Chapter 173
Viewers 33k

🌍Chapter 173




နောက်ဆုံးကျန်သူ အမှိုက်ရှင်းလင်းရေးဂိမ်းမှာ အစမှအဆုံးအထိ မျက်နှာပြင်ပေါ်၌ ပြထားသည့်အတိုင်းပင် ဖြစ်သည်။ ဤကား ကြီးမားသည့်အမှိုက်ရှင်းလင်းသည့်ဂိမ်းတစ်ခုဖြစ်၏။ အနက်ရောင်မျှော်စင်ကြီးသည် အားနည်းသောကစားသမားများကို ဖယ်ထုတ်လို၏။


ဤဂိမ်းတွင် အစွမ်းထက် ကစားသမားများက နည်းလမ်းအမျိုးမျိုးသုံးကာ ယုန်ခေါင်းများအား သတ်နိုင်သည်။ ထို့အပြင် ကစားသမားများအချင်းချင်းကိုလည်း ဆုတံဆိပ်များရရန်အတွက် သတ်ဖြတ်နိုင်၏။ ဉာဏ်ပြေးသော ကစားသမားများမှာ အမျိုးမျိုးအကွက်ဆင်ကာ ဆုတံဆိပ်များရရန်အတွက် အားထုတ်ကြသည့်အပြင် ဂိမ်း၏တကယ့် စပရိုက်ကိုပင် ရှာဖွေနိုင်ကြ၏။


လွန်ခဲ့သည့် ၁၀ မိနစ်ခန့်က ရှင်းကျဲခုံ၏ အမှိုက်စွန့်ပစ်စခန်းဝန်းကျင်တွင် ကစားသမား ၈၀၀ ခန့်ရှိနေခဲ့၏။ သို့ရာတွင် အမှိုက်စွန့်ပစ်စခန်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး ဂိမ်းကို ရှင်းလင်းနိုင်ခဲ့သူမှာ အယောက် ၂၀၀ထက် နည်းပေသည်။ ဂိမ်းအတွင်းတွင် လူရာပေါင်းများစွာ သေဆုံးကြပြီး ကျန်လူများမှာလည်း မျှော်စင်တိုက်ခိုက်‌ရေးဂိမ်းတွင် ပါဝင်ရန် အတင်းအကြပ်တွန်းအားပေးခြင်းခံရ၏။ 


ထန်မော့က ဂိမ်းကို ရှင်းလင်းရန် နည်းလမ်းအမှန်ကို ပြောပြနိုင်သော်လည်း လူတော်တော်များများဆယ်မိနစ်အတွင်း အမှိုက်စွန့်ပစ်ရေးစခန်းသို့ မ၀င်နိုင်ခဲ့ကြပေ၊၊


အနက်ရောင်မျှော်စင်မှ ဂိမ်းပြီးဆုံးသွားကြောင်း တရား၀င်ကြေညာပြီးသည်နှင့် ကျရှုံးသူများ၏ ခန္ဓာကိုယ်များမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွား‌လေသည်။


လွန်ခဲ့သော ငါးလခန့်က ကမ္ဘာကြီး အွန်လိုင်းပေါ်ရောက်သွားခဲ့သည့်အချိန်ကလိုပင် မမြင်နိုင်သော လိုင်းအစင်းများက တဖြည်းဖြည်း အပေါ်သို့တက်လာပြီး ကျရှုံးသူများ၏ ခန္ဓာကိုယ်များကို ပျောက်ကွယ်သွားစေ၏။ ထိတ်လန့်တုန်လှုပ်နေသော ကစားသမားများမှာ ထွက်ပြေးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ အချို့ကစားသမားများမှာ ကိုယ်ပိုင်လက်နက်များ ဆွဲကိုင်၍  အနီးရှိ ကစားသမားများကို တိုက်ခိုက်ကာ ကစားပွဲကို အောင်မြင်စွာကျော်ဖြတ်လာခဲ့ကြသည်။ 


တိုက်ပွဲသည် အဆုံးသတ်ဟူ၍ မရှိပေ။


​ဂိမ်းပြီးဆုံးသွားသည်နှင့် ထန်မော့နှင့်ဖူ၀မ်သော်တို့ နန်ကျင်းအဖွဲ့သားများနှင့်အတူ ရှုပ်‌ထွေးသော နေရာမှ အလျင်အမြန်ပင် ထွက်လာခဲ့ကြသည်။ ဖူ၀မ်သော် ဖူ၀မ်ရှန်းအား ရှာရန်အတွက် လူနေရပ်ကွက် သို့ တစ်‌ယောက်တည်း ထွက်လာခဲ့သည်။


နန်ကျင်းအဖွဲ့တွင် ကစားသမားများစွာ မကျန်တော့ပေ။ ယခုအချိန်တွင် ဂိမ်းမှာလည်း ပြီးဆုံးသွားပြီဖြစ်ပြီး လမ်းမတစ်လျှောက် လူသူကင်းမဲ့လျက်ရှိ၏။ ချိုင်ရုန်၏ ခြေထောက်တစ်ဖက် ပြင်းပြင်းထန်ထန်ထိခိုက်မိထားသဖြင့် အတော်အားပြုယူနေရပြီး ရင်ဘတ်မှ ဒဏ်ရာဟပြဲကြီးကလည်း ပြန်၍ပွင့်ထွက်သွားပြန်သည်။ 


သူ့၏နားထဲတွင် စူးစူးဝါးဝါးအော်သံများနှင့် သတ္တုတစ်ခုနှင့်တစ်ခု ရိုက်ခတ်မိသည့် အသံများကို ကြားနေရသည်။ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ နီရဲနေသော မျက်နှာဖြင့် အနက်ရောင်မျှော်စင်ကို လှမ်းကြည့်လိုက်၏။


အချိန်အတော်ကြာပြီးနောက် ချိုင်ရုန် လမ်းဘေးရှိနံရံကို လက်သီးဖြင့် ထိုးလိုက်သည်။ 


" ငါတော့ နားမလည်တော့ဘူး…ဘာလို့ ဒီလိုဂိမ်းဖြစ်ရတာလဲ…အထဲ၀င်ပြီး စပရိုက်နဲ့ ပတ်သက်တဲ့ တစ်ခုခုသာ ပြောဖို့လိုခဲ့ရင် ငါတို့ ဒီ၁၂နာရီလုံး ဘာတွေလုပ်ခဲ့ကြတာလဲ….”


သူတို့သည် ယုန်ခေါင်းများနှင့် နန်ကျင်းကစားသမားများကို သတ်ခဲ့ကြပေသည်။


တံဆိပ်တွေ စုဖို့ မလိုဘူးတဲ့လား…


ဒါဆို သူတို့ ဘာလို့ ဒါတွေ လုပ်ခဲ့ကြတာလဲ …


ချိုင်ရုန် အနက်ရောင်မျှော်စင်ဂိမ်းတော်‌တော်များများ ကျော်ဖြတ်ခဲ့သော်လည်း ဤလိုအခြေအနေမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။


ဒီဂိမ်းက ကစားသမားတွေကို ဘယ်လိုအနိုင်ရစေချင်တာလဲ…


"ရှင်းနေတာပဲလေ...ငါတို့အချင်းချင်း သတ်ဖို့ လုပ်နေလိုက်ရုံပဲ…”


ရှောင်ကျီထုံး ပြောလိုက်သည်။


"မင်းကို သတ်ချင်နေတာလေး တစ်ခုပါပဲ…”


ချိုင်ရုန် စကားပြောနေသည်ကို ခေတ္တရပ်တန့်လိုက်ပြီး အလွန်အံ့သြသောမျက်နှာနှင့် သူ့အဖော်အား စိုက်ကြည့်လိုက်သည်။ ရှောင်ကျီထုံးတွင်လည်း ခိုက်မိထားသည့် ဒဏ်ရာဒဏ်ချက်များ ရှိနေ၏။ သွေးမတိတ်သေးသည့် ပြတ်ရှရာတစ်ခုသည်လည်း သူ့၏ ဘယ်ဘက်မျက်လုံးထောင့်မှသည် ပါးစပ်အထိ ရုပ်ဆိုးအကျည်းတန်စွာနှင့် ရှိနေလေသည်။ သွေးများခြောက်သွားပြီဖြစ်သော်လည်း ထိုဒဏ်ရာက သူ၏မျက်နှာပေါ်တွင် သိသာထင်ရှားစွာ ရှိနေသေးသည်။ လမ်းတစ်လျှောက် နန်ကျင်းအဖွဲ့၀င်များ သူတို့၏ ဒဏ်ရာများကို ကုသနိုင်ရန် တွင်းထွက်ရေသန့်များ အသုံးပြုခဲ့ကြသည်။ ရှောင်ကျီထုံး သူ့ကိုယ်သူ ဒဏ်ရာရထားကြောင်း မသိပုံပေါ်သည်။


"ဒီဂိမ်းက အမှိုက်ရှင်းလင်းရတဲ့ဂိမ်းပဲ…မင်းနားမလည်ရင်တော့ ဒီတိုင်းသေလိုက်ဖို့ပဲ ကောင်းတယ်… အနက်ရောင်မျှော်စင်က ဒီလိုနည်းနဲ့ အမှိုက်လိုကောင်တွေကို စစ်ထုတ်ပြီး လွှင့်ပစ်နေတာ… ဒါနဲ့ မင်းခေါင်းကောင်းရဲ့လား…"


ချိုင်ရုန် မည်သည့်အတွက်ကြောင့် ရှောင်ကျီထုံး ထိုသို့မေးမှန်း မသိချေ။ သို့သော် ရိုးသားစွာ ခေါင်းကို ခါယမ်းလိုက်သည်။


ရှောင်ကျီထုံး  ရယ်ပြန်လေ၏။


"မင်းရဲ့ ခွန်အားကတော့ တော်တော်မြင့်တာပဲ... မင်းက ဂိမ်းကို ရှင်းလင်းနိုင်ခဲ့တော့ အနက်ရောင်မျှော်စင်က မင်းကို အမှိုက်လို့တော့ မမြင်လောက်ဘူး…"


ချိုင်ရုန် ဆက်သည်းမခံနိုင်တော့ပေ။ 


"လောင်ရှောင် မင်းမျက်နှာမှာ…”


"တစ်ဖက်မှာ မင်းပုံစံက အတော်လေး ဉာဏ်ကောင်းမယ့်ပုံပဲ… မင်းက ထောင်‌ချောက်ဆင်ပြီး တံဆိပ်တွေ ရအောင်လုပ်တယ် ဒါမှမဟုတ် အမှန်တရားကို ဖော်ထုတ်နိုင်တယ်…အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ပဲ လိုတာ…မင်းက သန်မာဖြစ်လေလေ ဖြစ်စဉ်ကို ဖြတ်နိုင်လေလေပဲ…အနက်ရောင်မျှော်စင်က အရည်အချင်းပြည့်မီတဲ့ကစားသမားတွေကို ပြသထားတယ်…”


ချိုင်ရုန် စိတ်ရှုပ်စပြုလာ၏။ 


" အစွမ်းထက်တဲ့ကစားသမားတွေက ဖြစ်စဉ်ကို အင်အားသုံးဖြေရှင်းကြတယ်…ငါတို့လို ဉာဏ်ပြေးတဲ့က‌စားသမားတွေကတော့ ပဟေဠိကိုပဲ အဖြေရှာဖို့ လုပ်ကြတယ်… ငါ သိတာပေါ့… လွန်ခဲ့တဲ့ ၅ လအတွင်း ငါတို့ ‌‌ဖြေရှင်းခဲ့တဲ့အနက်ရောင်မျှော်စင်ဂိမ်းတွေက ဒီလိုပဲ…ဒါပေမယ့် ဒီအခေါက် မစ္စတာထန်အဆိုအရ ဂိမ်းကိုရှင်းလင်းဖို့ စပရိုက်နဲ့ပတ်သတ်တဲ့ဘာမဆို ပြောလို့ရတယ်…နောက်ဆုံး လူတိုင်း တံဆိပ်ရှိရှိ မရှိရှိ အမှိုက်စွန့်ပစ်ရေးစခန်းထဲ ၀င်ကြမှာပဲ…ဒီလူတွေကို အနက်ရောင်မျှော်စင်ကဘယ်လိုအရည်အချင်း သတ်မှတ်မလဲ…”


ရှောင်ကျီထုံး ရှင်းပြပြန်သည်။


" ဂိမ်းမှာ ၁၂နာရီ ရှင်သန်နိုင်ပြီး အမှိုက်စွန့်ပစ်‌ရေးစခန်းထဲ ၀င်နိုင်ခဲ့တဲ့ကစားသမားတွေပဲလေ…ဘာလို့သူတို့က အရည်အချင်း မပြည့်မှီရမှာလဲ…”


ချိုင်ရုန်၏ စိတ်ထဲတွင် ဒေါသများ၊ ခါးသီးသည့်ခံစားချက်များ ပြည့်နှက်လာပေသည်။ သူ အဘယ်ကြောင့် ထိုသို့ခံစားနေရမှန်း မသိသော်လည်း ကျောက်တုံး ရင်ဘတ်ပေါ်ဖိနေသလို ခံစားနေရ၏။ ထိုကျောက်တုံးက သူ့ကို အသက်ရှူမ၀အောင် လုပ်နေ၏။ သူ အနက်ရောင်မျှော်စင်၏ တရားမမျှတမှုကို သက်သေပြရန် ကြိုးစားလိုက်သည်။


“ဘာလို့ အဲ့ကောင်တွေက အရည်အချင်းပြည့်မှီရမှာလဲ…တကယ်လို့ မသန်မာတဲ့ကစားသမား ဉာဏ်မကောင်းတဲ့ကစားသမားက ‌ဂိမ်းပြီးတဲ့အထိ မစောင့်ဘဲ အမှိုက်စွန့်ပစ်ရေးစခန်းထဲ၀င်ပြီး ဂိမ်းကို ရှင်းပစ်နိုင်တာပဲလေ…”


"အဲ့လိုလူ ရှိလို့လား…”


ချိုင်ရုန်  ပြန်ပြောလိုက်သည်။ 


"တကယ်လို့ ရှိခဲ့ရင်ရော…”


ရှောင်ကျီထုံး ကြောင်စီစီနိုင်လှသော ချိုက်ရုန် ကိုကြည့်ပြီး အူလှိုက်သည်းလှိုက်ရယ်လေတော့သည်။


 ထန်မော့ နန်ကျင်း ရှိ အတော်ဆုံးကစားသမားနှစ်ယောက်ကို ကြည့်နေ၏။ ထိုနှစ်ယောက်ထဲမှ ပထမလူမှာ နန်ကျင်း အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ကျန်တစ်ယောက်မှာမူ နန်ကျင်းဗျူဟာအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ထိုနှစ်ယောက်သည် လွန်ခဲ့သည့်သုံးလမှစ၍ နန်ကျင်းကို ငြိမ်းချမ်းသာယာသော မြို့တစ်မြို့အဖြစ် အသက်သွင်းရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ယခု သူတို့ နီရဲနေသော နီရဲနေသောမျက်နှာများ၊ကြောက်စရာကောင်းသောဒဏ်ရာများဖြင့် ငြင်းခုံနေကြပေသည်၊၊ထိုဒဏ်ရာများကို ကုသရန်မတွေးမိကြချေ။


ရှောင်ကျီထုံးအတွက် အဖြေမလိုပေ။ ထန်မော့ ဘာမှ၀င်မပြောသော်လည်းဘေးတွင် ရပ်ကာ ကြမ်းပြင်‌ကို အေးစက်စွာ ကြည့်နေသည့်နင်နင်းကမူ ပြောလိုက်၏။


“ကံတရားက ခွန်အားမဟုတ်ဘူးလို့ ဘယ်သူပြောတာလဲ…”


ချိုင်ရုန် နင်နင်းကို လှည့်ကြည့်လိုက်၏။


"လွန်ခဲ့တဲ့ ငါးလလောက်က အရမ်းကံကောင်းတဲ့ကစားသမား‌တွေ ဂိမ်းထဲ၀င်ပြီး ဂိမ်းကို ရှင်းလင်းပြီးလို့ တရား၀င်ကစားသမားတွေ ဖြစ်သွားကြတယ်…တခြားကံကောင်းတဲ့ ကစားသမားတွေလည်း အရံကစားသမားတွေ ဖြစ်သွားကြတယ်…ပိုကံကောင်းတဲ့ကစားသမားတွေကို သုံးရက်အတွင်း လူတွေကိုသတ်ပြီး ခိုး၀င်သူဖြစ်သွားကြတယ်…အဲ့သုံးအုပ်စုလုံးက ကံကောင်းတဲ့လူတွေပဲ…ဘာမှန်းတောင် မသိလိုက်တဲ့သူတွေ အနက်ရောင်မျှော်စင်သတ်တာကို ခံခဲ့ကြရတယ်…လူပေါင်း ၆ဘီလီယံကျော်က ကံဆိုးပြီး သေသွားကြရတယ်…”


နင်နင်း ချိုငိရုန်ကို ကြည့်လိုက်သည်။


"ဘာလို့ ဒီလူ၆ဘီလီယံက ကံမကောင်းရတာလဲ…”


ချိုင်ရုန် ထောက်ခံလိုက်သည်။


"အင်း...အနက်ရောင်မျှော်စင်က မတရားဘူး…ဒီတစ်ခေါက်လည်း ဒီလိုပဲ…”


"အနက်ရောင်မျှော်စင်ရဲ့အမြင်မှာ ဒီလူ၆ဘီလီယံက ကံဆိုးမှုနဲ့ ထိုက်တန်တာပဲ…”


ချိုင်ရုန် နင်နင်းအား မျက်လုံးပြူးကာ ကြည့်လိုက်သည်။


အရပ်ရှည်ရှည်နှင့် အေးစက်စက် အမျိုးသမီးက သူ့အား စိုက်ကြည့်နေ၏။ 


"အဲ့သလို ကံမကောင်းလို့ သေဆုံးသွားရတဲ့လူတွေဟာ အနက်ရောင်မျှော်စင်ဂိမ်းကို အစပျိုးခဲ့တာမဟုတ်သလို ဘယ်သူ့ကိုမှလဲ မသတ်ခဲ့ကြဘူး…သူတို့က ကံမကောင်းလို့ အဲ့ဒါနဲ့ ထိုက်တန်တယ်…အနက်ရောင်မျှော်စင်က ကံကောင်းမှုတွေကို ဘာလို့ထည့်သွင်းစဉ်းစားသင့်တာလဲ…ဒါက အမှိုက်ရှင်းလင်းရေးဂိမ်းလိုပဲ…တကယ်လို့ တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်မနေဘဲ စခန်းထဲ၀င်ခဲ့ရင် သူ   ဂိမ်းရှင်းလင်းရေးနည်းလမ်း ရှာတွေ့သွားနိုင်တယ်…မြို့မှာရှိတဲ့ ကစားသမားတော်တော်များများကိုလည်း ကယ်တင်နိုင်မယ်…ဒါပေမဲ့ အဲ့လိုလူ ပေါ်မလာဘူး…ဒီဂိမ်းကို ရှင်းလင်းနိုင်ခဲ့တဲ့ကစားသမားတွေက ကံကောင်းကြလို့ပဲ…”


"ကံကောင်းတယ်ဆိုတာကလဲ ခွန်အားတစ်မျိုးပဲ..." 


နင်နင်းရှင်းပြချက်ကို အဆုံးသတ်လိုက်ပြီး ရှောင်ကျီထုံးဘက်သို့ လှည့်လိုက်သည်။ 


" ခေါင်းဆောင် ငါ  အနက်ရောင်မျှော်စင်ကို သွားကြည့်ချင်တယ်..."


ရှောင်ကျီထုံး ခေါင်းငြိမ့်ပြလိုက်သည်။


"ကောင်းပြီလေ..." 


နင်နင်း တည်ငြိမ်ပုံပေါ်သော်လည်း လေးကို ကိုင်ထားသည့်လက်မှာ တင်းကြပ်ဖြူဖျော့နေပေသည်။ နင်နင်း အေးတိအေးစက်စကားများကို ပြောနေသော်လည်း သူ့၏သေးငယ်လှသော နောက်ကျောမှာအနက်ရောင်မျှော်စင်ဆီသို့ သွားလေလေ သေးငယ်သည်ထက် ပို၍သေးငယ်သွားသလိုပင်ဖြစ်သည်။


ချိုင်ရုန် ပျာယာခတ်သွားသည်။ သူ ထိုအရာကို ယခင်ကတည်းက ရိပ်မိသော်လည်း ၀န်ခံရန် ငြင်းဆန်ခဲ့သည်။


ရှောင်ကျီထုံး သူ့အား စိုက်ကြည့်လိုက်ပြီး တစ်ခုခုအား စူးစူးစိုက်စိုက် အဖြေရှာသည့်ဟန်ဖြင့် ငြိမ်သက်နေသည်။


"ချိုင်ရုန်…မင်းက အမှိုက်ကို မြှင့်တင်ပေးတဲ့သူပဲ…”


ချိုင်ရုန် သူ့သူငယ်ချင်းလည်းဖြစ် အဖော်လည်းဖြစ်သည့် ရှောင်ကျီထုံး အား အံ့သြတကြီး ကြည့်လိုက်၏။


 ရှောင်ကျီထုံး ဝေဖန်ပြောဆိုနေသော်လည်း သူ့မျက်နှာထက်မူ ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ရှိ၏။ နေရောင်အောက်တွင် သူ့အပြုံးမှာ ဝင်းလက်တောက်ပနေသယောင်ယောင်ဖြစ်နေသည်။ 


ချိုင်ရုန်  ရှောင်ကျီထုံး အား နားမလည်နိုင်သောအကြည့်နှင့် ကြည့်လိုက်ပြီး အဝေးသို့ လှည့်ထွက်သွားလိုက်သည်။


နန်ကျင်းအဖွဲ့၀င် ထိတ်လန့်သွားကြသည်။


"ခေါင်းဆောင်…”


အဖွဲ့၀င်များ အလျင်အမြန် ချိုင်ရုန် နောက်သို့ လိုက်သွားကြသည်။ လင်းရုန်မှာ နောက်ဆုံးမှ ထွက်ရမည့်သူဖြစ်၏။ မထွက်ခွာမီ သူ(မ) ရှောင်ကျီထုံး၏ ပြုံးယောင်သန်းနေသော မျက်လုံးများအား လေးနက်စွာ ကြည့်လိုက်သည်။


" ရှင် ဘာကိုပြောချင်လဲဆိုတာ ကျွန်မ သိပါတယ်… ခေါင်းဆောင်ရှောင် နားလည်‌ပေမဲ့ သူ့အတွက်အချိန်အနည်းငယ်တော့ လိုတယ်.. အောက်ခြေမှာ နန်ကျင်းရှိတာက ခေါင်းဆောင်ချိုင် မျှော်လင့်ထားတာတော့ မဟုတ်ဘူး…ပြီးတော့ ရှင် ဒီဒဏ်ရာကို သေချာအနာကျက်အောင် ကုသရမယ်လို့ ထင်တာပဲ…ဒဏ်ရာက သူ့ဟာသူပြန်ကောင်းဖို့ဆိုရင် လဝက်လောက် ကြာမယ်..."


ရှောင်ကျီထုံး သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ 


"သွား‌ပြီး ဟိုအရူးကိုနှစ်သိမ့်ပေးလိုက်ဦး..."


နန်ကျင်းအဖွဲ့၀င်များ ချိုင်ရုန် နောက်သို့ လိုက်သွားကြ၏။ နန်ကျင်းဗျူဟာအဖွဲ့နှင့် ထန်မော့တို့သာ ကျန်ခဲ့သည်။ 


ဖူ၀မ်သော် ဖူ၀မ်ရှန်း အား အခြေစိုက်စခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကတည်းက ထန်မော့ နန်ကျင်း အဖွဲ့နှင့် အတူလိုက်သွားချင်နေခြင်းဖြစ်သည်။ သို့သော် သူချက်ချင်းထွက်မသွားပေ။ သူ ရှောင်ကျီထုံးကို ကြည့်လိုက်၏။


ရှောင်ကျီထုံးကလည်း သူ့အား ပြန်ကြည့်နေ‌ပေသည်။ လူနှစ်ယောက်မှာ အချိန်ခဏတာမျှ အချင်းချင်း စိုက်ကြည့်နေကြသည်။ 


ထန်မော့ ပြုံးလိုက်သည်။


"မင်း ငါ့ကို မေးစရာရှိလား..."


ရှောင်ကျီထုံး ပြုံးလိုက်သည်။


“ဟုတ်တယ်…ငါ  မင်းကို မေးချင်နေတာ…ဘာလို့ ဖူ၀မ်သော်က ဒီစမ်းသပ်မှုကို ကိုယ်တိုင်လုပ်ရဲတာလဲ…”


ထန်မော့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


"ဘာလို့ဆို သူ့မှာ စပရိုက်တံဆိပ်တစ်စုံရှိတယ်…ငါတို့ သူတို့ကို စုဆောင်းခဲ့တာ…”


"ဟုတ်တာပေါ့…တံဆိပ်တွေကို အလင်းရောင်ထဲထည့်လိုက်ရင် ဂိမ်းပြီးသွားပြီလေ…အဲ့ဒါကြောင့် ဖူ၀မ်သော် က ဒီအမှိုက်စွန့်ပစ်စခန်းထဲ ဝင်ရဲတာပေါ့…ဒါပေမဲ့ ဒီအနက်ရောင်မျှော်စင်ကြီးကသာ မင်းကို အခွင့်အရေးတစ်ခုထဲ ပေးရင် ဘယ်လိုလုပ်မလဲ…မင်းသာ တံဆိပ်ကို အရင်မထည့်ရင် ဒီဂိမ်းမှာ ရှုံးသွားလိမ့်မယ်ဆိုရင်ရော…ဖူ၀မ်သော်…မင်းရော…မင်းတို့နှစ်ယောက်လုံး လုပ်ရဲကြတာပဲ…”


ထန်မော့ နှင့် ရှောင်ကျီထုံး တို့ နှစ်ယောက်လုံးတံဆိပ်များကို မစုစည်းရ‌‌သေးဘဲ အမှိုက်စွန့်ပစ်ရေးစခန်းသို့ မ၀င်ရဲကြချေ။


အကယ်၍ ရှောင်ကျီထုံးတွင် တံဆိပ်အားလုံး ရှိခဲ့လျှင်ပင် မစွန့်စားရဲချေ။ ယခင်က ထန်မော့ ရှောင်ကျီထုံး အား စပရိုက်က တကယ် တံဆိပ်ဖြစ်သလားဟု မေးခဲ့သည်။


သူတို့နှစ်ယောက်လုံး အနက်ရောင်မျှော်စင်၏စပရိုက်မှာ အခြားတစ်ခုဖြစ်သည်ဟုမှန်းဆမိခဲ့ကြသည်။ ယင်းကား ခွန်အားနှင့်မဆိုင်သလို ကစားသမားအားလုံး ရနိုင်သည့်အရာဖြစ်လောက်ပေမည်။ သို့သော် သူတို့ မစမ်းသပ်ဝံ့ကြပေ။


ထန်မော့နှင့်ဖူ၀မ်သော် တံဆိပ်များ စုဆောင်းခဲ့ပြီး ဂိမ်းပြီးဆုံးရန် တစ်နာရီသာ ကျန်တော့သည့်အချိန်တွင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ရှောင်ကျီထုံးကမူ ယင်းကို စမ်းသပ်ရန် မစီစဉ်ထားပေ။


ဤကား သူ့အသက်ကို လောင်းကြေးထပ်ရမည့် စမ်းသပ်မှုဖြစ်၏။


ဖူ၀မ်သော်က ဘာကြောင့်လုပ်ရဲတာလဲ…ထန်မော့က ဘာလို့ စိတ်ချနေရတာလဲ…


ရှောင်ကျီထုံး အဖြေကို သိချင်သည်။


ထန်မော့၏အမူအရာ တည်ငြိမ်နေ၏။ သူ ရှောင်ကျီထုံး၏မေးခွန်းအား သေချာစဉ်းစားပြီးနောက် ရိုးရိုးသားသား ဖြေပေးလိုက်သည်။


“ဘာလို့ဆို ဖူ၀မ်သော်က လူကောင်းတစ်ယောက်မို့လို့ပဲ…”


ရှောင်ကျီထုံး အံ့ဩသွားသည်။


“ဘာ…”


ထန်မော့၏မျက်လုံးများက ရိုးသားပေသည်။


“ဖူ၀မ်သော်က စစ်သားတစ်ယောက်လေ…မင်း သိပြီးလောက်ရောပေါ့…သူ့အလေ့အကျင့်တွေကပဲ သူ့စစ်သားဆိုတာ သက်သေပြနေတယ်…သူက တရားမျှတပြီး ရိုးသားဖြောင့်မတ်တဲ့သူ…ငါ သူ့ကို တကယ်လေးစားတယ်…အဲ့တုန်းက ငါတို့မှာ တံဆိပ်တွေအများကြီးရှိတဲ့အပြင် ကျရှုံးဖို့ရာခိုင်နှုန်းကလည်း ၁%ပဲရှိတယ်…ဖူ၀မ်သော်က လူကောင်းဖြစ်တဲ့အတွက် အဲ့၁%နဲ့ လူတိုင်း ဂိမ်းရှင်းလင်းမဲ့ နည်းလမ်းကို ရှာခဲ့တယ်…သူက တကယ် လူကောင်းပဲ…”


ရှောင်ကျီထုံး :”...”


ဘေးတွင် ရပ်နေသည့် ရွှေရောင်ဆံပင်နှင့်ကောင်လေး ကူရာမဲ့စွာ ပြောလိုက်သည်။


“ခင်ဗျား ကောက်ကျစ်တာ ကျွန်တော် သိပါတယ်…”


ထန်‌မော့ ရှောင်ကျီထုံးကို ကြည့်ကာ ပိုင်ရို့ယောင်အပြုံး ပြုံးပြလိုက်သည်။ ရှောင်ကျီထုံး ထန်မော့အား စိုက်ကြည့်၍ တစ်ဖက်လူအမူအရာတစ်ဆင့် အဖြေရှာဖွေနေသော်လည်း  ရှာမတွေ့ပေ။ နောက်ဆုံး သူ ကူရာမဲ့စွာ သက်ပြင်းချလိုက်၏။


“လူတိုင်း လျှို့ဝှက်ချက်ကိုယ်စီရှိကြတာပဲ…”


ထန်မော့ ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးနေလိုက်သည်။ ရှောင်ကျီထုံး မည်မျှသံသယဖြစ်ဖြစ် သူနှင့်ဖူ၀မ်သော်တို့ကြက်ဆင်ဥပိုင်ဆိုင်ထားကြောင်း ခန့်မှန်းနိုင်မည် မဟုတ်ပေ။


သူတို့နှစ်ယောက်က ဤနေရာတွင် မတူပေ။


ရှောင်ကျီထုံးက သူ့အဖွဲ့၀င်များ၏အသက်ကို လောင်းကြေးထပ်လိုခြင်းမရှိသောကြောင့်ဂိမ်းကိုရှင်းလင်းရန် နည်းလမ်းအမှန်ကို ရှာဖွေရန် အစီအစဉ်မရှိခဲ့ပေ။ သူနှင့်သူ့အဖွဲ့၀င်များ ဂိမ်းကိုရှင်းလင်းနိုင်လျှင်ရပြီဖြစ်သည်။ အကယ်၍ သူနှင့်ဖူ၀မ်သော်တွင် ကြက်ဆင်ဥမရှိလျှင် သူတို့လည်း ထိုသို့လုပ်ဆောင်မည်ဖြစ်သည်။


နောက်ဆုံးလက်ကျန် တစ်နာရီတွင် ထန်မော့နှင့် ဖူ၀မ်သော်တို့ ကြက်ဆင်ဥ ဖွင့်လိုက်ကြသည်။သူတို့ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်၏။ အကယ်၍ အခွင့်အရေးတစ်ခုသာ ရှိခဲ့ပါက သူတို့ထဲမှတစ်ယောက် အမှိုက်စွန့်ပစ်စခန်းထဲ ၀င်၍ ဂိမ်းကို ရှင်းလင်းရန် အခြားနည်းလမ်းများဖြင့် ကြိုးစားကြည့်မည်ဖြစ်သည်။ မအောင်မြင်လျှင် ဖိုင်ကို ဖွင့်ပြီး အချိန်တစ်နာရီ ပြန်ဆုတ်၍ ရပေသည်။


 ရှင်းကျဲခုံတွင် တိုက်ခိုက်သံများ တဖြည်းဖြည်း ရပ်စဲလာသည်။ နေမင်းကြီးထွက်လာပြီး နွေးထွေးသည့်နေရောင်ခြည်ဖြာကျနေပေသည်။


ထန်မော့ ကောင်းကင်ပေါ်ရှိ နေမင်းကြီးကို ကြည့်လိုက်ပြီး နင်နင်းစကားအား ပြန်အမှတ်ရသွားသည်။


“ကံကောင်းတယ်ဆိုတာကလည်း ခွန်အားတစ်မျိုးပဲလား…”


ထန်မော့ ပြုံး၍ ခေါင်းခါလိုက်သည်။


ဟုတ်တယ်…အနက်ရောင်မျှော်စင်အတွက်ကံကောင်းတယ်ဆိုတာကလည်း ခွန်အားတစ်မျိုးဖြစ်မှာပဲ…


ထန်မော့ ကလေးနှင့်အတူစောင့်နေသည့် ဖူ၀မ်သော်ရှိရာ နန်ကျင်းအဖွဲ့အခြေစိုက်စခန်းသို့ ဦးတည်သွားလိုက်သည်။


 ဖူ၀မ်ရှန်းက စက်ရုံပုံးတစ်ခုပေါ်တွင်ငြိမ်သက်စွာ ခေါင်းငုံ့ထိုင်နေလေသည်။ နန်ကျင်းအဖွဲ့၀င်များလည်း ဖူ၀မ်ရှန်းနှင့်မခြားမနားပင်ဖြစ်သည်။ ဤဂိမ်းတွင် နန်ကျင်း အဖွဲ့၀င် ခုနစ်ယောက် ဆုံးရှုံးခဲ့ရသည်။ လွန်ခဲ့သည့်ရက်က ထန်မော့နှင့်နောက်ပြောင်နေခဲ့သည့်လူငယ်လေး ဤနေရာတွင် မရှိတော့ချေ။ သူက ရေခဲကန်၏အောက်ခြေတွင် လှဲလျောင်းနေပေသည်။ လူငယ်လေး၏အ‌ဖော်က အခြေစိုက်စခန်းမှ တိတ်တဆိတ်ထွက်သွားကာ ရွှမ်ဝူရေကန်သို့ ဦးတည်လိုက်လေသည်။



🪩