဲ့သည်။ တစ်စုံတစ်​ယောက်မှ ထိုတည်ငြိမ်မှုကိုဖြိုခွဲလိုက်သည်နှင့် ထိုကျပန်းတိုက်ခိုက်​နေကြသူများမှာ အင်းဆက်အုပ်ကြီးသဖွယ် ​ရောက်လာကြမည်ပင်။ ​


ရာ​ကျော်​သော ကစားသမားများမှာ အမှိုက်ရှင်းလင်း​ရေးဌာနအနီးသို့ လျင်မြန်စွာ​ရောက်ရှိလာခဲ့သည်။ 


 á€‘á€”á€şâ€‹á€™á€ąá€Źá€ˇá€‘á€Žá€¸á€€â€‹á€œá€ąá€¸á€€á€­á€Żâ€‹á€á€ąá€ˇá€œá€ťá€€á€ş အစိမ်း​ရောင်သတ္တုလိပ်ပြာကို တားဆီးလိုက်သည်။ သူ​မော့ကြည့်လိုက်​သော ပိုးစုန်းကြူးနှယ် အဖြူ​ရောင်အလင်းစက်များက သူ၏ရင်ဘတ်ထံဦးတည်လာသည်ကို​တွေ့လိုက်ရပြန်သည်။


ကစားသမားများမှာ ထူးဆန်း​သော အကူပစ္စည်းမျိုးစုံနှင့် တိုက်ခိုက်လာခဲ့ပြီး ထန်​မော့ ထီးက​လေးဖြင့် ၄င်းကိုဆက်တိုက် ခုခံကာ ​ရှေ့သို့တိုး​နေခဲ့သည်။ 


သူ စိတ်ထဲ၌အချိန်ကို ​ရေတွက်​နေခဲ့သည်။ 


ဖူ၀မ်​သော်​ မြောက်ဘက်ရှိအ​ဆောက်အဦးကို​ဖောက်ခွဲပြီး ၃မိနစ်​ကျော်လွန်သွား​ချေပြီ။ ထန်​မော့တိတ်တဆိတ်​တွေးလိုက်မိသည်။ 


'ဖူ၀မ်​သော် မ​တော်တဆတစ်ခုခုများကြုံ​နေရတာလား...'


ဖူ၀မ်​သော်၏ ခွန်အားနှင့်ဆိုပါက လွတ်​မြောက်ရန် ပြဿနာမရှိ​ချေ။ မ​တော်တဆရှိနိုင်​ချေနည်းပါး​သော်

လည်း ထန်​မော့အပြည့်အ၀ စိတ်မ​​အေးနိုင်ခဲ့​ချေ။  သို့​သော်ကစားသမားများ၏ ပြင်းထန်​​သောတိုက်ခိုက်မှု​ကြောင့် ထိုကိစ္စကို​နောက်ပို့လျက် ထွက်​ပြေးရန်သာအာရုံစိုက်​နေခဲ့ရသည်။ ထန်​မော့သည် ​ရှောင်ကျီထုံးနှင့် ကျန်လူများ​စောင့်​နေသည့်အမှိုက်ရှင်းလင်း​ရေးဌာနအား တတ်နိုင်သမျှ နီးကပ်​စေရန် ကြိုးစား​နေခဲ့​လေသည်။ သို့​သော် အလစ်တိုက်ခိုက်​နေသူများမှာ သူ၏အကြံအစည်ကို သိနှင့်ပြီးဖြစ်သည်။


ထိုအမှိုက်ရှင်းလင်း​ရေးဌာနဆီသို့သွားရာလမ်းတွင် အကူပစ္စည်းမျိုးစုံက ပိိတ်ဆို့​နေခဲ့သည်။ ထန်​မော့နောက်ပြန်ခုန်လျက် ဓါးကြီးတစ်​ချောင်းကို ​ရှောင်တိမ်းလိုက်သည်။ 


အရပ်မြင့်မြင့်နှင့် သက်လတ်ပိုင်းလူတစ်ဦးသည် ထန်​မော့ကိုကြည့်လျက် ထိုဓါးဖြင့် အညှာအတာမဲ့စွာ ခုတ်ပိုင်းလာခဲ့သည်။ သူ၏​ဘေးမှ ကျန်၃​ယောက်ကလည်း ထန်​မော့ကို တိုက်ခိုက်ရန် ​ပြေးထွက်လာခဲ့ကြသည်။


ထန်​မော့​ဘေးသို့လျင်မြန်စွာဆုတ်​ရှောင်လိုက်ပြီး ထီးက​လေးကိုပိတ်လိုက်ကာ ၄င်း၏ထိပ်ဖျားဖြင့် ထိုလူကြီး၏ ရင်ဘတ်ကိုထိုးစိုက်လိုက်​လေသည်။


ထိုလူကြီး၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားခဲ့သည်။ အဖြစ်အပျက်မှာ အလွန်လျင်မြန်လွန်း၍ သူသည်မည်သို့​သေသွားသည်ကိုပင် နားလည်ပုံမ​ပေါ်ပဲ သူ့ကိုယ်မှာလည်း ပြိုကျသွားခဲ့​လေသည်။ သူ၏​ဘေးမှ လူများမှာ တုန်လှုပ်​နေရာမှ တစ်စုံတစ်​ယောက်မှ ​အော်ဟစ်လိုက်သည်။


"သူကအရမ်းသန်မာတယ်...သူ့မှာ တံဆိပ်ပြား​တွေအများကြီးရှိမှာ"


ထန်​မော့၏မျက်လုံးတို့ကျဥ်း​မြောင်းသွားခဲ့သည်။


တိုက်ပွဲမှာ စဲမသွားခဲ့​ချေ။ ဤသည်မှာ သာမာန်အစစ်အမှန်ဂိမ်းနှင့်မတူ​တော့ပဲ အဆုံးမဲ့ရှင်သန်​ရေးဂိမ်းတစ်ခုနှယ်။


ယုန်​ခေါင်း​နောက်ဆုံးတစ်သုတ်ထွက်လာခဲ့​သော်လည်း မည်သူကမျှ ၄င်းတို့ကို သတ်ရန် စိတ်မ၀င်စားကြ​တော့​ချေ။ ယုန်​ခေါင်းကိုသတ်ခြင်းက တံဆိပ်ပြားတစ်ခုကိုသာရလိမ့်မည်။ ဤအချိန်အထိ ရှင်သန်လာ​သော ကစားသမားကိုသတ်ခြင်းက တံဆိပ်ပြားအများအပြားကိုရ​စေလိမ့်မည်။ လူတိုင်း မည်သည်ကို ​ရွေးချယ်ရမည်အား ​ကောင်း​ကောင်းသိ​​လေသည်။


အချိန်များကုန်လွန်သွားပြီး​နောက် ထန်​မော့ တိုက်ခိုက်ခြင်းတွင် သူအသားစီးရ​နေသည်ကို အံ့အားသင့်သွားခဲ့သည်။


"ငါပိုသန်မာလာတာမဟုတ်ဘူး..သူတို့အားပိုနည်းလာတာ"


ထန်​မော့၏ ဦး​နှောက်က လျင်မြန်စွာအလုပ်လုပ်​နေရင်း ပြင်းထန်​သော လက်သီးချက်တစ်ခုကို​ရှောင်ရှားလိုက်သည်။ သူရုတ်ချည်း​တွေးလိုက်မိသည်။ 


"​နေဦး..အဲဒီအ​ဝေးကတိုက်ခိုက်တာ​တွေက​​ရော.."


စက္ကန့်ပိုင်းအတွင်းမှာပင် ထန်​မော့၏​မေးခွန်းကို​ဖြေကြားရန်အတွက် ​လေးလံ​သော တစ်စုံတစ်ခုပြုတ်ကျလာခဲ့သည်။ အရပ်မြင့်မြင့်နှင့် ​ချော​မော​သော ​ယောကျာ်းတစ်ဦး လမ်းတစ်ဖက်ခြမ်းသို့ကျလာခဲ့​လေသည်။ 


ဖူ၀မ်​သော် ထန်​မော့အားကြည့်လိုက်သည်။ သူသည်ယခု​လေးတင် ထန်​မော့၏​နောက်မှ အလစ်တိုက်ရန်ပြင်​နေ​သော လူတစ်ဦးကို ဓါးနှင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။


ထန်​မော့၏ အကြည့်တို့က ဖူ၀မ်​သော်၏ ​သွေးများစိုရွှဲ​နေ​သော အ၀တ်အစားများအ​ပေါ် ကျ​ရောက်သွားခဲ့သည်။ တဖက်လူ၏ အ​နေအထားကိုခန့်မှန်းပြီး​​နောက် သူ၏ရင်ထဲတွင်အ​ဖြေတစ်ခုရှိ​နေပြီးဖြစ်သည်။


ထန်​မော့၏ နှုတ်ခမ်းတို့တွန့်​ကွေးသွားခဲ့သည်။ ထို့​နောက် လူ၂ဦး စကားဆို​နေစရာမလိုပဲ အလစ်တိုက်ခိုက်လာ​သော ကစားသမားများကို အတူတကွ ရှင်းလင်းလိုက်ကြ​လေသည်။ ဤကစားသမားများ၏ ​ယေဘုယျအဆင့်မှာ အခြားနယ်​မြေများထက်နိမ့်​သော်လည်း သူတို့မှာ အ​ရေအတွက်အလွန်များ​လေသည်။ ထန်​မော့၏ကိုယ်​ပေါ်တွင် ​သွေးသံရဲရဲ ဒဏ်ရာတချို့နှင့် ​လောင်ကျွမ်းရာများရှိပြီး ဖူ၀မ်​​သော်မှာမူ အ​ခြေအ​နေမဆိုစ​လောက်ပို​ကောင်း​နေခဲ့သည်။


မည်မျှကြာသွားပြီမှန်း မသိနိုင်​တော့ခင်မှာပင် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ အဆုံးတွင် အမှိုက်ရှင်းလင်း​ရေးဌာနအနီးသို့​ရောက်ရှိလာခဲ့ကြ​လေသည်။ ထန်​မော့မှာ အတွင်းသို့​ပြေး၀င်ရန်ပြင်လိုက်စဥ် ​ရှောင်ကျီထုံးမှ သူ့အား အလျင်အမြန်သတိ​ပေးလာခဲ့သည်။


"သတိထား"


ထန်​မော့​ဘေးသို့အမြန်​ရှောင်လိုက်​သော်လည်း​နောက်ကျသွားဆဲပင်။  ​ငွေ​ရောင်ဓါးမှာ သူ၏​မေး​စေ့ကိုဖြတ်သွားခဲ့သည်။ အမှိုက်ရှင်းလင်း​ရေးဌာနအ၀င်၀တွင် ရပ်​နေ​သော လူရွယ်က ထန်​မော့ကို ​အေးစက်စွာကြည့်​​နေခဲ့သည်။ ထိုတိုက်ခိုက်မှု​ကြောင့် ထန်​မော့၏ အိတ်ကပ်ထဲမှ Sတံဆိပ်ပြား၂ခုထွက်ကျသွားကာ လူရွယ်က ၄င်းကိုကြည့်လျက် ​လှောင်ရယ်လိုက်သည်။


ဖူ၀မ်​သော်သူ့အားကူညီရန်ပြင်လိုက်စဥ် အဖြူ​ရောင်ကြာပွတ်တစ်ခုမှာ သူ၏လက်ကိုရစ်ပတ်လာခဲ့သည်။ သူလှည့်ကြည့်လိုက်​သော သူ့အားအေးစက်​သောအမူအယာဖြင့်ကြည့်​​နေ​သော အထက်တန်း​ကျောင်းသူတစ်ဦးကို​တွေ့လိုက်ရ​လေသည်။ ဖူ၀မ်​သော်တည်ငြိမ်စွာကြည့်​နေရာမှ ရုတ်ချည်း​ပြေး၀င်သွားခဲ့သည်။


ထန်​မော့ထီးက​လေးကို​ဝေ့ယမ်းလျက် ထိုလူရွယ်၏ဓါးကို ခုခံလိုက်သည်။ တဖက်ရန်သူမှာ အလွန်လျင်မြန်ကာ တိုက်ခိုက်မှုတိုင်းက ထန်​မော့၏ အ​ရေးကြီး​သော အစိတ်အပိုင်းများကို ချိန်ရွယ်ထားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လူ၂ဦး အကြိမ်များစွာ ထိပ်တိုက်​တွေ့ပြီးဖြစ်သည်။


 á€á€Żá€á€śâ€‹á€”္စြ်မသဏပင် ထန်​မော့သည် တစ်ဖက်လူကပို၍လျင်မြန်လာပြီးသူ၏ တိုက်ခိုက်မှုတိုင်းကလည်း အလွန်သန်မာလှ​ကြောင်း ခံစားမိလာခဲ့သည်။


ဓါးချက်က သူ၏​ခေါင်းကိုတဖန်ချိန်ရွယ်လာလျှင် ထန်​မော့ ထီးကို​မြှောက်လျက် ကာလိုက်သည်။ သို့​သော် သူသည်ပြင်းထန်​သော တွန်းကန်အား​ကြောင့်​နောက်သို့၂လှမ်းခန့်ဆုတ်လိုက်ရ​လေသည်။ 


လူရွယ်က ချက်ချင်းတိုက်ခိုက်လာပြန်ကာ ထိုဓါးမှာ ထန်​မော့ကို​ခေါင်းကိုသာ ချိန်ရွယ်ထားခြင်းဖြစ်သည်။ ထန်​မော့သူ၏ဘယ်လက်ကို ​အေးစက်စွာ​မြှောက်လိုက်သည်။ မီးခြစ်ဆီကြီးတစ်ခုရုတ်ချည်း​ပေါ်လာလျက် ထိုဓါးကိုခုခံလိုက်​လေသည်။


သူသည် ထန်​​မော့အ​ရေးနိမ့်ပြီဟုထင်​နေချိန်တွင် ထိုမီးခြစ်ဆံကြီး ရုတ်တရက်​ပေါ်လာလိမ့်မည်ဟုမထင်ထားခဲ့​ချေ။ သူသည်မ​ကောင်း​သောခံစားချက်​ကြောင့် ​ထိုမီးခြစ်ဆံကို​နောက်ဆုတ်လျက်​ရှောင်လိုခဲ့သည်။ သို့​သော်ထန်​မော့မှာပို၍လျင်မြန်ခဲ့ပြီး မီးခြစ်ဆံ၏​ခေါင်းမှာ ​မြေကြီးကိုပွတ်တိုက်သွားလျက် မီးပွားတို့ကထိုလူရွယ်ထံလွင့်စင်သွားခဲ့​လေသည်။


ဘုန်း...


မီး​တောက်များတမဟုတ်ချင်းထ​တောက်လာခဲ့သည်။


လူရွယ်က သူ၏လက်များနှင် ထိုမီးကို လျင်မြန်စွာငြိမ်းလိုက်သည်။ သို့​သော် မီးမှာ ငြိမ်းမသွားပဲ သူ၏လက်များကိုပါ မီးစွဲ​လောင်သွားခဲ့သည်။ သူ တုန်လှုပ်စွာ​အော်ဟစ်လိုက်လျှင် ဖူ၀မ်​သော်နှင့်တိုက်ခိုက်​နေခဲ့​သော အထက်တန်း​ကျောင်းသူ​လေးမှာ ထိုအသံကိုကြားလိုက်ရ​လေသည်။ သူမ ချက်ချင်း​မော့ကြည့်လာပြီး အ​​ခြေအ​နေကိုနားလည်သွားခဲ့သည်။


"ကိုကြီး"


အထက်တန်း​ကျောင်းသူမှာ ​ပြေးသွားချင်ခဲ့​သော်လည်း ဖူ၀မ်​သော်က သူမကိုထိုသို့လုပ်ခွင့်မ​ပေးခဲ့​ချေ။ သူသူမ၏ကြာပွတ်ကိုဆွဲယူရန်တွန့်ဆုတ်မ​နေပဲ လွှတ်ပစ်လိုက်သည်။  ဖူ၀မ်​သော်သည် သူ၏ ညာလက်ကိုလှုပ်ရှားလိုက်ကာ ကြိုး​လေးတစ်​ချောင်းက ထို​ကျောင်းသူ၏ လက်​ကောက်၀တ်ကိုချည်​နှောင်သွားခဲ့သည်။ သူမမှာရုန်းကန်​သော်လည်း ထိုကြိုးမှာ ပြေမသွားသည်ကို​တွေ့လိုက်ရ​လေသည်။ ထိုအချိန်တွင် လူရွယ်၏ ကိုယ်တစ်၀က်ခန့်မှာ ​လောင်ကျွမ်းသွားပြီးဖြစ်သည်။


​ကျောင်းသူက​လေးမှာ ​ဒေါသတကြီးဖြင့် သူမ၏အိတ်ကပ်ထဲမှ စက်လုံးတစ်ခုကိုထုတ်ယူလျက် ပစ်လွှတ်လိုက်သည်။


"ရှင့်ကိုသတ်မယ်.."


အနက်​ရောင်စက်လုံးပြုတ်ကျလာလျှင် ထိုအနီးအနားမှ ကစားသမားများမှာ တစ်ခုခုမှားယွင်း​နေသည်ကို ခံစားမိပုံဖြင့်ထွက်​ပြေးလိုက်ကြသည်။ ထန်​မော့၏ မျက်လုံးများမှာ အံ့အားသင့်မှု​ကြောင့်ပြူးကျယ်သွားခဲ့သည်။


 á€‘န်​မ္ဏအ ဖူ၀မ်​သော်ကိုကြည့်လိုက်​လျင် ဖူ၀မ်​သော်ကလည်း သူ့အား ပြန်ကြည့်​နေခဲ့သည်။ စက္ကန့်ပိုင်းအတွင်း ဖူ၀မ်​သော်လှည့်​ပြေးလိုက်သည်။ လူတိုင်း​ပြေးထွက်သွားချိန်တွင် သူသည် အမှိုက်ရှင်းလင်း​ရေးဌာနထဲသို့​ပြေး၀င်ရန် တုန့်ဆိုင်းမ​နေခဲ့​ချေ။


ဘုန်း...


အနက်​​ရောင်စက်လုံး​​ပေါက်ကွဲသွားချိန်တွင် ဖူ၀မ်​သော်မှာအမှိုက်ရှင်းလင်း​ရေးဌာနထဲ​ရောက်ရှိပြီးဖြစ်လေသည်။


ထိုအ​ခြေအ​​နေအတွင်း လူဒါဇင်​ကျော်ခန့် ဌာနထဲသို့​ပြေး၀င်လာခဲ့ကြပြီး တံဆိပ်ပြားအပြည့်အစုံမရှိ​သေး​သော ကစားသမားများမှာလည်း အညှာအတာမဲ့စွာ အတွင်းသို့တွန်းထည့်ခံလိုက်​ရ​လေသည်။ ဖူ၀မ်​သော်၀င်သွားသည်ကို​တွေ့လျှင် လူတိုင်းအံ့အားသင့်သွားခဲ့​သော်လည်း သိပ်မ​တွေးလိုက်ကြ​ချေ။ သူက တံဆိပ်ပြား၈ခုကိုထုတ်လာပြီး ဂိမ်းကိုရှင်းလိုက်မည်ဟုသာထင်ထားကြ​​လေသည်။


သို့​သော် ဖူ၀မ်​သော် အလင်း​ရှေ့သို့ထွက်လာပြီး ဘာမျှမလုပ်သည်ကို​တွေ့လိုက်ရသည်။ သူသည်ထိုအလင်းကို တည်ငြိမ်စွာသာကြည့်လျက် တစ်ခုခုကိုတီးတိုး​ရေရွတ်လိုက်သည်။


ဖူ၀မ်​သော်မှာ ထိုအလင်းကိုကြည့်နေစဥ်တွင် အချိန်မှာ ရပ်တန့်​နေသည့်အလား...


၃စက္ကန့်ကြာပြီး​နောက် သူ ထန်​မော့ကိုလှည့်ကာကြည့်လိုက်သည်။


"ပလန် A"


ထန်​မော့ ဖူ၀မ်​သော်ကိုကြည့်လျက် နှုတ်ခမ်းများပွင့်ဟ​နေရာမှ ပြန်ပိတ်သွားလိုက်သည်။ သူ၏ရင်ထဲတွင်ခံစားချက်မျိုးစုံဖြတ်​ပြေးသွားခဲ့​သော်လည်း အဆုံးတွင် မည်သည်ကိုမျှမဆိုနိုင်ခဲ့​ချေ။


ခတ္တမျှအကြာတွင် ထန်​မော့သည် လူအုပ်ကြားမှတိုးသွားလျက် ​ရှောင်ကျီထုံးကိုကြည့်လိုက်သည်။ ​ရှောင်ကျီထုံးသည်လည်း ဖူ၀မ်​သော်မှာ အမှိုက်ရှင်းလင်း​ရေးဌာနတွင် မည်သည့်တံဆိပ်ပြားကိုမှထုတ်မလာခဲ့သည်ကို​တွေ့ခဲ့​လေသည်။ သူ၏ရင်ထဲတွင် အ​တွေးပါးပါးတစ်ခုဖြတ်​ပြေးသွားခဲ့​သော်လည်း သူက တမင်ထိုဖြစ်နိုင်​ချေကို မခန့်မှန်းလိုက်​ချေ။


ခတ္တမျှအကြာ ရှင်းကျဲခုတခွင် ကျယ်​လောင်​သော အသံတစ်ခုကိုကြားလိုက်ရ​လေသည်။ 


"တံဆိပ်ပြား​တွေမရှိလည်း လူတိုင်း၀င်ပြီး ဂိမ်းကိုရှင်းလို့ရတယ်"


​မှောင်မည်း​သော ညတွင် တိုက်ခိုက်သံများအားလုံးရပ်တန့်သွားခဲ့သည်။ မ​ရေတွက်နိုင်​သော လူများမှာ အမှိုက်ရှင်းလင်း​ရေးဌာနအနီးတွင်ရပ်​နေ​သော လူရွယ်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုဌာန၏​ဘေးရှိ ကြီးမား​သော နာရီကြီးမှာ ကလစ်ဟူ​သော အသံနှင့်အတူ နံပါတ်၁၁သို့​ပြောင်းလဲသွားခဲဲ့သည်။


ဤသည်မှာ ၅.၅၀ဖြစ်ကာ အ​ရှေ့ဘက်မှ ​ရောင်နီက​လေးသန်းလာ​နေခဲ့သည်။


တချိန်တည်းမှာပင် တရုတ်ပြည်ခရိုင်၉ခု၌ ကစားသမားများ၏ ​အော်သံများကိုကြား​နေခဲ့ရသည်။


"မသတ်ကြနဲ့...သတ်စရာမလိုဘူး...တံဆိပ်ပြား​တွေလည်း မလိုဘူး...ဒီတိုင်း surpriseနဲ့ပတ်သက်တာတစ်ခုခုပြောရုံပဲ ဂိမ်းရှင်းပြီးသားဖြစ်သွားလိမ့်မယ်"


နာရီမှာ တချက်ချက်မြည်​နေဆဲ...


​နေ​ရောင်မှာ တဖြည်းဖြည်း​တောက်ပလာ​နေခဲ့ပြီး ​နောက်ဆုံးကျန်ရစ်သူ အမှိုက်ရှင်းလင်း​ရေးဂိမ်းမှာလည်း ပြီးဆုံးရန် ၁၀မိနစ်သာကျန်​တော့​လေသည်။


မတ်လ ၆ရက်​နေ့ ၆နာရီတွင် က​လေးသံ၏​ကြေညာမှုကို ခရိုင်၁၀ခုတွင် ကြားလိုက်ကြရသည်။ သူ၏​လေသံကားအ​ထင်​သေးမှုများ​ရောယှက်လျက် ကစားသမားကို ​ပေါ်တင်​လှောင်​ပြောင်​နေသည့်အလား...


"တင်း​တောင်~ အစစ်အမှန်ဂိမ်းအကြီးစား '​နောက်ဆုံးကျန်ရစ်သူ အမှိုက်ရှင်းလင်း​ရေးဂိမ်း' ပြီးဆုံးသွားပါပြီ...ဂိမ်းအချိန်အတွင်းမှာ တရုတ်ပြည်ခရိုင် ၆ရဲ့ အမှိုက် ၄၉၂၁​ယောက်က ဂိမ်းကို​အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပြီး လူသားသရုပ်ကိုပြန်လည်ရရှိသွားပါပြီ...တရုတ်ပြည်ခရိုင် ၄၉မှာ​တော့ ၄၂၃၅​ယောက်ဟာ ဂိမ်းကို​အောင်မြင်စွာရှင်းလင်းပြီး လူသားသရုပ်ကိုပြန်လည်ရရှိသွားပါပြီ ... တရုတ်ပြည်ခရိုက် ၁၀၀၂မှာ ၃၉၁၄​ယောက်

ဟာ ဂိမ်းကို​အောင်မြင်စွာရှင်းလင်းပြီး လူသားသရုပ်ကိုပြန်လည်ရရှိသွားပါပြီ..."


"ကျန်တဲ့အမှိုက်​တွေအတွက် အနက်​​ရောင်​မျှော်စင်တိုက်ခိုက်​ရေးဂိမ်း (ခက်ခဲမှုအဆင့်)ကိုပြင်ဆင်​နေပါပြီ"


"တင်း​တောင်~ တရုတ်ပြည်ခရိုင်၁၀ခုက လူသားကစားသမား​တွေကို အနက်​ရောင်​မျှော်စင်ဟာ 'အနက်​ရောင်​မျှော်စင်ရဲ့ surprise'ကိုချီးမြှင့်​ပေးလိုက်ပါပြီ"


"ကဲ..​မျှော်စင်ကို ကြိုးစားပြီးတိုက်ခိုက်​ပေးကြ​ပါ​နော်"



🪩